If only we breakup .. (Z+U) (...

De reta-nan

2M 161K 15.8K

No descriptions here Mai multe

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ေမာင္..... သို႔
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 28
ep 29 ( Final )
extra 1
extra 2
extra 3
extra 4
စာအုပ်အဖြစ်ထုတ်ဝေခြင်း
if only we break up

ep 27

50.3K 4.1K 261
De reta-nan

ဘဏ္အေကာင့္ထဲမွာ ေရာက္ေနသည့္ ေငြသိန္း၃၀၀ ေၾကာင့္ ခိုင္ၿမဲတစ္ေနကုန္ ေနရထိုင္ရ မသက္သာ ။ ဒီေငြေတြကို ေမေမလႊဲလိုက္တာလား ။ ဒါမွမဟုတ္ ကိုကိုလား ။ ဘယ္သူပဲျဖစ္ျဖစ္ လက္ရွိအေျခအေနမွာ ဒီေငြေတြကို သံုးဖို႕ သူ အားနာလွသည္ ။

" ခိုင္ၿမဲကို ............ မင္း ေနမေကာင္းဘူးလား "

ေဘးထိုင္ခံုက လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ခိုင္ၿမဲစားပြဲခံုကို ေခါက္လွ်က္ ေမးေတာ့ ခိုင္ၿမဲသည္ ပ်က္ေနတဲ့မ်က္ႏွာကို ကမန္းကတမ္း ျပန္ထိန္းရင္း အိေျႏၵဆယ္လိုက္သည္ ။

" ေကာင္းပါတယ္ ......... ဒီရက္ပိုင္း နည္းနည္း အိပ္ေရးပ်က္လို႕ ၊ ဘာမွ မျဖစ္ပါဘူး "

" က်န္းမာေရးလည္း ဂရုစိုက္ဦး ။ ဒီရက္ပိုင္း မင္းကိုၾကည့္ရတာ လံုး၀ စိတ္မခ်မ္းသာဘူး ။ တမိူင္မိူင္ တေတြေတြနဲ႕ "

" အင္း ...........ေက်းဇူး "

ခိုင္ၿမဲ ၀တ္ေက်တန္းေက်မွွ်ေျပာၿပီး သူ႕လက္ထဲက ဖုန္းကို တစ္ဖန္ျပန္ဖြင့္ၾကည့္လုိက္သည္ ။ အားလံုုးေပါင္း သိန္း ၅၀၀ ေက်ာ္ပမာဏရွိေသာ ေငြမ်ားသည္ သူ႔အတြက္ေတာ့ ေရထဲပစ္ခ်ရမည့္ ေငြေတြနဲ႔ သိပ္မကြာ ။

တကယ္ပဲ ရူးခ်င္လာၿပီ ......... ဘာဆက္လုပ္ရမွန္း မသိေတာ့ဘူး ။

**********

" ငါ့ကို ဖုန္းခဏ ခဏ မဆက္ဖို႕ မင္းကို ဘယ္ႏွစ္ခါ ေျပာရမွာလဲ ။ ငါ မရိုင္းခ်င္ဘူးေနာ္ ...... ဒါေၾကာင့္ ေကာင္းေကာင္း မြန္မြန္ ညိွႏိူင္းေနတုန္း နားေထာင္ပါ ။ မင္းက မိန္းကေလးပါ ....... တစ္ခုခုဆို ပိုၿပီး နစ္နာမွာ မင္းေနာ္ .. ငါမဟုတ္ဘူး ။ မင္းလိုခ်င္တဲ့ေငြေတြကို ငါရွာေပးမယ္ ။ ဒါေၾကာင့္ ငါ့ကိုမေနွာက္ယွက္ဘဲ ေအးေဆးေနပါ "

သန္႕စင္ခန္းထဲမွာ ဘယ္သူမွမရွိႏိုင္လို႕ ခိုင္ၿမဲ အသံဟာ အနည္းငယ္က်ယ္ၿပီး မာေက်ာေနသည္ ။ တစ္ဖက္ကလူကို စိတ္ေပါက္ေပါက္နဲ႕ ေျပာခ်ၿပီးေနာက္ ဖုန္းကို တစ္ခါတည္း power off လုပ္လိုက္သည္ ။ သူ အရမ္းကို စိတ္ရူပ္ေထြးေနၿပီ ။ ေငြမရေသးဘူးဆိုုတဲ့ အေၾကာင္းျပခ်က္နဲ႕ ေဟသာက သူ႕ကို မၾကာခဏ ဖုန္းဆက္တာမ်ိဳး message ပို႕တာမ်ိဳး လုပ္ေနလို႕ မလိုလားအပ္တဲ့ စိတ္ရူပ္ေထြးမႈေတြေၾကာင့္ အလုပ္မွာလည္း သူ ေအးေအးေဆးေဆးကို မေနရ ။

ေဘစင္မွာ လက္ကို ေဆးခ်ၿပီး မွန္ထဲက သူ႕ပံုရိပ္ကို ျပန္စိုက္ၾကည့္ေနလိုက္သည္ ။ မွန္ထဲမွာေပၚေနတဲ့ သူ႕ပံုရိပ္သည္ စက္ဆုပ္ရြံ႕ရွာဖြယ္ေကာင္းသည္ဟု ျမင္မိသည္ ။ ဘယ္လိုမ်က္ႏွာနဲ႕ သူ ကေလးေရွ႕မွာ ရယ္ေမာရဲမွာလဲ ။ ဘယ္လိုစိတ္နဲ႕ ကေလးကို ခ်စ္တယ္လုိ႕ သူေျပာထြက္ရက္မွာလဲ ။

မ်က္ႏွာကို ေရနဲ႕ေဆးခ်ၿပီး ပု၀ါစတစ္စနဲ႕သုတ္ကာ ခိုင္ၿမဲ သန္႕စင္ခန္းထဲက ထြက္လာလိုက္သည္ ။ သူထြက္သြားၿပီးတာနဲ႕ အစြန္ဆံုးခန္းက သန္႕စင္ခန္းတံခါးသည္ ပြင့္လာၿပီး အထဲကေန လူတစ္ေယာက္ထြက္လာသည္ ။

" ေမာင္ ................ ေမာင္ ငါ့ကို တစ္ခုခု ဖံုးကြယ္ထားတာလား ။ ေမာင့္မွာ တျခားတစ္ေယာက္ရွိေနၿပီလား "

ခႏၶာကိုယ္တစ္ခုလံုးယိုင္မသြားေအာင္ ထိန္းရင္း ရာျပည့္ အျပင္ဖက္ထြက္လာသည္ ။ ေစာနက သူ ၾကားခဲ့တာေတြက ဘာေတြလဲ ။ ဒီရက္ပိုင္း ေမာင္ မူမမွန္တာကို သူလည္း သတိထားမိေနလို႕ သံသယစိတ္ေတြေၾကာင့္ ညဖက္အိပ္လုိ႕ေတာင္မေပ်ာ္ ။

မလုပ္ရဘူးေနာ္ ေမာင္ ။ ဒီတစ္ခါဆို ငါေသရလိမ့္မယ္ ။ ေမာင့္ကို မုန္းရလိမ့္မယ္ ။ ငါ နားၾကားမွားတာ မဟုတ္လား ။ ဒါမွမဟုတ္ နားစြန္နားဖ်ားၾကားၿပီး အထင္လြဲေနတာပဲ ျဖစ္မွာပါ ။ ေမာင္ ငါ့ကို ေနာက္တစ္ႀကိမ္ ဒီလိုမလုပ္ေလာက္ပါဘူး ။ ေမာင္ ငါ့ကို တကယ္ခ်စ္တာပါ ။

ေမာင္ ............ သံသယစိတ္ေတြေၾကာင့္ ငါ ႐ူးရမယ္ထင္တယ္ ။

****************

Ting............... Ting......... Ting .......

အဆက္မျပတ္ ျမည္ေနတဲ့ တံခါး bell သံေၾကာင့္ ခိုင္ၿမဲ လက္ထဲက ပစၥည္းေတြကိုခ်ၿပီး အိမ္ေရွ႕ထြက္လာလိုက္သည္ ။ ညႀကီးမိုးခ်ဳပ္ သူ႕ဆီ ဘယ္သူလာပါလိမ့္ ။ ကေလးမ်ားလား ။ မျဖစ္ႏိုင္ပါဘူး ........ ကေလးက သူ အတင္းေခၚတာေတာင္ ဒီအိမ္ကို မလာတာ ။

ခိုင္ၿမဲ တံခါးကိုဆြဲဖြင့္လိုက္ေတာ့ ျမင္လုိက္ရသည့္ မ်က္ႏွာ၀င္း၀င္းေၾကာင့္ ဘယ္ဖက္ရင္အံု ခုန္ယမ္းလာသည္ ။

" မအိပ္ေသးဘူးမလား ........... ေမာင္ "

သူ အရင္ေနခဲ့တဲ့ အိမ္မလို႕ ရာျပည့္ ခပ္တည္တည္ပင္ ၀င္လာၿပီး အရင္ေနေနၾကလို ထိုင္ခံုေပၚ၀င္ထိုင္လုိက္သည္ ။ ခိုင္ၿမဲကလည္း ရာျပည့္ သူ႕ဆီလိုက္လာတာကို မယံုၾကည္ႏိုင္ျဖစ္ေနသည္ ။ တံခါးကို ေသခ်ာျပန္ပိတ္ရင္း သူ ရာျပည့္အနားမွာ ပူးကပ္ထိုင္ေနလိုက္သည္ ။

" လမ္းႀကံဳလုိ႕ လာတာလား "

" ဟင့္အင္း ............ တမင္လာတာ ။ တစ္ေယာက္တည္း အိပ္မေပ်ာ္လုိ႕ ဒီည ဒီမွာ အိပ္မလို႕ "

" ဒီမွာ အိပ္မယ္ဆိုတာ တကယ္လား "

" အင္း ........... ေမာင့္အတြက္ အပန္းမႀကီးဘူး မဟုတ္လား "

" ဟာ ....... ဘယ္လိုေျပာလုိက္တာလဲ ။ ေမာင္က ေန႕တိုင္း ကေလးနဲ႕အတူ ရွိခ်င္ေနတဲ့လူပါ ။ ကေလးကို ျမင္ေတာ့ ေမာင္ျဖင့္ ေပ်ာ္လြန္းလို႕ ယံုေတာင္မယံုႏိုင္ဘူး "

ခိုင္ၿမဲ ရာျပည့္လက္တစ္ဖက္ကုိ မရဲတရဲဆုပ္ကိုင္ရင္း ဆိုလိုက္ေတာ့ ရာျပည့္ သူ႕ကို ခပ္ရဲရဲ ျပန္ၾကည့္လာသည္ ။

" ခိုင္ၿမဲက ငါလုိ႕ မထင္ထားဘူးမလား ။ ဧကန္န တစ္ေယာက္ေယာက္နဲ႕ ခ်ိန္းထားတာလား "

" ကေလး ........ ဘယ္လို ေျပာလုိက္တာလဲ ။ ေမာင္က ဘယ္သူနဲ႕ ခ်ိန္းရမွာလဲ ။ ေမာင့္မွာ အသိမိတ္ေဆြေတြရွိေပမယ့္ ဘယ္သူ႕ကိုမွ အိမ္ထိ ေခၚလည္ခဲ့ဖူးတာမဟုတ္ဘူး ။ ဒီေနရာ ၊ ဒီအိမ္က ကေလးရဲ႕ေနရာပဲ ။ ဒါေၾကာင့္ ေမာင္ ဒီေနရာေလးကို အပိုင္၀ယ္ခဲ့တာ ။ ဒီေနရာကေနပဲ ကေလးကို ေစာင့္ေနခဲ့တာ "

အခန္းက ေခတၱမွ် တိတ္ဆိတ္သြားၿပီး ႏွစ္ဦးၾကား ေျပာစရာစကားမ်ား ေပ်ာက္ဆံုးသြားသည္ ။

ရာျပည့္ သူ႕လည္ဂုတ္ကို သူျပန္ပြတ္သပ္ရင္း မ်က္လံုးကို ေအာက္စိုက္ထားလုိက္သည္ ။

ေမာင္ ဒီတိုက္ခန္းကို ဘယ္တုန္းက၀ယ္လုိက္တာလဲ ။ ေမာင္က တကယ္ပဲ သူတို႕ႏွစ္ေယာက္ရဲ႕ အမွတ္တရေလးေတြရွိတဲ့ ဒီတိုက္ခန္းကို ၀ယ္ခဲ့တာလား ။ ေမာင္တကယ္ပဲ ဒီတိုက္ခန္းေလးမွာလာေနၿပီး သူ႕ကို ေစာင့္ေနခဲ့တာလား ။ သူ ေမာင့္ကို အထင္အျမင္လြဲမွားမိၿပီထင္တယ္ ။

ဟင့္အင္း....... မဟုတ္ဘူး ။ ေမာင္ဖုန္းေျပာတာကို သူ႕နားနဲ႕ ဆက္ဆက္ၾကားခဲ့တာ ။ ေမာင္ သူ႕ကို တစ္ခုခုဖံုးကြယ္ထားတာ ရွိကိုရွိေနတယ္ ။

" ဒါနဲ႔ တိုက္ေအာက္မွာ ကားရပ္ထားတာ မေတြ႕ဘူး ။ ကားကို ဘယ္မွာ ပါကင္ထိုးတာလဲ "

" ဒါက ......... ဟို ...... ေမာင္ ကားကို ေရာင္းလိုက္ၿပီ "

