43(end)

23K 1.5K 100
                                    


နွေဦးရာသီမှာ မွေးဖွားခဲ့တဲ့
သူတို့သမီးလေးက ဆောင်းရာသီကိုမှ
ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်သဘောကျပုံပေါ်သည်။

နွေရာသီ၊ ဆောင်းဦး၊ဆောင်းရာသီကို
သမီးနဲ့အတူတူ သူတို့ဖြတ်သန်းပြီးလေ
အဖေချစ် သမီးအလှလေးကိုလည်း
chanyeolမှာ
အသည်းစွဲ ချစ်ရလေ။

သမီးရဲ့အမူအရာတွေ၊
တဖြည်းဖြည်းပြောင်းလဲလာတဲ့
မျက်နှာကျလေးတွေကအစ
baekhyunနဲ့ဆင်တူလွန်းတာမို့
ထိုနှစ်ယောက်ယှဉ်ထိုင်နေချိန်တိုင်း
Chanyeolကအသည်းယား၍မဆုံး။

ဆောင်းဦးရောက်၍
ပထမဆုံးနှင်းကျတဲ့အချိန်တုန်းက
လက်ဝါးလေးနှစ်ဖက်တီးပြီး
ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လို့
သမီးက အရမ်းသဘောကျနေခဲ့တာ။

ညနေဘက်
ခြံဝန်းထဲနှင်းတွေသိပ်သည်းနေခဲ့ရင်လည်း
Baekhyunလက်မောင်းလေးကို
ဆွဲကိုင်လှုပ်ကာ
ခြံထဲ ဆင်းပေးဖို့တောင်းဆိုတတ်သည်။

Baekhyunက
အလိုမလိုက်ခဲ့ရင်
chanyeolအလုပ်ကပြန်လာတဲ့အချိန်မှာ
ကပ်ချွဲပြီးမရရအောင် အပြင်ထွက်ခိုင်းသည်။

ထိုအခါမှာ သမီးသဘောအတိုင်း
ဟိုဟိုဒီဒီလမ်းလျှောက်ထွက်ပေးတတ်တဲ့
Chanyeolကြောင့်
အိမ်မှာ ကျန်ခဲ့ပြီး
ပူပန်နေရတာကBaekhyunပင်။

ခပ်ချော်ချော်လမ်းမကြီးပေါ်လျှောက်ရင်း
သားအဖနှစ်ယောက်
တစ်ခုခုဖြစ်မှာbaekhyunက
ရင်ထိတ်နေရတာ။

Christmas နီးလာလေ
ထိုနှစ်ယောက်ကို
baekhyunဖမ်းလို့ကိုမမိတော့။

အားနေအပြင်ထွက်ပြီး အိမ်ကိုအလှဆင်ဖို့
တစ်ခုမဟုတ်တစ်ခုဝယ်ယူနေခဲ့ကြသည်။

ပြန်လာချိန်တိုင်း
chanyeolရင်ခွင်တွေထဲ
ပိုးတုံးလုံးလေးလိုအိပ်မောကျလျှက်
သမီးက လိုက်ပါလာတတ်သည်။

Baekhyunတို့အိပ်ရာဘေးက
ကုတင်အသေးလေးပေါ်
တင်ပေးပြီးနောက်တော့
ထုံးစံအတိုင်း သူတို့နှစ်ယောက်က
အနာဂတ်အကြောင်းတိုင်ပင်ဖြစ်မြဲ။

ကိုယ်တိုင်တွေထက်
သမီးအရေးကိုသာ
ဦးစားပေးဖြစ်ကြတော့သည်။

Christmas နေ့ကို
ရောက်လာချိန်မှာတော့
တစ်အိမ်လုံးမှာ
chaeraက အတက်ကြွဆုံးဖြစ်၏။

က​လေးအထာWhere stories live. Discover now