If only we breakup .. (Z+U) (...

reta-nan tarafından

2M 161K 15.8K

No descriptions here Daha Fazla

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ေမာင္..... သို႔
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
extra 1
extra 2
extra 3
extra 4
စာအုပ်အဖြစ်ထုတ်ဝေခြင်း
if only we break up

ep 29 ( Final )

107K 5K 759
reta-nan tarafından

အေမတို႕နဲ႕ တစ္ရက္ေလာက္ ထမင္းအတူစားၾကရေအာင္ဆိုတဲ့ ေမာင့္ရဲ႕အထူးတလည္ေတာင္းဆိုခ်က္ေၾကာင့္ စိတ္မပါေသာ္လည္း တစ္ေန႕မဟုတ္တစ္ေန႕ေတြ႕ရမွာပဲဆိုတဲ့စိတ္နဲ႕ ဒီေန႕ ရာျပည့္ ခိုင္ၿမဲရဲ႕အိမ္ကို ေရာက္လာခဲ့သည္ ။ ေမာင္က သူ႕ကို အိမ္ထိလာႀကိဳၿပီး ေခၚလာလို႕ ေယာင္ေတာင္ေတာင္ေတာ့္ ျဖစ္မေနေပမယ့္ ေမာင္တို႕ၿခံထဲေရာက္တာနဲ႕ စိတ္က အနည္းငယ္ေလးလံလာတာ အမွန္ပင္ ။ ေမာင့္ေမေမနဲ႕ေတြ႕ရင္ သူ ေလးစားသမႈကို ျပရမွာလား ၊ ဒါမွမဟုတ္ ပံုမွန္အတိုင္းပဲ ႏူတ္ဆက္ရမွာလား စိတ္က ေ၀ခြဲမရဘဲ ဇေ၀ဇ၀ါနဲ႕ ။ ေမာင့္ေမေမနဲ႕သူ႕ၾကား ကိစၥတစ္ခ်ိဳ႕က ေတာ္ေတာ္ေလး အက်ည္းတန္ခဲ့သည္မဟုတ္လား ။

" ကေလး ......... အဆင္မေျပဘူးဆိုုရင္ေတာင္ ခဏေလးသည္းခံေပးပါေနာ္ ။ ေမေမက ကေလးနဲ႕တစ္ခါေလာက္ ေတြ႕ခ်င္ေသးတယ္လို႕ ေျပာလို႕ ။ သူ ကေလးကို ေနရထုိင္ရခက္ေအာင္ေတာ့ လုပ္မွာမဟုတ္ပါဘူး "

" အင္းပါ ...... ငါအဆင္ေျပတယ္ "

အသက္ကို ၀၀ရွဴရင္း ေမာင့္ကိုဆုပ္ကိုင္ထားတဲ့လက္ကို လႊတ္ကာ အိမ္ထဲကို အတူလိုက္၀င္လုိက္သည္ ။ အိမ္ထဲ၀င္တာနဲ႕ ေမာင့္ရဲ႕ေမေမနဲ႕ေဖေဖက ဧည့္ခန္းမွာ ထိုင္ေနတာကို ျမင္လိုက္သည္ ။ သူ႕ကိုျမင္ေတာ့ ေမာင့္ေဖေဖက အလုိက္သင့္ၿပံဳးျပပါသည္ ။ ေမာင့္ေမေမလည္း အရင္တုန္းက ေတြ႕ခဲ့ဖူးတဲ့ မ်က္ႏွာနဲ႕ျခားနားစြာ သူ႕ကိုၿပံဳးျပႏူတ္ဆက္သည္ ။

" သားတို႕ ေရာက္လာၾကၿပီလား .........."

" ဟုတ္ ......... ကိုကိုေကာ ေမေမ "

" မင္းအကိုႀကီးလား အလုပ္သြားတယ္ ။ အေရးႀကီး ကိစၥရွိလို႕တဲ့ "

ကိုကို အိမ္မွာမရွိတာကိုပဲ သူေက်းဇူးတင္မိသည္။ မဟုတ္ရင္ ကေလးပိုၿပီး အေနရခက္ေနမွာ ။ ခိုင္ၿမဲ ရာျပည့္လက္ကို ဆြဲရင္း ေမေမတို႕ေရွ႕ ၀င္ထိုင္လုိက္သည္ ။

" ေမေမနဲ႔ စကားေျပာႏွင့္က်ဦး ။ ေမာင္ ကေလးစားဖို႕ တစ္ခုခုု သြားျပင္လိုက္မယ္ "

" မဟုတ္တာ ...... ဒီအတိုင္းလည္း အဆင္ေျပတာကို ။ ငါ မနက္စာ စားလာတယ္ "

" ခဏေလးေစာင့္ ........ ေမာင္ ကေလးအတြက္ ညကတည္းက ၀ယ္ထားတဲ့ မုန္႕ေတြရွိတယ္ "

ေျပာမရတဲ့အဆံုး ရာျပည့္ ေမာင့္ကို လြတ္ထားလုိက္သည္ ။ ေမာင့္ေဖေဖကေတာ့ အေနေအးသူပီပီ စကား တစ္ခြန္းစ ႏွစ္ခြန္းစေျပာၿပီးေနာက္ အလုပ္နဲ႕ပက္သက္တဲ့ ဖုန္းလာလို႕ဆုိၿပီး ထသြားသည္ ။ က်န္ခဲ့တာက သူရယ္ ေမာင့္ေမေမပင္ ။

ေဒၚလြင္မာသည္ နဂိုျပင္ဆင္ထားတဲ့ စိတ္အတိုင္း မာနစိတ္ေတြ အကုန္ေလ်ာ့ခ်ကာ ရာျပည့္ကို ေတာင္းပန္သလို ၾကည့္လာသည္ ။

" သား ............ အန္တီ့ကို စိတ္နာေနလား ........."

" ဗ်ာ .................. "

" အန္တီ အရင္က မင္းအေပၚ ေျပာခဲ့ဆိုခဲ့ လုပ္ခဲ့မိတာေတြအတြက္ သားလည္း ေတာ္ေတာ္ေလး စိတ္ဒုကၡေရာက္ခဲ့ရမွာပဲ ။ အန္တီ့ကို မုန္းခ်င္လည္း မုန္းေနခဲ့မွာပဲ ။ ဒီအတြက္ အန္တီမင္းကို ေတာင္းပန္ပါတယ္ ။ အန္တီက ကိုယ့္အတၱနဲ႔ကိုယ္ သားတို႕ရဲ႕ခံစားခ်က္ကို ထည့္မတြက္ဘဲ တစ္ဖက္သတ္ပိတ္ပင္တားဆီးခဲ့မိတယ္ ။ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ျဖစ္ခဲ့တဲ့ ကိစၥၿပီးေနာက္ အန္တီ့သားေလးကိုၾကည့္ၿပီး ေတာ္ေတာ္ေလး ေနာင္တရခဲ့တယ္ ။ သားကို ရွာၿပီးေတာင္းပန္ဖို႕ေတြးမိေသးေပမယ့္ အန္တီမရွာႏိုင္ခဲ့ဘူး "

လူႀကီးတစ္ေယာက္က ခုလိုနွိမ့္ႏွိမ့္ခ်ခ်ေျပာလာေတာ့ ရာျပည့္ အနည္းငယ္ ရိူးတိုးရွန္႕တန္႕ျဖစ္ကာ ေနရထိုင္ရခက္လာသည္ ။ ေမာင့္ေမေမက ဘယ္ေလာက္ပဲ သူ႕ကို နစ္နစ္နာနာေျပာဆိုဆက္ဆံခဲ့သည္ဆိုဦးေတာ့ သူက ေမာင့္ေမေမေလ ။ ေမာင့္ေမေမ စိတ္ခ်မ္းသာရင္ ေမာင္လည္း စိတ္ခ်မ္းသာရမယ္ ။ သူက ေမာင္နဲ႔ပက္သက္ရင္ အားလံုးကို ေမ့ပစ္ေပးႏိုင္ပါသည္ ။

" ဒီကိစၥေတြကို ကြ်န္ေတာ္ ေမ့ပစ္လုိက္တာ ၾကာပါၿပီ ။ မိခင္တစ္ေယာက္အေနနဲ႔ မသင့္ေတာ္ဘူးလို႕ ထင္လို႔ တားဆီးရာကေန လုပ္ခဲ့မိတဲ့အရာေတြအတြက္ ကြ်န္ေတာ္ နားလည္ပါတယ္ ။ ခုမွမဟုတ္ပါဘူး ...... အန္တီ့ကို ကြ်န္ေတာ္ ဘယ္တုန္းကမွ အျပစ္မျမင္ခဲ့ပါဘူး ။ ကြ်န္ေတာ္ကသာ ေတာင္းပန္ရမယ့္သူပါ ။ အရင္တုန္းကေကာ အခုခ်ိန္မွာပါ ခိုင္ၿမဲကို,ကို လက္မလႊတ္ႏိုင္ခဲ့တဲ့ ကြ်န္ေတာ့္ကို ခြင့္လႊတ္ေပးပါ ။"

ရာျပည့္ ထိုင္ေနရာမွ ထရပ္ကာ ေဒၚလြင္မာ အနီးကို ေလွ်ာက္သြားလုိက္သည္ ။ ၿပီးေနာက္ လက္ကိုေပါင္ေပၚတင္ထားကာ ဒူးေထာက္ထိုင္ခ်လိုက္သည္ ။

" ဘာလုပ္တာလဲ .......... ဘာကိစၥ ဒီလို ............."

ေဒၚလြင္မာ အံၾသတႀကီးနဲ႕ဆိုေနတုန္း မီးဖိုခန္းထဲက ခိုင္ၿမဲသည္ မုန္႕ထည့္ထားသည့္ ပန္းကန္ျပားကို ကိုင္လွ်က္ ေျပးထြက္လာသည္ ။ ျဖစ္စဥ္အစအဆံုးကို မသိမျမင္ေပမယ့္ သူ႔မိခင္ေရွ႕ ကေလး ဒူးေထာက္ထိုင္ေနသည္ကိုျမင္ေတာ့ လူက ထူပူသြားသည္ ။

" ကေလး ........ ဘာလုိ႕ ဒူးေထာက္ေနတာလဲ ။ ေမေမ ...... သူ႕ကို ဘာေတြ ေျပာလိုက္ျပန္ၿပီလဲ "

" ေမေမ သူ႔ကို ဘာမွမေျပာပါဘူး ။ ဒါက နားလည္မႈ လြဲေနတာ "

သားျဖစ္သူ ေဒါသတႀကီးေျပာဆိုလာတာကို ေဒၚလြင္မာ ကပ်ာကယာထျငင္းသည္ ။ ဒူးေထာက္ထိုင္ေနသည့္ ရာျပည့္သည္ လိုရင္းကိုမေရာက္ႏိုင္ဘဲ ၾကားမွာ ဒရာမာ၀င္ခင္းေနသည့္ သားအမိေၾကာင့္ ဘယ္ကစေျပာရမွန္းမသိ ၊ ေမာင့္ကိုလက္ကို ေဆာင့္ဆြဲကာ သူနဲ႕အတူ ဒူးေထာက္ထိုင္ခ်ေစၿပီး သူ႔မ်က္္လံုးအစံုကိုမွိတ္ကာ အသံက်ယ္က်ယ္နဲ႕ေျပာလုိက္သည္ ။

" ကြ်န္ေတာ္တို႕ကို လက္ထပ္ခြင့္ျပဳပါ ........... အန္တီ ............."

