If only we breakup .. (Z+U) (...

By reta-nan

2M 160K 15.8K

No descriptions here More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ေမာင္..... သို႔
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 29 ( Final )
extra 1
extra 2
extra 3
extra 4
စာအုပ်အဖြစ်ထုတ်ဝေခြင်း
if only we break up

ep 28

54.3K 4.3K 466
By reta-nan


" အဲ့ေတာ့ ေမာင္က ငါသိမွာစိုးလို႕ တစ္ေယာက္တည္းႀကိတ္ၿပီး ေျဖရွင္းေနခဲ့တာေပါ့ "

ရာျပည့္ ေျခခ်ိတ္ထိုင္ရင္း လက္ႏွစ္ဖက္ကိုပိုက္ထားကာ ေမာင့္မ်က္ႏွာကို တည့္တည့္ၾကည့္ေမးလိုက္သည္ ။ ေမာင့္ရဲ႕မ်က္ႏွာမွာ စိုးရိမ္ပူပန္စိတ္ေတြပါးပါးလွပ္လွပ္ျမင္ေနရေသးေသာ္လည္း သူ႕ကိုေတာ့ ရွိသမွ်သြားေတြ အစြမ္းကုန္ၿဖဲျပကာ ရယ္ျပေနသည္ ။

" ကေလးသိသြားၿပီး ေမာင့္ကိုေနာက္တစ္ခါ ထားခဲ့မွာကို စိုးရိမ္လို႕ ဖံုးကြယ္ထားမိခဲ့တယ္ ။ က်ိန္ဆုိက်ိန္ရဲပါတယ္ ......... ရင္မွာ ထာ၀စဥ္ ကေလးတစ္ေယာက္တည္း ရွိတာပါ ။ ပထဆံုးအခ်စ္ကလည္း ကေလးပဲဆိုတာ ကေလး သိမွာပါ "

ရာျပည့္ မ်က္ႏွာရွဴတင္းတင္းနဲ႕ ခိုင္ၿမဲကို မ်က္ေစာင္းလွမ္းခ်ိတ္လိုက္သည္ ။

" သီခ်င္းေခါင္းစဥ္က ကန္ေရျပင္ မဟုတ္လား ....."

" ဟမ္ .............. သိေနတာလား ။ဟီးဟီး ......... ေမာင္ အခု တကယ္ေျပာမယ္ ။ ေမာင္သူ႕အေပၚ ျမဴတစ္မႈံစာေတာင္ ခံစားခ်က္မရွိေတာ့ပါဘူး ။ ကေလးတစ္ေယာက္တည္းကိုပဲ ခ်စ္ၿပီး ကေလးတစ္ေယာက္တည္းကိုပဲ တြယ္တာရသူပါ ။ ၿပီးေတာ့ ေနာင္ဘယ္ေတာ့မွ ကေလးအေပၚကို ဘာကိစၥမွ မဖံုးကြယ္ေတာ့ပါဘူး ။ သံသယစိတ္ေတြနဲ႕ ေမာင့္ကေလးေလးက ပင္ပန္းေနရွာမွာပဲ ။ ေတာင္းပန္ပါတယ္ေနာ္ ......... ေမာင့္ကို ခြင့္လႊတ္ေပးမယ္မဟုတ္လား "

ခိုင္ၿမဲ လက္အုပ္ေလးခ်ီလွ်က္ သနားစရာမ်က္ႏွာေပးနဲ႕ ရာျပည့္မ်က္ႏွာအနားတိုးကပ္လာေတာ့ ရာျပည့္ ခိုင္ၿမဲမ်က္ႏွာကို တြန္းဖယ္လုိက္သည္ ။

" ခြင့္လႊတ္ေပးမယ္ ....... အဲ့မ်က္ႏွာထားကို အရင္ျပင္ ။ ေနာက္ခါ ေမာင့္ကို စိတ္ဆိုးေတာ့မယ္ဆို ေမာင့္မ်က္ႏွာကို အိတ္အမဲနဲ႕ အရင္စြပ္ထားေပးရမယ္ ။ လုပ္ခ်င္ရာလုပ္ထားၿပီးရင္ အဲ့မ်က္ႏွာေပးနဲ႕ သနားဖို႕ေကာင္းေအာင္ လုပ္တတ္လြန္းတယ္ "

" ဟီး. ဟီး.... ခ်စ္တယ္ေနာ္။ ေမာင့္မွာ ကားမရွိေတာ့လို႕ ကေလးအိမ္လိုက္ေနၿပီး ကားႀကံဳလိုက္စီးလို႕ရလား "

" ကားႀကံဳစီးတာ အိမ္ထိ လိုက္ေနဖို႕ လိုလို႕လား ။ ဒါနဲ႕ ကားေရာင္းလိုက္တဲ့ ပို္က္ဆံေတြေကာ ။ သူ႕ကိုေပးလိုက္ၿပီလား "

"ဟင့္အင္း ......... စဥ္းစားေနတာနဲ႕ ခ်က္ခ်င္းမလႊဲေပးျဖစ္ေသးဘူး ။ ဒါေပမယ့္ ခု ကေလးသိသြားၿပီဆိုေတာ့ ေပးစရာမလိုေတာ့ဘူးေလ ။ ေမာင္ ပိုက္ဆံကို ခဏသိမ္းထားလိုက္မယ္ "

ရာျပည့္ အတန္ၾကာတိတ္ဆိတ္သြားသည္ ။ ဟိုအရင္ ေဟသာခ်ိဳဆိုသည့္ မိန္းကေလးကို ပထမဦးဆံုး စေတြ႕တုန္းက သူမသည္ မနာခ်င္စရာေကာင္းေလာက္ေအာင္ ခ်စ္ဖို႕ေကာင္းၿပီး ျပည့္စံုသည္ဟု ထင္မိသည္ ။ ေနာက္တစ္ႀကိမ္ သူတို႕တိုက္ခန္းမွာ သူမကိုေတြ႔ေတာ့ လွည့္စားခံရလို႕ ေဒါသမာန္အျပည့္ႏွင့္ ေမာင့္ကိုရန္ရွာဖို႕ေရာက္လာေသာ သူမကို သူ တကယ္ကိုယ္ခ်င္းစာခဲ့ဖူးသည္ ။ ေနာက္တစ္ႀကိမ္ သူတို႕ႏွစ္ေယာက္တည္း သီးသန္႕ေတြ႕ဆံုခဲ့တုန္းက ေမာင့္ကို သူမရေအာင္လက္ထပ္မယ္လုိ႕ ႀကံဳး၀ါးခဲ့တုန္းက သူမ၏ ပံုစံသည္ ယံုၾကည္မႈ ျပည့္၀လြန္း၍ ရာျပည့္ သူမကို မႏိုင္ႏိုင္ေလာက္ဘူးဟုေတာင္ ထင္ေယာင္ထင္မွားျဖစ္မိသည့္အထိပင္ ။

သူ႕အနားကို မသိမသာတိုးကပ္လာသည့္ ေမာင့္ကို ေျခေထာက္နဲ႕အသာအယာတြန္းကန္ရင္း တြန္႕ခ်ိဳးေနတဲ့ သူ႕မ်က္ခံုးႏွစ္ဖက္ကို ပို၍ တြန္႕ခ်ိဳးေစလိုက္သည္ ။

" ေမာင္ .......... ငါ အဲ့ဒီမိန္းကေလးနဲ႔ေတြ႕မယ္ "

**************************

သီးသန္႕ဆန္သည့္ စားေသာက္ခန္းတြင္ အမ်ိဳးသမီးတစ္ဦး ထိုင္ေနသည္ ။ ပလက္တီနမ္နားဆြဲရွည္က သူမနဲ႕လိုက္ဖက္စြာ ဆြဲပန္ထားၿပီး ေက်ာ့ရွင္းတဲ့လည္တိုင္ကို ေျပာင္ရွင္းစြာေဖာ္ျပထားကာ ႀကိဳးတစ္ေခ်ာင္းသာ ပါရွိသည့္ အနက္ေရာင္ ဂါ၀န္အပါးနဲ႕ သူ႕ေရွ႕မွာ လွပစြာထိုင္ေနေသာ မိန္းကေလးကို ရာျပည့္ ဦးစြာ ယဥ္ေက်းသမႈနဲ႔ႏူတ္ဆက္လိုက္သည္ ။

" မေတြ႕တာၾကာၿပီေနာ္ .......... ေဟသာခ်ိဳ "

" အဟင္း ....... ကိုကိုက ရွင့္ကို လႊတ္လိုက္တာလား "

ေဟသာ စိတ္ထဲ အနည္းငယ္တင္းမာသြားသည္ ။ ခိုင္ၿမဲကို ဒီလိုအကြက္ေရြ႕မယ္မွန္းသိရင္ သိန္း ၅၀၀ နဲ႕ညိွႏႈိင္းကတည္းက လက္ခံခဲ့ပါတယ္ ။ ခုေတာ့ ေျမြပါလည္းဆံုး သားလည္းဆံုးျဖစ္ေတာ့မယ္ ။

သူမနဲ႕မ်က္ႏွာခ်င္းဆိုင္မွာ ၀င္ထိုင္ၿပီး ရာျပည့္သည္ သူ႕ရဲ႕အေပၚ၀တ္အက်ႌၾကယ္သီးကို အရင္ျဖဳတ္ခ်လိုက္သည္ ။ ဒီေနရာမွာ သူ သက္ေတာင့္သက္သာနဲ႕ ေနလိုဟန္သူ၏ ။

" သူလႊတ္လိုက္တာမဟုတ္ဘူး ။ အကိုက လာမယ္ဆိုလို႕ သူမတားရဲခဲ့တာ ။ အမိနဲ႕ အကို႕ၾကား ပြင့္ပြင့္လင္းလင္းေျပာရေအာင္ ။ အမိ သူ႕ကို ေငြညွစ္ထားတယ္ဆို ''

