14

14.9K 1.3K 46
                                    

Baekhyun,
ကြားလိုက်ရတဲ့သတင်းကြောင့်
စိတ်ထဲတစ်မျိုးဖြစ်နေရသည်။

ဆေးရုံလာတဲ့
ကျောင်းနေဖက်တစ်ယောက်နဲ့တွေ့ရင်း
Hannaသတင်းကို ကြားလိုက်ရ၍ဖြစ်သည်။

"လက်ထပ်သွားပြီ..''ဆိုတာသိသိချင်း
သူ ဘာပြန်ပြောရမှန်းပင်မသိ။
မိဘတွေစီစဉ်တာကြောင့်လို့ ဖြည့်တွေးမိသော်ငြား
ခံစားရတာတော့အမှန်ပင်။

တမ်းတနေတော့တာမဟုတ်ပေမဲ့
အချစ်ဦးဆိုတဲ့နာမ်စားက အလကားမှမဟုတ်တာ...။
ရှိခဲ့ဖူးတဲ့အချိန်တွေကိုသတိရတာသာဖြစ်ပြီး
အတူတူပြန်ရှိချင်တဲ့ ခံစားချက်တော့မဟုတ်ပေ။
ကိုယ့်လိုကောင်နဲ့ Hannaက
ဖြစ်မှမဖြစ်နိုင်တော့တာဘဲ။

လေပူတွေကိုမှုတ်ထုတ်လိုက်ရင်း
ခေါင်းငိုက်စိုက်ကျနေမိတုန်း
က်ုယ့်လက်ကောက်ဝတ်မှ Chanyeolကိုယ်တိုင်ဝတ်ပေးထားတဲ့ Braceletကိုမြင်လိုက်ရလေသည်။

အင်း...ဒါဟာကိုယ့်လက်ရှိဘဝပဲ...
Byun Baekhyunဆိုတာ
လက်ရှိမှာပဲ
အကောင်းဆုံးဖြစ်အောင်နေတတ်တယ်။

Chanyeol လာကြိုကာအိမ်ပြန်ဖြစ်တော့..
ကွန်ဒိုဝန်းထဲက ခုံတန်းနေရာလေးမှာသာ
Baekhyunပေတေပြီး ဝင်ထိုင်နေမိသည်။

"စိတ်ညစ်နေတာလား..Hyung''

Baekhyunက ဘာမှပြန်မပြောပေမဲ့
ပြင်မရအောင် နွမ်းလျနေသောမျက်နှာကြောင့်
Chanyeolလည်း မနေနိုင်မထိုင်နိုင်ဖြစ်နေရသည်။

"မင်းကြောင့်စိတ်ညစ်နေတာ...''

အရင်လိုဒေါသသံတွေမပါတော့ပဲ
ခပ်အေးအေးပြောလာခဲ့တဲ့ baekhyunပုံစံက
ဘယ်လောက်စိတ်ညစ်နေလဲပိုသိသာ၏။

Chanyeolသက်ပြင်းချပြီး
Baekhyunကို ငေးကြည့်မိတော့
Baekhyunက ငူငူငိုင်ငိုင်လေး..။

Chanyeolစိတ်ဆုံးဖြတ်ကာ 
Baekhyunရှေ့မှာထိုင်လိုက်ရင်း..
"ကျွန်တော်နဲ့ တနေရာလိုက်ခဲ့ပေးမလား?"

"ဘာ.."

Chanyeolမနေနိုင်တော့တာမို့
Baekhyunလက်ကိုဆွဲကာ
ကားပေါ်ပြန်တင်လာခဲ့လိုက်တော့သည်။

"မင်း ငါ့ကိုဘယ်ခေါ်သွားမလို့လဲ''

"ငြိမ်ငြိမ်လေးသာလိုက်ခဲ့..''

က​လေးအထာWhere stories live. Discover now