ပိုင်ဆိုင်ခွင့်လေး
#ပန်းခြယ်ရီ
"...ညနေ စောစော ပြန်လာခဲ့မယ်...ရေမိုးချိုး ထား..."
"...အွန်း..."
"...အကျီ င်္ လည်း အိမ်နေရင်း ပဲ ဝတ်ထား...အခု အကျီ င်္ မဝတ်ထားသေးနဲ့နော်..."
"...အွန်း..ရောင်...နေ့လယ် ထမင်းချိုင့်..."
"...ရတယ်...လာပို့မနေနဲ့...ကိုယ့်ဘာသာ ကြည့်ကြပ် ကြုတ်ကြပ် လုပ်လိုက်မယ်...ညနေ စောစော ပြန်ခဲ့မယ်...အခု ဆိုက်ကို ပြေးလိုက်ဦးမယ်..."
"...အွန်း...ဖြေးဖြေး မောင်း နော်...ရောင်..."
"...အင်း...တာ့တာ..."
"...တာ့တာ.."
.
"...ကိုဖိုးခွား...ကျွန်တော် ပြန်နှင့်မယ်...ဆိုက်ကို အပ်ခဲ့မယ်နော်..."
"...ဟုတ်ကဲ့ပါဗျ..."
"...အခု ကြယ်စင် ကို ပြင်ဆင် ပေးပြီး မှ ပွဲ ကို သွားမယ်...ပွဲ က Taunggyi Hotel မှာ လုပ်မှာ...ကိုဖိုးခွား က အဲ့ကိုပဲ ပြင်ဆင် ပြီး တန်းလာခဲ့လိုက်...ကျွန်တော် နဲ့ ကြယ်စင် က တစ်ကား စီးသွားလိုက်မယ်..."
"...ဟုတ်ကဲ့..."
"...ကျွန်တော် စိတ်ချမယ်နော်..."
"...ဟုတ်ကဲ့ပါဗျာ...ဆရာလေး စိတ်ချလက်ချ သွားပါ..."
"...ဟုတ်ပြီ...ကျွန်တော် သွားပြီ..."
"...ဟုတ်..."
.
"...ကြယ်စင်...ကြယ်စင်...ကြယ်စင်..."
"......"
အလင်းရောင် အော်ခေါ်နေပေမယ့်...ပြန်ထူးသံ မကြားလာတော့...ဘာများ ဖြစ်နေပါလဲ ဆိုပြီး...စိုးရိမ် နေရပြန်သည်...။
"...ကြယ်စင်...ကြယ်စင်...ကြယ်စင်...."
အသံကုန် ဟစ်ခေါ်လည်း...တုံ့ပြန်မှု ငြိမ်သက်နေတော့~~~
ရင်ထဲမှာ အပူ ဝေဒနာ ကြီး...ခံစား လာရပြီ...။
အပေါ်ထပ် အခန်းကို ပြေး...တံခါးကို အားနှင့် တွန်းဖွင့်ကာ....
"...ကြယ်စင်...ကြယ်စင်...ကြယ်စင်..."
"............"
"....ကြယ်စင်....ကြယ်..."
"...ရောင်...ကြယ်စင် ဒီမှာလေ...ဘာဖြစ်လို့လဲ.."
"...ဘယ်သွားနေတာလဲ...ဘာလို့ အော်ခေါ်နေတာ...မထူးတာလဲ..."
"...ဟို...ကြယ်စင်...အိမ်သာ ထဲမှာ မလို့...အထဲက ပြန်အော်ရမှာ...ကသိကအောက် ဖြစ်နေတာနဲ့..."
"....ရပြီ...မပြောနဲ့တော့...မနက်က ဂါဝန် လေး ယူပြီး အောက်ထပ် ဆင်း စောင့်နေလိုက်...ရေချိုးပြီး ဆင်းလာခဲ့မယ်..."
"...အင်း...ကြယ်စင် ဘာ ယူ ထားရဦးမလဲ..."
"...ဗီဒို ထဲက suits ကို တစ်ခါထဲ ယူသွားပေး..."
"...ရောင်...တစ်ခါထဲ မဝတ်ဘူးလား.."
"...အွန်း...အာ့ကို စောစောစီးစီး မဝတ်ချင်သေးပါဘူး...ပူကပူနဲ့...စိတ်ကလည်း အိုက်သေးတယ်..."
"...အင်း...အာ့ဆို ကြယ်စင် အောက်မှာ စောင့်နေမယ်နော်..."
"...အင်း..."
.
"...ပြီးပြီ လား...ရောင်..."
"...အင်း...သွားမယ် လေ..."
"...ရောင်..."
"...အင်း..."
"...ရောင် ဘယ်ဖိနပ် စီးမှာလဲ...ကြယ်စင် မယူရသေးဘူး..."
"...အာ...ဟုတ်သား...ရှူး ကို ဖိနပ်စင် မှာ ထား ထားတယ်...မေ့တော့မလို့..."
"...အင်း...အာ့ဆို သွားမယ် လေ..."
တံခါးတွေ မီးခလုတ် တွေ စစ်ပြီး...ကြယ်စင် ဖိနပ် စင် က စီးနေကျ ဖိနပ် ပါး...ကိုမှ ဒေါက် သေးသေးလေး ပါသော ဖိနပ် ကို ယူထုတ် စီးနေတော့~~~
"...ကြယ်စင်..."
