Di Di Ai Ni!!

By Candycho4

700K 59.4K 3.1K

သင္ ငယ္ငယ္တုန္းက ကိုယ့္ကိုယ္ကို အေျဖာင့္ထင္ၿပီး ျငင္းခဲ့တဲ့ အေပအေတေလးဟာ သင့္ကိုယ္သင္ အေကြးမွန္းသိတဲ့အခါမွာ အထ... More

ျပန္လည္ဆံုေတြ႔ၾကပါစို႔(+Unicode)
အျဖဴေရာင္ေလးပါပဲ(+Unicode)
ယုန္ျမင္ခ်င္လို႔ ထြင္တဲ့ခ်ံဳ(+Unicode)
ဒီဒီး က်ဴမီငါး(+Unicode)
အရႈပ္ထုပ္ေလး ဝမ္ရိေပၚ(+Unicode)
ေကာေကာရဲ႕ ဒီဒီးေလး(+Unicode)
နားမလည္ျခင္းမ်ား ၁ (+Unicode)
ဝမ္ရိေပၚကို ကယ္တင္ၾကပါ (+Unicode)
နားမလည္ျခင္းမ်ား ၂ (+Unicode)
နားမလည္ျခင္းမ်ား ၃ (+Unicode)
ပထမအနမ္းကို (+Unicode)
နားမလည္ျခင္းမ်ား ၄ (+Unicode)
ပင္စိမ္းသီးပိုးထိုး က်န္႔ေကာကိုရေအာင္ပိုး (+Unicode)
နားလည္ၿပီ (+Unicode)
ခ်စ္စရာ ဒိဒီးေလး (+Unicode)
Final Boss ႏွင့္ ရင္ဆိုင္တိုက္ပြဲ (+Unicode)
Happily အဲဗရီးေဒး 18+ (+Unicode)
New Story
Another story

က်ိန္စာပ်ယ္ခ်ိန္(+Unicode)

40.1K 3.4K 62
By Candycho4

ဘဝပ်က္တယ္ဆိုတာ အဲ့ဒါပဲ။ ထိုင္ေနရင္ အေကာင္းသား။ ထရြလိုက္တာ အခုေတာ့ ဘဝပ်က္ၿပီ။

"ဆရာေ႐ွာင္း ညကမ်ားသြားတာလား"

သူ႔က်ဲက်ဲရဲ႕ ရည္းစားအသစ္စက္စက္ သူ႔ရဲ႔ နွစ္ရက္သက္တမ္း Crush ေဟာင္း သူတို႔ ဒီဇိုင္းဌာနရဲ႕ ဌာနမႉး ေကာင္းယုခ်န္ကို မအီမသာနဲ႔ ေခါင္းၿငိတ္ျပလိုက္ရသည္။

အင္း. . .မ်ားသြားတယ္။ အရက္တစ္ခုတည္းေတာ့ မဟုတ္ဘူး။ ဘာေတြလဲ မသိဘူး။ မေတြးရဲေပမယ့္ တစ္ကိုယ္လံုးက နာေနတယ္။ အထူးသျဖင့္ တင္ပါးနဲ႔ ခါးက ဆင္နင္းထားသလိုပဲ။
အဲ့ဒါက အဲ့လိုျဖစ္ရင္ အဲ့လိုနာသလား။

အိပ္ယာထက္က အေပၚပိုင္း ဗလာ ခႏၶာကို ျပန္ေတြးမိေတာ့ ၾကက္သီးမ်ားေတာင္ တျဖန္းျဖန္းထရပါတယ္။

ေ႐ွာင္းက်န္႔က မစြံတဲ့ဘဝမို႔ ရည္းစားေလးပဲ ထားဖူးခ်င္ခဲ့တာပါ။ အခုလို အေျခအေနႀကီးကို တန္းေရာက္သြားခ်င္တာ မဟုတ္ခဲ့ဘူးဆိုတာ မိုးနတ္မင္းေ႐ွ႕မွာ က်ိန္ရဲပါတယ္။ ဘယ္လို ကံၾကမၼာက ဖန္တီးလိုက္တာလဲ။ သူ႔လူပ်ိဳဘဝေလးကို ဟိုက်ိန္စာဆိုးေလးနဲ႔မွ. . .

ယြီပင္း. .

ညက သူေနာက္ဆံုးေသာက္ခဲ့တာ ယြီပင္းနဲ႔ဆိုတာ ႐ုတ္တရက္သတိရသြားသည္။ ယြီပင္းနဲ႔ေသာက္ေနရာက ေန ဘယ္ကေနဘယ္လို. . .

