ကျွန်တော်ချစ်သောကိုကို(comple...

By kabyar_144

436K 19.5K 847

ပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁 More

ကျွန်တော်ချစ်သောကိုကို(3)
ကျွန်တော်ချစ်သောကိုကို Part(4)
ကျွန်တော်ချစ်သောကိုကို Part(5)
ကျွန်တော်ချစ်သောကိုကို Part(6)
ကျွန်တော်ချစ်သောကိုကိုPart(7)
ကျွန်တော်ချစ်သောကိုကိုPart(8)
ကျွန်တော်ချစ်သောကိုကိုPart(9)
ကျွန်တော်ချစ်သောကိုကို Part(10)
ကျွန်တော်ချစ်သောကိုကို Part (11)
ကျွန်တော်ချစ်သောကိုကို Part (12)
ကျွန်တော်ချစ်သောကိုကို part (14)
ကျွန်တော်ချစ်သောကိုကို part(15) ကြှနျတျောခဈြသောကိုကို part(15)
ကျွန်တော်ချစ်သောကိုကို part(16) ကြှနျတျောခဈြသောကိုကို part(16)
ကျွန်တော်ချစ်သောကိုကို(17) ကြှနျတျောခဈြသောကိုကို(17)
ကျွန်တော်ချစ်သောကိုကို (18) ကျြန်တ္ခော်စ်သောကိုကို (18)
ကျွန်တော်ချစ်သောကိုကို(19) ကြှနျတျောခဈြသောကိုကို(19)
ကျွန်တော်ချစ်သောကိုကို (20)
ကျွန်တော်ချစ်သောကိုကို (21)
ကျွန်တော်ချစ်သောကိုကို (22) Unicode
ကျွန်တော်ချစ်သောကိုကို (23) unicode
ကျွန်တော်ချစ်သောကိုကို(24)
ကျွန်တော်ချစ်သောကိုကို (25)
ကျွန်တော်ချစ်သောကိုကို(26)
ကျွန်တော်ချစ်သောကိုကို(27)
ကျွန်တော်ချစ်သောကိုကို(28)
ကျွန်တော်ချစ်သောကိုကို (29)
ကျွန်တော်ချစ်သောကိုကို(30)
ကျွန်တော်ချစ်သောကိုကို(31)
ကျွန်တော်ချစ်သောကိုကို (32)
ကျွန်တော်ချစ်သောကိုကို(33)
ကျွန်တော်ချစ်သောကိုကို(33) unicode
ကျွန်တော်ချစ်သောကိုကို (34)
ကျွန်တော်ချစ်သောကိုကို(35)
ကျွန်တော်ချစ်သောကိုကို (36)
ကျွန်တော်ချစ်သောကိုကို (37)(final)
New Fic
Still Just Love
ကျွန်တော်ချစ်သောကိုကို (extra)
dဝင်နေပြီ😥😥
ကျွန်တော်ချစ်သောကိုကို (Extra End)

ကျွန်တော်ချစ်သောကိုကို Part(2)

18.3K 677 16
By kabyar_144

ညနေခင်းနေဝင်ဆည်းဆာရဲ့အလှကလှပလွန်းလှသည်
ဒါပေမယ့်ကောင်လေးတစ်ယောက်ကတော့
ထိုအလှအပတွေကိုမခံစားနိုင်ပဲ
သူ့ရဲ့အခန်းလေးထဲမှာပဲအိပ်မောကျနေသည်
ကျန့်ကျန့်ခရီးပန်းလွန်းလို့ရေမိုးချိုးပြီးအိပ်နေတာ
ညနေစောင်းသွားတာတောင်မသိလိုက်ပေ
ပါးနဲ့မားကလည်းသူ့ကိုလာမနှိုးကြ
ခရီးပန်းလာတာသိတော့လွှတ်ပေးထားကြသည်
သိပ်မကြာခင်မှာပဲရှောင်းကျန့်နိုးလာသည်
သူနိုးလာတာနဲ့ပတ်ဝန်းကျင်ကိုကြည့်မိတော့ညပင်ရောက်ခါနီးနေပေပြီ
သူအခန်းပြတင်းကနေလှမ်းကြည့်လိုက်ရာ
နေမင်းကြီးကသူ၏တနေ့တာအတွက်တာဝန်တွေပြီးဆုံးခါနီး၍ပျော်နေသည့်အလားပင်
သူ၏ရောင်ဝါတွေကိုအစွမ်းကုန်ထုတ်လွှတ်နေသည်
ကောင်းကင်မှတိမ်များ၏အနီရင့်ရောင်များကလောကကြီးအားလွှမ်းခြုံနေပြီး
ကျေးငှက်တို့ကပျံသန်းနေကြသည်မှာပနံသင့်လှသည်
ရှောင်းကျန့်လည်းထိုပုံရိပ်တွေကိုခဏလောက်ကြည့်နေပြီးမှအောက်ထပ်ကိုဆင်းလာခဲ့သည်