"....ဟင်.. "
"...ပွဲ တက်ကို...ဒီ ဖိနပ် ပဲ စီးမှာလား..."
"...အင်းလေ...ဂါဝန် က ခြေထောက် ကို ဖုံးတော့ ဖိနပ် ကို မမြင်ရပါဘူး...ဒါ စီးလည်း ဘာမှ မဖြစ်ပါဘူး...."
"....ကျစ်...စောစော မပြောဘူး..သွားမယ် လာ...အချိန် မရှိဘူး..."
"...အင်း..."
.
မေလီဟုတ်~~~
"...ရောင်....ဒီကို ဘာလုပ်ဖို့လဲ ဟင်..."
"...ဆင်းပါ..."
"...အင်း..."
"...ကြိုဆိုပါတယ် ရှင့်..."
အလင်းရောင် ခေါင်းလေး ညိမ့်ပြလိုက်ကာ...ကြယ်စင် ကို ဆိုင်ထဲ ဝင်ဖို့ လက်လှမ်းခေါ်နေတော့...ကြယ်စင် လည်း သူ့လက် ကို ကိုင်ကာ...ဆိုင်ခန်းထဲသို့ ခြေချလိုက်သည်...။
"...ဘာများ အလို ရှိလဲ မသိဘူး ရှင့်..."
"...သူ့အတွက် သူနဲ့လိုက်မယ့်...ဒေါက် လေးတွေ ကြည့်ချင်လို့ပါ..."
"...အော်...ဟုတ်ကဲ့...ဒီဘက် ကြွပါရှင့်..."
"...ရောင်..."
ကြယ်စင် ရောင့်လက်ကို တင်းနေအောင် ကိုင်ပြီး မဝယ်ဖို့ရန် ခေါင်းရမ်းနေပြတော့...
"...လာပါကွာ..."
ကြယ်စင် လက် ကို အတင်း ဆွဲခေါ်သွားတော့...ကြယ်စင် ကိုယ်လေးက သူ့နောက် ကို
အလွယ်လေး ပါ သွားရသည်....။
"...အမ က ဆိုဒ် ဘယ်လောက် စီးနေကြလဲ..."
"...ရှင်..."
"...ကြယ်စင် စီးနေကျ ...ဖိနပ် ဆိုဒ် ကို မေးနေတာ..."
"...အော်...ကြယ်စင် က ပုံမှန် စီးနေကျ က 36 ပါ ..."
"...အော်...အာ့ဆို ဒီ ဖိနပ် အနက် လေး စီးကြည့်ပါလား...အမ..."
"...ဟုတ်ကဲ့..."
ကြယ်စင် ဘေးက ခုံပုလေး ပေါ် ထိုင်ပြီး...ဖိနပ် လျှို စီးလိုက်သည်...။
ဖိနပ် က ကြိုးတွေ များနေတော့...
"...ပေး..."
"...ဟာ...ရတယ်...ရတယ် ရောင် ရဲ့...ကြယ်စင် ငရဲကြီး နေပါဦးမယ်..."
"...ဘယ် ငရဲ မှ မကြီးဘူး...ငြိမ်ငြိမ်နေ..."
ကြယ်စင် ခါးလေးကိုင်း ခေါင်းလေး ငုံ့ ကာ...
ခြေထောက် ကို လက်က ကိုင်မလို မကိုင်မလို...လက်တွေ က ယောင်နေတော့~~~
"...ငြိမ်ငြိမ်နေ လို့...ဖယ် လက်က...မမြင်ရဘူး.."
"......"
ကြယ်စင် လက်လေး ကို ဖယ်လိုက်မိသည်...။
အလင်းရောင် လည်း စိတ်ရှည်ရှည်နဲ့...
ကြယ်စင် ကို သေချာ ဖိနပ် စီးပေးလိုက်သည်...။
"...ထကြည့်..."
"...အွန်း.."
ကြယ်စင် မတ်တတ်ရပ် လိုက်တော့...
"...ကြိုး တွေနဲ့ ရှုပ်ယှက်ခတ် နေတာ...မလှဘူး...နောက် တစ်ရံ ကြည့်ကြည့်မယ်..."
"...ဟုတ်ကဲ့..."
ဆိုင်ဝန်ထမ်း ကောင်မလေး က...မျက်လုံး လေး
ကစားပြီး ရွှေရောင် ဖိနပ် ပေါ် စိန်စီထားသည့်...
ဖိနပ်လေး...ယူလိုက်သည်...။
"...အမ ဒါလေးရော...စီးကြည့်ပါလား..."
"...ဟုတ်..."
ကြယ်စင် လက်လှမ်းယူနေတုန်း....ရှိသေး...
အလင်းရောင် ကြားထဲက ဖြတ်ယူလိုက်ပြီ...။
"...ထိုင်လေ..."
"...ဟင်..."
"...ထိုင်လိုက်ပါဆို.."
အလင်းရောင် ကြယ်စင့် ပခုံး ကို ကိုင်ပြီး...ခုံ ပေါ် ထိုင်စေ ခိုင်းလိုက်သည်...။
"....."
