အမိေျမ၏ အေငြ႔အသက္က ႐ွဴ႐ႈိက္လိုက္မိေသာ ေလ ကအစ ေႏြးေထြးလြန္းလွသည္ ။
အထုတ္အပုိးမ်ားကုိ ေလဆိပ္ကေန Omma နဲ႔ အန္တီေလး လာယူသြားၿပီမို႔ JunMyeon ရယ္ အတူတူေျပာင္းေရြ႔ခြင့္ရသည့္ SeHun နဲ႔ LuHan ရယ္ ဆိုးလ္ တကၠသုိလ္ သုိ႔ အရင္ထြက္လာခဲ့သည္ ။
ကားျပတင္းတံခါးကေန အျပင္ဘက္ျမင္ကြင္းေတြကုိ ေငးရင္း လိုက္ပါလာခဲ့သည္ ။ ခုႏွစ္ႏွစ္အတြင္း ေျပာင္းလဲသြားေသာ အမိေျမက JunMyeon မမွတ္မိစရာေတြ အမ်ားသား ။
"ဟန္ဂု က တကယ္ကုိလွတာပဲ ''
တ႐ုတ္လူမ်ိဳးစစ္စစ္ျဖစ္ေသာ LuHan က ကုိရီးယားကုိ အခုမွေရာက္ဖူးသူမို႔ ျမင္ေတြ႔သမွ် ျမင္ကြင္းေတြကို ေငးေမာေရရြတ္ေနဆဲ ။
ပံုမွန္ထက္ တစ္ရက္ႀကိဳေရာက္ေနသည့္ သူတုိ႔အတြက္ ဒီေန႔က တကၠသုိလ္ႀကီးဆီ အလည္အပတ္အေနသာသြားျခင္းျဖစ္သည္ ။
နက္ျဖန္မွ တရားဝင္ သူတုိ႔တာဝန္ထမ္းေဆာင္ရမည္ျဖစ္သည္ ။
ဆိုးလ္တကၠသုိလ္ႀကီးကေတာ့ ေျပာင္းလဲျခင္းမ႐ွိ အရင္လို ေက်ာင္းသူေက်ာင္းသားမ်ားစြာျဖင့္ လွပေနဆဲပင္ ။
တစ္ခ်ိန္က အမွတ္တရေတြကုိ သတိရမိေတာ့ ရင္ထဲ ေဝဒနာတစ္မ်ိဳးက တုိးလာျပန္သည္ ။
ခုတေလာ အစ္ကုိ႔ကို သိပ္လြမ္းတာပဲ အစ္ကို ။
LuHan နဲ႔ SeHun အား သက္သက္သြားေစလိုက္ကာ အမွတ္တရေတြမ်ားစြာ႐ွိေသာ တစ္ေနရာဆီသုိ႔ ေျခလွမ္းေတြ ဦးတည္ခဲ့သည္ ။
တကၠသုိ္လ္ေတြ ဖြင့္ခ်ိန္ ေဆာင္းတြင္းမို႔ ေမပယ္လ္ပင္က ေမပယ္လ္ရြက္ဝါ တုိ႔ ေလေျပေတြနဲ႔ေဆာ့ကစားလို႔ လွပစြာ ကခုန္ခ်ိန္ေရာက္ၿပီမို႔ သိပ္ကုိ လွပေနမည္ေသခ်ာသည္ ။
ေမပယ္လ္ရြက္ဝါေလးေတြၾကား တစ္လွမ္းခ်င္းလွမ္းေလွ်ာက္ရင္း ေမပယ္လ္ပင္ေအာက္က ေန႔ရက္တစ္ခုအား ျမင္ေယာင္မိေတာ့ ေကာင္းကင္ျပာကုိ မရည္ရြယ္ပါပဲ ေမာ့ၾကည့္မိျပန္သည္ ။
အဲ့ဒီေန႔က ကြၽန္ေတာ့္ေကာင္းကင္ဆီ ရည္ရြယ္ ေမ်ာလြင့္လာတဲ့ တိမ္ျဖဴျဖဴေလးကုိ ကြၽန္ေတာ္ေက်ာခိုင္းခဲ့သည္ေလ ။
အစ္ကုိ ေနလို႔မွေကာင္းရဲ႕လား...။