'သား...ကျန့်ကျန့်နိုးပြီလား'
'ဟုတ်ကဲ့မား
ဒါနဲ့ဘာတွေချက်နေတာလဲ
သားကူချက်မယ်လေ'
'ရပါတယ်သားရဲ့
ဒါနဲ့ကျန့်ကျန့်ကဟင်းလ ည်းချက်တတ်တာလား'
'ဟုတ်တယ်မား
အရင်ကမေမေနဲ့အတူချက်နေကြလေ
အထက်တန်းတက်တော့ဒီမှာပဲတတ်တာဆိုတော့
ချက်စားလို့အဆင်ပြေအောင်သင်ထားတာ'
'ဒါလည်းကောင်းတာပဲ
ကိုယ့်ဘာသာချက်စားတာဆိုတော့
ကိုယ်ကြိုက်သလိုစားလို့ရတယ်လေ'
'ဟုတ်တယ်
နောက်ရက်ကျမသားချက်ကျွေးမယ်နော်'
'ကောင်းပါပြီကွယ်
မင်းကိုကိုကတော့လေ
ချက်ကျွေးဖို့မပြောနဲ့
သူ့ဘာသာချက်စားခိုင်းရင်တောင်မှ
ဒါကသားတို့အလုပ်မဟုတ်ဖူးလို့ပြောသေးတာ
ဒါတောင်မားတို့ကမနဲသင်ခိုင်းထားလို့အချက်ပြုတ်ကိုတတ်ရုံလေးသူသင်ထားတာ'
'သြော်.....
ဒါဆိုကိုကိုလည်းဟင်းချက်တတ်တယ်ပေါ့'
'ဒါနဲ့လေမား.....ကိုကိုကပြန်လာသေးဘူးလားဟင်'
'သားရောက်ကတည်းကသူ့ကိုတွေ့ရသေးဘူး'
'သားကအာ့လိုပဲ'
'ညစာစားချိန်ရောက်မသူကအိမ်ကိုအမှတ်ရတာ'
'ဘယ်တော့မှအိမ်ကိုစောစောပြန်လာတယ်လို့မရှိဘူး'
'ဟုတ်မား
ဒါဆိုသားကြာကန်နားခဏသွားလိုက်ဦးမယ်နော်'
'အေးသား
ရေထဲကျမယ်သတိထားနော်'
'ဟုတ်'

