ပင်စိမ်းသီးပိုးထိုး ကျန့်ကောကိုရအောင်ပိုး (+Unicode)

30.8K 2.9K 139
                                    

(Zawgyi)

.
.
.
.
.
.
တိတ်ဆိတ်နေလိုက်တာ တချက်တချက် အိပ်ရင်း ယောင်ပြီး ရှိုက်လိုက်တဲ့ ဝမ်ရိပေါ်အသံကလွဲလို့ ဘာမှ မကြားရ။ ကြက်ဥခွံအကြေစတွေပေါ် လမ်းလျှောက်နေရသူတွေလို တနေရာက တနေရာ သွားချင်ရင် ခြေဖျားထောက်ပြီး သွားကြရတဲ့ဘဝမှာ ချိုဆွန်ယွန်းကော ထင်းကောပါ မပျော်တော့ပြီ။

အမှောင်ချထားတဲ့ အိမ်ထဲ တီဗီလဲမဖွင့်ရ။ ဖုန်းအလင်းကိုလဲ အဆုံးထိ လျော့ထားရ။ အသံနားထောင်ချင် နားကြပ်တပ်နေရတဲ့ဘဝ။ ပျော်ချင်လို့မှ ရှန်ဟိုင်းလိုက်လာပါတယ် စောင်သဲကွဲနေတာနဲ့ တည့်တည့်တိုးတဲ့ ကင်မ်ချီကောင်လေး စိတ်ဆင်းရဲလှပြီ။ နဂိုလို အာကျယ် ပါကျယ် စကားများချင်တာတောင် နိုးနေတဲ့အချိန်တို ငူငူကြီးထိုင်နေ ရေခဲသေတ္တာထဲရှိသမျှစား ပြီးရင်ပြန်အိပ်နဲ့ ဝမ်ရိပေါ်ကြောင့် ဒီလေထုကြီးက ကြက်နာကျနေတဲ့ ကြက်ခြံကြီးလိုပဲ ပျော်စရာမကောင်းတော့။

အရင်လို စိတ်တိုရင် ဆိုင်ကယ်ပတ်မောင်းနေတဲ့အဆင့်ကို ကျော်သွားပြီဆိုတော့ တော်တော်ကို ဆိုးဆိုးရွားရွား အသဲကွဲလာပုံရသည်။ ဒီတော့ ထင်းကော နဲ့ ချိုဆွန်ယွန်းလဲ ဘာမှမတတ်နိုင်တော့ ။ စီစဉ်သူ ကိုချိုကြီးလဲ နေရထိုင်ရခက်လွန်းလို့ ဆိုးလ်ပဲ ပြန်ဖို့ လေယာဉ်လတ်မှတ်စီစဉ်ရမလား စဉ်းစားနေရပြီ။

"ဘာလို့ ငါ့ကို ကျန့်ကောက မချစ်ရတာလဲ"

"ဟဲ့ ၆၆၆၆"

"တရုတ်မ စည်ပိုင်း"

ရုတ်တရက်ကြီး ထအော်လိုက်တဲ့ ရိပေါ်အသံကြောင့် အမှောင်ထဲမှာ ဖုန်းကိုသဲကြီးမဲကြီးပွတ်နေတဲ့ နှစ်ယောက်ဆီက ပီရဝါစာ ယောင်သံလေးတွေ ညံကုန်တယ်။

ဘယ်အချိန်က နိုးလာမှန်းမသိတဲ့ ဝမ်ရိပေါ်ကတော့ အအိပ်လွန်လို့ ဖောင်းကားပြဲကွဲနေတဲ့ မျက်နှာနဲ့ မျက်လုံးမို့မို့ကို မနည်းဖွင့်ရင်း ဆိုဖာပေါ် ဒူးထောင် မေးထာက်ပြီးထိုင်နေလေရဲ့။

"စောင်သဲကွဲရင်လဲ အေးဆေးကွဲပါကွာ။ မထိတ်သာမလန့်သာရှိလိုက်တာ"

ထင်းကောရဲ့အပြောမှာ ဝမ်ရိပေါ် ခေါင်းထောင်လာသည်။

"ဘယ်သူလဲ စောင်သဲကွဲတာ"

Di Di Ai Ni!!Where stories live. Discover now