Cause

By kndt-mei

16.6K 1.7K 35

တကယ်လို့များသာကိုယ့်မှာရွေး ချယ်ခွင့်ရှိခဲ့ရင် #krisyeol More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24

21

539 64 0
By kndt-mei

“ Park Chanyeol မလား”

ခပ်ဝဲဝဲနာမည်ခေါ်သံနဲ့အတူ တရုတ်လိုမေးလိုက်သော အသံကြောင့် လှည့်ပြန်ရန်ပြင်နေသော သူ့ခြေလှမ်းများရပ်တန့်သွားခဲ့ရသည်။
လှည့်ကြည့်လိုက်တော့မှ အသက်ကြီးနေပြီဖြစ်တဲ့ဖာသာ တစ်ယောက်ကိုတွေ့ လိုက်ရသည်။

“ဟုတ်ပါ့မလားလို့  တကယ်ဟုတ်နေတာပဲ ”

“ဒါနဲ့ ကျွန်တော့်ကို ဘယ်လိုသိ...”

“Yi fan ရဲ့ ကောင်လေးမလား  Yi fan ရောမပါဘူးလား”

“ဟို......”

“ ကော်ဖီ  တစ်ခွက်လောက်သောက်သွားမလား”

ဒီလိုနဲ့ ဖာသာခေါ်ဆောင်ရာနောက်ကို သူလိုက်ပါသွားခဲ့ရသည်။ လမ်းတစ်လျှောက်မှာရှိတဲ့ကလေးတွေက သူ့ကိုရယ်ပြလာသည်။

“ထိုင်ပါဦး ဘေကျင်းကို တစ်ယောက်ထဲလာခဲ့တာလား”

“သူငယ်ချင်းတွေနဲ့ပါ ဒါနဲ့ ကျွန်တော့်ကိုဘယ်လိုလုပ်ပြီးသိ..”

ဖာသာက ဓာတ်ပုံ တစ်ပုံထုတ်ပေးလာသည်။ ယူကြည့်လိုက်တော့မှ သူ့ပုံဖြစ်နေသည်။

“Yi fan နောက်ဆုံးတစ်ခေါက် ရောက်လာတုန်းက April ထင်တယ် တစ်ရက်ရောက်လာခဲ့တာ အဲဒီတုန်းက သူနဲ့စကားအတော်ပြောဖြစ်ခဲ့တယ် အဓိက ကတော့ သူပြောပြတာပါ သူ့ကောင်လေးအကြောင်းကို.. ”

ဖာသာအိုကြီးရဲ့ စကားအဆုံးမှာ  သူ့မျက်နှာရဲခနဲဖြစ်သွားသည်။  Wu Yi fan ကသူ့ကို သူ့ကောင်လေးဆိုပြီးပြောခဲ့တာလား။ April ဆိုတော့ Wu Yi fan အစစ်ဆေးမခံရသေးခင်ကမလား။ Wu group ပိုင်သတ္တု တွင်းပြဿ     နာတက်တုန်းကအချိန်လောက်ကဖ်ြစမည်။ ထိုအချိန်က ဘေကျင်းကို သွားခဲ့သေးတာလား။ ထိုခါမှ Wu Yi Fan  တစ်ယောက်တစ်ရက်လုံးပြုံးစိစိ နဲ့ ကျောင်းလာကြိုသည့်နေ့ကို သတိရမိလိုက်သည်။

“Yi fan ကတော်ရုံ ခံစားချက်တွေကို ဖွင့်မပြောတတ်ဘူး တစ်ခါတစ်လေ ဘာမဟုတ်တာလေးကို ကြောက်နေတာမျိုးတွေရှိတယ်  အဲနေ့တုန်းက သူ့မျက်နှာမှာ အချစ်ကြောင့်ရဲဝံ့နေတာမျိုးလည်းတွေခဲ့ရတယ် သူဆုံးဖြတ်လိုက်ပြီတဲ့ သူ့ကောင်လေးကို သေချာချာဖွင့်ပြောဖို့ကို  ဒီအတောအတွင်း သူ့ကြောင့်စိတ်ညစ်ခဲ့ရသမျှအတွက် တောင်းပန်ပြီးတော့ ပိုပြီး ချစ်ပေးမယ်ဆိုတဲ့အကြောင်း သေသေချာချာလေး ပြောပြမယ်ဆိုပြီး ...”

