မြတ်နိုးရာ...သူ
By XingNge
53.7K 4.9K 236
ဖြူစင်သောမြတ်နိုးခြင်းတွေဖြင့်ချစ်သည်အစ်ကို... More
မိတ်ဆက်...(Zaw+Uni)
အပိုင်း (တစ်)(Zaw+Uni)
အပိုင်း (နှစ်)(Zaw+Uni)
အပိုင်း (သုံး)(Zaw+Uni)
အပိုင်း (လေး)(Zaw+Uni)
အပိုင်း (ငါး)(Zaw+Uni)
အပိုင်း (ခြောက်)(Zaw+Uni)
အပိုင်း (ခုနှစ်)(Zaw+Uni)
အပိုင်း (ရှစ်)(Zaw+Uni)
အပိုင်း (ကိုး)(Zaw+Uni)
အပိုင်း (တစ်ဆယ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်တစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်နှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်သုံး)(Zaw+Uni)
အပိုင်း (တစ်ဆယ့်လေး)(Zaw+Uni)
အပိုင်း (တစ််ဆယ့်ငါး)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ခုနှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ရှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ကိုး)(Zaw+Uni)
အပိုင်း (နှစ်ဆယ်) ( ဇာတ်သိမ်းပိုင်း)(Zaw+Uni)
မြတ်နိုးခြင်း...လက်ဆောင် (Zaw+Uni)
အပိုင်း (တစ်ဆယ့်ခြောက်)(Zaw+Uni)
1.8K 210 4
By XingNge
အနီရောင်...
အနီရဲရဲ...
* ကိုကြီး...*
* အစ်ကို *
* အစ်ကို က ဘာလို့ *
°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
" တီတီလေး ''
" ဘာပြောမလို့လဲ သားငယ် ''
" Appa တို့ကို ...''
" တီတီလေး...''
" JunJun သားငယ်လေး တီတီလေးကလေ သားကြီးတစ်ယောက်နဲ့တင် ရင်နာပါရစေ သားငယ်လေးကတော့ သတ္တိရှိပြီး နောက်ဆုံးအထိ ကြံ့ကြံ့ခိုင်ပေးမယ်မလား အစ်ကိုကြီးတို့ကို တီတီလေး မပြောပါဘူး သားငယ်လေးတို့အဆင်သင့်ဖြစ်တဲ့အချိန်ထိ သားငယ်လေးကို တီတီစောင့်ရှောက်မှာပါ ''
" သား ကတိပေးတယ် တီတီလေး သား ကိုကြီးလို အရှုံးမပေးဘူး အစ်ကို့ကိုလည်း အဆုံးရှုံးမခံဘူး သား Appa တို့ကို ရင်ဆိုင်မှာပါ ''
" ဟုတ် ''
" ဟုတ် တီတီလေး ''
°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
" လွမ်းတယ် အစ်ကို ''
~ဒေါက်~ဒေါက်~
" ဟုတ် တီတီလေး ''
" ငယ်..''
" ရပါတယ်ဗျာ ''
သိပ်ချစ်တယ် ကလေးငယ် ။
°°°°°°°°°°°°°°°°°°°°°💜°°°°°°°°°°°°°°°°°°°°°
Unicode
အနီရောင်...
ရဲရင့်ခြင်း တက်ကြွခြင်း...
ရင့်ကျက်ခြင်း ခွန်အား...
ဟူ၍ အဓိပ္ပါယ်များစွာသက်ဝင်သော အရောင်...
အစ်ကိုတို့လူမျိုးတွေမှာဆို မင်္ဂလာအရောင်...
ကျက်သရေမင်္ဂလာနဲ့ပြည့်စုံခြင်း ဟူသော အရောင်...
လူအများနှစ်သက်ကြသော အနီရဲရဲ...
ကျွန်တော့်အတွက်တော့ အဓိပ္ပါယ်သက်ဝင်ခြင်းတွေက ဆန့်ကျင်ဘက်ပင်...
