If only we breakup .. (Z+U) (...

By reta-nan

2M 160K 15.8K

No descriptions here More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 10
ep 11
ေမာင္..... သို႔
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29 ( Final )
extra 1
extra 2
extra 3
extra 4
စာအုပ်အဖြစ်ထုတ်ဝေခြင်း
if only we break up

ep 9

55.4K 4.9K 151
By reta-nan

ခိုင္ၿမဲသည္ စာလုပ္ေနတဲ့ ရာျပည့္အနား ႏြားႏို႕ပူပူေလးတစ္ခြက္ယူၿပီး အနားလာထိုင္လုိက္သည္ ။ ၿပီးေနာက္စားပြဲေပၚေမးတင္ကာ ရာျပည့္ကိုေငးေမာၾကည့္လိုက္သည္ ။

" ပင္ပန္းေနမွာပဲ ကေလးရယ္ ။ ဘာလို႕အဲ့ေလာက္ထိႀကိဳးစားရတာလဲ "

" မပင္ပန္းဘဲရလာတာဘာရွိလို႔လဲ ။ ေမာင္အိပ္ခ်င္သြားအိပ္ႏွင့္ေလ ၊ ငါခဏေနမွအိပ္မလို႕ ။ ဒါေတြကိုဒီညအၿပီးေလ့လာမလို႕ "

ရာျပည့္ေလ့လာေနတဲ့စာေတြကို ၾကည့္လိုက္ျပန္ေတာ့လည္း သူဘာတစ္လံုးမွ နားမလည္ ။ ဒါေၾကာင့္သူကူညီႏိုင္တာလည္းဘာမွမရွိ ။ ရာျပည့္ကိုလည္း မေနွာက္ယွက္ခ်င္ ၊ ဒါေပမယ့္ ခ်စ္တဲ့သူအနားကေနလည္း တစ္ဖ၀ါးမွမခြာခ်င္လို႕ သူ႕လက္ေခ်ာင္းေလးေတြနဲ႕ ရာျပည့္ရဲ႕ပါးကိုသြားတို႕ထိလိုက္သည္ ။

" ဒီပါးအိစက္စက္ေလးကို ကိုက္စားပစ္ခ်င္လိုက္တာ "

" ေမာင္ ငါစာလုပ္ေနတယ္ေလ "

" လုပ္ေလ ေမာင္က ကေလးကိုအသည္းယားလို႕ထိုင္ၾကည့္ေနတာ "

" ဒါဆို လက္ကဘာလုပ္တာလဲ "

" ခ်စ္လို႔ေလ မထိဘဲမေနႏိုင္လို႕ "

ေဘးမွာေနၿပီး ေျပာင္စပ္စပ္လုပ္ေနသည့္ခိုင္ၿမဲေၾကာင့္ ရာျပည့္အဖို႕စာဆက္ေလ့လာဖို႔ အဆင္မေျပေတာ့ ။ တဆက္တည္းမွာပင္ ေမာင္တစ္ေယာက္သိပ္မၾကာခင္ တျခားတစ္ေယာက္ရဲ႕လက္ကိုတြဲေတာ့မယ္ဆိုတဲ့အသိ၀င္လာလုိ႕ သူခိုင္ၿမဲကို မ်က္လံုးျခင္း ဆံုေအာင္ၾကည့္လိုက္သည္ ။

" ေမာင္ ငါ့ကိုလွ်ိဳ႕၀ွက္ထားတာရွိလား "

" ဟမ္ ေမာင္ကဘာကိစၥ ကေလးကိုလွ်ိဳ႕၀ွက္ရမွာလဲ ။ စာေတြေလ့လာလြန္ၿပီး လူကိုရစ္ၿပီးျပသနာရွာမလုိ႕လား ။ ဒါဆိုရွာ ေမာင္ကေလးရစ္သမွ်ေျဖရွင္းေပးမယ္ "

ခိုင္ၿမဲစိတ္ထဲ ရာျပည့္သူ႕ကိုစေနတယ္ပဲထင္ခဲ့တာ ။ တကယ္လည္း သူ႕မွာဘာလ်ိဳ႕၀ွက္ခ်က္မွ မရွိ ။ ေဟသာနဲ႕လက္ထပ္ပြဲကို ျငင္းလိုက္တဲ့အေၾကာင္း ေျပာျပခ်င္ေပမယ့္ တိတိက်က် အကုန္လံုးကိုေျဖရွင္းႏိုင္တဲ့ေန႕မွ အသိေပးေတာ့မယ္လို႕ေတြးမိလို႕ သူ ဒီတစ္ခ်က္ကိုေတာ့ ခ်န္ထားလိုက္သည္ ။ ေဟသာနဲ႕အရင္လမ္းခြဲရမယ္ ၊ ၿပီးရင္သူ႕မိဘေတြကိုအသိေပးၿပီး ဒီမဂၤလာပြဲကို လံုး၀ မလုပ္ဘူးလုိ႕ျငင္းဆိုၿပီး အိမ္ေပၚကေနဆင္းခဲ့မယ္ ။ ဒီတစ္ခါ ကိုကိုရွိေနၿပီမလို႕ ေမေမ့ရဲ႕က်န္းမာေရးကို စိတ္မပူဘဲေနလိုက္ေတာ့မယ္ ။ အရာအားလံုးကိုစြန္႕လႊတ္ၿပီး ကေလးဆီကိုလာမွာ ။ အဲ့ဒီအခ်ိန္ၾကရင္ ကေလးဘယ္ေလာက္ေတာင္ ေပ်ာ္ေနလိုက္မလဲေတြးရင္း ျဖစ္ႏိုင္ရင္ဒီကိစၥကို ခုခ်က္ခ်င္းထလုပ္ပစ္ခ်င္စိတ္ေတာင္ေပါက္မိသည္ ။

" ေမာင္က ငါ့အေပၚမပြင့္လင္းဘူးလို႕ခံစားရတယ္ ။ ထားလိုက္ပါေတာ့ ႏြားႏို႕ခြက္ေပး "

ဘာကိုမပြင့္လင္းဘူးခံစားရတာလဲလို႕ ေမးဖို႕ျပင္လိုက္ေပမယ့္ ရာျပည့္က ႏြားႏို႕ခြက္ကိုလွမ္းေတာင္းလို႕ သူ ႏြားႏို႕ခြက္ကို အရင္ယူေပးလိုက္သည္ ။

" ေျဖးေျဖးေသာက္ဦး ကေလး ဖိတ္က်ကုန္ၿပီ "

ခိုင္ၿမဲေျပာလည္းေျပာခ်င္စရာ။ ရာျပည့္ ႏြားႏို႕တစ္ခြက္လံုးကို တစ္က်ိဳက္တည္းေမာ့ခ်လိုက္တာမလို႕ ႏြားႏို႕ကႏူတ္ခမ္းသားေဘးမွာေပက်ံသြားသည္ ။ အစကေတာ့ ခိုင္ၿမဲလက္ေလးနဲ႕သုတ္ေပးမလို႕ဘဲ ။ ဒါေပမယ့္ ဒီျမင္ကြင္းေလးက သူ႕ရဲ႕ခ်ဳပ္တီးထားတဲ့ စိတ္ကိုၿပိဳက်ေစတာမို႕ သူရာျပည့္ရဲ႕ေမးဖ်ားကိုဆြဲယူၿပီး ႏြားႏို႕အၾကြင္းက်န္ေတြကို သူ႕ႏူတ္ခမ္းနဲ႕ ထိကပ္ကာ သုတ္ေပးလိုက္သည္ ။ ၿပီးေနာက္ ရဲရဲအိအိႏူတ္ခမ္းပါးကိုတစ္ခ်က္နမ္းရိူက္ကာ မ်က္ႏွာခ်င္းခြာလိုက္သည္ ။

ခိုင္ၿမဲက သူ႕ႏူတ္ခမ္းေတြကို လက္နဲ႕ျပန္စမ္းရင္း ရာျပည့္ကိုၾကည့္လုိက္စဥ္ ရာျပည့္ကေတာ့ သူ႕ကို ေသခ်ာစိုက္ၾကည့္ေနၿပီး အနားတိုးကပ္လာသည္ ။

" ႏြားႏို႕ ေနာက္တစ္ခြက္ရွိေသးလား .........."

" ဟမ္....... ေနာက္ ......ေနာက္တစ္ခြက္လား "

" အင္း ........ ေမာင့္အတြက္ လိုအပ္မယ္ထင္လုိ႕ "

မ်က္လံုးေလး ကလယ္ကလယ္နဲ႕ သူ႕ကို မထိတထိၿပံဳးကာေျပာေနသည့္ ရာျပည့္စကားေၾကာင့္ ခိုင္ၿမဲ ထရယ္မိသြားသည္ ။ကေလးက သူ႕ကို ေနွာက္ေနတာပဲ ။

" ေမာင့္အတြက္ မလိုပါဘူး ။ ကေလး ခုတေလာအလုပ္ေတြပင္ပန္းေနတယ္မဟုတ္လား ။ ဒါေၾကာင့္ကေလးေသာက္ရေအာင္ တစ္ကီလိုေတာင္ ၀ယ္လာတယ္ ။ ကေလးေသာက္ခ်င္ရင္ ယူေပးမယ္ "

ခိုင္ၿမဲ ေစတနာေတြေရစီးကမ္းၿပိဳျဖစ္ကာ ရာျပည့္ကိုဂရုတစိုက္ေျပာေတာ့ ရာျပည့္ႏူတ္ခမ္းအနည္းငယ္စူသြားၿပီး တစ္ဖက္ေဘးသို႕ ျပန္လွည့္ကာ စာအုပ္ကိုျပန္လွန္လိုက္သည္ ။

" ေမာင့္ကိုဒီညမျပန္နဲ႕လို႕ေျပာမလို႕ေလ ၊ မေနခ်င္လည္းသေဘာပါ "

" ဟမ္ ကေလးကဘာကိုေျပာခ်င္တာလဲ ၊ ေန ... ေနဦး ေမာင္နားလည္ၿပီမလို႕ မရွင္းျပလည္းရၿပီ ။ ခဏေလး ေနာက္ထပ္ႏြားႏို႕ႏွစ္ခြက္ သြားႀကိဳလုိက္ဦးမယ္ "

