မြတ်နိုးရာ...သူ

By XingNge

53.7K 4.9K 236

ဖြူစင်သောမြတ်နိုးခြင်းတွေဖြင့်ချစ်သည်အစ်ကို... More

မိတ်ဆက်...(Zaw+Uni)
အပိုင်း (တစ်)(Zaw+Uni)
အပိုင်း (နှစ်)(Zaw+Uni)
အပိုင်း (သုံး)(Zaw+Uni)
အပိုင်း (လေး)(Zaw+Uni)
အပိုင်း (ငါး)(Zaw+Uni)
အပိုင်း (ခြောက်)(Zaw+Uni)
အပိုင်း (ခုနှစ်)(Zaw+Uni)
အပိုင်း (ရှစ်)(Zaw+Uni)
အပိုင်း (ကိုး)(Zaw+Uni)
အပိုင်း (တစ်ဆယ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်တစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်နှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်သုံး)(Zaw+Uni)
အပိုင်း (တစ်ဆယ့်လေး)(Zaw+Uni)
အပိုင်း (တစ််ဆယ့်ငါး)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ခြောက်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ရှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ကိုး)(Zaw+Uni)
အပိုင်း (နှစ်ဆယ်) ( ဇာတ်သိမ်းပိုင်း)(Zaw+Uni)
မြတ်နိုးခြင်း...လက်ဆောင် (Zaw+Uni)

အပိုင်း (တစ်ဆယ့်ခုနှစ်)(Zaw+Uni)

1.8K 200 3
By XingNge

အလွတရား...






သိပ်ချစ်တယ် အစ်ကို...။


" ဟုတ် အစ်ကို ''






" ဟုတ် ဆရာမ ''




" အာ ဆရာမကလည်း ''


" ကလေးငယ် ဘာစားခဲ့လဲ ''




" နွားနို့တစ်ခွက်ထဲ ဘယ်အားဖြစ်မှာလဲ လာ ကန်တင်းသွားရအောင် တစ်ခုခုစားရမယ် ကလေးငယ် ''

" အဲ အစ်ကို ''


" ဘာလို့လဲ ငယ် ''

" ဟို လက်..လက် ''

" လက်ဘာဖြစ်လို့လဲ ငယ် ''



" ဟမ် ဘာလို့လဲ ''



" ဟုတ် ''

" လာ သွားရအောင် ''






" ဟွန့် ''



" ချစ်စရာလေး ငယ် ရာ ''




" အစ်ကို ''

" ဟင် ''


" ဟား..''


" ဘာရယ်တာလဲဗျာ ''

" ရှက်နေတာလား ငယ် ''


" ဟာ ငယ်ရာ...''



" ဟာ အစ်ကို ''



" အစ်ကို တော်တော့လို့ ''

နောက်တစ်ခါ အော်လာသည့် ကလေးငယ်က ရှက်နေသည်ကြောင့်မျက်နှာလေးတွေပင် ရဲနေလေပြီမို့ သူမစတော့ဖို့စဉ်းစားလိုက်သည် ။


" ဟုတ် ''

" ငယ် ''

" ဗျာ ''







" ဟုတ် ချစ်တယ် အစ်ကို ''

" အစ်ကိုလည်း ချစ်တယ် ''

" အတန်းသွားကြတော့မလား ''


" ဟုတ် ''


" ဟုတ် ''

" အင်း သွားရအောင် ''




°°°°°°°°°°°°°°°°°°°°°💜°°°°°°°°°°°°°°°°°°°°


" ဟင် ဘာလို့လဲ ငယ် ''




" ခဏလေးပဲနော် ''

" အွန်း အွန်း ခဏလေးပဲ ''

" အင်း သွားရအောင် ''



ချစ်ရသူလက်ကို ဆုပ်ကိုင်ထားချိန်၌ ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်ရလိုက်သည့်နှယ် ခွန်အားတွေအားအင်တွေ အပြည့်ဖြစ်သည် တဲ့ ။





" ဟင် ''


" ပျော်လား အခု ''




" ဟင် ဘာကိုလဲ ငယ်ရဲ့ ''





" ဟုတ် ''


" ဟုတ် ''


" အစ်ကို....''


" ကလေးငယ်...''