အရင္လို ျမတ္ႏိုးျခင္းေတြက အျဖဴေရာင္ေတြကေန ပန္းေရာင္ဘက္သန္းလာတဲ့အခါ အတၱေတြေရာယွက္လာမိတယ္အစ္ကို ။
ကြၽန္ေတာ္ အစ္ကုိ႔ကုိ ေတြ႔ခ်င္မိတယ္ ။
အစ္ကုိ႔ရင္ခြင္ဆီ ခိုဝင္ဖို႔ မဟုတ္ေပမဲ့ တစ္ႀကိမ္တစ္ခါေလာက္ ကြၽန္ေတာ့္တိမ္ျဖဴျဖဴေလးရဲ႕ ပါးခ်ဳိင့္နက္ေလးကုိ ထိေတြ႔ခ်င္တယ္ အစ္ကုိ ။
"ကေလးငယ္....''
ေက်ာေပးထားရာ ေမပယ္လ္ပင္ေနာက္ဆီမွ ခပ္တိုးတုိး မဝံ့မရဲ ထြက္ေပၚလာေသာ အသံတစ္ခုက သူ႔ႏွလံုးသားအနက္႐ႈိင္းဆံုးထိ ျမည္ဟီးေစသည္ ။
ေျဖးညႇင္းစြာ လွည့္လိုက္သည့္ ကုိယ္ေလးေနာက္ မ်က္ဝန္းအစုံက မ်က္ေတာင္ပင္မခတ္ရဲစြာ ထိုသူအားၾကည့္မိေတာ့ ႏႈတ္ခမ္းနီေထြးေထြးေလးက ျပံဳးေယာင္သန္းသြားသည္ ။
ေျဖးညႇင္းစြာပြင့္ဟလာသည့္ ႏႈတ္ခမ္းႏွစ္လႊာက တစ္စုံတစ္ခုကုိ ေျပာရန္ ႀကိဳးစားမိသည္ ။
" အစ္ကုိ...''
ျမတ္ႏိုး လြမ္းဆြတ္ျခင္းေတြ ျပည့္ေနေသာ ႏွလံုးသားက ႐ႈိက္မက္စြာ တမ္းတ ေခၚေဝၚမိသည့္ အစ္ကုိ ဆိုသည့္ နာမ္စားမွာ ဒီတစ္ခါေတာ့ ပန္းႏုေရာင္လႊမ္းတဲ့ အတၱေတြပါလိမ့္မယ္ အစ္ကုိ ။
" ေနာက္ဆံုးေတာ့ ျပန္လာခဲ့ၿပီပဲ ''
သူ႔ေ႐ွ႕ တစ္လွမ္းခ်င္းလွမ္းလာရင္း တည္ၿငိမ္စြာ ေျပာလာသည့္ အစ္ကုိ႔ပံုရိပ္အား မ်က္ေတာင္မခတ္တမ္း ေငးစုိက္ၾကည့္ေနမိသည္ ။
ခုႏွစ္ႏွစ္တာ အလြမ္း အတြက္ အနည္းငယ္ေတာ့ အတၱႀကီးခြင့္ေပးပါ အစ္ကုိ ။
" ေနေကာင္းရဲ႕လား အစ္ကုိ ''
" တစ္စုံတစ္ေယာက္က က်န္းမာေစခ်င္ေနမွာမို႔ ကုိယ့္ကုိကုိယ္ဂ႐ုစုိက္ပါတယ္ဗ်ာ ''
ျပံဳးရင္ေျပာလာေသာ အစ္ကုိ႔မ်က္ႏွာေခ်ာေခ်ာ၌ JunMyeon ခ်စ္တဲ့ ပါးခ်ဳိင့္နက္ေတြ ေပၚလာေလသည္ ။
ျမတ္ႏိုးစြာျဖင့္ JunMyeon ေငးေမာေနမိသည္ ။
" ကေလးငယ္ေရာ ေနေကာင္းရဲ႕လား ''
" ဟုတ္ ေကာင္းပါတယ္ ''
" အရင္လိုပဲေနာ္ ေျပာင္းလဲသြားတာဘာမွမ႐ွိဘူးပဲ ကေလးငယ္က ''
အရင္လို အစ္ကုိ႔ရင္ကုိ ေအးခ်မ္းေစတုန္းပဲ
" အစ္ကိုေရာပဲ....''