ယြီပင္းဆီ ဖုန္းဆက္မယ္ဆိုမွ ဖုန္းက႐ွာမေတြ႔. . .မေန႔ညက ေသာက္ရင္းေမွာက္ရင္း မူးမူးနဲ႔ဖုမ္းေပ်ာက္သြားၿပီလားဆိုတဲ့အသိက ဦးေဏွာက္ကိုပါ အပူမီးၿမိဳက္သြားသည္။ ငါ့ iPhone အသစ္စက္စက္ေလး။

က်ဲက်ဲဆီက ဖုန္းငွါးၿပီး သူ႔ဖုန္းနံပါတ္ကိုျပန္ေခၚၾကည့္ေတာ့ ေလး ငါးခါျမည္အၿပီးမွာ တဖက္က ဖုန္းထူးလာသည္။

"ဟဲလို. . . "

အသံက ေအာေအာ အက္ကြဲကြဲ. . .

"အခု ဒီဖုန္းက ဘယ္ေရာက္ေနတာလဲ"

ခဏအသံတိတ္သြားသည္။ ၿပီးေတာ့ ရီသံ ခပ္သဲ့သဲ့နဲ႔

"ဘယ္ေရာက္ရမွာလဲ က်န္႔ေကာ အိမ္မွာပဲေပါ့. ."

စိတ္ေအးရမွာလား စိတ္ပူရမွာလား ေ႐ွာင္းက်န္႔။ ဖုနး္ကေတာ့ မေပ်ာက္ဘူး အိမ္မွာ က်န္ခဲ့တာ။ ဒါေပမယ့္ ဟိုငတိေလးက မင္းအိမ္မွာပဲ႐ွိေသးတယ္။ အခုအသံ အိပ္ခ်င္မူးတူးနဲ႔ဆို မင္းအိမ္ အိပ္ယာေပၚက ေစာင္ပံုထဲမွာ အက်ႌ တံုးလံုးခြ်တ္နဲ့ ေခြေနျပီး မင္းေန႔တိုင္းအံုးတဲ့ ေခါင္းအံုးေပၚ ေမွာက္ရက္ႀကီး အိပ္ေနတုန္းဆိုတဲ့ သေဘာေပါ့။ ဂုတ္ေမႊးေတြေတာင္ ေထာင္မိပါတယ္။

မနက္က ေ႐ွာ့ရသြားေပမယ့္ ရံုးေနာက္က်ေနလို႔ ဘာမွမေျပာႏုိင္ပဲ ေရခ်ိဳးခန္းထဲ ေျပးဝင္ အမူးေျပေအာင္ ေရပန္းေအာက္ ေခါင္းထိုးထည့္ၿပီး အဝတ္အစားေတြ႔ရာေကာက္စြပ္ ရံုးကိုေျပးလာရတာ။ ဒီငတိေလးကေတာ့ သူ႔အိပ္ယာေပၚမွာ ဇိမ္က်ေနတုန္း တဲ့လား။

"မင္း က ငါ့အိမ္မွာ ဘာလုပ္ေနတာလဲ"

"အိပ္ေနတာေလ။ ညကလဲ က်န္႔ေကာေၾကာင့္ မအိပ္ရဘူး။"

ဆြ႔ံအသြားသည္။ ငါ့ေၾကာင့္ မင္းက မအိပ္ရတာကို စာဖြဲ႔ေနတယ္။ ငါ့မွာေတာ့ ခါးေအာက္ပိုင္းကအေၾကာေသၿပီလား ထင္ရတယ္။

"မင္း. . မျပန္ေသးနဲ႔ဦး. . ငါ ညေနအလုပ္က ျပန္လာရင္ စာရင္း႐ွင္းမယ္"

ေျပာၿပီး ျမန္ျမန္ ဖုန္းခ်လိုက္သည္။ ဘာစာရင္း႐ွင္းခ်င္ေသးတာလဲ ေ႐ွာင္းက်န္႔. .

ကိုယ့္ဘာသာ က်ိန္ဆဲၿပီး စာရင္းမ႐ွင္းေတာ့ဘူးလို႔ ဖုန္းျပန္ဆက္ေျပာရမလားရယ္လို႔ ဖုန္းႀကီးကိုင္ၿပီး ေငါင္ေနတဲ့ ေ႐ွာင္းက်န္းေက်ာကို လာပြတ္ေပးတဲ့ က်ဲက်ဲ ကို စကားေတာင္မျပန္ႏိုင္... ဖုန္းေလး ျပန္ထိုးေပးၿပီး ကိုယ့္အလုပ္စားပြဲ ကိုယ္ျပန္လာခဲ့သည္။

အရက္နာက်ေနတဲ့ တစ္ဌာနလံုးထဲ ငါေလး ႐ုပ္အေပါက္ဆံုးပဲ. . .