ကျွန်တော့်အတွက် အနီရောင်သည် ကြောက်ရွံခြင်း တုန်လှုပ်ခြင်း ပင်ဖြစ်သည်
အနီရောင်မြင်သည်နှင့် နှလုံးတစ်ခုလုံးတစ်ဆစ်ဆစ်ကိုက်လာသည်ထိ နာသည် ။
အနီရောင်မြင်သည်နှင့် ငြိမ်သက်နေသည့်စိတ်အစုံက ထိန်းချုပ်ခြင်းကင်းလွတ်သည်ထိ တုန်လှုပ်ကြောက်ရွံသည် ။
အနီရဲရဲ...
တစ်နည်းအားဖြင့် သွေးနီနီ ရဲရဲတွေ...
ရေချိုးကန်ထဲ အနီရောင်သွေးတွေ ရောယှက်လို့ ရေတွေကပါချင်းချင်းရဲနေသည် ။
ရေချိုးကန်ဘောင်ပေါ်က ဘလိတ်ဓားပါးပါးလေးတစ်ချောင်းက အလင်းရောင်အောက် ငွေရောင်လက်ကနဲ ဖြစ်ဖြစ်သွားသည် ။
အနီရောင်ရေပြင်ပေါ်၌ ပေါ်လာသောမျက်နှာတစ်ခု....
* ကိုကြီး...*
* JunJun'ကိုကြီး...ဟင့်အင်း..ကိုကြီး..*
ကိုကြီး၏အသက်မဲ့ကိုယ်လေးအား သူဖက်ကာအော်ငိုနေမိသည် ။ သို့သော် လည်ချောင်းဝမှ အသံတစ်စုံတစ်ရာမထွက်လာ ။
ကြည့်နေရင်း ကိုကြီးရုပ်သွင်က တစ်ဖြေးဖြေး တခြားတစ်ယောက်အသွင်ပြောင်းလဲလာသည် ။
* အစ်ကို *
* အစ်ကို က ဘာလို့ *
Junဆုပ်ကိုင်ထားတဲ့ အစ်ကို့လက်တစ်ဖက်၌ လက်ကောက်ဝတ်မှာ သွေးတွေအများကြီးထွက်နေသည် ။
အစ်ကို့နှုတ်ခမ်းထူထူတွေက သွေးရောင်မဲ့လို့ ဖြူလျော့နေသည် ။ မျက်လွှာချထားသည့်မျက်ဝန်းမို့မို့က ငြိမ်သက်လျက်သား ။
* ဟင့်အင်း...မဟုတ်ဘူး..အစ်ကို.က ဘာလို့..ဟင့်အင်း..''
" အစ်ကို...ဟင့်အင်း..အစ်ကို သွေးတွေ ဟင့် ကိုကြီး..ဟင့်အင်း သွေး..သွေးတွေ..အားးး....''
"JunJun သားငယ်လေး JunJun သတိထားစမ်း JunJunလေး..တီတီလေးခေါ်တာကြားလား...''
တစ်ကိုယ်လုံးချွေးတွေရွှဲစိုလို့ မျက်ဝန်းတွေကို စုံမှိတ်ကာ ကယောင်ကတမ်း အော်ဟစ်နေသည့် ကလေးက အိပ်မက်ဆိုးတွေမက်နေသည့်ပုံပင် ။ ညက အဖျားတက်လာသည်မို့ အိပ်မက်ဆိုးတွေယောင်ယမ်းနေပုံပင် ။
ကိုယ်လုံးလေးကို လှုပ်ခတ်နိုးတော့မှ မျက်ဝန်းတွေက ဖြေးညှင်းစွာ ဖွင့်လာသည် ။
" အစ်ကို..တီတီလေး..အစ်ကို..ဟင့်..ဟင့်..အင့်..အစ်ကို..''
ရှိုက်ငိုချလိုက်သော တူငယ်လေးက အစ်ကိုဆိုသော ထိုကလေးအား သိပ်ချစ်သည့်ပုံပင် ။ သားကြီး ဟိုလေး လိုအဖြစ်မျိုးဖြစ်မှာ သိပ်စိုးရိမ်နေပုံပင် ။
" JunJun လေး သတိထားစမ်း သားငယ်အိပ်မက်ဆိုးတွေမက်နေတာ ဘာမှမဖြစ်ဘူး ရေသောက်လိုက် ကလေး..''