အရင္လို ကြၽန္ေတာ့္ျမတ္ႏိုးျခင္းေတြကို ပိုင္ဆိုင္ထားတုန္းပဲ ။
" ဘယ္တုန္းက ေရာက္လဲကေလးငယ္ ''
" ဒီမနက္ပဲ အစ္ကုိ ''
" ေရာက္ေရာက္ခ်င္း ဒီကုိလာခဲ့တာလား ''
" ဟုတ္ ''
" တစ္စုံတစ္ရာ အမွတ္တရေတြကုိ သတိရလို႔လား ကေလးငယ္ ''
အစ္ကုိ႔စကားေၾကာင့္ JunMyeon အစ္ကုိ႔ကိုေငးမိေတာ့ အစ္ကုိက လက္ထဲကေမပယ္လ္ရြက္ဝါေလးကုိသာ ေငးၾကည့္ေနသည္ ။
" ကြၽန္ေတာ္ ျပန္ေတာ့မယ္ အစ္ကုိ Bye...''
လွည့္ထြက္သြားတဲ့ တိမ္စုိင္ျဖဴေလးေၾကာင့္ သူခပ္ေရးေရးျပံဳးလိုက္ရင္း လက္ေသးေသးေတြအား အမိအရဖမ္းဆုပ္ကုိင္လိုက္သည္ ။
ထိုအခ်ိန္၌ ႏွစ္ေယာက္လံုး၏ ရင္ထဲ႐ွိ ႏွလံုးသားေတြက ပံုမွန္ထက္ ပိုၿပီးခုန္ႏႈန္းျမန္ေနမွာ အေသအခ်ာပင္ ။
လွည့္မၾကည့္လာေပမဲ့ ႐ုန္းထြက္သြားျခင္းမ႐ွိသည့္ေက်ာျပင္ေသးေသးအား ၾကည့္ကာ ရင္ထဲမ်ိဳသိပ္ထားေသာ စကားတစ္ခြန္းအား ေျပာလိုက္မိသည္ ။
" လြမ္းေနခဲ့တာ အစ္ကုိ မင္းကုိလြမ္းေနခဲ့တာ ကေလးငယ္ ''
ကြၽန္ေတာ္ျပံဳးလိုက္မိသည္ ထင္ပါရဲ႕ ။
အစ္ကိုေရ ကြၽန္ေတာ့္ျမတ္ႏိုးျခင္း ေတြမွာ အတၱအနည္းငယ္ေရာယွက္ေနမိတာကုိ ေဗြမယူဘူးမလား ။
ဘယ္ဘတ္ရင္ဘတ္တစ္ေနရာက စုိးရိမ္ေနေသာအေၾကာင္းအရာတစ္ခုအား စိတ္ခ်သြားဟန္ျဖင့္ ၿငိမ္သက္သြားခဲ့ၿပီမို႔ အစ္ကို႔ေ႐ွ႕ကသူ႐ုန္းထြက္ဖို႔ထပ္ၾကဳိးစားမိေတာ့ အစ္ကို႔လက္ေတြက ခိုင္မာစြာ ဆြဲရစ္ထားသည္ ။
လႊတ္မေပးေသာ အစ္ကုိ႔ေၾကာင့္ လည္ျပန္ၾကည့္မိေတာ့ သူ႔အား ေငးစုိက္ေနသည့္ အစ္ကုိ႔မ်က္ဝန္းေတြနဲ႔ ဆံုေတြ႔လိုက္ရသည္ ။
အစ္ကုိ႔မ်က္ဝန္းေတြထဲ ျမတ္ႏိုးျခင္းေတြ ဖမ္းဆုပ္မိလိုက္ေတာ့ JunMyeon ပါ အစ္ကုိနဲ႔ထပ္တူျပံဳးမိလိုက္သည္ထင္ ။
" ႏွစ္ခါ႐ွိၿပီ ကေလးငယ္ အခ်စ္ဆိုတဲ့အရာကေန ထြက္ေျပးခဲ့တာ ႏွစ္ခါ႐ွိၿပီ ကေလးငယ္... ''
".....''
