ပိုင်ဆိုင်ခွင့်လေး
#ပန်းခြယ်ရီ
ကြယ်စင် တစ်ယောက် အတွေးတွေနဲ့ ဗြာ များနေသည်..
လမ်းရောက်မှ တွေ့တဲ့သူကို မေးမည် လုပ်ပေမယ့် ဘယ်လမ်းကို စ သွားရမလဲ...ကြယ်စင် မသိ...
မေမေခင်ထား ကိုသာ ဖုန်းဆက် လှမ်းမေးရတော့မည်လေ...
တီ....တီ...တီ
"...ဟဲလို..."
တစ်ဖက်က မေမေ့ အသံကြားတော့...ကြယ်စင်
အားငယ်စိတ်ကြောင့် ငိုချင်နေမိ၍ ဒေါ်ခင်ထား
ရဲ့ 'ဟဲလို' ကို တန်းပြန်မထူးဘဲ ပါးစပ် ကို အသာ ပိတ်ကာ ကျနေသော မျက်ရည် တွေကို သုတ်ပစ်ပြီးမှ....
"...ဟဲလို .."
"ဟဲ့...သမီး ဘာဖြစ်လို့လဲ...မေမေက ဖုန်းဆက်ပြီး သမီး အသံမကြားတော့...ဘာများဖြစ်နေတာလဲ ပေါ့..."
"ဘာမှမဖြစ်ပါဘူး...မေမေရဲ့...သမီးက မေမေ ဖုန်းမကိုင်သေးဘူးဆိုပြီး နေနေတာ...မေမေ ဖုန်းကိုင်လိုက်မှန်းကိုတောင်...သမီး မသိလိုက်ဘူး..."
"ဟင်း...ဟင်း...ငါ့သမီးလေး ကတော့..."
"..ဟီး...ဟီး..."
ကြယ်စင် အတတ်နိုင်ဆုံး ပြုံးရယ်နေလိုက်သည်
"သမီး...မေမေတို့ကို လွမ်းနေလို့လား...ဟွန်...သမီးရယ်...တစ်ရက်တောင် မရှိသေးဘူး...လွမ်းနေပြီလား....ဟွန်..."
"...ဟုတ်တယ် မေမေရဲ့...လွမ်းလည်းလွမ်းလို့
ဟီးဟီး...ပြီးတော့ စပ်စုချင်လေးတာလေးတွေလည်း ရှိတာနဲ့..."
"...ဖြစ်ရမယ်...သမီးရယ်...ကဲ ပြော...ဘာအကြောင်း ကို စပ်စုချင်တာလဲ..."
"အော်...ဟို...ဒီမှာလေ လိုင်းကားတွေ မရှိဘူးလားလို့..."
"...အော်...သမီးကလည်း ဘာလို့မရှိရမှာလဲ...ရှိတာပေါ့...သမီးရဲ့...သမီးက ဘာဖြစ်လို့ မေးတာလဲ..."
"အော်...သမီး ဇာတ်ကား ကြည့်နေတာ..မင်းသမီး လေးက လိုင်းကားပတ်စီးပြီး မြို့ကို လျှောက်လည် နေတာ...အာ့ အားကျလို့ မေမေရဲ့..."
ကြယ်စင် မကြည့်ရတဲ့ ဇာတ်ကား ထဲက မသိတဲ့ ဇာတ်ကောင် တွေကို ကိုယ့်ဘာသာ ဇာတ်ဖွဲ့ လိုက်ပြီး ဖောလျှော သောလျှော လျှောက်ပြောလိုက်မိသည်....
"...အော်...သမီးကလည်းလေ...လိုင်းကားတော့ ရှိတာပေါ့.."
"...ဟီးဟီး...သမီး က မရှိဘူး မှတ်နေတာ မေမေရဲ့..."
"ရှိမှရှိ...သမီးရဲ့..."
"...ဟီး...သမီး မတွေ့ လို့လေ..."