သူ႕ပါးကို ရႊတ္ခနဲနမ္းၿပီး မီးဖိုထဲေျပး၀င္သြားသည္ ခိုင္ၿမဲကိုၾကည့္ၿပီး ရာျပည့္ၿပံဳးလိုက္သည္ ။ ဒါေပမယ့္ အၿပံဳးက တာရွည္မခံ ။ မဂၤလာပြဲမတုိင္ခင္ ေနာက္ဆံုးစကၠန္႔အထိ ေမာင္ကငါ့အပိုင္လို႕ေၾကြးေၾကာ္ခဲ့ေပမယ့္ လက္ေတြ႕မွာဒီထက္ေတာင္ ေစာေစာဆံုးရံူးရႏိုင္တယ္ ။ ဒါေၾကာင့္ရွိေနတဲ့အခ်ိန္ေလးမွာ ေမာင္နဲ႕ပက္သက္တဲ့ အမွတ္တရအားလံုးကို ယူသြားခ်င္တယ္။ မနက္ျဖန္ကိုေတာင္ မယံုၾကည္ႏိုင္လို႕ ဒီေန႕မွာ ေမာင့္လက္ကိုုဆုပ္ကိုင္ၿပီး အဆံုးမရွိတဲ့ၾကယ္ေတြကို ေရတြက္ေနလိုက္ခ်င္တယ္ ။ အခ်ိန္ေတြကိုႏွေျမာလြန္းလို႕ အိပ္စက္ၿပီးကုန္သြားဖို႕ေတာင္တြန္႕တိုမိတယ္ ။ နာက်င္မႈ ၊ ေပ်ာ္ရႊင္မႈ ၊ ၀မ္းနည္းမႈ အရာအားလံုးကို ေမာင့္တစ္ေယာက္တည္းဆီကပဲရခ်င္တယ္ ။ ရာျပည့္ မီးဖိုထဲလိုက္၀င္သြားၿပီး ႏြားႏို႕ျပန္ေႏႊးေနသည့္ ခိုင္ၿမဲ၏ေနာက္ေက်ာျပင္ကို ဖက္ထားလိုက္မိသည္ ။

" ရုတ္တရက္ႀကီး ဘာေတြသေဘာထေကာင္းေနတာလဲကေလးရဲ႕ ။ ေမာင္ျဖင့္ ကေလးအရင္လိုျပန္ခ်စ္ေပးလို႕ ကိုယ့္ကိုယ္ကိုယ္ မယံုႏိုင္ျဖစ္ေနမိၿပီ ။ ေမာင့္ကိုဆြဲဆိတ္ၾကည့္ပါဦး ၊ အိမ္မက္လားတကယ္လားဆိုတာ မယံုႏိုင္ေသးလို႕ "

" ခ်စ္တယ္ "

ထိုစကားတစ္ခြန္းကိုပဲေျပာရင္း သူေမာင့္ပုခံုးကိုမွီကာငိုေၾကြးလိုက္မိသည္ ။ ရိူက္သံထြက္လာေတာ့ ခိုင္ၿမဲေျခမကိုင္မိ လက္မကိုင္မိျဖစ္ကာ ေနာက္ျပန္လွည့္ရင္း ရာျပည့္၏မ်က္ႏွာကို ၾကည့္လိုက္သည္ ။

" ကေလး ငိုေနတာလား ။ ေမာင္ဘာအမွားလုပ္မိလုိ႕လဲ "

" ဟင့္အင္း ဒီအတိုင္းပဲငိုခ်င္လုိ႕ ။ ေမာင့္အနားမွာရွိလုိ႕ေပ်ာ္တာေၾကာင့္ငိုမိတာထင္တယ္ "

" ကေလးရယ္မပူပါနဲ႕ ။ ေနာက္ဆိုရင္အၿမဲတမ္း အနားမွာရွိေနေပးပါ့မယ္ "

ရာျပည့္ရဲ႕ပါးျပင္ေပၚက မ်က္ရည္စေတြကို ခုိင္ၿမဲလက္နဲ႕ဖြဖြေလးသုတ္ေပးရင္း မ်က္ခြံမို႕မုိ႕ကိုနမ္းရိူက္လိုက္သည္ ။ ရာျပည့္ကေတာ့ ခိုင္ၿမဲ သူ႕အနားမွာ ရွိေနေပးပါ့မယ္ဆိုတဲ့စကားကို မယံုၾကည္ေပးႏိုင္ေတာ့ ။ အဆံုးသတ္ကို သိေနၿပီပဲ ။ ငါ့ကို ေမွ်ာ္လင့္ခ်က္ေတြေပးၿပီး ႏွစ္သိမ့္မေနပါနဲ႔ေတာ့ ။ ရလဒ္ကဘယ္လုိပဲျဖစ္ျဖစ္ ငါခ်စ္တဲ့ေမာင့္ကို စြန္႕လႊတ္ေပးပါ့မယ္ ။

**********

ဒီေန႔ ေဟသာ သူ႕ကို ေကာ္ဖီေသာက္ဖို႕ လာေခၚတာကို ခိုင္ၿမဲမျငင္းဆန္ဘဲလိုက္ခဲ့လိုက္သည္ ။ ဒီေန႕ေတာ့ သူေဟသာနဲ႕ကိစၥကို ရေအာင္ျဖတ္ခဲ့ဖို႕ ဆံုးျဖတ္လိုက္၏ ။ ဒါေၾကာင့္လူရွင္းတဲ့စားေသာက္ဆိုင္ကိုေရြးၿပီး ေထာင့္က်က်တစ္ေနရာမွာထိုင္လိုက္သည္ ။

" ကိုကိုတို႕မ်ား ေတာ္ေတာ္ေလးေနႏိုင္တာပဲ ။ေဟသာဖက္ကစမေခၚရင္ မလာတတ္ေတာ့ဘူး "

ဆူဆူပုတ္ပုတ္ေျပာလာသည့္ ေဟသာ၏မေက်နပ္ခ်က္ေတြကို သူမ်က္ႏွာလြဲရင္း ဘယ္ကစေျပာရင္ေကာင္းမလဲဆိုၿပီးၿငိမ္ေနလိုက္သည္ ။ ေဟသာက ခပ္တံုးတံုးမိန္းမတစ္ေယာက္မွမဟုတ္တာ ။ ကိုယ့္ရည္းစားမ်က္ႏွာကိုၾကည့္တာနဲ႕ ဒင္းဘာေတြးေနလဲ သူမတန္းရိပ္မိသည္ ။ ဒါေၾကာင့္သူမဖက္က ဦးေအာင္ေျပာလိုက္၏ ။

" ေဟသာ ကိုကို႕ကိုလမ္းမခြဲေပးႏိုင္ဘူးေနာ္ ။ ကိုကိုသာအစကတည္းက ေဟသာ့နဲ႕လံုး၀မပက္သက္ဘဲ ျပတ္ျပတ္သားသား ျငင္းဆိုခဲ့ရင္ ေဟသာကလည္း ကိုကို႕ကို တြယ္ဖက္ထားစရာ အေၾကာင္းရွိမွာမဟုတ္ဘူး ။ ကိုကိုကအစကတည္းက ဒီလိုလူစားမွန္း ေဟသာသိခဲ့ရင္ ကိုကိုနဲ႕လက္ထပ္ဖို႕ ေဟသာ့ဖက္ကစကန္႕ကြက္မွာေပါ့ ။ ဒါေပမယ့္အခ်ိန္ေတြလြန္သြားၿပီကိုကို ။ ခုခ်ိန္မွာဘာအေၾကာင္းေၾကာင့္နဲ႕မွ ကိုကို႕ကို လက္လႊတ္ေတာ့မွာမဟုတ္ဘူး "

" ေဟသာ ........ ကိုယ္ကမေကာင္းတဲ့လူတစ္ေယာက္မွန္းသိတာေတာင္ ဘာလို႕ေပကပ္ခ်စ္ခ်င္ေသးတာလဲ ။ ဒီလိုဆက္လုပ္ေနရင္ ေဟသာလည္းေပ်ာ္ရမွာမဟုတ္ဘူး ။ အခ်ိန္ေတြမလြန္ခင္ ကိုယ္တုိ႕လမ္းခြဲရေအာင္ေနာ္ ။ ေဟသာ့ဘ၀မွာ ကိုယ့္ထက္ေကာင္းတဲ့ သူကို ေတြ႕ႏိုင္ပါေသးတယ္ "

ရွင့္ကို ရူးမတတ္ခ်စ္ေနလို႕ အတင္းတြယ္ကပ္ေနတယ္မ်ားထင္ေနလား ခိုင္ၿမဲကို ။ ကြ်န္မအေပၚရွင္လုပ္ခဲ့တာေတြအတြက္ ျပန္ေပးဆပ္ခိုင္းရမယ္ ။ ကြ်န္မက်ခဲ့ရတဲ့ သိကၡာေတြအတြက္ ရွင့္ရဲ႕ေပ်ာ္ရႊင္မႈေတြနဲ႕ျပန္ေပးဆပ္ရမယ္ ။ ကြ်န္မ ဘ၀တစ္သက္တာလံုး မေပ်ာ္ရဘူးဆိုရင္ေတာင္ ရွင္နဲ႕ရွင့္အေကာင္လည္း ကြ်န္မခံရတဲ့စိတ္ဆင္းရဲမႈအတိုင္းခံေစရမယ္ ။ ကြ်န္မဘ၀ထဲကို မဖိတ္ေခၚဘဲ ၀င္လာခဲ့ၿပီးမွ ၊ ကြ်န္မယံုၾကည္မႈေတြကို အကုန္ေပးအပ္မိခဲ့ကာမွ ေနာက္ေက်ာဓားထိုးခံရတာထက္ဆိုးတဲ့လုပ္ရပ္ကို ရွင္လုပ္သြားလို႕ ရွင့္ရင္ကိုခြဲဖို ႕ဓားတစ္လွည့္ ကြ်န္မေသြးထားၿပီးသား ။ ဒီပြဲမွာကြ်န္မမႏိုင္ရင္ေတာင္ စိုးရာျပည့္ဆိုတဲ့လူလည္း မႏိုင္ေစရဘူး ။

စိတ္ထဲကေန စကားလံုးေထာင္ေပါင္းမ်ားစြာနဲ႕ ေဟသာ ခိုင္ၿမဲကို စြပ္စြဲေျပာဆိုေနေပမယ့္ အျပင္မွာေတာ့ ရည္းစားဘ၀တုန္းကျပဳမူတဲ့အတိုင္း ႏူတ္ခမ္းေလးဆူကာ မ်က္ႏွာေလး ညိဳးငယ္ေနလိုက္သည္ ။

ခိုင္ၿမဲကေတာ့ တကယ့္ကိုေဘးက်ပ္နံက်ပ္အေျခအေန ။ စကားလံုးေတြနဲ႕လမ္းခြဲလို႕မရရင္လည္း သူမဖက္ကစကာ စိတ္ကုန္ၿပီး လမ္းခြဲသြားေအာင္ သူ႕ဖက္ကလုပ္ျပရံုေပါ့ ။ ဒါက ေယာက်ာ္းေတြအကြ်မ္းက်င္ဆံုး နည္းလမ္းတစ္ခုပဲေလ ။ ငါတို႕လမ္းခြဲရေအာင္လို႕ တိုက္ရိုက္မေျပာဘဲ သူမစိတ္ကုန္သြားေစေလာက္မယ့္ အျပဳအမူေတြကို ဆက္တိုက္လုပ္ျပလိုက္ရံုသာ ။