ကျန့်ကျန့်ဘာမှလုပ်စရာမရှိလို့အိမ်ဘေးနားကကြာကန်လေးဆီလျှောက်လာခဲ့သည်
သူအိမ်ကိုရောက်စကတည်းကကြာကန်းလေးကိုအရမ်းသဘောကျခဲ့တာ
ခရမ်းရောင်ကြာလေးတေနဲ့ကန်ရေကြည်ကြည်နဲ့အရမ်းကြည့်လို့ကောင်းသည်
လေတစ်ချက်ဝေ့လိုက်တိုင်းလည်း
ကြာပန်းရနံ့လေးတွေကလည်းသင်းပျံနေရာ
လူ၏စိတ်ကိုလန်းဆန်းစေသည်
ကျန့်ကျန့်ကန်ဘောင်လေးပေါ်တွင်ခြေဆင်းထိုင်ရင်း
ကြာပန်းရနံ့ကိုရှူရှိုက်နေသည်
ရုတ်တရက်ကားသံကြား၍လှမ်းကြည့်ရာ
ဦးလေးကျိုးကသွားဖွင့်ပေးနေသည်မို့
သူအသာသာပြန်ထိုင်နေလိုက်တော့သည်
ခဏကြာတော့သူ့ကိုတစုံတယောက်ကစိုက်ကြည့်နေတယ်လို့ခံစားရလို့
နောက်ကိုလှည့်ကြည့်မှာ
သူ့ကိုငုံ့ကြည့်နေတဲ့ရိပေါ်ရဲ့နှုတ်ခမ်းနဲ့
သူ့နှုတ်ခမ်းကထပ်ရပ်ဖြစ်သွားသည်
ရှောင်ကျန့်လည်းလန့်သွားပြီး
မျက်ဝန်းလေးကလည်းလန့်နေတဲ့အရှိန်ရောကြောက်တဲ့အရှိန်ရောနဲ့
မျက်လုံးဝိုင်းဝိုင်းလေးကအနည်းငယ်ပြူးလာကာအရည်များလဲ့နေသည်
ရိပေါ်လည်းပထမတော့ကြောင်သွားပြီးမ
ရုတ်တရက်သတိရကာကျန့်ကျန့်ကိုပြန်တွန်းလိုက်သည်

ထို့နောက်သူကပင်စကာ
'ငါ့နာမည်ဝမ်ရိပေါ်
မင်းကရောဘယ်သူလဲ
ပြီးတော့ဒီမှာဘာထိုင်လုပ်နေတာလဲ'

ရှောင်ကျန့်မှာတော့မျက်လုံးအဝိုင်းသားကနေ
ဝမ်ရိပေါ်ဆိုတဲ့အသံလည်းကြားရော
ခေါင်းထဲတွင်အတွေးများစွာကလွှမ်းမိုးလျှက်

"ဟင်......အာ့ဆိုဒါကိုကိုပေါ့
ငါထင်တာကကိုကိုကဒီ့ထက်ရုပ်ရင့်မယ်ထင်ထားတာ
ပြီးတော့ဒီလောက်ချောမယ်လို့လည်းမထင်ထားဘူး
အခုတော့ကြည့်ရမ်း
အထင်နဲ့အမြင်ကတခြားစီပဲ
ဘယ်လောက်တောင်ချောလိုက်သလဲ
အရပ်အမောင်းရော.....ရုပ်ရည်ရော....fashionရော
အကုန်လုံးကအပြန်သားတေ
ဒီလိုအကိုမျိုးရှိတာဘယ်လောက်တောင်ကောင်းလိုက်သလဲအဟီး.......'

ရှောင်းကျန့်ကိုယ့်အတွေးနဲ့ကိုယ်တွေးရင်းထရယ်မိလေသည်
ရိပေါ်ကတော့သူ့ကိုကြည့်ပြီးရယ်နေတဲ့ကောင်လေးကိုကြည့်ရင်း
ကြောင်နေမိတယ်

'ဒီမယ်.....ငါမေးနေတယ်လေ
မင်းဘယ်သူလဲလို့'

ဒီတော့မှရှောင်းကျန့်လည်းသတိဝင်လာကာ
မျက်တောင်လည်းတဖျတ်ဖျတ်ခတ်ရင်းအရည်လဲ့နေတဲ့မျက်ဝန်းလေးတွေနဲ့ပြန်ကြည့်ကာ

'ဗျာ..ဘယ်သူ့ကိုမေးတာလဲကျတော်လား'
'ကျတော့်နာမည်ရှောင်းကျန့်ပါခများ'

'ရှောင်းကျန့်'

ရိပေါ်ရှောင်းကျန့်ရဲ့ပုံစံလေးကိုကြည့်ကာပြုံးမိသည်
ပြန်စဉ်းစားရင်းမှ
မားတို့ခေါ်လာသည့်ကောင်လေးမှန်းသိတော့သည်
အစတုံးကတော့နာမည်ပဲမေးပြီးထွက်သွားမလို့ပဲ
ဒါပေမယ့်သူ့ရှေ့ကကောင်လေးကိုကြည့်ပြီးစချင်စိတ်လေးကပေါ်လာသည်