" ကြ်န္မ သူ႕ကို ေငြညွစ္တာမဟုတ္ဘူး ။ ကြ်န္မနစ္နာခဲ့တာေတြအတြက္ နစ္နာေၾကး ျပန္ယူတာ ။ ဒါနဲ႕ ရွင္က သူ႔လိုလူကို ယုံတာပဲလား ။ ရွင့္ကို အႀကိမ္ေပါင္းမ်ားစြာ လွည့္စားခဲ့တဲ့သူကို ေနာက္ထပ္အခြင့္အေရး ထပ္ေပးတုန္းပဲေပါ့ "

ေဟသာ ခပ္မဲ့မဲ့ၿပံဳးရင္း ရာျပည့္ကို ငတံုးတစ္ေကာင္လို ၾကည့္ေနခဲ့သည္ ။

" တကယ္တမ္းလွည့္စားခံရတာက အကိုမွ မဟုတ္တာ ... အမိပဲေလ ။ ဒါေၾကာင့္ အမိ ႀကိတ္မႏိုင္အံခဲျဖစ္ေနတာေပါ့ ။ အစကတည္းကေျပာခဲ့သားပဲ ...... အမိတို႕ရဲ႕ပက္သက္မႈက အကိုခြင့္ျပဳထားလုိ႕ပဲ လပိုင္းေလာက္ထိ ၾကာခဲ့တာေပါ့ ။ အကိုသာ ခြင့္မျပဳၾကည့္ပါလား .... ေမာင္ဆိုတ့ဲလူက သူ႔မိခင္ျဖစ္ေနရင္ေတာင္ အကုန္လံုးကို လြန္ဆန္မယ့္သူမ်ိဳး "

" အဲ့ေလာက္ထိပိုင္တယ္ဆိုလည္း အဲ့တုန္းကဘာလို႕ မဆြဲထားတာလဲ ။ ေကာင္းေကာင္းမွတ္မိေသးတယ္ ... အဲ့ဒီေန႕က ကိုကိုနဲ႕အတူ ကြ်န္မကို ျမင္ေတာ့ ရွင္ျဖစ္သြားတဲ့ ပံုစံေလးကို ။ အဲ့တုန္းကေလ ရွင့္ပံုစံက သိပ္သနားဖုိ႕ေကာင္းတာပဲ ။ ရွင္သိပ္ယံုၾကည္ရတဲ့ေယာက်ာ္းက ရွင္ေနတဲ့တိုက္ခန္းမွာ တျခားမိန္းမတစ္ေယာက္ကိုေခၚထားလို႕ ေဒါသစိတ္ေတြမြန္ၿပီး ေျပးထြက္သြားတာ ။ အဲ့တုန္းက အရံွဴးကို ခုထိ လက္မခံခ်င္ေသးဘူးလား "

ဒီမိန္းမက နည္းနည္းေလးမွ ေကာင္းေကာင္းဆက္ဆံေပးလုိ႕မရဘူး ။ ကိုယ္ခ်င္းစာစိတ္ထားၿပီး ဆက္ဆံေပးတာကို ေခါင္းေပၚ အိမ္သာတက္ေဆာက္ျပန္ၿပီ ။ ရာျပည့္ စိတ္ထဲ ေထာင္းခနဲျဖစ္သြားေပမယ့္ အျပင္ပန္းအၿပံဳးကိုေတာ့ တတ္ႏိုင္သေလာက္ ေပၚလြင္ေအာင္ ဟန္မပ်က္ၿပံဳးေနဆဲ ။ ဒီေနရမွာ ေယာက်ာ္းခ်င္းဆိုရင္ သူ႕မ်က္ႏွာကို စုတ္ပ်က္သတ္သြားတဲ့အထိ ရာျပည့္ လက္သီးနဲ႕ ထိုးေကြ်းလိုက္ၿပီ ။

" ေရွ႕ကိုအလ်ွင္ႏူန္းနဲ႕ေျပးဖို႕ ေနာက္ကို ေျခတစ္လွမ္းဆုတ္တာဆိတဲ့စကား အမိၾကားဖူးမလားမသိ ။ အဲ့တုန္းက အကိုဆုတ္ခဲ့တဲ့ ေျခတစ္လွမ္းက အမိကို ေက်ာ္တက္သြားၿပီေလ ။ အမိက ဘာျပင္ဆင္မႈမွ မရွိဘဲ အကို႕ေရွ႕ေရာက္လာတာပဲ ။ သတိေပးခဲ့ဖူးတယ္ေနာ္ ........... ခိုင္ၿမဲကိုဆိုတာ ဘယ္လိုလူစားမ်ိဳးလဲဆိုတာ ။ လူတကာသိေအာင္ ထုတ္ၾကြားၿပီးမွ အကို႕ဆီျပန္ေရာက္လာရင္ အကို႕အျပစ္လုိ႕ မဆိုပါနဲ႕လုိ႕ ။ အဲ့ဒီေန႕က အကို သူ႕ကိုေက်ာခိုင္းခဲ့တာက ဒီေန႕ သူ အကို႕ေရွ႕မွာ ဒူးေထာက္ေစခဲ့တဲ့ အေၾကာင္းရင္းပဲ ။ "

" ရွင္က ခုထိ အေျပာႀကီးတုန္းေနာ္ ........... ။ ရွင့္ရဲ႕အိပ္ယာေပၚမွာ သူက တျခားမိန္းမတစ္ေယာက္ကို ေခၚအိပ္ခဲ့တာေတာင္ ရွင္က ခြင့္လႊတ္ႏိုင္တယ္ဆုိေတာ့ ..... ထင္ပါတယ္ ... ရွင္ သူ႕အေပၚ သိပ္ရူးသြပ္မွန္း ။ ရွင္ကသာ ဖူးဖူးမူတ္ၿပီး တသသျဖစ္ေနတာ ၊ ကြ်န္မအတြက္ကေတာ့ ခိုင္ၿမဲကို ဆိုတာ အမႈိက္ေလာက္ေတာင္ တန္ဖိုးမရွိဘူး ။"

" အမိ ............ အမိ ပက္သက္ေနတာက ေယာက်ာ္းႏွစ္ေယာက္နဲ႔ေနာ္ ။ အမိက ေယာက်ာ္းေတြကို အရမ္းေလ်ာ့တြက္ လြန္းတယ္လုိ႕ အကိုထင္တယ္ ။ ေယာက်ာ္းေတြ ယုတ္မာမယ္ဆိုရင္ မိန္းမေတြထက္ပိုဆိုးႏိုင္တယ္ဆိုတာကို သတိထားဦး ။ ၿပီးေတာ့ ဒီအခန္းက လံုတယ္ ။ အမိေအာ္ဟစ္ၿပီး အကူအညီေတာင္းရင္ေတာင္ ဘယ္သူမွၾကားမွာ မဟုတ္ဘူး ။ အဆိုးဆံုး အမိ ဒီအခန္းထဲမွာ အသက္ေပ်ာက္သြားရင္ေတာင္ အကိုက လံုး၀ လြတ္ႏိုင္တယ္ ။ ဘာလို႕လဲဆိုေတာ့ ဒီဆိုင္က အကိုနဲ႕အရမ္းရင္းနွီးတဲ့ မိတ္ေဆြ ဆိုင္မလုိ႕ ။ ဒီေလာက္ဆို နားလည္ေလာက္မယ္ထင္တယ္ "

" ရွင္ ......... ရွင္ ........"

ေဟသာ သူ႕ႏူတ္ခမ္းသူျပန္ကိုက္ရင္း အသားေတြ တဆတ္ဆတ္ တုန္တဲ့အထိ ခံျပင္းေဒါသထြက္မိသည္ ။ သူမလို မိန္းမတစ္ေယာက္က ေယာက်ာ္းတစ္ေယာက္အတြက္နဲ႔ပဲ ဘာမဟုတ္တဲ့ ေယာက်ာ္းတစ္ေယာက္ကို အႀကိမ္တိုင္းရံူးရတာ ခံျပင္းမိသည္ ။ ဒါေပမယ့္ သူမ တတ္ႏိုင္တာ ဘာမွမရွိ ။ ကိုယ့္အသက္ေတာင္ အာမခံမရွိတဲ့ အေျခအေနမွာ သူမ ေလမက်ယ္ရဲေတာ့ ။

ရာျပည့္ လက္ႏွစ္ဖက္ေပၚေမးဖ်ားေထာက္ရင္း သူမကို အကဲစမ္းၾကည့္လိုက္သည္ ။ ေဟသာတုန္လႈပ္ေနတယ္ဆိုတာ ေသခ်ာသိၿပီးေနာက္ သူ႕ရဲ႕လက္ကို စားပြဲေပၚ ျပန္ခ်ထားရင္း ကစားပြဲကို စလိုက္သည္ ။

" အမိ သူ႕ကို သိန္း ၁၀၀၀ ေတာင္းထားတယ္ေနာ္ .........."

" အဲ့ဒီေတာ့ ................."

ေဟသာသည္ နဂိုကထက္ မ်က္ႏွာေၾကာေလ်ာ့သြားၿပီဆုိေပမယ့္ ေလသံက သိပ္မေပ်ာ့ခ်င္ေသး ။ ရာျပည့္ကလည္း သိပ္ဂရုမစုိက္ ၊ လာရင္းကိစၥက ဒီမိန္းမကို အစြယ္ခ်ိဳးဖို႕မွ မဟုတ္တာ ။

" မင္းကို သိန္း ၅၀၀ ေပးမယ္ ။ ေစ်းစစ္ရင္ တစ္ျပားမွ မေပးဘူး ။ အဲ့ဒီအတြက္ အမိဖက္က သေဘာတူညီရမယ့္ ကိစၥ နည္းနည္းရွိတယ္ "

ေဟသာမ်က္လံုးေတြ အနည္းငယ္ ျပဴးက်ယ္လာၿပီး ရာျပည့္ကို ျပည္လည္ေမာ့ၾကည့္လာသည္ ။ ဒီလူက ထင္ထားတာထက္ မဆုိးဘူးဘဲ ။

" ကြ်န္မဆီက ရွင္လိုခ်င္တဲ့ သေဘာတူညီမႈက ဘာလဲ ........."