***********

ကိုကိုရွိေနၿပီမို႕ ခိုင္ၿမဲမိဘအိမ္ကိုေတာင္ အခ်ိန္မွန္မျပန္ေတာ့ ။ ေဟသာဖုန္းေခၚလွ်င္ (၁၀) ေခၚ (၁ )ခါေတာင္ မကိုင္ေတာ့ ။ အလုပ္ထိလိုက္လာလွ်င္လည္း အင္းအင္းအဲအဲလုပ္ၿပီး တတ္ႏိုင္သမွ် သူမနဲ႕မ်က္ႏွာခ်င္းဆိုင္ဖို႕ကို ေရွာင္ေနလိုက္သည္ ။ ဒါေပမယ့္ အံၾသဖို႕ေကာင္းေလာက္ေအာင္ကို ေဟသာကသူ႕ကိုစိတ္မပ်က္သြားေသးဘဲ သူ႕မိဘအိမ္သြားကာ အရင္လိုရင္းရင္းႏွီးႏွီးေနေနဆဲ ။ ခိုင္ၿမဲေတြးလုိက္မိပါတယ္ ေဟသာလည္းသူ႕ကိုမခ်စ္ေလာက္ေတာ့ဘူးဆိုတာ ၊ အခုလိုလုပ္ေနတာ သူမရဲ႕မာနေၾကာင့္ပဲျဖစ္ႏိုင္ပါတယ္ ။

ႏိုင္ငံျခားကျပန္လာမွ လံုး၀ေျပာင္းလဲသြားတဲ့ ကိုကိုကေတာ့ အရင္ကလိုခိုင္ၿမဲအေပၚ မထိတထိရန္စတာမ်ိဳးမရွိေတာ့ ။ အင္းေပါ့ သူလည္းအရြယ္ေရာက္ၿပီး ရင့္က်က္တဲ့ေယာက်ာ္းတစ္ေယာက္ျဖစ္ေနၿပီပဲ ၊ အရင္လို ကေလးဆန္ဆန္ တစ္ေယာက္နဲ႕တစ္ေယာက္ ကပ္တြက္စရာ အေၾကာင္းမွ မရွိေတာ့တာ ။

ဒီေန႕ ခိုင္ၿမဲ ရာျပည့္ကိုအလုပ္မွာသြားႀကိဳကာ အကင္တစ္ခ်ိဳ႕၀ယ္ၿပီး အိမ္ကိုအတူျပန္လာခဲ့သည္ ။ ရာျပည့္ ေရခ်ိဳးေနတုန္း သူ TV channel လိုင္းတစ္ခုဖြင့္ထားကာ ေစာင့္ေနလိုက္သည္ ။ သိပ္မၾကာဘူး သူ႕ဖုန္းမွာ အ၀င္ေကာလ္တစ္ခု ၀င္လာသည္ ။ ၾကည့္လုိက္ေတာ့ တစ္မိထဲထြက္တဲ့ အကိုလို႕မသတ္မွတ္ဖူးတဲ့ အကိုအရင္းဆီက ။

Ringing .......

" အင္း ........ ေျပာ "

" မင္းေနတဲ့ တိုက္ခန္းက ဘယ္နားလဲ "

အကိုျဖစ္သူ၏ အေမးေၾကာင့္ ခိုင္ၿမဲေၾကာင္သြားသည္ ။ တစ္သက္လံုး သူ႕ကိုမနာလို၀န္တိုခဲ့တဲ့ အကိုက အခုသူဘယ္မွာေနလဲဆိုၿပီး ေမးလာေတာ့ သူ႕အကိုေဆးစားမွားတာလား ။

" ( ....) ရပ္ကြက္ ၊( ......) လမ္းနားမွာေနတာ "

" ဒါဆိုရင္ေတာ့ကြက္တိပဲ ။ ငါအဲ့လမ္းထဲေရာက္ေနတယ္ ။ မင္းဆီလာခဲ့မယ္ ၊ မင္းတိုက္ေအာက္မွာလာေစာင့္ေနလွည့္ "

" ခဏ .... ကိုကို "

ခ်က္ခ်င္းပင္ ဖုန္းခ်သြားေသာ ကိုကို႕ေၾကာင့္ ခိုင္ၿမဲအက်ိဴးေၾကာင္း ေမးျမန္းခ်ိန္ပင္မရလိုက္ ။ ဒါေပမယ့္ ဒီထိေရာက္လာၿပီဆိုေတာ့ မတတ္သာဘဲ တိုက္ေအာက္မွာ ဆင္းေစာင့္ေနလိုက္သည္ ။

သိပ္မၾကာဘူး ကိုကိုတစ္ေယာက္မၾကာခင္ကမွ၀ယ္ထားတ့ဲ ကားအသစ္နဲ႕ သူေနတဲ့တိုက္ခန္းေရွ႕ေရာက္ခ်လာသည္ ။ သူ႕ကိုျမင္ေတာ့ ကားကိုေသခ်ာထိုးရပ္ၿပီး ကိုကိုကားေပၚမွဆင္းလာသည္ ။ ပတ္၀န္းက်င္အေျခအေနကို တစ္ခ်က္ေလ့လာၿပီးေနာက္ မာန္ထက္ကို ခိုင္ၿမဲကို ေျပာလာသည္ ။

" ဒီေနရာက အိမ္နဲ႕မေ၀းလြန္းဘူးလား ။ မင္းအိမ္ျပန္ရင္တစ္ေကြ႕တစ္ပတ္ႀကီးျပန္ေနရမွာေပါ့ "

" အိမ္နဲ႕ေ၀းတဲ့ေနရာကို တမင္ငွါးေနတာေတာင္ ေမေမတုိ႕ကိုကိုတို႕ ေရာက္ေအာင္လာေသးတာပဲ ။ အပိုေတြမေျပာနဲ႕လာရင္းေျပာ "

အကိုျဖစ္သူကိုအိမ္ထဲမဖိတ္ေခၚဘဲ တိုက္ေအာက္မွာပင္ ကိစၥျပတ္ေအာင္ ခိုင္ၿမဲႀကိဳးစားလိုက္၏ ။ သို႕ေသာ္ ကိုကိုကားသူ႕ပုခံုးကို လက္နဲ႕ပုတ္ၿပီးတိုးကပ္ေျပာလာသည္ ။

" အကိုတစ္ေယာက္လံုး တိုက္ေအာက္ထိေရာက္လာတာေတာင္ အထဲ၀င္ဖို႕မဖိတ္ဘူးဆိုေတာ့ ငါ့ညီကလူမႈေရးမွာ ေတာ္ေတာ္ေခါင္ပါးတာပဲ ။ စိတ္မပူပါနဲ႕ျပသနာရွာဖို႕ ေရာက္လာတာမဟုတ္ပါဘူး ။ ဒီႏွစ္ေတြမွာငါ့ညီဘယ္လိုေနခဲ့လဲ သိခ်င္ရံုသက္သက္ ေရာက္လာတာပါ "

မွန္တာေျပာရရင္ ကိုကို႕စရိုက္ကိုအူမေခ်းခါးအထိသိေနတဲ့ခိုင္ၿမဲအဖို႕ ကိုကို႕စကားေတြက ယံုခ်င္စရာမရွိတာအမွန္ပဲ ။ ကိုကိုကဘယ္တုန္းက သူ႕ကိုညီတစ္ေယာက္လို ဂရုတစိုက္စိုးရိမ္ပူပန္ေပးဖူးလို႕လဲ ။

" ေကာင္းၿပီေလ ဒါေပမယ့္ ကေလးစိတ္အေနွာက္ယွက္ျဖစ္ေစမယ့္ စကားတစ္လံုးျဖစ္ျဖစ္ေျပာထြက္ခဲ့ရင္ ကိုကိုက အကိုရင္းျဖစ္ေနရင္ေတာင္ ကြ်န္ေတာ္ညွာတာမွာမဟုတ္ဘူး ။ "

"မင္းက တယ္လည္းစိတ္ႀကီးသကိုး ။ သိၿပီမလို႕ အဲ့ကိစၥအတြက္မစိုးရိမ္နဲ႕ ။ အနည္းဆံုးေတာ့ ငါ့ကို ေကာ္ဖီတစ္ခြက္နဲ႕ ဧည့္ခံေပးမယ္ဆိုရင္ေတာင္ ငါ့ညီေလးအကိုအေပၚသိတတ္တယ္ဆိုၿပီး ငါကမင္းကို အေကာင္းျမင္ဖို႕ ႀကိဳးစားေပးမွာေပါ့ "

ဘာေၾကာင့္မွန္းမသိ ဒီေန႔ ကိုကိုသူ႕ဆီလာတာကို လမ္းႀကံဳလုိ႕လာတယ္လို႕ ဘယ္လိုမွမခံစားရ ။ ကိုကို ဘာေတြအႀကံစည္ရွိေနတာလဲ ။ ကိုကို ဘာေတြလုပ္ဦးမွာလဲ ။

သူတို႕ေနတဲ့ တိုက္ခန္းဆီေရာက္ေတာ့ တံခါးဖြင့္ကာ မာန္ထက္ကို,ကို ထိုင္ေစလိုက္သည္ ။ တဆက္တည္း ေရခ်ိဳးေနတဲ့ ရာျပည့္ကိုသတိရသြားၿပီး သူေရခ်ိဳးၿပီးၿပီလားဆိုတာ သြားၾကည့္ဖို႕အျပင္ ရာျပည့္သည္ခႏၶာကိုယ္ေအာက္ပိုင္းကို တဘက္တစ္ထည္ပတ္လွ်က္ ေရစို ဆံပင္ေတြကိုသုတ္ရင္းထြက္လာေလ၏ ။

" ေမာင္ဘယ္သြားေနတာလဲ ။ ေအာ္ ဧည့္သည္ပါလာတာမသိလိုက္ဘူး "

အစက ခိုင္ၿမဲေပ်ာက္သြားလို႕ ေမးမလို႕ႀကံလိုက္ေပမယ့္ ဧည့္ခန္းထဲမွာထိုင္ေနတဲ့ မာန္ထက္ကို,ကိုေတြ႕ေတာ့ ရာျပည့္ရဲ႕မ်က္ႏွာ ပံုမွန္အတိုင္းတည္တင္းသြားကာ တစ္ခါမွမေတြ႕ဆံုဖူးသလိုေျပာလိုက္သည္ ။ သူ႕အကိုလည္းပါတာမလို႔ ရာျပည့္အေပၚ၀တ္မပါဘဲ ထြက္လာသည့္အေပၚ ခိုင္ၿမဲတြန္႔တိုစြာ သူ႕အေရွ႕သြားရပ္ၿပီး ရာျပည့္ကိုအခန္းထဲ ျပန္ေခၚ၀င္လိုက္သည္ ။

" ေမာင့္အကိုပါလာတယ္ ။ ကေလးနဲ႕ မိတ္ဆက္ေပးမလို႕ အ၀တ္လဲၿပီးထြက္ခဲ့လိုက္ ။ ေမာင္အျပင္မွာ ေစာင့္ေနမယ္ "

" အင္း "

