Mo Dao Zu Shi (Comedy)

Oleh Dika65

99.1K 6.9K 485

MDZS Fanfiction (စိတ္​ကူးယဥ္​သက္သက္သာ ျဖစ္သည္) {စိတ်ကူးယဉ် သက်သက်မျှသာဖြစ်သည်} Lebih Banyak

တိုက္ကုန္ၾကၿပီ/ တိုက်ကုန်ကြပြီ
ကူးစူးလန္ရဲ႕ လန္၀မ္က်ီ / ကူးစူးလန်ရဲ့ လန်ဝမ်ကျီ
လန္က်န့္~~ကယ္ပါဦး/ လန်ကျန့်~~ကယ်ပါဦး
အကယ္၍ .../အကယ်၍...
သၾကားလံုး..ဘယ္မွာလဲ။/ သကြားလုံး...ဘယ်မှာလဲ
ႁပြတ္စ္~ႁပြတ္စ္/ ပြွတ်စ်~ပြွတ်စ်
New Technology of ဖုတ္နင္ျခင္း/ New Technology of ဖုတ်နင်ခြင်း
K.O
Tattoo
ဘယ္လိုခ်စ္ၾကမလဲ။/ ဘယ်လိုချစ်ကြမလဲ။
လာမစမ္းနဲ႔..../ လာမစမ်းနဲ့....
ကဲ...ဘယ္လိုလဲ/ ကဲ...ဘယ်လိုလဲ
Oh my foot!
ရင်တွင်းဖြစ် (unicode)
ရင္တြင္းျဖစ္ (Zawgyi)
Happy Thithingyut
ပညာရှာ ပမာ သူဖုန်းစား/ ပညာရွာ ပမာ သူဖုန္းစား
နေရာပြောင်း အစီအရင်/ ေနရာေျပာင္း အစီအရင္
🍬🍬
နေရာပြောင်းအစီအရင် (၂)
နေရာပြောင်းအစီအရင် (၃)/ ေနရာေျပာင္းအစီအရင္ (၃)
နေရာပြောင်းအစီအရင်(၄)/ ေနရာေျပာင္းအစီအရင္(၄)
နေရာပြောင်းအစီအရင်(၅)

စစ္ဆင္ေရး/ စစ်ဆင်ရေး

3.9K 403 78
Oleh Dika65

Zawgyi

ေလာကတစ္ခြင္လံုး အံု႔ဆိုင္း မဲေမွာင္ေနပါ၏။

မိုးစက္ပြင့္မ်ားစြာကလည္း ေျမန႔ံသင္းသင္းေလးမ်ား ထြက္ေပၚလာေစရန္ ျမဴဆြယ္လ်က္႐ွိေခ်၏။

ေအးစိမ့္မႈမ်ားေၾကာင့္ မည္သူမ်ွ အိပ္ယာထဲက ႏိုးမထ လိုၾကေပ။

သို႔ေသာ္ လန္ဂိုဏ္း၏ စည္းကမ္းႏွင့္အညီ ေစာစီးစြာ ႏိုးထလႈပ္႐ွားေနသူကေတာ့ ၀မ္ယြမ္ (ေခၚ) လန္စစ္ေကြၽး...။

'ေစာေစာအိပ္လို႔ ေစာေစာထလို႔ ေစာေစာ Duty ထြက္ပါစို႔....ဒ၀မ္း...ဒ၀မ္ ´

အခုတေလာ မ်ားစြာေသာအမႈအခင္းမ်ား ျဖစ္ပ်က္ေန သည္ျဖစ္၍ ဂိုဏ္းခ်ဳပ္ႀကီးမ်ားစုေ၀းကာ အစီအမံ တစ္ခု ေရးဆြဲထားသည္။

ယင္းကား ဂိုဏ္းေပါင္းစံုမွ ဂိုဏ္းသားမ်ား အလွည့္က် လွည့္ကင္းျဖင့္ မႈခင္းႀကိဳတင္ကာကြယ္ေရး ေစာင့္ၾကည့္ ေဆာင္ရြက္ရန္ပင္ ။

ယေန႔အဖို႔ လန္ဂိုဏ္းမွ တာ၀န္က်သူသည္ကား
လန္စစ္ေကြၽးျဖစ္ေလသည္။

ထို႔အတူ က်င္းဂိုဏ္းမွ တာ၀န္က်သူသည္ကား က်င္းလင္ ပင္ျဖစ္ေခ်၏။ သူသည္ က်င္းဂိုဏ္းခ်ဳပ္ျဖစ္ ေစကာမူ တာ၀န္ထမ္းေဆာင္လိုသည္ဟု အဆိုတင္သြင္းခဲ့ျခင္းေၾကာင့္ အလွည့္က်ဇယားတြင္ ပါ၀င္ခဲ့ျခင္းျဖစ္ေလ၏။

ႏွစ္ဦးသားသည္ ခ်ိန္းဆိုထားသည့္ ဆံုမွတ္ဆိုင္သို႔ အသီးသီးထြက္ခြာလာၾကသည္။

လန္စစ္ေကြၽးသည္ကား ဓားပ်ံစီးႏွင္လ်က္။

က်င္းလင္သည္ကား ေမွာ္၀င္ေခြး'လိပ္ျပာပ်ိဳ´အား အေဖာ္ျပဳရင္း ၀င့္ထည္စြာ ႂကြလွမ္းလ်က္ ....။

ႏွစ္ဦးသားဆံုသည္ႏွင့္ ေလာကတခြင္ျပဲျပဲစင္ေအာင္ ေလ်ွာက္လွမ္းၾကၿပီး စစ္ဆင္ေရးလုပ္ရန္ အဆင္သင့္။

ႏွစ္ဦးသား လမ္းႀကိဳလမ္းၾကားမ်ားႏွင့္ လူျပတ္လပ္ သည့္ ေနရာမ်ားသို႔ လွည့္ကင္းလွည့္ေနၾကရင္း...
စစ္ေကြၽးက စကားစပါ၏။

" က်င္းလင္.."

" အင္း..."

" မင္းအဆင္ေျပရဲ႕လား .."

" ဘာကိုလဲ..."