" ဟုတ္တယ္ ...... သားတို႕ကို လက္ ........... ဘာ ............ ဘာႀကီး ..................... ကေလး ေမာင့္ကို အခု ေမေမ့ဆီက ေတာင္းရမ္းေနတာလား "

ေဒၚလြင္မာလည္း ဘုရားတမိသြားသည္ ။ ခိုင္ၿမဲကိုလည္း မယံုႏိုင္ျဖစ္ကာ ရာျပည့္ကို ၀ိုင္းစက္တဲ့မ်က္လံုးေတြနဲ႕ ၾကည့္ေနမိသည္ ။ ကေလး သူ႕ကိုလက္ထပ္ဖို႕ ေမေမ့ဆီက ခြင့္ျပဳခ်က္လိုလို႕လား ။

ခိုင္ၿမဲ ရာျပည့္အနားတိုးကပ္ကာ လက္တစ္ဖက္နဲ႕ကြယ္ၿပီး တိုးတိုးေလး ကပ္ေျပာလိုက္သည္ ။

" ကေလး ............. ေမေမက ဘယ္လိုေနေန ခြင့္ျပဳရမွာပဲ ။ ဒူးေထာက္စရာမွမလိုတာ ၊ ခြင့္ေတာင္းမိကာမွ ေစ်းကိုင္ေနဦးမယ္ ။ ထ .. ခံုမွာ ျပန္ထိုင္ရေအာင္ "

" ခဏေလးသည္းခံပါဦး ေမာင္ရယ္ ။ လူႀကီးေတြက သူတို႕ကို ဦးစားေပး တိုင္ပင္တာကို သေဘာက်ၾကတယ္ ။ ဒါေၾကာင့္ ေမာင့္အေမဆီက ခြင့္ျပဳခ်က္ ေတာင္းရေအာင္ "

ခိုင္ၿမဲ နားလည္သြားဟန္နဲ႕ ေခါင္းညိတ္လိုက္သည္ ။ ေမေမ့ကို ေမာ့ၾကည့္လိုက္ျပန္ေတာ့ ေမေမသည္ မထင္မွတ္ထားသည့္ အေျခအေနေၾကာင့္ စိတ္လႈပ္ရွားၿပီး ေျပာစရာစကားမ်ားေပ်ာက္ဆံုးသြားဟန္တူသည္ ။

ေဒၚလြင္မာ ရင္ဘတ္ကိုဖိရင္း အသက္ကို ၀ေအာင္ရွဴလိုက္သည္ ။ ဒီကိစၥကို အေစာႀကီးကတည္းက ေတြးမိၿပီးသားျဖစ္ေပမယ့္ သူမသားေလး ဒီလို ေတာင္းရမ္းခံရလိမ့္မယ္လို႕ေတာ့ မေတြးခဲ့ဖူးဘူးေလ ။ ၿပီးေတာ့ သားေလးက လက္ထပ္ဖို႕ အခ်ိန္မတန္ေလာက္ေသးဘူးဟု ထင္မိသည္ ။

" ခဏေလး ............. အန္တီ့ကို ခဏေလး စဥ္းစားခြင့္ျပဳ "

" ေမေမ ......... ကန္႕ကြက္တဲ့စကား မၾကားခ်င္ဘူးေနာ္ ။ ဒီတစ္ခါထပ္ၿပီးကန္႕ကြက္ရင္ သားအျဖစ္မွစြန္႕လႊတ္ေၾကာင္း ကိုယ့္သေဘာနဲ႕ကိုယ္ သတင္းစားထဲ ထည့္ပစ္မယ္ "

က်ဆင္းေနသည့္ေသြးေပါင္မ်ား ခ်က္ခ်င္းေဆာင့္တက္သြားတာလား ထင္မိတဲ့အထိ ေဒၚလြင္မာ မွင္တက္သြားသည္ ။ ဒီသားနဲ႕ ပက္သက္ရင္ ေလ်ာ့ၿပီးရင္း ေလ်ာ့ေလ်ာ့ေလ်ာ့ပဲ ။

ရာျပည့္ ေဒၚလြင္မာကို ခိုးၾကည့္ေနရင္း ခိုင္ၿမဲကို တီးတိုးေျပာလိုက္သည္ ။

" ေမာင္ ............ သေဘာမတူရင္ ၾကြက္ေဆးေသာက္ေသပစ္မယ္လို႕ ၿခိမ္းေျခာက္ေလ ။ ဒါက အရမ္းေပ်ာ့ေသးတယ္ "

" အဲ့ေလာက္ထိ မလိုပါဘူး ။ ေမေမ အရင္ကေလာက္ စိတ္မမာႏိုင္ေတာ့ဘူး"

သူ ရာျပည့္ကို တိုးတိုးေလး ျပန္ကပ္ေျပာကာ မိခင္ျဖစ္သူကို သြားၿဖီးရယ္ျပလိုက္သည္ ။ ေနာက္ဆံုး မတတ္တာစြာနဲ႕ ေဒၚလြင္မာသည္ သက္ျပင္းအရွည္ႀကီးခ်ရင္း အိမ္ေပၚထပ္ကေန ျပန္ဆင္းလာသည့္ ခင္ပြန္းျဖစ္သူကို ေခၚလိုက္သည္ ။

" ေယာက်ာ္းေရ .......... ဒီလာပါဦး ။ ေတာ့္ရဲ႕သား လင္ေကာင္းသားေကာင္းရတာကို ဂုဏ္ျပဳေပးဖို႕ လာပါဦး "

" ေဟ.................... "

ေမာင့္ေဖေဖဆီက အာေမဋိတ္သံထြက္လာၿပီးေနာက္ ရာျပည့္နဲ႕ခိုင္ၿမဲဆီက ရယ္သံၿပိဳင္တူ ထြက္လာေလသည္ ။ ႏွစ္ဦးသား ထိုင္ခံုမွာ ျပန္လည္ထိုင္ေနၾကၿပီးေနာက္ ေမာင့္ရဲ႕မိဘႏွစ္ပါးေရွ႕မွာ သူတို႕ရဲ႕အနာဂတ္ေရွ႕ေရးအတြက္ စြဲထားသည့္ အစီစဥ္ေတြကို ခ်ျပလုိက္သည္ ။

ဒီေလာက္ဆိုရင္ သူတို႕ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းေလးက ပံုျပင္ထဲကလို Happy Ending ျဖစ္သြားေလာက္ၿပီထင္တယ္ ။

***************

မနက္ျဖန္ဆို ရာျပည့္ UK ကိုသြားမယ့္ေန႕မလို႕ ဒီေန႕ကတည္းက အားလံုးကုိ အဆင္သင့္ျဖစ္ေအာင္လုပ္ထားၿပီး သိမ္းဆည္းစရာရွိတာကို သိမ္းဆည္းေနလိုက္သည္ ။ ခိုင္ၿမဲ မ်က္ႏွာမေကာင္းေပမယ့္ တားပိုင္ခြင့္လည္းမရွိတာမို႕ စိတ္မပါတပါနဲ႕ ပစၥည္းေတြကို ေနရာေရြ႕ကူလိုက္သည္ ။

ေန႕တစ္ပိုင္းေလာက္ ပစၥည္ေတြ သိမ္းဆည္းၿပီးတာနဲ႕ ရာျပည့္ အေအးႏွစ္ခြက္ယူၿပီး ခိုင္ၿမဲ ထိုင္ေနတဲ့ဆီေလွ်ာက္လာကာ ယွဥ္တြဲထိုင္လိုက္သည္ ။

" ေမာင္ ......... နည္းနည္းၿပံဳးပါဦး ။ မသိရင္ ရည္းစားက ပစ္သြားလို႕ က်န္ခဲ့တဲ့ ရုပ္နဲ႕ "

" မဟုတ္လုိ႕လား ......... ကေလးမရွိရင္ ေမာင္ ဘယ္ေလာက္ထိ လြမ္းေနမယ္ မသိလို႕လား "

ရာျပည့္ ခပ္ဟဟပင္ရယ္ရင္း ခိုင္ၿမဲရဲ႕ လက္ဖ၀ါးနဲ႕ သူ႕လက္ဖ၀ါးကို ထပ္တူက်ေအာင္ယွက္ထားရင္း ခိုင္ၿမဲပုခံုးေပၚမွီအိပ္ေနလိုက္သည္ ။

" ေမာင္ ............ "

" ေျပာ .............."

" ငါ မရွိရင္ ငါ့ကို တကယ္လြမ္းေနမွာလား "

" မလြမ္းဘဲ ရွိမွာလား ။ သြားေတာင္ မသြားေစခ်င္တာကို "

" တကယ္ မသြားေစခ်င္ဘူးလား ။ လံုး၀ မသြားေစခ်င္တာလား "

ခိုင္ၿမဲ တခဏေတာ့ ၿငိမ္သက္သြားသည္ ။ တကယ္မသြားေစခ်င္ေပမယ့္ ကေလးရဲ႕ ရည္မွန္းခ်က္ေတြကို သူ မတားဆီး မပိတ္ပင္ရက္ပါ ။ သူ႕ေၾကာင့္ ကေလးရဲ႕တက္လမ္းေတြ အမ်ားႀကီး ပိတ္ေနခဲ့ၿပီးၿပီ ။ ဒီထက္ပိုတားဆီးမယ္ဆို သူ႕ေလာက္ အတၱႀကီးတဲ့သူ ကမၻာေပၚမွာ ရွိေတာ့မွာ မဟုတ္ဘူး။

" စီစဥ္ထားၿပီးၿပီဆိုေတာ့ သြားပါ ။ ဒါေပမယ့္ ေမာင့္ကို အၿမဲသတိရေနေပးေနာ္ ။ လံုး၀ မေမ့ပစ္ရဘူး။ အဆက္သြယ္ မျဖတ္ရဘူးေနာ္ ။"

" ငါ ေမာင့္ကို လက္ေဆာင္ေပးစရာရွိတယ္ "

ရာျပည့္ အိတ္ကပ္ထဲက ကားေသာ့ကို ႏိူက္ယူၿပီး ခိုင္ၿမဲလက္ထဲ ထည့္ေပးလုိက္သည္ ။

" ငါအခုသံုးေနတဲ့ကားက ၀ယ္ထားတာ မၾကာေသးဘူး ။ ေမာင္ အဲ့ဒီကားကို ယူသံုးလုိက္ "

" အာ ...... မယူဘူး ။ ေမာင္ သိပ္မၾကာခင္ ကားျပန္၀ယ္မွာ ။ ကေလးရဲ႕ ပစၥည္းတိုင္းကို ေမာင္မွ်သံုးခဲ့ေပမယ့္ ကားေတြ အိမ္ေတြကုိေတာ့ ကေလးမရွိတဲ့အခ်ိန္ ယူမထားခ်င္ဘူး "

ခိုင္ၿမဲ ရာျပည့္လက္ထဲ ကားေသာ့ကို ျပန္လည္ထိုးထည့္ေပးရင္း ျငင္းဆန္လိုက္သည္ ။ မလိုအပ္လုိ႕မဟုတ္ ၊ ကေလးကို ခ်စ္တာေၾကာင့္ အထူးခံစားခြင့္ေတြရတယ္လို႕ ကေလးရဲ႕မိဘေတြကို မျမင္ေစခ်င္ ။ သူကသာ ကေလး လိုအပ္တဲ့အရာေတြကို ျဖည့္ဆည္းေပးခ်င္သူပါ ။