ခုမေျပာလည္း ေနာင္သိမွာပဲ ။ အရာရာတိုင္းကို သူ လွ်ိဳ႕၀ွက္မထားခ်င္ေတာ့ ။ သူ႕အတြက္က Taxi စီးရတာက ျပသနာ မဟုတ္ ။ ကေလးနဲ႕ သူနဲ႕ၾကား အဆင္ေျပေခ်ာေမြ႕မည္ဆိုလွ်င္ အရာရာအားလံုးကို သူစြန္႕လႊတ္ႏိုင္သည္ ။ ဒါေပမယ့္ ကေလးကို ၾကည့္ရတာ သူ ကားေရာင္းလုိက္တာကို အရမ္းစိတ္ဆိုးေနပံုပဲ ။

" ဘာလို႕လဲ ..........ေငြလိုလို႕လား ။ ဘယ္ေလာက္ထိေတာင္ လိုတာလဲ ။ ငါေပးႏိုင္တယ္ ...... ေမာင္ ဘယ္ေလာက္လိုလဲေျပာပါ "

" မဟုတ္ဘူး ..... ေမာင္က ကေလး ရွာထားသမွ်ကို ေမာင္က ဘာေၾကာင့္ လြယ္လြယ္ေတာင္းရက္မွာလဲ ။ မပူနဲ႕ေနာ္ .........ေမာင္ အဆင္ေျပတယ္ ..... ကားေရာင္းလိုက္တယ္ဆိုေပမယ့္ သိပ္မၾကာခင္ ေနာက္တစ္စီးျပန္၀ယ္မွာမလို႕ ဒီၾကားထဲ ေမာင္ Taxi နဲ႕ပဲသြားလိုက္မယ္ "

ရာျပည့္ သူ႕ရဲ႕ဆံႏြယ္စေတြကို လက္နဲ႕ထုိးဖြရင္း ခပ္ဖြဖြ ရယ္လာသည္ ။ ဒါဆို ဟိုရက္က သန္႕စင္ခန္းထဲမွာ ေမာင္နဲ႕ဖုန္းေျပာခဲ့တဲ့ မိန္းမေၾကာင့္ ေမာင္က သူ႕ကားကို ေရာင္းခဲ့တာလား ။အဲ့ဒီမိန္းမက ဘယ္သူမလို႕လဲ ..... ဘာေၾကာင့္ ကားကိုေရာင္းပစ္ရတဲ့အထိ ေငြလိုေနရတာလဲ ။ ေမာင္ အဲ့ဒီမိန္းမအေပၚ အမွားလုပ္ထားတာလား ။

" အဆင္ေျပတယ္ဆိုလည္း ၿပီးတာပါပဲ "

" ေမာင္ ကေလးကို မေျပာဘဲ ကားေရာင္းလုိက္မိလုိ႕ စိတ္ဆိုးသြားတာလား ။ ေမာင္ ေတာင္းပန္ပါတယ္ ... ေမာင့္မွာ မိသားစု ျပသနာတစ္ခ်ိဳ႕ရွိေနလုိ႕ ကေလးကို ေျပာျပလို႕မရတဲ့ အေျခအေနေၾကာင့္ပါ "

ေမာင္ လိမ္ျပန္ၿပီ။ ေမာင္ သူ႕ကိုေနာက္ထပ္ ညာျပန္ၿပီ ။ ေမာင့္မိသားစုေၾကာင့္ မဟုတ္ဘူးမို႕လား ။ အဲ့ဒီမိန္းမက ဘယ္သူမုိ႕ ေမာင္ ဒီေလာက္ထိ ဖံုးကြယ္ထားရတာလဲ ။ ဘာေၾကာင့္ ဒီေလာက္ထိ ျပန္ေပးဆပ္ေနတာလဲ ။

" ရပါတယ္ ........... ေမာင့္မိသားစု ျပသနာဆိုေတာ့လည္း ငါ ၀င္ပါဖို႕မွ မသင့္တာ ။ ပင္ပန္းေနၿပီ ...... ငါ အိပ္ႏွင့္မယ္ ရလား "

"အင္း .............. ေမာင္ အိပ္ယာျပင္ေပးမယ္ ........ခဏေစာင့္ "

ေမာင္ကေတာ့ ဟန္ေဆာင္ေကာင္းစြာပင္ ရယ္ေမာေနေလရဲ႕ ။ အခန္းထဲ ေမာင္ျပန္၀င္သြားေတာ့ ရာျပည့္ ထိုင္ေနရာမွထၿပီး ပစၥည္းေတြ စုပံုထားသည့္ ေနရာမွ ေျခစံုရပ္လုိက္သည္ ။

ေမာင္ ၀ယ္စုထားတဲ့ တန္ဖိုးႀကီး နာရီေတြ ၊ ေရေမႊးပုလင္းေတြ ၊ ဖိနပ္တံဆိပ္ေတြၾကား သူ႕ရဲ႕၀က္ရုပ္စုဗူး အေဟာင္းကိုေတြ႕ေတာ့ စိတ္လႈပ္ရွားစြာျဖင့္ ထို စုဗူးကို ေကာက္ယူလိုက္သည္ ။ ေမာင္ ဒီစုဗူးကို အၿမဲ သိမ္းထားခဲ့တာလား ။ ေငြမ်ားမ်ားစားစား မထည့္ထားေပမယ့္ သူ ဒီစုဗူးေလးကို သေဘာက်လို႕ အေလးခံၿပီး အိမ္ထိသယ္လာတုန္းက ေမာင္ ရယ္ေနခဲ့တာကို သူမွတ္မိေသးသည္ ။ ေမာင္ သူ႕ရဲ႕ ပစၥည္းေတာ္ေတာ္မ်ားမ်ားကို သိမ္းထားတုန္းပဲလား ။ တကယ္ပဲ ေမာင္က သူ႕ကို ေစာင့္ေနခဲ့တာလား။

" ရၿပီ ....... ကေလး အိပ္ခ်င္ ၀င္အိပ္ေတာ့ ။ ေအာ္ ......... စုဗူးေလးက ပို္င္ရွင္ျပန္လာၿပီဆိုေတာ့ ေပ်ာ္ေနမွာပဲ ။ ကေလး ႀကိဳက္ရင္ ျပန္ယူသြားေလ ။ ကေလး သေဘာက်မွန္းသိလို႕ ေမာင္ သိမ္းေပးခဲ့တာ "

" ေမာင္ ....... အကယ္၍  ေရြးခ်ယ္စရာေတြ ရွိလာမယ္ဆိုရင္ ေမာင္ ငါ့ကိုပဲ ထပ္ၿပီးေရြးခ်ယ္မွာလား "

လက္ထဲက ၀က္ရုပ္စုဗူးကို ဖက္လွ်က္ သူ ခိုင္ၿမဲကို ေမွ်ာ္လင့္တႀကီး ျပန္ေငးၾကည့္ေနမိသည္ ။ ခိုင္ၿမဲ မအူမလည္ျဖစ္သြားၿပီး ေခါင္းကုတ္ေနမိေပမယ့္ ကေလးရဲ႕အေမးကို သူနားလည္သလို ဘာသာျပန္ရင္း အေျဖျပန္ေပးလိုက္သည္ ။

" ေသခ်ာေပါက္ ကေလးကိုပဲေရြးမွာေပါ့ ။ ေမာင္ ကေလးကိုအရမ္းခ်စ္တယ္ ။ ကေလးက ေမာင့္အတြက္ သူမ်ားနဲ႕ယွဥ္ၿပီးေရြးခ်ယ္ရမယ့္ သူမ်ိဳးမဟုတ္ဘူး ။ ေမာင္က ကေလးမရွိရင္ ေသသြားႏိုင္တဲ့ေကာင္မ်ိဳးပါ ။ ဒါေလးကိုေတာ့ ယံုေပးပါ "

"အင္း ..... ယံုေပးမယ္ ။ ဘာေတြပဲ ျဖစ္လာျဖစ္လာ ေမာင့္ပါးစပ္က ေျပာတဲ့စကားေတြကုိပဲ ယံုေပးမယ္ "

ရာျပည့္ ႏူတ္ခမ္းဖ်ား လႈပ္ခတ္သြားၿပီးေနာက္ သူ ေမာင့္ရင္ခြင္ထဲဲ ေျပး၀င္မိသြားသည္ ။ သူ လုယူရလိမ့္မယ္ ။ ဒီအတိုင္းႀကီးေတာ့ လက္မလႊတ္ေပးႏိုင္ဘူး ။

ဘာျဖစ္ျဖစ္ မသိခ်င္ေတာ့ဘူး ။

ထပ္ၿပီးလည္း မစဥ္းစားခ်င္ေတာ့ဘူး ။

စိတ္ထဲရွိတဲ့အတိုင္း မိုက္မိုက္ကန္းကန္း လုပ္ခ်ပစ္ခ်င္တယ္ ။

********************

မိခင္ျဖစ္သူကို လဖက္ရည္ၾကမ္းငွဲ႕ထည့္ေပးရင္း ရာျပည့္ သူမကို ၾကည့္လိုက္သည္ ။ ေဒၚေငြစိုးအိမ္သည္ အိမ္ကို အလည္လာတဲ့ သားျဖစ္သူေၾကာင့္ေပ်ာ္ရႊင္ေနပံုရၿပီး သူမမ်က္ႏွာသည္ အတိုင္းထက္အလြန္ရႊင္ျမဴးေနသည္ ။

ခင္ပြန္းျဖစ္သူက သားကိုေတြ႕ခ်င္တာနဲ႕ပဲ မဆီမဆိုင္ ခိုင္ၿမဲဆိုတဲ့ေကာင္ေလးနာမည္ကိုတပ္ၿပီး ေခၚတာ သူမသိတာေပါ့ ။ ဟိုေကာင္ေလးခဗ်ာလည္း ခ်က္ခ်င္းေရာက္လာရွာပါသည္ ။ လာကတည္းက သူမခင္ပြန္း ပညာျပသမွ်ကုိ ေခါင္းတညိတ္ညိတ္နဲ႕ လိုက္လုပ္ေပးရွာသည့္ ေကာင္ေလးကိုၾကည့္ရင္း ခံစားခ်က္ေတြက အဆင္ေျပလိုက္ မေျပလိုက္နဲ႕ ။

" သူနဲ႕ အဆင္ေျပလား ........ သားေလး "

" သားဖက္က ခ်စ္ေနေသးသေရြ႕ အကုန္အဆင္ေျပပါတယ္ "

ရာျပည့္ ခပ္တိုးတိုးပင္ျပန္ေျဖရင္း ၿခံထဲ လွမ္းၾကည့္လိုက္သည္ ။ခပ္လွမ္းလွမ္းမွာ ေမာင္တစ္ေယာက္ သူ႕ေဖေဖနဲ႕အတူ ပန္းအိုးေတြကို ေနရာေရြ႕ေနတာကိုေတြ႕ေတာ့ သူ ပါးပါးေလးၿပံဳးမိသြားသည္ ။ ေဖေဖကေတာ့ ေမာင့္ကို ေတာ္ေတာ္ၾကည့္မရဘူးထင္တယ္ ။ ဟိုတစ္ေခါက္ ေမာင္လာတုန္းက ေရြ႕ခိုင္းခဲ့တဲ့ ပန္းအိုးေတြကို ခုတစ္ေခါက္ နဂိုမူလေနရာကို တစ္ခါျပန္ေရြ႕ခိုင္းတယ္ ။ ေမာင္က သူ႕အိမ္မွာသာ ပန္းကန္ေဆးဖို႕ပ်င္းတာ ၊ ခုက် ေဖေဖနဲ႔ အလိုက္ထိုက္ေနၿပီး ေဖေဖပညာျပသမွ်ကို မၿငီးမျငဴဘဲ နာခံရွာသည္ ။ သည္လိုက်ေတာ့လည္း ေမာင္က သနားစရာေလး ။

သူ႔လိုပဲ ၿခံထဲကို ၾကည့္ေနတဲ့ ေမေမ့ကို ရာျပည့္ ၾကည့္ရင္း ေမးခြန္းတစ္ခုကို သိခ်င္စိတ္ျပင္းျပစြာနဲ႕ ေမးလိုက္သည္ ။

" ေမေမ ............. ေမေမ့တုန္းက ေဖေဖ့ကို ဘယ္အေၾကာင္းျပခ်က္ေၾကာင့္ သည္းခံခဲ့တာလဲ "

မထင္မွတ္ထားတဲ့ သားျဖစ္သူ ေမးခြန္းေၾကာင့္ ေဒၚေငြစိုးအိမ္ နည္းနည္းအံအားသင့္သြားသည္ ။ ဒီေမးခြန္းကို သားက တစ္ခါမွ မေမးခဲ့ဘူးေလ ။ ဒါေပမယ့္ သူမမွာေတာ့ အေျဖအဆင္သင့္ရွိပါတယ္ ။

" ခ်စ္လို႔ေလ .................. ခ်စ္လို႔ သည္းခံႏိုင္စြမ္း ကုန္တဲ့အထိ ေမေမ ေနေပးခဲ့ေပမယ့္ ေနာက္ဆံုး လံုး၀လက္မခံႏိုင္တဲ့ အခ်ိန္ေရာက္ေတာ့မွ ေမေမ ထြက္ေျပးခဲ့မိတာ ။ သားကို ခ်န္ထားခဲ့မိလို႕ ေမေမက မိခင္စိတ္မရွိဘူးဆိုၿပီး သားေတြးခ်င္ေတြးမိဖူးလိမ့္မယ္ ။ ေမေမေလ သားကို မခ်စ္လို႕ ၊ တာ၀န္မယူခ်င္လုိ႕ ခ်န္ထားခဲ့တာ မဟုတ္ဘူး ။ သားေဖေဖေၾကာင့္ ခ်န္ခဲ့တာ ။ ေမေမ မရွိရင္ေတာင္ သားရွိေနတဲ့အတြက္ အနည္းဆံုး သူ အမွားေတြကို ဆင္ျခင္ၿပီး ျပဳျပင္ႏိုင္မယ္ ထင္ခဲ့လို႕ ။ အဲ့ဒီအတြက္ သားကို တစ္ခါမွ မေတာင္းပန္ခဲ့ဖူးလို႕ ေမေမ့ကို ခြင့္လႊတ္ေပးပါေနာ္ "