" တစ္ေယာက္ထဲ ဂိုဏ္းခ်ဳပ္တာ၀န္ထမ္းေဆာင္ရတာ ေလ"

က်င္းလင္က ဘာမထီ မ်က္ႏွာေပးေလးျဖင့္ ဆို၏။

" ဟမ္႕....ငါ့ရဲ႕ ေလးေလးက်န္းကို ဘယ္ေကာင္က ဆန္႔က်င္ရဲမွာလဲ။ ၿပီးေတာ့ ဟိုေ၀့၀ူ႐ွန္းကိုလဲ ဆန္႔က်င္ရဲတဲ့သူ ႐ွိလို႔လား။ "

ေျပာၿပီးသည္ႏွင့္ က်င္းလင္ခမ်ာ အနည္းငယ္ ႐ွက္ေသြးျဖာ၍ ေႏြးေထြးေနပံု ေပါက္လာေလ၏။

စစ္ေကြၽးသည္ကား က်င္းလင္၏ မ်က္ႏွာရိပ္ေလး ေျပာင္းလဲေနပံုကို ျပံဳးေစ့ေစ့ျဖင့္ ၾကည့္ေနေလ၏။

က်င္းလင္က ဆက္ေျပာပါ၏။

" ေလးေလးက်န္းရဲ႕ ခရမ္းႏြယ္ၾကာပြတ္(ဇီထ်န္း) သာ အေရာင္တလဲ့လဲ့ထလာရင္ ထြက္မေျပးခ်င္တဲ့ ေကာင္ ဘယ္ေကာင္႐ွိလို႔တုန္း..။"

စစ္ေကြၽးက ေထာက္ခံပါ၏။

" ဘယ္႐ွိမတံုး..."

" ၿပီးေတာ့ ဟိုေ၀့၀ူ႐ွန္းဆိုရင္လည္း..သူ႔ရဲ႕ အနက္ေရာင္ ျခဴးၿမီးတပ္ပေလြ (ခ်န္းခ်င္)ကို ျမင္ရံုနဲ႔ တင္ ေသြးပ်က္ေနၾကၿပီမလား။ ဘယ္ေလာက္မိုက္ တံုး~~"

စစ္ေကြၽးသည္ ဦးေလးႏွစ္ေယာက္အတြက္ ဂုဏ္ယူ ေနသည့္ က်င္းလင္အား ႏွစ္လိုဖြယ္ၾကည့္ရင္း
စကားျဖတ္ေျပာပါ၏။

" က်င္းလင္...ေလးေလးေ၀့လို႔ ေခၚရမွာမဟုတ္ဘူး လား"

က်င္းလင္သည္ မ်က္ႏွာမာေလးျဖင့္ မသိခ်င္ေယာင္ ေဆာင္ရင္း စကားဆက္ပါ၏။

" တကယ္လို႔သာ...ဦးေလးက်င္းသာ ႐ွိဦးမယ္ဆိုရင္ ပိုေကာင္းမွာပဲ~"

က်င္းလင္သည္ က်င္းကြမ္းေယာင္အား သတိရသြားပံု ရ၏။ အတင္းမာ ထားရေသာ မ်က္ႏွာေလးမွာ ငိုမဲ့မဲ့။

စစ္ေကြၽးခမ်ာ လန္႔ျဖန္႔သြားေခ်၏။

" ဒါ....ဒါနဲ႔ မင္းရဲ႕လိပ္ျပာပ်ိဳေကာ ...."

အခုမွပင္ က်င္းလင္ သထိထားမိေခ်၏။ လိပ္ျပာပ်ိဳေလး ဘယ္ေရာက္သြားပါလိမ့္။

သူတို႔ေရာက္ေနသည္က ေတာအစပ္တြင္ျဖစ္ေလ၏။

မိုးတဖြဲဖြဲက်ေနေသာ္လည္း သစ္ရိပ္၀ါးရိပ္ေၾကာင့္ မိုးဒဏ္ကို သိပ္မခံရေခ်။

လိပ္ျပာပ်ိဳကို ႐ွာရင္း ႏွစ္ဦးသား ေတာအစပ္သို႔၀င္လာ ခဲ့ၾကသည္။

႐ုတ္တရတ္ စစ္ေကြၽးသည္ သတိျဖင့္ ရပ္တန္႔သြားေခ် ၏။ က်င္းလင္သည္ နားမလည္ႏိုင္ဟန္ျဖင့္...။

" စစ္ေကြၽး ....ဘာျဖစ္လို႔တံုး "

"ငါ အေ႐ွ႕မွာ အရိပ္တစ္ခုေတြ႔လိုက္တယ္။ မသကၤာ စရာပဲ"

" ဒါျဖင့္ သြားၾကည့္မယ္ ....လာ "

က်င္းလင္သည္ သူ၏ဓား႐ွည္အား ဆြဲထုတ္လိုက္ရင္း အသင့္ျပင္၏။ စစ္ေကြၽးက လွမ္းဆြဲထားရင္း တိတ္တိတ္ေနရန္ အခ်က္ျပေလ၏။

" ငါတို႔ရင္ဆိုင္ႏိုင္တဲ့ သူမဟုတ္ရင္ ဘယ့္ႏွယ့္လုပ္ မတံုး။ ငါတို႔အရင္ေစာင့္ၾကည့္ရမယ္။ ေျခသံမထြက္ ေစနဲ႔..."

" အင္း~"

ဓားျပန္သိမ္းလိုက္ရင္း ႏွစ္ဦးသားသည္ ေျခသံ ေဖာ့နင္းကာ သတိျဖင့္ ခ်ဥ္းကပ္လာၾက၏။

ခပ္လွမ္းလွမ္းတြင္ မသကၤာစရာ အရိပ္ႏွစ္ခုကို ေတြ႔ၾကေလသည္။

စစ္ေကြၽးႏွင့္ က်င္းလင္တို႔သည္ ကင္းပုန္း၀ပ္သကဲ့သို႔ ၀ပ္ခ်လိုက္ရင္း ၿငိမ္သက္စြာေစာင့္ၾကည့္ေလ၏။

အဆိုပါအရိပ္မည္းႏွစ္ခုသည္ ပူးကပ္လိုက္ ခြာသြားလိုက္ျဖင့္ ဘာလုပ္ေနၾကမွန္းမသိ....။

စစ္ေကြၽးအျမင္ကေတာ့ျဖင့္ တစ္ေကာင္က တစ္ေကာင္ကို စားေနသေယာင္။

'ဒါေပမယ့္ ဘာလို႔....တစ္ေနရာထဲကို ထပ္ခါထပ္ခါ လဲ။ မသိရင္ နမ္းေနတာက်လို႔ ´

က်င္းလင္၏ အျမင္သည္ကား....

'ဘာလဲ...။ ဓားနဲ႔ေဆာင့္ထိုးေနတာလား ...။ ဘာလား...။ ေအာက္ကေကာင္ကလည္း ဓားနဲ႔အထိုးခံေနရတာကိုပဲ အရမ္းေပ်ာ္ေနတဲ့ပံုႀကီး။ ေသခ်င္ေနတဲ့ေကာင္မ်ားလား ...။ ဘာလား.."