ကြယ်စင့် ခြေထောက် ကို ဆွဲပြီး...ဖိနပ် လေးကို စီးပေးနေပြန်သည်...။
အလင်းရောင် ဖိနပ် စီးပေးပြီး...
"...သိပ် မကြိုက်သေးဘူး...."
ဒီ တစ်ခါတော့ အလင်းရောင်....သူကိုယ်တိုင် စိတ်ကြိုက် သွားရွေးယူလာတာက...အသားရောင် ဖိနပ် လေး...။
အသားရောင် တွေ တော်တော် ကြိုက်နေတာ...တစ်ကိုယ်လုံး ကို အသားရောင် ချည်း...ဆင်နေတာ...။
ဒီတစ်ခါလည်း...သူကိုယ်တိုင် စီးပေးပြီး.. .
"...အွန်း...ကြိုက်တယ်...ကြယ်စင့် ခြေထောက် လေးနဲ့ လိုက်တယ်...ဒါပဲ ယူတော့...ဒါပဲ ယူမယ်နော်...ညီမ ဘယ်လောက်လဲ..."
"...39000 ပါ ရှင့်..."
"...အင့်..."
"..တစ်ခါထဲ စီးသွားမှာလား...ပါဆယ် ထုတ်ပေးရမလား ရှင့်..."
"...တစ်ခါထဲ စီးသွားခိုင်းလိုက်မယ်...သူစီးလာတဲ့ ဖိနပ်ပဲ အိတ်ထဲ ထည့်သွားလိုက်မယ်..."
"...ဟုတ်ကဲ့ရှင့်..."
ကြယ်စင် ထိုင်နေရာ မှ ထလိုက်တော့...
အမလေး....
ကြယ်စင် ထ လိုက်တော့...ခြေခွေ ကာ လဲကျမလို ဖြစ်တော့ အလင်းရောင် အမြန် လှမ်းထိန်း ကိုင်ပေးလိုက်ရသည်...။
"...ရရဲ့လား..."
"...ရပါတယ်...မစီးတာ ကြာလို့ ကိုယ်ဟန် အနေအထား မထိန်းလိုက်နိုင်တာပါ..."
"...အွန်း..."
"...အမ...ဒီမှာ.."
ကြယ်စင် စီးလာတဲ့ ဖိနပ် ကို အိတ်ထဲ ထည့်လိုက်ပြီး ဆွဲမယ် ကြံတော့~~~
"...ပေး...ငါ ဆွဲ ပေးမယ်..."
"...ရပါတယ် ကြယ်စင် ပဲ ဆွဲမယ်..."
"...ပေးပါ..."
အလင်းရောင် ကြယ်စင့် လက်ထဲ က အိတ် ကို...ယူ ပြီး...ဆိုင်ကနေ ထွက်ဖို့ ခြေလှမ်းနေပြီ...။
ကြယ်စင် ကတော့ ကိုယ်ဟန် ထိန်းပြီး တစ်လှမ်းချင်း တစ်လှမ်း လှမ်း နေကာ မလဲ ဖို့ ကြိုးစားလျှောက် နေရသည်...။
"...လာ..."
"...ဟင်..."
"...ငါ့လက် တွဲ...ငါ ထိန်းထားပေးမယ်..."
" ..ဟို...ကြယ်စင် လျှောက်..."
"...လာပါ ကွာ.."
ကြယ်စင့် ညာလက်ကို ယူကာ...သူ့လက်ကို ချိတ်ထားလိုက်သည်...။
ကြယ်စင် သူ့လက်ကို တွဲ ကာ...သူနှင့် တန်းတူ ခြေလှမ်းတွေ လှမ်းလျှောက်နေပြီ...။
.
Angel~~~
"...အမ သူ့ကို ပြင်ပေးပါဦး..."
"...ဘယ်လို ပုံစံ လေး လိုချင်လဲ..."
"....ပွဲ တက်မယ့်ပုံစံလေး ပြင်ပေးပါ....ဒါပေမယ့် အရမ်း တောက်ပ မနေစေချင်ဘူး...ရိုးရိုးလေး ပဲ ပါးပြင် မှာ ပြေပြေလေး ပြေးနေတဲ့ ပြင်ဆင် မှုလေး လုပ်ပေးပါ..."
"...အရမ်းကြီး grow မဖြစ်အောင် ပြင်ပေးပါ့မယ်..."
"...ဟုတ်ကဲ့..."
အလှပြင်ပေးတဲ့ အမ တစ်ယောက် က
ကြယ်စင့် မျက်နှာကို ပါရမီ ရှင်...တစ်ယောက် လို ပြင်ပေးနေတာ...ဘေးကနေ သူက လည်း..
မနားမနေ ဟိုနားလေး ဖျော့ ဖို့...လက်ညှိုး ထိုး ပြောနေသည်ကို...ပြင်ပေးတဲ့ အမ က
ညီးညူ မှု တစ်စုံတစ်ရာ မပြဘဲ...အပြုံးလေးဖြင့် သေသေချာချာ စိတ်ရှည်ပြီး ပြင်ပေးနေတာ...မိနစ် ပိုင်းတင် လေး ပဲ မျက်နှာ ပိုင်း...ပြီးပြီ...။
ဆံပင် ပိုင်း ကို ပြင် မယ် လုပ်တော့~~~
"...အမ သူ့ဆံပင် ကို အပူ မပေးပါနဲ့...ဒီအတိုင်း သူ့ ဆံပင်လေး ကို ကြည့်လှအောင် ထုံးပေးပါလားဗျ..."