" ေမေမ့ကို သား ဘယ္တုန္းကမွ အျပစ္မတင္ခဲ့ပါဘူး ။ ေမေမက သားအတြက္ အၿမဲတမ္း မိခင္ေကာင္းတစ္ေယာက္ပါ ။ သားလည္း ေမေမ့လိုပဲ ထင္တယ္ ။ စြန္႕ပစ္ခ်င္တာေတာင္ သူ႕ဖက္ေတြးၿပီး မစြန္႕ပစ္ရက္ဘူး "

ရာျပည့္ ေလးေလးဆဆေျပာရင္း ၿခံထဲကိုပင္ အဓိပၸါယ္မဲ့စြာ ေငးၾကည့္ေနမိေတာ့ ေဒၚေငြစိုးအိမ္သည္ သားျဖစ္သူကို ၾကည့္ရင္း သူ႕စိတ္ကိုပါ နားလည္သြားဟန္နဲ႕ တစ္ခ်က္ၿပံဳးမိသြားသည္ ။

" ထြက္ေျပးသြားတဲ့သူနဲ႕ က်န္ခဲ့တဲ့လူမွာ ထြက္ေျပးသြားတဲ့လူကို ႏိုင္တယ္လို႕ တစ္ခ်ိဳ႕က ထင္ၾကေပမယ့္ တကယ္တမ္းေတာ့ ထြက္ေျပးသြားတဲ့သူက ပိုၿပီး ရံူးတယ္ ။ ေမေမေလ သားအေဖကို ျပတ္ႏိုင္ၿပီထင္ၿပီး သူ႕အေ၀းကို ထြက္ေျပးသြားခဲ့ေပမယ့္ တကယ္တမ္း သားတို႕ရဲ႕အေ၀းမွာ ေနရတာက လံုး၀ အဆင္မေျပဘူးဆိုတာ သိလာတယ္ ။ ျပန္လာခ်င္ခဲ့ေပမယ့္ ကိုယ့္မာနနဲ႕ကိုယ္ ျပန္မလာရဲခဲ့ဘူး ။ေနာက္ဆံုး သူကိုယ္တိုင္ လာေခၚေတာ့မွ ေမေမ မာန္မာနေတြကို တစ္ထစ္ေလ်ာ့ၿပီး လိုက္လာခဲ့တာ ။ သားအေဖက အရင္လို မဆိုးေတာ့ေပမယ့္ ေမေမ့စိတ္ကို နားမလည္ေသးတာကေတာ့ အရင္တိုင္းပဲ ။ သူသာ ေမေမ့စိတ္ကို နားလည္ေပးၿပီး ဂရုစိုက္ေပးခဲ့မယ္ဆိုရင္ ေမေမတုိ႕ၾကားမွာ ေပ်ာ္ရႊင္မႈဆိုတာ လုပ္ယူစရာေတာင္ မလုိေလာက္ေအာင္ ျပည့္စံုေနမွာ "

" ေမေမက ေဖေဖ့ကို ခုထိ ခ်စ္ေနတုန္းေပါ့ ............"

" အင္း .......... သူ႕အေပၚ ေမေမ့ရဲ႕ ခံစားခ်က္ေတြက တစ္ခါမွ မေျပာင္းလဲ ခဲ့ဖူးပါဘူး "

ဒီတစ္ခါေတာ့ သူ ေမေမနဲ႕ မ်က္လံုးခ်င္းဆိုင္ၾကည့္မိသြားသည္ ။ သူ႕ကိုသူ သနားစရာေကာင္းတယ္လို႕ ထင္ခဲ့ေပမယ့္ တကယ္တမ္း သူ႕ရဲ႕နာက်င္မႈက ေမေမ့ကို မွီမယ္မထင္ဘူး ။ ေမေမက သူ႕ခံစားခ်က္ေတြကို အေပၚယံ မ်က္ႏွာတင္းမာမႈနဲ႕ ဖံုးဖိထားႏိုင္ခဲ့ေပမယ့္္ သူကေတာ့ ေမာင္နဲ႔ပက္သက္ရင္ ကိုယ့္ကိုယ္ကိုယ္ေတာင္ မညာႏိုင္သည့္ သူမ်ိဳး ။

ရာျပည့္ လဖက္ရည္ၾကမ္းကို ေမေမ့အတြက္ ေနာက္တစ္ခြက္ ထက္ငွဲ႕ေပးရင္း ေနာက္ဆံုးေမးခြန္းတစ္ခုကို ေမးလိုက္သည္ ။

" အကယ္လို႔ ခုေန ေဖေဖက ေမေမလက္မခံႏိုင္တဲ့ အရင္လို လုပ္ရက္မ်ိဳး ေနာက္တစ္ခါ ထပ္လုပ္တယ္လို႕ သံသယစိတ္၀င္လာရင္ ေမေမ ဘာဆက္လုပ္မွာလဲ ။ အရင္လိုပဲ ေဖေဖ့ကို ထားခဲ့ၿပီး ထြက္ေျပးဦးမွာလား "

ေမေမ ေခတၱမွ် တိတ္ဆိတ္သြားၿပီး ၿခံထဲမွာ အလုပ္ရူပ္ေနတဲ့ ေဖေဖ့ကို လွမ္းၾကည့္လိုက္သည္ ။ မလွမ္းမကမ္းက သူမခင္ပြန္းျဖစ္သူရဲ႕ အသံကို ခပ္သဲ့သဲ့ၾကားေနရကာ လႈပ္ရွားမႈ မွန္သမွ်ကို ျမင္ေနရတာမလို႕ ေဒၚေငြစိုးအိမ္သည္ သားျဖစ္သူ၏ ေမးခြန္းအတြက္ အေျဖဆက္တိုက္ရွာေနမိသည္ ။အရင္ကလည္း ဒီေမးခြန္းအတြက္ အေျဖထုတ္ထားၿပီးသား ျဖစ္ေပမယ့္ သူမရဲ႕ အေျဖက သားျဖစ္သူရဲ႕ ဆံုးျဖတ္ခ်က္နဲ႕လည္း သက္ဆိုင္ႏိုင္တာမလို႕ လက္လႊတ္စပယ္ မေျဖခ်င္ ။

သူမသည္ လက္ထဲက ခြက္ကို စားပြဲခံုေပၚသို႕ ျပန္တင္ထားၿပီး သားျဖစ္သူကို အပြင့္လင္းဆံုး ၿပံဳးျပလိုက္သည္ ။

" သားေျပာသလိုပဲ ေမေမ့အတြက္လည္း သူ႕ကို ခ်စ္ေနေသးသေရြ႕အဆင္ေျပပါတယ္ ။ ၿပီးေတာ့ သားကို ေနာက္တစ္ႀကိမ္ထားခဲ့ၿပီး ေမေမ ဘယ္ကိုမွ ထြက္သြားမွာ မဟုတ္ဘူး ။ အကယ္၍  သားရဲ႕ေဖေဖက ေျပာင္းလဲေနတယ္လို႕ ေမေမသံသယစိတ္ေတြ ၀င္လာခဲ့မယ္ဆိုရင္ အရင္ဆံုး သူ႕ကို ျပန္ဆြဲထားဖို႕ ႀကိဳးစားမိမွာပဲ ။ ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ၿပီး ဒီအတိုင္းေလး ဆက္ေနသြားမယ္ ။ မတူတာ တစ္ခုက သားမွာေရြးခ်ယ္ပိုင္ခြင့္ရွိေသးတယ္ ၊ ေမေမ့မွာက သားေဖေဖကလြဲလို႕ေနာက္ထပ္ေရြးခ်ယ္စရာ မရွိေတာ့ဘူး "

" အဲ့ေလာက္ထိ လြယ္တာလား ......... ေမေမ "

" အေျပာကေတာ့ လြယ္တာေပါ့ ။ လက္ေတြ႕ကေတာ့ ဘယ္လြယ္ပါ့မလား ။ မေတာ္တဆ သားတို႕ၾကားမွာ သံသယစိတ္ေတြရွိလာရင္ေတာင္ ကိုယ့္စိတ္ခံစားခ်က္အတိုင္းပဲ ေရြးခ်ယ္ပါ ။ အၿပီးအပိုင္ စြန္႕လႊတ္္မွာလား ........ ဒါမွမဟုတ္ ႏွစ္ဦးသားဆက္ဆံေရးမွာ ပြင့္ပြင့္လင္းလင္းနဲ႕ တိုင္တိုင္ပင္ပင္ေရွ႕ဆက္မွာလား ေရြးခ်ယ္လို႕ရေသးတယ္ ။ ေမေမကေတာ့ ေမေမ့သားကို ေနာက္တစ္ခါ ထပ္ၿပီး မနာက်င္ေစခ်င္ေတာ့ဘူး ။ ေမေမ့သားကို ေပ်ာ္ေနတာပဲ ျမင္ခ်င္တယ္ "

ေမေမက သူ႕လက္ကို ညင္သြာစြာ ဆုပ္ကိုင္ၿပီး အားေပးႏွစ္သိမ့္သလို ၾကည့္လာသည္ ။ သူကလည္း ေမေမ့ကို ျပန္ရယ္ျပရင္း ၿခံထဲမွာ ရွိေနဆဲျဖစ္သည့္ ေဖေဖနဲ႕ ေမာင့္ဆီကိုလွမ္းၾကည့္လုိက္သည္ ။

" ေမေမ ............ သား ေဖေဖတုိ႕နား သြားလိုက္ဦးမယ္ ........"

ေပါ့ပါးေသာ ေျခလွမ္းေတြနဲ႔ ရာျပည့္ၿခံထဲကိုေျပးဆင္သြားေတာ့ ေဒၚေငြစိုးအိမ္သည္ ၿပံဳး၍ၾကည့္ရင္းသာ ေခါင္းကိုခါယမ္းလိုက္ရသည္ ။ သားျဖစ္သူရဲ႕ေပ်ာ္ရႊင္မႈက ခုုိင္ၿမဲကိုဆိုတဲ့ေကာင္ေလးျဖစ္ေနေတာ့လည္း သူမ မတားစီးရက္ပါ ။

" ေဖေဖ ..... ပင္ပန္းေနေလာက္ေရာေပါ့ ။ ျပန္နားလုိက္ပါ .... သားတို႕ ဆက္လုပ္လိုက္မယ္ "

ရာျပည့္ ဖခင္ျဖစ္သူအနားသြားရင္း အနားယူရန္ေဖ်ာင္းျဖေျပာဆိုေတာ့ ဦးဇြဲျပည့္က အင္တင္တင္နဲ႔ ခိုင္ၿမဲကုိၾကည့္လုိက္သည္ ။ ခိုင္ၿမဲက မသိသလိုေနရင္း ဟိုၾကည့္ဒီၾကည့္နဲ႕ေခါင္းကုတ္ေနလိုက္သည္ ။

ဦးဇြဲျပည့္သည္ လက္ထဲက ကတ္ေၾကးကို ေနရာတက်ျပန္ထားကာ လက္အိတ္ေတြကို ခြ်တ္လိုက္သည္ ။ မၾကည္ျဖဴေသးေသာ္လည္း ဒီအတိုင္းႏွင္လႊတ္ဖို႕က မေကာင္းတတ္လို႔ သားျဖစ္သူကိုေျပာလုိက္၏ ။

" ထမင္းစားၿပီးမွ ျပန္ၾက ......"

" ဟုတ္ ............ ေဖေဖ ။ ခဏေလး ....... သား ေျပာစရာေလးရွိလို႕ "

" ေျပာစရာရွိတာ ျမန္ျမန္ေျပာ .........."