တစ္ဖက္တြင္ေတာ့....အဆိုပါ ႏွစ္ဦးသည္...

" လန္ကိုကိုေလး~~"

" ေ၀့ယဥ္~~"

အက္ကြဲ႐ွေနၾကသည့္အသံမ်ားျဖင့္ မိုးေရထဲ
ခ်စ္ရည္လူးေနၾကသည့္ ၀မ့္႐ွန္းေမာင္ႏွံျဖစ္ေခ်၏။

မိႈင္းအံု႔ေနသည့္ မိုးသားမ်ား ကင္းစင္သြားၿပီျဖစ္၍ ေနေျပာက္ေလးမ်ား တစ္စ တစ္စထိုးက်လာေပၿပီ။

႐ွင္းလင္းလာေသာ ရာသီဥတုအေျခအေနေၾကာင့္ လန္စစ္ေကြၽးႏွင့္ က်င္းလင္တို႔သည္ ၎တို႔ေ႐ွ႕မွ လူႏွစ္ဦးအား သဲကြဲစြာျမင္လာရေခ်ၿပီ။

က်င္းလင္သည္ လန္၀မ္က်ီကိုျမင္သည္ႏွင့္ လန္႔ျဖန္႔ စြာ ခ်ံဳပုတ္ႏွင့္ကြယ္လိုက္မိေခ်၏။

" ဟာ...ေသစမ္း။ ဟန္ကြမ္ကြၽင္းႀကီးကြ။ ေတာ္ေသးတာေပါ့ စစ္ေကြၽးရာ။ မင္းသတိေပးလို႔။ မဟုတ္ရင္ ငါသြား႐ႈပ္မိဦးမွာကြ...."

လန္စစ္ေကြၽးကမူ အသံတိတ္ဆိတ္လ်က္....။

က်င္းလင္သည္ စစ္ေကြၽးဖက္သို႔ ငဲ့ၾကည့္မိေသာ အခါ...

ျပဴးက်ယ္၀ိုင္းစက္ေသာ မ်က္၀န္းေလးမ်ားျဖင့္ ေ႐ွ႕တည့္တည့္သို႔မ်က္ႏွာမူထားေသာ စစ္ေကြၽးအား ေတြ႔ရေလ၏။

က်င္းလင္သည္လည္း စစ္ေကြၽးမ်က္ႏွာမူရာသို႔ ထပ္မံ ၾကည့္လိုက္မိပါ၏။ ထိုအခါတြင္ ၀တ္စရာေပ်ာက္ဆံုး ေနသည့္  သူ႕ေလးေလးေ၀့၏ မ်က္ႏွာအား ျမင္လိုက္ ရပါ၏။

" ဟင္....ေ၀့၀ူ႐ွန္းက ...."

က်င္းလင္၏ စကားပင္မဆံုးလိုက္ခင္ စစ္ေကြၽးက က်င္းလင္၏မ်က္လံုးေလးမ်ားအား သူ၏လက္တစ္ဖက္ျဖင့္ ပိတ္ကြယ္လိုက္ေခ်၏။

" မၾကည့္နဲ႔~"

" ဘာျဖစ္လို႔လဲ..."

" ဘာမွမျဖစ္ဘူး...။ အစ္ကိုေတာ္ေ၀့က တစ္ခါတစ္ေလ ေျပာစကားနားမေထာင္ေတာ့ ဟန္ကြမ္ကြၽင္းက လူသူကင္းမဲ့တဲ့ေနရာမ်ိဳးမွာ အျပစ္ေပးေလ့႐ွိတယ္။ အခုလည္းအဲ့လိုပဲ..."

" ေအာ္~..။ ဒါနဲ႔ ဘာလို႔ လူသူကင္းမဲ့တဲ့ေနရာမွာ အျပစ္ေပးရတာလဲ"

" လူျမင္မေကာင္းေလာက္ေအာင္ ၾကမ္းၾကမ္းတမ္းတမ္းဆံုးမလို႔ေပါ့ကြ..."

က်င္းလင္သည္ အနည္းငယ္အလိုမက်ဟန္ျဖင့္....

" သူက ဟန္ကြမ္ကြၽင္းကိုေတာ့ ဘာမွျပန္ခံမေျပာဘူး ေပါ့ ....။ သူမ်ားနဲ႔ဆို လံုးႀကီးတင္မခံတဲ့သူက ...။ ဟြန္႔"

" အင္း..."

က်င္းလင္က စစ္ေကြၽး၏လက္အား တြန္းဖယ္လိုက္ ရင္း ဆိုပါ၏....။

" ဒါျဖင့္လည္း သြားမယ္ေလကြာ...။ ငါတို႔တာ၀န္႐ွိ ေသးတယ္မလား"

စစ္ေကြၽးက ခပ္ျမန္ျမန္ပင္ က်င္းလင္၏မ်က္လံုးမ်ား ကို ျပန္လည္ဖံုးအုပ္ရင္း.....

" အခုက တာ၀န္ထမ္းေဆာင္ေနတာပဲေလကြာ။ ဟန္ကြမ္ကြၽင္းက ဆံုးမတာကို အစ္ကိုေတာ့္ေ၀့က လက္သင့္မခံဘဲ ဖုတ္တစ္သိုက္ကိုေခၚၿပီးခ်ေနရင္ မႈခင္းႀကီးေတြျဖစ္ကုန္မွာေပါ့ကြ။ ဒီလိုမျဖစ္ရေအာင္ ငါတို္ေစာင့္ၾကည့္ရမယ္ေလ...မဟုတ္ဘူးလား"

" ဟုတ္ေတာ့ဟုတ္ပါတယ္....ဒါေပမယ့္ ဟန္ကြမ္ကြၽင္းက ဖုတ္တစ္သိုက္ေလာက္ကေတာ့ ႏိုင္ပါတယ္ကြ "

" ၿပီးေတာ့...အခုထ,သြားရင္ ဟန္ကြမ္ကြၽင္းက
အစ္ကိုေတာ္ေ၀့ကို လူသူမသိေအာင္ ဆံုးမေနတာကို ငါတို႔ေခ်ာင္းၾကည့္ေနတယ္လို႔ ထင္သြားမွာေပါ့ကြ"

" ဒါလည္း ဟုတ္သားပဲ...။ ဒါဆို ငါလည္း ၾကည့္မယ္ ကြာ။ ဘယ္လိုဆံုးမလည္း သိခ်င္တယ္...စစ္ေကြၽး"

" မျဖစ္ဘူး..."

