"လူႀကီးမင္းေခၚဆိုေသာဖုန္းမွာ. .သတ္မွတ္အခ်ိန္အတြင္း. . ."
ေ႐ွာင္းက်န္႔ စိတ္မ႐ွည္ေတာ့ပဲ ဖုန္းခ်လိုက္သည္။ ေန႔လည္ကတည္းက ေခြးေျပးဝက္ေျပးေျပးၿပီး ေပ်ာက္သြားတဲ့ ဝမ္ရိေပၚ ညေနမိုးခ်ဳပ္တဲ့အထိ ျပန္ေပၚမလာေတာ့။ သူ႔ကိုလဲ ဖုန္းေလးတစ္ခ်က္ေတာင္ဆက္မလာ။ သူပို႔တဲ့ message ကိုလဲ seen မျပ။
စိတ္ပူတာလားဆိုေတာ့ ဘာကိုစိတ္ပူရမွာလဲ။ လူမိုက္ေတြဖမ္းသြားတာဆိုရင္ သူလဲ လူမိုက္မို႔ပဲ။ ေ႐ွာင္းက်န္႔က ဘာလို႔ ဒါမ်ိဳးေတြပတ္သတ္ရမွာလဲ။
အခုက သူ႔ဝက္နံ႐ိုးေတြ ကင္ၿပီးမစားရင္ အလကားျဖစ္ေနမွာစိုးလို႔။ နီရဲႂကြပ္ရြၿပီး ေမႊးပ်ံ႕ေနတဲ့ ဝက္နံ႐ိုးကင္ႀကီးကို စိတ္မသက္မသာနဲ႔ၾကည့္ၿပီး သူလဲစားခ်င္စိတ္မ႐ွိေတာ့တာနဲ႔ ခဲျပားနဲ႔ပတ္ၿပီးပဲ သိမ္းထားလိုက္သည္။ ဒီေလာက္ေနာက္က်ေနမွေတာ့ ဝမ္ရိေပၚလဲ ေပၚမလာေလာက္ေတာ့ပါဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxx
"ထင္းေကာ. . မၾကားခ်င္ေယာင္ေဆာင္မေနနဲ႔"
"ေ႐ွာင္ထင္းေကာ ကြၽန္ေတာ္ေမးေနတယ္ေလ"
သူ႔မန္ေနဂ်ာက တကယ္ကို လ်စ္လ်ဴ႐ႈၿပီး ေတမိဇာတ္ခင္းေနတာပဲ။ ဒီလို ဟန္ေဆာင္တာ ဘယ္ေလာက္ေတာင္ တဖက္လူကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစတယ္ထင္လဲ။
"ထင္းေကာ အဲ့ဒါဆိုလဲ ကြၽန္ေတာ့ဖုန္းေလာက္ေတာ့ျပန္ေပး"
". . . . . . . . "
"ခဏေလးပါ။ တစ္မိနစ္ေလး"
"ပြဲၿပီးရင္ေပးမယ္"
ဝမ္ရိေပၚ စူပုတ္သြားသည္။ သူ႔ရဲ႕ နွစ္တစ္ရာမွာ တစ္ခါသာၾကားရႏိုင္တဲ့ ခ်စ္စဖြယ္စကားသံကို ဒီလိုတံု႔ျပန္ရက္တဲ့ မန္ေနဂ်ာကို မွတ္ထားလိုက္တယ္။ ေတြ႔ၾကေသးတာေပါ့ ထင္းေကာရယ္။ အလွည့္က် မငိုၾကေၾကးေပါ့။
"ဟုတ္ကဲ့. . အခုဆို ကြၽန္ေတာ္တို႔ brand ရဲ႕ ambassador .. . . အားကစားေလာကရဲ႕ ေငြၾကယ္ပြင့္တပြင့္ျဖစ္တဲ့ ဝမ္ရိေပၚကို ဖိတ္ေခၚပါရေစ"
ရိေပၚ ႐ွဴတင္းတင္းနဲ႔ စင္ေပၚတက္လာရသည္။ မတက္လို႔လဲမရ။ သူ႔မန္ေနဂ်ာက ႀကိဳးနဲ႔တုပ္ ႀကိမ္နဲ႔႐ိုက္ၿပီးေခၚလာတာ အလုပ္လုပ္ဖို႔။ လုပ္ျပမယ္ ရိေပၚေလး ဘယ္ေလာက္တာဝန္ေက်လဲဆိုတာသိေစရမယ္။
ကင္မရာမီးတျဖတ္ျဖတ္ လက္ခုပ္သံ တေျဖာင္းေျဖာင္းၾကားမွာ ႐ုပ္တည္နဲ႔ရပ္ၿပီး အားလံုးကို နႈတ္ဆက္ ambassador စာခ်ဳပ္ကိုယူ။ ဓာတ္ပံု႐ိုက္တာကိုေစာင့္။ ေက်းဇူးတင္စကားေျပာ
"ကြၽန္ေတာ့္ကို brand ambassador ခန္႔တာ ေက်းဇူးတင္ပါတယ္"
တိုတုိတုတ္တုတ္လိုရင္းေျပာ။ ဒါမွ ပြဲျမန္ျမန္ၿပီး ပြဲတက္လာတဲ့ လူႀကီးလူေကာင္းေတြ၊ စားပြဲထိုးေလးေတြ၊ ဒ႐ိုင္ဘာေလးေတြ အားလံုးအိမ္ေစာေစာျပန္ မိသားစုနဲ႔ ေတြ႔ရမွာေလ။
ရိေပၚလဲ အိမ္ျပန္ခ်င္ၿပီ။
ေျပာၿပီးတာနဲ႔ စင္ေပၚကေန ေကာ့ပက္ေကာ့ပက္နဲ႔ ဆင္းခ်လာတာ ကင္မရာမန္းေတြေတာင္ ဓာတ္ပံု႐ိုက္လို႔မၿပီးေသးဘူး။
"ဝမ္ရိေပၚ မင္းအဲ့လိုေတြ ၾကပ္ၾကပ္လုပ္ေနာ္. . . ."
