(Zawgyi)
ရှောင်းကျန့် ဘဝကြီးက အရင်ကထက် အလုပ်ရှုပ်နေသည်။ အရင်တုန်းကတော့ ရုံးကနေလဲ အေးဆေးမှပြန် အိမ်ပြန်ရောက်ရင် ထမင်းစားချင်စား မစားချင်လဲနေ။ အေးအေးဆေးဆေး အပျင်းထူလို့ရပေမယ့် အခုတော့ ရုံးဆင်းချိန်နီးလာရင် ဖင်တကြွကြွနဲ့ အိမ်ပြန်ဖို့ ပြင်ရသည်။ အိမ်မှာ စောင့်နေမယ့် ငတိလေးရှိနေတာကိုး။
ရိပေါ်က ရုံးလာကြိုချင်ပေမယ့် သူက အလာမခံ။ ပြောရရင် ရှက်နေသေးသည်။ ရုံးက လူတွေကို သူ့ညီလေးလို့ပြောထားရာကနေ ရုတ်တရက်ကြီး အခြေအနေပြောင်းသွားတယ်ဆိုရင် မကောင်းဘူးမဟုတ်လား။
ပြီးတော့ ဝမ်ရိပေါ်ဆိုတာကလည်း လူရှေ့သူရှေ့တောင် အသားယူချင်တဲ့ အမျိုး။ သူနဲ့ အပြင်ထွက်ဖို့ လူလည်ကောင်သွားဖို့ဆိုတာ ရှောင်းကျန့်အတွက် ဆယ်ခါပြန်လောက် စဉ်းစားဆုံးဖြတ်ယူရတယ်။
ဒီတော့ အိမ်မှာပဲ နေခိုင်းထားပြီး ဖုန်းတဂွမ်ဂွမ်ဆက်မလာခင် သူပဲ အိမ်ကို အမြန်ပြေးရတော့သည်။ အခုမှ ညနေရုံးဆင်းခါနီးရင် ယောက်ယက်ခတ်နေတတ်သည့် ကလေးအမေတွေကို ကိုယ်ချင်းစာတော့သည်။
"ကော ဘယ်မှာလဲ။ အိမ်ပြန်လာနေပြီလား"
သူ ပစ္စည်းသိမ်းနေတုန်းရှိသေးတယ်။ နာရီကြည့်တော့ ၅နာရီ ကို ၅မိနစ် တောင်လိုသေးတယ်လေ။ မင်းက ဖုန်းဆက်ပြီတဲ့လား။
"အင်း. . . လာတော့မယ်. . "
ဖုန်းကို တိုးတိုးလေး ဖြေပြီး အိတ်ထဲကို ပစ္စည်းတွေ အမြန်ထိုးထည့်လိုက်သည်။ ဒါပေမယ့် သူချာကနည်းအလှည့်မှာ ခုံနောက်မှာ ရပ်နေတာ ဝမ်ကျိုးချန်။
"ရှောင်းကျန့် ခဏလေး မပြန်ခင် မနက်ဖြန် Fashion oN မဂ္ဂဇင်းအတွက် layout လေး တချက် ပြန်စစ်ပေးပါ"
". . . . . . . "
"သြော်. . . ပြန်တော့မလို့လား"
နာရီကို ကြည့်ပြီး မေးလာတဲ့ ကျိုးချန်ကြောင့် ရှောင်းကျန့် ပါးစပ်က ပြန်တော့မလို့ဆိုတဲ့ စကားက အစပျောက်သွားသည်။
ဝန်ထမ်းကောင်းလေး ရှောင်းကျန့် ရုံးဆင်းဖို့ ငါးမိနစ်တောင် လိုသေးတယ်လေ။
YOU ARE READING
Di Di Ai Ni!!
Fanfictionသင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါတယ်. .