ရာျပည့္ ခိုင္ၿမဲကို ေခတၱမွ်အကဲခတ္ၿပီးေနာက္ ပါးပါးေလးၿပံဳးရင္း ကားေသာ့ကို ျပန္လည္သိမ္းထားလိုက္သည္ ။ ထို႕ေနာက္ ခိုင္ၿမဲ ရင္ခြင္ထဲ အတင္းတိုး၀င္ကာ ပ်င္းရိတြဲစြာ သမ္းေ၀လိုက္သည္ ။

" အိပ္ခ်င္တယ္ ....... ေခ်ာ့သိပ္ "

"ေန႕ခင္ဖက္ႀကီး အိပ္မလုိ႕လား ။ ေခါင္းကိုက္ဦးမယ္ "

" ရတယ္ ......... ထလာရင္ တစ္ခုခုေသာက္လုိက္မယ္ "

ရာျပည့္သည္ ခိုင္ၿမဲရဲ႕ေပါင္ေပၚသို႕ ဦးေခါင္းကိုေရြ႕လ်ားလိုက္ၿပီး အိပ္ခ်လိုက္သည္ ။ သူ႔ရဲ႕ဆံပင္ေခ်ာင္းေတြၾကား လက္ေခ်ာင္းေလးေတြ၀င္လာၿပီး ပြတ္သပ္ေပးေနေသာေၾကာင့္ မ်က္လံုးေတြက ေမွးစင္းလာသည္ ။ အိပ္မေပ်ာ္သြားခင္စပ္ၾကား ၿပံဳးေယာင္သမ္းေနသည့္ ႏူတ္ခမ္းၾကားက စကားလံုးေတြက ဗလံုးဗထြးနဲ႔ထြက္လာသည္ ။

" ေနာက္ခါက် အခ်ိန္ရတိုင္း ဒီလိုဇိမ္ခံရမယ္ "

*********************

ဤခရီးတြင္ ရာျပည့္ကို ေလဆိပ္ထိ ခိုင္ၿမဲကိုယ္တိုင္လိုက္ပို႔ေပးခဲ့သည္ ။ ဒီတစ္ခါေတာ့ ရာျပည့္ အေနာက္ကို ျပန္လွည့္မလာခဲ့သလို ခိုင္ၿမဲကလည္း ရာျပည့္ေဘးမွာ တိတ္တဆိတ္နဲ႕ ပါမလာခဲ့ပါ ။ ခရီးတိုတစ္ခုလုိ သေဘာထားၿပီးေနာက္ အလြမ္းအေဆြးစကားေတြေတာင္ မ်ားမ်ားစားစား မေျပာျဖစ္လိုက္ၾက ။ ေလယာဥ္ေပၚမတက္ခင္ထိ ေမာင္ သူ႕ကိုၿပံဳးျပႏူတ္ဆက္ေနခဲ့ေပမယ့္ သူ႕လက္ကို မလႊတ္ခ်င္လႊတ္ခ်င္လုပ္ေနသည့္ ေမာင့္ေၾကာင့္ သြားရမယ့္သူေတာင္ ၀န္ေလးေနမိသည္ ။ ဒါေပမယ့္ အခ်ိန္ေတြက မ်က္စိတစ္မွိတ္အတြင္း ကုန္သြားမွာပါ ။ အရာရာအားလံုး အဆင္ေျပသြားမွာပါ ။

ရာျပည့္ ထြက္သြားၿပီး ၃လ အၾကာမွာေတာ့ ခိုင္ၿမဲ လက္ရွိအလုပ္ကေနထြက္ၿပီး စားေမးပြဲေတြျပန္ေျဖသည္ ။ ရာျပည့္ကို ေစာင့္ေရွာက္ႏို္င္ဖို႕ဆိုရင္ သူ႕ဘ၀ကို ေအးေအးေဆးေဆးနဲ႕ျဖတ္သန္းဖို႕က မျဖစ္ေတာ့ ။ ေလာဘႀကီးႀကီးနဲ႕ ေျခလွမ္းက်ဲက်ဲေလွ်ာက္ရေတာ့မည္ ။

ေန႕စဥ္ေန႕တိုင္း Video Call ေခၚျဖစ္ၾကလို႕ သူတုိ႕ႏွစ္ဦးၾကားမွာ ေ၀းကြာေနတယ္လို႕ သိပ္မခံစားရေတာ့ဘဲ အခ်ိန္ၾကာလာတာနဲ႕ ေနသားၾကလာသည္ ။ အခ်ိန္နာရီေတြမတူၾကေပမယ့္ သူတို႕ရဲ႕ဆက္သြယ္မႈက ျပတ္ေတာက္မသြားပါ ။ တကယ္တမ္းေတာ့ ဒီေ၀းကြာမႈေလးက သူတို႕ႏွစ္ဦးၾကား ပိုမိုနီးစပ္ေစခဲ့သည္ ။ သူတို႕ရဲ႕ စိတ္ေတြကို ပိုမိုနီးစပ္ေစၿပီး တစ္ဦးေပၚတစ္ဦးပိုမိုနားလည္လာသည္ ။ ၿပီးေတာ့ ၁ ႏွစ္ဆိုေပမယ့္ ဒီအေတာအတြင္း ခိုင္ၿမဲ ပိုမိုၿပီး ရင့္က်က္လာ၏ ။

ဒီႏွစ္ ခရစ္စမတ္ ကေလးရွိေနရင္ သိပ္ေကာင္းမွာပဲလုိ႕ေတြးမိေပမယ့္ ကေလးက ျပန္လာမယ့္အေၾကာင္းကို အရိပ္အမြက္ေတာင္ မဟေသး ။

ကေလးရွိတတ္တဲ့ အခ်ိန္ကို ခန္႕မွန္းရင္း သူ စာေတြပို႕ထားမိသည္ ။

ကေလး ......... ျပန္မလာေတာ့ဘူးလား ။ ေမာင္ အရမ္းလြမ္းေနၿပီ ။

ၾကာၾကာပင္ မေစာင့္လိုက္ရ ကေလး ခ်က္ခ်င္း reply ျပန္လာသည္ ။

ေမာင္ ....... ငါ ဒီမွာ လပိုင္းေလာက္ ဆက္ေနဦးမယ္ ။ မၿပီးျပတ္ေသးတဲ့ ကိစၥေတြ ရွိေသးလို႕ ။ ငါလည္း ေမာင့္ကို လြမ္းတာပဲ ။ ေမာင္ ငါ့ကို နားလည္ေပးပါေနာ္ ။

ဘာလို႕ ထပ္ေနဦးမွာလဲ ။ ေျပာေတာ့ ၁ ႏွစ္ပဲဆို ။ ကတိမတည္ဘူး ......... ကေလးကို လိမ္ညာတယ္ ။ ျပန္မလာပါနဲ႕ေတာ့ .... ေနခ်င္သလုိေနပါ ။ ဒီကလူလည္း ေနခ်င္သလို ေနၿပီ ။

ခိုင္ၿမဲ စိတ္တိုတိုနဲ႕ ဖုန္းခ်လိုက္မိသည္။ ၿပီးေနာက္ ဖုန္းကို လက္တစ္ကမ္းအကြာမွာထားရင္း အိပ္ယာေပၚမွာ သူ လူးလိမ့္ေနမိသည္ ။ စိတ္မဆိုး စိတ္မေကာက္ခ်င္ပါဘူး ။ သူ႕အရြယ္က စိတ္ဆိုးစိတ္ေကာက္သင့္တဲ့အရြယ္လည္းမဟုတ္ ။ ဒါေပမယ့္ေလ သူ ကေလးကို ပိုၿပီးခ်စ္မိေလ တစ္ခုခုဆို အေတြးလြန္ၿပီး ပိုၿပီးပင္ပန္းလာတယ္ ။

Ringing.......

Ringing.........

Messenger ကေန ဆက္တိုက္ဆိုသလို ေခၚလာတဲ့ ဖုန္းသံေၾကာင့္ ခိုင္ၿမဲ ဖုန္းကို တစ္ခ်က္ယူၾကည့္လုိက္သည္ ။ ေခၚဆိုသူက ကေလးရဲ႕အေကာင့္ျဖစ္ေနလုိ႕ ခုိင္ၿမဲ ခ်က္ခ်င္းပင္ ဖုန္းခ်ပစ္ၿပီး mobile data ကိုပါ ပိတ္ခ်လိုက္သည္ ။

မသိဘူး.......... သူ အရမ္းကို စိတ္ေကာက္ေနမိၿပီ ။

ျပန္မလာနဲ႔ေပါ့ ............... ျပန္လာရင္ ေလဆိပ္ကို ဘယ္ေတာ့မွ သြားမႀကိဳဘူးမွတ္ ။

ဒါေပမယ့္ သူတကယ္မွားသြားခဲ့၏ ။ အဲ့ေန႕ကစ ၃ ရက္ေျမွာက္ေန႕အထိ သူ ကေလးနဲ႕ အဆက္အသြယ္မရေတာ့ ။ စိတ္ဆိုးေျပလုိ႕ သူ ကေလးကို message ေတြပို႕ထားေပမယ့္ reply ျပန္ဖုိ႕ေနေနသာသာ သူ႕စာေတြ seen ေတာင္မျဖစ္ေတာ့ ။ သူ စိတ္ဆိုးတာထက္ပို ကေလး သူ႕ကို စိတ္ဆိုးသြားတာလား။

သူ ကေလးကို ေတာင္းပန္တဲ့အေၾကာင္း စာေတြအမ်ားႀကီး ပို႕ထားခဲ့ေပမယ့္ ကေလးကေတာ့ ေနႏိုင္စြာပင္ စာေတြကို လံုး၀ဖြင့္မၾကည့္ခဲ့ ။ ဒါ သူမရွိလည္း ေနႏိုင္ၿပီလုိ႕ ဆိုလိုတာမ်ားလား ။ ေယာက်ာ္းတစ္ေယာက္ဆိုေပမယ့္ အေတြးေတြနဲ႕အတူ မ်က္ရည္ေတာ့ က်မိသား ။ သူ ကေလးကိုယံုပါတယ္....... တစ္ေန႕ ကေလး သူ႕ဆီကုိပဲ ျပန္လာမွာပါ ။

ဒီႏွစ္ေဆာင္းက အေအးလိႈင္းျဖတ္တာမလို႕ မထုတ္၀တ္ျဖစ္တာ ၾကာၿပီျဖစ္တဲ့ အေႏြးထည္အထူေတြကို ထုတ္၀တ္ရင္း ခိုင္ၿမဲ ညဖက္သင္ၾကားသည့္ ဘာသာစကား သင္တန္းကို သြားခဲ့ရသည္ ။

သင္တန္းက ျပန္လာေတာ့ Taxi ေပၚ မတက္ခင္ ေပါက္စီပူပူေလး ႏွစ္လံုးကို ၀ယ္ၿပီး သူ႕အိတ္ကပ္ထဲထည့္ကာ Taxi တစ္စီးကို တားစီးလိုက္သည္ ။ ေႏြးေနဆဲျဖစ္သည့္ ေပါက္စီႏွစ္လံုးကို ပလုပ္ပေလာင္းစားရင္း လူေျခရွဴပ္သည့္ ညေစ်းဖက္ကို အကဲခတ္ၾကည့္လုိက္သည္ ။ ဒီလိုခ်ိန္မွာ ကေလးရွိေနရင္ ဘယ္ေလာက္ေတာင္ ျပည့္စံုေနလိမ့္မွာလဲ ။

သူ႕အျဖစ္က ဘာကိုပဲျမင္ျမင္၊ ဘာကိုပဲေတြးေတြး ရာျပည့္ကို ဦးစြာသတိရေနမိတတ္သည္ ။ ေပါက္စီစားလုိ႕ၿပီးတာနဲ႕ အသင့္ပါလာတဲ့ မွတ္စုစာအုပ္ကို ထုတ္ၾကည့္လို္က္သည္ ။ ဒီအသက္အရြယ္နဲ႕ အထက္တန္းေက်ာင္းသားေတြလို စာႀကိဳးစားရတာကလည္း မလြယ္လွ ။

" ဒီေနရာလား ..........."