"ထင္းေကာရာ ကြၽန္ေတာ့ဖုန္းသာေပးစမ္းပါ"
စင္ေပၚက ဆင္းတာနဲ႔ ရိေပၚေတာင္းဆိုတာ သူ႔ဖုန္းပဲ။ သူတာဝန္ေက်ၿပီေလ။ လုပ္စရာ႐ွိတာ အကုန္လုပ္ေပးၿပီးၿပီ။ ထင္းေကာ တာဝန္ေက်ဖို႔ပဲလိုေတာ့တယ္။
"အင့္. . အင့္. . ဘယ္လိုျဖစ္လို႔ ဒီဖုန္းပဲေတာင္းေနတာလဲ"
အခုမွ သူလဲစိတ္ခ်မ္းသာသြားရေတာ့တယ္။ သူ႔က်န္႔ေကာေလး စိတ္ပူေနတာ ၾကည့္စမ္း Missed call ေတြ။ ၿပီးေတာ့ message
<ဝမ္ရိေပၚ အဆင္ေျပလား>
ေျပတယ္။ ေကာ စိတ္ပူေနတယ္ဆိုတာမ်ိဳးသိရေတာ့သိပ္အဆင္ေျပတယ္။
မရေတာ့ဘူး။ ေကာဆီအျမန္သြားၿပီး အဆင္ေျပေၾကာင္းျပခ်င္ေနၿပီ။ စိတ္ပူေနမယ့္ ယုန္ပိစိေလးကို ရိေပၚကအရမ္းေခ်ာ့ခ်င္ေနၿပီ။
သူဘယ္ေလာက္သြားခ်င္ခ်င္အလုပ္ကမျပတ္ေသးေတာ့သြားမရ။ ေကာကိုဖုန္းဆက္ၿပီးစိတ္မပူဖို႔ေျပာတာထက္ ကိုယ္တိုင္ပဲ ေက်ာေလးကိုဖက္ၿပီး ေျပာခ်င္တာ။ ဝမ္ရိေပၚ မင္းေတာ္ေတာ္ျဖစ္လို႔ထင္တယ္ဆိုရင္ ဒီကေကာင္က ျဖစ္လာတာ ဆယ္ႏွစ္႐ွိေနၿပီ။ လာမေျပာၾကနဲ႔။
သူ႔မန္ေနဂ်ာကို သံုးေလးပတ္႐ိုက္ၿပီး ေ႐ွာင္းက်န္႔တိုက္ခန္းကိုေရာက္လာေတာ့ သန္းေခါင္ေက်ာ္ေနၿပီ။ တံခါး passcode က ႏွစ္ညတိတိ ႏွိပ္ရလို႔ အလြတ္ေတာင္ရေနၿပီ။ ေကာရဲ႕ ID card ေနာက္ဆံုး ေလးလံုး။ တကယ္ႀကီးကို ႐ိုမဆန္လိုက္တာ။ တေန႔က်မွ သူ႔နဲ႔ က်န္႔ေကာ ခ်စ္သူစျဖစ္တဲ့ ေန႔ကို password အျဖစ္ေျပာင္းပစ္မယ္လို႔ ေတးထားလိုက္သည္။
သူအိမ္ထဲေရာက္ေတာ့ မီးေတြမွိတ္ တိတ္ဆိတ္လို႔။ ဘာမွမလုပ္ႏိုင္ေသးဘူး အရင္ဆံုး ေရခဲေသတၱာကိုဖြင့္ၿပီး ေရယူေသာက္ရတယ္။ လူက တစ္ညလံုး ႐ွန္ပိန္ေတြ တခြက္ၿပိးတခြက္ ခြက္ခ်င္းတိုက္လာရတာ ေရဆာေနၿပီ။