"အားလံုးခဏေလး အလုပ္ကေလးေတြ ရပ္လိုက္ပါလား. . ကြၽန္ေတာ့့္ေနရာကို တာဝန္လႊဲယူမယ့္ ဌာနမႉးအသစ္နဲ႔ မိတ္ဆက္ေပးခ်င္လို႔ပါ"

အရက္နာက်ၿပီး ေခါင္းစိုက္ေနၾကတဲ့ တစ္ဌာနလံုး လုပ္ခ်င္ေယာင္ေဆာင္ေနတဲ့အလုပ္ကေလးေတြ ေဘးခ်ၿပီး ေခါင္းေထာင္ထလာၾကသည္။

ဌာနမႉးအသစ္အတြက္ကေတာ့ အားတက္ဖြယ္ရာျမင္ကြင္းပါပဲ။

"ကြၽန္ေတာ္က ဝမ္က်ိဴးခ်န္ပါ. . . "

အူလည္လည္ မ်က္ႏွာေပးနဲ႔ ၾကည့္ေနၾကတဲ့ ဒီဇိုင္းဌာနက လက္တစ္ဆုပ္စာ ဝန္ထမ္းအေပါင္းကို ၾကည့္ၿပီး ခပ္တည္တည္ခပ္တင္းတင္း ဝမ္က်ိဳးခ်န္ေလး ဆြ႔ံအသြားသည္။

"သူတို႔ေတြ မေန႔က အိုဗာတိုင္ဆင္းထားၾကေတာ့ ပင္ပန္းေနၾကလို႔ပါ"

ကိုယ့္ဌာနအေျခအေနကိုယ္ သိေနတဲ့ ေကာင္းယုခ်န္က ေျဗာင္လိမ္ၿပီး ဖံုးဖိ႐ွာသည္။ မင္းရည္းစားရတဲ့ ဂုဏ္ျပဳပြဲကို အိုဗာတိုင္ဆင္းၾကတာေလ။

မႀကိဳဆိုတာမဟုတ္ပါဘူး ဌာနမႉးဝမ္ အားလံုးက မ်က္လံုးေတာင္ မနည္းဖြင့္ေနရလို႔ပါ။

xxxxxxxxxxxxxxxxxxxxxxxxxx

မ်က္လံုးက ဖြင့္ေတာ့လည္း မ်က္အိတ္က ပန္ဒါဝက္ဝံနဲ႔ နင္လား ငါလား မဲသဲလို႔။

အိမ္သာထဲကမွန္မွာ လက္ေဆးရင္း ကိုယ့္မ်က္ႏွာကိုယ္ ျပန္ၾကည့္မိေတာ့ လန္႔ေတာင္သြားသည္။ တညပဲ မူးလိုက္ပါတယ္ ေခ်ာင္ဂေလာင္ေတြကိုက်လို႔။

အိမ္သာအခန္းတစ္ခုထဲကေန ခုနေဘးကမွ မိတ္ဆက္ထားတဲ့ မၾကာခင္ ဌာနမႉးအသစ္ျဖစ္လာမယ့္ ဝမ္က်ိဳးခ်န္ ထြက္လာၿပီး ေ႐ွာင္းက်န္႔ေဘးက ေဘစင္မွာ လက္လာေဆးသည္။

ထြက္သြားရမွာလိုလို နႈတ္ဆက္ရမွာလိုလိုနဲ႔ ကိုယ့္အထက္လူႀကီးနဲ႔ အိမ္သာမွာေတြ႔တာ အေတာ္ခက္တဲ့ကိစၥပဲ။

ဝမ္က်ိဳးခ်န္က လက္ေဆးရင္း ေစာင့္ငဲ့ၾကည့္ေတာ့ မေကာင္းတတ္တာနဲ႔ ခါးၫြတ္ၿပီးနႈတ္အဆက္ အ႐ွိန္မေသေသးတဲ့ အရက္နာေၾကာင့္ လူက ယိုင္ထိုးသြားသည္။

ဝမ္က်ိဳးခ်န္က သူလဲမက်ေအာင္ ပုခံုးက အျမန္လွမ္းထိန္းလို႔ ေတာ္ေသးသည္။

"သတိထား. ."

". . . . . . "

"အရမ္းပင္ပန္းေနတယ္ထင္တယ္။ ခဏနားလိုက္ပါလား"

အား. . . လာၿပီး စိတ္ပူပန္ျပေနတာပဲ။ ေဟာ့ဒီ ႏွလံုးသားႏုတဲ့ေကာင္ေလးက Crsuh မိသြားရင္ မင္းရည္းစားရသြားဦးမယ္။

စိတ္ထဲက သာ ေျပာရဲပါတယ္။ အျပင္မွာေတာ့ ဘယ္ေျပာရဲမလဲ။ မ်က္ႏွာငယ္ေလးနဲ႔ပဲ ေခါင္းခါျပရတာေပါ့။

သူ႔မ်က္ႏွာကို မ်က္ေမွာင္ႀကီးက်ဳတ္ၿပီး စိုက္ၾကည့္ေနတဲ့ ဝမ္က်ိဳးခ်န္ကို ၾကည့္ၿပီး ေ႐ွာင္းက်န္႔ ထိတ္ကနဲ ျဖစ္သြားသည္။

ငါ့ကို ဒီလို ဘယ္သူမွ စိတ္ဝင္တစားနဲ႔ စိတ္မပူဖူးပါလား။ (က်ဲက်ဲကလြဲလို႔)

မဟုတ္မွလြဲေရာ ငါ့ရဲ႕ ေဂၚမစြံက်ိန္စာေတြဟာ. . .ညက ဟို က်ိန္စာတံုးေလးဆီမွာ ေပးဆပ္လိုက္ၿပီး လြတ္ေျမာက္သြားၿပီလား. . . .

