If only we breakup .. (Z+U) (...

By reta-nan

2M 161K 15.8K

No descriptions here More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 11
ေမာင္..... သို႔
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29 ( Final )
extra 1
extra 2
extra 3
extra 4
စာအုပ်အဖြစ်ထုတ်ဝေခြင်း
if only we break up

ep 10

56.9K 4.7K 136
By reta-nan

ထံုးစံအတိုင္းပင္ ေမေမေနမေကာင္းဘူး ၊ မင္းနာမည္ကိုပဲေခၚေနတယ္လို႕ ခဏခဏအေၾကာင္းၾကားလာလို႕ ဒီညေတာ့ ခိုင္ၿမဲအိမ္ျပန္လာအိပ္လိုက္သည္ ။ ( ၅ )ႏွစ္ေက်ာ္ၾကာၿပီးေနာက္ပထမဦးဆံုး စံုစံုညီညီစားရတဲ့ မိသားစုထမင္း၀ိုင္းမွာ သူတို႕မိသားစု ေလးေယာက္လံုး အတူရွိေနခဲ့သည္ ။ ညစာစားၿပီးေနာက္ အခ်ိဳပြဲဟုဆိုကာ အိမ္ကလုပ္ထားတဲ့ ေက်ာက္ေက်ာမုန္႕ကိုစားရင္း ကိုကိုက ခိုင္ၿမဲပခံုးကိုညစ္ရင္း ေမေမတို႕ကိုရယ္ေမာကာေျပာလိုက္၏ ။

" ေမေမ ........ ညီေလးရဲ႕မဂၤလာပြဲအတြက္ သားအခုကတည္းက လက္ဖြဲ႕ပစၥည္းစဥ္းစားထားၿပီးၿပီ ။ သူ႕မွာ ကိုယ္ပိုင္ကားမရွိေသးလို႕ သားသူ႕ကို ကားတစ္စီးလက္ဖြဲ႕ရင္ ေကာင္းမလားလို႕ "

ထိုစကားေၾကာင့္ ခိုင္ၿမဲ စိတ္ထဲကေန အကိုျဖစ္သူကို အႀကိမ္ေပါင္းမ်ားစြာေမတၱာပို႕သေနမိသည္ ။ သူ ဒီမဂၤလာပြဲကို လက္မခံေတာ့ဘူးဆိုတာကိုသိလွ်က္နဲ႕ မိဘေတြေရွ႕တမင္ထုတ္ေျပာတာ သူ႕ကိုေခ်ာက္ခ်ခ်င္တာမဟုတ္ဘူးလား ။ ေမေမကေတာ့ သားႀကီးျဖစ္သူရဲ႕စကားေၾကာင့္ ၀မ္းသာပီတိျဖစ္ကာ ထိုစကားကိုေထာက္ခံလိုက္သည္ ။

" သားႀကီးက သားငယ္အတြက္ အမ်ားႀကီး စဥ္းစားထားေပးတာပဲ ။ သားတို႕အခ်င္းခ်င္း တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ေနတာကိုျမင္ရရင္ ေမေမျဖင့္ သိပ္ေပ်ာ္တာပဲ။ လက္ထပ္ပြဲကိုလည္း အျမန္ဆံုး ျပင္ဆင္မယ္ ။ မိန္းကေလးရွင္ဖက္ကို သြားေတြ႕ၿပီး ရက္ေရြးမွ ရေတာ့မယ္ "

" ေမေမ သားဒီလက္ထပ္ပြဲကိုလက္မခံေတာ့ဘူးလို႕ ခဏခဏေျပာေနတာကို ဘာလို႕အတင္းအက်ပ္လုပ္ခ်င္ရတာလဲ "

ဒါေတြေၾကာင့္ မိသားစုထမင္း၀ိုင္းမွာ သူမထိုင္ခ်င္ေတာ့တာ ။ မ်က္ႏွာခ်င္းဆိုင္ၿပီဆိုတာနဲ႕ သူတို႕ကမဂၤလာပြဲအေၾကာင္းကိုပဲ ဦးတည္ေျပာဆိုေနၾကလို႕ ခိုင္ၿမဲအဖို႔ေနရထိုင္ရအရမ္းခက္တယ္ ။ ေမေမ စိတ္ဆိုးသြားဟန္တူၿပီး မ်က္ႏွာပ်က္သြားေပမယ့္ ကိုကိုကေတာ့ သူစတဲ့ ျပသနာမဟုတ္တဲ့အတိုင္း ေလေျပေလးနဲ႔ေခြ်းသိပ္လာသည္ ။

" မင္းကလည္းကြာ ေမေမ့ကို ဒီေလာက္ထိစိတ္ဆင္းရဲေအာင္လုပ္ရမွ အဆင္ေျပမွာလား ။ ၿပီးေတာ့မိန္းကေလးဖက္ကိုလည္း မေတြးေပးေတာ့ဘူးလား ။ ငါၾကားသေလာက္ မင္းကိုယ္တိုင္ မင္းစိတ္နဲ႕လိုလိုလားလားလက္ခံၿပီး လေတြအၾကာႀကီး တြဲခဲ့တယ္ဆို ။ အဲ့တုန္းက ဘယ္သူကမွမင္းကိုၿခိမ္းေျခာက္ၿပီး အဲ့ဒီမိန္းကေလးနဲ႕မတြဲခိုင္းဘူး ၊ မင္းစိတ္နဲ႕မင္းလုပ္ခဲ့တာေလ ။ အခုက်မွ သူမ်ားသားသမီးအေပၚ တာ၀န္ယူတတ္တဲ့ စိတ္ေလးေတာင္မရွိေတာ့ဘူးေပါ့ "

" ကိုကို ........ ကိစၥေတြကို ပိုမႀကီးႀကီးေအာင္ တမင္လုပ္ေနတာလား ။ ၅ ႏွစ္မကဘူး ၾကာသြားၿပီေလ ။ အခုထိကြ်န္ေတာ့္ကို တိုက္ခုိက္ေနတာေတြ မရပ္ပစ္ႏိုင္ေသးဘူးလား "

"ဟာ .... Bro... မင္းမွားေနၿပီ ။ ေမေမတို႕က မင္းကိုနားခ်ခိုင္းလို႕ ငါေျပာတာပဲရွိတာ ။ မင္းကို ထိခိုက္လိုစိတ္နည္းနည္းမွမရွိဘူး ။ မင္းက ေခါင္းမာေပမယ့္ အနည္းဆံုးေတာ့ငါ့ညီေလးတစ္ေယာက္ပဲေလ ။ မင္းကိုတိုက္ခိုက္မယ့္ကိစၥေတြ ရည္ရြယ္ခ်က္ရွိရွိ ငါလုပ္ပါ့မလား "

" ဒါေပမယ့္ ကြ်န္ေတာ္ ကိုကို႕ကိုမယံုဘူး။ ကိုကိုက ........."