" ချစ်တယ် ကလေးငယ် ''




°°°°°°°°°°°°°°°°°°°°°°°💜°°°°°°°°°°°°°°°°°°°

Unicode

အလှတရား...

ဟောဒီ့ကမ္ဘာမြေကြီး၌ များစွာသော အလှတရားတွေ ရှိသည် ။

သို့ပေမဲ့ လူသားတစ်ယောက်အတွက်တော့

အလှပဆုံးသော အလှတရားဆိုသည်မှာ ချစ်ရသူ၏ အပြုံးတစ်ပွင့် သာဖြစ်မည်ထင်သည် ။

သူ့ထံသို့လျှောက်လှမ်းလာရင်း ပြုံးပြလာသော အစ်ကို့ အပြုံးတွေက သူ့အတွက်တော့ ဟောဒီလောကကြီး၌ အလှပဆုံးသော အလှတရားပင် ။

ပြီးပြည့်စုံသော အလှတရားတစ်ခုဖြစ်စေရန် ထမ်မံဖြည့်စွက်လာသော ပါးချိုင့်ငယ်လေးကလည်း ဘယ်အရာမှ ယှဉ်မမှီနိုင် ။

သိပ်ချစ်တယ် အစ်ကို...။

" သက်သာသွားပြီလား ကလေးငယ် ''

" ဟုတ် အစ်ကို ''

" အဟမ်း ဆရာဂင် နဲ့ ဌာနမှူ း မထင်ထားဘူးနော် ဟီး ''

နားနေခန်းထဲ ဝင်လာသော ဆရာမဂျူလီက သူနဲ့အစ်ကို့ကိုတွေတော့ ပြုံးစစဖြင့် စလေသည် ။

သူမူးလဲသည့်နေ့ကစပြီး သူတို့အကြောင်းက သူတို့မေဂျာတင်မက အနီးအနားမေဂျာတွေထိပါ ပျံ့နှံ့ခဲ့သည်လေ ။

ဆရာမဂျူလီအား အစ်ကိုက ပြုံးရုံသာပြုံးပြပြီး ဘာမှမပြောချေ ။

" ဆရာဂင် နေကောင်းသွားပြီလား''

" ဟုတ် ဆရာမ ''

" ဆရာ့ကို ဆရာ့တပည့်တွေက စိတ်ပူနေကြတာ ''

" ဟုတ် ကျွန်တော့်ဆီဖုန်းဆက်ကြတယ် ''

" ဟုတ်ကဲ့ ကဲပါ ဆရာတို့ကို ဂျူလီ မနှောင့်ယှက်တော့ပါဘူး ဟီး ကန်တင်းဘက်ခဏသွားလိုက်ဦးမယ်နော် အတန်းချိန်ကလိုသေးတာဆိုတော့လေ.''

" အာ ဆရာမကလည်း ''

ဂျွန်မြောင် ဆရာမဂျူလီစကားကြောင့် မျက်နှာပူကာ တစ်ဖက်သို့မျက်နှာလွှဲလိုက်မိသည် ။ အစ်ကိုကတော့ ပါးချိုင့်ကြီးပေါ်အောင်သာ ပြုံးနေသည် ။

" ကလေးငယ် ဘာစားခဲ့လဲ ''

" နွားနို့ပဲသောက်ခဲ့တယ် မနက်ကထတာနည်းနည်းနောက်ကျသွားလို့ ''

" ဟင် နေကောင်းခါစကို မနက်စာဂရုစိုက်စားမှပေါ့ ဆေးသောက်စရာတွေရှိသေးတယ်မလား ''

" နွားနို့သောက်လာတယ်လေ ''

" နွားနု့ိတစ်ခွက်ထဲ ဘယ်အားဖြစ်မှာလဲ လာ ကန်တင်းသွားရအောင် တစ်ခုခုစားရမယ် ကလေးငယ် ''

" အဲ အစ်ကို ''

သူ့လက်ကိုဆွဲကာ ကန်တင်းဘက်သွားဖို့လုပ်နေသော အစ်ကို့အား သူမနည်းပြန်ဆွဲရသည် ။

" ဘာလို့လဲ ငယ် ''

" ဟို လက်..လက် ''