Taxi သမားရဲ႕ အသံကိုၾကားမွ ခိုင္ၿမဲ သတိ၀င္ၿပီး ယာဥ္ေမာင္းကို ပိုက္ဆံထုတ္ေပးလိုက္သည္ ။

" ေက်းဇူးပါဗ် ..........."

အခ်ိန္အားျဖင့္ ည ၈ နာရီထိုးေတာ့မွာ ျဖစ္ေသာ္လည္း ေဆာင္းရာသီမလုိ႕လားမသိ ပိုၿပီး မုိးခ်ဳပ္ေနသည္ဟု ထင္ရသည္ ။ မည္မွ်ပင္ ညနက္သည္ ဆိုဦးေတာာ့ ဒီပတ္၀န္းက်င္မွာက တစ္ညလံုးနီးပါး လူသံေခြးသံေတြကို ၾကားေနရဆဲပင္ ။

ေဂ်ာက္ ........

အိမ္တံခါးကို ဖြင့္လိုက္ေတာ့ အခန္းမီးက လင္းေနၿပီးသားမလုိ႕ သူ တစ္ခ်က္ေတာ့ လန္႕သြား၏ ။ မသြားခင္က ေသခ်ာေပါက္ မိန္းခ်ခဲ့သည္ဟု ထင္မိေသာ္လည္း ယခုမူကာ အိမ္တစ္အိမ္လံုး လင္းထိန္ေနသည္ ။

Jingle Bells Christmas သီခ်င္းက အခန္းထဲမွာ တိုးတိုးေလးပ်ံ႕လြင့္ေနသည္ ။

ခ်က္ခ်င္းဆိုသလို သူ႕ႏွာ၀မွာ ဟင္းနံ႕သင္းသင္းကို ရွဴရူိက္မိ၍ ေခါင္းနပန္းေတြႀကီးလာၿပီး သူ အိမ္ေနာက္ေဖးကို ေျပး၀င္မိသြားသည္ ။

ပန္းကန္ခြက္ေယာက္ စီခ်ေနတဲ့အသံေတြကို ၾကားေနရၿပီး သူ ျမင္ရသည့္ လူတစ္ဦး၏ ေနာက္ေက်ာက သိပ္ကို ရင္းႏွီးေနလြန္းသည္ ။ အျမန္ေရာက္ခ်င္ေနသည့္စိတ္ေၾကာင့္ ေျခလွမ္းေတြက မမွန္ေတာ့ဘဲ ကမွဴးရွဴးထိုးပံုစံနဲ႕ အေလာတေကာေျပးသြားေတာ့ ၾကမ္းျပင္ေပၚက ပစၥည္းေတြနဲ႔ တိုက္မိေသးသည္ ။

" ျပန္လာၿပီလား .............. ေမာင္ "

သူတစ္ခ်ိန္လံုး လြမ္းဆြတ္ေနခဲ့ရသည့္ လူတစ္ဦးသည္ ထမင္းစားပြဲေပၚမွာ ဟင္းပြဲေတြ ခူးခပ္ေနကာ သူ႕ကိုျမင္ေတာ့ မအံၾသသြားသလို ရယ္ျပေနသည္ ။ သူ တေစၦေျခာက္ခံရတာလား ။ ဒါမွမဟုတ္ ကေလးကို အမွန္တကယ္ ျမင္ေနရတာလား ။

ဘာစကားမွ မဆိုႏိုင္ခင္ သူ ရာျပည့္ဆီကို အေျပးသြားၿပီး အားအင္အျပည့္ႏွင့္ လွမ္းဖက္လုိက္လို႕ ႏွစ္ဦးသား အရွိန္လြန္ၿပီး ၾကမ္းျပင္ေပၚကို ျပဳတ္က်သြားတဲ့အထိ ။

အင့္... ဘုတ္...........!

" အား ............ ေမာင္ ....... နာလုိက္တာ ၊ ဘယ္လိုျဖစ္ေနတာလဲ "

" တကယ္ပဲ ကေလး ျပန္ေရာက္ေနတာပဲ ။ ဘာလို႔ မေျပာမဆိုနဲ႕ ျပန္ေရာက္ေနတာလဲ ။ ေမာင့္ကို အသိေပးဦးမွေပါ့ ။ ေမာင္က ကေလးျပန္ေရာက္လာရင္ ေလဆိပ္သြားႀကိဳဖို႕အတြက္ ၀တ္စံုအသစ္ေတြေတာင္ ၀ယ္ထားတာ ''

ၾကမ္းျပင္ေပၚက ျပန္မထေသးဘဲ သူ ရာျပည့္ကို ဆက္လက္ဖက္တြယ္ထားဆဲပင္ ။ ေအာက္ကလူ အသက္ရွဴလုိ႕ အဆင္ေျပလား မေျပလား သူမသိ၊ ဖက္ထားသည့္ လက္အစံုကို လြတ္ထြက္သြားမွာစိုးသည့္အလား တင္းတင္းက်ပ္က်ပ္ ဖက္တြယ္ထားဆဲ ။

" Happy Christmas..... Darling ''

" ေအာ္... ခရစ္စမတ္မွန္းေတာ့ သတိရေသးတာပဲ ။ ေျပာပါဦး.... ဆိုင္းမဆင့္ဗံုမဆင့္ ျပန္လာရျခင္း အေၾကာင္းရင္း ''

" ေမာင့္ကို အံၾသေစခ်င္လို႕ေလ ။ ဘယ္ႏွယ့္လဲ ........... ခု ငါ့ကို ျမင္ေတာ့ ေမာင္ ဘယ္လုိခံစားရလဲ ....... ေပ်ာ္လား "

" ေမာင့္ကို ႏွလံုးခုန္ရပ္ၿပီး ေသေစခ်င္လုိ႕လား ။ ဘာလို႕ မေျပာမဆိုနဲ႕ လူကို အံအားသင့္ေအာင္ လုပ္ရတာလဲ "

" ၿပီးခဲ့တဲ့ ရက္ေတြတုန္းက စိတ္ေကာက္ၿပီး ဖုန္းဆက္တာကို မကိုင္တာ ဘယ္သူလဲ ။ ဒါေၾကာင့္ မွတ္ေလာက္သားေလာက္ေအာင္ ပစ္ထားလိုက္တာ ။ သူပဲ ျပန္မလာရင္ ဘာျဖစ္မယ္ ညာျဖစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ခဲ့ၿပီးမွ ။ ငါ့မွာ ဘယ္ေလာက္ထိ အေလာတေကာနဲ႕ ျပန္လာခဲ့ရတယ္မွတ္တုန္း "

ႏွစ္ဦးစလံုး ျပန္ထဖို႕မစဥ္းစားၾကဘဲ ၾကမ္းျပင္ေပၚ ေခြေခြေလးလဲွအိပ္ေနၿပီး ရာျပည့္ ခိုင္ၿမဲရင္ခြင္ထဲ ခို၀င္လိုက္သည္ ။ ဒီရင္ေငြ႕ကို သူ လြမ္းေနခဲ့တာေလ။ ခိုင္ၿမဲသည္ လေပါင္းမ်ားစြာ လြမ္းဆြတ္ေနခဲ့ရသည့္ ခ်စ္ရသူ နဖူးျပင္ေပၚ အနမ္းေႏြးေႏြးတစ္ပြင့္ေခြ်ရင္း ေအးစက္ေနတဲ့ လက္ေခ်ာင္းေလးေတြကို အာေငြ႕ေပးလုိက္သည္ ။

" ေမာင့္ဆီ ျပန္လာခဲ့ေပးတာ ေက်းဇူးတင္ပါတယ္ ။ ေနာက္တစ္ခါေတာ့ ဘယ္နည္းနဲ႕မွ မလႊတ္ႏိုင္ေတာ့ဘူး ။ ကေလးမရွိရင္ ေမာင္ တကယ္ရူးသြားမွာ "

" ရူးသြားတာကို ျမင္ခ်င္ပါတယ္ ။ ဒါဆုိ သြားလုိက္ပါဦးမယ္ "

ရာျပည့္ စေနာက္ၿပီး ခိုင္ၿမဲ ရင္ခြင္ထဲကေန ရုန္းထြက္ကာ ထထိုင္ေတာ့ ခိုင္ၿမဲပါ ထထိုင္ၿပီး ရာျပည့္လက္ေကာက္၀တ္ကို ဖမ္းဆြဲလုိက္သည္ ။

" ဒီလုိဘယ္ရမလဲ ......... လာစမ္း ၊ ဒီမွာ အလြမ္းေတြကို အတိုးနဲ႕တကြ ဆပ္ဖို႕ က်န္ေသးတယ္ "

ခိုင္ၿမဲ ရာျပည့္ မ်က္ႏွာကို သူ႕လက္ေခ်ာင္းေလးေတြနဲ႕ ညွပ္ယူၿပီး အနည္းငယ္ေျခာက္ေသြ႕ေနတဲ့ ႏူတ္ခမ္းပါးကို သူ႕ႏူတ္ခမ္းေတြနဲ႕ ထိေတြ႕ေစလုိက္သည္ ။ တန္ျပန္ေပးလာတဲ့ အနမ္းေတြက ခ်ိဳၿမိန္လြန္းလို႕ မည္သည့္စကားလံုးေတြနဲ႕ ႏႈိင္းယွဥ္ရမွန္း မသိေလာက္ေအာင္ပင္ ။ အားရေအာင္ နမ္းရိူက္ၿပီးေနာက္ ခိုင္ၿမဲသည္ ရာျပည့္ႏူတ္ခမ္းနားတစ္၀ိုက္မွာ ေပေရေနတဲ့ တံေတြးစေတြကို သူ႕လက္နဲ႕သုတ္ေပးရင္း ေနာက္ထပ္ အနမ္းတစ္ခုကို ဖြဖြေလး ေပးလုိက္သည္ ။

" ကေလးက ေမာင့္ကို လြမ္းလုိ႕လား "

" လြမ္းတာထက္ ပိုတယ္ ။ ေမာင့္ထက္ပိုၿပီး အေရးႀကီးတဲ့ အရာမရွိလုိ႕ ျပန္လာခဲ့တာ ။ အသက္ထက္ခ်စ္တယ္ဆိုတာ အပိုေျပာတာမဟုတ္ဘူး ။ ေမာင္က ေတာင္းဆိုရင္ ငါ့အသက္ကိုေတာင္ ေပးႏိုင္ပါတယ္ "

ခ်စ္ျခင္းေတြျပည့္၀ေနတဲ့ မ်က္၀န္းတစ္စံုက ခိုင္ၿမဲကို ရႊန္းရႊန္းစားၾကည့္လာၿပီး ႏူးည့ံတဲ့ စကားလံုးေတြကိုေရြးခ်ယ္ေျပာလာေတာ့ ခိုင္ၿမဲအဖို႕ ခုေနေသသြားရင္ေတာင္ ေနာင္တမရေတာ့ ။

" ေမာင့္ကို အဲ့ေလာက္ထိ ခ်စ္တာပဲလား ........."