သူ႕စကားမဆံုးေသးဘူး ။ ေဖေဖ့ရဲ႕လက္၀ါးက ထမင္းစားစားပြဲကို ရိုက္ခ်လိုက္ၿပီး ခိုင္ၿမဲကိုစိတ္ဆိုးမာန္ဆိုးနဲ႕ ၾကည့္လာသည္ ။

" ေတာ္ၾကေတာ့ မင္းအကို ေစတနာနဲ႕ေျပာတဲ့စကားေတြကို မင္းကေစာ္ကားရမွေက်နပ္မွာလား သားငယ္ "

" မဟုတ္ဘူးေဖေဖ ။ ကိုကိုက အၿမဲတမ္း သားကိုတိုက္ခိုက္ေနတာ "

" မင္းကို တိုက္ခိုက္လို႕ သူဘာအက်ိဳးရမွာလဲ ။ လက္ရွိအေျခအေနမွာ မင္းအကိုကအေကာင္းဆံုးသားတစ္ေယာက္ ၊ မင္းက လံုး၀ျပဳျပင္လုိ႕ မရတဲ့သားတစ္ေယာက္ေနာ္ ။ ဒါကိုေတာင္ မင္းကမင္းအကိုကို မထီေလးစားျပန္လုပ္ရဲတယ္ "

ေဖေဖရဲ႕တစ္ဖက္ပိတ္စကားေတြေၾကာင့္ စိတ္ကုန္စြာနဲ႕ စားလက္စဇြန္းကိုခ်ထားၿပီး ထမင္းစား၀ိုင္းကို ေက်ာခိုင္းထြက္လာလိုက္သည္ ။ ဟုတ္တယ္ သူကမေကာင္းဘူး ။ အိမ္အတြက္လည္း သူကသိုးမဲတစ္ေကာင္ ။ ခ်စ္သူအတြက္လည္း သူကအားကိုးမရတဲ့ ခပ္ည့ံည့ံလူတစ္ေယာက္ ။

တန္ဖိုးရွိတဲ့ သားက အနားျပန္ေရာက္လာေတာ့ အျမင္ေျပာင္းသြားတဲ့ မိဘေတြကိုၾကည့္ၿပီး ဒန္နီရယ္လိုလူမ်ိဳး အနားမွာ ရွိတာေတာင္ အခုထိသူမွသူျဖစ္ေနတဲ့ ရာျပည့္ကိုေတာင္အားနာလာၿပီ ။ ၿပီးေတာ့ေက်းဇူးလည္းတင္သည္။

ေျပာင္းလဲတတ္တဲ့ အခ်စ္ေတြကို ေၾကာက္သြားၿပီဆိုတဲ့ရာျပည့္အတြက္ တစ္သက္လံုးသူ႕တစ္ေယာက္တည္းကိုပဲ ခ်စ္သြားပါ့မယ္ဆိုတဲ့အေၾကာင္း ယံုေအာင္သူဘယ္လိုေဖာ္ျပရမွန္းမသိေတာ့ ။ ဖုန္းထဲက ရာျပည့္ပံုေလးကို အျမတ္တႏိုးထုတ္ၾကည့္ရင္း အလြမ္းေျပ ဖုန္းဆက္လိုက္သည္ ။

" Hello ......... ေမာင္ ''

ေမာင္တဲ့ ။ ဒီအသံက နား၀င္ခ်ိဳလိုက္တာ ။ ၾကားဖူးသမွ် စကားလံုးေတြ အားလံုးထဲ ၊ ေခၚဆိုခံရသည့္နာမ္စားေတြအားလံုးထဲ ဒီနာမ္စားက အႏူးည့ံဆံုးအလွပဆံုး နာမ္စားတစ္ခုျဖစ္မယ္ထင္တယ္ ။ ၿပီးေတာ့ ေမာင္လို႕ေခၚဆိုသံက ရာျပည့္ဆီကျဖစ္ေနလို႕လည္း ဒီေလာက္ေလးနက္ေနတာျဖစ္လိမ့္မယ္ ။

**********

အလုပ္ကိစၥနဲ႕တစ္လေလာက္ ခရီးထြက္မယ္ဆိုၿပီး ရာျပည့္တစ္ေယာက္ပစၥည္းေတြကို ထည့္သိမ္းေနတာမလို႕ ခိုင္ၿမဲလည္းကူၿပီးပစၥည္းသိမ္းေပးရင္း အလြမ္းသယ္ေနလိုက္သည္ ။

" ငါ မရွိတုန္း အိမ္ျပန္ေနေနာ္ေမာင္။ ဟိုမွာ တစ္လေလာက္ပဲၾကာမယ္ထင္တယ္ ။ သူေ႒းက ငါ့ကိုအထူးအခြင့္ေရးေပးတာမလို႕ အခြင့္ေရးရတုန္းသြားခ်င္တယ္ ။ မဟုတ္ရင္ ဒီအခြင့္အေရးကိုတျခားသူရသြားမွာ ။ သင္တန္းေၾကး ေဒၚလာ ၅၀၀၀ ကို သူေ႒းက လံုး၀ စိုက္ထုတ္ေပးတဲ့အျပင္ ေနစရိတ္ ၊ စားစရိတ္ေတြပါ အကုန္စီစဥ္ေပးတယ္ ။ ဒီအခြင့္ေရးမ်ိဳး ဒီတစ္သက္ထပ္ရေတာ့မွာမဟုတ္ဘူး "

အမွန္တိုင္းေျပာရရင္ သူ႕အေနနဲ႕ ရာျပည့္ကို တစ္ေယာက္တည္းလႊတ္ဖို႕စိတ္မခ်ဘူး ။ သူပါလိုက္ခ်င္ေပမယ့္ အလုပ္က အဲ့ေလာက္ထိ ခြင့္မရဘူး။ သူေ႒းက ဘာလို႕အဲ့ေလာက္ထိသေဘာေကာင္းရတာလဲလို႕ ေမးလိုက္ခ်င္ေပမယ့္ သူ႕စိတ္နဲ႕ႏိႈင္းၿပီးေျပာတယ္ ထင္မွာစိုးလို႕ ဒီတစ္ခါေတာ့ ၿငိမ္ေနလိုက္သည္ ။ ၿပီးေတာ့ ရာျပည့္တို႕သူေ႒းက အိမ္ေထာင္သည္တစ္ေယာက္ျဖစ္ၿပီး နာမည္ပ်က္ရွိတဲ့သူမဟုတ္လို႕ ဘာညာစြပ္စြဲလုိ႕ကလည္းမေကာင္းဘူးေလ ။

" ဘန္ေကာက္မွာ တစ္ေယာက္တည္း အဆင္ေျပပါ့မလား ကေလးရဲ႕ ။ ေမာင္လည္းခြင့္ရရင္အတူလိုက္ခဲ့ခ်င္တယ္ "

" ေအာ္ .......ေမာင္ရယ္ ။ ငါက သင္တန္းကိစၥနဲ႕သြားတာေလ ။ အလည္အပတ္သြားတာမွမဟုတ္တာ ။ ေမာင္လိုက္လာလို႕ ငါ့ကိုကူညီႏိုင္တာမ်ိဳးမွ မရွိတာ ။ ဒီမွာပဲေအးေဆးေနခဲ့ပါ ၊ တစ္လဆိုတာမၾကာပါဘူး ။ ဖင္လွည့္ေခါင္းလွည့္နဲ႕ၿပီးသြားမွာ "

ခြဲသြားတဲ့ သူအဖို႕ေတာ့မသိ ၊ က်န္ခဲ့တဲ့ သူ႕အဖို႕ေတာ္ေတာ္ေလးကို ၀မ္းနည္းခံစားရသည္ ။ ဒါေတာင္ အၿပီးအပိုင္ လမ္းခြဲထြက္သြားတာမဟုတ္ေသး ။ မေတြးခ်င္ေပမယ့္ ေတြးမိတာက မေတာ္လို႕ရာျပည့္သာ သူ႔ကိုတကယ္လမ္းခြဲသြားရင္ သူကေတာ့ လံုး၀အရူးမီး၀ိုင္းျဖစ္ရမယ္ထင္တယ္ ။ ေသခ်ာတာေပါ့ အေတြးနဲ႕တင္သူေၾကာက္ရြံ႕ေနၿပီ ။ ဒါေၾကာင့္ရာျပည့္ကို လက္လြတ္ဆံုးရံူးဖို႕က ဘယ္နည္းနဲ႕မွမျဖစ္ႏိုင္ ။ ရာျပည့္မရွိတဲ့တစ္လအတြင္း ေဟသာနဲ႕ကိစၥကိုရေအာင္ျဖတ္မွရမည္ ။