"...ဘယ်တွေ့မလဲ သမီးရဲ့...အဲ့ဘက်တွေ က ကိုယ်ပိုင် ကားတွေ ကိုယ်စီပဲလေ...လိုင်းကား ငှါးမစီးကြဘူး...အဲ့တော့ ကားတွေလည်း အဲ့ဘက်ထိ ပြေးမဆွဲကြတာ..."
"..အော်...အာ့ကြောင့် သမီး မတွေ့ ဖြစ်တာကိုး.."
"...ဟုတ်ပါ့...သမီးရယ်...သမီး ပတ်လည်ချင်ရင် သားကို လိုက်ပို့ခိုင်းလေ..."
"...ရောင်က အလုပ်တစ်ဖက်ဆိုတော့ သမီးကို အချိန်ပေးနေရင် သူ့အလုပ်က ပစ်ထားခဲ့ရမှာလေ...အာ့ဆို သူ့ကို အလုပ်မလုပ်ဘူး ဘာညာ နဲ့ လက်အောက်ငယ်သားတွေ ရိုသေတန် နေမှာစိုးလို့ပါ..."
"...ဟုတ်ပါပြီကွယ်....လိမ်မာပြီး သိတတ်တဲ့ သမီးလေးကွယ်..."
"...မေမေ..အာ့ဆို ဒါပဲနော်..."
"ေ.."
'ရော်...ဒီကလေးနဲ့ ဘာမှတောင် မပြောလိုက်ရဘူး...ဖေကြီးနဲ့ တိုင်ပင်ကြည့်မှ သမီးလေးအတွက် ကား စီစဉ်ပေးဖို့...'
ကြယ်စင် ဖုန်းမြန်မြန်ဆန်ဆန် ချလိုက်ရသည်...
စကားဆက်ပြောနေရင် အမှား ပါမှာ စိုးသည်နှင့် အမှန်ပင် ဖုန်းချပစ်လိုက်ရသည်...။
ဈေးသွားဖို့ ကိစ္စ ကတော့ ကြယ်စင် ပဲ မီးစဉ်ကြည့်က ရမည်လေ...ဘယ်တတ်နိုင်ဦးမှာလဲ...
ကြယ်စင် အကျီ င်္တွေ လှဲ ယူစရာ ရှိတာယူကာ..
အိမ်တံခါး ခြံတံခါး သော့ခတ်လိုက်ကာ လမ်းကို အရင် အကဲခတ် ကြည့်လိုက်သည်...။
သက်ပြင်းပူလေး တစ်ချက် ချရင်း ကြယ်စင် လမ်းမကြီးကို မြင်ရသည့် နေရာ လေးသို့. ဦးတည် လျှောက်သွားသည်...
သို့သော် ထိုလမ်းမကြီးလေးကလည်း လူ မတွေ့.....
ကားတွေ ဖြတ်မောင်းသွားလာခြင်းလည်း မရှိ...
ဒီအတိုင်း လမ်းမလေး ဖောက်ထားရုံသာ ဖြစ်လိမ့်မည် ထင်ပါတရ်....
ကြယ်စင် ဘယ်ဘက်သွားရမည်ကို ဝေခွဲမရ...။
အလင်းရောင် နဲ့ လက်ထပ်ပြီးကတည်းက. ဒီအိမ်ကို ညဘက်မှသာ ပြန်လာဖြစ်တော့...
ကြယ်စင် လမ်းတွေကို ကောင်းကောင်း ဝေခွဲမတတ်...
အင်းလေး သွားတဲ့နေ့က တော့...မနက်အစော
ပိုင်း ဆိုတော့ ကြယ်စင် မသေမချာ ဝေခွဲရခက်...