ေရခဲေသတၱာအလယ္ဆင့္မွာ ထူးထူးဆန္းဆန္းခဲပတ္နဲ႔ထုတ္ထားတဲ့ အထုပ္ႀကီး။ အသာေလးလွပ္ၾကည့္ေတာ့ အထဲက နံ႐ိုးကင္ႀကီးက ဝမ္ရိေပၚတစ္ေယာက္ မစားရပဲ ပီတိေတြနဲ႔ ဗိုက္ျပည့္ေနေစျပန္ၿပီ။
"ဒီေကာေကာပိစိေလးဟာေလ ေျပာလိုက္ရင္ ဘုနဲ႔ေဘာက္ ၿပီးရင္ေနႏိုင္တာလဲမဟုတ္ဘူး"
ရိေပၚ နံ႐ိုးတဖဲ့ျမည္းၾကည့္ၿပီး ဘဝႀကီးကိုေက်နပ္ေနသည္။
ေျခသံမၾကားေအာင္ အသာကိုယ္ေဖာ့ၿပီး မီးမွိတ္ထားတဲ့ ေရွာင္းက်န့္အခန္းထဲ ဝင္သြားသည္။ ေစာင္ပံုႀကီးေအာက္မွာ မ်က္ႏွာေလေးပၚရံုအလံုထုပ္ထားၿပီး အိပ္ေနလိုက္တာ။
ျပတင္းေပါက္ကဝင္လာတဲ့ လေရာင္ေဖ်ာ့ေဖ်ာ့ေအာက္ဝယ္ ခဲေရာင္အိပ္ယာခမ္းနားနဲ႔ ဆန္႔က်င္ဘက္ ေ႐ွာင္းက်န္႔ရဲ႕ မ်က္ႏွာျဖဴျဖဴေလးက လင္းေနသည္။ မွိတ္ထားတဲ့မ်က္ေတာင္စိပ္စိပ္နက္နက္ေလးေတြရဲ႕အရိပ္က ပါးေပၚမွာျဖာက်လို႔။ နႈတ္ခမ္းပါးပါးနီနီေလးက ခပ္ဟဟ။
ေ႐ွာင္းက်န္႔မႏိုးေအာင္သတိထားရင္း သူ႔ေအာက္နႈတ္ခမ္းအစပ္က မွဲ႔ေလးကို လက္မနဲ႔ ထိၾကည့္မိသည္။
အလုပ္ကေန ပင္ပင္ပန္းပန္းျပန္လာတဲ့အခါ စားေကာင္းေသာက္ဖြယ္ေတြခ်က္ျပဳတ္ေပးထားၿပီး ေစာင့္ေမွ်ာ္ေနတဲ့ စိတ္ပူေပးမယ့္ လူသားေခ်ာေခ်ာေလးတစ္ေယာက္႐ွိတယ္ဆိုတဲ့အေတြးက သူ႔နႈတ္ခမ္းေတြေကြးတက္သြားေအာင္ ျပံဳးေစႏိုင္သည္။
"အား. . . . . .မရေတာ့ဘူး"
ရိေပၚ ႐ွပ္အက်ႌၾကယ္သီးေတြကို ခပ္ျမန္ျမန္ျဖဳတ္ၿပီး ဆြဲခြၽတ္လိုက္သည္။ ေဘာင္းဘီကိုလဲ ကန္ခြၽတ္ၿပီး က်န္႔ေကာေဘးက ေစာင္ပံုထဲ အသာေလးလွ်ိဳဝင္လိုက္သည္။
ေနာက္ကေန သိုင္းဖက္လိုက္ခ်င္ေပမယ့္ ေ႐ွာင္းက်န္႔ႏိုးသြားမွာစိုးတာနဲ႔ ေဘးနားေလးပဲ ကပ္အိပ္လိုက္သည္။
ေ႐ွာင္းက်န္႔နဲ႔သာဆို မီးမွိတ္ၿပီးလဲ ဝမ္ရိေပၚက အိပ္ရဲပါတယ္။ ဒီ့ထက္ပို အေျခအေနတိုးတက္ရင္ေတာ့ မီးမွိတ္ၿပီးရင္ လက္ကိုင္အိပ္မွာေပါ့။
xxxxxxxxxxxxxxxxxxxx
တနလာၤ. . တနလာၤ.