" ဘယ္ေတာ့သြားမွာလဲ ..... ကေလး "

" ေနာက္တစ္ပတ္ေလာက္ "

" ေလယာဥ္လက္မွတ္ စံုစမ္းၿပီးၿပီလား "

" မစံုစမ္းရေသးဘူး ၊ ေမာင္ ငါ့ကိုဒီတစ္ခု ကူညီေပး ။ ငါမအားလို႕ လက္မွတ္ကိစၥကိုေမာင္စံုစမ္းေပးလို႕ရမလား ။ တစ္ပတ္အတြင္း ဘယ္ရက္မဆိုျဖစ္တယ္ "

" အင္း မနက္ရံုးေရာက္တာနဲ႕စံုစမ္းလိုက္မယ္ "

ခိုင္ၿမဲ ရာျပည့္မ်က္ႏွာကိုေငးေမာရင္း လြမ္းလြမ္းေဆြးေဆြးပင္ေတြးမိသည္ ။ တစ္စကၠန္႕ေလးေတာင္ အဆံုးရံူးမခံခ်င္ေတာ့ဘူး ။ အရင္ကထက္ ပိုၿပီးပိုင္ဆိုင္ခြင့္ရခ်င္မိၿပီ ။

ခ်စ္တယ္ ...........

ဒီတစ္ခါ သစၥာတရားကို သူလံုး၀တန္ဖိုးထားမွာမလို႕ သူ႕ကိုေနာက္ဆံုးအႀကိမ္အေနနဲ႕ယံုၾကည္ေပးပါ ။

**************

သူ႕ကို ေလဆိပ္ထိေတာင္ လိုက္မပို႔ေပးႏုိင္တဲ့ခိုင္ၿမဲကို ရာျပည့္စိတ္ထဲကေန မေက်မနပ္ေရရႊတ္ရင္း ေကာင္တာမွာ Check-in ၀င္ေနလိုက္သည္ ။ တကယ္လို႕ ဒီခြဲခြာျခင္းက ရာသက္ပန္အတြက္ျဖစ္ၿပီး သူနဲ႔ေမာင္တစ္သက္လံုး ျပန္္မဆံုႏုိင္ေတာ့ဘူးဆိုရင္ ဒီေန႕သူ႕ကို လိုက္မပို႕မိခဲ့တဲ့အတြက္ ေမာင္ေနာင္တရေနမလား ။ အင္း ... ရလည္း ခဏေပါ့ ။ အခ်ိန္တစ္ခုၿပီးသြားရင္ေမာင္ေမ့သြားမွာပါ ။

ခဏေလးပဲ ခြဲရတာေတာင္ သူ ေမာင့္ကိုမခြဲရက္ႏိုင္ပါလား ။ ေမာင္ဘယ္တုန္းက သူ႕ကို ဒီေလာက္စြဲလမ္းရေအာင္ ျပဳစားလိုက္တာလဲ ။ မငိုခ်င္ပါဘူး ထာ၀ရခြဲရာတာမွ မဟုတ္ေသးတာ ။ အို ... ဒါက အစမ္းလို႕ေတာင္ေျပာလို႕ရတယ္ ။ ဒီတစ္လအတြင္း သူ ေမာင့္ကို မလြမ္းမိေအာင္ေနမယ္ ။ ဒါဆိုတကယ္လမ္းခြဲျဖစ္တဲ့ေန႔က်ရင္ ငါ့အတြက္ခံစားရသက္သာတာေပါ့ ။

အလုပ္ေတြနဲ႕ မအားလပ္ႏိုင္တဲ့ဘ၀မွာ သူေပ်ာ္ေအာင္ေနမယ္ ။ ၿပီးေတာ့ေမာင့္ကိုေျဖးေျဖးခ်င္းေမ့သြားမယ္ ။ ဒါလည္း မျဖစ္ႏိုင္ေလာက္ပါဘူး ။ ေမာင့္အေၾကာင္းမေတြးဘဲ ခဏေလးေတာင္မေနႏိုင္တာ ။ ေမာင့္အေၾကာင္းေတြးေနမယ္ေလ ၊ ဒါေပမယ့္ ပိုင္ဆိုင္လိုတဲ့ စိတ္ကိုခြာခ်လိုက္မယ္ ။

သူထိုင္ရမယ့္ေနရာကိုေရာက္ေတာ့ ပါလာတဲ့အထုတ္အပိုးေတြကို ေနရာအရင္ခ်ၿပီး သူ႕ရဲ႕ထိုင္ခံုအမွတ္ကိုရွာကာ ထိုင္လိုက္သည္ ။ တိမ္ေတြကို မျမင္ရေသးေပမယ့္ ကြင္းျပင္္က်ယ္ႀကီးကိုၾကည့္ရင္း သူသာေမာင့္ကိုတကယ္ခြဲသြားရခဲ့ရင္ ခုလိုေလးပဲ ခံစားရမလား ၊ ဒါမွမဟုတ္ ခုထက္နည္းနည္း ပိုႏုိင္လားေတြးလိုက္မိသည္ ။ သူ႔ေဘးကခရီးသည္က ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္း မသိရေလာက္တဲ့အထိ စိတ္နဲကလူနဲ႕မကပ္ဘဲအေတြးလြန္ေနသည္ ။ မေရာက္လာေသးတဲ့ အနာဂတ္ကို ႀကိဳတင္ေတြးပူကာ မ်က္ရည္က်မိသြားသည္ ။ တစ္ရွဴးကို သူဘယ္နားထည့္ခဲ့မွန္း မမွတ္မိေတာ့လို႕ ေလယာဥ္ေပၚကေပးတဲ့ တာ၀ါကိုေဖာက္ၿပီး သူ႕မ်က္ရည္စကို သုတ္လိုက္သည္ ။

" ငိုေနတာလား ............"

" အင္း ............."

နံေဘးက ခရီးသည္အေမးကို တုန္႕ဆိုင္းျခင္းမရွိ ရာျပည့္ေျဖမိသြားသည္ ။ ခဏေလး ........ ဒါက ေမာင့္အသံမဟုတ္လား ? ။

သူ ကမန္းကတန္းေခါင္းေထာင္ၾကည့္လိုက္ေတာ့ သူ႕ကိုၿပံဳးၿပီးၾကည့္ေနတဲ့ ခိုင္ၿမဲကိုေတြ႕လိုက္ရသည္ ။ ေနပါဦး ....... သူ အျမင္မွားတာလား ။

" ေမာင္လား "

" ေမာင့္ကိုေတြ႕ရက္နဲ႕ ေမာင္လားလို႕ေမးတယ္ဆိုေတာ့ ကေလးကိုမ်က္မွန္တပ္ခိုင္းမွရေတာ့မယ္ "

" ေမာင္ "

ေလယာဥ္ေပၚမွာဆိုတာသိတယ္ ။ ဒါေပမယ့္ စိတ္မထိန္းႏိုင္စြာနဲ႔ ေမာင့္ကိုသိုင္းဖက္မိသြားသည္ ။

" တကယ္ပဲ ေမာင္လား ။ ငါ့ကိုေလဆိပ္လိုက္မပို႕လို႕ ေမာင့္ကိုစိတ္ဆုိးေနတာ ။ ဒါေၾကာင့္အေတြးလြန္ၿပီး ထင္ေယာင္ထင္မွား ျဖစ္ေနတယ္လို႕ထင္သြားတာ ။ ဒါနဲ႕ ေမာင္ကဘယ္လိုုျဖစ္ၿပီး ေလယာဥ္ေပၚထိေရာက္လာတာလဲ "