'ဒါနဲ့.....မင်းကိုဘယ်သူကရေထဲခြေဆင်းခိုင်းလို့လဲ
အထဲမှာရေမြွေအကြီးကြီးရှိတာမကြောက်ဘူးလား'

'ရေမြွေ......မားပြောတာလည်းမကြားဖူးပါဘူး'
ရှောင်းကျန့်ခေါင်းလေးငုံ့ကာသူ့ဘာသာပြောသည့်ပုံစံနဲ့ရေရွတ်နေသည်
စကားပြောနေရင်းတခါတခါနှုတ်ခမ်းလေးကရှေ့ကိုစူထွက်လာသည်
ရိပေါ်ကတော့ထိုပုံစံလေးကိုကြည့်ပြီးစချင်စိတ်များသာပိုပိုတိုးလာသည်

'ဟုတ်တယ်...ရေမြွေကြီးကအကြီးကြီးပဲ'
ရိပေါ်ပြောပြောဆိုဆိုရေကန်ဘက်ကိုကျောပေးကာ
ကန်ဘောင်နားကိုနောက်ပြန်လျှောက်သွားသည်
ရှောင်ကျန့်ကိုတော့သူစဖို့တွေးထားကတည်းကရေကန်နဲ့ဝေးရာဆွဲခေါ်သွားပြီးသား
အခုသူနဲ့ကျန့်ကျန့်နဲ့ကမျက်နှာချင်းဆိုင်မို့
သူလုပ်တာတွေကိုကျန့်ကျန့်ကမြင်နိုင်မည်မဟုတ်ပေ
ရိပေါ်သူ့လွယ်အိတ်ထဲကမြွေရုပ်ကိုအသာထုတ်ရင်း
ရေကန်ဘောင်ပေါ်ချလိုက်သည်
ရှောင်ကျန့်လည်းအသံကြားလို့လှမ်းကြည့်တော့
မြွေရုပ်ကိုမြင်ပြီး

'မားရေ......ကျန့်ကျန့်ကိုကယ်ပါဦး'
'မားရေ.......ဒီမှာမြွေကြီး.....'

လို့အော်ပြီအိမ်ထဲပြေးဝင်ကာ
ဧည့်ခန်းထဲမှာစကားပြောနေတဲ့မားဆီပြေးဝင်သွားတော့သည်

ရိပေါ်လည်းသူ့ရှေ့ကလှုပ်တုတ်လှုပ်တုတ်နဲ့ပြေးသွားတဲ့ကျန့်ကျန့်ကိုမြင်ပြီးပိုစချင်လာတာမို့
မြွေရုပ်ကိုပြန်ကောက်ကာဧည့်ခန်းထဲကိုလိုက်ခဲ့ပြန်သည်

ဧည့်ခန်းထဲရောက်တော့ထိုကောင်လေးကမားရင်ခွင်ထဲမှာ
ကြောက်လို့ထင်ရဲ့အသားလေးတေကတုန်လို့

ပါးနဲ့မားကတော့သူ့ကိုမြင်တာနဲ့
ဘာဖြစ်ခဲ့တာကိုသိတဲ့ပုံနဲ့

'ရိပေါ်ကလေးကိုဘာနဲ့ခြောက်လိုက်တာလဲ'
'ဟုတ်ဘူးပါးရဲ့....ဟင့်....ကိုကိုခြောက်တာဟုတ်ဘူး......
အဟင့်......ကြာကန်ထဲကလေ..... မြွေကြီးထွက်လာတာ'

'မြွေ....'