ပံုမွန္ရံုးတက္ရက္ တနလာၤဆိုအပ်င္းထူတဲ့ေ႐ွာင္းက်န္႔အတြက္ အခုေတာ့ ကဆုန္ေပါက္ၿပီးေတာင္ ရံုးကိုေျပးလာခ်င္ပါရဲ႕။
သူ႔ရဲ႕ တစ္ကိုယ္တည္း ေအးေအးေဆးေဆးသာယာတဲ့ ရံုးပိတ္ရက္ေတြဆိုတာ အတိတ္မွာ က်န္ခဲ့ၿပီလား။ ဝမ္ရိေပၚဆိုတဲ့ ခြၽတ္တားေလးဟာ ဘယ္အခ်ိန္က ဘယ္လိုျပန္ေရာက္ေရာက္လာမွန္းကိုမသိ။ မိုးလင္းရင္ သူ႔ေဘးမွာ အေသေကာင္လိုအိပ္ေနၿပီ။
အိပ္မယ္ တစ္ေနကုန္ အိပ္မယ္။
ထလာမယ္ ထမင္းစားမယ္။
ေ႐ွာင္းက်န္႔ကို ကူလီကူမာေတြေျပာမယ္ ေႏွာင့္ယွက္မယ္။
ဒီတသက္အိမ္ျပန္မယ့္ပံုမျမင္။
အိမ္ေကာ႐ွိရဲ႕လား။
လူဆိုးေတြ ေျခရာခံေနလို႔မျပန္ရဲတာမ်ားလား။
ပါးစပ္ကေနဖြင့္ေမးရေအာင္လဲ ေ႐ွာင္းက်န္႔က အားနာတတ္ေနျပန္ေကာ။
ခက္ေတာ့ခက္ေနပါၿပီ။
"က်န္႔က်န္႔ ၾကည့္ရတာ တက္ႂကြေနသလိုပဲ"
ေျပာရဲလိုက္တာ က်ဲက်ဲရယ္။ ဒီေလာက္ စိတ္၏ပင္ပန္းျခင္း လူ၏ပင္ပန္းျခင္းနဲ႔ အုိစနာက်ေနတဲ့ေကာင္ကို။
"ဟိုေန႔က လာႀကိဳတာ ေကာင္ေလးလား"
သူ႔အေၾကာင္းသိေနတဲ့ က်ဲက်ဲက စပ္စုေတာ္မူ၏။
"ညီေလးပါ"
လိမ္ေျပာတိုင္း နီရဲေနတဲ့ သူ႔နားရြက္ဖ်ားေတြေတာ့ ရဲေတာက္ေနမွာပဲ။ ဘာညီေလးလဲ ဘဂၤလားညီလား။ အိမ္ေပၚတက္ၿပီးပိုင္စိုးပိုင္နင္းေတြလုပ္ေနတဲ့ညီေလး။ တကယ့္ညီအရင္းသာဆို လြန္ခဲ့တဲ့ ဆယ္ႏွစ္ကတည္းက ေဆာင့္ကန္ၿပီးၿပီ။
"အဲ့ဒါဆို မိတ္ဆက္ေပးပါလား"
"ခင္ဗ်ားမလဲ ရည္းစားႀကီးနဲ႔ကို"
"ဟယ္. . လုပ္ပါ က်န္႔က်န္႔ရယ္. ."
"ႏိုးဆို ႏုိးပဲ"
က်ဲက်ဲ ထပ္ မစပ္စုႏိုင္ခင္ လစ္ေျပးလာခဲ့သည္။
"အား. .ဝမ္ရိေပၚ. .အေတာ္ဒုကၡေပးတယ္"
ကေယာက္ကယက္ျဖစ္ေနတဲ့စိတ္ေလး ေအးခ်မ္းေအာင္ green tea ေလးေသာက္မယ္လို႔ အေအးေရာင္းတဲ့စက္နားသြားကာမွ သူေဌးနဲ႔တည့္တည့္ထပ္တုိးေတာ့သည္။
"မဂၤလာပါ သူေဌး"
"မဂၤလာပါ"
သူ႔ကိုျပံဳးျပံဳးႀကီးနႈတ္ဆက္ပံုက အရင္ကဆို သူေဌးက ငါတို႔ကုိရင္းႏွီးတယ္လို႔ ဂုဏ္ယူခ်င္စရာျထစ္ေပမယ့္ အခုက စိတ္ထဲမသိုးမသန္႔နဲ႔။ TGIF မွာ သူဘာေတြလုပ္ထားလဲ သူ႔ဘာသာလဲမမွတ္မိ။
ေနရခက္ပါတယ္ဆိုမွ သူေဌးကလဲ မသြား။ vending machine ကေန Green tea ဝယ္ေနတဲ့ ေ႐ွာင္းက်န္႔ကိုစိုက္ၾကည့္ၿပီး သူ႔႐ုပ္ႀကီးက တခုခုေျပာခ်င္ေနတာသိသာသည္။
"ေ႐ွာင္းက်န္႔ ကိုတခုေမးခ်င္လို႔ မေန႔ညက ေ႐ွာင္းက်န္႔ကို လာႀကိဳတာ. . "
"ကြၽန္ေတာ့္ညီေလးပါ"
စကားေတာင္မဆံုးရေသး ပါးစပ္က လႊတ္ဆိုထြက္ၿပီးသား။ အရိပ္ျပတာနဲ႔အေကာင္လိုက္ျမင္ တတ္တဲ့ ေ႐ွာင္းက်န္႔အစြမ္းကို အ့ံျသမွင္တက္သြားသလို သူတို႔ CEO ဝမ္ဟိုင္ကြမ္း က မ်က္လံုးအျပဴးသား ပါးစပ္အေဟာင္းသားနဲ႔
"ေ႐ွာင္းက်န္႔ ညီေလးလား"
လက္ထဲက Green tea ဘူးကို က်စ္က်စ္ပါေအာင္ဆုပ္ထားရင္း
"ဟုတ္ပါတယ္ ညီအငယ္ေလးပါ။ ဘာျဖစ္လို႔လဲ အဲ့ေကာင္ေလး ႐ိုင္းသြားရင္ ခြင့္လႊတ္ေပးပါသူေဌး။ သူက အေဖေကာအေမေကာ အလိုလိုက္ထားေတာ့ နည္းနည္းေလးစကားအေျပာအဆိုမတတ္ဘူး။"
"ေအာ္. . . မိဘေတြက အလိုလိုက္ထားတာလား"
သူေဌးမ်က္ႏွာကတျဖည္းျဖည္းျပံဳးလာသည္။
"ဟုတ္ကဲ့"
"ညီအရင္းလား. . ."