အၿမဲတမ္း စိတ္မာသည့္လူလို အိုက္တင္ဖမ္းတတ္သည့္ ေဖေဖသည္ ေမေမနဲ႕သိပ္မကြာတတ္လို႕ ဒါေတြေၾကာင့္ သူတို႕ၾကား ဆက္ဆံေရးက နီးလွ်က္နဲ႕ေ၀းေနသလားပဲ ။

" ေမေမ့ကို ဂရုုစိုက္ေပးပါ ။ ေဖေဖမျမင္တာလား .... ဒါမွမဟုတ္ မျမင္ခ်င္ေယာင္ေဆာင္တာလား မသိေပေမယ့္ ေမေမက ေဖေဖ့ကို သိပ္ခ်စ္တာပါ ။ အေပၚယံအျမင္မွာ ေမေမက စိတ္မာခ်င္ေယာင္ေဆာင္ေနတတ္ေပမယ့္ တကယ္တမ္းေတာ့ ေဖေဖ့ ဂရုစိုက္မႈေတြကို အၿမဲေမွ်ာ္လင့္ေနတတ္လုိ႕ ေဖေဖကသာ တစ္ထစ္ေလ်ာ့ၿပီး ေမေမ့ကို ၾကင္နာျပမယ္ဆိုရင္ ဒီကမၻာမွာ ေမေမ့ေလာက္ေပ်ာ္မယ့္သူ ရွိေတာ့မွာ မဟုတ္ဘူးထင္တယ္ "

ဦးဇြဲျပည့္ ေခတၱမွ် တိတ္ဆိတ္သြားသည္ ။ ဇနီးျဖစ္သူသည္ ေစာနက ထို္င္ေနတဲ့ေနရာမွာ မရွိေတာ့ဘဲ ေပ်ာက္ကြယ္သြားလို႕ သူ႕စိတ္ေတြက အနည္းငယ္ ေဆြးေဆြးေျမ႕ေျမ႕နဲ႕ ။

" မင္းမသိပါဘူး .... မင္းအေမ ငါ့ကို ဘယ္ေလာက္ထိ မုန္းတီးေနလဲဆိုတာ ။ သူက ငါ့ကို ဘယ္တုန္းကမွ အထင္မႀကီးခဲ့ဖူးဘူး ။ အခုေတာင္ မင္းေၾကာင့္ ဒီအိမ္ကို သူျပန္ေရာက္လာတာ ။ မဟုတ္ရင္ သူ ငါ့ကို လံုး၀ အေတြ႕ခံမွာ မဟုတ္ဘူး "

" ေဖေဖမွားေနၿပီ ............. ေမေမက ေဖေဖ့ကို သိခ်စ္လြန္းလို႕ အနားက ထြက္သြားခဲ့တာ ။ ၿပီးေတာ့ ခ်စ္ေနေသးလုိ႔ပဲ အနားကို ျပန္လာတာ ။ ေဖေဖ တစ္ခါေလာက္ေလးပဲ ေမေမ့ကို နားလည္ေပးၿပီး ေမေမ့စိတ္ကို ျမင္ႏိုင္ခဲ့မယ္ဆိုရင္ ေမေမ ဘယ္ေလာက္ထိ ခ်စ္တတ္လဲ ေဖေဖသိလာလိမ့္မယ္ ။ ၿပီးေတာ့ ေဖေဖ့ကို ခ်စ္ေၾကာင္း ေစာနကပဲ ေမေမက သားကို ဖြင့္ဟ ၀န္ခံထားတာ ။ ဒါေၾကာင့္ တလြဲမာနေတြနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ အႏိုင္မယူခ်င္ပါနဲ႕ေတာ့ ။ ေဖေဖသိလား .......... ေမေမက စိန္အရမ္းႀကိဳက္တယ္ ။ မၾကာခင္မွာ ေဖေဖတို႕ရဲ႕ မဂၤလာႏွစ္ပတ္လည္ ေရာက္လာေတာ့မွာ မဟုတ္လား ။ ဘယ္လို ေခ်ာ့သင့္လဲဆိုတာ ကိုယ့္ဟာကို စဥ္းစားေတာ့ "

မိခင္နဲ႕ဖခင္ျဖစ္သူကို ျပန္ေအာင္သြယ္ေပးေနရသူ ရာျပည့္အဖို႕ ကာယကံရွင္ထက္ပိုၿပီး စိတ္လႈပ္ရွားေနရသည္ ။ သူ႕ဘ၀မွာ အလိုခ်င္ဆံုးက ေပ်ာ္ရႊင္တဲ့ သူတို႔မိသားစုဘ၀ရယ္ ေမာင္ရယ္ပါ ။ ဒီအရာကလြဲလို႕ သူ ဘာကိုမွ ေလာဘမႀကီးခ်င္ေတာ့ ။

ဦးဇြဲျပည့္သည္ လြန္ဆြဲေနတဲ့စိတ္နဲ႕ အိမ္ထဲကို ျပန္၀င္သြားေပမယ့္တံခါး၀နားေရာက္ေတာ့ သူ႕ေျခလွမ္းေတြက ေပါ့ပါးလာၿပီး မ်က္ႏွာက ပို၍ရႊင္လန္းလာသည္ ။ ထို႕ေနာက္ ဇနီးျဖစ္သူ ရွိေနႏိုင္တဲ့ အေပၚထပ္ဆီကို ခပ္သြက္သြက္ တက္ခဲ့သည္ ။

ရာျပည့္ကလည္း သူ႔ကုိ သူ႔ကိုတမင္တကာႀကီးေငးၾကည့္ေနတဲ့ ခိုင္ၿမဲဖက္လွည့္ၾကည့္ရင္း စိတ္လက္ေပါ့ပါးစြာနဲ႔ ရယ္လိုက္မိ၏ ။

သူ ေမာင့္ကိုအရမ္းခ်စ္တယ္ဆိုတာက ျငင္းဆန္လို႕မရတဲ့ အမွန္တရားေလ ။ ဒါေၾကာင့္ ေမာင့္ကို အႏိုင္လည္း မလိုခ်င္ေတာ့ပါဘူး ။ ၿပီးေတာ့ ပိုင္ဆိုင္ခ်င္တယ္ ။ တစ္သက္လံုးအတြက္ ေမာင့္ကို ပိုင္ဆိုင္ခ်င္တယ္ ။

*****************

Ting ......... !

စားပြဲေပၚမွာ ယွဥ္တြဲကာ အတူတင္ထားသည့္ သူ႕ဖုန္းနဲ႕ခိုင္ၿမဲဖုန္းတြင္ ခိုင္ၿမဲ ဖုန္းက Screen လင္းလာၿပီး Message တစ္ေစာင္၀င္လာသည္ ။ Message ဆိုေပမယ့္လည္း အေရးႀကီးတာမ်ိဳးရွိတတ္လို႕ ရာျပည့္ ခိုင္ၿမဲဖုန္းကိုေကာက္ယူလိုက္သည္ ။ Contact Name မမွတ္ထားေပမယ့္ " ကိုကို " ဆိုတဲ့ Message ေၾကာင့္ ရာျပည့္ အသက္ရွဴဖို႕ေမ့ေလ်ာ့သြားတဲ့အထိ တုန္လႈပ္သြားသည္ ။ ကိုကို ဆိုတဲ့ ေခၚသံကို သူသိပ္မုန္းတာ ။ ၿပီးေတာ့ ကိုကိုလို႕ ေမာင့္ကို ေခၚတတ္တဲ့ မိန္းမကိုေကာ ။ သူက ေယာက်ာ္းတစ္ေယာက္ျဖစ္ရက္နဲ႕ မိန္းမတစ္ေယာက္နဲ႕ၿပိဳင္ၿပီး မနာလို၀န္တိုမျဖစ္သင့္ဘူးလုိ႕ ေျပာခ်င္ေျပာၾကပါ ။ သူေမာင့္ကို ခ်စ္တာမလို႕ ေမာင့္ကို သူ႕ဆီကေန ေနာက္ထပ္ဆြဲထုတ္သြားမယ့္သူက မိန္းမတစ္ေယာက္ျဖစ္ေစ ၊ ေယာက်ာ္းတစ္ေယာက္ျဖစ္ေစ သူ လက္မခံႏိုင္ပါ ။

📩 ကိုကို ....... ကတိေပးထားတာ မေမ့ဘူးမလား ။📩

📩 မဟုတ္ရင္ ကုမၸဏီထိ လာေတြ႕မွာေနာ္ ။📩

📩 ကိုကို႕ေကာင္ေလးေကာ ေနေကာင္းရဲ႕လား ။📩

ေနာက္ထပ္ ၀င္လာတဲ့ Message ေတြက Screen ထက္မွာ notification အျဖစ္ ဆက္တိုက္၀င္လာသည္ ။ သူ ေမာင့္ဖုန္းကို ဖြင့္ၾကည့္ဖို႕ ခန္႕မွန္းမိတဲ့ Passcode တစ္ခ်ိဳ႕ကို ရိုက္ထည့္ေပမယ့္ မွားယြင္းေၾကာင္းသာ ျပေနလို႕ သူ႕စိတ္ေတြက ထူပူလာၿပီး ငိုခ်င္စိတ္ေပါက္လာသည္ ။

ေမာင္ သူ႕အေပၚ သစၥာေဖာက္ျပန္ၿပီလား ။ မျဖစ္ႏိုင္ဘူး ...... ဒီ Message ေလး ႏွစ္ခု သံုးခုေလာက္ေလးနဲ႕ ေမာင့္ကို သံသယေတြ မ၀င္ခ်င္ဘူး ။ ေမာင္ သူ႕ကိုခ်စ္တယ္ဆိုတာ သူယံုတယ္ ။

အဲ့မိန္းမက ဘာေၾကာင့္ ျပန္ေပၚလာတာလဲ ။ ေမာင့္ရဲ႕ဖုန္းနံပါတ္က ေျပာင္းထားတယ္မလား ...ဒီမိန္းမက ဘာေၾကာင့္ သိေနရတာလဲ ။ ေမာင္ကေကာ ဒီမိန္းမနဲ႕ဘာေၾကာင့္ အဆက္အသြယ္ လုပ္ရတာလဲ ။

ျမန္ျမန္ျပန္လာပါ ...ေမာင္ ။ ေမာင့္ကိုရွင္းလင္းေအာင္ ေမးမယ္ ။ ငါ ေမာင့္ကို ယံုတယ္ ။

ရာျပည့္ လက္ေတြက ေမာင့္ဖုန္း passcode ကို ေနာက္တစ္ႀကိမ္ ထပ္ရိုုက္ထည့္လိုက္ေသာ္လည္း မွားယြင္းေနဆဲ ။ ထိုအခ်ိန္ သူ႔အိမ္တံခါးပြင့္လာၿပီး လက္ထဲမွာအထုပ္အပိုးေတြဆြဲလွ်က္ ေမာင္ျပန္၀င္လာသည္ ။

ခိုင္ၿမဲကိုျမင္ေတာ့ ရာျပည့္ ခံုမွာ အိေျႏၵမပ်က္ ထိုင္ေနရင္း သက္ေတာင့္သက္သာ အေနအထားနဲ႕ မ်က္ႏွာကို ပံုမွန္အတိုင္း ထားလိုက္သည္ ။

" ေမာင္ ...... ေမာင့္ဖုန္း passwords ကဘာလဲ .........."

" ၂၉၂၉၂၉ .......... ဘာလို႕လဲ ..... ကေလး "

" လုပ္စရာေလး ရွိလုိ႕ "

အိမ္ထဲေတာင္ မေရာက္ေသးဘူး သူ႕ဖုန္း passcode လွမ္းေမးတဲ့ ရာျပည့္ေၾကာင့္ ခိုင္ၿမဲ နည္းနည္းအူေၾကာင္ေၾကာင္ျဖစ္သြားသည္ ။ သို႕ေသာ္လည္း ခ်က္ခ်င္းေျပာျပလိုက္ပါသည္ ။ သူနဲ႕ကေလးၾကားမွာ လွ်ိဳ႕၀ွက္ခ်က္ဆိုတာမ်ိဳးက မရွိေလ ပိုေကာင္းေလပဲ ။ ကေလး သူ႕ရဲ႕ facebok account ကို ၀င္စစ္မလို႕ ထင္တယ္ ။

ခဏေန ဘာဆက္ျဖစ္မလဲ ခိုင္ၿမဲမေတြးမိဘဲ မီးဖို ခန္းထဲ အရင္၀င္သြားလိုက္သည္ ။ ရာျပည့္ ခိုင္ၿမဲရဲ႕ passcode ကို သိၿပီးတာနဲ႕ အရင္ဆံုး ေစာနက ပို႕လာတဲ့ message box ထဲ ၀င္ၾကည့္လုိက္သည္ ။

Message ေတြက အမ်ားႀကီးမပို႕ထားေပမယ့္ မထင္ထားမိတဲ့အေၾကာင္းအရာတစ္ခ်ိဳ႕ေၾကာင့္ ရာျပည့္ အံၾသၿပီးရင္း အံၾသေနမိသည္ ။ ဘဏ္အေကာင့္နံပါတ္တစ္ခုရယ္ ေမာင္နဲ႕ညိွႏႈိင္းထားတဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ရယ္ေၾကာင့္ ျဖစ္စဥ္တစ္ခုကို အၾကမ္းဖ်င္းၿခံဳငံုနားလည္မိသြားသည္ ။ ဒါဆို တစ္ေလွ်ာက္လံုး သူ ေမာင့္ကို အထင္လြဲၿပီး သံသယစိတ္ေတြ ၀င္မိခဲ့တာေပါ့ ။ တကယ့္အျဖစ္မွန္က သူနဲ႕ေ၀းရမွာေၾကာင့္လုိ႕ ေမာင္တစ္ေယာက္ တစ္ကိုယ္တည္းႀကိတ္ၿပီး ဒီျပသနာေတြကို ေျဖရွင္းေနတာေပါ့ ။

" ကေလး ........... "

သူ႕နံေဘးမွာ ေမာင္ဘယ္ခ်ိန္ကတည္းက ေရာက္ေနမွန္း သူ သတိမထားလိုက္မိ ။ ေခၚသံၾကားမွ ေမာ့ၾကည့္လိုက္ေတာ့ ေမာင့္မ်က္၀န္းထဲမွာ အေၾကာက္တရားတစ္ခ်ိဳ႕ကို ျမင္ေနရသည္ ။

ေစာနက မစဥ္းစားဘဲ ကေလးကို passcode ေပးလိုက္မိတာ ၊ မီးဖိုထဲေရာက္မွ ေဟသာနဲ႕ေျပာထားတဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ကို မဖ်က္ရေသးမွန္း သတိရလို႕ ပူပန္စြာနဲ႕ ျပန္ထြက္အလာ သူဖုန္းကိုကိုင္ထားၿပီး ငူငူေငါင္ေငါင္ျဖစ္ေနသည့္ ကေလးကိုျမင္မိလို႕ ကေလး တစ္ခုခုကိုျမင္သြားၿပီဆိုတာ သူအတပ္သိလိုက္ၿပီ ။ ျဖစ္ႏိုင္တာက ေဟသာရဲ႕ message ေတြကို ျမင္သြားတာပဲ ျဖစ္မယ္ ။

" ေမာင္ ရွင္းျပမယ္ ။ ေမာင္ . .. ေမာင္ သူနဲ႕ျပန္ဆက္သြယ္ေနတာ မဟုတ္ဘူး ။ သူနဲ႕လည္း မပက္သက္ေတာ့ဘူး ။ သူ .......သူက ...."

" ခ်စ္တယ္ ..............."

