ပိုင်ဆိုင်ခွင့်လေး
#ပန်းခြယ်ရီ
အလင်းရောင် နဲ့ ကြယ်စင် တို့ရဲ့ ကိုယ်ပိုင် အိမ်လေးသို့ ပြန်လာကြသည်...။
အလင်းရောင် လည်း အိမ်ပြန်ရောက်တာနဲ့ ဆိုဖာပေါ် အားယုတ်ကာ ပစ်ထိုင်ချလိုက်သည်..
ကြယ်စင် လည်း တံခါးတွေ စစ်ကာ အိမ်ပေါ်တက်နားရန် လှေကားဆီ ဦးတည် သွားနေချိန်...
"..ဟေ့..နေဦး ပြောစရာစကားရှိလို့.."
"...ဟင်..ကြယ်စင် ကို ပြောနေတာလား..."
ဒီအိမ်မှာ ငါနဲ့သူ နှစ်ယောက် ပဲ နေတာ...ငါက သူ့မပြောလို့ ဘယ်သူ့ကို ပြောရမှာလဲ...
သူကပဲ ငါ့ကို မျက်လုံး ကြီးပြူးပြီး ပြန်မေးနေသေးတယ်...
"..ဒီအိမ်မှာ မင်းနဲ့ငါ နှစ်ယောက်ပဲ ရှိတာ..ငါက ဘယ်သူ့ကို ပြောရမှာလဲ..."
ဟင်...ကြယ်စင့် နာမည် တောင် မခေါ်နိုင်လောက်အောင် ဖြစ်နေတာလား...ရောင် ရယ်...
"အင်း.."
အလင်းရောင် ထိုင်နေသော နှစ်ယောက် ထိုင် ဆိုဖာ မှာ ကြယ်စင် အနီးကပ် ထိုင်တော့..
"ဟေ့...ဟိုမှာ သွားထိုင် ဟိုမှာတွေလည်း ထိုင်ခုံ တွေရှိသားနဲ့...ဘာလို့ ဒီမှာ လာထိုင်နေတာလဲ..."
"...ရှင်..."
ကြယ်စင် အံ့သြ ကြည့်နဲ့ အလင်းရောင် ကို ကြည့်မိလိုက်သည်...။
အတူ မထိုင်နိုင်လောက်အောင်...ကြယ်စင် က ဘာတွေများ ချို့တဲ့နေလို့လဲ...ဘာတွေများ လိုအပ်နေလို့လဲ...ဘာတွေများ အမှား လုပ်မိလို့လဲ..
အဲ့လိုသာ အော်ဟစ် မေးလိုက်ချင်ပေမယ့်...
ကြယ်စင် မမေးဖြစ်လိုက်...။
တစ်ဖက်ခုံကိုသာ ပြောင်းထိုင်လိုက်သည်...။
အာ့...ဘာ အချိုးလဲ..
ဘာလို့ အဲ့အကြည့်နဲ့ ကြည့်တာလဲ....
"...ရောင်...ကြယ်စင့် ကို ပြောစရာရှိလို့ဆို..."
"...အွန်း..."
"...ပြောပါ..ကြယ်စင် နားထောင် နေပါတယ်.."
"...အင်း...မင်းနဲ့ငါ တစ်ခန်းထဲ အတူ မနေနိုင်ဘူး..."
"...ရှင်..."
ကြယ်စင် ဒီတစ်ခါတော့ ပိုပြီး အံ့သြ ရသည်...။
ပြောလိုက်တာက
'မင်းနဲ့ငါ တစ်ခန်းထဲ အတူမနေနိုင်ဘူးတဲ့လေ'
ကြယ်စင် မအံ့သြဘဲ နေမလား...
"ဘာဖြစ်လို့လဲ..."
"...ရောင်...ဘာပြောလိုက်တာလဲ လို့ပါ...."
"မင်းမကြားဘူးလား..."
"...ကြားလိုက်ပါတယ်...ဒါပေမယ့် သေချာအောင် ပြန်မေးတာပါ..."