" ငါက အခ်စ္ကိုကိုးကြယ္တယ္ .....ေမာင္ ။ ၿပီးေတာ့ ေမာင့္ကို ကိုးကြယ္တယ္ ။ ေမာင္ရွိမွ ငါျဖစ္တည္ႏိုင္မယ္လို႕ ယံုၾကည္မိတဲ့အထိပဲ "

အခန္းေလးက တစ္ဖန္ျပန္လည္တိတ္ဆိတ္သြားသည္ ။ သူတို႕ႏွစ္ဦးၾကားမွာ စကားလံုးေတြနဲ႕ သက္ေသျပဖို႕ မလိုအပ္ေတာ့ ။

ကေလးထက္ပို ေမာင္က အခ်စ္ကို ကိုးကြယ္မိတ့ဲသူပါ ။ ကေလးထက္ပို ေမာင္က ကေလးကို ကိုးကြယ္ေနမိတဲ့သူပါ ။

ခ်စ္တယ္ဆိုတဲ့စကားလံုးထက္ပို ပိုၿပီးခ်စ္ပါတယ္ ။ ျမတ္ႏိုးတယ္ဆိုတဲ့ စကားလံုးေတြထက္ပို ပိုၿပီး ျမတ္ႏိုးပါတယ္ ။

အရာအားလံုးထက္ပို ပုိၿပီးတန္ဖိုးထားပါတယ္ ။

ေမာင္ဟာေလ .......... ကေလး အတြက္ပဲ အသက္ရွင္သြားမယ့္ သူမ်ိဳးပါ ။

-------------------

26.8.2019

ၿပီးပါၿပီ ။ fic ေတြက အဆံုးသတ္ေရာက္တိုင္း ေပါ့သြားတယ္ဆိုတာ သိေလာက္မွာပါ ။ ေျပာရမယ္ဆိုရင္ fic တစ္ခု အဆံုးသတ္ခါနီးတိုင္း မအားလပ္ေစမယ့္ အေၾကာင္းရင္းေတြ အၿမဲေပၚလာတယ္ ။ ၿပီးေတာ့ ေရးေနရင္း လမ္းေပ်ာက္သြားတာမ်ိဳးလည္း မၾကာခဏ ႀကံဳရတယ္ ။ ဘာဆက္ေရးလို႕ ေရးရမွန္း မသိဘူး ။ ခဏေတာ့ စာေရးတာ နားမယ္ဗ်ာ ။ fic အေဟာင္းေတြကို ေသခ်ာေလး ျပန္စစ္မလို႕ ။

----------------------

[Unicode]

အမေတို့နဲ့ တစ်ရက်လောက် ထမင်းအတူစားကြရအောင်ဆိုတဲ့ မောင့်ရဲ့အထူးတလည်တောင်းဆိုချက်ကြောင့် စိတ်မပါသော်လည်း တစ်နေ့မဟုတ်တစ်နေ့တွေ့ရမှာပဲဆိုတဲ့စိတ်နဲ့ ဒီနေ့ ရာပြည့် ခိုင်မြဲရဲ့အိမ်ကို ရောက်လာခဲ့သည် ။ မောင်က သူ့ကို အိမ်ထိလာကြိုပြီး ခေါ်လာလို့ ယောင်တောင်တောင်တော့် ဖြစ်မနေပေမယ့် မောင်တို့ခြံထဲရောက်တာနဲ့ စိတ်က အနည်းငယ်လေးလံလာတာ အမှန်ပင် ။ မောင့်မေမေနဲ့တွေ့ရင် သူ လေးစားသမှုကို ပြရမှာလား ၊ ဒါမှမဟုတ် ပုံမှန်အတိုင်းပဲ နူတ်ဆက်ရမှာလား စိတ်က ဝေခွဲမရဘဲ ဇဝေဇဝါနဲ့ ။ မောင့်မေမေနဲ့သူ့ကြား ကိစ္စတစ်ချို့က တော်တော်လေး အကျည်းတန်ခဲ့သည်မဟုတ်လား ။

" ကလေး ......... အဆင်မပြေဘူးဆိုရင်တောင် ခဏလေးသည်းခံပေးပါနော် ။ မေမေက ကလေးနဲ့တစ်ခါလောက် တွေ့ချင်သေးတယ်လို့ ပြောလို့ ။ သူ ကလေးကို နေရထိုင်ရခက်အောင်တော့ လုပ်မှာမဟုတ်ပါဘူး "

" အင်းပါ ...... ငါအဆင်ပြေတယ် "

အသက်ကို ၀၀ရှူရင်း မောင့်ကိုဆုပ်ကိုင်ထားတဲ့လက်ကို လွှတ်ကာ အိမ်ထဲကို အတူလိုက်ဝင်လိုက်သည် ။ အိမ်ထဲဝင်တာနဲ့ မောင့်ရဲ့မေမေနဲ့ဖေဖေက ဧည့်ခန်းမှာ ထိုင်နေတာကို မြင်လိုက်သည် ။ သူ့ကိုမြင်တော့ မောင့်ဖေဖေက အလိုက်သင့်ပြုံးပြပါသည် ။ မောင့်မေမေလည်း အရင်တုန်းက တွေ့ခဲ့ဖူးတဲ့ မျက်နှာနဲ့ခြားနားစွာ သူ့ကိုပြုံးပြနူတ်ဆက်သည် ။

" သားတို့ ရောက်လာကြပြီလား .........."

" ဟုတ် ......... ကိုကိုကော မေမေ "

" မင်းအကိုကြီးလား အလုပ်သွားတယ် ။ အရေးကြီး ကိစ္စရှိလို့တဲ့ "

ကိုကို အိမ်မှာမရှိတာကိုပဲ သူကျေးဇူးတင်မိသည်။ မဟုတ်ရင် ကလေးပိုပြီး အနေရခက်နေမှာ ။ ခိုင်မြဲ ရာပြည့်လက်ကို ဆွဲရင်း မေမေတို့ရှေ့ ဝင်ထိုင်လိုက်သည် ။

" မေမေနဲ့ စကားပြောနှင့်ကျဦး ။ မောင် ကလေးစားဖို့ တစ်ခုခု သွားပြင်လိုက်မယ် "

" မဟုတ်တာ ...... ဒီအတိုင်းလည်း အဆင်ပြေတာကို ။ ငါ မနက်စာ စားလာတယ် "

" ခဏလေးစောင့် ........ မောင် ကလေးအတွက် ညကတည်းက ဝယ်ထားတဲ့ မုန့်တွေရှိတယ် "

ပြောမရတဲ့အဆုံး ရာပြည့် မောင့်ကို လွတ်ထားလိုက်သည် ။ မောင့်ဖေဖေကတော့ အနေအေးသူပီပီ စကား တစ်ခွန်းစ နှစ်ခွန်းစပြောပြီးနောက် အလုပ်နဲ့ပက်သက်တဲ့ ဖုန်းလာလို့ဆိုပြီး ထသွားသည် ။ ကျန်ခဲ့တာက သူရယ် မောင့်မေမေပင် ။

ဒေါ်လွင်မာသည် နဂိုပြင်ဆင်ထားတဲ့ စိတ်အတိုင်း မာနစိတ်တွေ အကုန်လျော့ချကာ ရာပြည့်ကို တောင်းပန်သလို ကြည့်လာသည် ။

" သား ............ အန်တီ့ကို စိတ်နာနေလား ........."

" ဗျာ .................. "

" အန်တီ အရင်က မင်းအပေါ် ပြောခဲ့ဆိုခဲ့ လုပ်ခဲ့မိတာတွေအတွက် သားလည်း တော်တော်လေး စိတ်ဒုက္ခရောက်ခဲ့ရမှာပဲ ။ အန်တီ့ကို မုန်းချင်လည်း မုန်းနေခဲ့မှာပဲ ။ ဒီအတွက် အန်တီမင်းကို တောင်းပန်ပါတယ် ။ အန်တီက ကိုယ့်အတ္တနဲ့ကိုယ် သားတို့ရဲ့ခံစားချက်ကို ထည့်မတွက်ဘဲ တစ်ဖက်သတ်ပိတ်ပင်တားဆီးခဲ့မိတယ် ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဖြစ်ခဲ့တဲ့ ကိစ္စပြီးနောက် အန်တီ့သားလေးကိုကြည့်ပြီး တော်တော်လေး နောင်တရခဲ့တယ် ။ သားကို ရှာပြီးတောင်းပန်ဖို့တွေးမိသေးပေမယ့် အန်တီမရှာနိုင်ခဲ့ဘူး "

လူကြီးတစ်ယောက်က ခုလိုနှိမ့်နှိမ့်ချချပြောလာတော့ ရာပြည့် အနည်းငယ် ရိူးတိုးရှန့်တန့်ဖြစ်ကာ နေရထိုင်ရခက်လာသည် ။ မောင့်မေမေက ဘယ်လောက်ပဲ သူ့ကို နစ်နစ်နာနာပြောဆိုဆက်ဆံခဲ့သည်ဆိုဦးတော့ သူက မောင့်မေမေလေ ။ မောင့်မေမေ စိတ်ချမ်းသာရင် မောင်လည်း စိတ်ချမ်းသာရမယ် ။ သူက မောင်နဲ့ပက်သက်ရင် အားလုံးကို မေ့ပစ်ပေးနိုင်ပါသည် ။

" ဒီကိစ္စတွေကို ကျွန်တော် မေ့ပစ်လိုက်တာ ကြာပါပြီ ။ မိခင်တစ်ယောက်အနေနဲ့ မသင့်တော်ဘူးလို့ ထင်လို့ တားဆီးရာကနေ လုပ်ခဲ့မိတဲ့အရာတွေအတွက် ကျွန်တော် နားလည်ပါတယ် ။ ခုမှမဟုတ်ပါဘူး ...... အန်တီ့ကို ကျွန်တော် ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ပါဘူး ။ ကျွန်တော်ကသာ တောင်းပန်ရမယ့်သူပါ ။ အရင်တုန်းကကော အခုချိန်မှာပါ ခိုင်မြဲကို,ကို လက်မလွှတ်နိုင်ခဲ့တဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ။"

ရာပြည့် ထိုင်နေရာမှ ထရပ်ကာ ဒေါ်လွင်မာ အနီးကို လျှောက်သွားလိုက်သည် ။ ပြီးနောက် လက်ကိုပေါင်ပေါ်တင်ထားကာ ဒူးထောက်ထိုင်ချလိုက်သည် ။

" ဘာလုပ်တာလဲ .......... ဘာကိစ္စ ဒီလို ............."