ရာျပည့္ ရုတ္တရက္ႀကီး မတ္တပ္ရပ္ကာ သူ႕ကို သိုင္းဖက္လာသည္ ။ သူကလည္း အေယာင္ေယာင္အမွားမွားနဲ႕ ျပန္လည္ေပြ႕ဖက္မိသြားသည္ ။

" ကေလး .............. ေမာင့္ကို မုန္းသြားၿပီလား "

" လူတစ္ေယာက္လံုး ရင္ခြင္ထဲေရာက္ေနတာေတာင္ မခန္႕မွန္းတတ္ေသးဘူးလား ။ ေမာင္ကေလ လည္မလိုလိုနဲ႕ တကယ္ဒူတယ္ ။ ေက်းဇူးပါ ........... ခုတစ္ႀကိမ္ ငါ့ကို ေရြးခ်ယ္ခဲ့လုိ႕ "

" ေမာင့္ဆီက ေျဖရွင္းခ်က္ေတြကို မေတာင္းေတာ့ဘူးလား ............."

မည္မွ်ပင္ ကေလးက သူ႕ကိုဖက္ထားကာ ခ်စ္တယ္လုိ႕ ဆိုေစကာမူ သူ႕ရဲ႕ထိတ္လန္႕မႈေတြက မေျပေလ်ာ့သြားေသး ။ ကေလး အထင္လြဲၿပီး မုန္းသြားမွာကို သူ အရမ္းေၾကာက္ေနမိသည္ ။ တင္းေနေအာင္ေပြ႕ဖက္ထားသည့္ၾကားက ရွဲန္ပူနံ႕သင္းေနသည့္ ဆံစေလးေတြကို ခိုးနမ္းရင္း မ်က္ရည္ေတြ ၀ဲေနမိသည္ ။

" ဟင့္အင္း ........... ေျဖရွင္းခ်က္အစား ငါ့ကို တိုင္ပင္တာ လိုခ်င္တယ္ ။ ခုကစၿပီး ေမာင္နဲ႕ပက္သက္ရင္ ဘယ္ကိစၥမဆို ေသးေသးႀကီးႀကီး အကုန္သိခ်င္တယ္ ။ ငါ .... ေမာင့္ကို အရာအားလံုးထက္ ပိုခ်စ္တယ္ "

" ကေလးရယ္ .............."

ခိုင္ၿမဲ ရာျပည့္ကို တင္းက်ပ္စြာ ျပန္လည္ဖက္ထားရင္း ႏူတ္ဖ်ားကေန ခ်စ္တယ္ဆိုတဲ့စကားကို အႀကိမ္ေပါင္းမ်ားစြာ ေျပာေနမိသည္ ။

ကေလး သူ႕ကို နားလည္ေပးတယ္ ။ ကေလး သူ႕ကို ခြင့္လႊတ္ေပးတယ္ ။

ေက်းဇူးတင္လိုက္တာ ကံတရားရယ္ ........

အဆိုးဆံုးေတြျဖစ္လာမယ္လို႕ ထင္ခဲ့ေပမယ့္ သူနဲ႔ကေလး ပိုၿပီးနီးစပ္သြားတယ္ ။ ေတာ္ၿပီေလ ......... ဒီထက္ဆိုးတာေတြ ေနာက္ထပ္မရွိႏိုင္ေတာ့ပါဘူး ။ ဒါေၾကာင့္ ခုလိုေလးပဲ ေမာင့္ကို ဆက္ၿပီး ယံုၾကည္ေပးပါ ။

------------------


20.8.2019


ဘဏ်အကောင့်ထဲမှာ ရောက်နေသည့် ငွေသိန်း၃၀၀ ကြောင့် ခိုင်မြဲတစ်နေကုန် နေရထိုင်ရ မသက်သာ ။ ဒီငွေတွေကို မေမေလွှဲလိုက်တာလား ။ ဒါမှမဟုတ် ကိုကိုလား ။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာ ဒီငွေတွေကို သုံးဖို့ သူ အားနာလှသည် ။

" ခိုင်မြဲကို ............ မင်း နေမကောင်းဘူးလား "

ဘေးထိုင်ခုံက လုပ်ဖော်ကိုင်ဖက်တစ်ဦးက ခိုင်မြဲစားပွဲခုံကို ခေါက်လျှက် မေးတော့ ခိုင်မြဲသည် ပျက်နေတဲ့မျက်နှာကို ကမန်းကတမ်း ပြန်ထိန်းရင်း အိနြေ္ဒဆယ်လိုက်သည် ။

" ကောင်းပါတယ် ......... ဒီရက်ပိုင်း နည်းနည်း အိပ်ရေးပျက်လို့ ၊ ဘာမှ မဖြစ်ပါဘူး "

" ကျန်းမာရေးလည်း ဂရုစိုက်ဦး ။ ဒီရက်ပိုင်း မင်းကိုကြည့်ရတာ လုံး၀ စိတ်မချမ်းသာဘူး ။ တမိူင်မိူင် တတွေတွေနဲ့ "

" အင်း ...........ကျေးဇူး "

ခိုင်မြဲ ဝတ်ကျေတန်းကျေမှျှပြောပြီး သူ့လက်ထဲက ဖုန်းကို တစ်ဖန်ပြန်ဖွင့်ကြည့်လိုက်သည် ။ အားလုံးပေါင်း သိန်း ၅၀၀ ကျော်ပမာဏရှိသော ငွေများသည် သူ့အတွက်တော့ ရေထဲပစ်ချရမည့် ငွေတွေနဲ့ သိပ်မကွာ ။

တကယ်ပဲ ရူးချင်လာပြီ ......... ဘာဆက်လုပ်ရမှန်း မသိတော့ဘူး ။

**********

" ငါ့ကို ဖုန်းခဏ ခဏ မဆက်ဖို့ မင်းကို ဘယ်နှစ်ခါ ပြောရမှာလဲ ။ ငါ မရိုင်းချင်ဘူးနော် ...... ဒါကြောင့် ကောင်းကောင်း မွန်မွန် ညှိနိူင်းနေတုန်း နားထောင်ပါ ။ မင်းက မိန်းကလေးပါ ....... တစ်ခုခုဆို ပိုပြီး နစ်နာမှာ မင်းနော် .. ငါမဟုတ်ဘူး ။ မင်းလိုချင်တဲ့ငွေတွေကို ငါရှာပေးမယ် ။ ဒါကြောင့် ငါ့ကိုမနှောက်ယှက်ဘဲ အေးဆေးနေပါ "

သန့်စင်ခန်းထဲမှာ ဘယ်သူမှမရှိနိုင်လို့ ခိုင်မြဲ အသံဟာ အနည်းငယ်ကျယ်ပြီး မာကျောနေသည် ။ တစ်ဖက်ကလူကို စိတ်ပေါက်ပေါက်နဲ့ ပြောချပြီးနောက် ဖုန်းကို တစ်ခါတည်း power off လုပ်လိုက်သည် ။ သူ အရမ်းကို စိတ်ရူပ်ထွေးနေပြီ ။ ငွေမရသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဟေသာက သူ့ကို မကြာခဏ ဖုန်းဆက်တာမျိုး message ပို့တာမျိုး လုပ်နေလို့ မလိုလားအပ်တဲ့ စိတ်ရူပ်ထွေးမှုတွေကြောင့် အလုပ်မှာလည်း သူ အေးအေးဆေးဆေးကို မနေရ ။

ဘေစင်မှာ လက်ကို ဆေးချပြီး မှန်ထဲက သူ့ပုံရိပ်ကို ပြန်စိုက်ကြည့်နေလိုက်သည် ။ မှန်ထဲမှာပေါ်နေတဲ့ သူ့ပုံရိပ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည်ဟု မြင်မိသည် ။ ဘယ်လိုမျက်နှာနဲ့ သူ ကလေးရှေ့မှာ ရယ်မောရဲမှာလဲ ။ ဘယ်လိုစိတ်နဲ့ ကလေးကို ချစ်တယ်လို့ သူပြောထွက်ရက်မှာလဲ ။

မျက်နှာကို ရေနဲ့ဆေးချပြီး ပုဝါစတစ်စနဲ့သုတ်ကာ ခိုင်မြဲ သန့်စင်ခန်းထဲက ထွက်လာလိုက်သည် ။ သူထွက်သွားပြီးတာနဲ့ အစွန်ဆုံးခန်းက သန့်စင်ခန်းတံခါးသည် ပွင့်လာပြီး အထဲကနေ လူတစ်ယောက်ထွက်လာသည် ။

" မောင် ................ မောင် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား ။ မောင့်မှာ တခြားတစ်ယောက်ရှိနေပြီလား "

ခန္ဓာကိုယ်တစ်ခုလုံးယိုင်မသွားအောင် ထိန်းရင်း ရာပြည့် အပြင်ဖက်ထွက်လာသည် ။ စောနက သူ ကြားခဲ့တာတွေက ဘာတွေလဲ ။ ဒီရက်ပိုင်း မောင် မူမမှန်တာကို သူလည်း သတိထားမိနေလို့ သံသယစိတ်တွေကြောင့် ညဖက်အိပ်လို့တောင်မပျော် ။

မလုပ်ရဘူးနော် မောင် ။ ဒီတစ်ခါဆို ငါသေရလိမ့်မယ် ။ မောင့်ကို မုန်းရလိမ့်မယ် ။ ငါ နားကြားမှားတာ မဟုတ်လား ။ ဒါမှမဟုတ် နားစွန်နားဖျားကြားပြီး အထင်လွဲနေတာပဲ ဖြစ်မှာပါ ။ မောင် ငါ့ကို နောက်တစ်ကြိမ် ဒီလိုမလုပ်လောက်ပါဘူး ။ မောင် ငါ့ကို တကယ်ချစ်တာပါ ။

မောင် ............ သံသယစိတ်တွေကြောင့် ငါ ရူးရမယ်ထင်တယ် ။

****************

Ting............... Ting......... Ting .......

အဆက်မပြတ် မြည်နေတဲ့ တံခါး bell သံကြောင့် ခိုင်မြဲ လက်ထဲက ပစ္စည်းတွေကိုချပြီး အိမ်ရှေ့ထွက်လာလိုက်သည် ။ ညကြီးမိုးချုပ် သူ့ဆီ ဘယ်သူလာပါလိမ့် ။ ကလေးများလား ။ မဖြစ်နိုင်ပါဘူး ........ ကလေးက သူ အတင်းခေါ်တာတောင် ဒီအိမ်ကို မလာတာ ။

ခိုင်မြဲ တံခါးကိုဆွဲဖွင့်လိုက်တော့ မြင်လိုက်ရသည့် မျက်နှာဝင်းဝင်းကြောင့် ဘယ်ဖက်ရင်အုံ ခုန်ယမ်းလာသည် ။

" မအိပ်သေးဘူးမလား ........... မောင် "

သူ အရင်နေခဲ့တဲ့ အိမ်မလို့ ရာပြည့် ခပ်တည်တည်ပင် ဝင်လာပြီး အရင်နေနေကြလို ထိုင်ခုံပေါ်ဝင်ထိုင်လိုက်သည် ။ ခိုင်မြဲကလည်း ရာပြည့် သူ့ဆီလိုက်လာတာကို မယုံကြည်နိုင်ဖြစ်နေသည် ။ တံခါးကို သေချာပြန်ပိတ်ရင်း သူ ရာပြည့်အနားမှာ ပူးကပ်ထိုင်နေလိုက်သည် ။

" လမ်းကြုံလို့ လာတာလား "

" ဟင့်အင်း ............ တမင်လာတာ ။ တစ်ယောက်တည်း အိပ်မပျော်လို့ ဒီည ဒီမှာ အိပ်မလို့ "

" ဒီမှာ အိပ်မယ်ဆိုတာ တကယ်လား "

" အင်း ........... မောင့်အတွက် အပန်းမကြီးဘူး မဟုတ်လား "

" ဟာ ....... ဘယ်လိုပြောလိုက်တာလဲ ။ မောင်က နေ့တိုင်း ကလေးနဲ့အတူ ရှိချင်နေတဲ့လူပါ ။ ကလေးကို မြင်တော့ မောင်ဖြင့် ပျော်လွန်းလို့ ယုံတောင်မယုံနိုင်ဘူး "

ခိုင်မြဲ ရာပြည့်လက်တစ်ဖက်ကို မရဲတရဲဆုပ်ကိုင်ရင်း ဆိုလိုက်တော့ ရာပြည့် သူ့ကို ခပ်ရဲရဲ ပြန်ကြည့်လာသည် ။

" ခိုင်မြဲက ငါလို့ မထင်ထားဘူးမလား ။ ဧကန်န တစ်ယောက်ယောက်နဲ့ ချိန်းထားတာလား "

" ကလေး ........ ဘယ်လို ပြောလိုက်တာလဲ ။ မောင်က ဘယ်သူနဲ့ ချိန်းရမှာလဲ ။ မောင့်မှာ အသိမိတ်ဆွေတွေရှိပေမယ့် ဘယ်သူ့ကိုမှ အိမ်ထိ ခေါ်လည်ခဲ့ဖူးတာမဟုတ်ဘူး ။ ဒီနေရာ ၊ ဒီအိမ်က ကလေးရဲ့နေရာပဲ ။ ဒါကြောင့် မောင် ဒီနေရာလေးကို အပိုင်ဝယ်ခဲ့တာ ။ ဒီနေရာကနေပဲ ကလေးကို စောင့်နေခဲ့တာ "

အခန်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီး နှစ်ဦးကြား ပြောစရာစကားများ ပျောက်ဆုံးသွားသည် ။