ဖြစ်နေတော့ မျက်ဝန်းထဲ ဝိုးတဝါး ပေါ်လာသော
မြင်ကွင်း တစ်ခုကို အားကိုးပြီး ပေါ်လာသော မြင်ကွင်း၏ လမ်း ကို လျှောက်ဖို့သာ ရွေးချယ်လိုက်သည်...။
အတန်ကြာသည်အထိ ထိုလမ်းလေးအတိုင်း
လျှောက်လာတော့ လူရိပ်ကတော့ တွေ့ရပြီ...။
လိုင်းကားတွေတော့ မတွေ့ ရသေး....
မိနစ်ဝက် ခန့် ဆက်လျှောက်လာတော့ ကားတွေ
ဆိုင်ကယ် တွေ လမ်းအချိုးအကွေ့ တွေကို ကိုယ်စီ ဦးတည်ချက်ဖြင့် ပြေးလွှားနေပေမယ့်...
ကြယ်စင် ကတော့ လမ်းဖြောင့်အတိုင်းပင်...
ဆက်လျှောက်နေမိသည်...။
ဆက်လျှောက်နေရင်းမှ...ထွန်း ဆေးရုံ ဆိုသည့်
အဆောက်အဦး လေးကို ကြယ်စင် လှမ်းမြင်နေရပြီ...ကြယ်စင် လည်း တဖြေးဖြေး ဆက်လျှောက်လာတာ ဆေးရုံ နှင့် နီးလာတော့...
Taxi တွေ ရပ်နားထားကြသည်ကို မြင်တော့
ကြယ်စင် ၏ မျက်နှာ မှာ အခုမှ ပြုံးရိပ်တွေ သန်း
လာနိုင်ပြီလေ....။
အလျင်အမြန် ပဲ Taxi ငှားဖို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်...။
Taxi ဘေးမှာ ရပ်နေသော ဦးလေးတစ်ယောက် ကို တွေ့သည်နှင့်~~~~
"...ဦးလေး.."
"...အေး...သမီး..."
"...သမီး taxi ငှားချင်လို့...ရမလားရှင့်..."
"...ရတာပေါ့...ရတယ် သမီး ဘယ်ကို သွားချင်လဲ...ဘယ်ကို သွားမှာလဲ..."
"...ဈေးကိုပါ..."
"...အော်...လာ...တက်... ဦးလေး လိုက်ပို့ပေး
မယ်..."
"...ဟုတ်...ဟို...ဦးလေး ဘယ်လောက်ကျလဲ..ဈေးထိကိုက..."
"...၃၀၀၀..ပါ..."
"...မများဘူးလား...ဦးလေးရဲ့..."
"...မများပါဘူးကွယ်...ဒီနှုန်းထားနဲ့ပဲ ဦးလေးတို့ ပြေးဆွဲနေကြတာပဲလေ..."
"...လျှော့ပါဦး...ဦးလေးရယ်...နည်းနည်းပါးပါး လောက်ဖြစ်ဖြစ်..."
"...အာ့ဆိုလည်း ၂၅၀၀ ပဲ ထား...အဲ့ထက်တော့
မလျှော့တော့ဘူး..."
ကြယ်စင် ထပ် မစစ်ဖြစ်တော့...ထပ်စစ်လို့ ဈေးမတည့်ရင် ကြယ်စင် ပဲ ထပ်မောရဦးမယ်...
မဟုတ်လား....
"...ဟုတ်ကဲ့...၂၅၀၀ ဆိုလည်း ၂၅၀၀ ပေါ့.."
ဒီလိုနဲ့ ကြယ်စင် ဈေးကို သွားဖို့ ၂၅၀၀ နှင့် ဈေးညှိကာ Taxi ငှားလိုက်သည်...
"...သမီး...ဈေးရောက်ပြီ..."
"..ဟုတ်.."
ကြယ်စင် ကားပေါ်မှ ဆင်းကာ ပတ်ဝန်းကျင်ကို ကြည့်နေလိုက်သည်...