ရာျပည့္ထုိမွ်သာေျပာၿပီး ေက်ာခိုင္းထြက္သြားသည့္ ခိုင္ၿမဲကိုၾကည့္ကာ မာန္ထက္ကိုကဘာေၾကာင့္ သူတို႕ေနတဲ့ေနရာထိ ေရာက္လာလဲဆိုတာ ေတြးမရျဖစ္သြားသည္ ။

အ၀တ္စားလဲၿပီးတာနဲ႕ ရာျပည့္ေရစိုဆံပင္နဲ႕ပင္ထြက္လာခဲ့လုိက္သည္ ။ သို႕ေသာ္ေအးစက္ေနတဲ့ ပတ္၀န္းက်င္အေနအထားေၾကာင့္ ညီအကိုႏွစ္ဦးၾကားက တင္းမာမႈကိုအေပၚယံခံစားမိသြားသည္ ။

" သူကေမာင့္အကိုလား "

ေမာင့္အကိုမွန္း သိေနၿပီးသားျဖစ္ေပမယ့္သူတမင္ေမးလိုက္ျခင္းျဖစ္သည္ ။ မာန္ထက္ကိုကလည္း ရာျပည့္အျပဳအမူကိုၾကည့္ၿပီး သူအရင္တစ္ေခါက္ ရာျပည့္အလုပ္လုပ္တဲ့ဆိုင္မွာ သြားရွာတဲ့အေၾကာင္း ဒီေကာင္ေလးကသူ႕ညီကို ေျပာမျပထားဘူးထင္တယ္ ။ ဒါေၾကာင့္လည္း သူ႕ညီကဘာျပသနာမွ မရွာဘဲ သူ႕ကိုအိမ္ထဲေခၚ၀င္ခဲ့တာေပါ့ ။

ထိုအေၾကာင္းအရာကိုေတြးမိေတာ့ မာန္ထက္ကို ၿပံဳးလိုက္မိ၏ ။ ခိုင္ၿမဲက သူ႕အကိုနဲ႕ရာျပည့္ ဒါပထမဦးဆံုးေတြ႕ဖူးတာထင္ၿပီး ၀တၱရားအရေတာ့မိတ္ဆက္ေပးလိုက္သည္ ။

" သူက ေမာင့္အကို ။ သူ႕နာမည္ကို မသိထားလည္းျဖစ္တယ္ ကေလး ။ ဒါေပမယ့္လမ္းမွာေတြ႕ရင္ေတာ့ေ၀းေ၀းကေရွာင္ ။ သူတို႕ကေလးကို စိတ္အေနွာက္ယွက္ျဖစ္ေအာင္ လုပ္တာမ်ိဴးရွိလာရင္ ခ်က္ခ်င္းေျပာ "

" ကိုကို သူကကြ်န္ေတာ့္ခ်စ္သူ ။ အခု ကိုကိုသိခ်င္တာေတြ သိရၿပီဆိုေတာ့ျပန္လို႕ရၿပီ "

အကိုျဖစ္သူကို ေမာင္းထုတ္ရန္ႀကံလိုက္ေပမယ့္ မာန္ထက္ကိုကခ်က္ခ်င္းထမျပန္ေသးဘဲ မတ္တပ္ရပ္ကာ ဧည့္ခန္းကို တစ္ပတ္လွည့္ၾကည့္ရွဴလိုက္သည္ ။ ရာျပည့္ကေတာ့ သူတို႕ၾကား စိုးစဥ္ေလးေတာင္ ၀င္မေျပာဘဲ တိတ္တိတ္ေနကာ အေျခအေနကို ေစာင့္ၾကည့္ေနလိုက္၏ ။ ခုိင္ၿမဲကအကိုျဖစ္သူရဲ႕လုပ္ရပ္ကို မၾကည္ျဖဴေပမယ့္ ဂုတ္ကေနဆြဲေခၚၿပီး ေမာင္းထုတ္လို႕မွမရတာ ။ ဒါေၾကာင့္ မႏွစ္သက္သည့္ မ်က္ႏွာထားႏွင့္သာၾကည့္ေနလိုက္သည္ ။ ခဏအၾကာ မာန္ထက္ကိုသည္ေနရာမွာျပန္လာထုိင္ၿပီး ခိုင္ၿမဲကို ေျပာလိုက္သည္ ။

" ငါ့ကို ေကာ္ဖီတစ္ခြက္ေလာက္ေတာ့ ဧည့္ခံသင့္တယ္လို႕ ထင္တယ္ ။ ဧည့္သည္ကို ဒီအတိုင္းထားရမယ္လို႕ ေမေမတို႕ကမင္းကိုသင္ေပးခဲ့တယ္လို႕ ငါေတာ့မထင္ဘူး "

" ကိုကို လြန္လာၿပီေနာ္ ''

" ေမာင္ ငါေဖ်ာ္ေပးလိုက္မယ္ "

ေနာက္ဆံုး ညီအကိုႏွစ္ေယာက္ၾကား ရာျပည့္၀င္ပါရေတာ့သည္ ။ ဒါေပမယ့္ ခိုင္ၿမဲကလက္မခံ ။ ရာျပည့္ကိုသူ႕အတြက္မွလြဲၿပီး တျခားသူအတြက္ ျပင္ဆင္ေပးရတာမ်ိဴးကိုမလိုခ်င္လုိ႕ သူကိုယ္တိုင္ပဲထလုပ္လိုက္ရသည္ ။

" ေန .. ေမာင္ သြားေဖ်ာ္လိုက္မယ္ "

ခိုင္ၿမဲ ထသြားတာနဲ႕ေစာနကရည္ရည္မြန္မြန္ရွိေနသည့္ မာန္ထက္ကိုရဲ႕ပံုစံသည္ ခ်က္ခ်င္းကို ေျပာင္းလဲသြား၏ ။ သူ ရာျပည့္ကို ေခါင္းအစေျခအဆံုးၾကည့္ၿပီးတီးတိုးေျပာလိုက္သည္ ။

" ငါတို႕ေတြ႕ခဲ့တဲ့ကိစၥကို မင္းဘာလို႕သူ႕ကုိမေျပာျပခဲ့တာလဲ ။ အမွန္ဆိုငါဘယ္လိုအက်င့္မေကာင္းဘူးလဲဆိုတာ မင္းအေနနဲ႕ ငါ့ညီသိေအာင္ေျပာျပခဲ့သင့္တယ္ ။ အစကတည္းကမတည့္တဲ့ ငါတို႔ညီအကိုေတြၾကား ဒီထက္ပို ဆက္ဆံေရးဆိုး၀ါးသြားရင္ေတာင္ ျပသနာမွမရွိႏိုင္တာ ''

တကယ္ပါ ဒီလူကေတာ္ေတာ္ေလးမေကာင္းတဲ့သူပဲ ။ ကိုယ့္ညီရဲ႕ေကာင္ေလးၾကား ေသြးခြဲစကားေျပာခဲ့ၿပီး ဘယ္လိုမ်က္ႏွာနဲ႕ ဒီအိမ္ထိ လိုက္လာရဲပါလိမ့္ ။ ေမာင္ အေနာက္မွာပဲရွိေသးတာမလို႕ သူေျပာလိုတဲ့စကားကို ေအးေဆးပင္ေျပာခ်လိုက္သည္ ။

" ကြ်န္ေတာ္ ခင္ဗ်ားတုိ႕မိသားစုကိစၥကိုစိတ္မ၀င္စားဘူး မာန္ထက္ကို ။ ခင္ဗ်ားရဲ႕စကားလံုးေတြကလည္း ကြ်န္ေတာ့္အေပၚ ထိေရာက္မႈမရွိတာမို႕ ဒီကိစၥနဲ႕ပက္သက္ၿပီး ေရႀကီးခြင္က်ယ္မလုပ္ခ်င္ပါဘူး။ ခင္ဗ်ားေမာင့္အေပၚဘာေတြလုပ္ခဲ့တယ္၊ ဘာေတြႀကံစည္တယ္ဆိုတာကို ကြ်န္ေတာ္မေျပာလည္း တစ္ေန႕သူ႕ဘာသူသိလာမွာပါ "

" မင္းကေတာ္ေတာ္ေလး စိတ္၀င္စားဖို႕ေကာင္းတာပဲ "

" ကြ်န္ေတာ့္အတြက္ေတာ့ ခင္ဗ်ားကပ်င္းစရာေကာင္းလြန္းတယ္ "

ထိုခဏ ေနာက္ေဖးမွ ေမာင့္ရဲ႕ေျခသံကို ၾကားရတာမလို႕ သူတို႕ႏွစ္ဦးျပန္လည္တိတ္ဆိတ္သြားၿပီး ဘာကိစၥမွမျဖစ္ခဲ့သလို ျပန္ေနလိုက္သည္ ။ ရာျပည့္ကေတာ့လက္ထဲက စာအုပ္ကိုမ်က္ႏွာအပ္ကာ မဆုိင္သလိုေနလိုက္သည္ ။

ခိုင္ၿမဲသည္အကိုျဖစ္သူကို ေကာ္ဖီခ်ေပးလိုက္ေပမယ့္ မာန္ထက္ကိုကေကာ္ဖီကို တစ္စက္ေလးမွေတာင္မတို႕ထိဘဲ သူ႕ကိုႏူတ္ဆက္လိုက္သည္ ။

" ငါေသာက္ၿပီးၿပီလို႕ပဲသေဘာထားလိုက္ ။ မင္းရဲ႕ဧည့္၀တ္ေက်ပြန္မႈကို ငါအၿမဲမွတ္ထားမွာပါ ။ အခုေတာ့ ျပန္လိုက္ဦးမယ္.. အိမ္ရွင္က မၾကည္ျဖဴေတာ့ ထိုင္ရတာစိတ္မခ်မ္းသာဘူး ။ အမ္ ဟိုဖက္ကညီေလး ၊ အကို႕ညီေလးကိုအပ္ပါတယ္ ။ သူ႕ကိုအမ်ားႀကီး ခ်စ္ေပးလိုက္ပါဦး "

မထိတထိၿပံဳးရယ္ၿပီး မာန္ထက္ကိုထျပန္ေတာ့ ေဒါသနဲ႕က်န္ခဲ့တာကခိုင္ၿမဲပင္ ။ သူ႕အကိုသူ႕ကိုတမင္လုပ္တာ ။ ေကာ္ဖီမေသာက္ခ်င္ဘဲ ဘာလို႕ေဖ်ာ္ခိုင္ေသးတုန္း ။

" ကေလးေတြ႕လား သူကအခုမွမဟုတ္ဘူး ။ ငယ္ငယ္ကတည္းက ေမာင့္ကိုအၿမဲအႏိုင္လိုခ်င္တာ ။ တရားနည္းျဖစ္ျဖစ္ မတရားနည္းနဲ႕ပဲျဖစ္ျဖစ္ ေမာင့္ကိုအႏိုင္ရရင္ကို သူ႕ကိုယ္သူဂုဏ္ယူေနတာ "

" အင္းပါ ထားလိုက္ ။ ေမာင္ေဖ်ာ္ထားတဲ့ ေကာ္ဖီကိုငါေသာက္လိုက္မယ္ "

