ကျွန်တော်ချစ်သောကိုကို(comple...

By kabyar_144

436K 19.5K 847

ပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁 More

ကျွန်တော်ချစ်သောကိုကို Part(2)
ကျွန်တော်ချစ်သောကိုကို(3)
ကျွန်တော်ချစ်သောကိုကို Part(4)
ကျွန်တော်ချစ်သောကိုကို Part(5)
ကျွန်တော်ချစ်သောကိုကို Part(6)
ကျွန်တော်ချစ်သောကိုကိုPart(8)
ကျွန်တော်ချစ်သောကိုကိုPart(9)
ကျွန်တော်ချစ်သောကိုကို Part(10)
ကျွန်တော်ချစ်သောကိုကို Part (11)
ကျွန်တော်ချစ်သောကိုကို Part (12)
ကျွန်တော်ချစ်သောကိုကို part (14)
ကျွန်တော်ချစ်သောကိုကို part(15) ကြှနျတျောခဈြသောကိုကို part(15)
ကျွန်တော်ချစ်သောကိုကို part(16) ကြှနျတျောခဈြသောကိုကို part(16)
ကျွန်တော်ချစ်သောကိုကို(17) ကြှနျတျောခဈြသောကိုကို(17)
ကျွန်တော်ချစ်သောကိုကို (18) ကျြန်တ္ခော်စ်သောကိုကို (18)
ကျွန်တော်ချစ်သောကိုကို(19) ကြှနျတျောခဈြသောကိုကို(19)
ကျွန်တော်ချစ်သောကိုကို (20)
ကျွန်တော်ချစ်သောကိုကို (21)
ကျွန်တော်ချစ်သောကိုကို (22) Unicode
ကျွန်တော်ချစ်သောကိုကို (23) unicode
ကျွန်တော်ချစ်သောကိုကို(24)
ကျွန်တော်ချစ်သောကိုကို (25)
ကျွန်တော်ချစ်သောကိုကို(26)
ကျွန်တော်ချစ်သောကိုကို(27)
ကျွန်တော်ချစ်သောကိုကို(28)
ကျွန်တော်ချစ်သောကိုကို (29)
ကျွန်တော်ချစ်သောကိုကို(30)
ကျွန်တော်ချစ်သောကိုကို(31)
ကျွန်တော်ချစ်သောကိုကို (32)
ကျွန်တော်ချစ်သောကိုကို(33)
ကျွန်တော်ချစ်သောကိုကို(33) unicode
ကျွန်တော်ချစ်သောကိုကို (34)
ကျွန်တော်ချစ်သောကိုကို(35)
ကျွန်တော်ချစ်သောကိုကို (36)
ကျွန်တော်ချစ်သောကိုကို (37)(final)
New Fic
Still Just Love
ကျွန်တော်ချစ်သောကိုကို (extra)
dဝင်နေပြီ😥😥
ကျွန်တော်ချစ်သောကိုကို (Extra End)

ကျွန်တော်ချစ်သောကိုကိုPart(7)

9.2K 508 6
By kabyar_144

ဘာလိုလိုနဲ့ဒီနေ့ဆိုကိုကိုတို့စာမေးပွဲပြီးပြီ
ကျွန်တော်ကိုကိုနဲ့မတွေ့မိအောင်နေတာလည်းကြာပြီ
ကြာပြီဆိုတစ်လလောက်ပေါ့
သူနဲ့တွေ့ရင်ရင်ခုန်လာတဲ့ကျတော့နှလုံးသားလေးကြောင့်
ကျတော်သူ့ကိုမတွေ့ချင်ဘူး

ကိုယ့်အတွက်သူ့ဆီမှာမေရာမရှိတာကိုသိရက်နဲ့
ထပ်ပြီးမမျှော်လင့်ချင်တော့ဘူး
ဟုတ်ဆယ်ကျတော်ကိုကို့ကိုချစ်တယ်
ဘယ်ကနေဘယ်လိုချစ်မိသွားမှန်းမသိပေမယ့်ချစ်တယ်
အချစ်မှာအကြောင်းပြချက်မလိုဘူးလို့ကျတော်ထင်တာပဲ

ကျတော်သူ့ကိုချစ်တယ်
ဒါပေမယ့်သူ့ဆီကမမျှော်လင့်ထားတာကိုရုတ်တရက်သိလိုက်ရတော့
ကျတော့်ရင်တေနာကျင်ရတယ်
အမှတ်မထင်သိလိုက်ရတဲ့အရာလေး...
တစ်ကယ်ကိုအမှတ်မထင်လေး.....
ကျတော့ကမ္ဘာကြီးလစ်ဟာသွားသလိုပဲ