ထိုနေ့က သူမသိခဲ့သော Wu Yi fan ရဲ့ အကြောင်းအရာတစ်ချို့ ကို သူသိခဲ့ရသည်။ “Wu Yi fan သူ့ကိုချစ်ခဲ့တာလား” လို့ သူမေးမိတော့ ဖာသာက “မပြောပြခဲ့ဘူးလား”လို့ တအံ့တသြမေးလာခဲ့သည်။ဖာသာ ဆီကထွက်လာတော့ သူ့ခေါင်းထဲမှာ စဉ်းစားလို့မရနိုင်တဲ့ အကြောင်းအရာတွေချည်းရစ်ဝဲဝဲပေါ်လာသည်။

လာရာလမ်းအတိုင်း ပြန်လှည့်လာတော့ ကလေးတွေကစားနေတဲ့နေရာကိုရောက်လာသည်။ အရပ်ခပ်ရှည်ရှည်ကောင်မလေးတစ်ယောက်ကရယ်ပြလာပြီး သူ့လက်ကိုလာဆွဲကာ“ကိုကိုChanyeol လား”ဆိုပြီးလာမေးသည်။ သူ့မှာယောင်တောင်ပေါင်တောင်နှင့် ခေါင်းညိတ်ပြမိသည်လား ခေါင်းခါပြမိသည်လားမသဲကွဲ။

“ဦးဦး Yi fan ကပြောတယ်နောက်တစ်ခေါက်လာရင် ကိုကို Chanyeol ကိုခေါ်လာမယ်ဆိုပြီး ခုဦးဦး Yi fan မပါဘူးလား ”

မေးခွန်းတွေမေးလာတဲ့ကလေးမလေးကို သူပြုံးပြလိုက်ပြီး ထိုကလေးရှေ့ မှာပဲ ထိုင်ချလိုက်သည်။ 

“ဦးဦး Yi fan ကအလုပ်ကိစ္စနဲ့ ခရီးအဝေးကြီးကိုထွက်သွားလို့  မလာနိုင်ဘူး ဒါနဲ့ ကလေးက ကိုကို့ကို ဘယ်လိုလုပ်ပြီးသိလဲ ”

"သိတာပေါ့ ဦးဦး Yi fan က ကိုကို Chanyeol ပုံကိုပြပြီး မီးတို့ကို လာကြွားနေကျပဲကို ကိုကို Chanyeol ကအပြင်မှာပိုချောတယ်  အရပ်လည်းအရှည်ကြီးပဲ ”

ကလေးမလေးကိုနှုတ်ဆက်ပြီး  ဂေဟာအပြင်လက်ကိုထွက်လာတော့ သူ့စိတ်တွေအရင်ကထက်လေးလာခဲ့သည်။ သူအစကနေအဆုံးအထိ တကယ်ထင်ထားသည်က Wu Yi fan က Luhan ကိုပဲချစ်နေတာဟု။ ယခုတတိယလူပေါ်လာပြီး Wu Yi fan  အကြောင်းကိုပြောလာကာမှ သူ့စိတ်တွေပိုပြီး ရှုပ်ထွေးလာရသည်။ သူမသိခဲ့တဲ့တစ်လျှောက်လုံး Wu Yi fan သူ့ကိုချစ်နေခဲ့တာလား ဆိုတဲ့ မေးခွန်းကသာ သူ့စိတ်ထဲတဝဲလည်လည်။

မျှော်လင့်ခဲ့တဲ့အချစ်ကို အချိန်နှောင်းမှသိခွင့်ရတဲ့ ကိုယ့်ကံကြမ္မာကိုပဲ အပြစ်တင်ရမည်လား။အချစ်ခံရဖို့မျှော်လင့်နေခဲ့တဲ့တစ်လျှောက်လုံး အချစ်ခံနေရတာကို မရိပ်မိခဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမည်လား ။

တဝီဝီဖြတ်သွားနေတဲ့ ကားတွေကိုလည်းဂရုမပြုနိုင်ဘဲသူဟာ ခေါင်းငိုက်စိုက်ချလျက် ပလက်ဖောင်းပေါ်တရွေ့ ရွေ့ လမ်းလျှောက်နေမိသည်။ ဖုန်းမြည်လာတော့မှ ပါးပေါ်မှာစေးကပ်ကပ်ဖြစ်နေတာကို သတိပြုမိတော့သည်။

“အင်း Sehun ငါလာနေပြီ ဘယ်မှာလဲဆိုတော...”

စကားဆုံးအောင်တောင်မပြောနိုင်ဘဲနှာခေါင်းကိုလာပိတ်တဲ့အဝတ်စနှင့် စိမ်းရွှင်ရွှင် အနံ့ကြောင့် သူမေ့မြောသွားရသည်။

******************



Continue Reading

You'll Also Like

46.3K 6.6K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
1.7M 17.4K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
234K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