စကားကို လုံးထွေးပက်ထွေး မပြောမိပါဘူး..
ဒါကို သေချာ အောင် ပြန်မေးတာတဲ့..
"ငါ့စကား နားမလည်လို့လား..."
"...နားလည်ပါတယ်..."
"...အာ့များ ဘာလို့ ပြန်မေးနေတာလဲ...ငါ ပြောတာ သေချာတယ်..."
"...အင်း..."
"...အော်...ဒီကိစ္စ ကို...မေမေတို့..."
"...ကြယ်စင် ပြန်မပြောပါဘူး...စိတ်ချပါ..."
"...အေး...ပြီးရော.."
"...အင်း.."
ကြယ်စင် စကားရှည် မပြောမိ...အသံဝဲတက်လာတာကို သူကြားသွားရင် သူ ဘာပြောမလဲ...
ကြယ်စင် သူ့ရှေ့က အမြန် ထ လာကာ လှေကား ဆီသို့ ခပ်သွက်သွက် လျှောက်လိုက်သည်..
ခဏ တာ အဝေးကို ပြေးထွက်ချင်တဲ့ စိတ်...ကြယ်စင့် ရင်ထဲ လှိုက်တက်လာသည်...။
အခန်းထဲရောက်မှ...
ကြယ်စင့် မျက်ရည် ပျိုးပျိုးပြက်ကြက် အတားအဆီး မဲ့စွာ ပါးပြင်သို့ စီးကျလာသည်..။
ကြယ်စင်...ကြယ်စင် က ဘာဖြစ်နေလို့လဲ...
ဘာလို့များ အဲ့လောက်ထိ ကြယ်စင့် အပေါ်ကို အေးစက်စက်နိုင်ရတာလဲ...ကြယ်စင် ဘာတွေများ လုပ်ခဲ့မိလို့လဲ...ကြယ်စင် ရောင့်ကို ချစ်ခဲ့မိတာလေး တစ်ခုပဲ ရောင့်အပေါ် ကြယ်စင် လုပ်မိခဲ့တာ တစ်ခုလးပဲ ရှိတာပါ...ကြယ်စင် ကြယ်စင် က ရောင့်အတွက် အနှောင့်အယှက် ဖြစ်နေပြီလား...
အလင်းရောင် ဆိုဖာပေါ် မှာ ခဏ မှေးနေရင်းမှ အိပ်ဖို့အတွက် အပေါ်ထပ် အခန်းကို ရောက်တော့
မှန်တင်ခုံ မှာ အလင်းရောင် သုံးနေတဲ့ပစ္စည်း ကလွဲ ကျန်တာ...မရှိတော့
အဝတ်လဲဖို့ ဗီဒို ဆွဲဖွင့်တော့လည်း သူ့အဝတ်တွေမှ လွဲ ကျန်တာ ဘာဆိုဘာမှ မရှိတော့...
ခြေလက်ဆေးရန် ရေချိုးခန်း ဝင်တော့လည်း
သွားတိုက်တံ မှအစ ကျန်တာ ဘာမှ သူမ နှင့်သက်ဆိုင်သော ပစ္စည်း တစ်ခုတစ်လေတော့ မရှိတော့...
ခဏလေးအတွင်း သူ ဘယ်လို သိမ်းလိုက်တာပါလိမ့်....
ကြယ်စင် သူမပစ္စည်းတွေကို စောင် အသစ် ကို ယူ ဖြန့်ပြီး အကုန် သိမ်းကျုံး စုထည့်ခဲ့လိုက်သည်...လိုအပ်တဲ့ ပစ္စည်း တွေ နောက်တစ်ခါ အဲ့အခန်းထဲ ပြန်ဝင်ယူစရာ မလိုအောင် အားလုံး ကို စု ယူခဲ့လိုက်သည်...။
အိပ်ယာခင်း အသစ်ခင်း...ခေါင်းအုံး ဖုံး အသစ်စွပ်...စောင်တွေ အသစ် လဲ
ရေချိုးခန်း ထဲ ပစ္စည်း တွေ နေရာတကျ ထား...