ဒါပေမယ့်ကျတော်သူ့ကိုချစ်တဲ့စိတ်ကိုဖျောက်မရဘူး
မဖြစ်နိုင်မှန်းသိလိုက်ရပြီဆိုပေမယ့်
လက်မလွှတ်နိုင်တဲ့ကျတော့်ကိုကျတော်လည်းနားမလည်နိုင်ဘူး
တနေ့ကျရင်ဆိုတဲ့မျှော်မှန်းချက်...မဖြစ်နိုင်တဲ့မျှော်မှန်းချက်ကို
ကျတော်ဆွဲကိုင်ထားမိတယ်

အခုလည်းကျတော်ဘာမှလုပ်စရာမရှိလို့
ကြာကန်လေးဘေးမှာလာထိုင်နေတာ
ဘာမှလုပ်စရာမရှိတာဆိုတာထက်
ကိုကို့ကိုလွမ်းလို့ဆိုပိုမှန်မယ်
ဒီကြာကန်လေးကပဲကိုကို့ကိုကျတော်ချစ်စေခဲ့တဲ့
အဓိကတရားခံ
အာ့နေ့ကကိုကိုသါကျတော့အပေါ်ဂရုစိုက်မှုတေမပေးခဲ့ရင်
ကျတော်လည်းကိုကို့ကိုချစ်မိမှာမဟုတ်ဘူး

အရင်နေ့တေကတည်းက
ကိုကု့ကိုရှောင်ရင်ကျတော်ဒီနားလေးမှာလာနေတတ်သည်
ကိုကိုအိမ်ထဲမှာရှိနေတဲ့အချိန်တေဆိုရင်ပေါ့

ကိုကိုရယ်...ကျတော့်နှလုံးသားလေးလည်း
ငိုရလွန်းလို့နာကျင်လှပါပြီ

ဒီနေ့ကျတော်စာမေးပွဲပြီးပြီ
အရင်ရက်တေကစာကျက်နေရလို့ကျန့်ကျန့်ဘာဖြစ်နေလဲမမေးမိတာ
ဒီနေ့တော့သေချာအောင်မေးရမယ်

ဒါပေမယ့်သူကသူ့အခန်းထဲမှာမရှိဘူး
မားကိုကူလုပ်နေတာလားသွားကြည့်ပြန်တော့လည်းမရှိဘူး
အာ့တာအခုတလောသူလုပ်နေတဲ့ပုံစံ
ကျတော်အိမ်ထဲမှာရှိရင်သူကအိမ်ထဲမှာမရှိဘူး
အမြဲတမ်းကျတော့်ကိုရှောင်နေတယ်

အရင်ရက်တေကမေးတော့
ကိုကိုစာကျက်လို့ရအောင်လို့..လို့ပြောတယ်
အခုစာမေးပွဲပြီးတဲ့နေ့ကျလည်းသူကကျတော့်ဆီမလာဘူး
သေချာတယ်သူတခုခုဖြစ်နေပြီဆိုတာ
သေချာအောင်မေးမှရတော့မယ်
နောက်သူလေးကိုလိုက်ရှာကြည့်တော့
သူလေးကကြာကန်နားမှာတဲ့လေ
စတွေ့တုံးကအတိုင်းပဲ
ကြာကန်ပေါ်ထိုင်ပြီးခြေထောက်နှစ်ချောင်းကိုကန်ထဲနှစ်ထားတာ

'......ကလေး.....'

ငါလည်းလေဘာလို့အာ့လောက်ရူးနေတာလဲမသိ
အခုတော့လေတိုက်တာတောင်သူ့အသံကြားနေရတယ်

'. ......ကလေး...ကိုကို့ကိုလှည့်ကြည့်ပါဦး.'

အမ်တကယ်ကြီးလားလှည့်ကြည့်လိုက်ပါဦးမယ်

တစ်ကယ်ကို..ကိုကိုပဲ
ကိုကိုရာဘာလို့ကျတော့်ဆီလာရတာလဲ
ကျတော့်မှာအခုတောင်ကိုယ့်ကိုယ်ကိုအနိုင်နိုင်ထိန်းထားရတာပါဆို
ကိုကိုမလာခဲ့ပါနဲ့သွားပါ

'...ကလေး..ကိုကို့ကိုဘာလို့အာ့လောက်ကြည့်နေရတာလဲ..'
'. ......အမ်...ဘာလို့မှမဟုတ်ပါဘူး....'
'...ကျန့်ကျန့်လုပ်စရာရှိလို့သွားတော့မယ်ကိုကို...'