ခႏၶာကိုယ္ခ်င္းခဏခြာၿပီး အံၾသတဲ့မ်က္၀န္းေတြနဲ႕ ခိုင္ၿမဲကိုေမးေတာ့ ခိုင္ၿမဲကသေဘာက်စြာၿပံဳးရင္း ရာျပည့္နဖူးဆီကုိ အနမ္းတစ္ပြင့္ နင့္နင့္သည္းသည္းေပးလိုက္မိသည္ ။ တျခားသူေတြကိုလည္း မရွက္အားပါဘူး ။ ခုခ်ိန္မွာလြမ္းတာပဲသိတာကိုး ။

" ကေလးကို ဘန္ေကာက္အထိလိုက္ပို႕ေပးမို႔ေလ ။ ကေလး ေမာင့္ကိုေလယာဥ္လက္မွတ္ျဖတ္ခိုင္းတုန္းက ဒီကိစၥကိုစဥ္းစားမိသြားတာ ။ ဒါေၾကာင့္ ေမာင္ (၂ )ေယာက္စာျဖတ္ထားလိုက္တာ ။ ကေလးကို ေလဆိပ္လိုက္မပို႕ဘူးဆိုတာကလည္း ကေလးအံၾသသြားေအာင္ Suprise လုပ္မလုိ႕ေလ "

" ေအာင္ျမင္ပါတယ္ ဒီမွာခုထိေတာင္ မယံုၾကည္ႏိုင္ေသးဘူး "

စိတ္ဆိုးလို႕မဟုတ္ဘဲ ဟန္ျပမ်က္ေစာင္းထုိးၿပီး ရာျပည့္ေျပာေတာ့ ခိုင္ၿမဲကအသည္းယားစြာပင္ ရာျပည့္ႏွာေခါင္းေလးကို ဖိညစ္လိုက္သည္ ။ သူတို႕တြဲထားတဲ့ လက္ေတြကအရမ္းခိုင္မာပါတယ္ ။ ဒါေပမယ့္ အေတြးေတြကထပ္တူက်မေနဘူး ။

ခိုင္ၿမဲက တစ္ဘ၀လံုးစာအထိေတြးေနေပမယ့္ ရာျပည့္ကေတာ့ မနက္ျဖန္ထိေတာင္မေတြးရဲဘဲ သူေမာင့္ကို ဒီေန႕မွာဘယ္ေလာက္ထိ ခ်စ္လဲဆိုတာ ျပသဖို႕သာေတြးလိုက္သည္ ။ မနက္ျဖန္ေတြကိုေတြးရတာ ရင္ေမာတယ္ ေမာင္ ။ ျဖစ္ႏိုင္ရင္ ဒီေန႕ေမာင့္ကို ပိုင္ဆိုင္ခြင့္ရတုန္း ေလာဘႀကီးႀကီးနဲ႕ ေမာင့္ရဲ႕ အရာအားလံုးကို ပိုင္ဆိုင္ခ်င္တယ္ ။

**********

ခုိင္ၿမဲေရာက္တုန္းေလး (၂ )ရက္ေလာက္ေတာ့ bkk night market ေတြမွာ ေျခရာခ်င္းထပ္ေအာင္ ေလွ်ာက္ခဲ့ၾကသည္ ။ ကေလးမဟုတ္ေပမယ့္ dream world ကိုသြာၿပီး ေမ်ာက္ရံူးေအာင္ေဆာ့ခဲ့ၾကသည္။ အိမ္ျပန္ခ်ိန္ေတြမွာ ဘူတာမွားစီးလို႕ taxi နဲ႕ ဟိုတယ္ကို ျပန္လာခဲ့ရတဲ့ အခိုက္တန္႕လည္းရွိခဲ့သည္ ။ ၂ ရက္တည္းဆိုေပမယ့္ သူတို႕ႏွစ္ဦးအတြက္ေပ်ာ္စရာေတြကို ဖန္တီးဖို႕ ေကာင္းေကာင္း လံုေလာက္ပါသည္ ။

၃ ရက္ေန႕ေျမွာက္မွာေတာ့ ရာျပည့္ကသင္တန္းတက္ရေတာ့မွာမလို႕ ခိုင္ၿမဲကလည္း ခြင့္ရက္ျပည့္ၿပီဆိုၿပီး ျပန္သြားသည္ ။ ခိုင္ၿမဲျပန္တာ ၁ နာရီေတာင္မရွိေသးဘူး ရာျပည့္ရဲ႕အလြမ္းေတြက ဆထက္တပိုးတိုးလာကာ ေလဆိပ္ထိေျပးလိုက္သြားခ်င္စိတ္ေတာင္ေပါက္မိခဲ့သည္ ။

ဟိုျပန္ေရာက္ေတာ့လည္း ညဖက္ေတြနဲ႕ မနက္အေစာႀကီးေတြမွာ ပံုမွန္ဖုန္းဆက္လာတတ္၏ ။ ျမန္မာနဲ႕ထုိင္းက စံံေတာ္ခ်ိန္ ၃၀ မိနစ္သာ ကြာျခားတာမလို႕ သူတို႕ႏွစ္ဦးအတြက္ ႀကီးႀကီးမားမားအခက္ခဲမရွိ ။ ရာျပည့္မရွိေပမယ့္လည္း ခိုင္ၿမဲသည္ရာျပည့္ရဲ႕တိုက္ခန္းဆီကို မၾကာခဏ ျပန္လာအိပ္တတ္ေလ၏ ။

ရူးေနတယ္လို႕ စြပ္စြဲလို႕ရတယ္ ။ ခိုင္ၿမဲအဖို႕ရာျပည့္ရဲ႕ အ၀တ္စားတစ္ခ်ိဳ႕ကိုယူ၀တ္ၿပီး အိပ္ရတာကို သေဘာက်လာတယ္ ။ ဒီအ၀တ္စားေတြမွာကပ္ညွိေနတဲ့ ေယာက်ာ္းဆန္တဲ့ အနံ႕တစ္မ်ိဳးကိုခိုင္ၿမဲႏွစ္သက္တယ္ ။ ဒီအနံ႕ကသူ႕စိတ္ကို ေႏြးေထြးမႈေပးႏိုင္ၿပီး ၿငိမ္သက္မႈလည္းေပးႏိုင္သည္ ။ ရာျပည့္ကေတာ့ အခုမွ အသည္းအသန္အျဖစ္သည္းျပေနတဲ့ ခ်စ္ရသူကို တကယ္ပဲ အရင္ကထက္ယံုၾကည္မႈေပးရေတာ့မလို ေ၀ခြဲမရပင္ျဖစ္လာသည္ ။

သူ ဘန္ေကာက္ေရာက္ေနတာ (၃ )ပတ္ေျမာက္ရွိၿပီ။ ဒီတစ္ပတ္ၿပီးရင္ သူျပန္ရေတာ့မွာ ။ ဒါေၾကာင့္ ေမာင့္အတြက္ လက္ေဆာင္ပစၥည္းတစ္ခ်ိဳဳ႕ရွာ၀ယ္ရင္း ဟိုတယ္ဆီသို႕ ျပန္လာလိုက္သည္ ။

ဟိုတယ္ထဲကိုေရာက္ေတာ့ Receptionမွာ ရပ္ေနသည့္လူတစ္ေယာက္က ရာျပည့္ကိုျမင္ေတာ့ၿပံဳးရယ္လွ်က္ ရာျပည့္ဆီေလွ်ာက္လာသည္ ။

" ျပည့္ ... ဒီဟိုတယ္မွာတည္းတာလား "

တိုက္ဆိုင္တာလား တမင္လား ။ေျပာလုိ႕ရတာမဟုတ္ဘူး ၊ ဒီမွာတည္းဖို႕ သူေ႒းကပဲစီစဥ္ထားေပးတာေလ ။ ၿပီးေတာ့ ဒန္နီရယ္မိုင္းက သူေ႒းရဲ႕ အရင္းႏွီးဆံုး မိတ္ေဆြေတြဆိုေတာ့ ။