မှန်တင်ခုံ ပေါ် ပစ္စည်း တွေ အစီအစဉ် တကျ ထား...အဝတ်ဗီဒိုထဲ အဝတ်တွေ အစီအရီ ထည့်....
အားလုံး အပြီးအစီး လုပ်ပြီး ကြယ်စင် ပင်ပန်းလို့ ခုတင် ပေါ် လှဲချပြီး မျက်လုံး မှိတ်မိတာ သူမတောင် မသိလိုက်ဘဲ ...အိပ်ပျော် သွားသည်...။
.
ဒေါက်...ဒေါက်...ဒေါက်...
ဒေါက်...ဒေါက်...ဒေါက်...
ဒေါက်...ဒေါက်...ဒေါက်....
ကျစ်....
"....ဘယ်သူလဲ ကွာ...တံခါးတွေ ဇွတ်ခေါက်နေတာ..."
တံခါးတွေ ဇွတ်ခေါက်သံကြားနေတော့...မနက်အစော ဒေါသတွေက မဖိတ်ဘဲ ရောက်ချလာတော့ အသံတွေ ကို အမြင့်ဆုံးထိ မြင့်တင်ပြီး အော်လိုက်မိသည်...။
အမလေး...
ကြယ်စင် အရမ်း လန့်မိသွားသည်...
လန့်တဲ့စိတ် ကို တတ်နိုင်သမျှ...ထိန်းကာ
အသံကို အတည်ငြိမ်ဆုံး လုပ်ပြီး...
"...မေမေတို့က ပြင်ပြီး...လာခဲ့တော့တဲ့..."
အော်...မင်းကိုး...
"...ဘယ်ကိုလဲ..."
"...မေမေတို့အိမ်ကိုလေ..."
"...ဘာလုပ်ဖို့လဲ..."
"...အင်းလေး သွားမယ်လို့ ပြောထားတယ်လေ.."
"...အင်း..."
ကြယ်စင် လည်း စကားဆက်မပြောတော့ဘဲ....
အောက်ထပ် သို့ ဆင်းသွားလိုက်သည်...။
အလင်းရောင် အိပ်ချင်မူးတူး ဖြင့် ခေါင်းရင်း က နာရီ ကို ဆွဲယူ ကြည့်တော့
၇နာရီ ခွဲ...
အမလေး...နောက်ကျနေပြီ
အလင်းရောင် အလောသုံးဆယ်ဖြင့် ရေချိုးခန်း ထဲ ဝင်ကာ သွားတိုက် မျက်နှာသစ်...ရေအမြန်ချိုးကာ ထွက်လာတော့
ခုတင်ပေါ်မှာ အဆင်သင့် ပြင်ပေးထားသော အကျီ င်္နဲ့ ပုဆိုး...
အလင်းရောင် တခဏ ကြည့်ပြီး ဗီဒိုထဲက အဝတ်သစ် ထပ် ထုတ်ပြီး...ဝတ်လိုက်သည်...။
ပြီး...ဆံပင်ကို ပုံသွင်းကာ အားလုံး အဆင်သင့် ပြင်ပြီး အောက်ထပ် သို့ ဆင်းလာတော့ ကြယ်စင် အားလုံး ပြင်ဆင်ပြီး စောင့်နေသည်...။
"ရောင်...ကော်ဖီ သောက်..."
"...မသောက်တော့ဘူး...သွားမယ်...လာ..."
"...ဟို...ရောင်...ဗိုက်ဆာနေမှာစိုးလို့.."
"...ကျစ်...လာကွာ..."