ရေဖန်ခွက်ကိုင်လာသည့်လက်လေးက တုန်တုန်ယင်ယင်ဖြင့် အကြောက်မပြေသေးသည့်ဟန်ပင် ။
" သားငယ် အိပ်မက်ဆိုးတွေ မက်နေတာလား ''
" ကိုကြီးကိုအိပ်မက်မက်တယ် သွေးအိုင်ထဲကကိုကြီးကိုတွေ့ခဲ့တယ် ပြီးတော့..ဟင့်..တဖြေးဖြေးနဲ့ ကိုကြီးကနေ အစ်ကို ဖြစ်သွားတယ် တီတီလေး JunJun ကြောက်တယ် အစ်ကို့ကိုပါ ထပ်ဆုံးရှုံရမှာ JunJun ကြောက်တယ် ''
သူမရင်ခွင်ထဲတိုးဝင်ကာ ငိုရှိုက်လာသော တူငယ်လေးအား ကျောပြင်လေးအသာပုတ်လို့ ချော့မြှူရသည် ။
ကလေးငယ်ကို စောင့်ရှောက်ပါ ကလေးငယ်ရဲ့အစ်ကိုရေ ။
သူမဆုတောင်းနိုင်သည်က ထိုမျှသာ ။ စိတ်ကြီးမာန်ကြီးလွန်းသည့် သူမ၏အစ်ကိုဖြစ်သူအကြောင်းအသိဆုံးမို့ တူငယ်လေးအတွက်သူမ မှာ ဆုတောင်းပေးဖို့သာ တတ်နိုင်သည် ။
°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
" တီတီလေး ''
" အင်းပြော သားငယ် ဘာလိုချင်လို့လဲ ''
" ဟင့်အင်း သားပြောစရာရှိလို့ ''
တိုးညှင်းစွာပြောလာသော တူငယ်လေးကြောင့် ကုတင်ပေါ်ထက် တစောင်းဝင်ထိုင်လိုက်သည် ။
" ဘာပြောမလို့လဲ သားငယ် ''
" ဟိုနေ့က အစ်ကိုနဲ့ တွေ့ပြီးပြီမလား''
" အင်း သားငယ် တွေ့ပြီးပြီ ''
" Appa တို့ကို ...''
ပြောရင်း စကားစရပ်ကာ လက်ဖဝါးနှစ်ဖက်ကို ပွတ်နေသော ကလေးကြောင့် သူမသက်ပြင်းအသာချရင်း ထိုလက်လေးတွေအား ဆုပ်ကိုင်လိုက်သည် ။
" တီတီလေး...''