က်င္းလင္သည္ စကားနားမေထာင္စြာပင္ စစ္ေကြၽး၏ လက္အားတြန္းဖယ္လိုက္ရင္း ၾကည့္လိုက္ပါ၏။

တစ္ဖက္တြင္ေတာ့....အ၀တ္မကပ္သည့္ ကိုယ္ေတာ္ႏွစ္ပါးသည္ ပူးကပ္လ်က္......။

" ေ၀့ယဥ္~~"

လန္၀မ္က်ီသည္ ေ၀့၀ူ႐ွန္း၏ ႏႈတ္ခမ္းေလးမ်ားအား အငမ္းမရစြာ နမ္း႐ိႈက္ကာ တင္းၾကပ္စြာေပြ႔ဖက္ထား ရင္း ေ၀့၀ူ႐ွန္း၏ နာမည္ေလးအား တသသေခၚေနမိ ေလ၏။

"ေ၀့ယဥ္~~"

ထိုအေျခအေနအား အနညး္ငယ္ရိပ္မိသြားသည့္ က်င္းလင္သည္ နားရြက္ဖ်ားေလးမ်ားပါ နီရဲလာကာ စစ္ေကြၽး၏ လက္တစ္ဖက္ကို သူ၏မ်က္လံုးမ်ားေပၚ သို႔ ဆြဲတင္လိုက္ပါ၏။

ထို႔ေနာက္ ပက္လက္လန္လိုက္ကာ ညည္းတြားေလ ၏။

" ကမၻာ့အဆန္းသစ္ဆံုး အျပစ္ေပးမႈႀကီး.."

စစ္ေကြၽးသည္ က်င္းလင္အား သေဘာက်စြာျပံဳး ၾကည့္လိုက္ရင္း သူ၏မႈခင္းႀကိဳတင္ကာကြယ္ေရး စစ္ဆင္ေရးအား ဆက္လက္ထမ္းေဆာင္ပါ၏။

ေဘးကၾကည့္လ်ွင္ပင္ လန္၀မ္က်ီသည္ ဤေ၀့၀ူ႐ွန္းဆိုေသာလူသားျဖင့္ တစ္စကၠန္႔ ေလာက္ေ၀းရရင္ပင္ ႐ူးသြပ္သြားေတာ့မေယာင္ ခ်စ္ျမတ္ႏိုးလြန္းေန၏။

"ေ၀့ယဥ္~~"

ေ၀့၀ူ႐ွန္းကလည္း လန္၀မ္က်ီ၏ ခ်စ္ျမတ္ႏိုးမႈမ်ားကို
ေက်နပ္စြာ ခံယူေနေလ၏။ တစ္ခါတစ္ေလမ်ားဆိုရင္ ဤသို႔အတြန္႔တက္ပါေသး၏.....။

" လန္ကိုကိုေလး~~ မင္းဒီေလာက္ပဲ စြမ္းေဆာင္ႏိုင္ တာလားလို႔။ "

ထိုအခါမ်ားဆိုရင္ျဖင့္ လန္၀မ္က်ီ၏ ဂုဏ္သေရတင့္ မ်က္ႏွာေခ်ာေလးသည္ တင္းကနဲ....။

ထို႔ေနာက္တြင္ေတာ့ ယီလင္းသခင္အႀကီးအမႉးကပင္ အရပ္ကူပါ ...လူ၀ိုင္းပါဟု ေတာင္းပန္ရစျမဲ။

သို႔ေသာ္ ေ၀့၀ူ႐ွန္းသည္ လန္၀မ္က်ီအား ဤကဲ့သို႔
သည္းခံႏိုင္စြမ္းမဲ့ေအာင္လုပ္ႏိုင္သူသည္ မိမိျဖစ္သည္ ကိုေတာ့ ၀့ံႂကြား၀မ္းသာလ်က္....။

လန္၀မ္က်ီသည္ ေ၀့၀ူ႐ွန္း၏ လည္ပင္းသားေဖြးေဖြး အား ႐ႈိက္နမ္းလ်က္႐ွိေခ်၏။

ေ၀့၀ူ႐ွန္းသည္ကလည္း အလိုက္သင့္ပင္ ေမာ့ထားေပးရင္း လန္၀မ္က်ီ၏လည္တိုင္အား ဖက္တြယ္ထားေလ၏။

" လန္ကိုကိုေလး~ ငါ့ကိုနမ္းရတာႀကိဳက္လား"

လန္၀မ္က်ီက ေခါင္းညိမ့္ပါ၏။
[မ 'အင္း´ႏိုင္ေသး။ ပါးစပ္မအားေသးပါသျဖင့္]

" ဒါဆို....မင္းအတြက္ငါသိမ္းထားတဲ့ ငါ့ရဲ႕ႏွလံုးသားေလးကိုလည္း နမ္း....."

လန္၀မ္က်ီသည္ ေ၀့၀ူ႐ွန္း၏ ၀ဲဘက္ရင္အံုအား ခပ္ဖြဖြနမ္းလိုက္ရင္း ကိုက္ခဲလိုက္ပါ၏။

" အား:::::။ ခိခိ.....။ မကိုက္နဲ႔ေလကြာ...."

လန္၀မ္က်ီသည္ ထိုရယ္သံေၾကာင့္ ေပြ႔ဖက္ထားျခင္း အား ပိုမိုတင္းၾကပ္လိုက္ကာ ပို၍ပို၍ကိုက္ေလ၏။

ေ၀့၀ူ႐ွန္းသည္ကလည္း ပို၍ပို၍ 'ခိခိ´ေလသည္။

ထိုအသံမ်ားအား အတိုင္းသားၾကားေနရသည့္ က်င္းလင္သည္ သူ၏ဦးေလးေတာ္ေ၀့ကို လိပ္ျပာပ်ိဳအစာအျဖစ္ ေကြၽးပစ္ခ်င္ေနပါ၏။

ထိုခဏမွာပင္ လိပ္ျပာပ်ိဳသည္ တ၀ုတ္၀ုတ္ထိုး ေဟာင္ရင္း က်င္းလင္ဆီသို႔အန႔ံခံလ်က္ ေျပးလာေလ သည္။

ေ၀့၀ူ႐ွန္းသည္ လန္ကိုကိုေလး၏ ၀ုတ္၀ုတ္ျခင္းအား ေက်နပ္ေသာ္လည္း လိပ္ျပာပ်ိဳသံၾကားလိုက္သည္ႏွင့္ အသဲတုန္ အူတုန္ျဖစ္ကာ ေအာ္ဟစ္ရင္း လန္၀မ္က်ီ ေပၚသို႔ အတင္းတြယ္တက္ေလသည္။