အလင်းရောင် စိတ်မရှည်သံနဲ့ ပြောပြီး...အိမ်ထဲကနေ အရင်ထွက်ကာ ကားစက်နှိုးပြီး ကြယ်စင့် ကို စောင့်နေလိုက်သည်...။
ကြယ်စင်လည်း တံခါးတွေပိတ်ပြီး ကားပေါ်တက်ကာ အပြင် ကိုသာ အကြည့် ပို့ထားလိုက်သည်..။
အလင်းရောင် လည်း ကားကိုသာ အာရုံ စိုက် မောင်းနေလိုက်သည်...။
.
တီ...တီ...တီ
"လာပြီ...ကောင်လေးရေ.."
အသက် ၄၀ကျော် ဦးလေးတစ်ယောက် ခပ်သွက်သွက် ပြေးလာပြီး ခြံတံခါး ဆွဲဖွင့်ပေးသည်...။
အလင်းရောင် ကားခေါင်းကို ခြံထဲ နည်းနည်း မောင်းဝင်ပြီး
"..ဦးလေး..ပြန်ရောက်နေပြီလား.."
"...ဟုတ်တယ်..ကောင်လေးရေ..."
"...ဦးလေး ဘယ်ချိန် တုန်းက ပြန်ရောက်တာလဲ..ညတုန်းကလား..."
"...မဟုတ်ဘူး..ကောင်လေး မနက်အစောမှ ရောက်တာပါ.."
"..ဟုတ်..."
ဒီဦးလေး ကိုတော့ ဖော်ဖော်ရွေရွေ ပြန်ပြောနေတဲ့ ရောင်...ကြယ်စင် ကိုကျ မပြောနိုင်ဘူးလား..
အလင်းရောင် ကားကို ခြံထဲ ထိ မောင်းဝင်လိုက်သည်...ပြီး ကြယ်စင် နဲ့ အလင်းရောင် ကားပေါ်က နေ ဆင်းတော့ ခြံတံခါး ဖွင့်ပေးတဲ့ ဦးလေးက တံခါးကို ဖွင့်ပြီး...ကြယ်စင် တို့နား လျှောက်လာသည်...။
"ဒါ...သား ဇနီး..."
အလင်းရောင် ကြယ်စင် ကို တစ်ချက် ကြည့်ပြီး
"ဟုတ်ကဲ့..."
"...သမီးလေး က ချစ်စရာလေး ပဲ...ချောလည်း ချောတယ်ကွ...သမီးရေ ဦးလေးက သမီးတို့ မင်္ဂလာ ပွဲ ကျမှ ဦးလေး အမေ နေမကောင်း လို့ ရွာပြန်ရတယ်လေ...အာ့ကြောင့် သမီးတို့ မင်္ဂလာ ပွဲ ဦးလေး မရှိတာ..."
"...ဟုတ်ကဲ့..ဦးလေး အမေ ရော သက်သာရဲ့လား.."
"...သက်သာသွားပါပြီကွယ်..."
"...ဟော..သား တို့ ရောက်နေကြပြီကိုး..."
"...ဟုတ်...မေမေ.."
"...သိဂီ င်္ရေ ကိုယ်တို့ သားနဲ့သမီး ကြည့်ပါဦး...လိုက်ဖက် လိုက်တာ..."
"...ဟုတ်ပါ့...ခင်ထားရယ်..."
"အဟင်းဟင်း...."
သမီး ယောက္ခမ သူငယ်ချင်း တွေ ပြုံးပျော်နေလို့
"...ကဲပါကွာ...သွားရအောင်..."
"...မြင့်ဆွေ ပြောမနေနဲ့...မိန်းမ တွေများ ပြောစရာ မရှိ ရှာကြံပြီး ပြောနေတဲ့ ဟာတွေ...."
"...အေးကွာ..."
ဟား...ဟား...ဟား...
"....ကဲ...သွားကြမယ်..."
"...ယူစရာ ကျန်သေးလား ..မေမေခင်ထား.."
"...မကျန်တော့ဘူး..သမီးရဲ့..မေမေ အားလုံး ပြင်ပြီး ကားပေါ် တင်ထားပြီးပြီ..."
"...ဟုတ်..."