ရာပြည့် သူ့လည်ဂုတ်ကို သူပြန်ပွတ်သပ်ရင်း မျက်လုံးကို အောက်စိုက်ထားလိုက်သည် ။

မောင် ဒီတိုက်ခန်းကို ဘယ်တုန်းကဝယ်လိုက်တာလဲ ။ မောင်က တကယ်ပဲ သူတို့နှစ်ယောက်ရဲ့ အမှတ်တရလေးတွေရှိတဲ့ ဒီတိုက်ခန်းကို ဝယ်ခဲ့တာလား ။ မောင်တကယ်ပဲ ဒီတိုက်ခန်းလေးမှာလာနေပြီး သူ့ကို စောင့်နေခဲ့တာလား ။ သူ မောင့်ကို အထင်အမြင်လွဲမှားမိပြီထင်တယ် ။

ဟင့်အင်း....... မဟုတ်ဘူး ။ မောင်ဖုန်းပြောတာကို သူ့နားနဲ့ ဆက်ဆက်ကြားခဲ့တာ ။ မောင် သူ့ကို တစ်ခုခုဖုံးကွယ်ထားတာ ရှိကိုရှိနေတယ် ။

" ဒါနဲ့ တိုက်အောက်မှာ ကားရပ်ထားတာ မတွေ့ဘူး ။ ကားကို ဘယ်မှာ ပါကင်ထိုးတာလဲ "

" ဒါက ......... ဟို ...... မောင် ကားကို ရောင်းလိုက်ပြီ "

ခုမပြောလည်း နောင်သိမှာပဲ ။ အရာရာတိုင်းကို သူ လျှို့ဝှက်မထားချင်တော့ ။ သူ့အတွက်က Taxi စီးရတာက ပြသနာ မဟုတ် ။ ကလေးနဲ့ သူနဲ့ကြား အဆင်ပြေချောမွေ့မည်ဆိုလျှင် အရာရာအားလုံးကို သူစွန့်လွှတ်နိုင်သည် ။ ဒါပေမယ့် ကလေးကို ကြည့်ရတာ သူ ကားရောင်းလိုက်တာကို အရမ်းစိတ်ဆိုးနေပုံပဲ ။

" ဘာလို့လဲ ..........ငွေလိုလို့လား ။ ဘယ်လောက်ထိတောင် လိုတာလဲ ။ ငါပေးနိုင်တယ် ...... မောင် ဘယ်လောက်လိုလဲပြောပါ "

" မဟုတ်ဘူး ..... မောင်က ကလေး ရှာထားသမျှကို မောင်က ဘာကြောင့် လွယ်လွယ်တောင်းရက်မှာလဲ ။ မပူနဲ့နော် .........မောင် အဆင်ပြေတယ် ..... ကားရောင်းလိုက်တယ်ဆိုပေမယ့် သိပ်မကြာခင် နောက်တစ်စီးပြန်ဝယ်မှာမလို့ ဒီကြားထဲ မောင် Taxi နဲ့ပဲသွားလိုက်မယ် "

ရာပြည့် သူ့ရဲ့ဆံနွယ်စတွေကို လက်နဲ့ထိုးဖွရင်း ခပ်ဖွဖွ ရယ်လာသည် ။ ဒါဆို ဟိုရက်က သန့်စင်ခန်းထဲမှာ မောင်နဲ့ဖုန်းပြောခဲ့တဲ့ မိန်းမကြောင့် မောင်က သူ့ကားကို ရောင်းခဲ့တာလား ။အဲ့ဒီမိန်းမက ဘယ်သူမလို့လဲ ..... ဘာကြောင့် ကားကိုရောင်းပစ်ရတဲ့အထိ ငွေလိုနေရတာလဲ ။ မောင် အဲ့ဒီမိန်းမအပေါ် အမှားလုပ်ထားတာလား ။

" အဆင်ပြေတယ်ဆိုလည်း ပြီးတာပါပဲ "

" မောင် ကလေးကို မပြောဘဲ ကားရောင်းလိုက်မိလို့ စိတ်ဆိုးသွားတာလား ။ မောင် တောင်းပန်ပါတယ် ... မောင့်မှာ မိသားစု ပြသနာတစ်ချို့ရှိနေလို့ ကလေးကို ပြောပြလို့မရတဲ့ အခြေအနေကြောင့်ပါ "

မောင် လိမ်ပြန်ပြီ။ မောင် သူ့ကိုနောက်ထပ် ညာပြန်ပြီ ။ မောင့်မိသားစုကြောင့် မဟုတ်ဘူးမို့လား ။ အဲ့ဒီမိန်းမက ဘယ်သူမို့ မောင် ဒီလောက်ထိ ဖုံးကွယ်ထားရတာလဲ ။ ဘာကြောင့် ဒီလောက်ထိ ပြန်ပေးဆပ်နေတာလဲ ။

" ရပါတယ် ........... မောင့်မိသားစု ပြသနာဆိုတော့လည်း ငါ ဝင်ပါဖို့မှ မသင့်တာ ။ ပင်ပန်းနေပြီ ...... ငါ အိပ်နှင့်မယ် ရလား "

"အင်း .............. မောင် အိပ်ယာပြင်ပေးမယ် ........ခဏစောင့် "

မောင်ကတော့ ဟန်ဆောင်ကောင်းစွာပင် ရယ်မောနေလေရဲ့ ။ အခန်းထဲ မောင်ပြန်ဝင်သွားတော့ ရာပြည့် ထိုင်နေရာမှထပြီး ပစ္စည်းတွေ စုပုံထားသည့် နေရာမှ ခြေစုံရပ်လိုက်သည် ။

မောင် ဝယ်စုထားတဲ့ တန်ဖိုးကြီး နာရီတွေ ၊ ရေမွှေးပုလင်းတွေ ၊ ဖိနပ်တံဆိပ်တွေကြား သူ့ရဲ့ဝက်ရုပ်စုဗူး အဟောင်းကိုတွေ့တော့ စိတ်လှုပ်ရှားစွာဖြင့် ထို စုဗူးကို ကောက်ယူလိုက်သည် ။ မောင် ဒီစုဗူးကို အမြဲ သိမ်းထားခဲ့တာလား ။ ငွေများများစားစား မထည့်ထားပေမယ့် သူ ဒီစုဗူးလေးကို သဘောကျလို့ အလေးခံပြီး အိမ်ထိသယ်လာတုန်းက မောင် ရယ်နေခဲ့တာကို သူမှတ်မိသေးသည် ။ မောင် သူ့ရဲ့ ပစ္စည်းတော်တော်များများကို သိမ်းထားတုန်းပဲလား ။ တကယ်ပဲ မောင်က သူ့ကို စောင့်နေခဲ့တာလား။

" ရပြီ ....... ကလေး အိပ်ချင် ဝင်အိပ်တော့ ။ အော် ......... စုဗူးလေးက ပိုင်ရှင်ပြန်လာပြီဆိုတော့ ပျော်နေမှာပဲ ။ ကလေး ကြိုက်ရင် ပြန်ယူသွားလေ ။ ကလေး သဘောကျမှန်းသိလို့ မောင် သိမ်းပေးခဲ့တာ "

" မောင် ....... အကယ်၍  ရွေးချယ်စရာတွေ ရှိလာမယ်ဆိုရင် မောင် ငါ့ကိုပဲ ထပ်ပြီးရွေးချယ်မှာလား "

လက်ထဲက ဝက်ရုပ်စုဗူးကို ဖက်လျှက် သူ ခိုင်မြဲကို မျှော်လင့်တကြီး ပြန်ငေးကြည့်နေမိသည် ။ ခိုင်မြဲ မအူမလည်ဖြစ်သွားပြီး ခေါင်းကုတ်နေမိပေမယ့် ကလေးရဲ့အမေးကို သူနားလည်သလို ဘာသာပြန်ရင်း အဖြေပြန်ပေးလိုက်သည် ။

" သေချာပေါက် ကလေးကိုပဲရွေးမှာပေါ့ ။ မောင် ကလေးကိုအရမ်းချစ်တယ် ။ ကလေးက မောင့်အတွက် သူများနဲ့ယှဉ်ပြီးရွေးချယ်ရမယ့် သူမျိုးမဟုတ်ဘူး ။ မောင်က ကလေးမရှိရင် သေသွားနိုင်တဲ့ကောင်မျိုးပါ ။ ဒါလေးကိုတော့ ယုံပေးပါ "

"အင်း ..... ယုံပေးမယ် ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ မောင့်ပါးစပ်က ပြောတဲ့စကားတွေကိုပဲ ယုံပေးမယ် "

ရာပြည့် နူတ်ခမ်းဖျား လှုပ်ခတ်သွားပြီးနောက် သူ မောင့်ရင်ခွင်ထဲ ပြေးဝင်မိသွားသည် ။ သူ လုယူရလိမ့်မယ် ။ ဒီအတိုင်းကြီးတော့ လက်မလွှတ်ပေးနိုင်ဘူး ။

ဘာဖြစ်ဖြစ် မသိချင်တော့ဘူး ။

ထပ်ပြီးလည်း မစဉ်းစားချင်တော့ဘူး ။

စိတ်ထဲရှိတဲ့အတိုင်း မိုက်မိုက်ကန်းကန်း လုပ်ချပစ်ချင်တယ် ။

********************

မိခင်ဖြစ်သူကို လဖက်ရည်ကြမ်းငှဲ့ထည့်ပေးရင်း ရာပြည့် သူမကို ကြည့်လိုက်သည် ။ ဒေါ်ငွေစိုးအိမ်သည် အိမ်ကို အလည်လာတဲ့ သားဖြစ်သူကြောင့်ပျော်ရွှင်နေပုံရပြီး သူမမျက်နှာသည် အတိုင်းထက်အလွန်ရွှင်မြူးနေသည် ။

ခင်ပွန်းဖြစ်သူက သားကိုတွေ့ချင်တာနဲ့ပဲ မဆီမဆိုင် ခိုင်မြဲဆိုတဲ့ကောင်လေးနာမည်ကိုတပ်ပြီး ခေါ်တာ သူမသိတာပေါ့ ။ ဟိုကောင်လေးခဗျာလည်း ချက်ချင်းရောက်လာရှာပါသည် ။ လာကတည်းက သူမခင်ပွန်း ပညာပြသမျှကို ခေါင်းတညိတ်ညိတ်နဲ့ လိုက်လုပ်ပေးရှာသည့် ကောင်လေးကိုကြည့်ရင်း ခံစားချက်တွေက အဆင်ပြေလိုက် မပြေလိုက်နဲ့ ။

" သူနဲ့ အဆင်ပြေလား ........ သားလေး "

" သားဖက်က ချစ်နေသေးသရွေ့ အကုန်အဆင်ပြေပါတယ် "

ရာပြည့် ခပ်တိုးတိုးပင်ပြန်ဖြေရင်း ခြံထဲ လှမ်းကြည့်လိုက်သည် ။ခပ်လှမ်းလှမ်းမှာ မောင်တစ်ယောက် သူ့ဖေဖေနဲ့အတူ ပန်းအိုးတွေကို နေရာရွေ့နေတာကိုတွေ့တော့ သူ ပါးပါးလေးပြုံးမိသွားသည် ။ ဖေဖေကတော့ မောင့်ကို တော်တော်ကြည့်မရဘူးထင်တယ် ။ ဟိုတစ်ခေါက် မောင်လာတုန်းက ရွေ့ခိုင်းခဲ့တဲ့ ပန်းအိုးတွေကို ခုတစ်ခေါက် နဂိုမူလနေရာကို တစ်ခါပြန်ရွေ့ခိုင်းတယ် ။ မောင်က သူ့အိမ်မှာသာ ပန်းကန်ဆေးဖို့ပျင်းတာ ၊ ခုကျ ဖေဖေနဲ့ အလိုက်ထိုက်နေပြီး ဖေဖေပညာပြသမျှကို မငြီးမငြူဘဲ နာခံရှာသည် ။ သည်လိုကျတော့လည်း မောင်က သနားစရာလေး ။

သူ့လိုပဲ ခြံထဲကို ကြည့်နေတဲ့ မေမေ့ကို ရာပြည့် ကြည့်ရင်း မေးခွန်းတစ်ခုကို သိချင်စိတ်ပြင်းပြစွာနဲ့ မေးလိုက်သည် ။

" မေမေ ............. မေမေ့တုန်းက ဖေဖေ့ကို ဘယ်အကြောင်းပြချက်ကြောင့် သည်းခံခဲ့တာလဲ "

မထင်မှတ်ထားတဲ့ သားဖြစ်သူ မေးခွန်းကြောင့် ဒေါ်ငွေစိုးအိမ် နည်းနည်းအံအားသင့်သွားသည် ။ ဒီမေးခွန်းကို သားက တစ်ခါမှ မမေးခဲ့ဘူးလေ ။ ဒါပေမယ့် သူမမှာတော့ အဖြေအဆင်သင့်ရှိပါတယ် ။

" ချစ်လို့လေ .................. ချစ်လို့ သည်းခံနိုင်စွမ်း ကုန်တဲ့အထိ မေမေ နေပေးခဲ့ပေမယ့် နောက်ဆုံး လုံးဝလက်မခံနိုင်တဲ့ အချိန်ရောက်တော့မှ မေမေ ထွက်ပြေးခဲ့မိတာ ။ သားကို ချန်ထားခဲ့မိလို့ မေမေက မိခင်စိတ်မရှိဘူးဆိုပြီး သားတွေးချင်တွေးမိဖူးလိမ့်မယ် ။ မေမေလေ သားကို မချစ်လို့ ၊ တာဝန်မယူချင်လို့ ချန်ထားခဲ့တာ မဟုတ်ဘူး ။ သားဖေဖေကြောင့် ချန်ခဲ့တာ ။ မေမေ မရှိရင်တောင် သားရှိနေတဲ့အတွက် အနည်းဆုံး သူ အမှားတွေကို ဆင်ခြင်ပြီး ပြုပြင်နိုင်မယ် ထင်ခဲ့လို့ ။ အဲ့ဒီအတွက် သားကို တစ်ခါမှ မတောင်းပန်ခဲ့ဖူးလို့ မေမေ့ကို ခွင့်လွှတ်ပေးပါနော် "