"...ဟုတ်ကဲ့..."
သူက သူကိုယ်တိုင် လည်း မပြင်ရဘဲ...ဘေးမှာ ဟိုလိုလုပ် ဒီလိုလုပ် ခိုင်းနေတာ...သူတော့ မသိ...ကြယ်စင် ကတော့ အရမ်း အားနာနေရပြီ...။
သူသိ သူတတ် ရင်လည်း အစကတည်းက...
သူပဲ ပြင်ပေးလိုက်တာ...မဟုတ်ဘဲနဲ့...။
ကြယ်စင် အလှ ပြင်ပေးနေတဲ့...ရောင့် ပုံရိပ် ကို တွေးမိပြီး...စိတ်ထဲ ရယ်ချင်လာမိတာကို...
မနည်း ထိန်းထားရသည်...။
"..ကဲ...ပြီးပြီ..."
ကြယ်စင် အခုမှ...ရှေ့က မှန် ကို ကြည့်တော့မှ...ကိုယ့်ကိုယ်ကို တောင် မမှတ်မိချင်...။
အခုလို ပြင်တော့လည်း...လူက အရင်ကထပ် အများကြီး လှလာသလိုပင်...။
"...အမ ဒီမှာ...အဝတ်အစား တစ်ခါထဲ လှဲချင်လို့...ရလားဗျ..."
"...အော်...ဘာများလဲလို့ ရပါတယ်..လဲလို့...ဟိုဘက် ဘေးက ဆိုင်က အမတို့ ဆိုင်ပဲ...ပွဲတက် ဝတ်စုံ တွေ ရောင်းတာလေ..အဲ့မှာ သွားလဲရအောင်..."
"...ဟုတ်ကဲ့...ကျေးဇူး ပါဗျ..."
ကြယ်စင် ကတော့...သူလုပ်သလို သူသွားသလို...လိုက်လုပ်နေရ...ဒေါက်စီးထားတော့ မြေပြင်မှာ မလဲ ကျရအောင်လည်း သတိထား ၍ ထိန်းလျှောက်နေရ ...
ဝဋ်ဒုက္ခကလည်း...မသေးပါလား~~~
"...ဝင်လဲ လိုက်နော်..."
"...ဟုတ်ကဲ့..."
နှစ်ယောက်သား လိုက်ကာ နောက်က...အခန်းနှစ်ခန်း ကို တစ်ခန်းစီ ခွဲဝင်ပြီး ပြင်ဆင်နေသည်...။
အလင်းရောင် အဝတ်အစားတွေ ပြင်ဆင်ပြီး...အပြင်က အမတစ်ယောက်က ရုပ်ပိုထွက်အောင် မျက်နှာ နဲ့ ဆံပင် ပြင်ပေးနေတာ...တော်တော် ဖြင့် ကြာနေပြီ...။
သူမ က အခုထိ မထွက်လာသေး...။
အလင်းရောင် ဘာများ ဖြစ်နေလဲ ဆိုပြီး...သူမ အခန်းဝရှေ့ သွားရပ်ကာ...
"...ကြယ်စင် ကြယ်စင်..ဟေ့..."
အထဲ က ပြန်မထူးလာသည်နှင့်~~~
တံခါးဖွင့် ဝင် လိုက်တော့.....
"...အမလေး...ရောင်..."
ကြယ်စင် နောက်ကျော က ဇစ်ကို မမှီတမီ ဆွဲနေတာက ကြာနေပြီ...အထဲက အတွင်းခံ အကျီ င်္ နဲ့ ဇစ် က ညှပ်နေတာလေ....သူက မပြောမဆို ဝင်လာတော့...
ကြယ်စင် မျက်လုံး ပြူးရသည်...။
အလင်းရောင် အခုမှ...ပြန်ပဲ ထွက်ရမလိုလို...
ဆက်ပဲ နေနေရမလိုလို...အခက်ကြုံနေရပြီ...။
ဒါပေမယ့် အရှေ့က သူမ ဝတ်တာ...ပုံ မကျတော့...ဝင်ပါ ရတော့မယ်လေ...။
"...အထဲက ဟာ ချွတ် လိုက်.."
"...ဟင်..."
ကြယ်စင် အခုမှ တကယ် မျက်လုံး ပြူးရပြီ...
"...ချွတ်လိုက်လို့..."
"...ချွတ်လိုက်ရင်...ကြယ်စင် ဘာခံ ဝတ်ရမလဲ..."
"...မဝတ်နဲ့ပေါ့..အခုချိန် သွားဝယ်ဦး..ပြန်လာဦး အချိန် မမှီတော့ဘူး...ချွတ်လိုက်...နို့မို့ဆို မလှဘူး...ဝတ်စုံ က မင်း အကျီ င်္ကိုင်း ပေါ်နေရင်...ဘယ်လှမလဲ..."