" လက်ဘာဖြစ်လို့လဲ ငယ် ''

ပြောပြောဆိုဆိုဖြင့် သူ့လက်တွေအား ဘယ်ပြန်ညာပြန်ကြည့်လာသော အစ်ကို့ကြောင့် ဆိုလိုရင်းကိုမနည်းရှင်းပြရသည် ။

" မဟုတ်ဘူး လက်ကိုလွှတ်ပေးပါလားပြောမလို့ ''

" ဟမ် ဘာလို့လဲ ''

" ကျောင်းထဲမှာလေ လက်တွဲသွားဖို့ကျ ဘယ်သင့်တော်မလဲ ငယ် တို့က ဆရာတွေမလား ''

" အင်း ငယ် ပြောတာဟုတ်သား အစ်ကိုလောသွားလို့ ''

" ဟုတ် ''

" လာ သွားရအောင် ''

ကန်တင်းဘက်ထွက်လာတော့ သူတို့နှစ်ယောက်ကိုမြင်တဲ့ ဌာနမှဆရာတွေက ကျောင်းသားတွေက ပြုံးကာကြည့်နေကြသည် ။

ဂျွန်မြောင် မျက်နှာတွေပင်ပူလာသည် ။ အစ်ကိုကတော့ သူ့အဖြစ်ကိုရိပ်မိသည့်နှယ် သူ့ကိုပြုံးကာ ခဏခဏ ကြည့်သည် ။

" ငယ် ရော့ နို့ပေါင်မုန့်လေး နဲ့ နွားနို့ ''

" ဟင် နွားနို့ပဲလား မနက်ကလည်း သောက်လာတယ်လေ ''

" မရဘူး သောက်ရမဲ့ဆေးတွေကအများကြီး ထပ်သောက်ရမယ် ပေါင်မုန့်ရော နွားနို့ရော ကုန်အောင်စား ငယ် ''

" ဟွန့် ''

နှုတ်ခမ်းလေးဆူကာ မျက်နှာလေး မဲ့ကနဲဖြစ်သွားသည့် ကလေးငယ်၏ ပုံစံလေးကြောင့် ရီရှင်း ငေးကနဲပင်ဖြစ်သွားရသည် ။

အမြဲလူကြီးလေးတစ်ယောက်လို တည်ငြိမ်တတ်သည့် ကလေးငယ်ဆီမှ ခုလိုကလေးဆန်သောအပြုအမူလေးမြင်ရတာ ပထမဆုံးပင် ။

" ချစ်စရာလေး ငယ် ရာ ''

နှုတ်ခမ်းလေးဆူနေရင်းပင် သူ့အားဘာလဲဆိုသောအကြည့်တွေဖြင့် မော့ကြည့်လာသော မျက်ဝန်းတောက်တောက်လေးတွေကြောင့် သူထပ်ငေးရပြန်သည် ။

ကလေးငယ်သည် သူ့အတွက် ဘုရားသခင်မှ ပေးအပ်ထားသော အလှပဆုံးသော ဆုလာဘ်တစ်ခုပင် ။ သိပ်လှပလွန်းသော တိမ်တိုက်ဖြူလေးကို သူမြတ်နိုးစွာ ချစ်ပါသည် ။

အစ်ကိုတို့ ဘယ်အခါမှ မဝေးချင်ဘူး ကလေးငယ် ။

" အစ်ကို ''

" ဟင် ''

" အဲ့..အဲ့လောက်ကြီး မကြည့်နဲ့လေ သူများတွေ ဝိုင်းကြည့်ကုန်ပြီ ''

" ဟား..''

မျက်နှာလေးရဲကာ ခေါင်းလေးငုံ့ကာ မချင့်မရဲပြောလာသော ကလေးလေးကြောင့် သူအသံထွက်ပင်ရယ်မိသွားသည် ။

" ဘာရယ်တာလဲဗျာ ''

" ရှက်နေတာလား ငယ် ''

ပြုံးစစဖြင့်ပြောလာသော အစ်ကို့အား သူမျက်စောင်းထိုးလိုက်မိသည်ထင် ။

" ဟာ ငယ်ရာ...''