" အင္း ...... ဘယ္တုန္းကေရာက္ေနတာလဲ "

" ခုေလးတင္ပဲေရာက္တာ ....... ျပည့္လည္း ဒီမွာရွိတယ္ဆိုေတာ့ ကိုယ္အားရွိသြားၿပီ။ ဒီညအားရင္ ကိုယ္တို႕ ညစာအတူ သြားစားရေအာင္ "

ရာျပည့္အေနနဲ႕လူတိုင္းအေပၚကိုေတာ့ မယံုသကၤာစိတ္နဲ႕မၾကည့္ပါဘူး။ အနည္းဆံုးေတာ့ ရက္စက္တတ္တဲ့ ရာျပည့္ရဲ႕ပတ္၀န္းက်င္မွာ ဒန္နီရယ္မိုင္းက လူေကာင္းတစ္ေယာက္ပဲေလ ။ ရာျပည့္ၿပံဳးကာ အသာတၾကည္လက္ခံလိုက္သည္ ။ အလြန္ဆံုးေတြ႕ရလည္း တစ္ပတ္ပဲကို ။

________________-  

Unicode

ထုံးစံအတိုင်းပင် မေမေနေမကောင်းဘူး ၊ မင်းနာမည်ကိုပဲခေါ်နေတယ်လို့ ခဏခဏအကြောင်းကြားလာလို့ ဒီညတော့ ခိုင်မြဲအိမ်ပြန်လာအိပ်လိုက်သည် ။ ( ၅ )နှစ်ကျော်ကြာပြီးနောက်ပထမဦးဆုံး စုံစုံညီညီစားရတဲ့ မိသားစုထမင်းဝိုင်းမှာ သူတို့မိသားစု လေးယောက်လုံး အတူရှိနေခဲ့သည် ။ ညစာစားပြီးနောက် အချိုပွဲဟုဆိုကာ အိမ်ကလုပ်ထားတဲ့ ကျောက်ကျောမုန့်ကိုစားရင်း ကိုကိုက ခိုင်မြဲပခုံးကိုညစ်ရင်း မေမေတို့ကိုရယ်မောကာပြောလိုက်၏ ။

" မေမေ ........ ညီလေးရဲ့မင်္ဂလာပွဲအတွက် သားအခုကတည်းက လက်ဖွဲ့ပစ္စည်းစဉ်းစားထားပြီးပြီ ။ သူ့မှာ ကိုယ်ပိုင်ကားမရှိသေးလို့ သားသူ့ကို ကားတစ်စီးလက်ဖွဲ့ရင် ကောင်းမလားလို့ "

ထိုစကားကြောင့် ခိုင်မြဲ စိတ်ထဲကနေ အကိုဖြစ်သူကို အကြိမ်ပေါင်းများစွာမေတ္တာပို့သနေမိသည် ။ သူ ဒီမင်္ဂလာပွဲကို လက်မခံတော့ဘူးဆိုတာကိုသိလျှက်နဲ့ မိဘတွေရှေ့တမင်ထုတ်ပြောတာ သူ့ကိုချောက်ချချင်တာမဟုတ်ဘူးလား ။ မေမေကတော့ သားကြီးဖြစ်သူရဲ့စကားကြောင့် ဝမ်းသာပီတိဖြစ်ကာ ထိုစကားကိုထောက်ခံလိုက်သည် ။

" သားကြီးက သားငယ်အတွက် အများကြီး စဉ်းစားထားပေးတာပဲ ။ သားတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေတာကိုမြင်ရရင် မေမေဖြင့် သိပ်ပျော်တာပဲ။ လက်ထပ်ပွဲကိုလည်း အမြန်ဆုံး ပြင်ဆင်မယ် ။ မိန်းကလေးရှင်ဖက်ကို သွားတွေ့ပြီး ရက်ရွေးမှ ရတော့မယ် "

" မေမေ သားဒီလက်ထပ်ပွဲကိုလက်မခံတော့ဘူးလို့ ခဏခဏပြောနေတာကို ဘာလို့အတင်းအကျပ်လုပ်ချင်ရတာလဲ "

ဒါတွေကြောင့် မိသားစုထမင်းဝိုင်းမှာ သူမထိုင်ချင်တော့တာ ။ မျက်နှာချင်းဆိုင်ပြီဆိုတာနဲ့ သူတို့ကမင်္ဂလာပွဲအကြောင်းကိုပဲ ဦးတည်ပြောဆိုနေကြလို့ ခိုင်မြဲအဖို့နေရထိုင်ရအရမ်းခက်တယ် ။ မေမေ စိတ်ဆိုးသွားဟန်တူပြီး မျက်နှာပျက်သွားပေမယ့် ကိုကိုကတော့ သူစတဲ့ ပြသနာမဟုတ်တဲ့အတိုင်း လေပြေလေးနဲ့ချွေးသိပ်လာသည် ။

" မင်းကလည်းကွာ မေမေ့ကို ဒီလောက်ထိစိတ်ဆင်းရဲအောင်လုပ်ရမှ အဆင်ပြေမှာလား ။ ပြီးတော့မိန်းကလေးဖက်ကိုလည်း မတွေးပေးတော့ဘူးလား ။ ငါကြားသလောက် မင်းကိုယ်တိုင် မင်းစိတ်နဲ့လိုလိုလားလားလက်ခံပြီး လတွေအကြာကြီး တွဲခဲ့တယ်ဆို ။ အဲ့တုန်းက ဘယ်သူကမှမင်းကိုခြိမ်းခြောက်ပြီး အဲ့ဒီမိန်းကလေးနဲ့မတွဲခိုင်းဘူး ၊ မင်းစိတ်နဲ့မင်းလုပ်ခဲ့တာလေ ။ အခုကျမှ သူများသားသမီးအပေါ် တာဝန်ယူတတ်တဲ့ စိတ်လေးတောင်မရှိတော့ဘူးပေါ့ "

" ကိုကို ........ ကိစ္စတွေကို ပိုမကြီးကြီးအောင် တမင်လုပ်နေတာလား ။ ၅ နှစ်မကဘူး ကြာသွားပြီလေ ။ အခုထိကျွန်တော့်ကို တိုက်ခိုက်နေတာတွေ မရပ်ပစ်နိုင်သေးဘူးလား "

"ဟာ .... Bro... မင်းမှားနေပြီ ။ မေမေတို့က မင်းကိုနားချခိုင်းလို့ ငါပြောတာပဲရှိတာ ။ မင်းကို ထိခိုက်လိုစိတ်နည်းနည်းမှမရှိဘူး ။ မင်းက ခေါင်းမာပေမယ့် အနည်းဆုံးတော့ငါ့ညီလေးတစ်ယောက်ပဲလေ ။ မင်းကိုတိုက်ခိုက်မယ့်ကိစ္စတွေ ရည်ရွယ်ချက်ရှိရှိ ငါလုပ်ပါ့မလား "

" ဒါပေမယ့် ကျွန်တော် ကိုကို့ကိုမယုံဘူး။ ကိုကိုက ........."