"...ကဲ...သွားကြမယ်...သား ကား ဖြေးဖြေး မောင်းနော်..."
"...ဟုတ်.."
ဒေါ်သိဂီ င်္. ဦးမြင့်ဆွေ. ဦးအောင်နိုင် အကုန် ကားပေါ်တက်ပြီးကြပြီ...
ဒေါ်ခင်ထားကတော့...
"...အော်...ဖိုးခွား...ဖိုးခွား..."
"...လာပါပြီ...ကြီးကြီး..."
ဖိုးခွား လို့ ထင်ရတဲ့ ကောင်လေး တစ်ယောက် အိမ်နောက်ဘက်ကနေ ပြေးထွက်လာသည်...။
အလင်းရောင် ဘယ်သူလဲ လို့ မေးဟန် နဲ့ ဒေါ်ခင်ထား ကို ကြည့်တော့...
"...ဖိုးခွား က ဦးကောင်းနဲ့ ပါလာတာ...အလုပ်လုပ်မလို့တဲ့..."
"...အော်...ဟုတ်.."
"...ဖိုးခွား...သားတို့ နဲ့ စီးလိုက်နော်..."
"...ဟုတ်.."
ဖိုးခွား အလင်းရောင် တို့ ကားနားသွားကာ ကားတံခါး ဖွင့်ဝင်ရတော့မလိုလို ရပ်နေရမလိုလို ဖြစ်နေတော့ အလင်းရောင် လည်း အရိပ်အကဲ နားလည်ကာ...သူ အရင် ကားထဲ ဝင်တော့မှ ကြယ်စင် နဲ့ ဖိုးခွား လိုက်ဝင်တော့သည်...။
အလင်းရောင် ကားက ရှေ့က ဦးဆောင်ကာ ညောင်ရွှေ သို့ ဦးတည်လိုက်သည်...။
နောက်မှ ဦးမြင့်ဆွေ ကားမောင်း၍ အလင်းရောင် ကားနှင့် ထက်ကြပ်မခွာ မောင်းလိုက်လာသည်...။
ဒီလိုနဲ့...မောင်းလာကာ
တောင်းဆင်း အချိုးအကွေ အစ နတ်နန်း နေရာ ရောက်တော့ အလင်းရောင် ကားဟွန်း ၃ချက်တီး လိုက်သည်...။
အလင်းရောင် မှ မဟုတ်...ကျန်သော ဘယ်ယာဉ်သေးယာဉ်ကြီး မဆို မောင်းနှင်ကြသော ယာဉ်မောင်း သူများက ထိုနတ်နန်းရှေ့ ရောက်လျှင် ယာဉ်အသီးသီးရဲ့ ဟွန်းသံ ၃ချက် လှိုင်ထွက်သွားသည်...။
ဟွန်း ၃ချက် သံက...
နတ်မင်း ကို ရှိခိုးကန်တော့ခြင်း...
နတ်မင်းထံ ကာကွယ် စောင့်ရှောက် မှုကို အယူခံ တောင်းခြင်း....
ယာဉ်မောင်းနေရင် ဘာမှ မဖြစ်ရန်...
တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်လည်း အထိအခိုက် အပွန်းအပဲ့ နည်းနိုင်သမျှ နည်းစေရန်...
ရှမ်းပြည်နယ် တောင်ပိုင်း...တောင်ကြီး မြို့ကို ကာကွယ် စောင့်ရှောက် ပေးနေသော ကိုးမြို့ရှင် နတ်မင်း ကို ရိုသေစွာ ဂါရ၀ပြု ခြင်း...
