18

16.8K 1.4K 70
                                    

Chanyeolရဲ့
"ဒီနေ့ဒိတ်ကြမယ်''ဆိုတဲ့စကားကို
Baekhyunမငြင်းမိတာမှားလေခြင်း...။

"မင်းကြောင့် ငါအခုလိုဖြစ်ရတာ
မင်းကြောင့်''

ထုံးစံအတိုင်းပြောလာခဲ့တဲ့နောက်..
Chanyeolဒီတစ်ခါတော့
ကွန်ပလိန်းတက်ရတော့မည်။

"hyungမိုက်ကြိုက်လို့
ဖြစ်သွားတာလေဗျာ..''

"သြော်....မင်းကအခုတော့ဒီလိုပြောပြီပေါ့
အဲ့နေရာကို ဘယ်သူအတင်းခေါ်တာလဲ..
ငါ့ကိုမင်းပဲအတင်းခေါ်တာလေ
မင်း..ကြောင့်..!!''

Baekhyunသည်
ကိုယ့်ခြေထောက်မှပတ်တီးလေးကိုဖိကိုင်ရင်း
Chanyeolကိုလည်း မကျေမနပ်ကောနေမိသည်။
သိပ်တော့မနာပေမဲ့
ရှက်တဲ့စိတ်ကပိုကြီးနေလေတော့..

"စဉ်းစားလေ..
ငါကအဲ့နေရာနဲ့ဆီလျော်လားလို့..''

"ကျွန်တော်ခေါ်တော့လည်း
အတင်းတက်,ကပြီးတော့..''

Baekhyunက မကျေနပ်လေ
chanyeolက ပိုပြီးကလိလေလုပ်နေမိသည်။
ဒေါသနဲ့ရှက်စိတ်ကြောင့်
မျက်နှာလေးနီရဲနေသော Baekhyunမှာ
မငြိုငြင်စရာကောင်းလောက်အောင်
ချစ်ဖို့ကောင်းလွန်းပါသည်။

ခြေထောက်က ပတ်တီးလေးကိုကြည့်မိတော့
စိတ်မကောင်းဖြစ်မိပေမဲ့
ရယ်ချင်စိတ်ကလည်းထိန်းမရ။
သူရယ်တာမြင်တော့
Baekhyunက ရန်တွေ့ပြန်သည်။

"ဘာရယ်နေတာလဲ..''

ထိုအခါမှ ပါးစပ်အတင်းပြန်စေ့ရင်း
ခေါင်းခါပြရတော့သည်။
ဒါပေမဲ့ စနောက်ချင်တဲ့
အရှိန်ကတော့မရပ်သွားသေး။

"နောက်တစ်ခါ
အိမ်ထဲမှာပဲstageဆောက်ပေးရမလားဟင်
hyungအန္တရာယ်....''

Chanyeolစကားတောင်မဆုံးသေး
baekhyunသည်
ကုတင်ပေါ်က ခေါင်းအုံးတွေနဲ့ပစ်ပေါက်ကာ
စောင်ပုံကြားထဲတိုးဝင်ပစ်လိုက်တော့၏။

chanyeolမှာတော့
Baekhyunပုံစံကိုကြည့်ရင်းပြုံးမိကာ
နေ့လည်ခင်းကအဖြစ်အပျက်ကို
ပြန်တွေးမိတော့သည်။

Baekhyunနဲ့လျှောက်လည်ချင်သော
Chanyeolသည် ပိတ်ရက်မှာ
မနည်းအပူကပ်ပြီးခွင့်တောင်းကာ
ဒိတ်ခဲ့ခြင်းပင်။

မြောင်ဒုန်း,မှာshopping ထွက်၍...
street foodလေးတွေစားကြရင်း
အစကတော့ သာသာယာယာပင်။

က​လေးအထာWhere stories live. Discover now