" သူ႕ပတ္၀န္းက်င္မွာ ေနာက္ဘယ္ေတာ့မွ ထပ္မေပၚလာပါနဲ႕ ။ ကြယ္ရာမွာဆုိရင္ေတာင္ သူ႕နာမည္ မေျပာမိေစနဲ႕ ။ ဒီေငြေတြက အမိေငြညႇစ္လို႔ ေၾကာက္ၿပီး ေပးလိုက္တဲ့ ေငြမဟုတ္ဘူး ။ ကိုယ္ခ်င္းစာတရားနဲ႔ အကို႔ဖက္က ရက္ရက္ေရာေရာ ေပးလိုက္တဲ့ေငြ ။ ဒါေၾကာင့္ ဒီက ထြက္သြားၿပီဆုိတာနဲ႕ အမိ သူ႕ကိုေကာ အကို႕ကိုပါ လံုး၀ ေမ့ထားပစ္ရမယ္ ။ ဒါက အမိအတြက္ အရမ္းသက္ညွာလြန္းတဲ့ အေပးအယူပါ .... ဘယ္လုိလဲ ......."

" အိုေက ......... ကြ်န္မကလည္း ရွင္တို႕လိုလူနဲ႕ ေနာက္ထပ္ ပက္သက္ဖို႕ ဆႏၵမရွိပါဘူး ။ ဒါဆို ... ဘယ္မွာလဲ ေငြက .........."

ရာျပည့္ ခပ္ေထ့ေထ့ရယ္ၿပီး သူ႕အက်ႌအိပ္ကပ္ထဲကေန ကဒ္တစ္ကဒ္ကို ထုတ္ယူကာ သူမထံ ပစ္ေပးလုိက္သည္ ။ ကဒ္ကိုရေတာ့ ေဟသာ ခ်က္ခ်င္းသိမ္းယူၿပီး ထျပန္မယ္ႀကံေတာ့ ရာျပည့္ သူမကို တားလုိက္သည္ ။

" မင္းရဲ႕ ဖုန္းကို ခ်န္ခဲ့ ............"

" ဘာအတြက္လဲ ......... ေအာ္ ..... ဟိုလူရဲ႕ပံုေတြလား ။ မပူပါနဲ႕......... ဖ်က္ေပးမွာပါ "

" ပံုဖ်က္တာကို လိုခ်င္တာမဟုတ္ဘူး ။ မင္းရဲ႕ ဖုန္းကို လိုခ်င္တာ ။ ဖုန္းမထားခဲ့ဘူးဆိုရင္ ေစာနက ေပးခဲ့တဲ့ ကဒ္ကို ျပန္ခ်ခဲ့လုိက္ ............."

ေဟသာ နားမလည္သလိုနဲ႕ ရာျပည့္ကို ျပန္လည္ၾကည့္လာၿပီး ပခံုးတြန္႕လွ်က္ လက္ထဲက ဖုန္းကို ရာျပည့္စီ ျပည့္ေပးလိုက္သည္ ။ သူမမွာ ပို္က္ဆံေတြ ရွိေနၿပီပဲ ... ဖုန္းတစ္လံုးက ဒီေလာက္ တန္ဖိုးမရွိပါဘူး ။

ေဟသာအခန္းထဲက ထြက္သြားၿပီးေနာက္ ရာျပည့္တစ္ေယာက္တည္း အခန္းထဲမွာ တိတ္ဆိတ္စြာ က်န္ခဲ့သည္ ။ စားပြဲမွာ တင္ထားတဲ့ ဖုန္းကို အတန္ၾကာသည္အထိ စိုက္ၾကည့္ၿပီးေနာက္ တူနဲ႕ညွပ္ကာ နံေဘးက ေရခဲေရခြက္ထဲ ပစ္ခ်လိုက္သည္။

ဖုန္းပိုင္ရွင္ကိုပါ ဟင္းရည္ခြက္ထဲ ျမွပ္ပစ္ခ်င္စိတ္ ေပၚခဲ့ဖူးေပမယ့္ ေအးေဆးျဖစ္မယ့္ နည္းလမ္းကိုသာ သူေရြးခ်ယ္လိုသည္ ။ ကလဲ့စားမေခ်လို၊ ရန္ညွိဳးမထားလို ၊ ေမေမေျပာခဲ့ဖူးသလို ကိုယ္ကေကာင္းေအာင္ေနရင္ ေကာင္းတာျဖစ္လာမယ္ဆိုတာကုိ ယံုၾကည္ၿပီး တစ္ခ်ိဳ႕နာက်င္စရာေတြကို စိတ္ထဲကေန အၿပီးအတိုင္ထုတ္ပယ္လုိက္ၿပီ ။

ဒီေန႕ကစၿပီး ေမာင့္ကို တစ္က ျပန္စၿပီး ခ်စ္ေပးေတာ့မည္ ။

**********************

" ေမာင္ ......... ငါ အလုပ္ထြက္ေတာ့မယ္ ............."

ဆိုင္းမဆင့္ဗံုမဆင့္ ေျပာခ်လာသည့္ ရာျပည့္စကားေၾကာင့္ အိပ္ေပ်ာ္ေတာ့မည့္ဆဲဆဲ ခိုင္ၿမဲမ်က္လံုး တစ္ဖန္ပြင့္လာသည္ ။ ကေလး အိမ္မက္ထေယာင္တာလား ။

ပက္လက္အေနအထားမွ ခုိင္ၿမဲ ေဘးတေစာင္းလွည့္ၿပီး ရာျပည့္ကို ေသခ်ာၾကည့္လိုက္သည္ ။ သူ႕ကို ေစ့ေစ့ၾကည့္ေနသည့္ ရာျပည့္ေၾကာင့္ ကေလး အိမ္မက္ေယာင္တာေတာ့ မျဖစ္ႏုိင္ေလာက္ဘူးေပါ့ ။

" တကယ္ေျပာေနတာလား ....... ကေလး "

" အင္း ...... ဒါက စေနာက္စရာမွမဟုတ္တာ "

"ဘာလို႕လဲ ................."

ခိုင္ၿမဲ စိုးရိမ္ေနတုန္းပဲ ။ ကေလး အလုပ္ကထြက္ၿပီး ႏိုင္ငံျခားမွာ ပညာသြားသင္မယ္တို႕ ၊ႏိုင္ငံျခား ရံုးခြဲေျပာင္းမယ္တို႕ ေျပာလာမွာကို ။ အနည္းငယ္ ကြာဟေနသည့္ အေနအထားကို ပိုမိုနီးကပ္ေစရန္ ခိုင္ၿမဲ ေရွ႕နည္းနည္း တိုးလာလိုက္သည္ ။ ရာျပည့္ မ်က္လံုး ေပကလက္ ေပကလပ္နဲ႕ သူ႕ကိုေမာ့ၾကည့္လာသည္ ။

" လက္ထပ္ဖို႕ စိတ္ကူးထားလို႕ ..........."

" လက္ ........ လက္ထပ္မယ္ဆိုတာ မဂၤလာေဆာင္တာကို ေျပာတာလား ။ ႏွစ္ေယာက္ညားသြားတာကို ေျပာတာလား ။ ေမာင္နဲ႕အတူ အၿမဲေနသြားမယ္လို႔ ဆိုလိုတာလား ''

" ေမာင္ .......... က်ပ္ေကာျပည့္လား "

အျဖစ္သည္းေနသလို လႈပ္လႈပ္ရြရြနဲ႕ သူ႕လက္ေမာင္းကို က်စ္က်စ္ပါေအာင္ဆုပ္ထားလွ်က္ ေမးလာသည့္ေမာင့္ကို သူ ကုတင္ေပၚက ကန္မခ်မိေအာင္ မနည္းထိန္းထားရသည္ ။ ဒါေပမယ့္လည္း ဒီတုန္႕ျပန္မႈေလးက ခ်စ္ဖို႕ေကာင္းလြန္းအားႀကီးသည္ ။

ခိုင္ၿမဲ ခ်က္ခ်င္းပင္ ထထိုင္ၿပီး ဒူးေထာက္ထိုင္ခ်ကာ ရာျပည့္လက္ကို ဆုပ္ကိုင္လိုက္သည္ ။

" ေမာင္တို႕ ဘယ္ေန႕လက္ထပ္ၾကမွာလဲ ။ မဂၤလာ ခန္းမအတြက္ မနက္ျဖန္ စံုစမ္းလုိက္ရမလား ။ ေမာင့္မိဘေတြကို အေၾကာင္းၾကားလုိက္ေတာ့မယ္ေနာ္ ။ ဖိတ္စာလည္း တစ္ခါတည္းေရြးထားလုိက္မယ္ ။ ၾကာတယ္ကြာ ...... ခုပဲေမာင္တို႕ ခန္းမ သြားစံုစမ္းရေအာင္ "

" ေမာင္ရယ္ ...... ဘယ္လုိျဖစ္ေနတာလဲ။ သူမ်ားေတြျမင္ရင္ ရူးတယ္ထင္ဦးမယ္ ။ ခဏ...... .စိတ္ကို ၿငိမ္ၿငိမ္ထား ။ ငါ့မွာ ေမာင့္ကို ေျပာစရာစကားေတြ အမ်ားႀကီးရွိတယ္ "

" အင္း ...... ေျပာေလ .. ေမာင္အားတယ္ ။ ေမာင့္ကို ယုတ္မာခ်င္လုိ႕လား ။ ေမာင္ အဆင္သင့္လုပ္ထားလိုက္မယ္ေလ "

" ေမာင္ ........ ဘယ္လိုုျဖစ္ေနတာလဲ "