"ခင္ဗ်ာ"
ညီအကိုပါလို႔ေျပာေနတာ ညီအရင္းလားဆိုေတာ့ ေျပာလက္စနဲ႔မထူးေတာ့တဲ့အတူ
"ေမြးစားထားတာပါ။ ငယ္ငယ္ေလးကတည္းက"
"အမိႈက္ပံုထဲကေကာက္လာတာလား"
"ဟုတ္"
သူေဌးဝမ္ကရီၿပီး သူ႔ပုခံုးကိုပုတ္ရင္း "ညီေလးကိုေကာင္းေကာင္ေးစာင့္ေ႐ွာက္ေပးလိုက္ပါကြာ"
ျပံဳးျပံဳး ျပံဳးျပံဳးနဲ႔သေဘာေတြက်ၿပီး ထြက္သြားတဲ့ သူ႔သူေဌးသူၾကည့္ရင္း ဘာေတြသေဘာက်သြားလဲစဥ္းစားမရ။
ေမာ့ေသာက္လိုက္တဲ့ Green tea တခ်ိဳ႕ေတာင္ အက်ႌေပၚဖိတ္ကုန္သည္။ "အား. .shit.ငါ့႐ွပ္အက်ႌအျဖဴေလး"
(Unicode)
7.
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ. .သတ်မှတ်အချိန်အတွင်း. . ."
ရှောင်းကျန့် စိတ်မရှည်တော့ပဲ ဖုန်းချလိုက်သည်။ နေ့လည်ကတည်းက ခွေးပြေးဝက်ပြေးပြေးပြီး ပျောက်သွားတဲ့ ဝမ်ရိပေါ် ညနေမိုးချုပ်တဲ့အထိ ပြန်ပေါ်မလာတော့။ သူ့ကိုလဲ ဖုန်းလေးတစ်ချက်တောင်ဆက်မလာ။ သူပို့တဲ့ message ကိုလဲ seen မပြ။
စိတ်ပူတာလားဆိုတော့ ဘာကိုစိတ်ပူရမှာလဲ။ လူမိုက်တွေဖမ်းသွားတာဆိုရင် သူလဲ လူမိုက်မို့ပဲ။ ရှောင်းကျန့်က ဘာလို့ ဒါမျိုးတွေပတ်သတ်ရမှာလဲ။
အခုက သူ့ဝက်နံရိုးတွေ ကင်ပြီးမစားရင် အလကားဖြစ်နေမှာစိုးလို့။ နီရဲကြွပ်ရွပြီး မွှေးပျံ့နေတဲ့ ဝက်နံရိုးကင်ကြီးကို စိတ်မသက်မသာနဲ့ကြည့်ပြီး သူလဲစားချင်စိတ်မရှိတော့တာနဲ့ ခဲပြားနဲ့ပတ်ပြီးပဲ သိမ်းထားလိုက်သည်။ ဒီလောက်နောက်ကျနေမှတော့ ဝမ်ရိပေါ်လဲ ပေါ်မလာလောက်တော့ပါဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxx
"ထင်းကော. . မကြားချင်ယောင်ဆောင်မနေနဲ့"
"ရှောင်ထင်းကော ကျွန်တော်မေးနေတယ်လေ"
သူ့မန်နေဂျာက တကယ်ကို လျစ်လျူရှုပြီး တေမိဇာတ်ခင်းနေတာပဲ။ ဒီလို ဟန်ဆောင်တာ ဘယ်လောက်တောင် တဖက်လူကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်ထင်လဲ။
"ထင်းကော အဲ့ဒါဆိုလဲ ကျွန်တော့ဖုန်းလောက်တော့ပြန်ပေး"
". . . . . . . . "
"ခဏလေးပါ။ တစ်မိနစ်လေး"
"ပွဲပြီးရင်ပေးမယ်"
ဝမ်ရိပေါ် စူပုတ်သွားသည်။ သူ့ရဲ့ နှစ်တစ်ရာမှာ တစ်ခါသာကြားရနိုင်တဲ့ ချစ်စဖွယ်စကားသံကို ဒီလိုတုံ့ပြန်ရက်တဲ့ မန်နေဂျာကို မှတ်ထားလိုက်တယ်။ တွေ့ကြသေးတာပေါ့ ထင်းကောရယ်။ အလှည့်ကျ မငိုကြကြေးပေါ့။
"ဟုတ်ကဲ့. . အခုဆို ကျွန်တော်တို့ brand ရဲ့ ambassador .. . . အားကစားလောကရဲ့ ငွေကြယ်ပွင့်တပွင့်ဖြစ်တဲ့ ဝမ်ရိပေါ်ကို ဖိတ်ခေါ်ပါရစေ"
ရိပေါ် ရှူတင်းတင်းနဲ့ စင်ပေါ်တက်လာရသည်။ မတက်လို့လဲမရ။ သူ့မန်နေဂျာက ကြိုးနဲ့တုပ် ကြိမ်နဲ့ရိုက်ပြီးခေါ်လာတာ အလုပ်လုပ်ဖို့။ လုပ်ပြမယ် ရိပေါ်လေး ဘယ်လောက်တာဝန်ကျေလဲဆိုတာသိစေရမယ်။
ကင်မရာမီးတဖြတ်ဖြတ် လက်ခုပ်သံ တဖြောင်းဖြောင်းကြားမှာ ရုပ်တည်နဲ့ရပ်ပြီး အားလုံးကို နှုတ်ဆက် ambassador စာချုပ်ကိုယူ။ ဓာတ်ပုံရိုက်တာကိုစောင့်။ ကျေးဇူးတင်စကားပြော
"ကျွန်တော့်ကို brand ambassador ခန့်တာ ကျေးဇူးတင်ပါတယ်"
တိုတိုတုတ်တုတ်လိုရင်းပြော။ ဒါမှ ပွဲမြန်မြန်ပြီး ပွဲတက်လာတဲ့ လူကြီးလူကောင်းတွေ၊ စားပွဲထိုးလေးတွေ၊ ဒရိုင်ဘာလေးတွေ အားလုံးအိမ်စောစောပြန် မိသားစုနဲ့ တွေ့ရမှာလေ။
ရိပေါ်လဲ အိမ်ပြန်ချင်ပြီ။
ပြောပြီးတာနဲ့ စင်ပေါ်ကနေ ကော့ပက်ကော့ပက်နဲ့ ဆင်းချလာတာ ကင်မရာမန်းတွေတောင် ဓာတ်ပုံရိုက်လို့မပြီးသေးဘူး။
"ဝမ်ရိပေါ် မင်းအဲ့လိုတွေ ကြပ်ကြပ်လုပ်နော်. . . ."