ခိုင္ၿမဲ ယူလာသည့္ ေကာ္ဖီခြက္ကိုယူကာ ေသာက္ရန္ျပင္ေတာ့ ခိုင္ၿမဲကခ်က္ခ်င္းျပန္လုယူလာသည္ ။

" မေသာက္နဲ႔ ... မေသာက္နဲ႕ ။ ေမာင္အသစ္ျပန္ေဖ်ာ္ေပးမယ္ ။ မဖိတ္ေခၚဘဲအိမ္ထဲအတင္း၀င္လာတဲ့ ေမာင့္အကိုကို ပညာျပခ်င္လို႕ ေကာ္ဖီထဲမွာ သၾကားအစားဆားထည့္ခဲ့တာ ။ ဒါေပမယ့္ သူကံဇာတာတက္ေနလို႕ထင္တယ္ ။ ေကာ္ဖီကို တစ္ငံုေလးေတာင္ ေသာက္မသြားဘူး "

ေမာင့္ရဲ႕ကေလးဆန္ဆန္ အျပဳအမူေၾကာင့္ ရာျပည့္မရည္ရြယ္ဘဲ မ်က္ေစာင္းထိုးကာၿပံဳးလိုက္မိသည္ ။

" လိုက္လည္းလိုက္ပါတယ္ ညီအကိုေတြက "

" ဟမ္ ... ဘာကိုလိုက္ ။ ကိုကိုက ပိုၿပီး အက်င့္မေကာင္းတာေလ ကေလးရဲ႕ "

" ေမာင္လည္းသိပ္မကြာပါဘူး "

ရာျပည့္ ထုိမွ်သာေျပာၿပီး အခန္းထဲ၀င္လာေတာ့ ခိုင္ၿမဲကအေနာက္ကေန တေကာက္ေကာက္လိုက္ကာ သူကသူ႕အကိုထက္ပိုၿပီး အက်င့္ေကာင္းတယ္ဆိုတာကို အတင္းသက္ေသျပေနမိသည္ ။ ရာျပည့္ကလည္းအဆံုးထိ ညီအကိုႏွစ္ေယာက္လံုး တူတူပဲဆိုၿပီး ျငင္းေကာင္းတုန္း ။

ေနာက္ဆံုး ခိုင္ၿမဲအရံူးေပးလိုက္ရပါတယ္ ။ သူအက်င့္မေကာင္းဘူးဆိုတာကိုလက္ခံပါတယ္ ၊ ဒါေပမယ့္ စိုးရာျပည့္ဆိုတဲ့လူသားကုိ အခ်စ္ဆံုးျဖစ္ေၾကာင္း ယံုၾကည္ေပးပါဆိုၿပီး စကားဦးလွည့္သြားသည္ ။ 

-------------------- 

unicode

ခိုင်မြဲသည် စာလုပ်နေတဲ့ ရာပြည့်အနား နွားနို့ပူပူလေးတစ်ခွက်ယူပြီး အနားလာထိုင်လိုက်သည် ။ ပြီးနောက်စားပွဲပေါ်မေးတင်ကာ ရာပြည့်ကိုငေးမောကြည့်လိုက်သည် ။

" ပင်ပန်းနေမှာပဲ ကလေးရယ် ။ ဘာလို့အဲ့လောက်ထိကြိုးစားရတာလဲ "

" မပင်ပန်းဘဲရလာတာဘာရှိလို့လဲ ။ မောင်အိပ်ချင်သွားအိပ်နှင့်လေ ၊ ငါခဏနေမှအိပ်မလို့ ။ ဒါတွေကိုဒီညအပြီးလေ့လာမလို့ "

ရာပြည့်လေ့လာနေတဲ့စာတွေကို ကြည့်လိုက်ပြန်တော့လည်း သူဘာတစ်လုံးမှ နားမလည် ။ ဒါကြောင့်သူကူညီနိုင်တာလည်းဘာမှမရှိ ။ ရာပြည့်ကိုလည်း မနှောက်ယှက်ချင် ၊ ဒါပေမယ့် ချစ်တဲ့သူအနားကနေလည်း တစ်ဖဝါးမှမခွာချင်လို့ သူ့လက်ချောင်းလေးတွေနဲ့ ရာပြည့်ရဲ့ပါးကိုသွားတို့ထိလိုက်သည် ။

" ဒီပါးအိစက်စက်လေးကို ကိုက်စားပစ်ချင်လိုက်တာ "

" မောင် ငါစာလုပ်နေတယ်လေ "

" လုပ်လေ မောင်က ကလေးကိုအသည်းယားလို့ထိုင်ကြည့်နေတာ "

" ဒါဆို လက်ကဘာလုပ်တာလဲ "

" ချစ်လို့လေ မထိဘဲမနေနိုင်လို့ "

ဘေးမှာနေပြီး ပြောင်စပ်စပ်လုပ်နေသည့်ခိုင်မြဲကြောင့် ရာပြည့်အဖို့စာဆက်လေ့လာဖို့ အဆင်မပြေတော့ ။ တဆက်တည်းမှာပင် မောင်တစ်ယောက်သိပ်မကြာခင် တခြားတစ်ယောက်ရဲ့လက်ကိုတွဲတော့မယ်ဆိုတဲ့အသိဝင်လာလို့ သူခိုင်မြဲကို မျက်လုံးခြင်း ဆုံအောင်ကြည့်လိုက်သည် ။

" မောင် ငါ့ကိုလျှို့ဝှက်ထားတာရှိလား "

" ဟမ် မောင်ကဘာကိစ္စ ကလေးကိုလျှို့ဝှက်ရမှာလဲ ။ စာတွေလေ့လာလွန်ပြီး လူကိုရစ်ပြီးပြသနာရှာမလို့လား ။ ဒါဆိုရှာ မောင်ကလေးရစ်သမျှဖြေရှင်းပေးမယ် "

ခိုင်မြဲစိတ်ထဲ ရာပြည့်သူ့ကိုစနေတယ်ပဲထင်ခဲ့တာ ။ တကယ်လည်း သူ့မှာဘာလျို့ဝှက်ချက်မှ မရှိ ။ ဟေသာနဲ့လက်ထပ်ပွဲကို ငြင်းလိုက်တဲ့အကြောင်း ပြောပြချင်ပေမယ့် တိတိကျကျ အကုန်လုံးကိုဖြေရှင်းနိုင်တဲ့နေ့မှ အသိပေးတော့မယ်လို့တွေးမိလို့ သူ ဒီတစ်ချက်ကိုတော့ ချန်ထားလိုက်သည် ။ ဟေသာနဲ့အရင်လမ်းခွဲရမယ် ၊ ပြီးရင်သူ့မိဘတွေကိုအသိပေးပြီး ဒီမင်္ဂလာပွဲကို လုံး၀ မလုပ်ဘူးလို့ငြင်းဆိုပြီး အိမ်ပေါ်ကနေဆင်းခဲ့မယ် ။ ဒီတစ်ခါ ကိုကိုရှိနေပြီမလို့ မေမေ့ရဲ့ကျန်းမာရေးကို စိတ်မပူဘဲနေလိုက်တော့မယ် ။ အရာအားလုံးကိုစွန့်လွှတ်ပြီး ကလေးဆီကိုလာမှာ ။ အဲ့ဒီအချိန်ကြရင် ကလေးဘယ်လောက်တောင် ပျော်နေလိုက်မလဲတွေးရင်း ဖြစ်နိုင်ရင်ဒီကိစ္စကို ခုချက်ချင်းထလုပ်ပစ်ချင်စိတ်တောင်ပေါက်မိသည် ။

" မောင်က ငါ့အပေါ်မပွင့်လင်းဘူးလို့ခံစားရတယ် ။ ထားလိုက်ပါတော့ နွားနို့ခွက်ပေး "

ဘာကိုမပွင့်လင်းဘူးခံစားရတာလဲလို့ မေးဖို့ပြင်လိုက်ပေမယ့် ရာပြည့်က နွားနို့ခွက်ကိုလှမ်းတောင်းလို့ သူ နွားနို့ခွက်ကို အရင်ယူပေးလိုက်သည် ။

" ဖြေးဖြေးသောက်ဦး ကလေး ဖိတ်ကျကုန်ပြီ "

ခိုင်မြဲပြောလည်းပြောချင်စရာ။ ရာပြည့် နွားနို့တစ်ခွက်လုံးကို တစ်ကျိုက်တည်းမော့ချလိုက်တာမလို့ နွားနို့ကနူတ်ခမ်းသားဘေးမှာပေကျံသွားသည် ။ အစကတော့ ခိုင်မြဲလက်လေးနဲ့သုတ်ပေးမလို့ဘဲ ။ ဒါပေမယ့် ဒီမြင်ကွင်းလေးက သူ့ရဲ့ချုပ်တီးထားတဲ့ စိတ်ကိုပြိုကျစေတာမို့ သူရာပြည့်ရဲ့မေးဖျားကိုဆွဲယူပြီး နွားနို့အကြွင်းကျန်တွေကို သူ့နူတ်ခမ်းနဲ့ ထိကပ်ကာ သုတ်ပေးလိုက်သည် ။ ပြီးနောက် ရဲရဲအိအိနူတ်ခမ်းပါးကိုတစ်ချက်နမ်းရိူက်ကာ မျက်နှာချင်းခွာလိုက်သည် ။

ခိုင်မြဲက သူ့နူတ်ခမ်းတွေကို လက်နဲ့ပြန်စမ်းရင်း ရာပြည့်ကိုကြည့်လိုက်စဉ် ရာပြည့်ကတော့ သူ့ကို သေချာစိုက်ကြည့်နေပြီး အနားတိုးကပ်လာသည် ။

" နွားနို့ နောက်တစ်ခွက်ရှိသေးလား .........."