ဝမ္က်ိဳးဟန္ရဲ႕ တည္တည္တင္းတင္းမ်က္ႏွာကို ေ႐ွာင္းက်န္႔ တစ္ေယာက္ မ်က္လံုးအျပဴးသားေလးနဲ႔ ေငးၾကည့္ၿပီး သူ႔ရင္ထဲမွာ ပန္းေတြပြင့္ကုန္သည္။

.xxxxxxxxxxxxxxxxxxxx

ရင္ထဲက ပန္းကေလးေတြဟာ အိမ္တံခါးဝမွာတင္ ညႇိဳးသြားေလရဲ႕။ သူ႔အိမ္ရဲ႕ ဧည့္ခန္းထဲက ဆိုဖာေပၚမွာ ထည္ထည္ဝါဝါေနရာယူရင္း ဂိမး္ႏွိပ္လို႔ သာယာေနတာ ဝမ္ရိေပၚတဲ့။ တီဗီမွာလဲ ကာတြန္းကားဖြင့္ထားေသးတယ္။

သေကာင့္သားေလးဟာ မနက္ကအတုိင္းပဲ အက်ႌကိုယ္ကြၽတ္နဲ႔ ေဘာက္ဆာအတိုေလးဝတ္ၿပီး အေနအထိုင္ပက္စက္ေနလိုက္တာ။

အရင္လို ကေလးေလးမဟုတ္ေတာ့တာ မင္းသိရဲ႕လား ဆရာဝမ္. . .

မင္းရဲ႕ ကေလးေလးေတာင္ ကေလးေလးမဟုတ္ေတာ့ဘူးထင္တယ္.

သူ႔ကို ငယ္ငယ္တုန္းက စာလံုးေပါင္း ေပါက္ကရေတြနဲ႔ ရည္းစားစာ လာေပးတဲ့ ခ်ာတိတ္ေပါက္စေလး

သူ အထက္တန္းၿပီးကတည္းက တစ္ခါ ႏွစ္ခါထက္ ပိုမေတြ႔တာ အခုေတာ့ လူလားေျမာက္ရံုတင္မက သူ႔ကိုပါ. . . . .

အေတြးကတန္းလန္းမွာတင္ ၾကက္သီးထၿပီး ဖင္ေညႇာင့္႐ိုးထဲက ေအာင့္လာသည္။

"ငါ့ဖုန္းေကာ. . "
ဂိမ္းအေဆာ့ေတာင္မပ်က္ စားပြဲေပၚက ဖုန္းကိုေမးနဲ႔ထိုးျပၿပီး ဆက္ေဆာ့ေနသည္။

အား. . .

ေခါက္ဆြဲေျခာက္ဘူး အကုန္ေတြေကာ စားလက္စတဝက္တပ်က္ေတြေကာ အေအးဘူးေတြကာ သူ႔ဧည့္ခန္းထဲက အေမႊးပြေကာ္ေဇာေပၚမွာ။ အသန္႔အရမ္းမႀကိဳက္ေပမယ့္ သူမ်ားကိုဆို ဇီဇာေၾကာင္ခ်င္တဲ့ ေ႐ွာင္းက်န္႔ ရင္ထဲကို ဆင္ဆယ္ေကာင္ျဖတ္ေျပးသြားသလိုပဲ။

အဖိုးတန္ ငါ့ဧည့္ခန္းေလးဟာ မုန္ညႇင္းခ်ဥ္ ေခါက္ဆြဲ ျပဳတ္နံ႔ ခ်ဥ္စုတ္စုတ္ေတြ ဖံုးလႊမ္းလို႔. . .

