ep 11

56.6K 5.1K 464
                                    

အဆိုးဆုံးအတွက်စိတ်ကိုကြိုတင်ပြင်ဆင်ထားခဲ့တာတောင်မှ တကယ်တမ်းလက်တွေ့မှာကျွန်တော်တို့ဟာ အဖြေကိုလက်မခံနိုင်ဘဲ ကျဆုံးသွားတတ်ကြသည် ။ ဒါကအချစ်နဲ့ပက်သက်ရင် ရင့်ကျက်ဖို့လိုသေးတယ်လို့ဆိုရမလား ။ မောင့်ကို အသိမပေးဘဲ ဘန်ကောက်ကနေ သူပြန်ရောက်လာခဲ့သည် ။ Taxi ငှါးပြီး ၀ယ်ထားတဲ့ လက်ဆောင်ပစ္စည်းတစ်ချို့ကိုဆွဲလျှက် သူတို့ရှိတဲ့ တိုက်ခန်းကို စိတ်စောခြင်းများစွာနဲ့ ပြန်လာခဲ့မိလေ၏ ။

ဂလောက် ၊ ဂလောက် .. ဂလောက်

ဘီးလုံးသံဆူညံစွာ မြည်သံစွဲနေတဲ့ Luggage ကို မနိုင်မနင်းမလျှက် အိမ်ခန်းရှိရာ ( ၃) ထပ်ဆီကို တက်ခဲ့သည် ။ လက်ထဲမှာ ဆွဲထားတဲ့ အထုပ်အပိုးတွေကို တံခါးရှေ့အရင်ချကာ အိတ်ကပ်ထဲက အိမ်တံခါးသော့ကိုစမ်းလိုက်သည် ။

ဟော .....တွေ့ပြီ ။

မောင့်ကို လွမ်းလွန်းလို့ တံခါးဖွင့်နေတဲ့ သူ့ရဲ့လက်တွေတောင် တုန်ရီနေလေရဲ့ ။ မနက် ၁၀ နာရီကျော်ရှိနေပြီဆိုပေမယ့် ရုံးပိတ်ရက်ဆိုတော့ မောင် အိပ်ယာမှထသေးရဲ့လားမသိ ။ ညက သူငယ်ချင်းတွေနဲ့ သွားသောက်တယ်ဆိုပြီး မက်ဆေ့ပို့ထားလို့ အိပ်ခါနီး ဖုန်းမခေါ်လိုက်ရဘူး ။ ၂ ရက်နေမှ ပြန်ရောက်မယ်ပြောပြီး ဒီရက်မှာပြန်ရောက်လာလို့ မောင်အံသြ၀မ်းသာနေလောက်မှာ ။

ချက် .........!

အိမ်တံခါးကိုအရင်တွန်းဖွင့်ပြီး အထုတ်အပိုးတွေကို အရင်ထည့်လိုက်သည် ။ ဆူညံသံကြားလို့ထင်တယ် နောက်ဖက်အခန်းကနေ မောင့်ခြေသံ ဧည့်ခန်းဆီကို လျှောက်လာတာကို သူကြားလိုက်ရသည် ။

အိမ်နေရင်း ချည်သားဘောင်းဘီနဲ့ စွပ်ကျယ်အဖြူကိုဝတ်ထားတဲ့ မောင်တစ်ယောက် လက်ထဲမှာဟင်းချက်ဇွန်းကြီးကိုင်လျှက် ထွက်လာတာကိုမြင်တော့ ရာပြည့်အံသြသွားသည် ။ သူ့ကိုမြင်တော့ မောင်လည်းအံသြမှင်တက်သွားဟန်တူသည် ။ လူအကောင်လုံးကို ရုတ်တရက်မြင်လိုက်လို့ ငုတ်တုတ်မေ့သွားတာလား ။

" မောင် ငါပြန်ရောက်ပြီ ။ ဒါနဲ့ တစ်ယောက်တည်းနေပြီး ဟင်းချက်စားတာလား ။ကျားသားမိုးကြိုး .... မောင်ဆေးစားမှားတာများလား "

If only we breakup .. (Z+U) ( Completed)Where stories live. Discover now