" ဟမ်....... နောက် ......နောက်တစ်ခွက်လား "

" အင်း ........ မောင့်အတွက် လိုအပ်မယ်ထင်လို့ "

မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့ကို မထိတထိပြုံးကာပြောနေသည့် ရာပြည့်စကားကြောင့် ခိုင်မြဲ ထရယ်မိသွားသည် ။ကလေးက သူ့ကို နှောက်နေတာပဲ ။

" မောင့်အတွက် မလိုပါဘူး ။ ကလေး ခုတလောအလုပ်တွေပင်ပန်းနေတယ်မဟုတ်လား ။ ဒါကြောင့်ကလေးသောက်ရအောင် တစ်ကီလိုတောင် ဝယ်လာတယ် ။ ကလေးသောက်ချင်ရင် ယူပေးမယ် "

ခိုင်မြဲ စေတနာတွေရေစီးကမ်းပြိုဖြစ်ကာ ရာပြည့်ကိုဂရုတစိုက်ပြောတော့ ရာပြည့်နူတ်ခမ်းအနည်းငယ်စူသွားပြီး တစ်ဖက်ဘေးသို့ ပြန်လှည့်ကာ စာအုပ်ကိုပြန်လှန်လိုက်သည် ။

" မောင့်ကိုဒီညမပြန်နဲ့လို့ပြောမလို့လေ ၊ မနေချင်လည်းသဘောပါ "

" ဟမ် ကလေးကဘာကိုပြောချင်တာလဲ ၊ နေ ... နေဦး မောင်နားလည်ပြီမလို့ မရှင်းပြလည်းရပြီ ။ ခဏလေး နောက်ထပ်နွားနို့နှစ်ခွက် သွားကြိုလိုက်ဦးမယ် "

သူ့ပါးကို ရွှတ်ခနဲနမ်းပြီး မီးဖိုထဲပြေးဝင်သွားသည် ခိုင်မြဲကိုကြည့်ပြီး ရာပြည့်ပြုံးလိုက်သည် ။ ဒါပေမယ့် အပြုံးက တာရှည်မခံ ။ မင်္ဂလာပွဲမတိုင်ခင် နောက်ဆုံးစက္ကန့်အထိ မောင်ကငါ့အပိုင်လို့ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာဒီထက်တောင် စောစောဆုံးရူံးရနိုင်တယ် ။ ဒါကြောင့်ရှိနေတဲ့အချိန်လေးမှာ မောင်နဲ့ပက်သက်တဲ့ အမှတ်တရအားလုံးကို ယူသွားချင်တယ်။ မနက်ဖြန်ကိုတောင် မယုံကြည်နိုင်လို့ ဒီနေ့မှာ မောင့်လက်ကိုဆုပ်ကိုင်ပြီး အဆုံးမရှိတဲ့ကြယ်တွေကို ရေတွက်နေလိုက်ချင်တယ် ။ အချိန်တွေကိုနှမြောလွန်းလို့ အိပ်စက်ပြီးကုန်သွားဖို့တောင်တွန့်တိုမိတယ် ။ နာကျင်မှု ၊ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု အရာအားလုံးကို မောင့်တစ်ယောက်တည်းဆီကပဲရချင်တယ် ။ ရာပြည့် မီးဖိုထဲလိုက်ဝင်သွားပြီး နွားနို့ပြန်နွှေးနေသည့် ခိုင်မြဲ၏နောက်ကျောပြင်ကို ဖက်ထားလိုက်မိသည် ။

" ရုတ်တရက်ကြီး ဘာတွေသဘောထကောင်းနေတာလဲကလေးရဲ့ ။ မောင်ဖြင့် ကလေးအရင်လိုပြန်ချစ်ပေးလို့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ဖြစ်နေမိပြီ ။ မောင့်ကိုဆွဲဆိတ်ကြည့်ပါဦး ၊ အိမ်မက်လားတကယ်လားဆိုတာ မယုံနိုင်သေးလို့ "

" ချစ်တယ် "

ထိုစကားတစ်ခွန်းကိုပဲပြောရင်း သူမောင့်ပုခုံးကိုမှီကာငိုကြွေးလိုက်မိသည် ။ ရိူက်သံထွက်လာတော့ ခိုင်မြဲခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ နောက်ပြန်လှည့်ရင်း ရာပြည့်၏မျက်နှာကို ကြည့်လိုက်သည် ။

" ကလေး ငိုနေတာလား ။ မောင်ဘာအမှားလုပ်မိလို့လဲ "

" ဟင့်အင်း ဒီအတိုင်းပဲငိုချင်လို့ ။ မောင့်အနားမှာရှိလို့ပျော်တာကြောင့်ငိုမိတာထင်တယ် "

" ကလေးရယ်မပူပါနဲ့ ။ နောက်ဆိုရင်အမြဲတမ်း အနားမှာရှိနေပေးပါ့မယ် "

ရာပြည့်ရဲ့ပါးပြင်ပေါ်က မျက်ရည်စတွေကို ခိုင်မြဲလက်နဲ့ဖွဖွလေးသုတ်ပေးရင်း မျက်ခွံမို့မို့ကိုနမ်းရိူက်လိုက်သည် ။ ရာပြည့်ကတော့ ခိုင်မြဲ သူ့အနားမှာ ရှိနေပေးပါ့မယ်ဆိုတဲ့စကားကို မယုံကြည်ပေးနိုင်တော့ ။ အဆုံးသတ်ကို သိနေပြီပဲ ။ ငါ့ကို မျှော်လင့်ချက်တွေပေးပြီး နှစ်သိမ့်မနေပါနဲ့တော့ ။ ရလဒ်ကဘယ်လိုပဲဖြစ်ဖြစ် ငါချစ်တဲ့မောင့်ကို စွန့်လွှတ်ပေးပါ့မယ် ။

**********

ဒီနေ့ ဟေသာ သူ့ကို ကော်ဖီသောက်ဖို့ လာခေါ်တာကို ခိုင်မြဲမငြင်းဆန်ဘဲလိုက်ခဲ့လိုက်သည် ။ ဒီနေ့တော့ သူဟေသာနဲ့ကိစ္စကို ရအောင်ဖြတ်ခဲ့ဖို့ ဆုံးဖြတ်လိုက်၏ ။ ဒါကြောင့်လူရှင်းတဲ့စားသောက်ဆိုင်ကိုရွေးပြီး ထောင့်ကျကျတစ်နေရာမှာထိုင်လိုက်သည် ။

" ကိုကိုတို့များ တော်တော်လေးနေနိုင်တာပဲ ။ဟေသာဖက်ကစမခေါ်ရင် မလာတတ်တော့ဘူး "

ဆူဆူပုတ်ပုတ်ပြောလာသည့် ဟေသာ၏မကျေနပ်ချက်တွေကို သူမျက်နှာလွဲရင်း ဘယ်ကစပြောရင်ကောင်းမလဲဆိုပြီးငြိမ်နေလိုက်သည် ။ ဟေသာက ခပ်တုံးတုံးမိန်းမတစ်ယောက်မှမဟုတ်တာ ။ ကိုယ့်ရည်းစားမျက်နှာကိုကြည့်တာနဲ့ ဒင်းဘာတွေးနေလဲ သူမတန်းရိပ်မိသည် ။ ဒါကြောင့်သူမဖက်က ဦးအောင်ပြောလိုက်၏ ။

" ဟေသာ ကိုကို့ကိုလမ်းမခွဲပေးနိုင်ဘူးနော် ။ ကိုကိုသာအစကတည်းက ဟေသာ့နဲ့လုံးဝမပက်သက်ဘဲ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ရင် ဟေသာကလည်း ကိုကို့ကို တွယ်ဖက်ထားစရာ အကြောင်းရှိမှာမဟုတ်ဘူး ။ ကိုကိုကအစကတည်းက ဒီလိုလူစားမှန်း ဟေသာသိခဲ့ရင် ကိုကိုနဲ့လက်ထပ်ဖို့ ဟေသာ့ဖက်ကစကန့်ကွက်မှာပေါ့ ။ ဒါပေမယ့်အချိန်တွေလွန်သွားပြီကိုကို ။ ခုချိန်မှာဘာအကြောင်းကြောင့်နဲ့မှ ကိုကို့ကို လက်လွှတ်တော့မှာမဟုတ်ဘူး "

" ဟေသာ ........ ကိုယ်ကမကောင်းတဲ့လူတစ်ယောက်မှန်းသိတာတောင် ဘာလို့ပေကပ်ချစ်ချင်သေးတာလဲ ။ ဒီလိုဆက်လုပ်နေရင် ဟေသာလည်းပျော်ရမှာမဟုတ်ဘူး ။ အချိန်တွေမလွန်ခင် ကိုယ်တို့လမ်းခွဲရအောင်နော် ။ ဟေသာ့ဘဝမှာ ကိုယ့်ထက်ကောင်းတဲ့ သူကို တွေ့နိုင်ပါသေးတယ် "

ရှင့်ကို ရူးမတတ်ချစ်နေလို့ အတင်းတွယ်ကပ်နေတယ်များထင်နေလား ခိုင်မြဲကို ။ ကျွန်မအပေါ်ရှင်လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ခိုင်းရမယ် ။ ကျွန်မကျခဲ့ရတဲ့ သိက္ခာတွေအတွက် ရှင့်ရဲ့ပျော်ရွှင်မှုတွေနဲ့ပြန်ပေးဆပ်ရမယ် ။ ကျွန်မ ဘဝတစ်သက်တာလုံး မပျော်ရဘူးဆိုရင်တောင် ရှင်နဲ့ရှင့်အကောင်လည်း ကျွန်မခံရတဲ့စိတ်ဆင်းရဲမှုအတိုင်းခံစေရမယ် ။ ကျွန်မဘဝထဲကို မဖိတ်ခေါ်ဘဲ ဝင်လာခဲ့ပြီးမှ ၊ ကျွန်မယုံကြည်မှုတွေကို အကုန်ပေးအပ်မိခဲ့ကာမှ နောက်ကျောဓားထိုးခံရတာထက်ဆိုးတဲ့လုပ်ရပ်ကို ရှင်လုပ်သွားလို့ ရှင့်ရင်ကိုခွဲဖို့ဓားတစ်လှည့် ကျွန်မသွေးထားပြီးသား ။ ဒီပွဲမှာကျွန်မမနိုင်ရင်တောင် စိုးရာပြည့်ဆိုတဲ့လူလည်း မနိုင်စေရဘူး ။

စိတ်ထဲကနေ စကားလုံးထောင်ပေါင်းများစွာနဲ့ ဟေသာ ခိုင်မြဲကို စွပ်စွဲပြောဆိုနေပေမယ့် အပြင်မှာတော့ ရည်းစားဘဝတုန်းကပြုမူတဲ့အတိုင်း နူတ်ခမ်းလေးဆူကာ မျက်နှာလေး ညိုးငယ်နေလိုက်သည် ။

ခိုင်မြဲကတော့ တကယ့်ကိုဘေးကျပ်နံကျပ်အခြေအနေ ။ စကားလုံးတွေနဲ့လမ်းခွဲလို့မရရင်လည်း သူမဖက်ကစကာ စိတ်ကုန်ပြီး လမ်းခွဲသွားအောင် သူ့ဖက်ကလုပ်ပြရုံပေါ့ ။ ဒါက ယောကျာ်းတွေအကျွမ်းကျင်ဆုံး နည်းလမ်းတစ်ခုပဲလေ ။ ငါတို့လမ်းခွဲရအောင်လို့ တိုက်ရိုက်မပြောဘဲ သူမစိတ်ကုန်သွားစေလောက်မယ့် အပြုအမူတွေကို ဆက်တိုက်လုပ်ပြလိုက်ရုံသာ ။