သူ႔ကိုအဖက္မလုပ္အားေသးတဲ့ ရိေပၚကို ခိုင္းေနမယ့္အစား တီဗီကိုပိတ္ ေခါက္ဆြဲ ဘူးခြံေတြကို ျမန္ျမန္ပစ္ၿပီး air fresher နဲ႔ တခန္းလံုးက အနံ႔ေတြေပ်ာက္ေအာင္ ႐ွင္းထုတ္ရသည္။

"အား. . က်န္႔ေကာ. . ဘာအန႔ံႀကီးလဲ. . အီလိုက္တာ"

မင္းကပဲ ေျပာရတယ္႐ွိေသးတယ္ သေကာင့္သားေလး။ ငါ့အခန္းထဲမွာ မင္းရဲ႕ ခ်ဥ္စုတ္စုတ္အေငြ႔အသက္ေတြကို အခုလို ပန္းနံ႔နဲ႔ ဖုံးရသလိုပဲ ညတုန္းက မင္းရဲ႕ ခ်ဥ္စုတ္စုတ္လုပ္ရပ္ကိုလဲ သူမ်ားမသိေအာင္ ငါဖံုးရဦးမယ္။

"ရိေပၚ ညီေလး. . ေကာေကာတို႔ စကားေျပာရေအာင္"

မ်က္ႏွာကို အတတ္ႏိုင္ဆံုး တည္ၾကည္ေအာင္ထိန္းထားၿပီး ဆိုဖာေပၚ ပိုးလိုးပက္လက္လွဲရင္း ဂိမ္းေဆာ့ေနတဲ့ ဆရာသမားေလးကို ဆြဲထူလိုက္သည္။

ငါ့သိကၡာနဲ႔ ပတ္သတ္ေနလို႔ပါ ျဆာေပၚ။ ငါေလး ဘဝကို အဖတ္ဆယ္ခြင့္ေပးပါ။

(Unicode)

ဘဝပျက်တယ်ဆိုတာ အဲ့ဒါပဲ။ ထိုင်နေရင် အကောင်းသား။ ထရွလိုက်တာ အခုတော့ ဘဝပျက်ပြီ။

"ဆရာရှောင်း ညကများသွားတာလား"

သူ့ကျဲကျဲရဲ့ ရည်းစားအသစ်စက်စက် သူ့ရဲ့ နှစ်ရက်သက်တမ်း Crush ဟောင်း သူတို့ ဒီဇိုင်းဌာနရဲ့ ဌာနမှူး ကောင်းယုချန်ကို မအီမသာနဲ့ ခေါင်းငြိတ်ပြလိုက်ရသည်။

အင်း. . .များသွားတယ်။ အရက်တစ်ခုတည်းတော့ မဟုတ်ဘူး။ ဘာတွေလဲ မသိဘူး။ မတွေးရဲပေမယ့် တစ်ကိုယ်လုံးက နာနေတယ်။ အထူးသဖြင့် တင်ပါးနဲ့ ခါးက ဆင်နင်းထားသလိုပဲ။
အဲ့ဒါက အဲ့လိုဖြစ်ရင် အဲ့လိုနာသလား။

အိပ်ယာထက်က အပေါ်ပိုင်း ဗလာ ခန္ဓာကို ပြန်တွေးမိတော့ ကြက်သီးများတောင် တဖြန်းဖြန်းထရပါတယ်။

ရှောင်းကျန့်က မစွံတဲ့ဘဝမို့ ရည်းစားလေးပဲ ထားဖူးချင်ခဲ့တာပါ။ အခုလို အခြေအနေကြီးကို တန်းရောက်သွားချင်တာ မဟုတ်ခဲ့ဘူးဆိုတာ မိုးနတ်မင်းရှေ့မှာ ကျိန်ရဲပါတယ်။ ဘယ်လို ကံကြမ္မာက ဖန်တီးလိုက်တာလဲ။ သူ့လူပျိုဘဝလေးကို ဟိုကျိန်စာဆိုးလေးနဲ့မှ. . .

ယွီပင်း. .

ညက သူနောက်ဆုံးသောက်ခဲ့တာ ယွီပင်းနဲ့ဆိုတာ ရုတ်တရက်သတိရသွားသည်။ ယွီပင်းနဲ့သောက်နေရာက နေ ဘယ်ကနေဘယ်လို. . .

ယွီပင်းဆီ ဖုန်းဆက်မယ်ဆိုမှ ဖုန်းကရှာမတွေ့. . .မနေ့ညက သောက်ရင်းမှောက်ရင်း မူးမူးနဲ့ဖုမ်းပျောက်သွားပြီလားဆိုတဲ့အသိက ဦးဏှောက်ကိုပါ အပူမီးမြိုက်သွားသည်။ ငါ့ iPhone အသစ်စက်စက်လေး။

ကျဲကျဲဆီက ဖုန်းငှါးပြီး သူ့ဖုန်းနံပါတ်ကိုပြန်ခေါ်ကြည့်တော့ လေး ငါးခါမြည်အပြီးမှာ တဖက်က ဖုန်းထူးလာသည်။

"ဟဲလို. . . "

အသံက အောအော အက်ကွဲကွဲ. . .

"အခု ဒီဖုန်းက ဘယ်ရောက်နေတာလဲ"

ခဏအသံတိတ်သွားသည်။ ပြီးတော့ ရီသံ ခပ်သဲ့သဲ့နဲ့

"ဘယ်ရောက်ရမှာလဲ ကျန့်ကော အိမ်မှာပဲပေါ့. ."