'ခြင်း.' များစွာဖြင့် ယာဉ်ကြီးယာဉ်ငယ် ဘယ်ယာဉ်မဆို ဂါရ၀ပြု ခြင်းက...တောင်ကြီးမြို့တွင် နေထိုင်ကြသော သူတွေ ရဲ့ ဓလေ့ထုံးတန်း တစ်ခုလို လက်ကိုင်စွဲမြဲ ကျင့်သုံးနေကြသည်လေ..။
တောင်ပေါ်ကနေ ဆင်းပြီ ဆိုသည်နှင့် ကြယ်စင် နဲ့ ဖိုးခွား ခေါင်းတွေ ကိုယ်စီ ကားပြင်ထုတ်ကာ တောင်ပေါ် သဘာဝ အလှကို မျက်တောင်မခတ် ငေးကြည့်နေကြသည်...။
သူတို့ ပုံစံ က တောင်ပေါ်သဘာဝ အလှကို လေ့လာစူးစမ်းသည်ကတော့...အပြစ်ပြောမရပေပယ့်...ခေါင်းတွေက ကားအပြင်ဘက်ကို ထုတ်ထားလိုက်ကြတာ...
မဖြစ်ပါဘူး...သတိပေးမှ ရမှာပါလေ...
"...ဟေ့...ခေါင်းတွေထုတ်ထားရင် နောက်ကား ဖြတ်မောင်းလာပြီး အဲ့ခေါင်းတွေ ချိတ်ပါသွားမယ်.."
ကြယ်စင် နဲ့ ဖိုးခွား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးပြီး နှစ်ယောက်လုံး ခေါင်းလေးပုကာ...ကားထဲသို့ ပြန်ဝင်လာသည်...။
"အိုး...လေလေးတွေ တဖြူးဖြူးနဲ့ နေလို့ ကောင်းလိုက်တာ..."
သူသာ လေအရသာ ဖမ်းစားနိုင်နေတာ..
အလင်းရောင် ကတော့ သတိထားပြီး ကားမောင်းနေရသည်...။
ကားလမ်းတွေက တောင်ကို ပတ်ပြီး လမ်းဖောက်ထားသည့်အတွက် လေတွေကတော့ တဖျပ်ဖျပ်နှင့် ကားထဲသို့ ခွင့်မပေးလည်း ဝင်လာပါသည်...။
တောင်ဆင်းဆိုသည့်အတိုင်း...အဆင်းလမ်းက အရမ်း သတိထား မောင်းရသည်...ဘရိတ်ကို အမြဲ ထိန်းကာ မောင်းဆင်းရသည်လေ...
နွေရာသီ ဆောင်းရာသီ ဆို အဆင်း သိပ်မကြောက်ရပေမယ့် မိုးရာသီ တော့ မဟုတ်...။
မိုးရာသီ ဆို အရမ်း သတိထားရသည်...။
မိုးရာသီ တိုင်း တောင်ဆင်းလမ်းမှာ ကားအရှိန်ပြင်းပြီး တောင်အောက် သို့ ထိုးကျတာတွေ...
တွဲကားတွေ ခေါင်း တောင်အောက် ထိုးဆင်းပြီး ကိုယ်ထည် ကျန်ကာ လမ်းပိတ်နေတာတွေ...
တွဲကားမောင်းသူတွေတော့ မိုးရာသီ ဆို ကြောက်လန့်ရသည်လေ...
တောင်တက် က ယာဉ်ကိစ္စ သိပ်မဖြစ်သော်လည်း...တောင်ဆင်း ကတော့ ခဏခဏ ယာဉ်နှင့် ပတ်သက်ပြီး ကြားနေရသည်လေ
သို့သော် တောင်ပေါ်သား ဖြစ်ရတာ ဂုဏ်ယူပါသည်...
တောင်ဆင်းလမ်းမှာ သိပ်မကြီးလှတဲ့ ရေတံခွန် သေးသေးလေး တွေ လည်း ရှိသည်..
ကြယ်စင် နဲ့ ဖိုးခွား အရာအားလုံး ကို စူးစူးစမ်းစမ်း လုပ်နေကြသည်
"....ရောင်...ဟိုက ရေကန်က အကြီးကြီးလား.."
သူမ ပြတဲ့ ကန် ကို အလင်းရောင် ကြည့်တော့
ကျီးဖြူ ကန် ကို ပြောနေခြင်းလေ
"...အွန်း...ဟုတ်တယ်..အာ့က ကျီးဖြူ ကန်လေ.."