သူ့စကားမဆုံးသေးဘူး ။ ဖေဖေ့ရဲ့လက်ဝါးက ထမင်းစားစားပွဲကို ရိုက်ချလိုက်ပြီး ခိုင်မြဲကိုစိတ်ဆိုးမာန်ဆိုးနဲ့ ကြည့်လာသည် ။

" တော်ကြတော့ မင်းအကို စေတနာနဲ့ပြောတဲ့စကားတွေကို မင်းကစော်ကားရမှကျေနပ်မှာလား သားငယ် "

" မဟုတ်ဘူးဖေဖေ ။ ကိုကိုက အမြဲတမ်း သားကိုတိုက်ခိုက်နေတာ "

" မင်းကို တိုက်ခိုက်လို့ သူဘာအကျိုးရမှာလဲ ။ လက်ရှိအခြေအနေမှာ မင်းအကိုကအကောင်းဆုံးသားတစ်ယောက် ၊ မင်းက လုံးဝပြုပြင်လို့ မရတဲ့သားတစ်ယောက်နော် ။ ဒါကိုတောင် မင်းကမင်းအကိုကို မထီလေးစားပြန်လုပ်ရဲတယ် "

ဖေဖေရဲ့တစ်ဖက်ပိတ်စကားတွေကြောင့် စိတ်ကုန်စွာနဲ့ စားလက်စဇွန်းကိုချထားပြီး ထမင်းစားဝိုင်းကို ကျောခိုင်းထွက်လာလိုက်သည် ။ ဟုတ်တယ် သူကမကောင်းဘူး ။ အိမ်အတွက်လည်း သူကသိုးမဲတစ်ကောင် ။ ချစ်သူအတွက်လည်း သူကအားကိုးမရတဲ့ ခပ်ညံ့ညံ့လူတစ်ယောက် ။

တန်ဖိုးရှိတဲ့ သားက အနားပြန်ရောက်လာတော့ အမြင်ပြောင်းသွားတဲ့ မိဘတွေကိုကြည့်ပြီး ဒန်နီရယ်လိုလူမျိုး အနားမှာ ရှိတာတောင် အခုထိသူမှသူဖြစ်နေတဲ့ ရာပြည့်ကိုတောင်အားနာလာပြီ ။ ပြီးတော့ကျေးဇူးလည်းတင်သည်။

ပြောင်းလဲတတ်တဲ့ အချစ်တွေကို ကြောက်သွားပြီဆိုတဲ့ရာပြည့်အတွက် တစ်သက်လုံးသူ့တစ်ယောက်တည်းကိုပဲ ချစ်သွားပါ့မယ်ဆိုတဲ့အကြောင်း ယုံအောင်သူဘယ်လိုဖော်ပြရမှန်းမသိတော့ ။ ဖုန်းထဲက ရာပြည့်ပုံလေးကို အမြတ်တနိုးထုတ်ကြည့်ရင်း အလွမ်းပြေ ဖုန်းဆက်လိုက်သည် ။

" Hello ......... မောင် ''

မောင်တဲ့ ။ ဒီအသံက နားဝင်ချိုလိုက်တာ ။ ကြားဖူးသမျှ စကားလုံးတွေ အားလုံးထဲ ၊ ခေါ်ဆိုခံရသည့်နာမ်စားတွေအားလုံးထဲ ဒီနာမ်စားက အနူးညံ့ဆုံးအလှပဆုံး နာမ်စားတစ်ခုဖြစ်မယ်ထင်တယ် ။ ပြီးတော့ မောင်လို့ခေါ်ဆိုသံက ရာပြည့်ဆီကဖြစ်နေလို့လည်း ဒီလောက်လေးနက်နေတာဖြစ်လိမ့်မယ် ။

**********

အလုပ်ကိစ္စနဲ့တစ်လလောက် ခရီးထွက်မယ်ဆိုပြီး ရာပြည့်တစ်ယောက်ပစ္စည်းတွေကို ထည့်သိမ်းနေတာမလို့ ခိုင်မြဲလည်းကူပြီးပစ္စည်းသိမ်းပေးရင်း အလွမ်းသယ်နေလိုက်သည် ။

" ငါ မရှိတုန်း အိမ်ပြန်နေနော်မောင်။ ဟိုမှာ တစ်လလောက်ပဲကြာမယ်ထင်တယ် ။ သူဋ္ဌေးက ငါ့ကိုအထူးအခွင့်ရေးပေးတာမလို့ အခွင့်ရေးရတုန်းသွားချင်တယ် ။ မဟုတ်ရင် ဒီအခွင့်အရေးကိုတခြားသူရသွားမှာ ။ သင်တန်းကြေး ဒေါ်လာ ၅၀၀၀ ကို သူဋ္ဌေးက လုံး၀ စိုက်ထုတ်ပေးတဲ့အပြင် နေစရိတ် ၊ စားစရိတ်တွေပါ အကုန်စီစဉ်ပေးတယ် ။ ဒီအခွင့်ရေးမျိုး ဒီတစ်သက်ထပ်ရတော့မှာမဟုတ်ဘူး "

အမှန်တိုင်းပြောရရင် သူ့အနေနဲ့ ရာပြည့်ကို တစ်ယောက်တည်းလွှတ်ဖို့စိတ်မချဘူး ။ သူပါလိုက်ချင်ပေမယ့် အလုပ်က အဲ့လောက်ထိ ခွင့်မရဘူး။ သူဋ္ဌေးက ဘာလို့အဲ့လောက်ထိသဘောကောင်းရတာလဲလို့ မေးလိုက်ချင်ပေမယ့် သူ့စိတ်နဲ့နှိုင်းပြီးပြောတယ် ထင်မှာစိုးလို့ ဒီတစ်ခါတော့ ငြိမ်နေလိုက်သည် ။ ပြီးတော့ ရာပြည့်တို့သူဋ္ဌေးက အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး နာမည်ပျက်ရှိတဲ့သူမဟုတ်လို့ ဘာညာစွပ်စွဲလို့ကလည်းမကောင်းဘူးလေ ။

" ဘန်ကောက်မှာ တစ်ယောက်တည်း အဆင်ပြေပါ့မလား ကလေးရဲ့ ။ မောင်လည်းခွင့်ရရင်အတူလိုက်ခဲ့ချင်တယ် "

" အော် .......မောင်ရယ် ။ ငါက သင်တန်းကိစ္စနဲ့သွားတာလေ ။ အလည်အပတ်သွားတာမှမဟုတ်တာ ။ မောင်လိုက်လာလို့ ငါ့ကိုကူညီနိုင်တာမျိုးမှ မရှိတာ ။ ဒီမှာပဲအေးဆေးနေခဲ့ပါ ၊ တစ်လဆိုတာမကြာပါဘူး ။ ဖင်လှည့်ခေါင်းလှည့်နဲ့ပြီးသွားမှာ "

ခွဲသွားတဲ့ သူအဖို့တော့မသိ ၊ ကျန်ခဲ့တဲ့ သူ့အဖို့တော်တော်လေးကို ဝမ်းနည်းခံစားရသည် ။ ဒါတောင် အပြီးအပိုင် လမ်းခွဲထွက်သွားတာမဟုတ်သေး ။ မတွေးချင်ပေမယ့် တွေးမိတာက မတော်လို့ရာပြည့်သာ သူ့ကိုတကယ်လမ်းခွဲသွားရင် သူကတော့ လုံးဝအရူးမီးဝိုင်းဖြစ်ရမယ်ထင်တယ် ။ သေချာတာပေါ့ အတွေးနဲ့တင်သူကြောက်ရွံ့နေပြီ ။ ဒါကြောင့်ရာပြည့်ကို လက်လွတ်ဆုံးရူံးဖို့က ဘယ်နည်းနဲ့မှမဖြစ်နိုင် ။ ရာပြည့်မရှိတဲ့တစ်လအတွင်း ဟေသာနဲ့ကိစ္စကိုရအောင်ဖြတ်မှရမည် ။

" ဘယ်တော့သွားမှာလဲ ..... ကလေး "

" နောက်တစ်ပတ်လောက် "

" လေယာဉ်လက်မှတ် စုံစမ်းပြီးပြီလား "

" မစုံစမ်းရသေးဘူး ၊ မောင် ငါ့ကိုဒီတစ်ခု ကူညီပေး ။ ငါမအားလို့ လက်မှတ်ကိစ္စကိုမောင်စုံစမ်းပေးလို့ရမလား ။ တစ်ပတ်အတွင်း ဘယ်ရက်မဆိုဖြစ်တယ် "

" အင်း မနက်ရုံးရောက်တာနဲ့စုံစမ်းလိုက်မယ် "

ခိုင်မြဲ ရာပြည့်မျက်နှာကိုငေးမောရင်း လွမ်းလွမ်းဆွေးဆွေးပင်တွေးမိသည် ။ တစ်စက္ကန့်လေးတောင် အဆုံးရူံးမခံချင်တော့ဘူး ။ အရင်ကထက် ပိုပြီးပိုင်ဆိုင်ခွင့်ရချင်မိပြီ ။

ချစ်တယ် ...........