"...ဒါပေမယ့်...ကြယ်စင် တစ်ခါမှ အဲ့လို ချွတ် မဝတ်ဖူးဘူး...ဟာတာတာ ကြီး နေမှာ...မနက်က ဒါ အဆန်းဝတ်ကြည့်တော့...ကိုင်း ကို အမ ဖြုတ်လိုက်တာ..."
"...အော်...အာ့ဆိုလည်း ဖြုတ်လိုက်လေ..."
"...ဒါပေမယ့် အာ့က မနက် က တစ်ထည်လေ...ကြယ်စင် ရေချိုးပြီး လဲတော့ ဒါက အသေ...ဖြုတ်မရဘူး..."
"...ကျစ်...ငါ ပြောသလို ချွတ်လိုက်လို့...ရုပ်ရှင် မင်းသမီး တွေလည်း ဒီလို တစ်ခါတစ်ရံ အထဲ က မဝတ်ဘဲ ဝတ်စုံ ကို ဝတ်ရတဲ့ အခါလည်း ရှိတာပဲ..."
"...ဒါပေမယ့် ကြယ်စင် က ရုပ်ရှင် မင်းသမီး မှ မဟုတ်တာ..."
"...နောက်ကျနေပြီ...ဟိုကို 6နာရီ အရောက် ပြောထားတာ..အခုတင် 7နာရီ က ထိုးပြီးနေပြီ...ငါ ပြောသလို လုပ်လိုက်ပါကွာ...ငါ...ချွတ်ပေးရမလား...ပြော..."
"...ဟမ်...နေ...နေ...ကြယ်စင့်ဘာသာ ကြယ်စင် ကြည့်လုပ်လိုက်မယ်..."
"...ဘယ်လိုလုပ်မှာလဲ..."
"...မချွတ်ဘဲနဲ့ ကြိုးကိုပဲ အထဲ ထည့်လိုက်မယ်..."
"...သဘော..."
ကြယ်စင် ကြိုးလေးကို အထဲ အကျီ င်္ထဲ ထည့်နေပေမယ့်...ကြိုးကိုင်းလေးတွေက တစ်ချက် တစ်ချက် အပြင်ဘက်ကို အစလေး တွေ ထွက်လာတော့~~~
"...ငါ့စကား နားထောင်...ဟိုဘက်လှည့်..."
"...ရောင်..."
"...ကျစ်...လှည့်လို့ ပြောနေတယ်..."
ကြယ်စင် လက်က ...အကျီ င်္ဇစ်ကို ကိုင်ထားသော သူ့လက် ကို ပြန်ကိုင်ထားမိတော့ သူက လက်ကို ပုတ်ချလိုက်သည်...။
အလင်းရောင်...ဇစ်နဲ့ ညှိနေသော..အကျီ င်္စလေးကို ဖြုတ် ပေးပြီး...
"...ဖယ်လိုက်တော့...ရပြီ..."
"...အင်း...ရောင်...နောက်လှည့်နေနော်..."
"...အင်း..."
"...လှည့်မလာနဲ့နော်..."
"...အင်း..."
"...မလှည့်သေးနဲ့နော်..."
"...အေးပါ...ငါ သိပါတယ်...မြန်မြန် လုပ်..."
"...ပြီးပြီ.."
အလင်းရောင် လှည့်ကြည့်တော့ မသေမသပ်နဲ့ ဆွဲတင်ထားသော...သူမ ဇစ်...။
အလင်းရောင် အပေါ်ထိ သေချာ ဇစ် ကို..
ဆွဲတင်ပေးလိုက်သည်...။
ကြယ်စင် က တော့...ရှက်စိတ်ကြောင့် လူတစ်ကိုယ်လုံး...မီးဖိုထဲ မှာ ရှိနေတဲ့ လူလို...
ပူထူနေတာ...မျက်နှာ ကို ဘယ်ထားလို့ ထားရမှန်း မသိတော့~~~
"...ရပြီ...သွားမယ်..."
"..ဟင်...အင်း..."
နှစ်ယောက် သား...လက်ချိတ်ကာ...ခြေလှမ်း ညီစွာ...လျှောက်လှမ်းကာ...
Taunggyi hotel~~~~သို့...
.
"...ဆရာလေး..."
"...ကိုဖိုးခွား ရောက်နေတာ ကြာပြီလား..."
"...သိပ်မကြာသေးဘူး အခုမှ ရောက်တာဗျ...ဆရာလေး ပြောတော့ ကြယ်စင် နဲ့ အတူတူ လာမှာ ဆိုဗျ..."
"...ဗျာ..."
ဘေးမှာ လက်ချိတ်ပြီး ပါလာတဲ့ ကြယ်စင် က သူ့ဘေးမှာ ကို ကြယ်စင် ဆိုပြီး မေးနေတော့...လူက ကြောင်နေရပြီ...။
"...ကြယ်စင် ကို မခေါ်လာဘူးလား..."
"...ကိုဖိုးခွား ကြယ်စင် ပဲလေ..."
"...ဗျာ.."
ဖိုးခွား အခုမှ...ကြယ်စင် ကို သေချာ ကြည့်ပြီး မှ...
"...ကြယ်စင်...မှတ်တောင် မမှတ်မိဘူး ဗျာ.."