ကြယ်စင် ဈေးထဲ မဝင်ခင် နာရီ တစ်ချက် ငုံ့ကြည့်တော့ ၁ နာရီ က ခွဲပြီးနေပြီ...။
ကဲ...ဈေးကို စ ပတ်တော့မည်...
ဈေးထဲ စ ဝင်တော့...အဝတ်အစား တွေကို ချရောင်းတဲ့ ဆိုင်ငယ်တွေ .
တဲလေး ထိုးကာ အဝတ်တွေ ရောင်းနေကြတဲ့ ဆိုင်တွေ..
လမ်းဘေးလေးကပ်ပြီး ဖွင့်ရောင်းနေကြတဲ့
ထမင်းဆိုင် ဟင်းဆိုင်တွေ....
ပြီးရင် မိတ်ကပ် နှုတ်ခမ်းနီ ခေါင်းစည်းကြိုး အလှကုန် ပစ္စည်း အမျိုးမျိုး ကို ဆိုင်ငယ် သေးလေး
တွင် ရောင်းချနေကြတာတွေ...
အနည်းငယ် ဆက်သွားလိုက်ရင်...
ကန်စွန်းဥ သည် . သံပုရာသီး သည် . ဟင်းသီးဟင်းရွက် သည်တွေ ပေါမှပေါ...
ကြယ်စင် လည်း ကန်စွန်းဥ စားချင်တာနဲ့
ကန်စွန်းဥ နည်းနည်းပါးပါး ဝယ်ခဲ့လိုက်သည်..
ပြီးလျှင် သုံးဖို့ လိုတဲ့အခါ သုံးလွယ်အောင်...
သံပုရာသီး ၁၀ လုံး လောက် ဝယ်ခဲ့လိုက်သေး
သည်...
အရွက်တွေကတော့ သိပ်မကြိုက်တာနဲ့ ဝယ်မနေသေး...
ဈေးထဲ ဆက်ပြီး လျှောက်ကြည့်ခဲ့သည်...။
ဈေးကို ပတ်ကြည့်နေတာ ကြာနေသော်လည်း
ဘာကို ဝယ်လို့ဝယ်ရမှန်း မသိသေး...။
ကြယ်စင် ပတ်ကြည့်နေရင်းမှ လူတွေ ဝင်ထွက်သွားလာနေသလို လိုက်ဝင်သွားကြည့်နေရာမှ..
ကြယ်စင် ဘယ်ရောက်လို့ ရောက်နေမှန်းတောင် မသိ...။
ဘယ်အပေါက်ကနေ ဝင်လာလို့ ဒီနေရာ...ဒီ အထပ် ကို ရောက်လာမှန်း ကြယ်စင် သတိမထား
မိခဲ့....။
ကြယ်စင် လမ်းဆုံးထိ လျှောက်ကြည့်တော့ မဖွင့်တော့တဲ့ ဆိုင်ခန်းတွေ ဖြစ်ဟန်တူ၏...
ဘာမှ မရှိ....။
အကုန် ပစ်ထားပြီး လူတွေ အသုံးမပြု တော့သည့် နေရာ...
အားလုံး မှောင်မဲနေသည်...။
ကြယ်စင် ကြောက်၍ လာလမ်းအတိုင်း ပြန်
လျှောက်ကာ လှေကားတွေ့ တော့ ဆင်းလိုက်မိ
သော်လည်း....မသုံးတော့တဲ့ လမ်းပုံစံ...။
လမ်းတွေလည်း ပိတ်ထားသည်လေ...။
ဘေးဘက် အခန်းတွေကလည်း ညစ်တီးညစ်ပတ် နှင့်...အနံ့ အသက် တွေကလည်း မကောင်း...မှောင်ကလည်း မှောင်....။
ကြယ်စင် ကြောက်လာသည်နှင့် လာခဲ့တဲ့ လှေကား လမ်းအတိုင်း ပြန်တက်လာကာ အရင်နေရာ လေးပဲ ပြန်ရောက်မိတော့....ဆန့်ကျင်ဘက်
လမ်းကို သွားရန်သာ ကြယ်စင် ရွေးပြီး...