စိတ်အေးရမှာလား စိတ်ပူရမှာလား ရှောင်းကျန့်။ ဖုနး်ကတော့ မပျောက်ဘူး အိမ်မှာ ကျန်ခဲ့တာ။ ဒါပေမယ့် ဟိုငတိလေးက မင်းအိမ်မှာပဲရှိသေးတယ်။ အခုအသံ အိပ်ချင်မူးတူးနဲ့ဆို မင်းအိမ် အိပ်ယာပေါ်က စောင်ပုံထဲမှာ အကျႌ တုံးလုံးချွတ်နဲ့ ခွေနေပြီး မင်းနေ့တိုင်းအုံးတဲ့ ခေါင်းအုံးပေါ် မှောက်ရက်ကြီး အိပ်နေတုန်းဆိုတဲ့ သဘောပေါ့။ ဂုတ်မွှေးတွေတောင် ထောင်မိပါတယ်။

မနက်က ရှော့ရသွားပေမယ့် ရုံးနောက်ကျနေလို့ ဘာမှမပြောနိုင်ပဲ ရေချိုးခန်းထဲ ပြေးဝင် အမူးပြေအောင် ရေပန်းအောက် ခေါင်းထိုးထည့်ပြီး အဝတ်အစားတွေ့ရာကောက်စွပ် ရုံးကိုပြေးလာရတာ။ ဒီငတိလေးကတော့ သူ့အိပ်ယာပေါ်မှာ ဇိမ်ကျနေတုန်း တဲ့လား။

"မင်း က ငါ့အိမ်မှာ ဘာလုပ်နေတာလဲ"

"အိပ်နေတာလေ။ ညကလဲ ကျန့်ကောကြောင့် မအိပ်ရဘူး။"

ဆွ့ံအသွားသည်။ ငါ့ကြောင့် မင်းက မအိပ်ရတာကို စာဖွဲ့နေတယ်။ ငါ့မှာတော့ ခါးအောက်ပိုင်းကအကြောသေပြီလား ထင်ရတယ်။

"မင်း. . မပြန်သေးနဲ့ဦး. . ငါ ညနေအလုပ်က ပြန်လာရင် စာရင်းရှင်းမယ်"

ပြောပြီး မြန်မြန် ဖုန်းချလိုက်သည်။ ဘာစာရင်းရှင်းချင်သေးတာလဲ ရှောင်းကျန့်. .

ကိုယ့်ဘာသာ ကျိန်ဆဲပြီး စာရင်းမရှင်းတော့ဘူးလို့ ဖုန်းပြန်ဆက်ပြောရမလားရယ်လို့ ဖုန်းကြီးကိုင်ပြီး ငေါင်နေတဲ့ ရှောင်းကျန်းကျောကို လာပွတ်ပေးတဲ့ ကျဲကျဲ ကို စကားတောင်မပြန်နိုင်... ဖုန်းလေး ပြန်ထိုးပေးပြီး ကိုယ့်အလုပ်စားပွဲ ကိုယ်ပြန်လာခဲ့သည်။

အရက်နာကျနေတဲ့ တစ်ဌာနလုံးထဲ ငါလေး ရုပ်အပေါက်ဆုံးပဲ. . .

"အားလုံးခဏလေး အလုပ်ကလေးတွေ ရပ်လိုက်ပါလား. . ကျွန်တော့့်နေရာကို တာဝန်လွှဲယူမယ့် ဌာနမှူးအသစ်နဲ့ မိတ်ဆက်ပေးချင်လို့ပါ"

အရက်နာကျပြီး ခေါင်းစိုက်နေကြတဲ့ တစ်ဌာနလုံး လုပ်ချင်ယောင်ဆောင်နေတဲ့အလုပ်ကလေးတွေ ဘေးချပြီး ခေါင်းထောင်ထလာကြသည်။

ဌာနမှူးအသစ်အတွက်ကတော့ အားတက်ဖွယ်ရာမြင်ကွင်းပါပဲ။

"ကျွန်တော်က ဝမ်ကျိူးချန်ပါ. . . "

အူလည်လည် မျက်နှာပေးနဲ့ ကြည့်နေကြတဲ့ ဒီဇိုင်းဌာနက လက်တစ်ဆုပ်စာ ဝန်ထမ်းအပေါင်းကို ကြည့်ပြီး ခပ်တည်တည်ခပ်တင်းတင်း ဝမ်ကျိုးချန်လေး ဆွ့ံအသွားသည်။

"သူတို့တွေ မနေ့က အိုဗာတိုင်ဆင်းထားကြတော့ ပင်ပန်းနေကြလို့ပါ"