ဒေါ်လွင်မာ အံသြတကြီးနဲ့ဆိုနေတုန်း မီးဖိုခန်းထဲက ခိုင်မြဲသည် မုန့်ထည့်ထားသည့် ပန်းကန်ပြားကို ကိုင်လျှက် ပြေးထွက်လာသည် ။ ဖြစ်စဉ်အစအဆုံးကို မသိမမြင်ပေမယ့် သူ့မိခင်ရှေ့ ကလေး ဒူးထောက်ထိုင်နေသည်ကိုမြင်တော့ လူက ထူပူသွားသည် ။

" ကလေး ........ ဘာလို့ ဒူးထောက်နေတာလဲ ။ မေမေ ...... သူ့ကို ဘာတွေ ပြောလိုက်ပြန်ပြီလဲ "

" မေမေ သူ့ကို ဘာမှမပြောပါဘူး ။ ဒါက နားလည်မှု လွဲနေတာ "

သားဖြစ်သူ ဒေါသတကြီးပြောဆိုလာတာကို ဒေါ်လွင်မာ ကပျာကယာထငြင်းသည် ။ ဒူးထောက်ထိုင်နေသည့် ရာပြည့်သည် လိုရင်းကိုမရောက်နိုင်ဘဲ ကြားမှာ ဒရာမာဝင်ခင်းနေသည့် သားအမိကြောင့် ဘယ်ကစပြောရမှန်းမသိ ၊ မောင့်ကိုလက်ကို ဆောင့်ဆွဲကာ သူနဲ့အတူ ဒူးထောက်ထိုင်ချစေပြီး သူ့မျက်လုံးအစုံကိုမှိတ်ကာ အသံကျယ်ကျယ်နဲ့ပြောလိုက်သည် ။

" ကျွန်တော်တို့ကို လက်ထပ်ခွင့်ပြုပါ ........... အန်တီ ............."

" ဟုတ်တယ် ...... သားတို့ကို လက် ........... ဘာ ............ ဘာကြီး ..................... ကလေး မောင့်ကို အခု မေမေ့ဆီက တောင်းရမ်းနေတာလား "

ဒေါ်လွင်မာလည်း ဘုရားတမိသွားသည် ။ ခိုင်မြဲကိုလည်း မယုံနိုင်ဖြစ်ကာ ရာပြည့်ကို ဝိုင်းစက်တဲ့မျက်လုံးတွေနဲ့ ကြည့်နေမိသည် ။ ကလေး သူ့ကိုလက်ထပ်ဖို့ မေမေ့ဆီက ခွင့်ပြုချက်လိုလို့လား ။

ခိုင်မြဲ ရာပြည့်အနားတိုးကပ်ကာ လက်တစ်ဖက်နဲ့ကွယ်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည် ။

" ကလေး ............. မေမေက ဘယ်လိုနေနေ ခွင့်ပြုရမှာပဲ ။ ဒူးထောက်စရာမှမလိုတာ ၊ ခွင့်တောင်းမိကာမှ ဈေးကိုင်နေဦးမယ် ။ ထ .. ခုံမှာ ပြန်ထိုင်ရအောင် "

" ခဏလေးသည်းခံပါဦး မောင်ရယ် ။ လူကြီးတွေက သူတို့ကို ဦးစားပေး တိုင်ပင်တာကို သဘောကျကြတယ် ။ ဒါကြောင့် မောင့်အမေဆီက ခွင့်ပြုချက် တောင်းရအောင် "

ခိုင်မြဲ နားလည်သွားဟန်နဲ့ ခေါင်းညိတ်လိုက်သည် ။ မေမေ့ကို မော့ကြည့်လိုက်ပြန်တော့ မေမေသည် မထင်မှတ်ထားသည့် အခြေအနေကြောင့် စိတ်လှုပ်ရှားပြီး ပြောစရာစကားများပျောက်ဆုံးသွားဟန်တူသည် ။

ဒေါ်လွင်မာ ရင်ဘတ်ကိုဖိရင်း အသက်ကို ဝအောင်ရှူလိုက်သည် ။ ဒီကိစ္စကို အစောကြီးကတည်းက တွေးမိပြီးသားဖြစ်ပေမယ့် သူမသားလေး ဒီလို တောင်းရမ်းခံရလိမ့်မယ်လို့တော့ မတွေးခဲ့ဖူးဘူးလေ ။ ပြီးတော့ သားလေးက လက်ထပ်ဖို့ အချိန်မတန်လောက်သေးဘူးဟု ထင်မိသည် ။

" ခဏလေး ............. အန်တီ့ကို ခဏလေး စဉ်းစားခွင့်ပြု "

" မေမေ ......... ကန့်ကွက်တဲ့စကား မကြားချင်ဘူးနော် ။ ဒီတစ်ခါထပ်ပြီးကန့်ကွက်ရင် သားအဖြစ်မှစွန့်လွှတ်ကြောင်း ကိုယ့်သဘောနဲ့ကိုယ် သတင်းစားထဲ ထည့်ပစ်မယ် "

ကျဆင်းနေသည့်သွေးပေါင်များ ချက်ချင်းဆောင့်တက်သွားတာလား ထင်မိတဲ့အထိ ဒေါ်လွင်မာ မှင်တက်သွားသည် ။ ဒီသားနဲ့ ပက်သက်ရင် လျော့ပြီးရင်း လျော့လျော့လျော့ပဲ ။

ရာပြည့် ဒေါ်လွင်မာကို ခိုးကြည့်နေရင်း ခိုင်မြဲကို တီးတိုးပြောလိုက်သည် ။

" မောင် ............ သဘောမတူရင် ကြွက်ဆေးသောက်သေပစ်မယ်လို့ ခြိမ်းခြောက်လေ ။ ဒါက အရမ်းပျော့သေးတယ် "

" အဲ့လောက်ထိ မလိုပါဘူး ။ မေမေ အရင်ကလောက် စိတ်မမာနိုင်တော့ဘူး"

သူ ရာပြည့်ကို တိုးတိုးလေး ပြန်ကပ်ပြောကာ မိခင်ဖြစ်သူကို သွားဖြီးရယ်ပြလိုက်သည် ။ နောက်ဆုံး မတတ်တာစွာနဲ့ ဒေါ်လွင်မာသည် သက်ပြင်းအရှည်ကြီးချရင်း အိမ်ပေါ်ထပ်ကနေ ပြန်ဆင်းလာသည့် ခင်ပွန်းဖြစ်သူကို ခေါ်လိုက်သည် ။

" ယောကျာ်းရေ .......... ဒီလာပါဦး ။ တော့်ရဲ့သား လင်ကောင်းသားကောင်းရတာကို ဂုဏ်ပြုပေးဖို့ လာပါဦး "

" ဟေ.................... "

မောင့်ဖေဖေဆီက အာမေဋိတ်သံထွက်လာပြီးနောက် ရာပြည့်နဲ့ခိုင်မြဲဆီက ရယ်သံပြိုင်တူ ထွက်လာလေသည် ။ နှစ်ဦးသား ထိုင်ခုံမှာ ပြန်လည်ထိုင်နေကြပြီးနောက် မောင့်ရဲ့မိဘနှစ်ပါးရှေ့မှာ သူတို့ရဲ့အနာဂတ်ရှေ့ရေးအတွက် စွဲထားသည့် အစီစဉ်တွေကို ချပြလိုက်သည် ။

ဒီလောက်ဆိုရင် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက ပုံပြင်ထဲကလို Happy Ending ဖြစ်သွားလောက်ပြီထင်တယ် ။

***************

မနက်ဖြန်ဆို ရာပြည့် UK ကိုသွားမယ့်နေ့မလို့ ဒီနေ့ကတည်းက အားလုံးကို အဆင်သင့်ဖြစ်အောင်လုပ်ထားပြီး သိမ်းဆည်းစရာရှိတာကို သိမ်းဆည်းနေလိုက်သည် ။ ခိုင်မြဲ မျက်နှာမကောင်းပေမယ့် တားပိုင်ခွင့်လည်းမရှိတာမို့ စိတ်မပါတပါနဲ့ ပစ္စည်းတွေကို နေရာရွေ့ကူလိုက်သည် ။

နေ့တစ်ပိုင်းလောက် ပစ္စည်တွေ သိမ်းဆည်းပြီးတာနဲ့ ရာပြည့် အအေးနှစ်ခွက်ယူပြီး ခိုင်မြဲ ထိုင်နေတဲ့ဆီလျှောက်လာကာ ယှဉ်တွဲထိုင်လိုက်သည် ။

" မောင် ......... နည်းနည်းပြုံးပါဦး ။ မသိရင် ရည်းစားက ပစ်သွားလို့ ကျန်ခဲ့တဲ့ ရုပ်နဲ့ "

" မဟုတ်လို့လား ......... ကလေးမရှိရင် မောင် ဘယ်လောက်ထိ လွမ်းနေမယ် မသိလို့လား "

ရာပြည့် ခပ်ဟဟပင်ရယ်ရင်း ခိုင်မြဲရဲ့ လက်ဖဝါးနဲ့ သူ့လက်ဖဝါးကို ထပ်တူကျအောင်ယှက်ထားရင်း ခိုင်မြဲပုခုံးပေါ်မှီအိပ်နေလိုက်သည် ။

" မောင် ............ "

" ပြော .............."

" ငါ မရှိရင် ငါ့ကို တကယ်လွမ်းနေမှာလား "

" မလွမ်းဘဲ ရှိမှာလား ။ သွားတောင် မသွားစေချင်တာကို "

" တကယ် မသွားစေချင်ဘူးလား ။ လုံး၀ မသွားစေချင်တာလား "

ခိုင်မြဲ တခဏတော့ ငြိမ်သက်သွားသည် ။ တကယ်မသွားစေချင်ပေမယ့် ကလေးရဲ့ ရည်မှန်းချက်တွေကို သူ မတားဆီး မပိတ်ပင်ရက်ပါ ။ သူ့ကြောင့် ကလေးရဲ့တက်လမ်းတွေ အများကြီး ပိတ်နေခဲ့ပြီးပြီ ။ ဒီထက်ပိုတားဆီးမယ်ဆို သူ့လောက် အတ္တကြီးတဲ့သူ ကမ္ဘာပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး။

" စီစဉ်ထားပြီးပြီဆိုတော့ သွားပါ ။ ဒါပေမယ့် မောင့်ကို အမြဲသတိရနေပေးနော် ။ လုံး၀ မမေ့ပစ်ရဘူး။ အဆက်သွယ် မဖြတ်ရဘူးနော် ။"

" ငါ မောင့်ကို လက်ဆောင်ပေးစရာရှိတယ် "

ရာပြည့် အိတ်ကပ်ထဲက ကားသော့ကို နိူက်ယူပြီး ခိုင်မြဲလက်ထဲ ထည့်ပေးလိုက်သည် ။

" ငါအခုသုံးနေတဲ့ကားက ဝယ်ထားတာ မကြာသေးဘူး ။ မောင် အဲ့ဒီကားကို ယူသုံးလိုက် "

" အာ ...... မယူဘူး ။ မောင် သိပ်မကြာခင် ကားပြန်ဝယ်မှာ ။ ကလေးရဲ့ ပစ္စည်းတိုင်းကို မောင်မျှသုံးခဲ့ပေမယ့် ကားတွေ အိမ်တွေကိုတော့ ကလေးမရှိတဲ့အချိန် ယူမထားချင်ဘူး "

ခိုင်မြဲ ရာပြည့်လက်ထဲ ကားသော့ကို ပြန်လည်ထိုးထည့်ပေးရင်း ငြင်းဆန်လိုက်သည် ။ မလိုအပ်လို့မဟုတ် ၊ ကလေးကို ချစ်တာကြောင့် အထူးခံစားခွင့်တွေရတယ်လို့ ကလေးရဲ့မိဘတွေကို မမြင်စေချင် ။ သူကသာ ကလေး လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးချင်သူပါ ။

ရာပြည့် ခိုင်မြဲကို ခေတ္တမျှအကဲခတ်ပြီးနောက် ပါးပါးလေးပြုံးရင်း ကားသော့ကို ပြန်လည်သိမ်းထားလိုက်သည် ။ ထို့နောက် ခိုင်မြဲ ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ပျင်းရိတွဲစွာ သမ်းဝေလိုက်သည် ။