ရာျပည့္ ကုန္းေအာ္လုိက္တာ့ အက်ႌၾကယ္သီးျဖဳတ္ေနတဲ့ ခိုင္ၿမဲလက္ပင္တြန္႕ဆုတ္သြားသည္ ။

ဒါ ရွက္စရာမွမဟုတ္တာ ကေလးကလည္း ။

ရာျပည့္ ခိုင္ၿမဲနဲ႕မ်က္နွာခ်င္းဆိုင္မွာ တင္ပလႅင္ေခြ၀င္ထိုင္ရင္း ခိုင္ၿမဲ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လုိက္သည္ ။

" ေမာင္ ............ ငါ ေမာင့္ကို လက္ထပ္မယ္ ။ သိပ္မၾကာခင္ ငါ UK ကို သြားရမွာ ။ တစ္ႏွစ္ေက်ာ္ပဲ ၾကာမွာကြာ .......... တစ္ႏွစ္မွာ ၃၆၅ ရက္ ၊ ဘယ္ေလာက္မွ မၾကာပါဘူး။ ဖင္လွည့္ေခါင္းလွည့္နဲ႕ ၿပီးသြားမွာ ။ ျပန္လာရင္ ေမာင္နဲ႕လက္ထပ္မယ့္အေၾကာင္း ေဖေဖ့ကိုလည္း ေျပာျပထားၿပီးၿပီ ။ သူကလည္း ဘာမွ ၀င္မစြပ္ဖက္ဘူး ။"

" UK .......... ဟုတ္လား ။ ဒီေလာက္အေ၀းႀကီး ဘာသြားလုပ္မွာလဲ ။ ကေလးက ႏိုင္ငံရပ္ျခားမွာ မေနတတ္ဘူးဆို ။ကိုယ့္ေျမကိုယ့္ေရပဲ သေဘာက်တာဆို ။ ဟိုေရာက္လုိ႕ ျမန္မာထမင္းဟင္းေတြကို လြမ္းတယ္ဆို ေမာင္က ဘယ္လိုလာပို႕ေပးရမွာလဲ ။ ဟိုမွာက လူေပါင္းစံုတယ္ ..... တစ္ေယာက္တည္းပဲေနတတ္တဲ့ ကေလးကို ေမာင္ဘယ္လို စိတ္ခ်မွာလဲ ။ မျဖစ္ဘူး ..... ေမာင္ မနက္ျဖန္ ကေလးရဲ႕ေဖေဖဆီသြားမယ္ ။ ကေလးကို အေ၀းမလြတ္ဖို႕ ေမာင္ သြားေတာင္းပန္မယ္ ။ ဒူးေထာက္ဆိုလည္း ေထာက္မယ္ကြာ ။ ကေလး အတြက္ဆို ဘာပဲျဖစ္ျဖစ္ ေမာင္ရင္ဆိုင္ရဲတယ္ ။"

ရာျပည့္လက္ထဲကေန ရုန္းထြက္ၿပီး တစ္ဖန္ သူ ကေလးကို တင္းက်ပ္စြာ ေပြ႔ဖက္မိသြားသည္ ။ ကေလးနဲ႕ ပက္သက္ရင္ ေပ်ာ္စရာကိစၥေတြက ဘာလုိ႕ အၾကာႀကီးမခံရတာလဲ ။ ေ၀းၿပီးၿပီေလ .........ထပ္မေ၀းခ်င္ေတာ့ဘူး ။ ဇာတ္လမ္းေတြထဲမွာ ဇာတ္လိုက္ေကာင္းစားဖို႕ က်န္တစ္ေယာက္က နားလည္ေပးၿပီး က်န္ခဲ့တာမ်ိဳး သူ လက္မခံခ်င္ဘူး ။ ခ်စ္ၿပီဆုိ မ ေ၀းခ်င္ေတာ့ဘူး ။ သူ႕အနားမွာပဲ အရိပ္တစ္ခုလို တြယ္ကပ္ခ်င္တယ္ ။

" ေဖေဖတိုက္တြန္းလို႕ သြားတာမဟုတ္ဘူး ။ ငါ့ေရြးခ်ယ္မႈနဲ႕ ငါမလို႕ ေမာင္ ေဖေဖ့ကို သြားေျပာလည္း ဘာမွ ထူးမွာမဟုတ္ဘူး ။ တစ္ႏွစ္ပဲေလ ..........တစ္ႏွစ္ဆိုတဲ့ အခ်ိန္က ခဏေလးပါ ။ မ်က္စိတစ္မွိတ္အတြင္း ကုန္သြားမွာ။"

" မ်က္စိတစ္မွိတ္အတြင္း ကေလး ေမာင့္ကို ေမ့ေလ်ာ့သြားခဲ့ရင္ေကာ ။ မ်က္စိတစ္မွိတ္အတြင္း ကေလး ေမာင့္ကို ခ်စ္ဖို႕သတိမရေတာ့ဘူးဆိုရင္ေကာ ။ ေမာင္ မေတြးခ်င္ဘူး .......... ကေလးရဲ႕ အေ၀းမွာေနရမယ္လုိ႕ စိတ္ကူးေတာင္ မယဥ္ခ်င္ဘူး ။ ဒါေၾကာင့္ ထြက္မသြားပါနဲ႕ေနာ္ "

ေမာင့္ရဲ႕ ေပြ႕ဖက္မႈက ပိုမိုတင္းက်ပ္လာလို႕ ရာျပည့္ အသက္ရွဴဖုိ႕ေတာင္ခက္လာသည္ ။ ေမာင္ကေလ ခ်စ္တာတစ္ခုပဲသိတာ ။ လက္ေတြ႕ဘ၀မွာ ဘာက အေရးႀကီးလဲ ေမာင္ မသိဘူး ။

ဒါဆို သူကေကာ ။ သူလည္း ေမာင့္ေၾကာင့္နဲ႕ လက္ေတြ႕ဘ၀ကေန ခုန္ထြက္ခဲ့တဲ့သူမဟုတ္လား ။ အတူတူနဲ႕ အႏူႏူပါပဲ ။ ဒါေၾကာင့္ ေမာင္ ထြက္မသြားေစခ်င္တာကို သူ နားလည္ပါတယ္ ။

" ျပန္လာရင္ လက္ထပ္ၾကမယ္ေလ ။ ျပန္လာရင္ ေနာက္ဘယ္ေတာ့မွ ထပ္ခြဲသြားဖို႕ မရွိေတာ့ပါဘူး "

" လက္ထပ္မယ့္ ကိစၥနဲ႕ ျမွားၿပီး ပ်ားရည္နဲ႕၀မ္းခ်တယ္ေပါ့ ။ မရဘူး ...... မနက္ျဖန္ပဲ လက္ထပ္မယ္ ။ ကေလးကို ဘယ္ကိုမွ ေပးမသြားႏုိင္ဘူး ။ ဒီတစ္ခါဆို ေမာင္ ရူးရံုတင္မက ေသသြားလိမ့္မယ္ ။ ဒါေၾကာင့္ ဒီမွာပဲ ေနပါေနာ္ "

" ေျပာရခက္လိုက္တာ .........ေမာင္ရယ္ "

ရာျပည့္ ခိုင္ၿမဲကို တြန္းဖယ္ၿပီး ကုတင္ေပၚက ဆင္းကာ ကန္႕လန္႕ကာကို ဆြဲဖြင့္လိုက္သည္ ။ ထို႕ေနာက္ ၀ရံတာဆီကို ထြက္လာလိုက္သည္ ။ ညမီးေရာင္ေတြၾကား ၿမိဳ႕ရဲ႕အလွက အရိုင္းဆန္ၿပီး လွပသည္ ။ အျပင္ဖက္က ပတ္၀န္းက်င္ကို ေငးၿပီး ရာျပည္ ရပ္ေနတုန္း ေမာင္လည္း သူ႕ေဘး လာရပ္ေနေလ၏ ။ ေမာင္ စီးကရက္တစ္လိပ္ကို ထုတ္ကာ ႏူတ္ခမ္းဖ်ားတြင္ ခဲထားၿပီး မီးညွိရန္ႀကံေတာ့ ရာျပည့္ ေမာင့္ႏူတ္ခမ္းက စီးကရက္ကုိ ဆြဲယူၿပီး သူ႕ႏူတ္ခမ္းမွာ ခဲထားလိုက္သည္ ။

သူ႕အျပဳအမူကို နားမလည္ႏိုင္တာက ခိုင္ၿမဲပင္ ။

" ကေလးက ေဆးလိပ္မေသာက္တတ္ဘူး မဟုတ္လား ........."

" အရင္က မေသာက္တတ္ဘူး ။ ခုကစ ေသာက္တတ္ေအာင္ ေသာက္မယ္ ။ ေဆးလိပ္ေသာက္တာ က်န္းမာေရးနဲ႕ မညီညႊတ္မွန္း သိတာေတာင္ ေမာင္က ေသာက္ေသးတာပဲ ။ ေဆးလိပ္ေတြ အရက္ေတြေသာက္ၿပီး ေမာင္ ဒီေလာကႀကီးထဲက အရင္ ထြက္သြားမယ္ေပါ့ ။ ငါတစ္ေယာက္တည္း က်န္မေနခ်င္ဘူး ... ငါတစ္ေယာက္တည္း ေမာင့္ကို လြမ္းရင္း ဒုကၡေတြ မခံခ်င္ဘူး ။ ေဆးလိပ္တစ္လိပ္ေသာက္တိုင္း အသက္တစ္မိနစ္တိုမယ္ဆို ငါလည္း ေမာင္နဲဲ႕အတူ ေသရြာထိ လိုက္မယ္ ။ ေမာင္ ကိုယ္လြတ္႐ုန္းဖို႔ မစဥ္းစားနဲ႔ ''

ခိုင္ၿမဲ လက္ထဲက မီးျခစ္ ၾကမ္းျပင္ေပၚသို႕ ျပဳတ္က်သြားသည္ ။ ဒီေလာက္အားျပင္းတဲ့စကားကို ကေလး ဘယ္သူ႕ဆီက သင္ခဲ့တာလဲ ။ ဒီလူကို ခ်စ္မိတာေၾကာင့္ ေနာင္တဆိုတာ ဘယ္မွာ သြားရွာရမွန္း မသိတဲ့အထိပင္ျဖစ္ရသည္။