" အေတြးေတြမ်ားစြာၾကား တစ္ေယာက္တည္း အပင္ပန္းမခံပါနဲ႔ေတာ့လား အစ္ကုိ႔ရင္ခြင္မွာ အစ္ကုိ႔ျမတ္ႏိုးျခင္းေတြ ခံယူရင္း ခုိလႈံပါေတာ့လား ကေလးငယ္ ''
".....''
ပါးျပင္ထက္ စီးက်လာသည့္ မ်က္ရည္ေတြကုိ လက္ျဖင့္အသာဖယ္သုတ္ရင္း အစ္ကို႔ကုိသာေငးေမာၾကည့္ေနမိသည္ ။
မိနစ္အနည္းငယ္စာ တစ္ေယာက္ကိုတစ္ေယာက္ေငးစုိက္ၾကည့္ရင္း ထပ္တူက်ေသာအျပံဳးတစ္ခုကုိ တူတူပ်ိဳးမိၾကျပန္သည္ ။
လက္ႏွစ္ဖက္ဆန္႔တန္းလို႔ ႀကိဳဆိုလင့္ေသာ အစ္ကုိ႔ရင္ခြင္ဆီ ႏွလံုးသားတစ္စုံကုိအပ္ႏွင္းလို႔ ခိုဝင္ေမွးစက္လိုက္ေတာ့ တေလာကလံုးကပုိမိုလွပသြားခဲ့သည္ ။
" ခ်စ္တယ္ အစ္ကို...''
" ထပ္တူပါပဲ ကေလးငယ္ရယ္ အစ္ကိုလည္း ခ်စ္တယ္ ''
အျပာေရာင္ေကာင္းကင္က်ယ္ဆီမွ ေပါင္းစပ္သြားေသာ တိမ္ျဖဴျဖဴေလးႏွစ္ခုရယ္ ေလေျပေလးေတြေဆာ့ကစားမႈေအာက္ ဝဲလြင့္ေႂကြက်လာေသာ ေမပယ္လ္ရြက္ဝါေတြရယ္က ၿပီးျပည့္စုံေသာ ျမတ္ႏိုးျခင္းေတြ ေပါင္းဖက္မႈအား ခ်ီးေျမႇာက္ေနသည့္သဖြယ္ပင္ ။
အလွပဆံုးေသာ ပန္းခ်ီကားတစ္ခ်ပ္က တိမ္စုိင္ျဖဴေတြေပါင္းဖက္ေသာ ေကာင္းကင္ျပာျပာရယ္ ေမပယ္လ္ရြက္ဝါေႂကြေတြၾကားက ေကာင္ေလးႏွစ္ေယာက္ရယ္ႏွင့္ ျပည့္စုံလို႔ေနေလသည္ ။
ပါးျပင္ေဖြးႏုႏုဆီ အနမ္းတစ္ပြင့္ ခပ္ဖြဖြ ေျခြမိေတာ့ ပန္းေရာင္ႏွင္းဆီဖူးေလးတစ္ပြင့္လို ရဲတက္လာသည့္ မ်က္ႏွာေလးက႐ွက္ေသြးျဖာသြားသည္ထင္ ။
ရင္ခြင္ထဲ တုိးဝင္လို႔ မ်က္ႏွာေလးအားဖြက္ေနေသာ ကေလးငယ္အား အသည္းယားစြာ ရယ္မိေတာ့ ေမာ့ၾကည့္လာသည့္ မ်က္ဝန္းေတာက္ေတာက္ေလးေတြ ။
သူ႔ႏွလံုးသားထဲ ျမတ္ႏိုးျခင္းေတြ မပ်ိဳးမိခင္ကတည္းက ေနရာယူႏုိင္ခဲ့ေသာ မ်က္ဝန္းေတာက္ေတာက္ေတြအား သူၾကင္နာခ်င္ပါရဲ႕ ။