" JunJun သားငယ်လေး တီတီလေးကလေ သားကြီးတစ်ယောက်နဲ့တင် ရင်နာပါရစေ သားငယ်လေးကတော့ သတိ္တရှိပြီး နောက်ဆုံးအထိ ကြံ့ကြံ့ခိုင်ပေးမယ်မလား အစ်ကိုကြီးတို့ကို တီတီလေး မပြောပါဘူး သားငယ်လေးတို့အဆင်သင့်ဖြစ်တဲ့အချိန်ထိ သားငယ်လေးကို တီတီစောင့်ရှောက်မှာပါ ''
တီတီလေး ၏ စကားတွေကြောင့် သူဝမ်းသာကာ မျက်ရည်တွေပင်ကျလာသည် ။
" သား ကတိပေးတယ် တီတီလေး သား ကိုကြီးလို အရှုံးမပေးဘူး အစ်ကို့ကိုလည်း အဆုံးရှုံးမခံဘူး သား Appa တု့ိကို ရင်ဆိုင်မှာပါ ''
" အင်း အခုတော့ နေမြန်မြန်ကောင်းအောင်လုပ် ဟုတ်ပြီလား ''
" ဟုတ် ''
" ပြီးတော့ ဟိုကလေး က စိတ်ပူနေတယ်ထင်တယ် ဖုန်းဆက်လိုက်ဦးနော် စာတွေ့ပို့ထားတာတွေ့တယ် ''
" ဟုတ် တီတီလေး ''
" အိမ်လာပြီးသတင်းမေးချင်တယ်ဆိုလည်း ခေါ်လိုက်ပေါ့ ထမင်းတစ်နပ်လောက်တူတူစားကြတာပေါ့ ''
" တီတီလေး ချစ်တယ် အများကြီးချစ်တယ် ''
သူမ စကားကြောင့် ပြုံးကာ သူမအားဖက်တွယ်လာသော တူလေးနဲ့ထပ်တူ သူမပြုံးလိုက်မိသည် ။
တီတီလေး သားငယ်တွေကို တီတီလေး မနာကျင်စေချင်ဘူး ။
အချစ်စစ် က အခက်အခဲတွေကို အောင်မြင်နိုင်မှာပါ ။ ဇွဲမလျော့ပဲ ရင်ဆိုင်နိုင်ဖို့ပဲ အရေးကြီးတာ ။ နှစ်ယောက်လုံးကို တီတီလေး ယုံပါရစေ ။
°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
" သက်သာရဲ့လား ကလေးငယ်ရယ် ''
" သက်သာပါတယ် အရမ်းကြီးစိတ်မပူပါနဲ့''
" ပူရတာပေါ့ အဖျားမကျသေးဘူးဆိုလို့ ညကတည်းက လာကြည့်ချင်နေတာ တစ်ညလုံးအိပ်လို့တောင်မပျော်ဘူး ''
" ငယ့်ကြောင့် အိပ်ရေးပျက်ရပြီ ''
စိတ်ပူလွန်းကြီးနေသောအစ်ကိုက အိမ်လာခဲ့ပါလား ဆိုသောစကားကြားသည်နှင့်အပြေးနှင်လာသည်ထင်ပါ့ ။ ခဏချင်းပင်ရောက်ချလိုက်သည် ။
စိတ်ပူလွန်းနေသည့် အပူကြောင့်နဖူးပြင်ကျယ်ထက် ချွေးပင်စို့နေသည် ။
နဖူးပြင်ထက် ရောက်လာသော လက်လေးတွေက နဖူးပြင်ကချွေးစတွေကို အသာသုတ်ဖယ်ပေးနေသည် ။
ကိုယ့်အတွက်ပြန်စိတ်ပူနေသော ကလေးငယ်ကြောင့် သူပိုပြီး အချစ်ပိုရသည် ။
လက်လေးတွေကို ဆုပ်ကိုင်လိုက်တော့ ဖောင်းအိအိလက်လေးတွေက အနည်းငယ်ပင်သွယ်ကျသွားသယောင် ။
" ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ ငယ်ရယ် တစ်ရက်နှစ်ရက်နဲ့ကို လူကသိသိသာသာပိန်သွားတယ် ''
" ခဏပါပဲ အစ်ကိုရာ နေကောင်းသွားရင် ငယ် က ပြန်ပြည့်လာမှာ အဲ့ခါမှ ဝတုတ်တုတ်မို့ မချစ်တော့ဘူး မလုပ်ပါနဲ့ ''
" ဟား ဝတုတ်တုတ်ဖြစ်ဖြစ် ပိစိသေးသေးကွေးလေးဖြစ်ဖြစ် ကလေးငယ်မို့ အစ်ကိုကချစ်နေမှာပါကွာ ''
" လွမ်းတယ် အစ်ကို ''