"ထင်းကောရာ ကျွန်တော့ဖုန်းသာပေးစမ်းပါ"
စင်ပေါ်က ဆင်းတာနဲ့ ရိပေါ်တောင်းဆိုတာ သူ့ဖုန်းပဲ။ သူတာဝန်ကျေပြီလေ။ လုပ်စရာရှိတာ အကုန်လုပ်ပေးပြီးပြီ။ ထင်းကော တာဝန်ကျေဖို့ပဲလိုတော့တယ်။
"အင့်. . အင့်. . ဘယ်လိုဖြစ်လို့ ဒီဖုန်းပဲတောင်းနေတာလဲ"
အခုမှ သူလဲစိတ်ချမ်းသာသွားရတော့တယ်။ သူ့ကျန့်ကောလေး စိတ်ပူနေတာ ကြည့်စမ်း Missed call တွေ။ ပြီးတော့ message
<ဝမ်ရိပေါ် အဆင်ပြေလား>
ပြေတယ်။ ကော စိတ်ပူနေတယ်ဆိုတာမျိုးသိရတော့သိပ်အဆင်ပြေတယ်။
မရတော့ဘူး။ ကောဆီအမြန်သွားပြီး အဆင်ပြေကြောင်းပြချင်နေပြီ။ စိတ်ပူနေမယ့် ယုန်ပိစိလေးကို ရိပေါ်ကအရမ်းချော့ချင်နေပြီ။
သူဘယ်လောက်သွားချင်ချင်အလုပ်ကမပြတ်သေးတော့သွားမရ။ ကောကိုဖုန်းဆက်ပြီးစိတ်မပူဖို့ပြောတာထက် ကိုယ်တိုင်ပဲ ကျောလေးကိုဖက်ပြီး ပြောချင်တာ။ ဝမ်ရိပေါ် မင်းတော်တော်ဖြစ်လို့ထင်တယ်ဆိုရင် ဒီကကောင်က ဖြစ်လာတာ ဆယ်နှစ်ရှိနေပြီ။ လာမပြောကြနဲ့။
သူ့မန်နေဂျာကို သုံးလေးပတ်ရိုက်ပြီး ရှောင်းကျန့်တိုက်ခန်းကိုရောက်လာတော့ သန်းခေါင်ကျော်နေပြီ။ တံခါး passcode က နှစ်ညတိတိ နှိပ်ရလို့ အလွတ်တောင်ရနေပြီ။ ကောရဲ့ ID card နောက်ဆုံး လေးလုံး။ တကယ်ကြီးကို ရိုမဆန်လိုက်တာ။ တနေ့ကျမှ သူ့နဲ့ ကျန့်ကော ချစ်သူစဖြစ်တဲ့ နေ့ကို password အဖြစ်ပြောင်းပစ်မယ်လို့ တေးထားလိုက်သည်။
သူအိမ်ထဲရောက်တော့ မီးတွေမှိတ် တိတ်ဆိတ်လို့။ ဘာမှမလုပ်နိုင်သေးဘူး အရင်ဆုံး ရေခဲသေတ္တာကိုဖွင့်ပြီး ရေယူသောက်ရတယ်။ လူက တစ်ညလုံး ရှန်ပိန်တွေ တခွက်ပြိးတခွက် ခွက်ချင်းတိုက်လာရတာ ရေဆာနေပြီ။
ရေခဲသေတ္တာအလယ်ဆင့်မှာ ထူးထူးဆန်းဆန်းခဲပတ်နဲ့ထုတ်ထားတဲ့ အထုပ်ကြီး။ အသာလေးလှပ်ကြည့်တော့ အထဲက နံရိုးကင်ကြီးက ဝမ်ရိပေါ်တစ်ယောက် မစားရပဲ ပီတိတွေနဲ့ ဗိုက်ပြည့်နေစေပြန်ပြီ။
"ဒီကောကောပိစိလေးဟာလေ ပြောလိုက်ရင် ဘုနဲ့ဘောက် ပြီးရင်နေနိုင်တာလဲမဟုတ်ဘူး"
ရိပေါ် နံရိုးတဖဲ့မြည်းကြည့်ပြီး ဘဝကြီးကိုကျေနပ်နေသည်။
ခြေသံမကြားအောင် အသာကိုယ်ဖော့ပြီး မီးမှိတ်ထားတဲ့ ရှောင်းကျန့်အခန်းထဲ ဝင်သွားသည်။ စောင်ပုံကြီးအောက်မှာ မျက်နှာလေေးပါ်ရုံအလုံထုပ်ထားပြီး အိပ်နေလိုက်တာ။
ပြတင်းပေါက်ကဝင်လာတဲ့ လရောင်ဖျော့ဖျော့အောက်ဝယ် ခဲရောင်အိပ်ယာခမ်းနားနဲ့ ဆန့်ကျင်ဘက် ရှောင်းကျန့်ရဲ့ မျက်နှာဖြူဖြူလေးက လင်းနေသည်။ မှိတ်ထားတဲ့မျက်တောင်စိပ်စိပ်နက်နက်လေးတွေရဲ့အရိပ်က ပါးပေါ်မှာဖြာကျလို့။ နှုတ်ခမ်းပါးပါးနီနီလေးက ခပ်ဟဟ။