ခပ်သွက်သွက် လျှောက်လိုက်သည်...။
ပြေးနေသည် ဟု အမည်မခံယုံသာ.....။
သို့သော်လည်း ရောက်သည့်နေရာ က အနည်းငယ် လင်းထင်းနေပေမယ့်....
အသုံးမပြု သည့် အိမ်သာ ဟောင်း...
ရှေ့မှာ ရောက်နေပြန်ပါသည်...။
ကြယ်စင် အတွက်.....
တနေ့လုံး ပြဿ ဒါး နေ့ပင်...ဖြစ်လောက်မည်...။
ဘာမှ အဆင်မပြေ...။
အိမ်သာ ဘက်ကို ကြည့်မိတော့...
အထဲမှာ မဲမှောင်ပြီး အနံ့အသက်ကလည်း
ဆိုးရွားလှသည်...။
ကြောက်စရာ လည်း ကောင်းနေပြန်ပါသည်...။
ကြယ်စင် ထို ပတ်ဝန်းကျင်မှာ တစ်ယောက်ထဲ
အမှောင်...ကမ္ဘာ ထဲ ကျရောက်နေတာ
နာရီပိုင်းထက်တောင် ကျော်နေလောက်ပြီ...။
ကြယ်စင် ၏ ကြောက်တဲ့ စိတ် လေးကိုလည်း
ပိုမို ကြောက်စိတ် ဖြစ်အောင်...
ပတ်ဝန်းကျင်က တွန်းပို့နေတာ....။
အမြန်ပင် ဒီကနေ ထွက်ပြေးချင်နေမိသည်...။
ထွက်ပြေးနေပေမယ့် ဒီနေရာ ဒီ အမှောင်ထဲ
ပဲ ပြန် ပြန်ပြီး သောင်တင်နေတာ...။
ကြယ်စင် စိတ်တွေ ရှုပ်ထွေးနေလို့...
ထိုနေရာမှာပင်...ထိုင်ချပစ်လိုက်သည်...။
ခဏကြာသည်အထိ စိတ်ငြိမ်သက်အောင်
လုပ်ပြီး....ထ ရပ်ကာ...သက်ပြင်းရှည်လေး
ဆွဲချလိုက်ပြီး...စောနက လာခဲ့တဲ့ လမ်းရဲ့
ဆန့်် ကျင်ဘက် ကို မျက်နှာမူကာ မျက်လုံး လေး
မှိတ်လိုက်သည်...။
ပြီးမှ ဆန့်ကျင်ဘက် လမ်းကို ကြယ်စင် လျှောက်
လှမ်းရင်း...လက်က အိတ်က ကြိုးလေးကို
ဆုပ်ကိုင်ထားမိလိုက်သည်....။
လမ်းမှားမည် ဆိုးသောကြောင့် ဖြစ်မည်....။
ဒါပေမယ့် လည်း ဒီတစ်ခါတော့ လမ်းရွေးမှန်ခဲ့
ပါသည်...။
လူသွားလူလာ တွေရော . ဆိုင်ခန်းတွေရော
မီး အလင်းရောင် တွေရော . တွေ့ နေရသည်လေ...။
ကြယ်စင် အရမ်း ဝမ်းသာသွားသည်...။
ပျော်လည်း ပျော်သည်လေ...
နာရီ ကြည့်မိတော့... 4 နာရီ က ထိုးနေပြီ....
"...ဟယ်...4နာရီ တောင် ထိုးနေပြီ...ငါ ဘာမှ လည်း မဝယ်ရသေးဘူး...လိုတာတွေ အများကြီး ကျန်သေးတယ်...ရောင် လည်း ပြန်ရောက်
နေပြီလား...မသိဘူး...မဟုတ်ပါဘူး မနက်က သူပြောသား...နောက်ကျမယ်လို့...ငါ နည်းနည်း ပတ်ကြည့်ပြီး ဝယ်ပြီးပြန်မှပဲ...အပြန်တော့
ငါ taxi ရှာ စရာ မလိုပါဘူး...ငါ တွေ့ ခဲ့တယ်..
