ရင်တွင်းဖြစ် (unicode)

1.6K 103 25
                                    

Unicode

ဟိုးရှေးရှေတုန်းက ရွာကလေးတစ်ရွာမှာ အလွန် ချောမောလှပတဲ့ ကောင်မလေးတစ်ယောက် ရှိပါသတဲ့။

ချောမောလှပတယ်ဆိုတဲ့ စကားဟာ သူမနဲ့တွေ့မှသာ ပြည့်စုံပါတယ်လို့ ပြောလို့ရတဲ့ အထိပါပဲတဲ့။

ဒါပေမယ့် ကောင်မလေးဟာ မပျော်ရွင်ပါဘူးတဲ့။

ရုပ်ချောမောလှပသူတွေ တစ်ဗန်းသာတဲ့ ခေတ်ကြီး ထဲမှာ ကောင်မလေးဘာကြောင့် မပျော်ရွင်တာလဲ ဆိုတာကို ရွာထဲက လူတွေ နားမလည်ပါဘူးတဲ့။

ဒါပေမယ့်.....ကောင်မလေးဟာ ကုသိုလ်ရေးကို အဆက်မပြတ်လုပ်ရင်း အမြဲဆုတောင်းပါသတဲ့။

ကောင်မလေး တောင်းတဲ့ဆုကတော့.......
'ထက်မြက်သွက်လက်တဲ့ အဖိုမျိုးစိတ်ဖြစ်ရပါလို၏´

ကောင်မလေးရဲ့ ဆုတောင်းကိုကြားမိတဲ့ ရွာသား အပေါင်းဟာ သူမကို ချီးကျူးကြပါသတဲ့။

'ကောင်မလေးက ယောကျာ်းလေးအဖြစ် ပြန်လည် မွေးဖွားချင်တာဟာ... မြင့်မြတ်တဲ့ စိတ်ထားနဲ့ ရွာအကျိုး ထမ်းဆောင်လိုပုံရတယ်´ လို့ ပြောဆိုကြ သတဲ့ကွယ်။

ဒီလိုနဲ့ နှစ်ကာလတွေကြာညောင်းလို့ ခေတ်အလီလီ ပြောင်းပြီးတဲ့နောက်မှာတော့...... ကောင်မလေးရဲ့ ဆုတောင်းဟာ ပြည့်၀လာခဲ့ပါသတဲ့။

သူမရဲ့ ဆုတောင်းအတိုင်းပဲ သူမဟာ သွက်လက် ထက်မြက်တဲ့ အဖိုမျိုးစိတ်ပိုင်ဆိုင်ခဲ့ပါသတဲ့။

သူမမှာ အရမ်းလှပတဲ့နာမည်တစ်ခုလည်း ရလိုက်ပါ
သတဲ့။

" လိပ်ပြာပျို ~"

သူ ခစားရတဲ့သူကတော့ ချစ်ဖို့ကောင်းပြီး စိတ်ဆိုးလွယ်တဲ့ သခင်လေး ကျင်းလင် ဖြစ်ပါသတဲ့။

ဟုတ်ပါတယ်...။ လိပ်ပြာပျိုဟာ ကုသိုလ်ရေးများစွာ လုပ်ခဲ့တဲ့အတွက် သွက်လက်ထက်မြက်တဲ့ မှော်၀င် သတ္တဝါဖြစ်ပြီး အဖိုမျိုးစိတ်လည်း ဖြစ်ပါသတဲ့။

ဒါပေမယ့် လူဖြစ်ကြောင်း ကုသိုလ်ကတော့ အားနည်းခဲ့တဲ့အတွက် ခွေးထီးချောကြီးဖြစ်လာပါ သတဲ့။

လိပ်ပြာပျိုလေးဟာ ခွေးဘ၀ရတဲ့အတွက် ၀မ်းနည်း ပက်လက်ဖြစ်နေသော်လည်း မှော်နက်အရှင် ဝေ့၀ူရှန်းနဲ့ ဟန်ကွမ်ကျွင်းတို့ကို မြင်ပြီးတဲ့နောက်မှာ တော့ သူဟာ ခွေးဘ၀မှာ ပျော်မွေ့နေပါတော့တယ်။

Mo Dao Zu Shi (Comedy)Where stories live. Discover now