မ်က္ခြံမို႔မို႔ေလးေတြအား ခပ္ဖြဖြဖိကပ္နမ္း႐ႈိက္ေတာ့ ႏႈတ္ခမ္းဖူးဖူးေလးေတြက ျပံဳးလာသည္ ။
လက္ေသးေသးေဖာင္းအိအိေလးေတြကုိ သူ႔လက္႐ွည္သြယ္သြယ္ေတြထဲ ေထြးအုပ္ဆုပ္ကုိင္မိလိုက္ခ်ိန္မွ စ၍ ထိုကေလးငယ္က သူ႔ျမတ္ႏိုးျခင္းေတြကုိ လက္ခံခဲ့ၿပီဆိုေသာ အသိက ရင္ထဲသိပ္ကို ေအးခ်မ္းေစသည္ ။
လက္ဖမိုးေပၚ က်လာေသာ အရည္ၾကည္ေတြေၾကာင့္ သူအလန္႔တၾကား ၾကည့္လိုက္ေတာ့ မ်က္ဝန္းေတာက္ေတာက္ေတြမွ က်ဆင္းလာေသာ မ်က္ရည္ၾကည္ေတြပင္ ။
ဘာလို႔မ်ား ငုိရသလဲ ကေလးငယ္ရယ္ ။
" ကေလးငယ္ ဘာျဖစ္လို႔ ဘာျဖစ္လို႔လဲ ငိုေနရတာလဲကြာ ''
" ေပ်ာ္လြန္းရင္လည္း မ်က္ရည္က်တတ္တယ္ အစ္ကုိရဲ႕ ကြၽန္ေတာ္ေပ်ာ္လို႔ပါ ''
" ကေလးငယ္ရာ အစ္ကိုေတာ့ ႐ူးမွာပဲ...''
မင္းေလးရဲ႕ ႏူးညံ့ျခင္းေတြေၾကာင့္ အစ္ကုိ႐ူးႏုိုင္တယ္ ကေလးငယ္ရယ္ ။
အစ္ကုိ႔ၾကင္နာျခင္းေတြေၾကာင့္ မ်က္ရည္က်မိတာက ေပ်ာ္လြန္းရင္လည္းမ်က္ရည္က်တတ္တယ္ဆိုတာ ဒုတိယအႀကိမ္ေျမာက္ အစ္ကိုသင္ေပးခဲ့ျခင္းပါ ။
ကြၽန္ေတာ္ အစ္ကုိ႔ကုိ သိပ္ခ်စ္တယ္ ။
°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
ေပ်ာ္လြန္းရင္လည္း မ်က္ရည္က်တတ္တယ္ အစ္ကုိရဲ႕
Unicode
အမိမြေ၏ အငွေ့အသက်က ရှူရှိုက်လိုက်မိသော လေ ကအစ နွေးထွေးလွန်းလှသည် ။
အထုတ်အပိုးများကို လေဆိပ်ကနေ Omma နဲ့ အန်တီလေး လာယူသွားပြီမို့ JunMyeon ရယ် အတူတူပြောင်းရွေ့ခွင့်ရသည့် SeHun နဲ့ LuHan ရယ် ဆိုးလ် တက္ကသိုလ် သို့ အရင်ထွက်လာခဲ့သည် ။
ကားပြတင်းတံခါးကနေ အပြင်ဘက်မြင်ကွင်းတွေကို ငေးရင်း လိုက်ပါလာခဲ့သည် ။ ခုနှစ်နှစ်အတွင်း ပြောင်းလဲသွားသော အမိမြေက JunMyeon မမှတ်မိစရာတွေ အများသား ။
"ဟန်ဂု က တကယ်ကိုလှတာပဲ ''