***********

ကိုကိုရှိနေပြီမို့ ခိုင်မြဲမိဘအိမ်ကိုတောင် အချိန်မှန်မပြန်တော့ ။ ဟေသာဖုန်းခေါ်လျှင် (၁၀) ခေါ် (၁ )ခါတောင် မကိုင်တော့ ။ အလုပ်ထိလိုက်လာလျှင်လည်း အင်းအင်းအဲအဲလုပ်ပြီး တတ်နိုင်သမျှ သူမနဲ့မျက်နှာချင်းဆိုင်ဖို့ကို ရှောင်နေလိုက်သည် ။ ဒါပေမယ့် အံသြဖို့ကောင်းလောက်အောင်ကို ဟေသာကသူ့ကိုစိတ်မပျက်သွားသေးဘဲ သူ့မိဘအိမ်သွားကာ အရင်လိုရင်းရင်းနှီးနှီးနေနေဆဲ ။ ခိုင်မြဲတွေးလိုက်မိပါတယ် ဟေသာလည်းသူ့ကိုမချစ်လောက်တော့ဘူးဆိုတာ ၊ အခုလိုလုပ်နေတာ သူမရဲ့မာနကြောင့်ပဲဖြစ်နိုင်ပါတယ် ။

နိုင်ငံခြားကပြန်လာမှ လုံးဝပြောင်းလဲသွားတဲ့ ကိုကိုကတော့ အရင်ကလိုခိုင်မြဲအပေါ် မထိတထိရန်စတာမျိုးမရှိတော့ ။ အင်းပေါ့ သူလည်းအရွယ်ရောက်ပြီး ရင့်ကျက်တဲ့ယောကျာ်းတစ်ယောက်ဖြစ်နေပြီပဲ ၊ အရင်လို ကလေးဆန်ဆန် တစ်ယောက်နဲ့တစ်ယောက် ကပ်တွက်စရာ အကြောင်းမှ မရှိတော့တာ ။

ဒီနေ့ ခိုင်မြဲ ရာပြည့်ကိုအလုပ်မှာသွားကြိုကာ အကင်တစ်ချို့ဝယ်ပြီး အိမ်ကိုအတူပြန်လာခဲ့သည် ။ ရာပြည့် ရေချိုးနေတုန်း သူ TV channel လိုင်းတစ်ခုဖွင့်ထားကာ စောင့်နေလိုက်သည် ။ သိပ်မကြာဘူး သူ့ဖုန်းမှာ အဝင်ကောလ်တစ်ခု ဝင်လာသည် ။ ကြည့်လိုက်တော့ တစ်မိထဲထွက်တဲ့ အကိုလို့မသတ်မှတ်ဖူးတဲ့ အကိုအရင်းဆီက ။

Ringing .......

" အင်း ........ ပြော "

" မင်းနေတဲ့ တိုက်ခန်းက ဘယ်နားလဲ "

အကိုဖြစ်သူ၏ အမေးကြောင့် ခိုင်မြဲကြောင်သွားသည် ။ တစ်သက်လုံး သူ့ကိုမနာလိုဝန်တိုခဲ့တဲ့ အကိုက အခုသူဘယ်မှာနေလဲဆိုပြီး မေးလာတော့ သူ့အကိုဆေးစားမှားတာလား ။

" ( ....) ရပ်ကွက် ၊( ......) လမ်းနားမှာနေတာ "

" ဒါဆိုရင်တော့ကွက်တိပဲ ။ ငါအဲ့လမ်းထဲရောက်နေတယ် ။ မင်းဆီလာခဲ့မယ် ၊ မင်းတိုက်အောက်မှာလာစောင့်နေလှည့် "

" ခဏ .... ကိုကို "

ချက်ချင်းပင် ဖုန်းချသွားသော ကိုကို့ကြောင့် ခိုင်မြဲအကျိူးကြောင်း မေးမြန်းချိန်ပင်မရလိုက် ။ ဒါပေမယ့် ဒီထိရောက်လာပြီဆိုတော့ မတတ်သာဘဲ တိုက်အောက်မှာ ဆင်းစောင့်နေလိုက်သည် ။

သိပ်မကြာဘူး ကိုကိုတစ်ယောက်မကြာခင်ကမှဝယ်ထားတဲ့ ကားအသစ်နဲ့ သူနေတဲ့တိုက်ခန်းရှေ့ရောက်ချလာသည် ။ သူ့ကိုမြင်တော့ ကားကိုသေချာထိုးရပ်ပြီး ကိုကိုကားပေါ်မှဆင်းလာသည် ။ ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်လေ့လာပြီးနောက် မာန်ထက်ကို ခိုင်မြဲကို ပြောလာသည် ။

" ဒီနေရာက အိမ်နဲ့မဝေးလွန်းဘူးလား ။ မင်းအိမ်ပြန်ရင်တစ်ကွေ့တစ်ပတ်ကြီးပြန်နေရမှာပေါ့ "

" အိမ်နဲ့ဝေးတဲ့နေရာကို တမင်ငှါးနေတာတောင် မေမေတို့ကိုကိုတို့ ရောက်အောင်လာသေးတာပဲ ။ အပိုတွေမပြောနဲ့လာရင်းပြော "

အကိုဖြစ်သူကိုအိမ်ထဲမဖိတ်ခေါ်ဘဲ တိုက်အောက်မှာပင် ကိစ္စပြတ်အောင် ခိုင်မြဲကြိုးစားလိုက်၏ ။ သို့သော် ကိုကိုကားသူ့ပုခုံးကို လက်နဲ့ပုတ်ပြီးတိုးကပ်ပြောလာသည် ။

" အကိုတစ်ယောက်လုံး တိုက်အောက်ထိရောက်လာတာတောင် အထဲဝင်ဖို့မဖိတ်ဘူးဆိုတော့ ငါ့ညီကလူမှုရေးမှာ တော်တော်ခေါင်ပါးတာပဲ ။ စိတ်မပူပါနဲ့ပြသနာရှာဖို့ ရောက်လာတာမဟုတ်ပါဘူး ။ ဒီနှစ်တွေမှာငါ့ညီဘယ်လိုနေခဲ့လဲ သိချင်ရုံသက်သက် ရောက်လာတာပါ "

မှန်တာပြောရရင် ကိုကို့စရိုက်ကိုအူမချေးခါးအထိသိနေတဲ့ခိုင်မြဲအဖို့ ကိုကို့စကားတွေက ယုံချင်စရာမရှိတာအမှန်ပဲ ။ ကိုကိုကဘယ်တုန်းက သူ့ကိုညီတစ်ယောက်လို ဂရုတစိုက်စိုးရိမ်ပူပန်ပေးဖူးလို့လဲ ။

" ကောင်းပြီလေ ဒါပေမယ့် ကလေးစိတ်အနှောက်ယှက်ဖြစ်စေမယ့် စကားတစ်လုံးဖြစ်ဖြစ်ပြောထွက်ခဲ့ရင် ကိုကိုက အကိုရင်းဖြစ်နေရင်တောင် ကျွန်တော်ညှာတာမှာမဟုတ်ဘူး ။ "

"မင်းက တယ်လည်းစိတ်ကြီးသကိုး ။ သိပြီမလို့ အဲ့ကိစ္စအတွက်မစိုးရိမ်နဲ့ ။ အနည်းဆုံးတော့ ငါ့ကို ကော်ဖီတစ်ခွက်နဲ့ ဧည့်ခံပေးမယ်ဆိုရင်တောင် ငါ့ညီလေးအကိုအပေါ်သိတတ်တယ်ဆိုပြီး ငါကမင်းကို အကောင်းမြင်ဖို့ ကြိုးစားပေးမှာပေါ့ "

ဘာကြောင့်မှန်းမသိ ဒီနေ့ ကိုကိုသူ့ဆီလာတာကို လမ်းကြုံလို့လာတယ်လို့ ဘယ်လိုမှမခံစားရ ။ ကိုကို ဘာတွေအကြံစည်ရှိနေတာလဲ ။ ကိုကို ဘာတွေလုပ်ဦးမှာလဲ ။

သူတို့နေတဲ့ တိုက်ခန်းဆီရောက်တော့ တံခါးဖွင့်ကာ မာန်ထက်ကို,ကို ထိုင်စေလိုက်သည် ။ တဆက်တည်း ရေချိုးနေတဲ့ ရာပြည့်ကိုသတိရသွားပြီး သူရေချိုးပြီးပြီလားဆိုတာ သွားကြည့်ဖို့အပြင် ရာပြည့်သည်ခန္ဓာကိုယ်အောက်ပိုင်းကို တဘက်တစ်ထည်ပတ်လျှက် ရေစို ဆံပင်တွေကိုသုတ်ရင်းထွက်လာလေ၏ ။

" မောင်ဘယ်သွားနေတာလဲ ။ အော် ဧည့်သည်ပါလာတာမသိလိုက်ဘူး "

အစက ခိုင်မြဲပျောက်သွားလို့ မေးမလို့ကြံလိုက်ပေမယ့် ဧည့်ခန်းထဲမှာထိုင်နေတဲ့ မာန်ထက်ကို,ကိုတွေ့တော့ ရာပြည့်ရဲ့မျက်နှာ ပုံမှန်အတိုင်းတည်တင်းသွားကာ တစ်ခါမှမတွေ့ဆုံဖူးသလိုပြောလိုက်သည် ။ သူ့အကိုလည်းပါတာမလို့ ရာပြည့်အပေါ်ဝတ်မပါဘဲ ထွက်လာသည့်အပေါ် ခိုင်မြဲတွန့်တိုစွာ သူ့အရှေ့သွားရပ်ပြီး ရာပြည့်ကိုအခန်းထဲ ပြန်ခေါ်ဝင်လိုက်သည် ။

" မောင့်အကိုပါလာတယ် ။ ကလေးနဲ့ မိတ်ဆက်ပေးမလို့ အဝတ်လဲပြီးထွက်ခဲ့လိုက် ။ မောင်အပြင်မှာ စောင့်နေမယ် "

" အင်း "

ရာပြည့်ထိုမျှသာပြောပြီး ကျောခိုင်းထွက်သွားသည့် ခိုင်မြဲကိုကြည့်ကာ မာန်ထက်ကိုကဘာကြောင့် သူတို့နေတဲ့နေရာထိ ရောက်လာလဲဆိုတာ တွေးမရဖြစ်သွားသည် ။

အဝတ်စားလဲပြီးတာနဲ့ ရာပြည့်ရေစိုဆံပင်နဲ့ပင်ထွက်လာခဲ့လိုက်သည် ။ သို့သော်အေးစက်နေတဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် ညီအကိုနှစ်ဦးကြားက တင်းမာမှုကိုအပေါ်ယံခံစားမိသွားသည် ။

" သူကမောင့်အကိုလား "

မောင့်အကိုမှန်း သိနေပြီးသားဖြစ်ပေမယ့်သူတမင်မေးလိုက်ခြင်းဖြစ်သည် ။ မာန်ထက်ကိုကလည်း ရာပြည့်အပြုအမူကိုကြည့်ပြီး သူအရင်တစ်ခေါက် ရာပြည့်အလုပ်လုပ်တဲ့ဆိုင်မှာ သွားရှာတဲ့အကြောင်း ဒီကောင်လေးကသူ့ညီကို ပြောမပြထားဘူးထင်တယ် ။ ဒါကြောင့်လည်း သူ့ညီကဘာပြသနာမှ မရှာဘဲ သူ့ကိုအိမ်ထဲခေါ်ဝင်ခဲ့တာပေါ့ ။