သူ႕ကို ရႊန္းလဲ့တဲ့ မ်က္၀န္းေတြနဲ႕ ၿပံဳးၿပီးၾကည့္လာသည့္ ၾကင္နာသူကို ဆုေပးရန္ ခိုင္ၿမဲ ရာျပည့္လက္ကိုဆြဲယူၿပီး ႏူတ္ခမ္းခ်င္း ထိစပ္လုိက္သည္ ။

စိတ္ညစ္စရာေတြ ခဏထား ။ ဒီႏူတ္ခမ္းေလးရဲ႕ခ်ိဳၿမိန္မႈေအာက္ ၾကည္ႏူးစရာေတြကိုပဲ သူေတြးေတာ့မယ္ ။

ေမာင္တို႕ လက္ထပ္ၿပီးရင္ ညတုိင္း စကားႏိုင္လုတမ္း ကစားရေအာင္ ။

ေမာင္တုိ႕ လက္ထပ္ၿပီးရင္ မနက္တိုင္း အခ်စ္ေတြနဲ႔ ႏိုးထမယ္ ။

ေမာင္တို႕ လက္ထပ္ၿပီးရင္ တစ္ေန႕ထက္တစ္ေန႕ ပိုခ်စ္ရေအာင္ ။

----------------------------

အေမ မျပန္ေသးဘူးဗ်ာ ။ ဘယ္ေန႔ျပန္မွာလဲေမးတာ ထိပ္ေခါက္ခံရတယ္ ။ ငါ့အိမ္နဲ႔ငါ ေနခ်င္သေလာက္ေနမယ္တဲ့...၂ပတ္လို႔ေျပာၿပီး တစ္လျပည့္ေတာ့မယ္ ။ ၅ မိနစ္တစ္ခါ နာမည္ေခၚလို႔ စာေရးလည္း ေအးေဆးမေရးရပါဘူး ။ ဒါေပမယ့္ အေမ႐ွိေနလို႔ အူစိုတယ္ ။ ဒါေလးလာေျပာတာ... အရင္လို AN မေရးႏိုင္ေတာ့လို႔ စိတ္မေကာင္းမျဖစ္ၾကနဲ႔ဦး 🤣🤣။

22.8.2019


Unicode

" အဲ့တော့ မောင်က ငါသိမှာစိုးလို့ တစ်ယောက်တည်းကြိတ်ပြီး ဖြေရှင်းနေခဲ့တာပေါ့ "

ရာပြည့် ခြေချိတ်ထိုင်ရင်း လက်နှစ်ဖက်ကိုပိုက်ထားကာ မောင့်မျက်နှာကို တည့်တည့်ကြည့်မေးလိုက်သည် ။ မောင့်ရဲ့မျက်နှာမှာ စိုးရိမ်ပူပန်စိတ်တွေပါးပါးလှပ်လှပ်မြင်နေရသေးသော်လည်း သူ့ကိုတော့ ရှိသမျှသွားတွေ အစွမ်းကုန်ဖြဲပြကာ ရယ်ပြနေသည် ။

" ကလေးသိသွားပြီး မောင့်ကိုနောက်တစ်ခါ ထားခဲ့မှာကို စိုးရိမ်လို့ ဖုံးကွယ်ထားမိခဲ့တယ် ။ ကျိန်ဆိုကျိန်ရဲပါတယ် ......... ရင်မှာ ထာဝစဉ် ကလေးတစ်ယောက်တည်း ရှိတာပါ ။ ပထဆုံးအချစ်ကလည်း ကလေးပဲဆိုတာ ကလေး သိမှာပါ "

ရာပြည့် မျက်နှာရှူတင်းတင်းနဲ့ ခိုင်မြဲကို မျက်စောင်းလှမ်းချိတ်လိုက်သည် ။

" သီချင်းခေါင်းစဉ်က ကန်ရေပြင် မဟုတ်လား ....."

" ဟမ် .............. သိနေတာလား ။ဟီးဟီး ......... မောင် အခု တကယ်ပြောမယ် ။ မောင်သူ့အပေါ် မြူတစ်မှုံစာတောင် ခံစားချက်မရှိတော့ပါဘူး ။ ကလေးတစ်ယောက်တည်းကိုပဲ ချစ်ပြီး ကလေးတစ်ယောက်တည်းကိုပဲ တွယ်တာရသူပါ ။ ပြီးတော့ နောင်ဘယ်တော့မှ ကလေးအပေါ်ကို ဘာကိစ္စမှ မဖုံးကွယ်တော့ပါဘူး ။ သံသယစိတ်တွေနဲ့ မောင့်ကလေးလေးက ပင်ပန်းနေရှာမှာပဲ ။ တောင်းပန်ပါတယ်နော် ......... မောင့်ကို ခွင့်လွှတ်ပေးမယ်မဟုတ်လား "

ခိုင်မြဲ လက်အုပ်လေးချီလျှက် သနားစရာမျက်နှာပေးနဲ့ ရာပြည့်မျက်နှာအနားတိုးကပ်လာတော့ ရာပြည့် ခိုင်မြဲမျက်နှာကို တွန်းဖယ်လိုက်သည် ။

" ခွင့်လွှတ်ပေးမယ် ....... အဲ့မျက်နှာထားကို အရင်ပြင် ။ နောက်ခါ မောင့်ကို စိတ်ဆိုးတော့မယ်ဆို မောင့်မျက်နှာကို အိတ်အမဲနဲ့ အရင်စွပ်ထားပေးရမယ် ။ လုပ်ချင်ရာလုပ်ထားပြီးရင် အဲ့မျက်နှာပေးနဲ့ သနားဖို့ကောင်းအောင် လုပ်တတ်လွန်းတယ် "

" ဟီး. ဟီး.... ချစ်တယ်နော်။ မောင့်မှာ ကားမရှိတော့လို့ ကလေးအိမ်လိုက်နေပြီး ကားကြုံလိုက်စီးလို့ရလား "

" ကားကြုံစီးတာ အိမ်ထိ လိုက်နေဖို့ လိုလို့လား ။ ဒါနဲ့ ကားရောင်းလိုက်တဲ့ ပိုက်ဆံတွေကော ။ သူ့ကိုပေးလိုက်ပြီလား "

"ဟင့်အင်း ......... စဉ်းစားနေတာနဲ့ ချက်ချင်းမလွှဲပေးဖြစ်သေးဘူး ။ ဒါပေမယ့် ခု ကလေးသိသွားပြီဆိုတော့ ပေးစရာမလိုတော့ဘူးလေ ။ မောင် ပိုက်ဆံကို ခဏသိမ်းထားလိုက်မယ် "

ရာပြည့် အတန်ကြာတိတ်ဆိတ်သွားသည် ။ ဟိုအရင် ဟေသာချိုဆိုသည့် မိန်းကလေးကို ပထမဦးဆုံး စတွေ့တုန်းက သူမသည် မနာချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းပြီး ပြည့်စုံသည်ဟု ထင်မိသည် ။ နောက်တစ်ကြိမ် သူတို့တိုက်ခန်းမှာ သူမကိုတွေ့တော့ လှည့်စားခံရလို့ ဒေါသမာန်အပြည့်နှင့် မောင့်ကိုရန်ရှာဖို့ရောက်လာသော သူမကို သူ တကယ်ကိုယ်ချင်းစာခဲ့ဖူးသည် ။ နောက်တစ်ကြိမ် သူတို့နှစ်ယောက်တည်း သီးသန့်တွေ့ဆုံခဲ့တုန်းက မောင့်ကို သူမရအောင်လက်ထပ်မယ်လို့ ကြုံးဝါးခဲ့တုန်းက သူမ၏ ပုံစံသည် ယုံကြည်မှု ပြည့်ဝလွန်း၍ ရာပြည့် သူမကို မနိုင်နိုင်လောက်ဘူးဟုတောင် ထင်ယောင်ထင်မှားဖြစ်မိသည့်အထိပင် ။

သူ့အနားကို မသိမသာတိုးကပ်လာသည့် မောင့်ကို ခြေထောက်နဲ့အသာအယာတွန်းကန်ရင်း တွန့်ချိုးနေတဲ့ သူ့မျက်ခုံးနှစ်ဖက်ကို ပို၍ တွန့်ချိုးစေလိုက်သည် ။

" မောင် .......... ငါ အဲ့ဒီမိန်းကလေးနဲ့တွေ့မယ် "

**************************

သီးသန့်ဆန်သည့် စားသောက်ခန်းတွင် အမျိုးသမီးတစ်ဦး ထိုင်နေသည် ။ ပလက်တီနမ်နားဆွဲရှည်က သူမနဲ့လိုက်ဖက်စွာ ဆွဲပန်ထားပြီး ကျော့ရှင်းတဲ့လည်တိုင်ကို ပြောင်ရှင်းစွာဖော်ပြထားကာ ကြိုးတစ်ချောင်းသာ ပါရှိသည့် အနက်ရောင် ဂါဝန်အပါးနဲ့ သူ့ရှေ့မှာ လှပစွာထိုင်နေသော မိန်းကလေးကို ရာပြည့် ဦးစွာ ယဉ်ကျေးသမှုနဲ့နူတ်ဆက်လိုက်သည် ။

" မတွေ့တာကြာပြီနော် .......... ဟေသာချို "

" အဟင်း ....... ကိုကိုက ရှင့်ကို လွှတ်လိုက်တာလား "

ဟေသာ စိတ်ထဲ အနည်းငယ်တင်းမာသွားသည် ။ ခိုင်မြဲကို ဒီလိုအကွက်ရွေ့မယ်မှန်းသိရင် သိန်း ၅၀၀ နဲ့ညှိနှိုင်းကတည်းက လက်ခံခဲ့ပါတယ် ။ ခုတော့ မြွေပါလည်းဆုံး သားလည်းဆုံးဖြစ်တော့မယ် ။

သူမနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ရာပြည့်သည် သူ့ရဲ့အပေါ်ဝတ်အကျႌကြယ်သီးကို အရင်ဖြုတ်ချလိုက်သည် ။ ဒီနေရာမှာ သူ သက်တောင့်သက်သာနဲ့ နေလိုဟန်သူ၏ ။

" သူလွှတ်လိုက်တာမဟုတ်ဘူး ။ အကိုက လာမယ်ဆိုလို့ သူမတားရဲခဲ့တာ ။ အမိနဲ့ အကို့ကြား ပွင့်ပွင့်လင်းလင်းပြောရအောင် ။ အမိ သူ့ကို ငွေညှစ်ထားတယ်ဆို ''

" ကျွန်မ သူ့ကို ငွေညှစ်တာမဟုတ်ဘူး ။ ကျွန်မနစ်နာခဲ့တာတွေအတွက် နစ်နာကြေး ပြန်ယူတာ ။ ဒါနဲ့ ရှင်က သူ့လိုလူကို ယုံတာပဲလား ။ ရှင့်ကို အကြိမ်ပေါင်းများစွာ လှည့်စားခဲ့တဲ့သူကို နောက်ထပ်အခွင့်အရေး ထပ်ပေးတုန်းပဲပေါ့ "

ဟေသာ ခပ်မဲ့မဲ့ပြုံးရင်း ရာပြည့်ကို ငတုံးတစ်ကောင်လို ကြည့်နေခဲ့သည် ။

" တကယ်တမ်းလှည့်စားခံရတာက အကိုမှ မဟုတ်တာ ... အမိပဲလေ ။ ဒါကြောင့် အမိ ကြိတ်မနိုင်အံခဲဖြစ်နေတာပေါ့ ။ အစကတည်းကပြောခဲ့သားပဲ ...... အမိတို့ရဲ့ပက်သက်မှုက အကိုခွင့်ပြုထားလို့ပဲ လပိုင်းလောက်ထိ ကြာခဲ့တာပေါ့ ။ အကိုသာ ခွင့်မပြုကြည့်ပါလား .... မောင်ဆိုတဲ့လူက သူ့မိခင်ဖြစ်နေရင်တောင် အကုန်လုံးကို လွန်ဆန်မယ့်သူမျိုး "

" အဲ့လောက်ထိပိုင်တယ်ဆိုလည်း အဲ့တုန်းကဘာလို့ မဆွဲထားတာလဲ ။ ကောင်းကောင်းမှတ်မိသေးတယ် ... အဲ့ဒီနေ့က ကိုကိုနဲ့အတူ ကျွန်မကို မြင်တော့ ရှင်ဖြစ်သွားတဲ့ ပုံစံလေးကို ။ အဲ့တုန်းကလေ ရှင့်ပုံစံက သိပ်သနားဖို့ကောင်းတာပဲ ။ ရှင်သိပ်ယုံကြည်ရတဲ့ယောကျာ်းက ရှင်နေတဲ့တိုက်ခန်းမှာ တခြားမိန်းမတစ်ယောက်ကိုခေါ်ထားလို့ ဒေါသစိတ်တွေမွန်ပြီး ပြေးထွက်သွားတာ ။ အဲ့တုန်းက အရံှူးကို ခုထိ လက်မခံချင်သေးဘူးလား "

ဒီမိန်းမက နည်းနည်းလေးမှ ကောင်းကောင်းဆက်ဆံပေးလို့မရဘူး ။ ကိုယ်ချင်းစာစိတ်ထားပြီး ဆက်ဆံပေးတာကို ခေါင်းပေါ် အိမ်သာတက်ဆောက်ပြန်ပြီ ။ ရာပြည့် စိတ်ထဲ ထောင်းခနဲဖြစ်သွားပေမယ့် အပြင်ပန်းအပြုံးကိုတော့ တတ်နိုင်သလောက် ပေါ်လွင်အောင် ဟန်မပျက်ပြုံးနေဆဲ ။ ဒီနေရမှာ ယောကျာ်းချင်းဆိုရင် သူ့မျက်နှာကို စုတ်ပျက်သတ်သွားတဲ့အထိ ရာပြည့် လက်သီးနဲ့ ထိုးကျွေးလိုက်ပြီ ။

" ရှေ့ကိုအလျှင်နူန်းနဲ့ပြေးဖို့ နောက်ကို ခြေတစ်လှမ်းဆုတ်တာဆိတဲ့စကား အမိကြားဖူးမလားမသိ ။ အဲ့တုန်းက အကိုဆုတ်ခဲ့တဲ့ ခြေတစ်လှမ်းက အမိကို ကျော်တက်သွားပြီလေ ။ အမိက ဘာပြင်ဆင်မှုမှ မရှိဘဲ အကို့ရှေ့ရောက်လာတာပဲ ။ သတိပေးခဲ့ဖူးတယ်နော် ........... ခိုင်မြဲကိုဆိုတာ ဘယ်လိုလူစားမျိုးလဲဆိုတာ ။ လူတကာသိအောင် ထုတ်ကြွားပြီးမှ အကို့ဆီပြန်ရောက်လာရင် အကို့အပြစ်လို့ မဆိုပါနဲ့လို့ ။ အဲ့ဒီနေ့က အကို သူ့ကိုကျောခိုင်းခဲ့တာက ဒီနေ့ သူ အကို့ရှေ့မှာ ဒူးထောက်စေခဲ့တဲ့ အကြောင်းရင်းပဲ ။ "

" ရှင်က ခုထိ အပြောကြီးတုန်းနော် ........... ။ ရှင့်ရဲ့အိပ်ယာပေါ်မှာ သူက တခြားမိန်းမတစ်ယောက်ကို ခေါ်အိပ်ခဲ့တာတောင် ရှင်က ခွင့်လွှတ်နိုင်တယ်ဆိုတော့ ..... ထင်ပါတယ် ... ရှင် သူ့အပေါ် သိပ်ရူးသွပ်မှန်း ။ ရှင်ကသာ ဖူးဖူးမူတ်ပြီး တသသဖြစ်နေတာ ၊ ကျွန်မအတွက်ကတော့ ခိုင်မြဲကို ဆိုတာ အမှိုက်လောက်တောင် တန်ဖိုးမရှိဘူး ။"

" အမိ ............ အမိ ပက်သက်နေတာက ယောကျာ်းနှစ်ယောက်နဲ့နော် ။ အမိက ယောကျာ်းတွေကို အရမ်းလျော့တွက် လွန်းတယ်လို့ အကိုထင်တယ် ။ ယောကျာ်းတွေ ယုတ်မာမယ်ဆိုရင် မိန်းမတွေထက်ပိုဆိုးနိုင်တယ်ဆိုတာကို သတိထားဦး ။ ပြီးတော့ ဒီအခန်းက လုံတယ် ။ အမိအော်ဟစ်ပြီး အကူအညီတောင်းရင်တောင် ဘယ်သူမှကြားမှာ မဟုတ်ဘူး ။ အဆိုးဆုံး အမိ ဒီအခန်းထဲမှာ အသက်ပျောက်သွားရင်တောင် အကိုက လုံး၀ လွတ်နိုင်တယ် ။ ဘာလို့လဲဆိုတော့ ဒီဆိုင်က အကိုနဲ့အရမ်းရင်းနှီးတဲ့ မိတ်ဆွေ ဆိုင်မလို့ ။ ဒီလောက်ဆို နားလည်လောက်မယ်ထင်တယ် "

" ရှင် ......... ရှင် ........"

ဟေသာ သူ့နူတ်ခမ်းသူပြန်ကိုက်ရင်း အသားတွေ တဆတ်ဆတ် တုန်တဲ့အထိ ခံပြင်းဒေါသထွက်မိသည် ။ သူမလို မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်အတွက်နဲ့ပဲ ဘာမဟုတ်တဲ့ ယောကျာ်းတစ်ယောက်ကို အကြိမ်တိုင်းရူံးရတာ ခံပြင်းမိသည် ။ ဒါပေမယ့် သူမ တတ်နိုင်တာ ဘာမှမရှိ ။ ကိုယ့်အသက်တောင် အာမခံမရှိတဲ့ အခြေအနေမှာ သူမ လေမကျယ်ရဲတော့ ။

ရာပြည့် လက်နှစ်ဖက်ပေါ် မေးဖျားထောက်ရင်း သူမကို အကဲစမ်းကြည့်လိုက်သည် ။ ဟေသာတုန်လှုပ်နေတယ်ဆိုတာ သေချာသိပြီးနောက် သူ့ရဲ့လက်ကို စားပွဲပေါ် ပြန်ချထားရင်း ကစားပွဲကို စလိုက်သည် ။

" အမိ သူ့ကို သိန်း ၁၀၀၀ တောင်းထားတယ်နော် .........."

" အဲ့ဒီတော့ ................."

ဟေသာသည် နဂိုကထက် မျက်နှာကြောလျော့သွားပြီဆိုပေမယ့် လေသံက သိပ်မပျော့ချင်သေး ။ ရာပြည့်ကလည်း သိပ်ဂရုမစိုက် ၊ လာရင်းကိစ္စက ဒီမိန်းမကို အစွယ်ချိုးဖို့မှ မဟုတ်တာ ။

" မင်းကို သိန်း ၅၀၀ ပေးမယ် ။ ဈေးစစ်ရင် တစ်ပြားမှ မပေးဘူး ။ အဲ့ဒီအတွက် အမိဖက်က သဘောတူညီရမယ့် ကိစ္စ နည်းနည်းရှိတယ် "

ဟေသာမျက်လုံးတွေ အနည်းငယ် ပြူးကျယ်လာပြီး ရာပြည့်ကို ပြည်လည်မော့ကြည့်လာသည် ။ ဒီလူက ထင်ထားတာထက် မဆိုးဘူးဘဲ ။

" ကျွန်မဆီက ရှင်လိုချင်တဲ့ သဘောတူညီမှုက ဘာလဲ ........."