"...လှတယ်နော်.."
"..အွန်း..လှသလောက် ကြောက်ဖို့ကောင်းတယ်..."
"...ဟွန်..."
"...အဲ့ကန် က လူစားတယ်..."
"...ဟမ်...လူစားတယ်..."
"...အွန်.."
"...အမလေး...ကြောက်ဖို့ကောင်းလိုက်တာ.."
သူ မေးချင်တာ မေးပြီး ငြိမ်သွားပြန်သည်...
"တောင်အောက် တွေမှာလည်း အိမ်တွေ ရှိသားဗျနော့်.."
"...ဗျာ.."
ဘယ်လို လူတွေပါလိမ့်နော်...
"..အွန်း..ရှိတယ်လေ.."
"...တောင်ပြိုရင် သူတို့ ဘယ်လို ပြေးကြမလဲ.."
"...ဟမ်..."
ငါ...နေလာတာ 7နှစ် ရှိပြီ...တောင်ပြိုတယ်ဆိုတာလည်း မကြုံဖူးဘူး ရှိခဲ့ဖူးတယ်လို့လည်း တစ်စွန်းတစ်စ မှ မကြားခဲ့ဖူးဘူး...ဖြစ်မယ်လို့လည်း ငါ မစဉ်းစားမိဖူးဘူး...
ကြံဖန် စဉ်းစားတတ်ပါဘိ..
"...တောင်ပြိုတယ်ဆိုရင်တော့ သူတို့ ဘယ်ပြေးလွတ်မလဲဗျ...ဒါပေမယ့် ကိုဖိုးခွားရယ်...တောင်ကြီးမှာ တောင်ပြိုတယ်လို့တော့ မကြားဖူးဘူးဗျ...ကျွန်တော် နေတဲ့ 7နှစ် သက်တမ်း မှာတော့ ကြုံ လည်း မကြုံဖူးဘူးဗျ..."
"...အော်..."
တောင်အောက်ရောက်ခါနီးတော့..
"...အိမ်လေးတွေက အနေတော်လေးတွေပါ.."
"...ဟမ်..."
"...ကြယ်စင် က အပေါ်က ကြည့်နေတော့ အိမ်တွေက သေးသေးလေးပေါ့..လူတွေ ဘယ်လိုနေမလဲ ပေါ့...ဒါပေမယ့် အခုကျ အိမ်တွေ နေရပါတယ်..."
အမလေး...ဦးနှောက်ရယ်...
ဒီဦးနှောက်နဲ့ ဘယ်လိုများ ဘွဲ့ရခဲ့ပါလိမ့်နော်...
ညောင်ရွှေ ရောက်ဖို့က
အေးသာယာ . အောင်သပြေ . ရွှေညောင်
ဖြတ်ရမည်လေ...
"...ဒီအောက်မှာလည်း..အဆောက်အရုံ ကြီးတွေလည်း ရှိသားနော်.."
ဟမ်...ဒီဟာမလေး ဒီလာတုန်းက ဒါတွေ ဖြတ်လာခဲ့တာပါ...
ဪ...သူ အိပ်နေတာပဲ...
ဒီလိုနဲ့ အေးသာယာ က ထွက်တော့
"...ဟို..ရှေ့က...ဂေါက်သီး ပုံစံ ရှိတဲ့ ခြံဝန်းက တော်တော် ချမ်းသာမယ့် ပုံဗျ..အိမ်ရှေ့မှာတောင် ကိုးရီးယားကား ထဲကလို လုံခြုံရေး တွေနဲ့ဗျ..."
"...ဟမ်.."
ဟူး...
"...အာ့က ဂေါက်ကွင်းဗျ...အိမ် မဟုတ်ဘူး အထဲမှာ ဂေါက်ရိုက်တာတွေ ကလေးတွေ ဆော့ဖို့ ကစားကွင်းရော...မင်္ဂလာ ခန်းမ တွေရော ရှိတယ်ဗျ..."
