ep 12

59.9K 5K 684
                                    


ကျွီ ........!

ပြတင်းပေါက်တွေ အကုန်ပိတ်ထားတာကြောင့် အခန်းက မှောင်ပိန်းနေလို့ ဒေါ်လွင်မာ အခန်းမီးကို စမ်းကာ ဖွင့်လိုက်သည် ။ နှာခေါင်းဝမှာ စူးခနဲရလိုက်တဲ့ ညင်းသိုးသိုးအနံ့ကြောင့် ဒေါ်လွင်မာ နှာခေါင်းရူံ့လျှက် အခန်းကို လှည့်ပတ်ကြည့်လိုက်သည် ။ တစ်ခန်းလုံး အရက်ပုလင်းခွံ ဘီယာဗူးခွံတွေနဲ့ ပြည့်နေပြီး စားကြွင်းစားကျန်တစ်ချို့က နေရာအနှံ့ ။ အတူပါလာတဲ့ အိမ်အကူမလေးတောင် ပျို့အန်ချင်သလိုဖြစ်သွားပြီး နှာခေါင်းကို လက်နဲ့အလျှင်အမြန်အုပ်လိုက်သည် ။

ကုတင်ခြေရင်း ကြမ်းပြင်ပေါ်မှာကွေးလျှက် အိပ်နေသည့် သားတော်မောင်ကိုမြင်တော့ ဒေါ်လွင်မာ စိုးရိမ်တကြီး ထူမပေးရန်သွားလိုက်သည် ။ ဒီသုံးရက်လုံး အခန်းထဲက မထွက် ၊ အိမ်အကူတွေ ပို့ပေးတဲ့ ထမင်းတွေကို လက်နဲ့တောင်မထိဘဲ အရက်ခွက်ထဲ ခေါင်းမြှပ်နေကာ တကိုယ်ရေသန့်ရှင်းမှုမရှိသောကြောင့် တကိုယ်လုံး အနံ့အသက်က ခံစားရလုံးဝမကောင်း ။

" သား .......သားငယ်လေး ။ ဒါ ဘယ်လိုတွေ ဖြစ်နေတာလဲ ... သားရယ် ။ လူတစ်ယောက်အတွက်နဲ့များ ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင် လမ်းစ ရှာရတာလား "

ခွေလဲအိပ်နေသည့် သား၏ ပခုံးကို ထူမရင်း သူမ မေးလိုက်ရာ နီရဲစပ်နေသည့် ခိုင်မြဲရဲ့ မျက်လုံးအစုံ ပွင့်လာပြီး သူ့ကိုစိုးရိမ်တကြီးမေးလာတဲ့ မိခင်ဖြစ်သူလက်ကို ပုတ်ထုတ်လိုက်သည် ။

" ကျွန်တော့်ကို မထိနဲ့ ............ ကျွန်တော် တစ်ယောက်တည်း နေပါရစေ "

" ညစာလေးတော့ ဆင်းစားပါ သားရယ် ။ ထမင်းမစားတာ ဘယ်နှရက်တောင် ရှိနေပြီလဲ ၊ ဒီအတိုင်းဆက်နေနေမယ်ဆိုရင် သားရဲ့အစာအိမ်ထိခိုက်လိမ့်မယ် "

" အစာအိမ်ထိခိုက်တာက သားရဲ့နှလုံးသား ပြသနာကို ဖြေရှင်းနိုင်မယ်ဆိုရင် သား ဒီအတိုင်းပဲ ဆက်နေပါရစေ ။ တစ်ယောက်တည်းနေချင်တယ် ..... အကုန် ဆင်းသွားပေးပါ "

" သား .......... သား အခုပြောနေတာ မေမေလေ ......... သေချာကြည့်ပါဦး ။ သားရှေ့မှာ ရှိနေတာ သားရဲ့ မေမေလေ ။ မေမေ့ကို သနားရင် ဒီလိုလုပ်နေတာတွေ ရပ်လိုက်ပါတော့နော် ..... သား ။ ထွက်သွားတဲ့သူက သွားပြီးပြီ ........ သား ဒီလိုလုပ်နေလို့ ကောင်းတာ ဘာရှိမှာလဲ "

If only we breakup .. (Z+U) ( Completed)Where stories live. Discover now