လွမ်းတဲ့စကားဆိုကာ အစ်ကို့ရင်ခွင်ဆီ တိုးဝင်တော့ အစ်ကိုကထွေးဖက်၏ ။
နွေးထွေးလှသည့် ဒီရင်ခွင်ကျယ် ဘယ်တော့မှ လက်မလွှတ်ဘူး အစ်ကို ။
" အစ်ကိုလည်း လွမ်းနေတာ ငယ် ''
စကားလေးနှစ်ခွန်းနဲ့တင် သူနဲ့ကိုယ့်ကြား အလွမ်းသိပ်သည်းဆကို မှန်းဆနိုင်လောက်အောင် ထပ်တူကျမှုကြောင့် ချစ်ရသူလေးအား အသာအယာထွေးဖက်ရင်း အလွမ်းပြေစေသည် ။
~ဒေါက်~ဒေါက်~
" သားငယ် ခဏနေရင် အောက်ဆင်းခဲ့နော် ဧည့်သည်ကို ထမင်းကျွေးရအောင် ''
" ဟုတ် တီတီလေး ''
တံခါးခေါက်သံနဲ့အတူ အပြင်မှ ဆိုလာသော တီတီလေးစကားကြောင့် သူတို့အောက်ဆင်းလာခဲ့သည် ။
ထမင်းစားပြီးတော့ အစ်ကို့ကို တီတီလေးက အသီးဖြင့်ဧည့်ခံပြန်သည် ။ စကားကောင်းနေသော တီတီလေးနှင့် အစ်ကို့ုကြား JunMyeon အိပ်ချင်လာသည် ။ ထမင်းစားပြီးချိန်က သောက်ထားသည့်ဆေးရှိန်ကြောင့်လည်းပါမည်ထင် ။
" ငယ်..''
သူ့ပုံခုံးပေါ်ပြိုကျလာသော ကလေးငယ်၏ ခေါင်းလေးအား အသာဖမ်းထိန်းရင်း ရင်ခွင်ထဲအလိုက်သင့်ထည့်ထားရသည် ။
ဆေးရှိန်ကြောင့်ထင်ပါရဲ့ နှစ်နှစ်ခြိုက်ခြိုက် ကိုအိပ်ပျော်နေခဲ့သည် ။
" အိပ်ပျော်သွားပြီ သားကိုပဲ ဒုက္ခပေးရတော့မယ် အခန်းထဲပို့ပေးပါဦးနော် ''
" ရပါတယ်ဗျာ ''
ကလေးငယ်ကိုယ်လေးအား အသာပွေ့ကာ အိပ်ယာလေးထက်အသာချပေးရင်း စောင်လည်းသေချာခြုံပေးခဲ့သည် ။ ပြန်ထွက်လာခါနီး နဖူးပြင်ထက် အနမ်းလေးတစ်ပွင့်လည်း မမေ့မလျော့ ခပ်ဖွဖွခြွေခဲ့သည် ။
အိပ်မက်ထဲက ကလေးငယ် ကတော့ လှပသည့်အိပ်မက်လေးတွေ မက်နေသည်ထင် ။ နှုတ်ခမ်းနီစုစုလေးတွေက ပြုံးယောင်သန်းနေခဲ့သည်လေ ။
အစ်ကို့ ကလေးငယ်လေး ငြိမ်းချမ်းပါစေကွာ ။
အစ်ကိုက အလှပဆုံး အချစ်တွေနဲ့ စောင့်ရှောက်ပေးမှာမို့ ကလေးငယ် အမြဲအေးချမ်းပါစေ ။
သိပ်ချစ်တယ် ကလေးငယ် ။
အစ်ကို ချစ်သော ကလေးငယ်...။
°°°°°°°°°°°°°°°°°°°°°💜°°°°°°°°°°°°°°°°°°°°°
အစ်ကိုက အလှပဆုံး အချစ်တွေနဲ့ စောင့်ရှောက်ပေးမှာမို့ ကလေးငယ် အမြဲအေးချမ်းပါစေ
Continue Reading
You'll Also Like
360K 45.6K 48
ChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd
3.6K 211 11
>One Short Nway Oo _ 0003 : Normal Nway Oo _ 0004 : Normal Nway Oo _ 0005 : Normal
273K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
422K 19.4K 61
"Do I mean nothing more to you?" "Why is it that just when everything is starting to get better, she's becoming so distant?" "I'll always love you Je...