"...အော်..."
ပေါက်ကရ အဖြာဖြာတွေတော့ တတ်ကြပါ့...
အောင်သပြေ ကို ဖြတ်မောင်းလာပြီး....
တိုးဂိတ် သို့ ရောက်ပြီလေ...
တိုးဂိတ်မှာ...ဘီးခွန်ကြေး ဆောင်ရန် ကားကို တလိမ့်ချင်း တလိမ့်ချင်း မောင်းဝင်လိုက်သည်..။
တိုးဂိတ်ဖြတ်ပြီး...ခရီးဆက်နှင်လာသည်...။
"ဟ...ဒီမှာလည်း ကျုပ်တို့ဘက်လို လယ်တွေ နဲ့ပါလားဗျ..."
"...အာ့တော့ ဟုတ်တယ်ဗျ...နယ်ဘက်တွေလို အများကြီး မစိုက်ကြပေမယ့် နည်းနည်းတော့ စိုက်ကြပါတယ်..."
"မိုက်တယ်ဟေ့..."
"...ဟုတ်ပါ့...ရှင်..."
သူက ဘာတွေ သိလို့ ထောက်ခံနေတာလဲ
"...အယ်..."
ဘာတွေ့ပြန်တာလဲ...
"...ဟိုးက လုံးလုံးလေးနဲ့ က ဘုရား လား..."
အလင်းရောင် သူ လက်ညှိုး ညွှန်ရာ..လိုက်ကြည့်တော့
တော်တော် မျက်လုံး အား ကောင်းတဲ့ ကောင်မလေး...
သူပြတဲ့အရာက နည်းနည်း ဝေးတော့ ဝေးသား ဒါပေမယ့် ပုံစံ အနေအထား တော့ မြင်ရသည်လေ...
"ဟုတ်တယ်..အာ့က ကမ္ဘာ လုံး ဘုရား..ကမ္ဘာ လုံး ပုံစံ နဲ့လေ..."
"...ဝိုး..."
အလင်းရောင် သူတို့ နှစ်ယောက် ကို ကြည့်ပြီး ခေါင်းလေး တွင်တွင် ယမ်းမိသည်...။
မလွယ်ပါလား~~~
"...ဝိုး...ပန်းလေးတွေ လှလိုက်တာ..."
အလင်းရောင် သူပြောတဲ့ ပန်းဆိုတဲ့ အရာကို ရှာကြည့်မိသည်...။
ဘာပန်းလဲပေါ့...
တွေ့တာတော့ နေကြာပန်းတွေပဲ တွေ့မိတာပါ..
သူမ ပြောသလို...
နေကြာပန်းတွေ တကယ် လှပါသည်...။
ဝါဝါထိန်ထိန်ဖြင့် နေရှိရာ အရပ်ကို ဦးညွှတ်နေကြမြဲ...
နေကြာပန်းခင်းကတော့ အကျယ်ကြီးပါ...
လှတာတော့ လှပါသည်...
ကြယ်စင် ကတော့ ပြုံးလို့ ပျော်လို့....
#ပန်းခြယ်ရီ
.....................................................
pann ဒီနေ့ တင်တာ နောက်ကျသွားတယ်
အကုန် ရေးပြီးပြီ...အာ့ save နဲ့ delete မှားနှိပ်မိတာ အစအဆုံး ပြန် အသစ်ရေးတင် ရတယ်..
ကိုယ့်ကိုယ်ကို လည်း အဲ့လောက် ရှန်း ရလားပေါ့ ...ဒေါသတွေ ထွက်
အိမ်ကလည်း အမြဲ ဖုန်းကိုင်နေတာ ဆိုပြီး ဆူနေသေးတယ်...
ဘယ်တတ်နိုင်မလဲ...ဆူပါစေ...
pann သဘောကျတဲ့ အရာ လုပ်နေရတာပဲ.
ဖတ်ပေးကြပါဦးနော်