သူ့အားမျက်စောင်းလေးထိုးလာသော ကောင်ငယ်လေး၏ ချစ်စရာအပြုအမူလေးကြောင့် သူအသည်းယားစွာ မျက်စိရှေ့က ကလေးငယ်၏လက်ဖျားတွေကို ဖျစ်ညစ်လိုက်မိသည် ။

" အစ်ကို့ရင်ခွင်ထဲ လာပုန်းနေမလား ''

" ဟာ အစ်ကို ''

သူ့၏ စနောက်မှုလေးကြောင့် ဆူဆောင့်ဆောင့်အသံလေးထွက်လာသည် ။

" ကလေးငယ်လေး ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေတာလဲ ''

" အစ်ကို တော်တော့လို့ ''

နောက်တစ်ခါ အော်လာသည့် ကလေးငယ်က ရှက်နေသည်ကြောင့်မျက်နှာလေးတွေပင် ရဲေနေလေပြီမို့ သူမစတော့ဖို့စဉ်းစားလိုက်သည် ။

" ဟား ဟုတ်ပါပြီ မပြောတော့ဘူး ဆေးပါတယ်မလား ဆေးသောက်ဦးငယ် ''

" ဟုတ် ''

" ငယ် ''

" ဗျာ ''

" ကျန်းမာရေး ဂရုစိုက်နော် ကလေးငယ်တစ်ခုခုဖြစ်ရင် အစ်ကိုရင်ကျိုးမှာသိတယ်မလား ''

" ဟုတ် ငယ် ဘာမှမဖြစ်ပါဘူး ''

" ပြီးတော့ တခြားဘာကိုမှ စိုးရိမ်မနေနဲ့နော် အစ်ကိုတို့ လက်တွဲသာမြဲဖို့လိုတာသိတယ်မလား ''

လက်ဖောင်းဖောင်းအိအိတွေအား ဆုပ်ကိုင်ရင်းပြောတော့ ပြုံးပြလာသည် ။

" အစ်ကိုသာ လက်လျော့မသွားပါနဲ့ ငယ်က ငယ်တို့ချစ်ခြင်းအတွက် ဘယ်တော့မှ နောက်မဆုတ်ဘူး''

" လက်လျော့စရာလား ငယ်ရာ အစ်ကိုတို့ကြားက အချစ်တွေက လွယ်လွယ်ကူကူတည်ဆောက်ထားတာမှမဟုတ်တာ ''

" ဟုတ် ချစ်တယ် အစ်ကို ''

" အစ်ကိုလည်း ချစ်တယ် ''

" အတန်းသွားကြတော့မလား ''

" အင်း...လှေကားအတက်အဆင်း ဂရုစိုက်ဦး နေမကောင်းချင်ဘူးထင်ရင် နားနော် အစ်ကို့ကိုဖုန်းဆက် ကြားလား ''

" ဟုတ် ''

" ညနေကျ အစ်ကိုလိုက်ပို့မယ်နော် ''

" ဟုတ် ''

" အင်း သွားရအောင် ''

ကိုယ်စီအတန်းတွေရှိရာထွက်ခွာလာကြတဲ့ ဆရာလေးနှစ်ယောက်အား အားကျသည့်မျက်ဝန်းတွေနဲ့ ကြည့်နေသော ဆရာဆရာမများနဲ့ကျောင်းသားလေးများကိုတော့ ထိုဆရာလေးနှစ်ယောက်ကမမြင်ခဲ့ပေ ။

သူတို့ရင်ထဲ၌ တစ်စုံတစ်ယောက်တည်းကသာ စိုးမိုးထားကြသည်မို့လေ ။

အချစ်ဆိုတာ အလှပဆုံးသော အလှတရားတစ်ခုဆိုသည်ကို ထိုဆရာလေးနှစ်ယောက်က ဖော်ကျူးပြနေပါသည် ။

°°°°°°°°°°°°°°°°°°°°°💜°°°°°°°°°°°°°°°°°°°°

" အစ်ကို ဟန်မြစ်ဘေးသွားရအောင် ''

" ဟင် ဘာလို့လဲ ငယ် ''

" လမ်းလျှောက်ချင်လို့ပါ ''

" မသွားပါနဲ့လား ငယ်ရာ နေကအခုမှကောင်းခါစကို လေတိုက်မခံပါနဲ့ဦး ''