" သူ့ပတ်ဝန်းကျင်မှာ နောက်ဘယ်တော့မှ ထပ်မပေါ်လာပါနဲ့ ။ ကွယ်ရာမှာဆိုရင်တောင် သူ့နာမည် မပြောမိစေနဲ့ ။ ဒီငွေတွေက အမိငွေညှစ်လို့ ကြောက်ပြီး ပေးလိုက်တဲ့ ငွေမဟုတ်ဘူး ။ ကိုယ်ချင်းစာတရားနဲ့ အကို့ဖက်က ရက်ရက်ရောရော ပေးလိုက်တဲ့ငွေ ။ ဒါကြောင့် ဒီက ထွက်သွားပြီဆိုတာနဲ့ အမိ သူ့ကိုကော အကို့ကိုပါ လုံး၀ မေ့ထားပစ်ရမယ် ။ ဒါက အမိအတွက် အရမ်းသက်ညှာလွန်းတဲ့ အပေးအယူပါ .... ဘယ်လိုလဲ ......."

" အိုကေ ......... ကျွန်မကလည်း ရှင်တို့လိုလူနဲ့ နောက်ထပ် ပက်သက်ဖို့ ဆန္ဒမရှိပါဘူး ။ ဒါဆို ... ဘယ်မှာလဲ ငွေက .........."

ရာပြည့် ခပ်ထေ့ထေ့ရယ်ပြီး သူ့အကျႌအိပ်ကပ်ထဲကနေ ကဒ်တစ်ကဒ်ကို ထုတ်ယူကာ သူမထံ ပစ်ပေးလိုက်သည် ။ ကဒ်ကိုရတော့ ဟေသာ ချက်ချင်းသိမ်းယူပြီး ထပြန်မယ်ကြံတော့ ရာပြည့် သူမကို တားလိုက်သည် ။

" မင်းရဲ့ ဖုန်းကို ချန်ခဲ့ ............"

" ဘာအတွက်လဲ ......... အော် ..... ဟိုလူရဲ့ပုံတွေလား ။ မပူပါနဲ့......... ဖျက်ပေးမှာပါ "

" ပုံဖျက်တာကို လိုချင်တာမဟုတ်ဘူး ။ မင်းရဲ့ ဖုန်းကို လိုချင်တာ ။ ဖုန်းမထားခဲ့ဘူးဆိုရင် စောနက ပေးခဲ့တဲ့ ကဒ်ကို ပြန်ချခဲ့လိုက် ............."

ဟေသာ နားမလည်သလိုနဲ့ ရာပြည့်ကို ပြန်လည်ကြည့်လာပြီး ပခုံးတွန့်လျှက် လက်ထဲက ဖုန်းကို ရာပြည့်စီ ပြည့်ပေးလိုက်သည် ။ သူမမှာ ပိုက်ဆံတွေ ရှိနေပြီပဲ ... ဖုန်းတစ်လုံးက ဒီလောက် တန်ဖိုးမရှိပါဘူး ။

ဟေသာအခန်းထဲက ထွက်သွားပြီးနောက် ရာပြည့်တစ်ယောက်တည်း အခန်းထဲမှာ တိတ်ဆိတ်စွာ ကျန်ခဲ့သည် ။ စားပွဲမှာ တင်ထားတဲ့ ဖုန်းကို အတန်ကြာသည်အထိ စိုက်ကြည့်ပြီးနောက် တူနဲ့ညှပ်ကာ နံဘေးက ရေခဲရေခွက်ထဲ ပစ်ချလိုက်သည်။

ဖုန်းပိုင်ရှင်ကိုပါ ဟင်းရည်ခွက်ထဲ မြှပ်ပစ်ချင်စိတ် ပေါ်ခဲ့ဖူးပေမယ့် အေးဆေးဖြစ်မယ့် နည်းလမ်းကိုသာ သူရွေးချယ်လိုသည် ။ ကလဲ့စားမချေလို၊ ရန်ညှိုးမထားလို ၊ မေမေပြောခဲ့ဖူးသလို ကိုယ်ကကောင်းအောင်နေရင် ကောင်းတာဖြစ်လာမယ်ဆိုတာကို ယုံကြည်ပြီး တစ်ချို့နာကျင်စရာတွေကို စိတ်ထဲကနေ အပြီးအတိုင်ထုတ်ပယ်လိုက်ပြီ ။

ဒီနေ့ကစပြီး မောင့်ကို တစ်က ပြန်စပြီး ချစ်ပေးတော့မည် ။

**********************

" မောင် ......... ငါ အလုပ်ထွက်တော့မယ် ............."

ဆိုင်းမဆင့်ဗုံမဆင့် ပြောချလာသည့် ရာပြည့်စကားကြောင့် အိပ်ပျော်တော့မည့်ဆဲဆဲ ခိုင်မြဲမျက်လုံး တစ်ဖန်ပွင့်လာသည် ။ ကလေး အိမ်မက်ထယောင်တာလား ။

ပက်လက်အနေအထားမှ ခိုင်မြဲ ဘေးတစောင်းလှည့်ပြီး ရာပြည့်ကို သေချာကြည့်လိုက်သည် ။ သူ့ကို စေ့စေ့ကြည့်နေသည့် ရာပြည့်ကြောင့် ကလေး အိမ်မက်ယောင်တာတော့ မဖြစ်နိုင်လောက်ဘူးပေါ့ ။

" တကယ်ပြောနေတာလား ....... ကလေး "

" အင်း ...... ဒါက စနောက်စရာမှမဟုတ်တာ "

"ဘာလို့လဲ ................."

ခိုင်မြဲ စိုးရိမ်နေတုန်းပဲ ။ ကလေး အလုပ်ကထွက်ပြီး နိုင်ငံခြားမှာ ပညာသွားသင်မယ်တို့ ၊နိုင်ငံခြား ရုံးခွဲပြောင်းမယ်တို့ ပြောလာမှာကို ။ အနည်းငယ် ကွာဟနေသည့် အနေအထားကို ပိုမိုနီးကပ်စေရန် ခိုင်မြဲ ရှေ့နည်းနည်း တိုးလာလိုက်သည် ။ ရာပြည့် မျက်လုံး ပေကလက် ပေကလပ်နဲ့ သူ့ကိုမော့ကြည့်လာသည် ။

" လက်ထပ်ဖို့ စိတ်ကူးထားလို့ ..........."

" လက် ........ လက်ထပ်မယ်ဆိုတာ မင်္ဂလာဆောင်တာကို ပြောတာလား ။ နှစ်ယောက်ညားသွားတာကို ပြောတာလား ။ မောင်နဲ့အတူ အမြဲနေသွားမယ်လို့ ဆိုလိုတာလား ''

" မောင် .......... ကျပ်ကောပြည့်လား "

အဖြစ်သည်းနေသလို လှုပ်လှုပ်ရွရွနဲ့ သူ့လက်မောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလျှက် မေးလာသည့်မောင့်ကို သူ ကုတင်ပေါ်က ကန်မချမိအောင် မနည်းထိန်းထားရသည် ။ ဒါပေမယ့်လည်း ဒီတုန့်ပြန်မှုလေးက ချစ်ဖို့ကောင်းလွန်းအားကြီးသည် ။

ခိုင်မြဲ ချက်ချင်းပင် ထထိုင်ပြီး ဒူးထောက်ထိုင်ချကာ ရာပြည့်လက်ကို ဆုပ်ကိုင်လိုက်သည် ။

" မောင်တို့ ဘယ်နေ့လက်ထပ်ကြမှာလဲ ။ မင်္ဂလာ ခန်းမအတွက် မနက်ဖြန် စုံစမ်းလိုက်ရမလား ။ မောင့်မိဘတွေကို အကြောင်းကြားလိုက်တော့မယ်နော် ။ ဖိတ်စာလည်း တစ်ခါတည်းရွေးထားလိုက်မယ် ။ ကြာတယ်ကွာ ...... ခုပဲမောင်တို့ ခန်းမ သွားစုံစမ်းရအောင် "

" မောင်ရယ် ...... ဘယ်လိုဖြစ်နေတာလဲ။ သူများတွေမြင်ရင် ရူးတယ်ထင်ဦးမယ် ။ ခဏ...... .စိတ်ကို ငြိမ်ငြိမ်ထား ။ ငါ့မှာ မောင့်ကို ပြောစရာစကားတွေ အများကြီးရှိတယ် "

" အင်း ...... ပြောလေ .. မောင်အားတယ် ။ မောင့်ကို ယုတ်မာချင်လို့လား ။ မောင် အဆင်သင့်လုပ်ထားလိုက်မယ်လေ "

" မောင် ........ ဘယ်လိုဖြစ်နေတာလဲ "

ရာပြည့် ကုန်းအော်လိုက်တာ့ အကျႌကြယ်သီးဖြုတ်နေတဲ့ ခိုင်မြဲလက်ပင်တွန့်ဆုတ်သွားသည် ။

ဒါ ရှက်စရာမှမဟုတ်တာ ကလေးကလည်း ။

ရာပြည့် ခိုင်မြဲနဲ့မျက်နှာချင်းဆိုင်မှာ တင်ပလ္လင်ခွေဝင်ထိုင်ရင်း ခိုင်မြဲ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည် ။

" မောင် ............ ငါ မောင့်ကို လက်ထပ်မယ် ။ သိပ်မကြာခင် ငါ UK ကို သွားရမှာ ။ တစ်နှစ်ကျော်ပဲ ကြာမှာကွာ .......... တစ်နှစ်မှာ ၃၆၅ ရက် ၊ ဘယ်လောက်မှ မကြာပါဘူး။ ဖင်လှည့်ခေါင်းလှည့်နဲ့ ပြီးသွားမှာ ။ ပြန်လာရင် မောင်နဲ့လက်ထပ်မယ့်အကြောင်း ဖေဖေ့ကိုလည်း ပြောပြထားပြီးပြီ ။ သူကလည်း ဘာမှ ဝင်မစွပ်ဖက်ဘူး ။"