ဒီတစ်ခါ သစ္စာတရားကို သူလုံးဝတန်ဖိုးထားမှာမလို့ သူ့ကိုနောက်ဆုံးအကြိမ်အနေနဲ့ယုံကြည်ပေးပါ ။

**************

သူ့ကို လေဆိပ်ထိတောင် လိုက်မပို့ပေးနိုင်တဲ့ခိုင်မြဲကို ရာပြည့်စိတ်ထဲကနေ မကျေမနပ်ရေရွှတ်ရင်း ကောင်တာမှာ Check-in ဝင်နေလိုက်သည် ။ တကယ်လို့ ဒီခွဲခွာခြင်းက ရာသက်ပန်အတွက်ဖြစ်ပြီး သူနဲ့မောင်တစ်သက်လုံး ပြန်မဆုံနိုင်တော့ဘူးဆိုရင် ဒီနေ့သူ့ကို လိုက်မပို့မိခဲ့တဲ့အတွက် မောင်နောင်တရနေမလား ။ အင်း ... ရလည်း ခဏပေါ့ ။ အချိန်တစ်ခုပြီးသွားရင်မောင်မေ့သွားမှာပါ ။

ခဏလေးပဲ ခွဲရတာတောင် သူ မောင့်ကိုမခွဲရက်နိုင်ပါလား ။ မောင်ဘယ်တုန်းက သူ့ကို ဒီလောက်စွဲလမ်းရအောင် ပြုစားလိုက်တာလဲ ။ မငိုချင်ပါဘူး ထာဝရခွဲရာတာမှ မဟုတ်သေးတာ ။ အို ... ဒါက အစမ်းလို့တောင်ပြောလို့ရတယ် ။ ဒီတစ်လအတွင်း သူ မောင့်ကို မလွမ်းမိအောင်နေမယ် ။ ဒါဆိုတကယ်လမ်းခွဲဖြစ်တဲ့နေ့ကျရင် ငါ့အတွက်ခံစားရသက်သာတာပေါ့ ။

အလုပ်တွေနဲ့ မအားလပ်နိုင်တဲ့ဘဝမှာ သူပျော်အောင်နေမယ် ။ ပြီးတော့မောင့်ကိုဖြေးဖြေးချင်းမေ့သွားမယ် ။ ဒါလည်း မဖြစ်နိုင်လောက်ပါဘူး ။ မောင့်အကြောင်းမတွေးဘဲ ခဏလေးတောင်မနေနိုင်တာ ။ မောင့်အကြောင်းတွေးနေမယ်လေ ၊ ဒါပေမယ့် ပိုင်ဆိုင်လိုတဲ့ စိတ်ကိုခွာချလိုက်မယ် ။

သူထိုင်ရမယ့်နေရာကိုရောက်တော့ ပါလာတဲ့အထုတ်အပိုးတွေကို နေရာအရင်ချပြီး သူ့ရဲ့ထိုင်ခုံအမှတ်ကိုရှာကာ ထိုင်လိုက်သည် ။ တိမ်တွေကို မမြင်ရသေးပေမယ့် ကွင်းပြင်ကျယ်ကြီးကိုကြည့်ရင်း သူသာမောင့်ကိုတကယ်ခွဲသွားရခဲ့ရင် ခုလိုလေးပဲ ခံစားရမလား ၊ ဒါမှမဟုတ် ခုထက်နည်းနည်း ပိုနိုင်လားတွေးလိုက်မိသည် ။ သူ့ဘေးကခရီးသည်က ဘယ်အချိန်ကတည်းကရောက်နေမှန်း မသိရလောက်တဲ့အထိ စိတ်နဲကလူနဲ့မကပ်ဘဲအတွေးလွန်နေသည် ။ မရောက်လာသေးတဲ့ အနာဂတ်ကို ကြိုတင်တွေးပူကာ မျက်ရည်ကျမိသွားသည် ။ တစ်ရှူးကို သူဘယ်နားထည့်ခဲ့မှန်း မမှတ်မိတော့လို့ လေယာဉ်ပေါ်ကပေးတဲ့ တာဝါကိုဖောက်ပြီး သူ့မျက်ရည်စကို သုတ်လိုက်သည် ။

" ငိုနေတာလား ............"

" အင်း ............."

နံဘေးက ခရီးသည်အမေးကို တုန့်ဆိုင်းခြင်းမရှိ ရာပြည့်ဖြေမိသွားသည် ။ ခဏလေး ........ ဒါက မောင့်အသံမဟုတ်လား ? ။

သူ ကမန်းကတန်းခေါင်းထောင်ကြည့်လိုက်တော့ သူ့ကိုပြုံးပြီးကြည့်နေတဲ့ ခိုင်မြဲကိုတွေ့လိုက်ရသည် ။ နေပါဦး ....... သူ အမြင်မှားတာလား ။

" မောင်လား "

" မောင့်ကိုတွေ့ရက်နဲ့ မောင်လားလို့မေးတယ်ဆိုတော့ ကလေးကိုမျက်မှန်တပ်ခိုင်းမှရတော့မယ် "

" မောင် "

လေယာဉ်ပေါ်မှာဆိုတာသိတယ် ။ ဒါပေမယ့် စိတ်မထိန်းနိုင်စွာနဲ့ မောင့်ကိုသိုင်းဖက်မိသွားသည် ။

" တကယ်ပဲ မောင်လား ။ ငါ့ကိုလေဆိပ်လိုက်မပို့လို့ မောင့်ကိုစိတ်ဆိုးနေတာ ။ ဒါကြောင့်အတွေးလွန်ပြီး ထင်ယောင်ထင်မှား ဖြစ်နေတယ်လို့ထင်သွားတာ ။ ဒါနဲ့ မောင်ကဘယ်လိုဖြစ်ပြီး လေယာဉ်ပေါ်ထိရောက်လာတာလဲ "

ခန္ဓာကိုယ်ချင်းခဏခွာပြီး အံသြတဲ့မျက်ဝန်းတွေနဲ့ ခိုင်မြဲကိုမေးတော့ ခိုင်မြဲကသဘောကျစွာပြုံးရင်း ရာပြည့်နဖူးဆီကို အနမ်းတစ်ပွင့် နင့်နင့်သည်းသည်းပေးလိုက်မိသည် ။ တခြားသူတွေကိုလည်း မရှက်အားပါဘူး ။ ခုချိန်မှာလွမ်းတာပဲသိတာကိုး ။

" ကလေးကို ဘန်ကောက်အထိလိုက်ပို့ပေးမို့လေ ။ ကလေး မောင့်ကိုလေယာဉ်လက်မှတ်ဖြတ်ခိုင်းတုန်းက ဒီကိစ္စကိုစဉ်းစားမိသွားတာ ။ ဒါကြောင့် မောင် (၂ )ယောက်စာဖြတ်ထားလိုက်တာ ။ ကလေးကို လေဆိပ်လိုက်မပို့ဘူးဆိုတာကလည်း ကလေးအံသြသွားအောင် Suprise လုပ်မလို့လေ "