တရုတ်လူမျိုးစစ်စစ်ဖြစ်သော LuHan က ကိုရီးယားကို အခုမှရောက်ဖူးသူမို့ မြင်တွေ့သမျှ မြင်ကွင်းတွေကို ငေးမောရေရွတ်နေဆဲ ။
ပုံမှန်ထက် တစ်ရက်ကြိုရောက်နေသည့် သူတို့အတွက် ဒီနေ့က တက္ကသိုလ်ကြီးဆီ အလည်အပတ်အနေသာသွားခြင်းဖြစ်သည် ။
နက်ဖြန်မှ တရားဝင် သူတို့တာဝန်ထမ်းဆောင်ရမည်ဖြစ်သည် ။
ဆိုးလ်တက္ကသိုလ်ကြီးကတော့ ပြောင်းလဲခြင်းမရှိ အရင်လို ကျောင်းသူကျောင်းသားများစွာဖြင့် လှပနေဆဲပင် ။
တစ်ချိန်က အမှတ်တရတွေကို သတိရမိတော့ ရင်ထဲ ဝေဒနာတစ်မျိုးက တိုးလာပြန်သည် ။
ခုတလော အစ်ကို့ကို သိပ်လွမ်းတာပဲ အစ်ကို ။
LuHan နဲ့ SeHun အား သက်သက်သွားစေလိုက်ကာ အမှတ်တရတွေများစွာရှိသော တစ်နေရာဆီသို့ ခြေလှမ်းတွေ ဦးတည်ခဲ့သည် ။
တက္ကသို်လ်တွေ ဖွင့်ချိန် ဆောင်းတွင်းမို့ မေပယ်လ်ပင်က မေပယ်လ်ရွက်ဝါ တို့ လေပြေတွေနဲ့ဆော့ကစားလို့ လှပစွာ ကခုန်ချိန်ရောက်ပြီမို့ သိပ်ကို လှပနေမည်သေချာသည် ။
မေပယ်လ်ရွက်ဝါလေးတွေကြား တစ်လှမ်းချင်းလှမ်းလျှောက်ရင်း မေပယ်လ်ပင်အောက်က နေ့ရက်တစ်ခုအား မြင်ယောင်မိတော့ ကောင်းကင်ပြာကို မရည်ရွယ်ပါပဲ မော့ကြည့်မိပြန်သည် ။
အဲ့ဒီနေ့က ကျွန်တော့်ကောင်းကင်ဆီ ရည်ရွယ် မျောလွင့်လာတဲ့ တိမ်ဖြူဖြူလေးကို ကျွန်တော်ကျောခိုင်းခဲ့သည်လေ ။
အစ်ကို နေလို့မှကောင်းရဲ့လား...။
အရင်လို မြတ်နိုးခြင်းတွေက အဖြူရောင်တွေကနေ ပန်းရောင်ဘက်သန်းလာတဲ့အခါ အတ္တတွေရောယှက်လာမိတယ်အစ်ကို ။
ကျွန်တော် အစ်ကို့ကို တွေ့ချင်မိတယ် ။
အစ်ကို့ရင်ခွင်ဆီ ခိုဝင်ဖို့ မဟုတ်ပေမဲ့ တစ်ကြိမ်တစ်ခါလောက် ကျွန်တော့်တိမ်ဖြူဖြူလေးရဲ့ ပါးချိုင့်နက်လေးကို ထိတွေ့ချင်တယ် အစ်ကို ။
"ကလေးငယ်....''
