Happily အဲဗရီးဒေး 18+ (+Unicode)

52K 3.2K 397
                                    


Warning: 18+ ပါပါတယ်. . အသက်မပြည့်ရင် မဖတ်ပါနဲ့. . ဖတ်ပြီးရင်လဲ မခွီပါနဲ့ 😏😏

(Zawgyi)

ဂျပန်သွားပြီလဲဆိုကော ရှောင်းကျန့်ရဲ့ ယောက္ခမလောင်းခေါ်ရမလား မွေးစားမာမားခေါ်ရမလားမသိတဲ့ မဒမ်ဝမ်က တကယ်ကိုလိုက်ချလာတာပါ။

သွားမယ့်နေ့မှာ ကားနက်ကြီးနဲ့ရောက်ချလာ။ ဟဲ့. . တက်စမ်းဆို ရှောင်းကျန့်တို့ ဘယ်မှာ အတွန့်တက်ရဲမှာလဲ။ ဘွားတော်က တကယ်ကို စိတ်မြန်ကိုယ်မြန်။ ရှောင်းကျန့်က ကားပေါ်တက်ဖို့ တုံ့နှေး တုံ့နှေးလုပ်နေတာကို ဆွဲတင်မယ် တကဲကဲနဲ့။

လေဆိပ်မှာ Check-in ဝင်တော့လည်း သူပဲ။ လေဆိပ်ထဲက ဂျူတီဖရီးဆိုင် ဆိုင်အကုန်စေ့အောင် တောက်တောက် တောက်တောက်နဲ့ ဈေးဝယ်တဲ့နောက် ရှောင်းကျန့်မှာ အပြေးလိုက်ရရှာတယ်။

သူ့အတွက်သူတင်မက ရှောင်းကျန့်ဖို့တွေပါ ဝယ်ပေးသေးတာ။ ငြင်းလို့လဲမရ။ သူကြားချင်တာကျ  နားပါးပြီး ခြင်လေလည်တာတောင် သိပေမယ့် သူမကြားချင်တာကျ ခေါင်းနားကပ်ပြီး ဥက္ကာခဲ ပြုတ်ကျတောင် မသိလိုက်ဘူးလို့ မျက်နှာပြောင်တိုက်တာလဲ အမေနဲ့သား တစ်ပုံစံတည်း။

မဒမ်ဝမ်ကလဲ တသက်လုံး သူ့သားနှစ်ယောက်က အဖက်မလုပ် အဖော်မလုပ်ပေးခဲ့သမျှ အခု မွေးစားသားလေးကျမှ အဖော်ရတော့ အရမ်းတွေပျော်နေတာ ရှောင်းကျန့်ကို ဝမ်ရိပေါ်လက်ထဲတောင်မထည့်လိုက်ချင်ဘူးရယ်။

ဝမ်ရိပေါ်ကလည်း ဝမ်ရိပေါ်ပဲ။ သူ့ team နဲ့ ဂျပန်မှာ ကြိုရောက်နေတော့ ရှောင်းကျန့်လိုက်လာတယ်လဲဆိုရော ပြုံးရွှင်နေရာကနေ အနောက်ကပါလာတဲ့ သူ့အမေကိုလဲ မြင်ကော စူပုတ်ထော်လန်နေကော။

သူ့ဘက်ကတွေးတော့လည်း ဟုတ်ပါရဲ့ တစ်ဟိုတယ်ထဲ တူတူတည်းရပေမယ့် ပြိုင်ပွဲမပြီးမချင်း ရှောင်းကျန့်က အနားအကပ်မခံဘူးလို့ ရာဇသံပေးထားတာ။

ပြိုင်ပွဲပြီးရင်တော့ ကျန့်ကောနဲ့ ချစ်ကြည်နူး တစ်တီတူးမယ်ပေါ့။ အခုတော့ သူ့မားသားကြီးက ရှောင်းကျန့်ကို အပိုင်စီးထားတာ နှစ်ယောက်ကြားဝင်မအိပ်တောင်ကံကောင်းပဲ။

Di Di Ai Ni!!Where stories live. Discover now