ထိုအကြောင်းအရာကိုတွေးမိတော့ မာန်ထက်ကို ပြုံးလိုက်မိ၏ ။ ခိုင်မြဲက သူ့အကိုနဲ့ရာပြည့် ဒါပထမဦးဆုံးတွေ့ဖူးတာထင်ပြီး ဝတ္တရားအရတော့မိတ်ဆက်ပေးလိုက်သည် ။

" သူက မောင့်အကို ။ သူ့နာမည်ကို မသိထားလည်းဖြစ်တယ် ကလေး ။ ဒါပေမယ့်လမ်းမှာတွေ့ရင်တော့ဝေးဝေးကရှောင် ။ သူတို့ကလေးကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်တာမျိူးရှိလာရင် ချက်ချင်းပြော "

" ကိုကို သူကကျွန်တော့်ချစ်သူ ။ အခု ကိုကိုသိချင်တာတွေ သိရပြီဆိုတော့ပြန်လို့ရပြီ "

အကိုဖြစ်သူကို မောင်းထုတ်ရန်ကြံလိုက်ပေမယ့် မာန်ထက်ကိုကချက်ချင်းထမပြန်သေးဘဲ မတ်တပ်ရပ်ကာ ဧည့်ခန်းကို တစ်ပတ်လှည့်ကြည့်ရှူလိုက်သည် ။ ရာပြည့်ကတော့ သူတို့ကြား စိုးစဉ်လေးတောင် ဝင်မပြောဘဲ တိတ်တိတ်နေကာ အခြေအနေကို စောင့်ကြည့်နေလိုက်၏ ။ ခိုင်မြဲကအကိုဖြစ်သူရဲ့လုပ်ရပ်ကို မကြည်ဖြူပေမယ့် ဂုတ်ကနေဆွဲခေါ်ပြီး မောင်းထုတ်လို့မှမရတာ ။ ဒါကြောင့် မနှစ်သက်သည့် မျက်နှာထားနှင့်သာကြည့်နေလိုက်သည် ။ ခဏအကြာ မာန်ထက်ကိုသည်နေရာမှာပြန်လာထိုင်ပြီး ခိုင်မြဲကို ပြောလိုက်သည် ။

" ငါ့ကို ကော်ဖီတစ်ခွက်လောက်တော့ ဧည့်ခံသင့်တယ်လို့ ထင်တယ် ။ ဧည့်သည်ကို ဒီအတိုင်းထားရမယ်လို့ မေမေတို့ကမင်းကိုသင်ပေးခဲ့တယ်လို့ ငါတော့မထင်ဘူး "

" ကိုကို လွန်လာပြီနော် ''

" မောင် ငါဖျော်ပေးလိုက်မယ် "

နောက်ဆုံး ညီအကိုနှစ်ယောက်ကြား ရာပြည့်ဝင်ပါရတော့သည် ။ ဒါပေမယ့် ခိုင်မြဲကလက်မခံ ။ ရာပြည့်ကိုသူ့အတွက်မှလွဲပြီး တခြားသူအတွက် ပြင်ဆင်ပေးရတာမျိူးကိုမလိုချင်လို့ သူကိုယ်တိုင်ပဲထလုပ်လိုက်ရသည် ။

" နေ .. မောင် သွားဖျော်လိုက်မယ် "

ခိုင်မြဲ ထသွားတာနဲ့စောနကရည်ရည်မွန်မွန်ရှိနေသည့် မာန်ထက်ကိုရဲ့ပုံစံသည် ချက်ချင်းကို ပြောင်းလဲသွား၏ ။ သူ ရာပြည့်ကို ခေါင်းအစခြေအဆုံးကြည့်ပြီးတီးတိုးပြောလိုက်သည် ။

" ငါတို့တွေ့ခဲ့တဲ့ကိစ္စကို မင်းဘာလို့သူ့ကိုမပြောပြခဲ့တာလဲ ။ အမှန်ဆိုငါဘယ်လိုအကျင့်မကောင်းဘူးလဲဆိုတာ မင်းအနေနဲ့ ငါ့ညီသိအောင်ပြောပြခဲ့သင့်တယ် ။ အစကတည်းကမတည့်တဲ့ ငါတို့ညီအကိုတွေကြား ဒီထက်ပို ဆက်ဆံရေးဆိုးဝါးသွားရင်တောင် ပြသနာမှမရှိနိုင်တာ ''

တကယ်ပါ ဒီလူကတော်တော်လေးမကောင်းတဲ့သူပဲ ။ ကိုယ့်ညီရဲ့ကောင်လေးကြား သွေးခွဲစကားပြောခဲ့ပြီး ဘယ်လိုမျက်နှာနဲ့ ဒီအိမ်ထိ လိုက်လာရဲပါလိမ့် ။ မောင် အနောက်မှာပဲရှိသေးတာမလို့ သူပြောလိုတဲ့စကားကို အေးဆေးပင်ပြောချလိုက်သည် ။

" ကျွန်တော် ခင်ဗျားတို့မိသားစုကိစ္စကိုစိတ်မဝင်စားဘူး မာန်ထက်ကို ။ ခင်ဗျားရဲ့စကားလုံးတွေကလည်း ကျွန်တော့်အပေါ် ထိရောက်မှုမရှိတာမို့ ဒီကိစ္စနဲ့ပက်သက်ပြီး ရေကြီးခွင်ကျယ်မလုပ်ချင်ပါဘူး။ ခင်ဗျားမောင့်အပေါ်ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေကြံစည်တယ်ဆိုတာကို ကျွန်တော်မပြောလည်း တစ်နေ့သူ့ဘာသူသိလာမှာပါ "

" မင်းကတော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ "

" ကျွန်တော့်အတွက်တော့ ခင်ဗျားကပျင်းစရာကောင်းလွန်းတယ် "

ထိုခဏ နောက်ဖေးမှ မောင့်ရဲ့ခြေသံကို ကြားရတာမလို့ သူတို့နှစ်ဦးပြန်လည်တိတ်ဆိတ်သွားပြီး ဘာကိစ္စမှမဖြစ်ခဲ့သလို ပြန်နေလိုက်သည် ။ ရာပြည့်ကတော့လက်ထဲက စာအုပ်ကိုမျက်နှာအပ်ကာ မဆိုင်သလိုနေလိုက်သည် ။

ခိုင်မြဲသည်အကိုဖြစ်သူကို ကော်ဖီချပေးလိုက်ပေမယ့် မာန်ထက်ကိုကကော်ဖီကို တစ်စက်လေးမှတောင်မတို့ထိဘဲ သူ့ကိုနူတ်ဆက်လိုက်သည် ။

" ငါသောက်ပြီးပြီလို့ပဲသဘောထားလိုက် ။ မင်းရဲ့ဧည့်ဝတ်ကျေပွန်မှုကို ငါအမြဲမှတ်ထားမှာပါ ။ အခုတော့ ပြန်လိုက်ဦးမယ်.. အိမ်ရှင်က မကြည်ဖြူတော့ ထိုင်ရတာစိတ်မချမ်းသာဘူး ။ အမ် ဟိုဖက်ကညီလေး ၊ အကို့ညီလေးကိုအပ်ပါတယ် ။ သူ့ကိုအများကြီး ချစ်ပေးလိုက်ပါဦး "

မထိတထိပြုံးရယ်ပြီး မာန်ထက်ကိုထပြန်တော့ ဒေါသနဲ့ကျန်ခဲ့တာကခိုင်မြဲပင် ။ သူ့အကိုသူ့ကိုတမင်လုပ်တာ ။ ကော်ဖီမသောက်ချင်ဘဲ ဘာလို့ဖျော်ခိုင်သေးတုန်း ။

" ကလေးတွေ့လား သူကအခုမှမဟုတ်ဘူး ။ ငယ်ငယ်ကတည်းက မောင့်ကိုအမြဲအနိုင်လိုချင်တာ ။ တရားနည်းဖြစ်ဖြစ် မတရားနည်းနဲ့ပဲဖြစ်ဖြစ် မောင့်ကိုအနိုင်ရရင်ကို သူ့ကိုယ်သူဂုဏ်ယူနေတာ "

" အင်းပါ ထားလိုက် ။ မောင်ဖျော်ထားတဲ့ ကော်ဖီကိုငါသောက်လိုက်မယ် "

ခိုင်မြဲ ယူလာသည့် ကော်ဖီခွက်ကိုယူကာ သောက်ရန်ပြင်တော့ ခိုင်မြဲကချက်ချင်းပြန်လုယူလာသည် ။

" မသောက်နဲ့ ... မသောက်နဲ့ ။ မောင်အသစ်ပြန်ဖျော်ပေးမယ် ။ မဖိတ်ခေါ်ဘဲအိမ်ထဲအတင်းဝင်လာတဲ့ မောင့်အကိုကို ပညာပြချင်လို့ ကော်ဖီထဲမှာ သကြားအစားဆားထည့်ခဲ့တာ ။ ဒါပေမယ့် သူကံဇာတာတက်နေလို့ထင်တယ် ။ ကော်ဖီကို တစ်ငုံလေးတောင် သောက်မသွားဘူး "

မောင့်ရဲ့ကလေးဆန်ဆန် အပြုအမူကြောင့် ရာပြည့်မရည်ရွယ်ဘဲ မျက်စောင်းထိုးကာပြုံးလိုက်မိသည် ။

" လိုက်လည်းလိုက်ပါတယ် ညီအကိုတွေက "

" ဟမ် ... ဘာကိုလိုက် ။ ကိုကိုက ပိုပြီး အကျင့်မကောင်းတာလေ ကလေးရဲ့ "

" မောင်လည်းသိပ်မကွာပါဘူး "

ရာပြည့် ထိုမျှသာပြောပြီး အခန်းထဲဝင်လာတော့ ခိုင်မြဲကအနောက်ကနေ တကောက်ကောက်လိုက်ကာ သူကသူ့အကိုထက်ပိုပြီး အကျင့်ကောင်းတယ်ဆိုတာကို အတင်းသက်သေပြနေမိသည် ။ ရာပြည့်ကလည်းအဆုံးထိ ညီအကိုနှစ်ယောက်လုံး တူတူပဲဆိုပြီး ငြင်းကောင်းတုန်း ။

နောက်ဆုံး ခိုင်မြဲအရူံးပေးလိုက်ရပါတယ် ။ သူအကျင့်မကောင်းဘူးဆိုတာကိုလက်ခံပါတယ် ၊ ဒါပေမယ့် စိုးရာပြည့်ဆိုတဲ့လူသားကို အချစ်ဆုံးဖြစ်ကြောင်း ယုံကြည်ပေးပါဆိုပြီး စကားဦးလှည့်သွားသည် ။ 

-------------------- 


Continue Reading

You'll Also Like

2.1M 146K 104
Doctor Handsome & Medical Student
690K 30.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
186K 20.6K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
29.3K 1K 45
မင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထာ...