နားမလည်ခြင်းများ ၁ (+Unicode)

30.9K 3K 57
                                    


"ဝမ်ရိပေါ် မင်းတော်တော်ဖြစ်"

ဝမ်းဟန်ကော က သူ့ကို လှမ်းနောက်သည်။ နောက်လဲ နောက်ချင်စရာ သူဆိုတဲ့ကောင်က ဖုန်း gallery ထဲမှာလဲ ရှောင်းကျန့်ပုံတွေ ခိုးရိုက်ထားတာအပြည့်။ ဖုန်းစခရင် ကလဲ ရှောင်းကျန့် အိပ်နေတဲ့ပုံလေး။ ခေါင်းအုံးဖြူဖြူလေးမှာ ပါးလေးတွေ နစ်နေအောင် အိပ်နေပုံလေးက ငြိမ်းချမ်းလိုက်တာ။ ဒါကိုကြည့်ကြည့်ပြီး လူမသမာပြုံးကြီးနဲ့ ပြုံးနေတဲ့ ဝမ်ရိပေါ်ကို ဝမ်းဟန်တင်မက ကျန်တဲ့သူတွေပါ သည်းမခံနိုင်တော့။ ရိပေါ်ရဲ့ မန်နေဂျာ ထင်းကောဆို ရင် ငါ အလုပ်ပြောင်းရတော့မလား အော်တာကို ဆယ့်ခြောက်ခါ။

ရိပေါ်ကို သူတို့နားလည်ပေးကြပါတယ်။ နားလည်မပေးလဲ သူတို့ကို ရိပေါ်က အဖက်လုပ်မှာမဟုတ်တော့ နားလည်ပေးလိုက်ကြတာ တရန်အေးပါတယ်လေ။

"ဝမ်ရိပေါ် Grandprix ဝင်စီးချင်တယ်ဆိုရင် အခုလိုပေါ့ပေါ့တန်တန် လုပ်နေလို့မရဘူးနော်။ မင်းပိုလေ့ကျင့်မှရမယ်။"

သူတို့ head coach တစ်ယောက်ပဲ ဝမ်ရိပေါ် တော်တော်ဖြစ်ကို တော်တော်အမြင်ကပ်နေတယ်။

"စီးမှာ. . အဲ့ပွဲနေ့ကျ ကျန့်ကောကို ခေါ်ပြီး စီးပြမှာ။ ကျန့်ကောရှေ့မှာ ပန်းဝင်မှာ"

ပြောပြီး ဆိုင်ကယ် ဟဲမက်ကိုကောက်စွပ် ဇောင်းငန်းဇောင်းငန်းနဲ့လျှောက်သွားတဲ့နောက်ကို သူ့ coach ကအပြေးလိုက်သွားရတယ်။

"မင်းကသာ တော်တော်ဖြစ်နေ ဟိုက မင်းကို ဖြစ်ကောဖြစ်လို့လား"

ဘေးကနေ ရေဗူးပြေးလာပေးရင်းပြောတဲ့ ထင်းကော စကားက ဝမ်ရိပေါ် ရင်ကို အမြှောက်နဲ့ ထုလိုက်သလိုပင်။

ဘီလူးအမြှောက်နဲ့ မှန်သလို ရှူးရှူးရှားရှား ဖြစ်သွားတဲ့ ဝမ်ရိပေါ်ကို ကြည့်ပြီး ထင်းကော တစ်ယောက်ပြောမိတဲ့ သူ့ပါးစပ်သူ ကော်နဲ့ ကပ်ပစ်ချင်စိတ်ပေါက်သွားသည်။ သူကိုက အဲ့ခေါင်းစဉ်ကို မတို့မထိပဲ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းတယ်လို့ လွှတ်ထားပေးခဲ့သင့်တာ။

xxxxxxxxxxxxxxxxxxxx

ရှောင်းကျန့်အိမ်ပြန်ရောက်လာတော့ အိမ်မှာ ဝမ်ရိပေါ်မရှိ။ သူပြန်ရောက်လာတာ စောလို့လဲ ဖြစ်နိုင်သည်။ ရှောင်းကျန့် ရေအမြန်ချိုးပြီး အဝတ်အစားလဲလိုက်သည်။ ဒီည သူဧည့်ခံပွဲတစ်ခုသွားစရာရှိလို့။ production ဌာနက ဌာနမှူး မင်္ဂလာဆောင်။

Di Di Ai Ni!!Where stories live. Discover now