ကျောပေးထားရာ မေပယ်လ်ပင်နောက်ဆီမှ ခပ်တိုးတိုး မဝံ့မရဲ ထွက်ပေါ်လာသော အသံတစ်ခုက သူ့နှလုံးသားအနက်ရှိုင်းဆုံးထိ မြည်ဟီးစေသည် ။
ဖြေးညှင်းစွာ လှည့်လိုက်သည့် ကိုယ်လေးနောက် မျက်ဝန်းအစုံက မျက်တောင်ပင်မခတ်ရဲစွာ ထိုသူအားကြည့်မိတော့ နှုတ်ခမ်းနီထွေးထွေးလေးက ပြုံးယောင်သန်းသွားသည် ။
ဖြေးညှင်းစွာပွင့်ဟလာသည့် နှုတ်ခမ်းနှစ်လွှာက တစ်စုံတစ်ခုကို ပြောရန် ကြိုးစားမိသည် ။
" အစ်ကို...''
မြတ်နိုး လွမ်းဆွတ်ခြင်းတွေ ပြည့်နေသော နှလုံးသားက ရှိုက်မက်စွာ တမ်းတ ခေါ်ဝေါ်မိသည့် အစ်ကို ဆိုသည့် နာမ်စားမှာ ဒီတစ်ခါတော့ ပန်းနုရောင်လွှမ်းတဲ့ အတ္တတွေပါလိမ့်မယ် အစ်ကို ။
" နောက်ဆုံးတော့ ပြန်လာခဲ့ပြီပဲ ''
သူ့ရှေ့ တစ်လှမ်းချင်းလှမ်းလာရင်း တည်ငြိမ်စွာ ပြောလာသည့် အစ်ကို့ပုံရိပ်အား မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေမိသည် ။
ခုနှစ်နှစ်တာ အလွမ်း အတွက် အနည်းငယ်တော့ အတ္တကြီးခွင့်ပေးပါ အစ်ကို ။
" နေကောင်းရဲ့လား အစ်ကို ''
" တစ်စုံတစ်ယောက်က ကျန်းမာစေချင်နေမှာမို့ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါတယ်ဗျာ ''
ပြုံးရင်ပြောလာသော အစ်ကို့မျက်နှာချောချော၌ JunMyeon ချစ်တဲ့ ပါးချိုင့်နက်တွေ ပေါ်လာလေသည် ။
မြတ်နိုးစွာဖြင့် JunMyeon ငေးမောနေမိသည် ။
" ကလေးငယ်ရော နေကောင်းရဲ့လား ''
" ဟုတ် ကောင်းပါတယ် ''
" အရင်လိုပဲနော် ပြောင်းလဲသွားတာဘာမှမရှိဘူးပဲ ကလေးငယ်က ''
အရင်လို အစ်ကို့ရင်ကို အေးချမ်းစေတုန်းပဲ
" အစ်ကိုရောပဲ....''
အရင်လို ကျွန်တော့်မြတ်နိုးခြင်းတွေကို ပိုင်ဆိုင်ထားတုန်းပဲ ။
" ဘယ်တုန်းက ရောက်လဲကလေးငယ် ''
" ဒီမနက်ပဲ အစ်ကို ''
" ရောက်ရောက်ချင်း ဒီကိုလာခဲ့တာလား ''
" ဟုတ် ''
" တစ်စုံတစ်ရာ အမှတ်တရတွေကို သတိရလို့လား ကလေးငယ် ''
အစ်ကို့စကားကြောင့် JunMyeon အစ်ကို့ကိုငေးမိတော့ အစ်ကိုက လက်ထဲကမေပယ်လ်ရွက်ဝါလေးကိုသာ ငေးကြည့်နေသည် ။
" ကျွန်တော် ပြန်တော့မယ် အစ်ကို Bye...''