" မေမေ့ကို သား ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး ။ မေမေက သားအတွက် အမြဲတမ်း မိခင်ကောင်းတစ်ယောက်ပါ ။ သားလည်း မေမေ့လိုပဲ ထင်တယ် ။ စွန့်ပစ်ချင်တာတောင် သူ့ဖက်တွေးပြီး မစွန့်ပစ်ရက်ဘူး "

ရာပြည့် လေးလေးဆဆပြောရင်း ခြံထဲကိုပင် အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိတော့ ဒေါ်ငွေစိုးအိမ်သည် သားဖြစ်သူကို ကြည့်ရင်း သူ့စိတ်ကိုပါ နားလည်သွားဟန်နဲ့ တစ်ချက်ပြုံးမိသွားသည် ။

" ထွက်ပြေးသွားတဲ့သူနဲ့ ကျန်ခဲ့တဲ့လူမှာ ထွက်ပြေးသွားတဲ့လူကို နိုင်တယ်လို့ တစ်ချို့က ထင်ကြပေမယ့် တကယ်တမ်းတော့ ထွက်ပြေးသွားတဲ့သူက ပိုပြီး ရူံးတယ် ။ မေမေလေ သားအဖေကို ပြတ်နိုင်ပြီထင်ပြီး သူ့အဝေးကို ထွက်ပြေးသွားခဲ့ပေမယ့် တကယ်တမ်း သားတို့ရဲ့အဝေးမှာ နေရတာက လုံး၀ အဆင်မပြေဘူးဆိုတာ သိလာတယ် ။ ပြန်လာချင်ခဲ့ပေမယ့် ကိုယ့်မာနနဲ့ကိုယ် ပြန်မလာရဲခဲ့ဘူး ။နောက်ဆုံး သူကိုယ်တိုင် လာခေါ်တော့မှ မေမေ မာန်မာနတွေကို တစ်ထစ်လျော့ပြီး လိုက်လာခဲ့တာ ။ သားအဖေက အရင်လို မဆိုးတော့ပေမယ့် မေမေ့စိတ်ကို နားမလည်သေးတာကတော့ အရင်တိုင်းပဲ ။ သူသာ မေမေ့စိတ်ကို နားလည်ပေးပြီး ဂရုစိုက်ပေးခဲ့မယ်ဆိုရင် မေမေတို့ကြားမှာ ပျော်ရွှင်မှုဆိုတာ လုပ်ယူစရာတောင် မလိုလောက်အောင် ပြည့်စုံနေမှာ "

" မေမေက ဖေဖေ့ကို ခုထိ ချစ်နေတုန်းပေါ့ ............"

" အင်း .......... သူ့အပေါ် မေမေ့ရဲ့ ခံစားချက်တွေက တစ်ခါမှ မပြောင်းလဲ ခဲ့ဖူးပါဘူး "

ဒီတစ်ခါတော့ သူ မေမေနဲ့ မျက်လုံးချင်းဆိုင်ကြည့်မိသွားသည် ။ သူ့ကိုသူ သနားစရာကောင်းတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း သူ့ရဲ့နာကျင်မှုက မေမေ့ကို မှီမယ်မထင်ဘူး ။ မေမေက သူ့ခံစားချက်တွေကို အပေါ်ယံ မျက်နှာတင်းမာမှုနဲ့ ဖုံးဖိထားနိုင်ခဲ့ပေမယ့် သူကတော့ မောင်နဲ့ပက်သက်ရင် ကိုယ့်ကိုယ်ကိုယ်တောင် မညာနိုင်သည့် သူမျိုး ။

ရာပြည့် လဖက်ရည်ကြမ်းကို မေမေ့အတွက် နောက်တစ်ခွက် ထက်ငှဲ့ပေးရင်း နောက်ဆုံးမေးခွန်းတစ်ခုကို မေးလိုက်သည် ။

" အကယ်လို့ ခုနေ ဖေဖေက မေမေလက်မခံနိုင်တဲ့ အရင်လို လုပ်ရက်မျိုး နောက်တစ်ခါ ထပ်လုပ်တယ်လို့ သံသယစိတ်ဝင်လာရင် မေမေ ဘာဆက်လုပ်မှာလဲ ။ အရင်လိုပဲ ဖေဖေ့ကို ထားခဲ့ပြီး ထွက်ပြေးဦးမှာလား "

မေမေ ခေတ္တမျှ တိတ်ဆိတ်သွားပြီး ခြံထဲမှာ အလုပ်ရူပ်နေတဲ့ ဖေဖေ့ကို လှမ်းကြည့်လိုက်သည် ။ မလှမ်းမကမ်းက သူမခင်ပွန်းဖြစ်သူရဲ့ အသံကို ခပ်သဲ့သဲ့ကြားနေရကာ လှုပ်ရှားမှု မှန်သမျှကို မြင်နေရတာမလို့ ဒေါ်ငွေစိုးအိမ်သည် သားဖြစ်သူ၏ မေးခွန်းအတွက် အဖြေဆက်တိုက်ရှာနေမိသည် ။အရင်ကလည်း ဒီမေးခွန်းအတွက် အဖြေထုတ်ထားပြီးသား ဖြစ်ပေမယ့် သူမရဲ့ အဖြေက သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်နဲ့လည်း သက်ဆိုင်နိုင်တာမလို့ လက်လွှတ်စပယ် မဖြေချင် ။

သူမသည် လက်ထဲက ခွက်ကို စားပွဲခုံပေါ်သို့ ပြန်တင်ထားပြီး သားဖြစ်သူကို အပွင့်လင်းဆုံး ပြုံးပြလိုက်သည် ။

" သားပြောသလိုပဲ မေမေ့အတွက်လည်း သူ့ကို ချစ်နေသေးသရွေ့အဆင်ပြေပါတယ် ။ ပြီးတော့ သားကို နောက်တစ်ကြိမ်ထားခဲ့ပြီး မေမေ ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်ဘူး ။ အကယ်၍  သားရဲ့ဖေဖေက ပြောင်းလဲနေတယ်လို့ မေမေသံသယစိတ်တွေ ဝင်လာခဲ့မယ်ဆိုရင် အရင်ဆုံး သူ့ကို ပြန်ဆွဲထားဖို့ ကြိုးစားမိမှာပဲ ။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်ပြီး ဒီအတိုင်းလေး ဆက်နေသွားမယ် ။ မတူတာ တစ်ခုက သားမှာရွေးချယ်ပိုင်ခွင့်ရှိသေးတယ် ၊ မေမေ့မှာက သားဖေဖေကလွဲလို့နောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူး "

" အဲ့လောက်ထိ လွယ်တာလား ......... မေမေ "

" အပြောကတော့ လွယ်တာပေါ့ ။ လက်တွေ့ကတော့ ဘယ်လွယ်ပါ့မလား ။ မတော်တဆ သားတို့ကြားမှာ သံသယစိတ်တွေရှိလာရင်တောင် ကိုယ့်စိတ်ခံစားချက်အတိုင်းပဲ ရွေးချယ်ပါ ။ အပြီးအပိုင် စွန့်လွှတ်မှာလား ........ ဒါမှမဟုတ် နှစ်ဦးသားဆက်ဆံရေးမှာ ပွင့်ပွင့်လင်းလင်းနဲ့ တိုင်တိုင်ပင်ပင်ရှေ့ဆက်မှာလား ရွေးချယ်လို့ရသေးတယ် ။ မေမေကတော့ မေမေ့သားကို နောက်တစ်ခါ ထပ်ပြီး မနာကျင်စေချင်တော့ဘူး ။ မေမေ့သားကို ပျော်နေတာပဲ မြင်ချင်တယ် "

မေမေက သူ့လက်ကို ညင်သွာစွာ ဆုပ်ကိုင်ပြီး အားပေးနှစ်သိမ့်သလို ကြည့်လာသည် ။ သူကလည်း မေမေ့ကို ပြန်ရယ်ပြရင်း ခြံထဲမှာ ရှိနေဆဲဖြစ်သည့် ဖေဖေနဲ့ မောင့်ဆီကိုလှမ်းကြည့်လိုက်သည် ။

" မေမေ ............ သား ဖေဖေတို့နား သွားလိုက်ဦးမယ် ........"

ပေါ့ပါးသော ခြေလှမ်းတွေနဲ့ ရာပြည့်ခြံထဲကိုပြေးဆင်သွားတော့ ဒေါ်ငွေစိုးအိမ်သည် ပြုံး၍ကြည့်ရင်းသာ ခေါင်းကိုခါယမ်းလိုက်ရသည် ။ သားဖြစ်သူရဲ့ပျော်ရွှင်မှုက ခိုင်မြဲကိုဆိုတဲ့ကောင်လေးဖြစ်နေတော့လည်း သူမ မတားစီးရက်ပါ ။

" ဖေဖေ ..... ပင်ပန်းနေလောက်ရောပေါ့ ။ ပြန်နားလိုက်ပါ .... သားတို့ ဆက်လုပ်လိုက်မယ် "

ရာပြည့် ဖခင်ဖြစ်သူအနားသွားရင်း အနားယူရန်ဖျောင်းဖြပြောဆိုတော့ ဦးဇွဲပြည့်က အင်တင်တင်နဲ့ ခိုင်မြဲကိုကြည့်လိုက်သည် ။ ခိုင်မြဲက မသိသလိုနေရင်း ဟိုကြည့်ဒီကြည့်နဲ့ခေါင်းကုတ်နေလိုက်သည် ။

ဦးဇွဲပြည့်သည် လက်ထဲက ကတ်ကြေးကို နေရာတကျပြန်ထားကာ လက်အိတ်တွေကို ချွတ်လိုက်သည် ။ မကြည်ဖြူသေးသော်လည်း ဒီအတိုင်းနှင်လွှတ်ဖို့က မကောင်းတတ်လို့ သားဖြစ်သူကိုပြောလိုက်၏ ။

" ထမင်းစားပြီးမှ ပြန်ကြ ......"

" ဟုတ် ............ ဖေဖေ ။ ခဏလေး ....... သား ပြောစရာလေးရှိလို့ "

" ပြောစရာရှိတာ မြန်မြန်ပြော .........."

အမြဲတမ်း စိတ်မာသည့်လူလို အိုက်တင်ဖမ်းတတ်သည့် ဖေဖေသည် မေမေနဲ့သိပ်မကွာတတ်လို့ ဒါတွေကြောင့် သူတို့ကြား ဆက်ဆံရေးက နီးလျှက်နဲ့ဝေးနေသလားပဲ ။

" မေမေ့ကို ဂရုစိုက်ပေးပါ ။ ဖေဖေမမြင်တာလား .... ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်တာလား မသိပေမေယ့် မေမေက ဖေဖေ့ကို သိပ်ချစ်တာပါ ။ အပေါ်ယံအမြင်မှာ မေမေက စိတ်မာချင်ယောင်ဆောင်နေတတ်ပေမယ့် တကယ်တမ်းတော့ ဖေဖေ့ ဂရုစိုက်မှုတွေကို အမြဲမျှော်လင့်နေတတ်လို့ ဖေဖေကသာ တစ်ထစ်လျော့ပြီး မေမေ့ကို ကြင်နာပြမယ်ဆိုရင် ဒီကမ္ဘာမှာ မေမေ့လောက်ပျော်မယ့်သူ ရှိတော့မှာ မဟုတ်ဘူးထင်တယ် "

ဦးဇွဲပြည့် ခေတ္တမျှ တိတ်ဆိတ်သွားသည် ။ ဇနီးဖြစ်သူသည် စောနက ထိုင်နေတဲ့နေရာမှာ မရှိတော့ဘဲ ပျောက်ကွယ်သွားလို့ သူ့စိတ်တွေက အနည်းငယ် ဆွေးဆွေးမြေ့မြေ့နဲ့ ။

" မင်းမသိပါဘူး .... မင်းအမေ ငါ့ကို ဘယ်လောက်ထိ မုန်းတီးနေလဲဆိုတာ ။ သူက ငါ့ကို ဘယ်တုန်းကမှ အထင်မကြီးခဲ့ဖူးဘူး ။ အခုတောင် မင်းကြောင့် ဒီအိမ်ကို သူပြန်ရောက်လာတာ ။ မဟုတ်ရင် သူ ငါ့ကို လုံး၀ အတွေ့ခံမှာ မဟုတ်ဘူး "

" ဖေဖေမှားနေပြီ ............. မေမေက ဖေဖေ့ကို သိချစ်လွန်းလို့ အနားက ထွက်သွားခဲ့တာ ။ ပြီးတော့ ချစ်နေသေးလို့ပဲ အနားကို ပြန်လာတာ ။ ဖေဖေ တစ်ခါလောက်လေးပဲ မေမေ့ကို နားလည်ပေးပြီး မေမေ့စိတ်ကို မြင်နိုင်ခဲ့မယ်ဆိုရင် မေမေ ဘယ်လောက်ထိ ချစ်တတ်လဲ ဖေဖေသိလာလိမ့်မယ် ။ ပြီးတော့ ဖေဖေ့ကို ချစ်ကြောင်း စောနကပဲ မေမေက သားကို ဖွင့်ဟ ဝန်ခံထားတာ ။ ဒါကြောင့် တလွဲမာနတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အနိုင်မယူချင်ပါနဲ့တော့ ။ ဖေဖေသိလား .......... မေမေက စိန်အရမ်းကြိုက်တယ် ။ မကြာခင်မှာ ဖေဖေတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် ရောက်လာတော့မှာ မဟုတ်လား ။ ဘယ်လို ချော့သင့်လဲဆိုတာ ကိုယ့်ဟာကို စဉ်းစားတော့ "

မိခင်နဲ့ဖခင်ဖြစ်သူကို ပြန်အောင်သွယ်ပေးနေရသူ ရာပြည့်အဖို့ ကာယကံရှင်ထက်ပိုပြီး စိတ်လှုပ်ရှားနေရသည် ။ သူ့ဘဝမှာ အလိုချင်ဆုံးက ပျော်ရွှင်တဲ့ သူတို့မိသားစုဘဝရယ် မောင်ရယ်ပါ ။ ဒီအရာကလွဲလို့ သူ ဘာကိုမှ လောဘမကြီးချင်တော့ ။

ဦးဇွဲပြည့်သည် လွန်ဆွဲနေတဲ့စိတ်နဲ့ အိမ်ထဲကို ပြန်ဝင်သွားပေမယ့်တံခါးဝနားရောက်တော့ သူ့ခြေလှမ်းတွေက ပေါ့ပါးလာပြီး မျက်နှာက ပို၍ရွှင်လန်းလာသည် ။ ထို့နောက် ဇနီးဖြစ်သူ ရှိနေနိုင်တဲ့ အပေါ်ထပ်ဆီကို ခပ်သွက်သွက် တက်ခဲ့သည် ။

ရာပြည့်ကလည်း သူ့ကို သူ့ကိုတမင်တကာကြီးငေးကြည့်နေတဲ့ ခိုင်မြဲဖက်လှည့်ကြည့်ရင်း စိတ်လက်ပေါ့ပါးစွာနဲ့ ရယ်လိုက်မိ၏ ။

သူ မောင့်ကိုအရမ်းချစ်တယ်ဆိုတာက ငြင်းဆန်လို့မရတဲ့ အမှန်တရားလေ ။ ဒါကြောင့် မောင့်ကို အနိုင်လည်း မလိုချင်တော့ပါဘူး ။ ပြီးတော့ ပိုင်ဆိုင်ချင်တယ် ။ တစ်သက်လုံးအတွက် မောင့်ကို ပိုင်ဆိုင်ချင်တယ် ။

*****************

Ting ......... !