ရှောင်းကျန့်မနိုးအောင်သတိထားရင်း သူ့အောက်နှုတ်ခမ်းအစပ်က မှဲ့လေးကို လက်မနဲ့ ထိကြည့်မိသည်။
အလုပ်ကနေ ပင်ပင်ပန်းပန်းပြန်လာတဲ့အခါ စားကောင်းသောက်ဖွယ်တွေချက်ပြုတ်ပေးထားပြီး စောင့်မျှော်နေတဲ့ စိတ်ပူပေးမယ့် လူသားချောချောလေးတစ်ယောက်ရှိတယ်ဆိုတဲ့အတွေးက သူ့နှုတ်ခမ်းတွေကွေးတက်သွားအောင် ပြုံးစေနိုင်သည်။
"အား. . . . . .မရတော့ဘူး"
ရိပေါ် ရှပ်အကျႌကြယ်သီးတွေကို ခပ်မြန်မြန်ဖြုတ်ပြီး ဆွဲချွတ်လိုက်သည်။ ဘောင်းဘီကိုလဲ ကန်ချွတ်ပြီး ကျန့်ကောဘေးက စောင်ပုံထဲ အသာလေးလျှိုဝင်လိုက်သည်။
နောက်ကနေ သိုင်းဖက်လိုက်ချင်ပေမယ့် ရှောင်းကျန့်နိုးသွားမှာစိုးတာနဲ့ ဘေးနားလေးပဲ ကပ်အိပ်လိုက်သည်။
ရှောင်းကျန့်နဲ့သာဆို မီးမှိတ်ပြီးလဲ ဝမ်ရိပေါ်က အိပ်ရဲပါတယ်။ ဒီ့ထက်ပို အခြေအနေတိုးတက်ရင်တော့ မီးမှိတ်ပြီးရင် လက်ကိုင်အိပ်မှာပေါ့။
xxxxxxxxxxxxxxxxxxxx
တနလာၤ. . တနလာၤ.
ပုံမှန်ရုံးတက်ရက် တနလာၤဆိုအပျင်းထူတဲ့ရှောင်းကျန့်အတွက် အခုတော့ ကဆုန်ပေါက်ပြီးတောင် ရုံးကိုပြေးလာချင်ပါရဲ့။
သူ့ရဲ့ တစ်ကိုယ်တည်း အေးအေးဆေးဆေးသာယာတဲ့ ရုံးပိတ်ရက်တွေဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီလား။ ဝမ်ရိပေါ်ဆိုတဲ့ ချွတ်တားလေးဟာ ဘယ်အချိန်က ဘယ်လိုပြန်ရောက်ရောက်လာမှန်းကိုမသိ။ မိုးလင်းရင် သူ့ဘေးမှာ အသေကောင်လိုအိပ်နေပြီ။
အိပ်မယ် တစ်နေကုန် အိပ်မယ်။
ထလာမယ် ထမင်းစားမယ်။
ရှောင်းကျန့်ကို ကူလီကူမာတွေပြောမယ် နှောင့်ယှက်မယ်။
ဒီတသက်အိမ်ပြန်မယ့်ပုံမမြင်။
အိမ်ကောရှိရဲ့လား။
လူဆိုးတွေ ခြေရာခံနေလို့မပြန်ရဲတာများလား။
ပါးစပ်ကနေဖွင့်မေးရအောင်လဲ ရှောင်းကျန့်က အားနာတတ်နေပြန်ကော။
ခက်တော့ခက်နေပါပြီ။
"ကျန့်ကျန့် ကြည့်ရတာ တက်ကြွနေသလိုပဲ"
ပြောရဲလိုက်တာ ကျဲကျဲရယ်။ ဒီလောက် စိတ်၏ပင်ပန်းခြင်း လူ၏ပင်ပန်းခြင်းနဲ့ အိုစနာကျနေတဲ့ကောင်ကို။
"ဟိုနေ့က လာကြိုတာ ကောင်လေးလား"
သူ့အကြောင်းသိနေတဲ့ ကျဲကျဲက စပ်စုတော်မူ၏။
"ညီလေးပါ"
လိမ်ပြောတိုင်း နီရဲနေတဲ့ သူ့နားရွက်ဖျားတွေတော့ ရဲတောက်နေမှာပဲ။ ဘာညီလေးလဲ ဘင်္ဂလားညီလား။ အိမ်ပေါ်တက်ပြီးပိုင်စိုးပိုင်နင်းတွေလုပ်နေတဲ့ညီလေး။ တကယ့်ညီအရင်းသာဆို လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဆောင့်ကန်ပြီးပြီ။
"အဲ့ဒါဆို မိတ်ဆက်ပေးပါလား"
"ခင်ဗျားမလဲ ရည်းစားကြီးနဲ့ကို"
"ဟယ်. . လုပ်ပါ ကျန့်ကျန့်ရယ်. ."