ကိုယ့်ဌာနအခြေအနေကိုယ် သိနေတဲ့ ကောင်းယုချန်က ဗြောင်လိမ်ပြီး ဖုံးဖိရှာသည်။ မင်းရည်းစားရတဲ့ ဂုဏ်ပြုပွဲကို အိုဗာတိုင်ဆင်းကြတာလေ။

မကြိုဆိုတာမဟုတ်ပါဘူး ဌာနမှူးဝမ် အားလုံးက မျက်လုံးတောင် မနည်းဖွင့်နေရလို့ပါ။

xxxxxxxxxxxxxxxxxxxxxxxxxx

မျက်လုံးက ဖွင့်တော့လည်း မျက်အိတ်က ပန်ဒါဝက်ဝံနဲ့ နင်လား ငါလား မဲသဲလို့။

အိမ်သာထဲကမှန်မှာ လက်ဆေးရင်း ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်မိတော့ လန့်တောင်သွားသည်။ တညပဲ မူးလိုက်ပါတယ် ချောင်ဂလောင်တွေကိုကျလို့။

အိမ်သာအခန်းတစ်ခုထဲကနေ ခုနဘေးကမှ မိတ်ဆက်ထားတဲ့ မကြာခင် ဌာနမှူးအသစ်ဖြစ်လာမယ့် ဝမ်ကျိုးချန် ထွက်လာပြီး ရှောင်းကျန့်ဘေးက ဘေစင်မှာ လက်လာဆေးသည်။

ထွက်သွားရမှာလိုလို နှုတ်ဆက်ရမှာလိုလိုနဲ့ ကိုယ့်အထက်လူကြီးနဲ့ အိမ်သာမှာတွေ့တာ အတော်ခက်တဲ့ကိစ္စပဲ။

ဝမ်ကျိုးချန်က လက်ဆေးရင်း စောင့်ငဲ့ကြည့်တော့ မကောင်းတတ်တာနဲ့ ခါးညွတ်ပြီးနှုတ်အဆက် အရှိန်မသေသေးတဲ့ အရက်နာကြောင့် လူက ယိုင်ထိုးသွားသည်။

ဝမ်ကျိုးချန်က သူလဲမကျအောင် ပုခုံးက အမြန်လှမ်းထိန်းလို့ တော်သေးသည်။

"သတိထား. ."

". . . . . . "

"အရမ်းပင်ပန်းနေတယ်ထင်တယ်။ ခဏနားလိုက်ပါလား"

အား. . . လာပြီး စိတ်ပူပန်ပြနေတာပဲ။ ဟော့ဒီ နှလုံးသားနုတဲ့ကောင်လေးက Crsuh မိသွားရင် မင်းရည်းစားရသွားဦးမယ်။

စိတ်ထဲက သာ ပြောရဲပါတယ်။ အပြင်မှာတော့ ဘယ်ပြောရဲမလဲ။ မျက်နှာငယ်လေးနဲ့ပဲ ခေါင်းခါပြရတာပေါ့။

သူ့မျက်နှာကို မျက်မှောင်ကြီးကျုတ်ပြီး စိုက်ကြည့်နေတဲ့ ဝမ်ကျိုးချန်ကို ကြည့်ပြီး ရှောင်းကျန့် ထိတ်ကနဲ ဖြစ်သွားသည်။

ငါ့ကို ဒီလို ဘယ်သူမှ စိတ်ဝင်တစားနဲ့ စိတ်မပူဖူးပါလား။ (ကျဲကျဲကလွဲလို့)

မဟုတ်မှလွဲရော ငါ့ရဲ့ ဂေါ်မစွံကျိန်စာတွေဟာ. . .ညက ဟို ကျိန်စာတုံးလေးဆီမှာ ပေးဆပ်လိုက်ပြီး လွတ်မြောက်သွားပြီလား. . . .

ဝမ်ကျိုးဟန်ရဲ့ တည်တည်တင်းတင်းမျက်နှာကို ရှောင်းကျန့် တစ်ယောက် မျက်လုံးအပြူးသားလေးနဲ့ ငေးကြည့်ပြီး သူ့ရင်ထဲမှာ ပန်းတွေပွင့်ကုန်သည်။

.xxxxxxxxxxxxxxxxxxxx

ရင်ထဲက ပန်းကလေးတွေဟာ အိမ်တံခါးဝမှာတင် ညှိုးသွားလေရဲ့။ သူ့အိမ်ရဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထည်ထည်ဝါဝါနေရာယူရင်း ဂိမး်နှိပ်လို့ သာယာနေတာ ဝမ်ရိပေါ်တဲ့။ တီဗီမှာလဲ ကာတွန်းကားဖွင့်ထားသေးတယ်။

သကောင့်သားလေးဟာ မနက်ကအတိုင်းပဲ အကျႌကိုယ်ကျွတ်နဲ့ ဘောက်ဆာအတိုလေးဝတ်ပြီး အနေအထိုင်ပက်စက်နေလိုက်တာ။

အရင်လို ကလေးလေးမဟုတ်တော့တာ မင်းသိရဲ့လား ဆရာဝမ်. . .