"...ကိုဖိုးခွား ကလည်း ကြယ်စင် ကို...မနေတတ်အောင် မလုပ်ပါနဲ့..."
"..တကယ်ဗျ..."
"...အထဲ ဝင်ရအောင်..."
"...အင်း..."
"...ဆရာလေး တို့ပဲ သွားနှင့် လိုက်ဗျ...ခဏနေမှ ဆရာ မိုးသောက် နဲ့ အတူ အထဲ ဝင်လာမယ်ဗျ..."
"...သူလာနေပြီလား..."
"...ဟုတ်ကဲ့...လာနေပြီလို့ ဖုန်းဆက်လာတယ်..."
"...အာ့ဆို ကျွန်တော် တို့ပဲ ဝင်နှင့်လိုက်မယ်...."
"...ဟုတ်ကဲ့..."
"...ကြယ်စင် ဟို ရောက်တာနဲ့ ကိုယ့်ဘာသာ အေးဆေး နေနော်..."
"...အင်း..."
"...ဝိုင်...အရက် လုံးဝ မသောက်နဲ့...သူတို့ လာပေးလည်း မသောက်နဲ့..."
"...အင်း..."
"...ငုံ့မယ်ဆိုရင်...ရင်ဘတ် ကို လက်နဲ့ ဖိထား..."
"...အင်း.."
"...ဟာ...ခဏ..."
"...ဘာဖြစ်လို့လဲ ရောင်..."
"...ဒီဘက်လှည့်..."
ကြယ်စင် သူ့ဘက် လှည့်တော့...
သူက ကြယ်စင့်  မျက်နှာ နှင့် နီးကပ်နေပြီး..
လက် တွေက ကြယ်စင့် လည်ပင်း မှာ...
သူ ဆွဲကြိုး လေး ဝတ်ပေးနေတာလေ...
သူ မှုတ်ထုတ်လိုက်တဲ့...လေ နွေးနွေးလေးတွေက ကြယ်စင့်  လည်ပင်း မှာ ရိုက်ခတ်နေတော့...ကြယ်စင် ရဲ့ ရင်ခုန် နှုန်း တွေက 1နာရီ မိုင် 60 မောင်းနှင် တိုက်ခတ်နေပြီ...။
"...လှတယ်...သွားမယ် လာ..."
"...အင်း..."
.
"..အလင်းရောင် ...အခုမှ ရောက်ရတာလားကွ...မင်း ကို စောင့်နေတာ ကြာလှပြီ..."
"...ငါ့မိန်းမ ကို စောင့်နေလို့ပါဟ..."
"...ဟာ...ဒါ...မင်း မိန်းမ လား...မင်္ဂလာ ဆောင်တဲ့ နေ့က မျက်နှာ သေချာ မကြည့်မိဘူး...လှတာကွာ...ယျောင့်...မင်း ကို အားကျတာ..."
"...မင်း ကလည်း မင်း မိန်းမ ကို အခုမှ ပွဲထုတ်ရလားကွ..."
"...အေးလေကွာ..."
"...ဒီနေ့ ပွဲထုတ်လာတာပဲ...ကျေးဇူး တင်..."
"...ဟား...ဟား...အေးပါကွာ..."
"...ကြယ်စင် လာ...မုန့်စားမလား..."
"...ဟင်..."
"...လာ...သွားမယ်..."
ခုံတန်းလျား ရှည်နား အရောက်~~~
"...အလင်း..."
"...လှိုင်..."
"...အခုမှ ရောက်တာလား..လှိုင် က စောင့်နေတာဖြင့် ကြာလှပြီ..."
"...sorry ကွာ...ကိုယ် နောက်ကျ သွားတယ်..."
"...ထားပါတော့...လာ ဒယ်ဒီ တို့က စောင့်နေတာ..."
"...ဟာ...လူကြီးတွေ စောင့်နေကြတာလား...အားနာစရာကြီး ကွာ..."
"...လာပါ...အလင်း ရဲ့...သွားရအောင်..."
လှိုင်ပွင့်ဝေ ဆိုတဲ့ သူက...ရောင့် လက်ကို ဆွဲပြီး ကြယ်စင့် နားက ခေါ်ထုတ်သွားပြီ...။
"...အစကတည်းက ရောင်...သူနဲ့ တွဲပြီး ပွဲ တက်လိုက်တာ မဟုတ်ဘူး...အခုတော့ ကြယ်စင် ကို ခေါ်လာပြီး ဒီလို မြင်ကွင်း ကို ကြည့်ခိုင်းဖို့လား..."
လှိုင်ပွင့်ဝေ အဖေ ဆိုသူနဲ့ ရောင် ဘာတွေများ ပြောပြီး ရယ်မော နေကြပါလိမ့်~~~
လှိုင် ဆိုသော သူက ရောင့် လက် ကို ပုတ် လိုက် ရယ်လိုက် နဲ့ ....
ကြယ်စင် ကသာ...ဘယ်မှ မရွေ့သွားရဲ...
လူစိမ်း...အမြင်စိမ်း...နေရာစိမ်း မှာ...ကြယ်စင် ဘာလုပ်ရမလဲ....။
သူစိမ်းတွေကြား...ထားခဲ့ရက်နိုင်တဲ့...ရောင်~~
"...ကြယ်စင်..."