ကျတော့်လှည့်ထွက်မယ်အလုပ်
ကျတော့်လက်ကိုလှမ်းဆွဲလိုက်တဲ့လက်တစ်စုံ
ကိုက်ုရယ်ဘာလို့ဆွဲထားရတာလဲ
လွှတ်ပေးလိုက်ပါ့လား

ကျတော်နဲ့မျက်နှာချင်းဆိုင်ရုံရှိသေး
လှည့်ထွက်သွားပြန်ပြီ
ဒီတစ်ခါတော့ထွက်သွားခွင့်မပေးနိုင်တော့
သေချာအောင်မေးမှရတော့မယ်

'..ကလေး..ဘာလို့ကိုကို့ကိုရှောင်နေရတာလဲ'
'မရှောင်ပါဘူးကိုကိုရဲ့...ကျတော်လုပ်စရာရှိသေးလို့ပါ..'
'...အာ့ဆိုအရင်တုံးကရော...'
'.....ဘာလဲ..ကိုကိုစာကျက်ရအောင်လို့ပါလို့ပြောမလို့လား...'
'...အာ့ဆိုဒီနေ့စာမေးပွဲပြီးတော့ဘာလို့မလာတာလဲ'
'ကလေးမင်းဘာဖြစ်နေတာလဲ'
'ကိုကို့ကိုတလလုံးလုံးမင်းရှောင်နေတာနော်'
'မဟုတ်ပါဘူးအကို....ဒီနေ့မလာတာတကယ်ကိုအလုပ်တွေများနေလို့ပါ'
'ကျစ်....အာ့အခေါ်အဝေါ်တေကရောဘယ်လိုဖြစ်နေတာလ
ကလေးမင်းဘာဖြစ်နေတာလဲ
အရင်ကကိုကို့ညီလေးဘယ်ရောက်သွားတာလဲ'

လာပြန်ြ့ပီဒီညီလေး
ကိုကိုရာကျတော်ကကိုကို့ညီလေးဖြစ်ချင်တာမဟုတ်ဘူးဗျ
ကိုကု့ကိုကျတော်ကပိုင်ဆိုင်ချင်တာ
ဒါ့ကြောင့်ဗျ..ဒါ့ကြောင့်ကိုကို့ကိုရှောင်နေတာ

'....ဟမ်..ကလေးကိုကိုမေးတာဖြေဦးလေကွာ..'
'...ကိုကို....ယောက်ျားတယောက်ကတခြားယောက်ျားတယောက်ကိုချစ်တာကိုကိုကိုဘယ်လိုမြင်လဲ'
'အာ့တာဘာဆိုင်လို့လဲကွာ'
'ကိုကိုကျတော်မေးတာသာဖြေပေးပါ..ကိုကိုဘယ်လိုမြင်လဲ'
'ဘယ်လိုမြင်လဲဟုတ်လား...သေချာတာတော့ကိုကိုမကြိုက်ဘူး
ယောက်ျားချင်းချစ်တာကြိုက်တာကို ကိုကိုမယုံဘူး..'
'ကိုကိုကရွံတယ်လို့ပြောချင်တာလား'
'မဟုပါဘူး..ကလေးရာကိုကိုရွံတာမရွံတာဘာဆိုင်လို့လဲ'
'ကိုကိုကတကယ်ရွံတာပဲ.....'
'.
အာ့တာဆိုကိုကိုကျတော့်အနားမကပ်ပါနဲ့...'
'..ဘာလို့လဲကလေးရာ..ကိုကိုဘာမှနားမလည်တော့ဘူး'
'ဘာလို့ဆိုကျတော်ကကိုကိုရွံတဲ့လူစားမျိုးမို့ပဲ'
'ပြီးတော့ကျတော်ချစ်မိတာဘယ်သူလို့ထင်လဲ..ကိုကို့ကိုမှတဲ့လေ'

ရှောင်းကျန့်ကျဆင်းလာတဲ့မျက်ရည်တွေကိုသာလက်ဖမိုးနဲ့ခက်ကြမ်းကြမ်းဖိသုပ်ရင်းရပ်နေမိတယ်

'...ကျန့်ကျန့်မင်းဘာတေပြောနေတာလဲ'
'သိတယ်ကိုကိုမကြိုက်မှန်းသိတယ်'
'အာ့ကြောင့်လဲကျတော်ကိုကိုနဲ့အဝေးမှာနေခဲ့တာသိပြီလား'
'အေးအာ့တာဆိုလည်းပြောလိုက်မယ်
အခုအတိုင်းပဲငါနဲ့ဝေးရာမှာပဲနေ
ငါ့ရှေ့ပေါ်မလာမိစေနဲ့'

'ငါ့မှာတော့ငါ့ညီလေးဆိုပြီးမင်းကိုဂရုစိုက်ပေးလိုက်ရတာ'
'မင်းကတော့ငါ့ကို..ငါ့မေတ္တာတေကိုစော်ကားတယ်'
'မင်းတစ်သက်လုံးငါ့ရှေ့မှာပေါ်မလာမိစေနဲ...တောက်...'