" ၀မ္က်ီ~ ငါ့ကိုကယ္ပါဦး"

လန္၀မ္က်ီသည္ ေ၀့၀ူ႐ွန္းအား အ၀တ္ပတ္ေပး လိုက္ရင္း သူသည္လည္း၀တ္ရံုျခံဳကာ သစ္ပင္ေပၚသို႔ လႊားကနဲပ်ံတက္လိုက္ပါ၏။

ထို႐ုန္းရင္းဆန္ခတ္မႈအား အခြင့္အေရးယူၿပီး စစ္ေကြၽးႏွင့္ က်င္းလင္သည္လည္း ကမန္းကတန္းထ ကာ ဟန္မပ်က္လမ္းေလ်ွာက္ထြက္လာ၏။

လိပ္ျပာပ်ိဳသည္ကား သူ၏သခင္အား ပြတ္သီးပြတ္သတ္လုပ္ရင္း ပါသြားေလ၏။

က်င္းလင္သည္ကား သူ႔ဦးေလးေတာ္ေ၀့႐ွိေနသည့္ သစ္ပင္ေပၚသို႔ ေမာ့မၾကည့္မိေစရန္ လက္သီး ဆုတ္လိုက္ရင္း ခပ္ျမန္ျမန္ထြက္ခြာလာေခ်၏။

စစ္ေကြၽးမွာေတာ့ ေဖေဖႏွင့္ေမေမ၏ ခ်စ္ၾကည္ႏူးေနမႈအား ၀မ္းသာအားက်လ်က္႐ွိေခ်၏။

၎တို႔မသိသည္ကား ၎တို႔ႏွင့္ခပ္လွမ္းလွမ္း အပင္ေပၚတြင္ ၀ီလပ္ဖ္ ၀မ့္႐ွန္းဟုႀကိတ္ေအာ္ကာ ၀မ့္႐ွန္းခ်စ္ရည္လူးပြဲအား Live ထိုင္ၾကည့္ေနသည့္ လန္က်င္းရီေလး ႐ွိေနျခင္းပင္ ျဖစ္ေခ်၏။

(12-9-2019)

Unicode

လောကတစ်ခွင်လုံး အုံ့ဆိုင်း မဲမှောင်နေပါ၏။

မိုးစက်ပွင့်များစွာကလည်း မြေနံ့သင်းသင်းလေးများ ထွက်ပေါ်လာစေရန် မြူဆွယ်လျက်ရှိချေ၏။

အေးစိမ့်မှုများကြောင့် မည်သူမျှ အိပ်ယာထဲက နိုးမထ လိုကြပေ။

သို့သော် လန်ဂိုဏ်း၏ စည်းကမ်းနှင့်အညီ စောစီးစွာ နိုးထလှုပ်ရှားနေသူကတော့ ၀မ်ယွမ် (ခေါ်) လန်စစ်ကျွေး...။

'စောစောအိပ်လို့ စောစောထလို့ စောစော Duty ထွက်ပါစို့....ဒ၀မ်း...ဒ၀မ် ´

အခုတလော များစွာသောအမှုအခင်းများ ဖြစ်ပျက်နေ သည်ဖြစ်၍ ဂိုဏ်းချုပ်ကြီးများစုဝေးကာ အစီအမံ တစ်ခု ရေးဆွဲထားသည်။

ယင်းကား ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းသားများ အလှည့်ကျ လှည့်ကင်းဖြင့် မှုခင်းကြိုတင်ကာကွယ်ရေး စောင့်ကြည့် ဆောင်ရွက်ရန်ပင် ။

ယနေ့အဖို့ လန်ဂိုဏ်းမှ တာ၀န်ကျသူသည်ကား
လန်စစ်ကျွေးဖြစ်လေသည်။

ထို့အတူ ကျင်းဂိုဏ်းမှ တာ၀န်ကျသူသည်ကား ကျင်းလင် ပင်ဖြစ်ချေ၏။ သူသည် ကျင်းဂိုဏ်းချုပ် ဖြစ်စေကာမူ တာ၀န်ထမ်းဆောင်လိုသည်ဟု အဆိုတင်သွင်းခဲ့ခြင်းကြောင့် အလှည့်ကျဇယားတွင် ပါ၀င်ခဲ့ခြင်းဖြစ်လေ၏။

နှစ်ဦးသားသည် ချိန်းဆိုထားသည့် ဆုံမှတ်ဆိုင်သို့ အသီးသီးထွက်ခွာလာကြသည်။

လန်စစ်ကျွေးသည်ကား ဓားပျံစီးနှင်လျက်။

ကျင်းလင်သည်ကား မှော်၀င်ခွေး'လိပ်ပြာပျို´အား အဖော်ပြုရင်း ၀င့်ထည်စွာ ကြွလှမ်းလျက် ....။

နှစ်ဦးသားဆုံသည်နှင့် လောကတခွင်ပြဲပြဲစင်အောင် လျှောက်လှမ်းကြပြီး စစ်ဆင်ရေးလုပ်ရန် အဆင်သင့်။

နှစ်ဦးသား လမ်းကြိုလမ်းကြားများနှင့် လူပြတ်လပ် သည့် နေရာများသို့ လှည့်ကင်းလှည့်နေကြရင်း...
စစ်ကျွေးက စကားစပါ၏။

" ကျင်းလင်.."

" အင်း..."

" မင်းအဆင်ပြေရဲ့လား .."

" ဘာကိုလဲ..."

" တစ်ယောက်ထဲ ဂိုဏ်းချုပ်တာ၀န်ထမ်းဆောင်ရတာ လေ"

ကျင်းလင်က ဘာမထီ မျက်နှာပေးလေးဖြင့် ဆို၏။

" ဟမ့်....ငါ့ရဲ့ လေးလေးကျန်းကို ဘယ်ကောင်က ဆန့်ကျင်ရဲမှာလဲ။ ပြီးတော့ ဟိုဝေ့၀ူရှန်းကိုလဲ ဆန့်ကျင်ရဲတဲ့သူ ရှိလို့လား။ "

ပြောပြီးသည်နှင့် ကျင်းလင်ခမျာ အနည်းငယ် ရှက်သွေးဖြာ၍ နွေးထွေးနေပုံ ပေါက်လာလေ၏။

စစ်ကျွေးသည်ကား ကျင်းလင်၏ မျက်နှာရိပ်လေး ပြောင်းလဲနေပုံကို ပြုံးစေ့စေ့ဖြင့် ကြည့်နေလေ၏။

ကျင်းလင်က ဆက်ပြောပါ၏။

" လေးလေးကျန်းရဲ့ ခရမ်းနွယ်ကြာပွတ်(ဇီထျန်း) သာ အရောင်တလဲ့လဲ့ထလာရင် ထွက်မပြေးချင်တဲ့ ကောင် ဘယ်ကောင်ရှိလို့တုန်း..။"

စစ်ကျွေးက ထောက်ခံပါ၏။

" ဘယ်ရှိမတုံး..."