အဲ့နေရာ သွားရင် taxi ငှားပြန်လို့ ရတယ်လေ..."
ကြယ်စင် တောင်ကြီး မြို့မဈေး ၏ သုံးထပ်ဈေး
မှာ တစ်ယောက်ထဲ ပတ်ကြည့်နေသည်လေ...
အဝတ်အစား ပုံစံ မျိုးစုံ
ဘောင်းဘီ ပုံစံ မျိုးစုံ
ဖိနပ် အများကြီး ပုံစံ ဆိုက် မျိုးစုံ
ရှမ်း အသုံးအဆောင် ပစ္စည်း တွေ...
ရှမ်းရိုးရာ ဝမ်းဆက်တွေ...
ပအို့ဝ် နှင့် ဆိုင်သော...
ပစ္စည်း ပစ္စယ တွေ...လွယ်အိတ် လေးတွေ
အကျီ င်္တွေ အများကြီး လေ...။
ကြယ်စင် သုံးထပ်ဈေး ကို လည်ပတ်ပြီး....
အောက်ဆင်းဖို့ လှေကား လိုက်ရှာ နေတာ...
သိပ်မကြာလိုက်...လှေကား ရှာတွေ့ သည်လေ...
ဒီလိုနဲ့ ဈေးကို ပတ်ပြီး ... တနေရာ ရောက်တော့
Ocean market ကြီးကို တွေ့ မိသည်...။
သူမလည်း Ocean သို့ သွားဖို့...အရင် ကားလမ်း ကူးရဦးမည်...။
ကားတွေက အသွားအလာ မပြတ်သေး...။
ကားလမ်းကူးဖို့ကလည်း မရဲ...။
ခဏကြာတော့ လမ်းကူးဖို့ ကြယ်စင့် ဘေး မှာ လာရပ်နေကြသည်...။
ကြယ်စင် အားတက်သွားသည်...
သူတို့ နဲ့ပဲ လမ်းကူးကာ...ocean သို့~~~
ကြယ်စင် အရင်ဆုံး ပထမ ထပ် ကို လျှောက်မကြည့်သေးဘဲ ဒုတိယ အထပ် ကို ပတ်ကြည့်ဖို့
စက်လှေကား စီးလိုက်သည်...။
ဒုတိယ ထပ် တက်တက်ချင်း ဆီးကြိုနေသော
အစားအသောက် တွေ ခင်းကျင်းပြသ ထားသော နေရာလေးသို့ ဝင်မိသည်...။
ကြယ်စင် အဲ့မှာမှ ကော်ဖီထုပ်တွေ မုန့်ထုပ်တွေ
စိတ်ကြိုက်ဝယ် လိုက်သည်...
ပြီးလျှင် ဟင်းသီးဟင်းရွက် တန်း သို့ ရောက်တော့...ခရမ်းချဉ်သီး သခွားသီး တွေ့ သမျှ အသီး အနှံ မှန်သမျှ နည်းနည်းစီ ဝယ်လိုက်သည်...။
လက်ထဲမှာတော့ တော်တော် တော့ စုံနေပြီ...
သို့သော်လည်း ကြိုက်တာယူ ၂၂၀၀ ဆိုသော
ဆိုင် ထဲကို...မိန်းမ တို့ သဘာဝ
ဈေးနှုန်းလည်း သင့်...ပစ္စည်း လည်း စုံရင်
ဝယ်ချင်ကြတဲ့ စိတ်က ကြယ်စင် လည်း မိန်းမ သား မို့ ဦးနှောက်၏ လမ်းညွှန်မှု ကို စောင့်မနေဘဲ ခြေထောက် ကတော့...ဝင်ပြီးနေပြီ....။
ကြယ်စင် ကြိုက်တဲ့ ကော်ဖီ ခွက်လေး တစ်စုံ
ပန်းကန်လုံး တွေ ဝယ်လိုက်ပြီး ပြန်ထွက်လာ၏...