"...ဟင်...မိုးသောက်..."
"...ဟုတ်မှ ဟုတ်ပါ့မလားလို့...အရဲစွန့်ပြီး ခေါ်ကြည့်ရတာ..."
"...ဘာဖြစ်လို့လဲ..."
"...ကြယ်စင် မှန်း မသေချာ လို့ပေါ့..."
"...ရှင်..."
"...ကြယ်စင် က အရမ်းလှနေတာကိုး..."
"...မိုးသောက် ကို လည်း လူကို မြှောက်နေပြန်ပြီ..."
"...တကယ်ပြောတာပါဗျာ..."
"...ကျေးဇူး ပါရှင်..."
"...ဘာစားမလဲ.. "
"...ဘာစားရမှန်း ကို မသိဘူး...ကြယ်စင် လည်း စားဖို့ ကြည့်နေတာ..."
"...လာ...ကိုယ်ညွှန်းပြမယ်..."
"...အင်း..."
မိုးသောက်နဲ့ ကြယ်စင် စားဖို့ ပန်းကန် လေး ယူကာ...လျှောက်ကြည့်နေချိန်~~~
"...အလင်း...ဒါ ကောင်းတယ်...ရော့..."
"...ဟင်...အင်း..."
"...ကြယ်စင် ဒါလေး စားကြည့်...ကောင်းတယ်..."
"...အလင်း.."
အမလေး~~~
ကြယ်စင် နဲ့ လှိုင်ပွင့်ဝေ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် တိုက်မိပြီး...သူတို့ ပန်းကန်ထဲ က စားဖွယ် မျိုးစုံ က သူတို့ အကျီ င်္ တွေပေါ်...ကျကုန်ပြီ...။
ကြယ်စင် ကတော့ နောက်ကို မယိုင်လဲ ကျတာက...မိုးသောက် ကြယ်စင် ကိုယ် ကို ဝင်ထိန်းထားပေးလို့...
လှိုင်ပွင့်ဝေ တော့ အနောက်ကို လှန် ကျ သွားရသည်...။
"...လှိုင်ပွင့်..."
"...လှိုင်..."
အလင်းရောင် ကြယ်စင် ကို တွန်းပြီး လှိုင်ပွင့်ဝေ ကို ဆွဲထူကာ~~~
"...ကြယ်စင် အနောက်လှည့်ရင်...သေချာ ကြည့်လှည့်လေကွာ...အနောက် လူ ရှိ မရှိ...မျက်လုံး တွေက မမြင်လည်း လက်ထဲ က ပန်းကန် တွေ သေချာ ထိန်းကိုင်ပါလား..."
"...ကြယ်..."
"...တော်...မင်း ပြန်တော့.."
"...အလင်းရောင် မင်း...မိန်းမ လေ...ဒါ."
မိုးသောက် ဝင်ပြောတော့~~~
"...ငါ့မိန်းမ မလို့ ငါ...ပြောနေတာ..."
"...မင်း..."
"...မိုးသောက် ရတယ်...ကြယ်စင် ကို ပြန်လိုက်ပို့ပေးပါလား..."
"...အင်း.."
မိုးသောက် အပေါ်ထပ် အကျီ င်္ချွတ် ကာ...ကြယ်စင့်  ကိုယ်ကို လွှမ်းခြုံ ပေးလိုက်မှ...ကြယ်စင့်
အကျီ င်္ မှာ ပေရေနေတာ အလင်းရောင် တွေ့လိုက်တော့မှ...မှားမှန်း သိပြီ...။
"...သွားမယ်..."
ကြယ်စင့် ပခုံး ကို ကိုင်ကာ...မိုးသောက် ပွဲခင်း မှ ပြန်ခေါ်သွားသည်...။
.
"...ကြယ်စင်..."
"...မိုးသောက်...ကြယ်စင် တစ်ယောက်ထဲ နေချင်လို့ပါ..."
"...ဟုတ်ပြီ...ကိုယ်ပြန်တော့မယ်..."
"...အင်း..."
မိုးသောက် ကား...ထွက်သွား မှ...ကြယ်စင် သူ့အကျီ င်္ပေးဖို့ မှတ်မိရသည်...။
.
အိမ်ပြန်ရောက်တော့...အိမ် တစ်အိမ်လုံး မှောင်မဲ နေသည်...။
ခြံတံခါး တွေလည်း သော့ခတ် ထားသည်...။
အလင်းရောင် ထိတ် လန့်ပြီး...
တံခါးတွေကို အကြမ်းပတမ်း ဖွင့်~~
"...ကြယ်စင်...ကြယ်စင်.."
အော်ခေါ်ပြီး အိမ်ထဲ ဝင်တော့...မှောင်မဲ နေတဲ့ အိမ်...။
မီးတွေ ဖွင့်...အပေါ်ထပ် အိပ်ခန်း တွေ ပြေးကြည့်တော့ မှောင်နေတဲ့ အိပ်ခန်း...
မီးဖွင့်ကာ...အိပ်ခန်းထဲ ပတ်ရှာ...
ရေချိုးခန်း အိမ်သာ..သူမ အရင် အိပ်ခန်း...
မီးဖိုခန်း အိမ်နောက်ဖေး ဘုရားခန်း...