"နိုးဆို နိုးပဲ"
ကျဲကျဲ ထပ် မစပ်စုနိုင်ခင် လစ်ပြေးလာခဲ့သည်။
"အား. .ဝမ်ရိပေါ်. .အတော်ဒုက္ခပေးတယ်"
ကယောက်ကယက်ဖြစ်နေတဲ့စိတ်လေး အေးချမ်းအောင် green tea လေးသောက်မယ်လို့ အအေးရောင်းတဲ့စက်နားသွားကာမှ သူဌေးနဲ့တည့်တည့်ထပ်တိုးတော့သည်။
"မင်္ဂလာပါ သူဌေး"
"မင်္ဂလာပါ"
သူ့ကိုပြုံးပြုံးကြီးနှုတ်ဆက်ပုံက အရင်ကဆို သူဌေးက ငါတို့ကိုရင်းနှီးတယ်လို့ ဂုဏ်ယူချင်စရာထြစ်ပေမယ့် အခုက စိတ်ထဲမသိုးမသန့်နဲ့။ TGIF မှာ သူဘာတွေလုပ်ထားလဲ သူ့ဘာသာလဲမမှတ်မိ။
နေရခက်ပါတယ်ဆိုမှ သူဌေးကလဲ မသွား။ vending machine ကနေ Green tea ဝယ်နေတဲ့ ရှောင်းကျန့်ကိုစိုက်ကြည့်ပြီး သူ့ရုပ်ကြီးက တခုခုပြောချင်နေတာသိသာသည်။
"ရှောင်းကျန့် ကိုတခုမေးချင်လို့ မနေ့ညက ရှောင်းကျန့်ကို လာကြိုတာ. . "
"ကျွန်တော့်ညီလေးပါ"
စကားတောင်မဆုံးရသေး ပါးစပ်က လွှတ်ဆိုထွက်ပြီးသား။ အရိပ်ပြတာနဲ့အကောင်လိုက်မြင် တတ်တဲ့ ရှောင်းကျန့်အစွမ်းကို အ့ံသြမှင်တက်သွားသလို သူတို့ CEO ဝမ်ဟိုင်ကွမ်း က မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားနဲ့
"ရှောင်းကျန့် ညီလေးလား"
လက်ထဲက Green tea ဘူးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
"ဟုတ်ပါတယ် ညီအငယ်လေးပါ။ ဘာဖြစ်လို့လဲ အဲ့ကောင်လေး ရိုင်းသွားရင် ခွင့်လွှတ်ပေးပါသူဌေး။ သူက အဖေကောအမေကော အလိုလိုက်ထားတော့ နည်းနည်းလေးစကားအပြောအဆိုမတတ်ဘူး။"
"အော်. . . မိဘတွေက အလိုလိုက်ထားတာလား"
သူဌေးမျက်နှာကတဖြည်းဖြည်းပြုံးလာသည်။
"ဟုတ်ကဲ့"
"ညီအရင်းလား. . ."
"ခင်ဗျာ"
ညီအကိုပါလို့ပြောနေတာ ညီအရင်းလားဆိုတော့ ပြောလက်စနဲ့မထူးတော့တဲ့အတူ
"မွေးစားထားတာပါ။ ငယ်ငယ်လေးကတည်းက"
"အမှိုက်ပုံထဲကကောက်လာတာလား"
"ဟုတ်"
သူဌေးဝမ်ကရီပြီး သူ့ပုခုံးကိုပုတ်ရင်း "ညီလေးကိုကောင်းကောင်ေးစာင့်ရှောက်ပေးလိုက်ပါကွာ"
ပြုံးပြုံး ပြုံးပြုံးနဲ့သဘောတွေကျပြီး ထွက်သွားတဲ့ သူ့သူဌေးသူကြည့်ရင်း ဘာတွေသဘောကျသွားလဲစဉ်းစားမရ။
မော့သောက်လိုက်တဲ့ Green tea တချို့တောင် အကျႌပေါ်ဖိတ်ကုန်သည်။ "အား. .shit.ငါ့ရှပ်အကျႌအဖြူလေး"