ဒုတိယ ထပ် ပြီးတော့...တတိယထပ် သွားကြည့်တော့ အဝတ်အစား လေးတွေ သာ...
လှတာတော့ လှသည်...
ဒါပေမယ့် ကြယ်စင် မဝယ်ဘဲ ကြည့်ပဲ ကြည့်ခဲ့သည်...
ကြယ်စင် နာရီ မကြည့်မိ....
အပေါ်ထပ် တွေ လျှောက်ပတ်ကြည့်ပြီး...
ပထမထပ် ကို ဆင်းတော့...
မိန်းကလေး အကြိုက် ပစ္စည်း လေးတွေကို
ဈေးနှုန်းငယ်လေးနဲ့ ရနိုင်သော ဆိုင်ထဲကို ပတ်ကြည့်နေမိသည်...။
ဖဲပွင့်သေးသေးလေး ပေါ်မှာ ကျောက်လေး ကပ်ထားတဲ့ ခေါင်းစည်းကြိုး အနက် လေးကို ကြည့်မိတော့ ထောင်ကျော်လေး ရှိတော့...ကြယ်စင်
နှစ်ကွင်း ယူပြီး ကိုင်ထားလိုက်သည်...။
ကြယ်စင် ၏ လက်ထဲမှာလည်း ပစ္စည်း တွေ အရမ်း ပြည့်နေတော့ ထိုဆိုင်ထဲက ကောင်မလေး က သိတတ်စွာ ဖြင့်~~~
"...အမ...ပစ္စည်း လေးတွေ ကို ဒီ ခြင်းထဲ ထည့်ထားလိုက်ပါလား..."
"...အော်...ဟုတ်...ကျေးဇူးနော်..."
ကြယ်စင် သူမ ပေးသော ခြင်းလေးကို ယူပြီး ပစ္စည်း တွေ ထည့်တော့....
အသီးအနှံ တွေ က မဆံ့ ဖြစ်နေသည်...။
"...အမ အဲ့ ပစ္စည်း တွေကို ရှေ့ က ခြင်းထဲမှာ ထည့်ပေးထားလိုက်မယ်...ပြန်မှ ယူလိုက်နော်..."
ကြယ်စင် ထို အကြံလေးကို ကျေနပ်မိတော့...
"...ဟုတ်...အဲ့လို လုပ်ထားလိုက်မယ်နော်..."
သူမလေးကို ပစ္စည်း တွေ ပေးလိုက်တော့...
ဆိုင်ရှေ့နားမှာ ခြင်းလေး တစ်ခုထဲ ထည့်ပြီး...
သိမ်းထားပေးသည်...။
ကြယ်စင် ပတ်ကြည့်ကာ မျက်လုံး ထဲ သဘောကျမိတဲ့ ခြင်းတောင်း ငယ်လေး...နှစ်ခြင်း လောက် ဇွန်းတို ဇွန်းရှည် အိတ်ဆောင် မှန်လေး တစ်ချပ် ဝယ်လိုက်သည်...။
ကြယ်စင် ပစ္စည်း တွေ မမေ့အောင် မှတ်ပြီး ယူလာတော့ အခု မှ လက်တွေ နာ တော့မှ...
"...ငါ...အများကြီး ဝယ်ခဲ့မိတာပဲ..."
ဟမ်....
ကြယ်စင် အခုမှ အပြင်ထွက်မိမှ မှောင်နေမှန်း သိသည်...။
နာရီ ကြည့်မိတော့ ၇ နာရီ ထိုးတော့မယ်...
အပြင်လည်း မှောင် နေသည်...