" ခဏလေးပါ အစ်ကိုကလည်း နော် ''

" ခဏလေးပဲနော် ''

" အွန်း အွန်း ခဏလေးပဲ ''

" အင်း သွားရအောင် ''

ဟန်မြစ်ဘေး၌ ကားလေးရပ်ကာ နှစ်ယောက်သား လမ်းလျှောက်ထွက်လာကြသည် ။

အချစ်ဝတ္တုတွေထဲ ရုပ်ရှင်တွေထဲ ကြားဖူးသည့် စကားတစ်ခွန်းရှိသည် ။

ချစ်ရသူလက်ကို ဆုပ်ကိုင်ထားချိန်၌ ကမ်ဘာကြီးတစ်ခုလုံးကို အပိုင်ရလိုက်သည့်နှယ် ခွန်အားတွေအားအင်တွေ အပြည့်ဖြစ်သည် တဲ့ ။

ထိုစကားက ချစ်တတ်သူတွေအတွက် မှန်ကန်သည်ဆိုသည်ကို သူအခုခံစားမိနေပြီ ။

အစ်ကို့လက်ဖဝါးကျယ်ကျယ်ထဲဆုပ်ကိုင်ထားခံရသည့် ကိုယ်လက်သေးသေးကို ခဏခဏငုံ့ကြည့်ရင်း ပြုံးနေမိသည် ။

အစ်ကို့လက်တွေကိုဆုပ်ကိုင်လို့ ညှင်သာစွာတိုက်ခတ်နေသည့် လေနုအေးတွေကြား ဟန်မြစ်ကမ်းဘေးတစ်လျှောက် လမ်းလျှောက်နေရသည့် ခံစားချက်က တကယ့်ကို အားအင်အပြည့် ၊ ကြည်နူးခြင်းအပြည့် ဖြစ်စေသည် ။

" ဒီလိုလေး လမ်းလျှောက်ချင်ခဲ့တာ ''

" ဟင် ''

" အစ်ကို့ကိုလေ ကျောင်းမှာ စတွေ့ကတည်းက အစ်ကို့လက်ကိုဆုပ်ကိုင်ပြီး ဒီလိုလေးအေးအေးချမ်းချမ်းလေး လမ်းလျှောက်ချင်ခဲ့တာ ''

" ပျော်လား အခု ''

" အင်း ပျော်တယ် အိပ်မက်တစ်ခုသာ ဖြစ်လာလိမ့်မယ်လို့ထင်ထားတဲ့ ဆန္ဒတစ်ခုက တကယ်ဖြစ်လာလို့ အတိုင်းအဆမရှိပျော်တယ် ''

အစ်ကိုက သူ့စကားကြားတော့ ခပ်ဖွဖွပြုံးရင်း သူ့လက်တွေကို တယုတယ နမ်းရှိုက်လေသည် ။

" ကျေးဇူးတင်ပါတယ် အစ်ကို ''

" ဟင် ဘာကိုလဲ ငယ်ရဲ့ ''

" ငယ့် ကို သတ္တိရှိရှိ ချစ်ဖို့ ခွန်အားတွေပေးခဲ့လို့လေ မဟုတ်ရင် ငယ် ခုချိန်ထိ ရှောင်ပြေးနေမိဦးမှာ အစ်ကိုမမြင်နိုင်တဲ့နေရာက အစ်ကို့ကိုငေးကြည့်နေမယ် တကယ်လို့များ အစ်ကို့မမချောချောတစ်ယောက်နဲ့ ချစ်သွားခဲ့ရင်လည်း တိတ်တဆိတ်ပဲ ဂုဏ်ပြုပေးနေမိမှာ အဲ့ဒါလည်း အစ်ကို့ကို မချစ်လို့မဟုတ်ဘူးဆိုတာ သိတယ်မလား ''

" အင်း သိတာပေါ့ အစ်ကို့ကလေးငယ်က အစ်ကို့ကို ဘယ်လောက်ချစ်မြတ်နိုးလဲဆိုတာ အစ်ကိုသိတာပေါ့ အဲ့ဒါကြောင့်လည်း ကလေးငယ်ကို အစ်ကိုက ပိုပြီး ချစ်ပေးမယ်နော် ''

ကလေးငယ် လက်ဖျားလေးတွေကိုနှစ်ဖက်လုံးဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်အနေအထားဖြစ်စေလိုက်သည် ။

" အစ်ကို့ကို ယုံကြည်တယ်မလား ငယ် ''

" ဟုတ် ''

" အစ်ကို့ကို ချစ်တယ်မလား ''

" ဟုတ် ''

" အစ်ကို့ကို လက်ထပ်နိုင်မလား ကလေးငယ် ''

" အစ်ကို....''