" အိပ်ချင်တယ် ....... ချော့သိပ် "

"နေ့ခင်ဖက်ကြီး အိပ်မလို့လား ။ ခေါင်းကိုက်ဦးမယ် "

" ရတယ် ......... ထလာရင် တစ်ခုခုသောက်လိုက်မယ် "

ရာပြည့်သည် ခိုင်မြဲရဲ့ပေါင်ပေါ်သို့ ဦးခေါင်းကိုရွေ့လျားလိုက်ပြီး အိပ်ချလိုက်သည် ။ သူ့ရဲ့ဆံပင်ချောင်းတွေကြား လက်ချောင်းလေးတွေဝင်လာပြီး ပွတ်သပ်ပေးနေသောကြောင့် မျက်လုံးတွေက မှေးစင်းလာသည် ။ အိပ်မပျော်သွားခင်စပ်ကြား ပြုံးယောင်သမ်းနေသည့် နူတ်ခမ်းကြားက စကားလုံးတွေက ဗလုံးဗထွးနဲ့ထွက်လာသည် ။

" နောက်ခါကျ အချိန်ရတိုင်း ဒီလိုဇိမ်ခံရမယ် "

*********************

ဤခရီးတွင် ရာပြည့်ကို လေဆိပ်ထိ ခိုင်မြဲကိုယ်တိုင်လိုက်ပို့ပေးခဲ့သည် ။ ဒီတစ်ခါတော့ ရာပြည့် အနောက်ကို ပြန်လှည့်မလာခဲ့သလို ခိုင်မြဲကလည်း ရာပြည့်ဘေးမှာ တိတ်တဆိတ်နဲ့ ပါမလာခဲ့ပါ ။ ခရီးတိုတစ်ခုလို သဘောထားပြီးနောက် အလွမ်းအဆွေးစကားတွေတောင် များများစားစား မပြောဖြစ်လိုက်ကြ ။ လေယာဉ်ပေါ်မတက်ခင်ထိ မောင် သူ့ကိုပြုံးပြနူတ်ဆက်နေခဲ့ပေမယ့် သူ့လက်ကို မလွှတ်ချင်လွှတ်ချင်လုပ်နေသည့် မောင့်ကြောင့် သွားရမယ့်သူတောင် ဝန်လေးနေမိသည် ။ ဒါပေမယ့် အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာပါ ။ အရာရာအားလုံး အဆင်ပြေသွားမှာပါ ။

ရာပြည့် ထွက်သွားပြီး ၃လ အကြာမှာတော့ ခိုင်မြဲ လက်ရှိအလုပ်ကနေထွက်ပြီး စားမေးပွဲတွေပြန်ဖြေသည် ။ ရာပြည့်ကို စောင့်ရှောက်နိုင်ဖို့ဆိုရင် သူ့ဘဝကို အေးအေးဆေးဆေးနဲ့ဖြတ်သန်းဖို့က မဖြစ်တော့ ။ လောဘကြီးကြီးနဲ့ ခြေလှမ်းကျဲကျဲလျှောက်ရတော့မည် ။

နေ့စဉ်နေ့တိုင်း Video Call ခေါ်ဖြစ်ကြလို့ သူတို့နှစ်ဦးကြားမှာ ဝေးကွာနေတယ်လို့ သိပ်မခံစားရတော့ဘဲ အချိန်ကြာလာတာနဲ့ နေသားကြလာသည် ။ အချိန်နာရီတွေမတူကြပေမယ့် သူတို့ရဲ့ဆက်သွယ်မှုက ပြတ်တောက်မသွားပါ ။ တကယ်တမ်းတော့ ဒီဝေးကွာမှုလေးက သူတို့နှစ်ဦးကြား ပိုမိုနီးစပ်စေခဲ့သည် ။ သူတို့ရဲ့ စိတ်တွေကို ပိုမိုနီးစပ်စေပြီး တစ်ဦးပေါ်တစ်ဦးပိုမိုနားလည်လာသည် ။ ပြီးတော့ ၁ နှစ်ဆိုပေမယ့် ဒီအတောအတွင်း ခိုင်မြဲ ပိုမိုပြီး ရင့်ကျက်လာ၏ ။

ဒီနှစ် ခရစ်စမတ် ကလေးရှိနေရင် သိပ်ကောင်းမှာပဲလို့တွေးမိပေမယ့် ကလေးက ပြန်လာမယ့်အကြောင်းကို အရိပ်အမွက်တောင် မဟသေး ။

ကလေးရှိတတ်တဲ့ အချိန်ကို ခန့်မှန်းရင်း သူ စာတွေပို့ထားမိသည် ။

ကလေး ......... ပြန်မလာတော့ဘူးလား ။ မောင် အရမ်းလွမ်းနေပြီ ။

ကြာကြာပင် မစောင့်လိုက်ရ ကလေး ချက်ချင်း reply ပြန်လာသည် ။

မောင် ....... ငါ ဒီမှာ လပိုင်းလောက် ဆက်နေဦးမယ် ။ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိသေးလို့ ။ ငါလည်း မောင့်ကို လွမ်းတာပဲ ။ မောင် ငါ့ကို နားလည်ပေးပါနော် ။

ဘာလို့ ထပ်နေဦးမှာလဲ ။ ပြောတော့ ၁ နှစ်ပဲဆို ။ ကတိမတည်ဘူး ......... ကလေးကို လိမ်ညာတယ် ။ ပြန်မလာပါနဲ့တော့ .... နေချင်သလိုနေပါ ။ ဒီကလူလည်း နေချင်သလို နေပြီ ။

ခိုင်မြဲ စိတ်တိုတိုနဲ့ ဖုန်းချလိုက်မိသည်။ ပြီးနောက် ဖုန်းကို လက်တစ်ကမ်းအကွာမှာထားရင်း အိပ်ယာပေါ်မှာ သူ လူးလိမ့်နေမိသည် ။ စိတ်မဆိုး စိတ်မကောက်ချင်ပါဘူး ။ သူ့အရွယ်က စိတ်ဆိုးစိတ်ကောက်သင့်တဲ့အရွယ်လည်းမဟုတ် ။ ဒါပေမယ့်လေ သူ ကလေးကို ပိုပြီးချစ်မိလေ တစ်ခုခုဆို အတွေးလွန်ပြီး ပိုပြီးပင်ပန်းလာတယ် ။

Ringing.......

Ringing.........

Messenger ကနေ ဆက်တိုက်ဆိုသလို ခေါ်လာတဲ့ ဖုန်းသံကြောင့် ခိုင်မြဲ ဖုန်းကို တစ်ချက်ယူကြည့်လိုက်သည် ။ ခေါ်ဆိုသူက ကလေးရဲ့အကောင့်ဖြစ်နေလို့ ခိုင်မြဲ ချက်ချင်းပင် ဖုန်းချပစ်ပြီး mobile data ကိုပါ ပိတ်ချလိုက်သည် ။

မသိဘူး.......... သူ အရမ်းကို စိတ်ကောက်နေမိပြီ ။

ပြန်မလာနဲ့ပေါ့ ............... ပြန်လာရင် လေဆိပ်ကို ဘယ်တော့မှ သွားမကြိုဘူးမှတ် ။

ဒါပေမယ့် သူတကယ်မှားသွားခဲ့၏ ။ အဲ့နေ့ကစ ၃ ရက်မြှောက်နေ့အထိ သူ ကလေးနဲ့ အဆက်အသွယ်မရတော့ ။ စိတ်ဆိုးပြေလို့ သူ ကလေးကို message တွေပို့ထားပေမယ့် reply ပြန်ဖို့နေနေသာသာ သူ့စာတွေ seen တောင်မဖြစ်တော့ ။ သူ စိတ်ဆိုးတာထက်ပို ကလေး သူ့ကို စိတ်ဆိုးသွားတာလား။

သူ ကလေးကို တောင်းပန်တဲ့အကြောင်း စာတွေအများကြီး ပို့ထားခဲ့ပေမယ့် ကလေးကတော့ နေနိုင်စွာပင် စာတွေကို လုံးဝဖွင့်မကြည့်ခဲ့ ။ ဒါ သူမရှိလည်း နေနိုင်ပြီလို့ ဆိုလိုတာများလား ။ ယောကျာ်းတစ်ယောက်ဆိုပေမယ့် အတွေးတွေနဲ့အတူ မျက်ရည်တော့ ကျမိသား ။ သူ ကလေးကိုယုံပါတယ်....... တစ်နေ့ ကလေး သူ့ဆီကိုပဲ ပြန်လာမှာပါ ။

ဒီနှစ်ဆောင်းက အအေးလှိုင်းဖြတ်တာမလို့ မထုတ်ဝတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ အနွေးထည်အထူတွေကို ထုတ်ဝတ်ရင်း ခိုင်မြဲ ညဖက်သင်ကြားသည့် ဘာသာစကား သင်တန်းကို သွားခဲ့ရသည် ။

သင်တန်းက ပြန်လာတော့ Taxi ပေါ် မတက်ခင် ပေါက်စီပူပူလေး နှစ်လုံးကို ဝယ်ပြီး သူ့အိတ်ကပ်ထဲထည့်ကာ Taxi တစ်စီးကို တားစီးလိုက်သည် ။ နွေးနေဆဲဖြစ်သည့် ပေါက်စီနှစ်လုံးကို ပလုပ်ပလောင်းစားရင်း လူခြေရှူပ်သည့် ညဈေးဖက်ကို အကဲခတ်ကြည့်လိုက်သည် ။ ဒီလိုချိန်မှာ ကလေးရှိနေရင် ဘယ်လောက်တောင် ပြည့်စုံနေလိမ့်မှာလဲ ။

သူ့အဖြစ်က ဘာကိုပဲမြင်မြင်၊ ဘာကိုပဲတွေးတွေး ရာပြည့်ကို ဦးစွာသတိရနေမိတတ်သည် ။ ပေါက်စီစားလို့ပြီးတာနဲ့ အသင့်ပါလာတဲ့ မှတ်စုစာအုပ်ကို ထုတ်ကြည့်လိုက်သည် ။ ဒီအသက်အရွယ်နဲ့ အထက်တန်းကျောင်းသားတွေလို စာကြိုးစားရတာကလည်း မလွယ်လှ ။

" ဒီနေရာလား ..........."

Taxi သမားရဲ့ အသံကိုကြားမှ ခိုင်မြဲ သတိဝင်ပြီး ယာဉ်မောင်းကို ပိုက်ဆံထုတ်ပေးလိုက်သည် ။

" ကျေးဇူးပါဗျ ..........."

အချိန်အားဖြင့် ည ၈ နာရီထိုးတော့မှာ ဖြစ်သော်လည်း ဆောင်းရာသီမလို့လားမသိ ပိုပြီး မိုးချုပ်နေသည်ဟု ထင်ရသည် ။ မည်မျှပင် ညနက်သည် ဆိုဦးတောာ့ ဒီပတ်ဝန်းကျင်မှာက တစ်ညလုံးနီးပါး လူသံခွေးသံတွေကို ကြားနေရဆဲပင် ။

ဂျောက် ........

