ပထမအနမ်းကို (+Unicode)

33.3K 3.1K 143
                                    

(Zawgyi)

"Deliver ကောင်လေး လေ့ကျင့်ကွင်းကိုလာမယ်ဆိုရင် ကြက်ကြော်နဲ့ ကိုလာပါဆယ်ဆွဲခဲ့ပါ"

"ယဥပဲရမယ်"

"Deliver ကောင်လေး မင်းကို ပီဇာမှာထားတာ ဘယ်တော့လာပို့မှာလဲ။ မင်း လေ့ကျင့်ကွင်းကို ပီဇာနဲ့မလာရင် နည်းပြကျင်းက သတ်တော့မယ်"

"လက်မကောင်းသေးလို့ ဟော့ဒီက Grand Prix ချန်ပီယံလောင်း အချောအလှလေးက မလာနိုင်သေးပါဘူးတဲ့ဗျာ"

ပြောပြီး ဖုန်းကို ပိတ် ဆိုဖာပေါ်လွှင့်ပစလိုက်သည်။ ပြီးတော့ မီးဖိုထဲ ဟင်းချက်နေတဲ့ သူ့ကျန့်ကော နောက်ကျောလေးကိုလဲ လှမ်းကြည့်ရသေးတာ။

ရှောင်းကျန့် အူလည်လည်အလုပ်ကောင်းတာ အခုတော့ ရိပေါ်မှာ မိုးကျရွှေကိုယ် မင်းသားလေး ဝမ်ရိပေါ်ဆိုတဲ့ နာမည်ပြောင် ကနေ Deliver ကောင်လေးဆိုတဲ့ နာမည်ပြောင် ဖြစ်သွားပါလား။

သူ့ team ကလူတွေက အားတိုင်း ဖုန်းခေါ်ပြီး စားစရာမှာတိုင်းဆော့တယ်။ သူ့မန်နေဂျာရဲ့ နာမည်သစ်ကတော့ အကြွေးရှင် ဈေးလူမိုက်တဲ့။ ကျန့်ကော ပေးတဲ့ ဝေဒနာတွေပေါ့။

ရိပေါ် တစ်ယောက် ဆေးရုံကနေဆင်းတာနဲ့ ရှောင်းကျန့်အိမ်ပေါ် ပြန်တက်နေတာပဲ။ ရှောင်းကျန့်ကအိမ်ပေါ်မှာ နေခွင့်ကို တရားဝင်ပေးလိုက်ပြီလေ။
နေ့လယ်ဘက် ရှောင်းကျန့်အလုပ်သွားချိန်ဆို ရိပေါ်လဲ လက်ကိုလေ့ကျင့်ခန်းသွားလုပ်။ Gym သွား တခြားလုပ်စရာရှိတာလုပ်ပေါ့။

ညဘက်ကိုတော့ လုံးဝရှောင်းကျန့်နားပဲ။ ပထမတစ်ခါ စိတ်ကောက်ပြီး ပြန်တည့်တာဆိုတော့ အနားကနေမခွာချင်ဘူး။ ဖြစ်နိုင်ရငိ တိုင်မှာ တောက်တဲ့ကပ်နေသလိုကို ဖက်ပြီး ခွထားချင်တာ။

ရှောင်းကျန့်ကလဲ အရင်ကထက်စာရင် ရိပေါ်ကို အလိုလိုက်ပါတယ်။ အရင်ကလဲ အလိုလိုက်ပေမယ့် အခုကကျ တမျိုးလေးလေ။ သိတယ်မလား။ သမီးရည်းစားလို အီစီကလီလေး။

"ထမင်းစားမယ်"

ရှောင်းကျန့်က ဟင်းပန်းကန်တွေထမင်းပန်းကန်တွေပါ ဧည့်ခန်းထဲသိသယ်လာတယ်။ အစကတော့ ရိပေါ်ဧည့်ခန်းထဲမှာ ခေါက်ဆွဲပြုတ်စားရင်ကို ဆူဆူပူပူလုပ်တတ်တဲ့ ဇီဇာကြောင်လူပျိုကြီး အချိုးတွေပြောင်းလို့။

Di Di Ai Ni!!Where stories live. Discover now