" ပြီးတော့ ဟိုဝေ့၀ူရှန်းဆိုရင်လည်း..သူ့ရဲ့ အနက်ရောင် ခြူးမြီးတပ်ပလွေ (ချန်းချင်)ကို မြင်ရုံနဲ့ တင် သွေးပျက်နေကြပြီမလား။ ဘယ်လောက်မိုက် တုံး~~"

စစ်ကျွေးသည် ဦးလေးနှစ်ယောက်အတွက် ဂုဏ်ယူ နေသည့် ကျင်းလင်အား နှစ်လိုဖွယ်ကြည့်ရင်း
စကားဖြတ်ပြောပါ၏။

" ကျင်းလင်...လေးလေးဝေ့လို့ ခေါ်ရမှာမဟုတ်ဘူး လား"

ကျင်းလင်သည် မျက်နှာမာလေးဖြင့် မသိချင်ယောင် ဆောင်ရင်း စကားဆက်ပါ၏။

" တကယ်လို့သာ...ဦးလေးကျင်းသာ ရှိဦးမယ်ဆိုရင် ပိုကောင်းမှာပဲ~"

ကျင်းလင်သည် ကျင်းကွမ်းယောင်အား သတိရသွားပုံ ရ၏။ အတင်းမာ ထားရသော မျက်နှာလေးမှာ ငိုမဲ့မဲ့။

စစ်ကျွေးခမျာ လန့်ဖြန့်သွားချေ၏။

" ဒါ....ဒါနဲ့ မင်းရဲ့လိပ်ပြာပျိုကော ...."

အခုမှပင် ကျင်းလင် သထိထားမိချေ၏။ လိပ်ပြာပျိုလေး ဘယ်ရောက်သွားပါလိမ့်။

သူတို့ရောက်နေသည်က တောအစပ်တွင်ဖြစ်လေ၏။

မိုးတဖွဲဖွဲကျနေသော်လည်း သစ်ရိပ်ဝါးရိပ်ကြောင့် မိုးဒဏ်ကို သိပ်မခံရချေ။

လိပ်ပြာပျိုကို ရှာရင်း နှစ်ဦးသား တောအစပ်သို့ ၀င်လာခဲ့ကြသည်။

ရုတ်တရတ် စစ်ကျွေးသည် သတိဖြင့် ရပ်တန့်သွားချေ ၏။ ကျင်းလင်သည် နားမလည်နိုင်ဟန်ဖြင့်...။

" စစ်ကျွေး ....ဘာဖြစ်လို့တုံး "

"ငါ အရှေ့မှာ အရိပ်တစ်ခုတွေ့လိုက်တယ်။ မသင်္ကာ စရာပဲ"

" ဒါဖြင့် သွားကြည့်မယ် ....လာ "

ကျင်းလင်သည် သူ၏ဓားရှည်အား ဆွဲထုတ်လိုက်ရင်း အသင့်ပြင်၏။ စစ်ကျွေးက လှမ်းဆွဲထားရင်း တိတ်တိတ်နေရန် အချက်ပြလေ၏။

" ငါတို့ရင်ဆိုင်နိုင်တဲ့ သူမဟုတ်ရင် ဘယ့်နှယ့်လုပ် မတုံး။ ငါတို့အရင်စောင့်ကြည့်ရမယ်။ ခြေသံမထွက် စေနဲ့..."

" အင်း~"

ဓားပြန်သိမ်းလိုက်ရင်း နှစ်ဦးသားသည် ခြေသံ ဖော့နင်းကာ သတိဖြင့် ချဉ်းကပ်လာကြ၏။

ခပ်လှမ်းလှမ်းတွင် မသင်္ကာစရာ အရိပ်နှစ်ခုကို တွေ့ကြလေသည်။

စစ်ကျွေးနှင့် ကျင်းလင်တို့သည် ကင်းပုန်း၀ပ်သကဲ့သို့ ၀ပ်ချလိုက်ရင်း ငြိမ်သက်စွာစောင့်ကြည့်လေ၏။

အဆိုပါအရိပ်မည်းနှစ်ခုသည် ပူးကပ်လိုက် ခွာသွားလိုက်ဖြင့် ဘာလုပ်နေကြမှန်းမသိ....။

စစ်ကျွေးအမြင်ကတော့ဖြင့် တစ်ကောင်က တစ်ကောင်ကို စားနေသယောင်။

'ဒါပေမယ့် ဘာလို့....တစ်နေရာထဲကို ထပ်ခါထပ်ခါ လဲ။ မသိရင် နမ်းနေတာကျလို့ ´

ကျင်းလင်၏ အမြင်သည်ကား....

'ဘာလဲ...။ ဓားနဲ့ဆောင့်ထိုးနေတာလား ...။ ဘာလား...။ အောက်ကကောင်ကလည်း ဓားနဲ့အထိုးခံနေရတာကိုပဲ အရမ်းပျော်နေတဲ့ပုံကြီး။ သေချင်နေတဲ့ကောင်များလား ...။ ဘာလား.."

တစ်ဖက်တွင်တော့....အဆိုပါ နှစ်ဦးသည်...

" လန်ကိုကိုလေး~~"

" ဝေ့ယဉ်~~"

အက်ကွဲရှနေကြသည့်အသံများဖြင့် မိုးရေထဲ
ချစ်ရည်လူးနေကြသည့် ၀မ့်ရှန်းမောင်နှံဖြစ်ချေ၏။

မှိုင်းအုံ့နေသည့် မိုးသားများ ကင်းစင်သွားပြီဖြစ်၍ နေပြောက်လေးများ တစ်စ တစ်စထိုးကျလာပေပြီ။

ရှင်းလင်းလာသော ရာသီဥတုအခြေအနေကြောင့် လန်စစ်ကျွေးနှင့် ကျင်းလင်တို့သည် ၎င်းတို့ရှေ့မှ လူနှစ်ဦးအား သဲကွဲစွာမြင်လာရချေပြီ။

ကျင်းလင်သည် လန်၀မ်ကျီကိုမြင်သည်နှင့် လန့်ဖြန့် စွာ ချုံပုတ်နှင့်ကွယ်လိုက်မိချေ၏။

" ဟာ...သေစမ်း။ ဟန်ကွမ်ကျွင်းကြီးကွ။ တော်သေးတာပေါ့ စစ်ကျွေးရာ။ မင်းသတိပေးလို့။ မဟုတ်ရင် ငါသွားရှုပ်မိဦးမှာကွ...."

