ep 22

52K 4.2K 221
                                    


ပြီးပြည့်စုံတဲ့ မနက်ခင်းဆိုတာ ချစ်ရသူနဲ့ အတူနိုးထခွင့်ပါ ။ အလင်းရောင်စူးစူးကို မမြင်ရခင် သူ့မျက်နှာလေးကို အရင်မြင်ချင်တာမျိုး ၊ ပြင်ပ အသံမကြားရသေးခင် သူ့ရဲ့အသက်ရှူသံကို အရင်ကြားချင်တာမျိုး ။

မနေ့ညက ရာပြည့်ခါးတွေကျိုးကြေသွားမတတ် ခိုင်မြဲ သူ့ခြေထောက်နဲ့ ရစ်ပတ်ထားတာမို့ သူ့ခြေထောက်တွေ တော်တော်လေး ညောင်းနေလို့ မိုးမလင်းတလင်းမှာ ခိုင်မြဲ အရင်ဆုံး နိုးထလာသည် ။ ပြန်အိပ်ဦးမယ်လို့ တွေးထားကာမှ သူ့ ရင်ခွင်ထဲက မျက်နှာဝင်းဝင်းလေးကြောင့် ခိုင်မြဲ အိပ်ချင်စိတ်ပျောက်သွားပြီး ထိုမျက်နှာလေးကို တစိမ့်စိမ့်ငေးနေမိသည် ။ ယောကျာ်းတွေ အားလုံးထဲမှာမှ ဒီယောကျာ်းက သူ့အတွက် အရမ်းထူးခြားလွန်းသည် ။ သူ့ရဲ့ပုံကို ပထမဦးဆုံး စမြင်တဲ့အချိန် ၊ သူ့ကို အပြင်မှာ ပထမဦးဆုံးတွေ့ခဲ့ဖူးစဉ်ကတည်းက မည်သည့်သံယောဇဉ်ကြိုးမှ မချည်နှောင်ရသေးခင် သူ ဒီလူကို စွဲလန်းမိပြီးသားဖြစ်၏ ။

Ting ..............!

မနက်စောစောစီးစီး ၀င်လာတဲ့ Message သံကြောင့် စောစောစီးစီး ကလေးကို ဘယ်သူက မက်ဆေ့ပို့တာလဲ ဆိုတဲ့ သံသယစိတ်ကြောင့် စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းကို ယူလိုက်သည် ။ သူ ထင်တဲ့အတိုင်းပဲ မက်ဆေ့က ကိုနေနော်ဆီက ဖြစ်ကြောင်း Phone Screen မှာပေါ်နေသည်။Lock ချထားတာကြောင့် သူ ၀င်ကြည့်လို့မရဖြစ်နေစဉ်မှာ ကလေးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ချိုးဖောက်ဖို့ သူ ကြိုးစားမိသွားသည် ။ ပူပင်သောကမဲ့စွာ အိပ်ပျော်နေသည့် ကလေးရဲ့ ညာလက်ကိုယူပြီး လက်ညိုးနဲ့ ဖုန်းနဲ့ဖိကပ်လိုက်သည် ။

ဖုန်းက ချက်ချင်းပင် Homescreen ကိုရောက်သွားလို့ ခိုင်မြဲ မက်ဆေ့ကို အရင်သွားဖတ်လိုက်သည် ။

📩 ရာပြည့် .... မနက်စာကို ငါ ပြင်ဆင်လာလိုက်မယ် ။ မင်း ဘာမှ မစားခဲ့နဲ့နော် ။ ရုံးကိုပဲ စောစောလာခဲ့ 📩

ထို မက်ဆေ့ကို မြင်တော့ ခိုင်မြဲ မျက်နှာ ရူံ့မဲ့သွားပြီး ချက်ချင်းပင် မက်ဆေ့ကို ဖျက်ပစ်လိုက်သည် ။ ကိုယ့်ချစ်သူကို ကိုယ်ပြန်ယူတာ မတရားဘူးဆိုတာ မရှိပါဘူး ။အပေါ်က မက်ဆေ့တစ်ချို့ကို ဖတ်ကြည့်တော့လည်း သူတို့အပြန်အလှန် မက်ဆေ့ပို့ကြသည့်အချိန်တွေက ညနက် ၊ ဒါမှမဟုတ် မနက်စောစော အချိန်တွေ များသည် ။ ကလေးက ပုံမှန်ဆို အစောကြီးထတတ်တာ ကိုနေနော်က သိနေတာလား ။ သူတို့ရဲ့ ရင်းနှီးမှုက တကယ့်ကိုခိုင်မာနေတာလား ။ ဟုတ်ပါစေဦးတော့ .... ခိုင်မြဲ ခွင့်မပြုတော့ ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now