ကြားလိုက်ရသော စကားကြောင့် သူအံ့အားသင့်စွာ အစ်ကို့အားမော့ကြည့်မိတော့ သူ့အဖြေအား မျှော်လင့်စောင့်မျှော်နေသည့် အစ်ကိုမျက်ဝန်းတွေကို ဖမ်းဆုပ်လိုက်မိသည် ။

" ကလေးငယ်...''

" ငယ် ငယ် အစ်ကို့ကို လက်ထပ်နိုင်ပါတယ် အစ်ကို ''

ပြုံးကာပြောရင်း အပျော်မျက်ရည်တွေက ခုန်ပေါက်ကျလာသည် ။ အစ်ကိုလည်းသူ့လိုပင် အစ်ကို့မျက်ဝန်းတွေ၌ မျက်ရည်ကြည်တွေ တွဲခိုနေလေပြီ ။

သူ့ရှေ့က ကလေးငယ်၏ ကိုယ်လေးအား ရင်ခွင်ထဲ အသာထွေးပွေးလိုက်မိတော့ ကိုယ့်ခါးထက်ရစ်ပတ်နွယ်လာသည့် လက်လေးတွေက တင်းကျပ်စွာ ။

ကလေးငယ်၏ ပါးပြင်ထက်က မျက်ရည်တွေကဖယ်ရှားပေးနေမိတော့ လက်သေးသေးတွေကလည်း သူ့ပါးပြင်ထက်ကမျက်ရည်တွေကို သုတ်ဖယ်ပေးနေလေရဲ့ ။

တစ်ယောက်ကိုတစ်ယောက် ငေးစိုက်ကြည့်မိရင်း တူညီစွာ အလှပဆုံးသောအပြုံးတွေကို မွေးဖွားမိသည် ။

နဖူးပြင်ထက် အနမ်းတစ်ပွင့်ခပ်ဖွဖွခြွေတော့ မျက်ဝန်းငယ်တွေက အလိုက်သိစွာမှေးမှိတ်သွာ?သည် ။

ထို့နောက် ခြေဖျားလေးထောက်ကာ သူ့ပါးပြင်ထက် ခပ်ဖွဖွ အနမ်းပြန်ချွေလာသော နှုတ်ခမ်းဖူးဖူးလေးတစ်ခုကြောင့် ကိုယ်သေးသေးကို သူအလိုက်သိစွာထွေးပွေ့ထားလိုက်သည် ။

" ချစ်တယ် ကလေးငယ် ''

" ငယ် ကပိုပါတယ် အစ်ကိုရယ် ''

ပြုံးရင်း အစ်ကို့ရင်ခွင်ဆီ မှေးစက်နားခိုရင်း ပါတ်ဝန်းအား နှစ်ယောက်သား မေ့ထားလိုက်မိသည် ။

ချစ်ခြင်း၏ အလှပဆုံးသောနေရာလေး၌ သူနဲ့အစ်ကိုသာ တည်ရှိသည် ။

°°°°°°°°°°°°°°°°°°°°°°°💜°°°°°°°°°°°°°°°°°°°
ချစ်ခြင်း၏ အလှပဆုံးသောနေရာလေး၌ သူနဲ့အစ်ကိုသာ တည်ရှိသည်

Continue Reading

You'll Also Like

158K 3K 34
A story in which Taeyeon's Little Sister joined Idol Producer. 99 Guys + 1 Girl ?! What could go wrong ? ~~~~~~~ Disclaimer : I didn't own anything a...
554K 25.9K 44
I was surprised when I bumped onto him, and saw his face. Lay. Zhang Yi Xing. I didn't know what to say so I ended up saying 'Hello', he did the same...
267K 47.1K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
552K 57.9K 80
[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]...