အိမ်တံခါးကို ဖွင့်လိုက်တော့ အခန်းမီးက လင်းနေပြီးသားမလို့ သူ တစ်ချက်တော့ လန့်သွား၏ ။ မသွားခင်က သေချာပေါက် မိန်းချခဲ့သည်ဟု ထင်မိသော်လည်း ယခုမူကာ အိမ်တစ်အိမ်လုံး လင်းထိန်နေသည် ။

Jingle Bells Christmas သီချင်းက အခန်းထဲမှာ တိုးတိုးလေးပျံ့လွင့်နေသည် ။

ချက်ချင်းဆိုသလို သူ့နှာဝမှာ ဟင်းနံ့သင်းသင်းကို ရှူရိူက်မိ၍ ခေါင်းနပန်းတွေကြီးလာပြီး သူ အိမ်နောက်ဖေးကို ပြေးဝင်မိသွားသည် ။

ပန်းကန်ခွက်ယောက် စီချနေတဲ့အသံတွေကို ကြားနေရပြီး သူ မြင်ရသည့် လူတစ်ဦး၏ နောက်ကျောက သိပ်ကို ရင်းနှီးနေလွန်းသည် ။ အမြန်ရောက်ချင်နေသည့်စိတ်ကြောင့် ခြေလှမ်းတွေက မမှန်တော့ဘဲ ကမှူးရှူးထိုးပုံစံနဲ့ အလောတကောပြေးသွားတော့ ကြမ်းပြင်ပေါ်က ပစ္စည်းတွေနဲ့ တိုက်မိသေးသည် ။

" ပြန်လာပြီလား .............. မောင် "

သူတစ်ချိန်လုံး လွမ်းဆွတ်နေခဲ့ရသည့် လူတစ်ဦးသည် ထမင်းစားပွဲပေါ်မှာ ဟင်းပွဲတွေ ခူးခပ်နေကာ သူ့ကိုမြင်တော့ မအံသြသွားသလို ရယ်ပြနေသည် ။ သူ တစ္ဆေခြောက်ခံရတာလား ။ ဒါမှမဟုတ် ကလေးကို အမှန်တကယ် မြင်နေရတာလား ။

ဘာစကားမှ မဆိုနိုင်ခင် သူ ရာပြည့်ဆီကို အပြေးသွားပြီး အားအင်အပြည့်နှင့် လှမ်းဖက်လိုက်လို့ နှစ်ဦးသား အရှိန်လွန်ပြီး ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတဲ့အထိ ။

အင့်... ဘုတ်...........!

" အား ............ မောင် ....... နာလိုက်တာ ၊ ဘယ်လိုဖြစ်နေတာလဲ "

" တကယ်ပဲ ကလေး ပြန်ရောက်နေတာပဲ ။ ဘာလို့ မပြောမဆိုနဲ့ ပြန်ရောက်နေတာလဲ ။ မောင့်ကို အသိပေးဦးမှပေါ့ ။ မောင်က ကလေးပြန်ရောက်လာရင် လေဆိပ်သွားကြိုဖို့အတွက် ဝတ်စုံအသစ်တွေတောင် ဝယ်ထားတာ ''

ကြမ်းပြင်ပေါ်က ပြန်မထသေးဘဲ သူ ရာပြည့်ကို ဆက်လက်ဖက်တွယ်ထားဆဲပင် ။ အောက်ကလူ အသက်ရှူလို့ အဆင်ပြေလား မပြေလား သူမသိ၊ ဖက်ထားသည့် လက်အစုံကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားဆဲ ။

" Happy Christmas..... Darling ''

" အော်... ခရစ်စမတ်မှန်းတော့ သတိရသေးတာပဲ ။ ပြောပါဦး.... ဆိုင်းမဆင့်ဗုံမဆင့် ပြန်လာရခြင်း အကြောင်းရင်း ''

" မောင့်ကို အံသြစေချင်လို့လေ ။ ဘယ်နှယ့်လဲ ........... ခု ငါ့ကို မြင်တော့ မောင် ဘယ်လိုခံစားရလဲ ....... ပျော်လား "

" မောင့်ကို နှလုံးခုန်ရပ်ပြီး သေစေချင်လို့လား ။ ဘာလို့ မပြောမဆိုနဲ့ လူကို အံအားသင့်အောင် လုပ်ရတာလဲ "

" ပြီးခဲ့တဲ့ ရက်တွေတုန်းက စိတ်ကောက်ပြီး ဖုန်းဆက်တာကို မကိုင်တာ ဘယ်သူလဲ ။ ဒါကြောင့် မှတ်လောက်သားလောက်အောင် ပစ်ထားလိုက်တာ ။ သူပဲ ပြန်မလာရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပြီးမှ ။ ငါ့မှာ ဘယ်လောက်ထိ အလောတကောနဲ့ ပြန်လာခဲ့ရတယ်မှတ်တုန်း "

နှစ်ဦးစလုံး ပြန်ထဖို့မစဉ်းစားကြဘဲ ကြမ်းပြင်ပေါ် ခွေခွေလေးလဲှအိပ်နေပြီး ရာပြည့် ခိုင်မြဲရင်ခွင်ထဲ ခိုဝင်လိုက်သည် ။ ဒီရင်ငွေ့ကို သူ လွမ်းနေခဲ့တာလေ။ ခိုင်မြဲသည် လပေါင်းများစွာ လွမ်းဆွတ်နေခဲ့ရသည့် ချစ်ရသူ နဖူးပြင်ပေါ် အနမ်းနွေးနွေးတစ်ပွင့်ချွေရင်း အေးစက်နေတဲ့ လက်ချောင်းလေးတွေကို အာငွေ့ပေးလိုက်သည် ။

" မောင့်ဆီ ပြန်လာခဲ့ပေးတာ ကျေးဇူးတင်ပါတယ် ။ နောက်တစ်ခါတော့ ဘယ်နည်းနဲ့မှ မလွှတ်နိုင်တော့ဘူး ။ ကလေးမရှိရင် မောင် တကယ်ရူးသွားမှာ "

" ရူးသွားတာကို မြင်ချင်ပါတယ် ။ ဒါဆို သွားလိုက်ပါဦးမယ် "

ရာပြည့် စနောက်ပြီး ခိုင်မြဲ ရင်ခွင်ထဲကနေ ရုန်းထွက်ကာ ထထိုင်တော့ ခိုင်မြဲပါ ထထိုင်ပြီး ရာပြည့်လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည် ။

" ဒီလိုဘယ်ရမလဲ ......... လာစမ်း ၊ ဒီမှာ အလွမ်းတွေကို အတိုးနဲ့တကွ ဆပ်ဖို့ ကျန်သေးတယ် "

ခိုင်မြဲ ရာပြည့် မျက်နှာကို သူ့လက်ချောင်းလေးတွေနဲ့ ညှပ်ယူပြီး အနည်းငယ်ခြောက်သွေ့နေတဲ့ နူတ်ခမ်းပါးကို သူ့နူတ်ခမ်းတွေနဲ့ ထိတွေ့စေလိုက်သည် ။ တန်ပြန်ပေးလာတဲ့ အနမ်းတွေက ချိုမြိန်လွန်းလို့ မည်သည့်စကားလုံးတွေနဲ့ နှိုင်းယှဉ်ရမှန်း မသိလောက်အောင်ပင် ။ အားရအောင် နမ်းရိူက်ပြီးနောက် ခိုင်မြဲသည် ရာပြည့်နူတ်ခမ်းနားတစ်ဝိုက်မှာ ပေရေနေတဲ့ တံတွေးစတွေကို သူ့လက်နဲ့သုတ်ပေးရင်း နောက်ထပ် အနမ်းတစ်ခုကို ဖွဖွလေး ပေးလိုက်သည် ။

" ကလေးက မောင့်ကို လွမ်းလို့လား "

" လွမ်းတာထက် ပိုတယ် ။ မောင့်ထက်ပိုပြီး အရေးကြီးတဲ့ အရာမရှိလို့ ပြန်လာခဲ့တာ ။ အသက်ထက်ချစ်တယ်ဆိုတာ အပိုပြောတာမဟုတ်ဘူး ။ မောင်က တောင်းဆိုရင် ငါ့အသက်ကိုတောင် ပေးနိုင်ပါတယ် "

ချစ်ခြင်းတွေပြည့်ဝနေတဲ့ မျက်ဝန်းတစ်စုံက ခိုင်မြဲကို ရွှန်းရွှန်းစားကြည့်လာပြီး နူးညံ့တဲ့ စကားလုံးတွေကိုရွေးချယ်ပြောလာတော့ ခိုင်မြဲအဖို့ ခုနေသေသွားရင်တောင် နောင်တမရတော့ ။

" မောင့်ကို အဲ့လောက်ထိ ချစ်တာပဲလား ........."

" ငါက အချစ်ကိုကိုးကွယ်တယ် .....မောင် ။ ပြီးတော့ မောင့်ကို ကိုးကွယ်တယ် ။ မောင်ရှိမှ ငါဖြစ်တည်နိုင်မယ်လို့ ယုံကြည်မိတဲ့အထိပဲ "

အခန်းလေးက တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည် ။ သူတို့နှစ်ဦးကြားမှာ စကားလုံးတွေနဲ့ သက်သေပြဖို့ မလိုအပ်တော့ ။

ကလေးထက်ပို မောင်က အချစ်ကို ကိုးကွယ်မိတဲ့သူပါ ။ ကလေးထက်ပို မောင်က ကလေးကို ကိုးကွယ်နေမိတဲ့သူပါ ။

ချစ်တယ်ဆိုတဲ့စကားလုံးထက်ပို ပိုပြီးချစ်ပါတယ် ။ မြတ်နိုးတယ်ဆိုတဲ့ စကားလုံးတွေထက်ပို ပိုပြီး မြတ်နိုးပါတယ် ။

အရာအားလုံးထက်ပို ပိုပြီးတန်ဖိုးထားပါတယ် ။

မောင်ဟာလေ .......... ကလေး အတွက်ပဲ အသက်ရှင်သွားမယ့် သူမျိုးပါ ။

-------------------

26.8.2019

ပြီးပါပြီ ။ fic တွေက အဆုံးသတ်ရောက်တိုင်း ပေါ့သွားတယ်ဆိုတာ သိလောက်မှာပါ ။ ပြောရမယ်ဆိုရင် fic တစ်ခု အဆုံးသတ်ခါနီးတိုင်း မအားလပ်စေမယ့် အကြောင်းရင်းတွေ အမြဲပေါ်လာတယ် ။ ပြီးတော့ ရေးနေရင်း လမ်းပျောက်သွားတာမျိုးလည်း မကြာခဏ ကြုံရတယ် ။ ဘာဆက်ရေးလို့ ရေးရမှန်း မသိဘူး ။ ခဏတော့ စာရေးတာ နားမယ်ဗျာ ။ fic အဟောင်းတွေကို သေချာလေး ပြန်စစ်မလို့ ။


Okumaya devam et

Bunları da Beğeneceksin

693K 79.5K 49
ရှိသမျှခွန်အားနဲ့ သူတတ်နိုင်သမျှ ပံ့ပိုးပေးချင်သော ကျူပင်လို လူသားလေးရဲ့ မြတ်နိုးခြင်းများ။ ရိွသမ်ွခြန္အားနဲ႔ သူတတ္ႏိုင္သမ်ွ ပံ့ပိုးေပးခ်င္ေသာ က်ူပင္...
218K 19.8K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
1.1M 93.5K 46
မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်...... မခ်စ္ရင္ မခ်စ္ဘူး ေျပာခဲ့ေပါ့ဦးရယ္......(24.9.2020)
78.9K 6.4K 16
🤍 In a relationship with Mg's Saydanaryone Start Date - 3. 8. 2021 End Date - 6.11.2022