မင်းရဲ့ ကလေးလေးတောင် ကလေးလေးမဟုတ်တော့ဘူးထင်တယ်.

သူ့ကို ငယ်ငယ်တုန်းက စာလုံးပေါင်း ပေါက်ကရတွေနဲ့ ရည်းစားစာ လာပေးတဲ့ ချာတိတ်ပေါက်စလေး

သူ အထက်တန်းပြီးကတည်းက တစ်ခါ နှစ်ခါထက် ပိုမတွေ့တာ အခုတော့ လူလားမြောက်ရုံတင်မက သူ့ကိုပါ. . . . .

အတွေးကတန်းလန်းမှာတင် ကြက်သီးထပြီး ဖင်ညှောင့်ရိုးထဲက အောင့်လာသည်။

"ငါ့ဖုန်းကော. . "
ဂိမ်းအဆော့တောင်မပျက် စားပွဲပေါ်က ဖုန်းကိုမေးနဲ့ထိုးပြပြီး ဆက်ဆော့နေသည်။

အား. . .

ခေါက်ဆွဲခြောက်ဘူး အကုန်တွေကော စားလက်စတဝက်တပျက်တွေကော အအေးဘူးတွေကာ သူ့ဧည့်ခန်းထဲက အမွှေးပွကော်ဇောပေါ်မှာ။ အသန့်အရမ်းမကြိုက်ပေမယ့် သူများကိုဆို ဇီဇာကြောင်ချင်တဲ့ ရှောင်းကျန့် ရင်ထဲကို ဆင်ဆယ်ကောင်ဖြတ်ပြေးသွားသလိုပဲ။

အဖိုးတန် ငါ့ဧည့်ခန်းလေးဟာ မုန်ညှင်းချဉ် ခေါက်ဆွဲ ပြုတ်နံ့ ချဉ်စုတ်စုတ်တွေ ဖုံးလွှမ်းလို့. . .

သူ့ကိုအဖက်မလုပ်အားသေးတဲ့ ရိပေါ်ကို ခိုင်းနေမယ့်အစား တီဗီကိုပိတ် ခေါက်ဆွဲ ဘူးခွံတွေကို မြန်မြန်ပစ်ပြီး air fresher နဲ့ တခန်းလုံးက အနံ့တွေပျောက်အောင် ရှင်းထုတ်ရသည်။

"အား. . ကျန့်ကော. . ဘာအန့ံကြီးလဲ. . အီလိုက်တာ"

မင်းကပဲ ပြောရတယ်ရှိသေးတယ် သကောင့်သားလေး။ ငါ့အခန်းထဲမှာ မင်းရဲ့ ချဉ်စုတ်စုတ်အငွေ့အသက်တွေကို အခုလို ပန်းနံ့နဲ့ ဖုံးရသလိုပဲ ညတုန်းက မင်းရဲ့ ချဉ်စုတ်စုတ်လုပ်ရပ်ကိုလဲ သူများမသိအောင် ငါဖုံးရဦးမယ်။

"ရိပေါ် ညီလေး. . ကောကောတို့ စကားပြောရအောင်"

မျက်နှာကို အတတ်နိုင်ဆုံး တည်ကြည်အောင်ထိန်းထားပြီး ဆိုဖာပေါ် ပိုးလိုးပက်လက်လှဲရင်း ဂိမ်းဆော့နေတဲ့ ဆရာသမားလေးကို ဆွဲထူလိုက်သည်။

ငါ့သိက္ခာနဲ့ ပတ်သတ်နေလို့ပါ ဆြာပေါ်။ ငါလေး ဘဝကို အဖတ်ဆယ်ခွင့်ပေးပါ။

Continue Reading

You'll Also Like

98.7K 6.1K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
179K 18.3K 92
နတ္ဘုရား မ်က္ရည္စက္ တစ္ခုကေန အစျပဳကာ သက္ေရာက္ခဲ့သည့္ လူသားတစ္ဦးႏွင့္ နတ္ဘုရားတစ္ပါး.. ဘဝျခင္း မတူေသာ္လည္း ခ်စ္ျခင္းေမတၱာ သည္မွာေတာ့ တူညီေနခဲ့သည္...
47.8K 8.6K 44
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
36.7K 4.8K 13
ဆံုးရႈံးစရာ ထပ္​မရွိရင္​.. . အ​ေၾကာက္​တရားက.. ကိုယ႔္​ကို ထပ္​မံ..ဝါးမ်ိဳဝံ့မွာမဟုတ္​ဘူး.. အခ်စ္​..~ ဒီ Fic ေလးကို မမ Natpankalay ေရးတဲ့ " နွစ္ကိုယ္တ...