နေရာပြောင်းအစီအရင်(၅)

265 15 0
                                    

Unicode

ရှောင်ကျန့်ပြန်မလာမီ နာရီပိုင်းအလိုတွင်
ဖြစ်သည်။

သုံးနာရီနီးပါးကြာအောင် ဟန်ကွမ်ကျွင်း၏
ပခုံးပေါ်တွင်မီရင်း ငြိမ်သက်စွာနေခဲ့သည်ဖြစ်၍ 
ဝေ့ဝူရှန်း ပျင်းရိလာပါ၏....။

TV ရုပ်သံအစီအစဉ်များအား သုံးနာရီမျှကြာအောင် လေ့လာထားသည်ဖြစ်၍လည်း လက်ရှိရောက်နေသည့် လောကနှင့် ပတ်သက် ၍ ဝေ့ဝူရှန်း အတော်အသင့် နားလည်နေပေပြီ....။

ဓားပျံစီးနှင်ခြင်းဆိုသည်မှာ ဒီက လောကသားများအတွက် ဒဏ္ဍာရီလာ ပုံပြင်သက်သက်မျှသာ ဖြစ်ချေသည်။

မိမိတို့၏ ကိုယ်တွင်းရှိ သိန္ဓိစွမ်းအားကို အသုံးချဖို့ မည်သူမျှ စိတ်မဝင်စားကြတော့ပေ...။

ဤကား ဖြုန်းတီးမှုတစ်ခုပင်ဖြစ်ချေ၏။ 

သို့ငြား တစ်ခုတော့ ကောင်းပါ၏။ သိန္ဓိစွမ်းအားနည်းပါးနေ၍လည်း လူစဉ်မမှီဟု ခံစားရန်မလိုတော့ချေ..။

ဓားပျံစီးနှင်နိုင်ရန်အတွက် သိဒ္ဓိစွမ်းအား သန်မာ လာအောင် လေ့ကျင့်ရန်မလိုတော့။ လမ်းပေါ်မှ လမ်းညွှန်ဆိုင်းဘုတ်များကို နားလည်ရန်သာ လို၏...။ ဘီးပါသော ယာဉ်များကို မောင်းနှင် နိုင်ရန်သာ လို၏။ ကိုယ်တိုင် မမောင်းနှင်သည့် တိုင်အောင် အငှားယာဉ်များကို စီးနှင်နိုင်သေး၏။ 

ဝေ့ဝူရှန်းတို့၏ လောကတွင်တော့ အငှားဓားပျံ 
စီးနှင်နိုင်သည်ဆိုသော နေရာများမရှိချေ။

ဓားပျံနှင့် ယာဉ်၏ ကွာခြားချက်ကို ပြောပါဆို 
ရင်ဖြင့် ဓားပျံသည် ဖင်ရှနိုင်၍ မော်တော်ယာဉ် 
သည် ဖင်ရှနိုင်မည့်ပုံ မပေါ်ပေ။

လက်တစ်ဖဝါးစာသာရှိသည့် ဓားပျံပေါ်တွင် 
မတ်တပ်ရပ် လက်နောက်ပစ်၍ အချိန်ကြာကြာ 
မည်သူက စီးနှင်နိုင်မည်နည်း။ 

ဓားပျံပေါ်တွင် ထိုင်၍ စီးနှင်သည်မျိုးကိုတော့ 
မကြား၊ မမြင်ဖူးသော်ငြား လက်တည့်စမ်းသူများ မရှိဟူတော့ဖြင့် ယတိပြတ်ငြင်းရန် ခက်ခဲပါ၏။

သိဒ္ဓိစွမ်းအင်သုံးစွဲ၍ စီးနှင်ရခြင်းအတူတူကို
အဘယ်ကြောင့် သက်တောင့်သက်သာ ထိုင်၍ 
မစီးနှင်ကြပါသနည်း။

You've reached the end of published parts.

⏰ Last updated: Mar 29, 2022 ⏰

Add this story to your Library to get notified about new parts!

Mo Dao Zu Shi (Comedy)Where stories live. Discover now