ပါးနဲ့မားနှစ်ယောက်လုံးပြိုင်တူပြောလိုက်ကြသည်

ပြီးတော့ရိပေါ်ကိုကြည့်ပြီး

'ဝမ်ရိပေါ်....ဒါမင်းလက်ချက်မို့လား'
'ကြာကန်ထဲမှာဘယ်တုံးကမြွေရှိလို့လဲ'

ရိပေါ်ကတော့ပါးပြောတာကိုမကြားသည့်အလား
မားရင်ခွင်ထဲမှာတသိမ့်သိမ့်နဲ့ရှိုက်ငိုနေတဲ့ကောင်လေးကိုသာကြည့်နေသည်
ပြီးမတချက်ပြုံးလိုပ်ကာ

'ပါးကလည်းမြွေရှိတယ်လေ......သားတောင်ဒီမှာဖမ်းလာသေးတယ်'

ပြောရင်းနဲ့မြွေရုပ်ကိုမြှောက်ကာကျန့်ကျန့်ပေါ်ပစ်ချလိုက်သည်

ကျန့်ကျန့်လည်းတစ်ကယ့်မြွေအမှတ်နဲ့

'ပါး........မား..........မြွေကြီးလို့သာအော်ပြီးသတိလစ်သွားတော့သည်

မားကရိပေါ်ကိုကြည့်ကာ

'ရိပေါ်မင်းဘယ်လိုလုပ်လိုက်တာလဲ'

'မား....တောင်းပန်ပါတယ်'
'ကျွန်တော်မရည်ရွယ်ပါဘူး
သားကသူ့ကိုချစ်ဖို့ကောင်းလို့စလိုက်တာပါ
သူ့အာ့လောက်မြွေကြောက်မယ်လို့မထင်ခဲ့မိလို့ပါ'

'ကဲပါမားရယ်..သားကတမင်လုပ်တာမှမဟုတ်တာ'
'သား....သွား...Dr.ကိုဖုန်းဆက်ချေ'
'ဟုတ်ပါး...သားဆက်လိုက်မယ်....ကျန့်ကျန့်ကိုလည်းနိုးလာရင်သားတောင်းပန်လိုက်ပါ့မယိ'

ရိပေါ်ထလာကာမိသားစုဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်သည်
ပါးကလည်းရှောင်းကျန့်ကိုပွေ့လျှက်အခန်းထဲကိုခေါ်လာသည်

ခဏကြာတော့ဆရာဝန်ရောက်လာပြီး
ကျန့်ကျန့်ကိုစမ်းသပ်ကာဆေးပေးခဲ့ပြီး

'လူနာကနှလုံးရောဂါရှိတယ်
သူ့ကိုဘယ်လိုအစွန်းရောက်တဲ့ခံစားချက်မျိုးမှမဖြစ်ပါစေနဲ့'

'ဟုတ်ကဲ့ပါDr..... ကျွန်တော်တို့ဂရုစိုက်လိုက်ပါ့မယ်'

'ကောင်းပြီ...ကျတော့်ကိုခွင့်ပြုပါဦး'

ဆရာဝန်ပြန်သွားတော့
မားကလည်းကျန့်ကျန့်နိုးလာရင်စားဖို့ဆိုပြီးဆန်ပြုတ်သွားပြုတ်သည်
ပါးကလည်းလုပ်စရာရှိသေးလို့ဆိုပြီးအောက်ပြန်ဆင်းသွားသည်
ရိပေါ်တစ်ယောင်သာကျန့်ကျန့်အနားမှာကျန်ခဲ့သည်
ရိပေါ်ကျန့်ကျန့်ကိုကြည့်ရင်း
မိမိစလိုက်တာလွန်သွားပြီဆိုတာသိခဲ့သည်

"ကလေးရယ်....နိုးလာပါတော့...မင်းကို ကိုကိုမစတော့ပါဘူး
........
Unicode







   







Continue Reading

You'll Also Like

52.8K 9.3K 46
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
53.1K 4.4K 42
ဝမ်ရိပေါ် ❤️ ရှောင်ကျန့်
16.9K 2.8K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
113K 5.7K 18
အစ မကောင်းခဲ့တဲ့ ဇာတ်လမ်းလေးက အဆုံးသတ်မှာရော လှပပါအုံးမလား...🌼🌼 အစ မကောင်းခဲ့တဲ့ ဇာတ်လမ်းလေးက အဆုံးသတ်မှာရော လှပပါအုံးမလား...🌼🌼