သူကျတော့်ကိုရှောင်တာဒါ့ကြောင့်တဲ့လား
သူကကျတော့်မေတ္တာကိုစော်ကားတာပဲ
ငါ့မေတ္တာကိုစော်ကားတဲ့မင်းကိုငါရွံတယ်ရှောင်းကျန့်
ဒီနေ့ကစပြီးမင်းနဲ့ငါဘာမှမတော်တော့ဘူး

ကိုကိုရယ်.....
ကိုကို့မေတ္တာကိုစော်ကားတာတဲ့လား
လူတစ်ယောက်ကိုချစ်မိတာအပြစ်ပေါ့
စိတ်ချပါကဖုကို..ကိုကိုမမြင်စေချင်ရင်
ကိုကို့ရှေ့လုံးဝပေါ်မလာပါဘူး

အာ့အချိန်သူတို့ပြောတာတေကို
ဆင်ဝင်အောက်ကလူတယောက်ကကြားလိုက်တယ်ဆိုတာတော့သူတို့မသိကြ

ကျန့်ကျန့်ရယ်....
သားနာကျင်နေရမှန်းမားသိပါတယ်ကွယ်

'သား....ကျန့်ကျန့်...'

မားအသံကြားတော့ရှောင်းကျန့်မျက်ရည်တေကိုသုတ်ပစ်ရင်း

'ဗျာ....မား'
'သားရယ်..မားရှေ့မှာမျက်ရည်တေကိုဖုံးကွယ်ထားဖို့မလိုပါဘူး'
'ငိုချင်ရင်ငိုချလိုက်ပါ..လာပါဦးမားဆီကို'

ရှောင်းကျန့်လည်းမားရင်ခွင်ထဲတိုးဝင်ရင်းငိုနေမိသည်

'သားကိုကို့ကိုအာ့လောက်တောင်ချစ်တာပဲလား'
'မား...မားသိနေတာလား'
'သိတာပေါ့ကွယ်...သားနာကျင်နေရတာလဲမားသိပါတယ်'
'မားရယ်လူတစ်ယောက်ကိုချစ်တာအပစ်လားဟင်'
'အပြစ်မဟုတ်ပါဘူး...ချစ်လို့ရပါတယ်'
'ဒါပေမယ့်...ကိုကိုက...အဟင့်...'
'သားရယ်....သားကိုကိုကိုသားပဲပိုင်ေိုင်ရမှာပါကွာ...'

ဝမ်သခင်မှတိုးတိုးလေးသာရေရွတ်လိုက်သည်
တကယ်ပါ
သူမလည်းကျန့်ကျန့်ကိုတကယ်ချစ်ပါတယ်
ဒီလောက်ချစ်စရာကောင်းတဲ့ကလေးကို
ရိပေါ်ဘာလို့အာ့လိုပြောထွက်ရက်ရတာလဲ
တကယ်ဆိုကလေးခံစားနေရတာကြာပြီ
အာ့ကြောင့်ကလေးကသူ့ကိုရှောင်နေတာကို
သူ့ဘာသာအတင်းမေးပြီး
ပြိဖြေတော့မှရွံတယ်တဲ့လား
သူလေးဘယ်လောက်တောင်ခံစားရမလဲ

သူမမြင်ပါတယ်
ကလေးရင်ထဲကကြောက်ရွံ့မှုတွေကို
သူ့ကိုကိုသူ့ကိုမုန့်သွားမလားဆိုတဲ့ကြောက်ရွံ့မှုတွေ
အခုတော့သူလေးရင်ထဲဘယ်လောက်တောင်နာကျင်နေမလဲ
.................
Unicode







Continue Reading

You'll Also Like

105K 6.3K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
104K 7.1K 18
လန်ဝမ့်ကျီ ❣️ ဝေ့ဝူရှန်
108K 6.4K 19
BJYX Fanfiction! Written by Author-May Type - Especially Romance, Fantasy, Comedy Yizhan 💚 Both Zawji & Unicode
30.2K 1.3K 5
Lan Wangji Wei Wuxian