လန်စစ်ကျွေးကမူ အသံတိတ်ဆိတ်လျက်....။

ကျင်းလင်သည် စစ်ကျွေးဖက်သို့ ငဲ့ကြည့်မိသော အခါ...

ပြူးကျယ်၀ိုင်းစက်သော မျက်၀န်းလေးများဖြင့် ရှေ့တည့်တည့်သို့မျက်နှာမူထားသော စစ်ကျွေးအား တွေ့ရလေ၏။

ကျင်းလင်သည်လည်း စစ်ကျွေးမျက်နှာမူရာသို့ ထပ်မံ ကြည့်လိုက်မိပါ၏။ ထိုအခါတွင် ၀တ်စရာပျောက်ဆုံး နေသည့်  သူ့လေးလေးဝေ့၏ မျက်နှာအား မြင်လိုက် ရပါ၏။

" ဟင်....ဝေ့၀ူရှန်းက ...."

ကျင်းလင်၏ စကားပင်မဆုံးလိုက်ခင် စစ်ကျွေးက ကျင်းလင်၏မျက်လုံးလေးများအား သူ၏ လက်တစ်ဖက်ဖြင့် ပိတ်ကွယ်လိုက်ချေ၏။

" မကြည့်နဲ့~"

" ဘာဖြစ်လို့လဲ..."

" ဘာမှမဖြစ်ဘူး...။ အစ်ကိုတော်ဝေ့က တစ်ခါတစ်လေ ပြောစကားနားမထောင်တော့ ဟန်ကွမ်ကျွင်းက လူသူကင်းမဲ့တဲ့နေရာမျိုးမှာ အပြစ်ပေးလေ့ရှိတယ်။ အခုလည်းအဲ့လိုပဲ..."

" အော်~..။ ဒါနဲ့ ဘာလို့ လူသူကင်းမဲ့တဲ့နေရာမှာ အပြစ်ပေးရတာလဲ"

" လူမြင်မကောင်းလောက်အောင် ကြမ်းကြမ်း တမ်းတမ်း ဆုံးမလို့ပေါ့ကွ..."

ကျင်းလင်သည် အနည်းငယ်အလိုမကျဟန်ဖြင့်....

" သူက ဟန်ကွမ်ကျွင်းကိုတော့ ဘာမှပြန်ခံမပြောဘူး ပေါ့ ....။ သူများနဲ့ဆို လုံးကြီးတင် မခံတဲ့သူက ...။ ဟွန့်"

" အင်း..."

ကျင်းလင်က စစ်ကျွေး၏လက်အား တွန်းဖယ်လိုက် ရင်း ဆိုပါ၏....။

" ဒါဖြင့်လည်း သွားမယ်လေကွာ...။ ငါတို့တာ၀န်ရှိ သေးတယ်မလား"

စစ်ကျွေးက ခပ်မြန်မြန်ပင် ကျင်းလင်၏မျက်လုံးများ ကို ပြန်လည်ဖုံးအုပ်ရင်း.....

" အခုက တာ၀န်ထမ်းဆောင်နေတာပဲလေကွာ။ ဟန်ကွမ်ကျွင်းက ဆုံးမတာကို အစ်ကိုတော့်ဝေ့က လက်သင့်မခံဘဲ ဖုတ်တစ်သိုက်ကိုခေါ်ပြီး ချနေရင် မှုခင်းကြီးတွေဖြစ်ကုန်မှာပေါ့ကွ။ ဒီလိုမဖြစ်ရအောင် ငါတို့စောင့်ကြည့်ရမယ်လေ...မဟုတ်ဘူးလား"

" ဟုတ်တော့ဟုတ်ပါတယ်....ဒါပေမယ့် ဟန်ကွမ်ကျွင်းက ဖုတ်တစ်သိုက်လောက်ကတော့ နိုင်ပါတယ်ကွ "

" ပြီးတော့...အခုထ,သွားရင် ဟန်ကွမ်ကျွင်းက
အစ်ကိုတော်ဝေ့ကို လူသူမသိအောင် ဆုံးမနေတာကို ငါတို့ချောင်းကြည့်နေတယ်လို့ ထင်သွားမှာပေါ့ကွ"

" ဒါလည်း ဟုတ်သားပဲ...။ ဒါဆို ငါလည်း ကြည့်မယ် ကွာ။ ဘယ်လိုဆုံးမလည်း သိချင်တယ်...စစ်ကျွေး"

" မဖြစ်ဘူး..."

ကျင်းလင်သည် စကားနားမထောင်စွာပင် စစ်ကျွေး၏ လက်အားတွန်းဖယ်လိုက်ရင်း ကြည့်လိုက်ပါ၏။

တစ်ဖက်တွင်တော့....အ၀တ်မကပ်သည့် ကိုယ်တော်နှစ်ပါးသည် ပူးကပ်လျက်......။

" ဝေ့ယဉ်~~"

လန်၀မ်ကျီသည် ဝေ့၀ူရှန်း၏ နှုတ်ခမ်းလေးများအား အငမ်းမရစွာ နမ်းရှိုက်ကာ တင်းကြပ်စွာပွေ့ဖက်ထား ရင်း ဝေ့၀ူရှန်း၏ နာမည်လေးအား တသသခေါ်နေမိ လေ၏။

"ဝေ့ယဉ်~~"

ထိုအခြေအနေအား အနည်းငယ်ရိပ်မိသွားသည့် ကျင်းလင်သည် နားရွက်ဖျားလေးများပါ နီရဲလာကာ စစ်ကျွေး၏ လက်တစ်ဖက်ကို သူ၏မျက်လုံးများပေါ် သို့ ဆွဲတင်လိုက်ပါ၏။

ထို့နောက် ပက်လက်လန်လိုက်ကာ ညည်းတွားလေ ၏။

" ကမ္ဘာ့အဆန်းသစ်ဆုံး အပြစ်ပေးမှုကြီး.."