" အောင်မြင်ပါတယ် ဒီမှာခုထိတောင် မယုံကြည်နိုင်သေးဘူး "

စိတ်ဆိုးလို့မဟုတ်ဘဲ ဟန်ပြမျက်စောင်းထိုးပြီး ရာပြည့်ပြောတော့ ခိုင်မြဲကအသည်းယားစွာပင် ရာပြည့်နှာခေါင်းလေးကို ဖိညစ်လိုက်သည် ။ သူတို့တွဲထားတဲ့ လက်တွေကအရမ်းခိုင်မာပါတယ် ။ ဒါပေမယ့် အတွေးတွေကထပ်တူကျမနေဘူး ။

ခိုင်မြဲက တစ်ဘဝလုံးစာအထိတွေးနေပေမယ့် ရာပြည့်ကတော့ မနက်ဖြန်ထိတောင်မတွေးရဲဘဲ သူမောင့်ကို ဒီနေ့မှာဘယ်လောက်ထိ ချစ်လဲဆိုတာ ပြသဖို့သာတွေးလိုက်သည် ။ မနက်ဖြန်တွေကိုတွေးရတာ ရင်မောတယ် မောင် ။ ဖြစ်နိုင်ရင် ဒီနေ့မောင့်ကို ပိုင်ဆိုင်ခွင့်ရတုန်း လောဘကြီးကြီးနဲ့ မောင့်ရဲ့ အရာအားလုံးကို ပိုင်ဆိုင်ချင်တယ် ။

**********

ခိုင်မြဲရောက်တုန်းလေး (၂ )ရက်လောက်တော့ bkk night market တွေမှာ ခြေရာချင်းထပ်အောင် လျှောက်ခဲ့ကြသည် ။ ကလေးမဟုတ်ပေမယ့် dream world ကိုသွာပြီး မျောက်ရူံးအောင်ဆော့ခဲ့ကြသည်။ အိမ်ပြန်ချိန်တွေမှာ ဘူတာမှားစီးလို့ taxi နဲ့ ဟိုတယ်ကို ပြန်လာခဲ့ရတဲ့ အခိုက်တန့်လည်းရှိခဲ့သည် ။ ၂ ရက်တည်းဆိုပေမယ့် သူတို့နှစ်ဦးအတွက်ပျော်စရာတွေကို ဖန်တီးဖို့ ကောင်းကောင်း လုံလောက်ပါသည် ။

၃ ရက်နေ့မြှောက်မှာတော့ ရာပြည့်ကသင်တန်းတက်ရတော့မှာမလို့ ခိုင်မြဲကလည်း ခွင့်ရက်ပြည့်ပြီဆိုပြီး ပြန်သွားသည် ။ ခိုင်မြဲပြန်တာ ၁ နာရီတောင်မရှိသေးဘူး ရာပြည့်ရဲ့အလွမ်းတွေက ဆထက်တပိုးတိုးလာကာ လေဆိပ်ထိပြေးလိုက်သွားချင်စိတ်တောင်ပေါက်မိခဲ့သည် ။

ဟိုပြန်ရောက်တော့လည်း ညဖက်တွေနဲ့ မနက်အစောကြီးတွေမှာ ပုံမှန်ဖုန်းဆက်လာတတ်၏ ။ မြန်မာနဲ့ထိုင်းက စံံတော်ချိန် ၃၀ မိနစ်သာ ကွာခြားတာမလို့ သူတို့နှစ်ဦးအတွက် ကြီးကြီးမားမားအခက်ခဲမရှိ ။ ရာပြည့်မရှိပေမယ့်လည်း ခိုင်မြဲသည်ရာပြည့်ရဲ့တိုက်ခန်းဆီကို မကြာခဏ ပြန်လာအိပ်တတ်လေ၏ ။

ရူးနေတယ်လို့ စွပ်စွဲလို့ရတယ် ။ ခိုင်မြဲအဖို့ရာပြည့်ရဲ့ အဝတ်စားတစ်ချို့ကိုယူဝတ်ပြီး အိပ်ရတာကို သဘောကျလာတယ် ။ ဒီအဝတ်စားတွေမှာကပ်ညှိနေတဲ့ ယောကျာ်းဆန်တဲ့ အနံ့တစ်မျိုးကိုခိုင်မြဲနှစ်သက်တယ် ။ ဒီအနံ့ကသူ့စိတ်ကို နွေးထွေးမှုပေးနိုင်ပြီး ငြိမ်သက်မှုလည်းပေးနိုင်သည် ။ ရာပြည့်ကတော့ အခုမှ အသည်းအသန်အဖြစ်သည်းပြနေတဲ့ ချစ်ရသူကို တကယ်ပဲ အရင်ကထက်ယုံကြည်မှုပေးရတော့မလို ဝေခွဲမရပင်ဖြစ်လာသည် ။

သူ ဘန်ကောက်ရောက်နေတာ (၃ )ပတ်မြောက်ရှိပြီ။ ဒီတစ်ပတ်ပြီးရင် သူပြန်ရတော့မှာ ။ ဒါကြောင့် မောင့်အတွက် လက်ဆောင်ပစ္စည်းတစ်ချိုု့ရှာဝယ်ရင်း ဟိုတယ်ဆီသို့ ပြန်လာလိုက်သည် ။

ဟိုတယ်ထဲကိုရောက်တော့ Receptionမှာ ရပ်နေသည့်လူတစ်ယောက်က ရာပြည့်ကိုမြင်တော့ပြုံးရယ်လျှက် ရာပြည့်ဆီလျှောက်လာသည် ။

" ပြည့် ... ဒီဟိုတယ်မှာတည်းတာလား "

တိုက်ဆိုင်တာလား တမင်လား ။ပြောလို့ရတာမဟုတ်ဘူး ၊ ဒီမှာတည်းဖို့ သူဋ္ဌေးကပဲစီစဉ်ထားပေးတာလေ ။ ပြီးတော့ ဒန်နီရယ်မိုင်းက သူဋ္ဌေးရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေဆိုတော့ ။

" အင်း ...... ဘယ်တုန်းကရောက်နေတာလဲ "

" ခုလေးတင်ပဲရောက်တာ ....... ပြည့်လည်း ဒီမှာရှိတယ်ဆိုတော့ ကိုယ်အားရှိသွားပြီ။ ဒီညအားရင် ကိုယ်တို့ ညစာအတူ သွားစားရအောင် "

ရာပြည့်အနေနဲ့လူတိုင်းအပေါ်ကိုတော့ မယုံသင်္ကာစိတ်နဲ့မကြည့်ပါဘူး။ အနည်းဆုံးတော့ ရက်စက်တတ်တဲ့ ရာပြည့်ရဲ့ပတ်ဝန်းကျင်မှာ ဒန်နီရယ်မိုင်းက လူကောင်းတစ်ယောက်ပဲလေ ။ ရာပြည့်ပြုံးကာ အသာတကြည်လက်ခံလိုက်သည် ။ အလွန်ဆုံးတွေ့ရလည်း တစ်ပတ်ပဲကို ။

________________-  

Continue Reading

You'll Also Like

145K 10K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...
196K 21.5K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
839K 148K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
687K 79.2K 49
ရှိသမျှခွန်အားနဲ့ သူတတ်နိုင်သမျှ ပံ့ပိုးပေးချင်သော ကျူပင်လို လူသားလေးရဲ့ မြတ်နိုးခြင်းများ။ ရိွသမ်ွခြန္အားနဲ႔ သူတတ္ႏိုင္သမ်ွ ပံ့ပိုးေပးခ်င္ေသာ က်ူပင္...