" UK .......... ဟုတ်လား ။ ဒီလောက်အဝေးကြီး ဘာသွားလုပ်မှာလဲ ။ ကလေးက နိုင်ငံရပ်ခြားမှာ မနေတတ်ဘူးဆို ။ကိုယ့်မြေကိုယ့်ရေပဲ သဘောကျတာဆို ။ ဟိုရောက်လို့ မြန်မာထမင်းဟင်းတွေကို လွမ်းတယ်ဆို မောင်က ဘယ်လိုလာပို့ပေးရမှာလဲ ။ ဟိုမှာက လူပေါင်းစုံတယ် ..... တစ်ယောက်တည်းပဲနေတတ်တဲ့ ကလေးကို မောင်ဘယ်လို စိတ်ချမှာလဲ ။ မဖြစ်ဘူး ..... မောင် မနက်ဖြန် ကလေးရဲ့ဖေဖေဆီသွားမယ် ။ ကလေးကို အဝေးမလွတ်ဖို့ မောင် သွားတောင်းပန်မယ် ။ ဒူးထောက်ဆိုလည်း ထောက်မယ်ကွာ ။ ကလေး အတွက်ဆို ဘာပဲဖြစ်ဖြစ် မောင်ရင်ဆိုင်ရဲတယ် ။"

ရာပြည့်လက်ထဲကနေ ရုန်းထွက်ပြီး တစ်ဖန် သူ ကလေးကို တင်းကျပ်စွာ ပွေ့ဖက်မိသွားသည် ။ ကလေးနဲ့ ပက်သက်ရင် ပျော်စရာကိစ္စတွေက ဘာလို့ အကြာကြီးမခံရတာလဲ ။ ဝေးပြီးပြီလေ .........ထပ်မဝေးချင်တော့ဘူး ။ ဇာတ်လမ်းတွေထဲမှာ ဇာတ်လိုက်ကောင်းစားဖို့ ကျန်တစ်ယောက်က နားလည်ပေးပြီး ကျန်ခဲ့တာမျိုး သူ လက်မခံချင်ဘူး ။ ချစ်ပြီဆို မ ဝေးချင်တော့ဘူး ။ သူ့အနားမှာပဲ အရိပ်တစ်ခုလို တွယ်ကပ်ချင်တယ် ။

" ဖေဖေတိုက်တွန်းလို့ သွားတာမဟုတ်ဘူး ။ ငါ့ရွေးချယ်မှုနဲ့ ငါမလို့ မောင် ဖေဖေ့ကို သွားပြောလည်း ဘာမှ ထူးမှာမဟုတ်ဘူး ။ တစ်နှစ်ပဲလေ ..........တစ်နှစ်ဆိုတဲ့ အချိန်က ခဏလေးပါ ။ မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာ။"

" မျက်စိတစ်မှိတ်အတွင်း ကလေး မောင့်ကို မေ့လျော့သွားခဲ့ရင်ကော ။ မျက်စိတစ်မှိတ်အတွင်း ကလေး မောင့်ကို ချစ်ဖို့သတိမရတော့ဘူးဆိုရင်ကော ။ မောင် မတွေးချင်ဘူး .......... ကလေးရဲ့ အဝေးမှာနေရမယ်လို့ စိတ်ကူးတောင် မယဉ်ချင်ဘူး ။ ဒါကြောင့် ထွက်မသွားပါနဲ့နော် "

မောင့်ရဲ့ ပွေ့ဖက်မှုက ပိုမိုတင်းကျပ်လာလို့ ရာပြည့် အသက်ရှူဖို့တောင်ခက်လာသည် ။ မောင်ကလေ ချစ်တာတစ်ခုပဲသိတာ ။ လက်တွေ့ဘဝမှာ ဘာက အရေးကြီးလဲ မောင် မသိဘူး ။

ဒါဆို သူကကော ။ သူလည်း မောင့်ကြောင့်နဲ့ လက်တွေ့ဘဝကနေ ခုန်ထွက်ခဲ့တဲ့သူမဟုတ်လား ။ အတူတူနဲ့ အနူနူပါပဲ ။ ဒါကြောင့် မောင် ထွက်မသွားစေချင်တာကို သူ နားလည်ပါတယ် ။

" ပြန်လာရင် လက်ထပ်ကြမယ်လေ ။ ပြန်လာရင် နောက်ဘယ်တော့မှ ထပ်ခွဲသွားဖို့ မရှိတော့ပါဘူး "

" လက်ထပ်မယ့် ကိစ္စနဲ့ မြှားပြီး ပျားရည်နဲ့ဝမ်းချတယ်ပေါ့ ။ မရဘူး ...... မနက်ဖြန်ပဲ လက်ထပ်မယ် ။ ကလေးကို ဘယ်ကိုမှ ပေးမသွားနိုင်ဘူး ။ ဒီတစ်ခါဆို မောင် ရူးရုံတင်မက သေသွားလိမ့်မယ် ။ ဒါကြောင့် ဒီမှာပဲ နေပါနော် "

" ပြောရခက်လိုက်တာ .........မောင်ရယ် "

ရာပြည့် ခိုင်မြဲကို တွန်းဖယ်ပြီး ကုတင်ပေါ်က ဆင်းကာ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည် ။ ထို့နောက် ဝရံတာဆီကို ထွက်လာလိုက်သည် ။ ညမီးရောင်တွေကြား မြို့ရဲ့အလှက အရိုင်းဆန်ပြီး လှပသည် ။ အပြင်ဖက်က ပတ်ဝန်းကျင်ကို ငေးပြီး ရာပြည် ရပ်နေတုန်း မောင်လည်း သူ့ဘေး လာရပ်နေလေ၏ ။ မောင် စီးကရက်တစ်လိပ်ကို ထုတ်ကာ နူတ်ခမ်းဖျားတွင် ခဲထားပြီး မီးညှိရန်ကြံတော့ ရာပြည့် မောင့်နူတ်ခမ်းက စီးကရက်ကို ဆွဲယူပြီး သူ့နူတ်ခမ်းမှာ ခဲထားလိုက်သည် ။

သူ့အပြုအမူကို နားမလည်နိုင်တာက ခိုင်မြဲပင် ။

" ကလေးက ဆေးလိပ်မသောက်တတ်ဘူး မဟုတ်လား ........."

" အရင်က မသောက်တတ်ဘူး ။ ခုကစ သောက်တတ်အောင် သောက်မယ် ။ ဆေးလိပ်သောက်တာ ကျန်းမာရေးနဲ့ မညီညွှတ်မှန်း သိတာတောင် မောင်က သောက်သေးတာပဲ ။ ဆေးလိပ်တွေ အရက်တွေသောက်ပြီး မောင် ဒီလောကကြီးထဲက အရင် ထွက်သွားမယ်ပေါ့ ။ ငါတစ်ယောက်တည်း ကျန်မနေချင်ဘူး ... ငါတစ်ယောက်တည်း မောင့်ကို လွမ်းရင်း ဒုက္ခတွေ မခံချင်ဘူး ။ ဆေးလိပ်တစ်လိပ်သောက်တိုင်း အသက်တစ်မိနစ်တိုမယ်ဆို ငါလည်း မောင်နဲ့အတူ သေရွာထိ လိုက်မယ် ။ မောင် ကိုယ်လွတ်ရုန်းဖို့ မစဉ်းစားနဲ့ ''

ခိုင်မြဲ လက်ထဲက မီးခြစ် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည် ။ ဒီလောက်အားပြင်းတဲ့စကားကို ကလေး ဘယ်သူ့ဆီက သင်ခဲ့တာလဲ ။ ဒီလူကို ချစ်မိတာကြောင့် နောင်တဆိုတာ ဘယ်မှာ သွားရှာရမှန်း မသိတဲ့အထိပင်ဖြစ်ရသည်။

သူ့ကို ရွှန်းလဲ့တဲ့ မျက်ဝန်းတွေနဲ့ ပြုံးပြီးကြည့်လာသည့် ကြင်နာသူကို ဆုပေးရန် ခိုင်မြဲ ရာပြည့်လက်ကိုဆွဲယူပြီး နူတ်ခမ်းချင်း ထိစပ်လိုက်သည် ။

စိတ်ညစ်စရာတွေ ခဏထား ။ ဒီနူတ်ခမ်းလေးရဲ့ချိုမြိန်မှုအောက် ကြည်နူးစရာတွေကိုပဲ သူတွေးတော့မယ် ။

မောင်တို့ လက်ထပ်ပြီးရင် ညတိုင်း စကားနိုင်လုတမ်း ကစားရအောင် ။

မောင်တို့ လက်ထပ်ပြီးရင် မနက်တိုင်း အချစ်တွေနဲ့ နိုးထမယ် ။

မောင်တို့ လက်ထပ်ပြီးရင် တစ်နေ့ထက်တစ်နေ့ ပိုချစ်ရအောင် ။

----------------------------

အမေ မပြန်သေးဘူးဗျာ ။ ဘယ်နေ့ပြန်မှာလဲမေးတာ ထိပ်ခေါက်ခံရတယ် ။ ငါ့အိမ်နဲ့ငါ နေချင်သလောက်နေမယ်တဲ့...၂ပတ်လို့ပြောပြီး တစ်လပြည့်တော့မယ် ။ ၅ မိနစ်တစ်ခါ နာမည်ခေါ်လို့ စာရေးလည်း အေးဆေးမရေးရပါဘူး ။ ဒါပေမယ့် အမေရှိနေလို့ အူစိုတယ် ။ ဒါလေးလာပြောတာ... အရင်လို AN မရေးနိုင်တော့လို့ စိတ်မကောင်းမဖြစ်ကြနဲ့ဦး 🤣🤣။

22.8.2019

Continue Reading

You'll Also Like

993K 116K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.3M 177K 150
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
2.9M 260K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...