အထဲမှာက မီးအလင်းရောင် ပြည့်နေတော့
သတိမထားမိ...
အခု အပြင်ရောက်မှ သာ နာရီ ကြည့်မိသည်...
taxi ရပ်နားတဲ့ နေရာ ကြည့်မိတော့မှ
ပိုပြီး စိတ်အိုက်သွားသည်...
ဟာ....ကား မရှိဘူး...သေပြီ
ငါ ဘယ်လို ပြန်ရမှာလဲ...
ကြယ်စင် အိတ်ထဲက ဖုန်းထုတ်တော့...
miss call 43 call
ချစ်ခင်ပွန်းက ခေါ်ထားခြင်းလေ...
"...ရောင်...ခေါ်ထားတာပဲ...ငါ မသိဘူး...ငါ
ဘယ်တုန်းက silent လုပ်ထားမိတာလဲ...ရူးတော့မှာပဲ..."
ကြယ်စင် အမြန်ပဲ ရောင် ကို ဖုန်းဆက်လိုက်သည်...။
📱📱📱
"...မင်း ဘယ်မှာလဲ...ဘယ်ရောက်နေလို့ အခုမှ ကိုင်တာလဲ...ဘာလုပ်နေတာလဲ ဟမ်..."
".............."
ကြယ်စင် ဘာမှ တောင် မပြောရသေး...
အလင်းရောင် က စီးပြီး အော်ငေါက်နေတော့...
ကြယ်စင် ကြောက်ပြီး ဘာမှ မပြော...။
"...ဟဲလို...ဟေ့...ဟဲလို..."
"...ဟုတ်..."
"...မင်း ငါပြောနေတာ မကြားဘူးလား..."
"...ကြားပါတယ် ဒါပေမယ့်..."
"...ဒါပေမယ့် လုပ်မနေနဲ့...အခု ဘယ်မှာလဲ..."
"..ဈေးမှာပါ..."
"..ဘာ.."
"...အမလေး..."
"...မင်း...ဈေးသွားတာ အချိန် ကြည့်ဦး...ဈေးမှာပဲ နေလိုက်ပါတော့လား..."
".............."
"...ကွာ...အခု ဘယ်ရှေ့မှာလဲ...ဘယ်ဈေးမှာလဲ.."
"...ocean မှာ..."
"...နေ...အဲ့မှာ ငါ လာခဲ့မယ် ၁လက်မ တောင် အဲ့နားက မရွေ့ နဲ့..."
"...အွန်း..."
#ပန်းခြယ်ရီ
...........................................................
pann အပျင်းကြီးနေလို့ မရတော့ဘူး...
နောက်ထပ် ရေးချင်တဲ့ အကြောင်းအရာ
တစ်ခု လေးက ခေါင်းထဲ ပေါ်လာတော့
အာ့ကို ရေးချင်နေပြီ....
ဒါကို လည်း အပြီးထိ ရေးမပြီးသေးတာ...
pann တာဝန် မကျေ ဖြစ်နေပြီ မလား😁
😁😁pann လည်း အရူးပဲ...
pann ဝတ္ထု ဖတ်သူတောင် မရှိသေးဘဲ
စိတ်ဓာတ်တွေကတော့...
ဟိုး အဝိစီ မှာ ဂျိုး ကပ်နေပေမယ့်လည်း...
pann စတဲ့ အလုပ် pann ပဲ ပြီးသည်အထိ
လုပ်ရမှာပဲ...ဘယ်တတ်နိုင်မလဲ
ဖိုက်တင်း💪💪💪
ဒါပေမယ့် pann သိနေတယ်...
မနက်ဖြန် ပေါင်းများစွာရဲ့ မနက်ဖြန် မှာ
pann ဝတ္ထု ဖတ်ပေးကြတဲ့ သူ ရှိလာမှာပါ...
ချစ်တယ် နော်...
အားလုံး ကို အမြဲ လေးစားလျက်~~~