တစ်အိမ်လုံး နေရာလပ် မကျန်...ရှာကြည့်ပေမယ့်...သူမ အရိပ်အရောင် မတွေ့ရ...။
အလင်းရောင် ထိတ်လန့်ပြီး...ကား ပေါ်တက်...အကြမ်းပတမ်း မောင်းထွက်သွားသည် ကို ဖိုးခွား ကြည့်ပြီး ဘာလုပ်ရမှန်း မသိ...။
"...မိုးသောက်...ယျောင့်...မိုးသောက်..."
အိမ်ရှေ့မှာ အော်ခေါ်သံ ကြားတော့...မိုးသောက် အပြင်ထွက် လိုက်သည်...။
ခွပ်~~~
လူက ကိုယ်လေး ပဲ ထွက်ရသေး...ဘယ်သူမှန်း မသိသေးတဲ့ အချိန်...မျက်နှာ ကို ထိုးခံရတော့...
ဒေါသ က ငယ်ထိပ် တက်ဆောင့် သွားသည်...
"...အလင်းရောင်...မင်း ဒါ..ဘာလုပ်တာလဲ..."
"...ငါ့ မိန်းမ ဘယ်မှာလဲ..."
"...မင်း အိမ် မှာ နေမှာပေါ့...ငါ့ လာမေးနေတယ်..."
"...မင်း အခုမှ ငါ့ကို ဘတ်ကီး မရိုက်နဲ့...ငါ့ မိန်းမ ကို ဘယ်မှာ ဖွက်ထားလဲ..."
"...မင်း မိန်းမ ကို...ငါကဘာလို့ ဖွက်ရမှာလဲ..."
"...မင်း ငါ့မိန်းမ ကို အိမ်ပြန် ပို့ပေးဖို့ ခေါ်သွားတာလေ..."
"...ငါ...အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်..."
"...မရှိဘူး ကွ...မရှိဘူး..."
"...မင်း အိမ် သေချာ ပတ်ကြည့် ရှာပေါ့ကွ..."
"...မတွေ့လို့ပေါ့ကွ..."
"....ဘာ..."
မိုးသောက် တကယ် လန့်သွားပုံ ထောက်ရင်...သူ မသိဘူးလား...။
ကြယ်စင် ဘယ်ရောက်သွားတာလဲ...
အမေ့ဆီလား~~~
အလင်းရောင် ကားပေါ်တက် ကား မောင်းထွက် သွားပြန်သည်...။
"...မေ့...မေ့..."
"...လူလေး...ဘာဖြစ်လို့လဲ...မင်း အမေတို့ အိပ်နေပြီကွ..."
"....ဦးလေး...ကြယ်စင် ဒီမှာလား...သူ ဒီရောက် နေတာလား..."
"...မလာပါဘူးကွ..."
"...ဗျာ..."
အလင်းရောင် နွေခေါင်ခေါင် မိုးကြိုး ပစ်ခံရသလို~~~
"...အိမ်ပြန်လိုက်ဦးမယ်..."
"...လူလေး...လူ.."
"...ကိုဖိုးခွား...ကြယ်စင် တွေ့လား...အိမ်ပြန်ရောက်ပြီလား..."
"...မရောက်သေးဘူးဗျ..."
အလင်းရောင် အရုပ်ကြိုးပျက်သလို ထိုင်ချမိသည်...။
သူမများ ပြန်လာ မလား ဆိုပြီး ထိုင်စောင့်နေတာ...မိုးလင်းသည် အထိ....။
"...အိမ်ရှင် တို့ ....အိမ်ရှင် တို့"
အလင်းရောင် မှေးနေရာမှ အိမ်ရှေ့ ပြေးသွားတော့...
"...အလင်းရောင် တို့ အိမ်များလား ဗျ..."
"...ဟုတ်ပါတယ် ဗျ..."
"...ဒီမှာ...စာ ပို့ခိုင်းလို့ ဗျ..."
"...ဟင်..."
အလင်းရောင် စာ အိတ် ကို ဖွင့် ကြည့်တော့...
စာရွက်လေး ၃ ရွက်...
ဖတ်ကြည့်တော့~~~
နှစ်ဦးသဘောတူ ကွာခြင်းပျက်ဆဲ ခြင်း စာချုပ်~~
#ပန်းခြယ်ရီ
......................................................
pann စာအရေးအသား မှားခဲ့ရင်..ခွင့်လွှတ်ပါနော် 🙏
အရေးအသား ရိုင်းသွားရင်လည်း နားလည်ပေးပါရှင့် 🙏
pann အရေးအသား အရမ်း လိုအပ်နေသေးတဲ့ အတွက်...သည်းခံ ပေးပါဦးနော်...🙏
pann ကြိုးစားရေးသွားပါမယ်နော်💪💪💪
pann အခုတလော ဂိုက် ပြပေးနေရတော့...
စာတင်ပေးတာ အချိန်မမှန်တော့ပါဘူး...ခွင့်လွှတ်ပါနော် 😥😥
အချိန်ပေး ဖတ်ပေးတဲ့ တစ်ဦးတစ်ယောက် စီတိုင်းကိုလည်း ကျေးဇူး တင်ပါတယ်ရှင့်...☺😍😘