စားပွဲပေါ်မှာ ယှဉ်တွဲကာ အတူတင်ထားသည့် သူ့ဖုန်းနဲ့ခိုင်မြဲဖုန်းတွင် ခိုင်မြဲ ဖုန်းက Screen လင်းလာပြီး Message တစ်စောင်ဝင်လာသည် ။ Message ဆိုပေမယ့်လည်း အရေးကြီးတာမျိုးရှိတတ်လို့ ရာပြည့် ခိုင်မြဲဖုန်းကိုကောက်ယူလိုက်သည် ။ Contact Name မမှတ်ထားပေမယ့် " ကိုကို " ဆိုတဲ့ Message ကြောင့် ရာပြည့် အသက်ရှူဖို့မေ့လျော့သွားတဲ့အထိ တုန်လှုပ်သွားသည် ။ ကိုကို ဆိုတဲ့ ခေါ်သံကို သူသိပ်မုန်းတာ ။ ပြီးတော့ ကိုကိုလို့ မောင့်ကို ခေါ်တတ်တဲ့ မိန်းမကိုကော ။ သူက ယောကျာ်းတစ်ယောက်ဖြစ်ရက်နဲ့ မိန်းမတစ်ယောက်နဲ့ပြိုင်ပြီး မနာလိုဝန်တိုမဖြစ်သင့်ဘူးလို့ ပြောချင်ပြောကြပါ ။ သူမောင့်ကို ချစ်တာမလို့ မောင့်ကို သူ့ဆီကနေ နောက်ထပ်ဆွဲထုတ်သွားမယ့်သူက မိန်းမတစ်ယောက်ဖြစ်စေ ၊ ယောကျာ်းတစ်ယောက်ဖြစ်စေ သူ လက်မခံနိုင်ပါ ။

📩 ကိုကို ....... ကတိပေးထားတာ မမေ့ဘူးမလား ။📩

📩 မဟုတ်ရင် ကုမ္ပဏီထိ လာတွေ့မှာနော် ။📩

📩 ကိုကို့ကောင်လေးကော နေကောင်းရဲ့လား ။📩

နောက်ထပ် ဝင်လာတဲ့ Message တွေက Screen ထက်မှာ notification အဖြစ် ဆက်တိုက်ဝင်လာသည် ။ သူ မောင့်ဖုန်းကို ဖွင့်ကြည့်ဖို့ ခန့်မှန်းမိတဲ့ Passcode တစ်ချို့ကို ရိုက်ထည့်ပေမယ့် မှားယွင်းကြောင်းသာ ပြနေလို့ သူ့စိတ်တွေက ထူပူလာပြီး ငိုချင်စိတ်ပေါက်လာသည် ။

မောင် သူ့အပေါ် သစ္စာဖောက်ပြန်ပြီလား ။ မဖြစ်နိုင်ဘူး ...... ဒီ Message လေး နှစ်ခု သုံးခုလောက်လေးနဲ့ မောင့်ကို သံသယတွေ မဝင်ချင်ဘူး ။ မောင် သူ့ကိုချစ်တယ်ဆိုတာ သူယုံတယ် ။

အဲ့မိန်းမက ဘာကြောင့် ပြန်ပေါ်လာတာလဲ ။ မောင့်ရဲ့ဖုန်းနံပါတ်က ပြောင်းထားတယ်မလား ...ဒီမိန်းမက ဘာကြောင့် သိနေရတာလဲ ။ မောင်ကကော ဒီမိန်းမနဲ့ဘာကြောင့် အဆက်အသွယ် လုပ်ရတာလဲ ။

မြန်မြန်ပြန်လာပါ ...မောင် ။ မောင့်ကိုရှင်းလင်းအောင် မေးမယ် ။ ငါ မောင့်ကို ယုံတယ် ။

ရာပြည့် လက်တွေက မောင့်ဖုန်း passcode ကို နောက်တစ်ကြိမ် ထပ်ရိုက်ထည့်လိုက်သော်လည်း မှားယွင်းနေဆဲ ။ ထိုအချိန် သူ့အိမ်တံခါးပွင့်လာပြီး လက်ထဲမှာအထုပ်အပိုးတွေဆွဲလျှက် မောင်ပြန်ဝင်လာသည် ။

ခိုင်မြဲကိုမြင်တော့ ရာပြည့် ခုံမှာ အိနြေ္ဒမပျက် ထိုင်နေရင်း သက်တောင့်သက်သာ အနေအထားနဲ့ မျက်နှာကို ပုံမှန်အတိုင်း ထားလိုက်သည် ။

" မောင် ...... မောင့်ဖုန်း passwords ကဘာလဲ .........."

" ၂၉၂၉၂၉ .......... ဘာလို့လဲ ..... ကလေး "

" လုပ်စရာလေး ရှိလို့ "

အိမ်ထဲတောင် မရောက်သေးဘူး သူ့ဖုန်း passcode လှမ်းမေးတဲ့ ရာပြည့်ကြောင့် ခိုင်မြဲ နည်းနည်းအူကြောင်ကြောင်ဖြစ်သွားသည် ။ သို့သော်လည်း ချက်ချင်းပြောပြလိုက်ပါသည် ။ သူနဲ့ကလေးကြားမှာ လျှို့ဝှက်ချက်ဆိုတာမျိုးက မရှိလေ ပိုကောင်းလေပဲ ။ ကလေး သူ့ရဲ့ facebok account ကို ဝင်စစ်မလို့ ထင်တယ် ။

ခဏနေ ဘာဆက်ဖြစ်မလဲ ခိုင်မြဲမတွေးမိဘဲ မီးဖို ခန်းထဲ အရင်ဝင်သွားလိုက်သည် ။ ရာပြည့် ခိုင်မြဲရဲ့ passcode ကို သိပြီးတာနဲ့ အရင်ဆုံး စောနက ပို့လာတဲ့ message box ထဲ ဝင်ကြည့်လိုက်သည် ။

Message တွေက အများကြီးမပို့ထားပေမယ့် မထင်ထားမိတဲ့အကြောင်းအရာတစ်ချို့ကြောင့် ရာပြည့် အံသြပြီးရင်း အံသြနေမိသည် ။ ဘဏ်အကောင့်နံပါတ်တစ်ခုရယ် မောင်နဲ့ညှိနှိုင်းထားတဲ့ အကြောင်းအရာတစ်ချို့ရယ်ကြောင့် ဖြစ်စဉ်တစ်ခုကို အကြမ်းဖျင်းခြုံငုံနားလည်မိသွားသည် ။ ဒါဆို တစ်လျှောက်လုံး သူ မောင့်ကို အထင်လွဲပြီး သံသယစိတ်တွေ ဝင်မိခဲ့တာပေါ့ ။ တကယ့်အဖြစ်မှန်က သူနဲ့ဝေးရမှာကြောင့်လို့ မောင်တစ်ယောက် တစ်ကိုယ်တည်းကြိတ်ပြီး ဒီပြသနာတွေကို ဖြေရှင်းနေတာပေါ့ ။

" ကလေး ........... "

သူ့နံဘေးမှာ မောင်ဘယ်ချိန်ကတည်းက ရောက်နေမှန်း သူ သတိမထားလိုက်မိ ။ ခေါ်သံကြားမှ မော့ကြည့်လိုက်တော့ မောင့်မျက်ဝန်းထဲမှာ အကြောက်တရားတစ်ချို့ကို မြင်နေရသည် ။

စောနက မစဉ်းစားဘဲ ကလေးကို passcode ပေးလိုက်မိတာ ၊ မီးဖိုထဲရောက်မှ ဟေသာနဲ့ပြောထားတဲ့ အကြောင်းအရာတစ်ချို့ကို မဖျက်ရသေးမှန်း သတိရလို့ ပူပန်စွာနဲ့ ပြန်ထွက်အလာ သူဖုန်းကိုကိုင်ထားပြီး ငူငူငေါင်ငေါင်ဖြစ်နေသည့် ကလေးကိုမြင်မိလို့ ကလေး တစ်ခုခုကိုမြင်သွားပြီဆိုတာ သူအတပ်သိလိုက်ပြီ ။ ဖြစ်နိုင်တာက ဟေသာရဲ့ message တွေကို မြင်သွားတာပဲ ဖြစ်မယ် ။

" မောင် ရှင်းပြမယ် ။ မောင် . .. မောင် သူနဲ့ပြန်ဆက်သွယ်နေတာ မဟုတ်ဘူး ။ သူနဲ့လည်း မပက်သက်တော့ဘူး ။ သူ .......သူက ...."

" ချစ်တယ် ..............."

ရာပြည့် ရုတ်တရက်ကြီး မတ်တပ်ရပ်ကာ သူ့ကို သိုင်းဖက်လာသည် ။ သူကလည်း အယောင်ယောင်အမှားမှားနဲ့ ပြန်လည်ပွေ့ဖက်မိသွားသည် ။

" ကလေး .............. မောင့်ကို မုန်းသွားပြီလား "

" လူတစ်ယောက်လုံး ရင်ခွင်ထဲရောက်နေတာတောင် မခန့်မှန်းတတ်သေးဘူးလား ။ မောင်ကလေ လည်မလိုလိုနဲ့ တကယ်ဒူတယ် ။ ကျေးဇူးပါ ........... ခုတစ်ကြိမ် ငါ့ကို ရွေးချယ်ခဲ့လို့ "

" မောင့်ဆီက ဖြေရှင်းချက်တွေကို မတောင်းတော့ဘူးလား ............."

မည်မျှပင် ကလေးက သူ့ကိုဖက်ထားကာ ချစ်တယ်လို့ ဆိုစေကာမူ သူ့ရဲ့ထိတ်လန့်မှုတွေက မပြေလျော့သွားသေး ။ ကလေး အထင်လွဲပြီး မုန်းသွားမှာကို သူ အရမ်းကြောက်နေမိသည် ။ တင်းနေအောင်ပွေ့ဖက်ထားသည့်ကြားက ရှဲန်ပူနံ့သင်းနေသည့် ဆံစလေးတွေကို ခိုးနမ်းရင်း မျက်ရည်တွေ ဝဲနေမိသည် ။

" ဟင့်အင်း ........... ဖြေရှင်းချက်အစား ငါ့ကို တိုင်ပင်တာ လိုချင်တယ် ။ ခုကစပြီး မောင်နဲ့ပက်သက်ရင် ဘယ်ကိစ္စမဆို သေးသေးကြီးကြီး အကုန်သိချင်တယ် ။ ငါ .... မောင့်ကို အရာအားလုံးထက် ပိုချစ်တယ် "

" ကလေးရယ် .............."

ခိုင်မြဲ ရာပြည့်ကို တင်းကျပ်စွာ ပြန်လည်ဖက်ထားရင်း နူတ်ဖျားကနေ ချစ်တယ်ဆိုတဲ့စကားကို အကြိမ်ပေါင်းများစွာ ပြောနေမိသည် ။

ကလေး သူ့ကို နားလည်ပေးတယ် ။ ကလေး သူ့ကို ခွင့်လွှတ်ပေးတယ် ။

ကျေးဇူးတင်လိုက်တာ ကံတရားရယ် ........

အဆိုးဆုံးတွေဖြစ်လာမယ်လို့ ထင်ခဲ့ပေမယ့် သူနဲ့ကလေး ပိုပြီးနီးစပ်သွားတယ် ။ တော်ပြီလေ ......... ဒီထက်ဆိုးတာတွေ နောက်ထပ်မရှိနိုင်တော့ပါဘူး ။ ဒါကြောင့် ခုလိုလေးပဲ မောင့်ကို ဆက်ပြီး ယုံကြည်ပေးပါ ။

------------------


20.8.2019

Continuă lectura

O să-ți placă și

671K 41.5K 46
ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလဲသြားေသာအခါ သုတေက်ာ္ဆိုတဲ့ ခပ္ဆိုးဆိုးေက...
177K 3.9K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
691K 39.9K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
230K 20.2K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024