စစ်ကျွေးသည် ကျင်းလင်အား သဘောကျစွာပြုံး ကြည့်လိုက်ရင်း သူ၏မှုခင်းကြိုတင်ကာကွယ်ရေး စစ်ဆင်ရေးအား ဆက်လက်ထမ်းဆောင်ပါ၏။

ဘေးကကြည့်လျှင်ပင် လန်၀မ်ကျီသည် ဤ ဝေ့ဝူရှန်းဆိုသောလူသားဖြင့် တစ်စက္ကန့်လောက် ဝေးရရင်ပင် ရူးသွပ်သွားတော့မယောင် ချစ်မြတ်နိုး လွန်းနေ၏။

"ဝေ့ယဉ်~~"

ဝေ့ဝူရှန်းကလည်း လန်၀မ်ကျီ၏ ချစ်မြတ်နိုးမှုများကို
ကျေနပ်စွာ ခံယူနေလေ၏။ တစ်ခါတစ်လေများဆိုရင် ဤသို့အတွန့်တက်ပါသေး၏.....။

" လန်ကိုကိုလေး~~ မင်းဒီလောက်ပဲ စွမ်းဆောင်နိုင် တာလားလို့။ "

ထိုအခါများဆိုရင်ဖြင့် လန်၀မ်ကျီ၏ ဂုဏ်သရေတင့် မျက်နှာချောလေးသည် တင်းကနဲ....။

ထို့နောက်တွင်တော့ ယီလင်းသခင်အကြီးအမှူးကပင် အရပ်ကူပါ ...လူ၀ိုင်းပါဟု တောင်းပန်ရစမြဲ။

သို့သော် ဝေ့ဝူရှန်းသည် လန်၀မ်ကျီအား ဤကဲ့သို့
သည်းခံနိုင်စွမ်းမဲ့အောင်လုပ်နိုင်သူသည် မိမိဖြစ်သည် ကိုတော့ ဝံ့ကြွား၀မ်းသာလျက်....။

လန်၀မ်ကျီသည် ဝေ့၀ူရှန်း၏ လည်ပင်းသားဖွေးဖွေး အား ရှိုက်နမ်းလျက်ရှိချေ၏။

ဝေ့၀ူရှန်းသည်ကလည်း အလိုက်သင့်ပင် မော့ထား ပေးရင်း လန်၀မ်ကျီ၏လည်တိုင်အား ဖက်တွယ် ထားလေ၏။

" လန်ကိုကိုလေး~ ငါ့ကိုနမ်းရတာကြိုက်လား"

လန်၀မ်ကျီက ခေါင်းညိမ့်ပါ၏။
[မ 'အင်း´နိုင်သေး။ ပါးစပ်မအားသေးပါသဖြင့်]

" ဒါဆို....မင်းအတွက်ငါသိမ်းထားတဲ့ ငါ့ရဲ့နှလုံးသားလေးကိုလည်း နမ်း....."

လန်၀မ်ကျီသည် ဝေ့၀ူရှန်း၏ ၀ဲဘက်ရင်အုံအား ခပ်ဖွဖွနမ်းလိုက်ရင်း ကိုက်ခဲလိုက်ပါ၏။

" အား:::::။ ခိခိ.....။ မကိုက်နဲ့လေကွာ...."

လန်၀မ်ကျီသည် ထိုရယ်သံကြောင့် ပွေ့ဖက်ထားခြင်း အား ပိုမိုတင်းကြပ်လိုက်ကာ ပို၍ပို၍ကိုက်လေ၏။

ဝေ့၀ူရှန်းသည်ကလည်း ပို၍ပို၍ 'ခိခိ´လေသည်။

ထိုအသံများအား အတိုင်းသားကြားနေရသည့် ကျင်းလင်သည် သူ၏ဦးလေးတော်ဝေ့ကို လိပ်ပြာပျိုအစာအဖြစ် ကျွေးပစ်ချင်နေပါ၏။

ထိုခဏမှာပင် လိပ်ပြာပျိုသည် တ၀ုတ်၀ုတ်ထိုး ဟောင်ရင်း ကျင်းလင်ဆီသို့အနံ့ခံလျက် ပြေးလာလေ သည်။

ေ၀့၀ူရှန်းသည် လန်ကိုကိုလေး၏ ၀ုတ်၀ုတ်ခြင်းအား ကျေနပ်သော်လည်း လိပ်ပြာပျိုသံကြားလိုက်သည်နှင့် အသဲတုန် အူတုန်ဖြစ်ကာ အော်ဟစ်ရင်း လန်၀မ်ကျီ ပေါ်သို့ အတင်းတွယ်တက်လေသည်။

" ၀မ်ကျီ~ ငါ့ကိုကယ်ပါဦး"

လန်၀မ်ကျီသည် ဝေ့၀ူရှန်းအား အ၀တ်ပတ်ပေး လိုက်ရင်း သူသည်လည်း၀တ်ရုံခြုံကာ သစ်ပင်ပေါ်သို့ လွှားကနဲပျံတက်လိုက်ပါ၏။

ထိုရုန်းရင်းဆန်ခတ်မှုအား အခွင့်အရေးယူပြီး စစ်ကျွေးနှင့် ကျင်းလင်သည်လည်း ကမန်းကတန်းထ ကာ ဟန်မပျက်လမ်းလျှောက်ထွက်လာ၏။

လိပ်ပြာပျိုသည်ကား သူ၏သခင်အား ပွတ်သီးပွတ်သတ်လုပ်ရင်း ပါသွားလေ၏။

ကျင်းလင်သည်ကား သူ့ဦးလေးတော်ဝေ့ရှိနေသည့် သစ်ပင်ပေါ်သို့ မော့မကြည့်မိစေရန် လက်သီး ဆုတ်လိုက်ရင်း ခပ်မြန်မြန်ထွက်ခွာလာချေ၏။

စစ်ကျွေးမှာတော့ ဖေဖေနှင့်မေမေ၏ ချစ်ကြည်နူးနေမှုအား ၀မ်းသာအားကျလျက်ရှိချေ၏။

၎င်းတို့မသိသည်ကား ၎င်းတို့နှင့်ခပ်လှမ်းလှမ်း အပင်ပေါ်တွင် ၀ီလပ်ဖ် ၀မ့်ရှန်းဟုကြိတ်အော်ကာ ၀မ့်ရှန်းချစ်ရည်လူးပွဲအား Live ထိုင်ကြည့်နေသည့် လန်ကျင်းရီလေး ရှိနေခြင်းပင် ဖြစ်ချေ၏။

(8-10-2019)

Lanjutkan Membaca

Kamu Akan Menyukai Ini

68.3K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
127K 11.3K 39
Jeon Jungkook ♡ Kim Taehyung By Sundi_Minie Asshole /Warning⚠
10.9K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
65.9K 5K 29
"ဘယ်က ဇယားလေးလဲ? Kim" "အကြွေးနဲ့ သိမ်းလာတာလေ မွေးစားဖို့" "ဘယ္က ဇယားေလးလဲ? Kim" "အေႂကြးနဲ႕ သိမ္းလာတာေလ ေမြးစားဖို႔"