လှည့်ထွက်သွားတဲ့ တိမ်စိုင်ဖြူလေးကြောင့် သူခပ်ရေးရေးပြုံးလိုက်ရင်း လက်သေးသေးတွေအား အမိအရဖမ်းဆုပ်ကိုင်လိုက်သည် ။
ထိုအချိန်၌ နှစ်ယောက်လုံး၏ ရင်ထဲရှိ နှလုံးသားတွေက ပုံမှန်ထက် ပိုပြီးခုန်နှုန်းမြန်နေမှာ အသေအချာပင် ။
လှည့်မကြည့်လာပေမဲ့ ရုန်းထွက်သွားခြင်းမရှိသည့်ကျောပြင်သေးသေးအား ကြည့်ကာ ရင်ထဲမျိုသိပ်ထားသော စကားတစ်ခွန်းအား ပြောလိုက်မိသည် ။
" လွမ်းနေခဲ့တာ အစ်ကို မင်းကိုလွမ်းနေခဲ့တာ ကလေးငယ် ''
ကျွန်တော်ပြုံးလိုက်မိသည် ထင်ပါရဲ့ ။
အစ်ကိုရေ ကျွန်တော့်မြတ်နိုးခြင်း တွေမှာ အတ္တအနည်းငယ်ရောယှက်နေမိတာကို ဗွေမယူဘူးမလား ။
ဘယ်ဘတ်ရင်ဘတ်တစ်နေရာက စိုးရိမ်နေသောအကြောင်းအရာတစ်ခုအား စိတ်ချသွားဟန်ဖြင့် ငြိမ်သက်သွားခဲ့ပြီမို့ အစ်ကို့ရှေ့ကသူရုန်းထွက်ဖို့ထပ်ကြိုးစားမိတော့ အစ်ကို့လက်တွေက ခိုင်မာစွာ ဆွဲရစ်ထားသည် ။
လွှတ်မပေးသော အစ်ကို့ကြောင့် လည်ပြန်ကြည့်မိတော့ သူ့အား ငေးစိုက်နေသည့် အစ်ကို့မျက်ဝန်းတွေနဲ့ ဆုံတွေ့လိုက်ရသည် ။
အစ်ကို့မျက်ဝန်းတွေထဲ မြတ်နိုးခြင်းတွေ ဖမ်းဆုပ်မိလိုက်တော့ JunMyeon ပါ အစ်ကိုနဲ့ထပ်တူပြုံးမိလိုက်သည်ထင် ။
" နှစ်ခါရှိပြီ ကလေးငယ် အချစ်ဆိုတဲ့အရာကနေ ထွက်ပြေးခဲ့တာ နှစ်ခါရှိပြီ ကလေးငယ်... ''
".....''
" အတွေးတွေများစွာကြား တစ်ယောက်တည်း အပင်ပန်းမခံပါနဲ့တော့လား အစ်ကို့ရင်ခွင်မှာ အစ်ကို့မြတ်နိုးခြင်းတွေ ခံယူရင်း ခိုလှုံပါတော့လား ကလေးငယ် ''
".....''
ပါးပြင်ထက် စီးကျလာသည့် မျက်ရည်တွေကို လက်ဖြင့်အသာဖယ်သုတ်ရင်း အစ်ကို့ကိုသာငေးမောကြည့်နေမိသည် ။
မိနစ်အနည်းငယ်စာ တစ်ယောက်ကိုတစ်ယောက်ငေးစိုက်ကြည့်ရင်း ထပ်တူကျသောအပြုံးတစ်ခုကို တူတူပျိုးမိကြပြန်သည် ။
လက်နှစ်ဖက်ဆန့်တန်းလို့ ကြိုဆိုလင့်သော အစ်ကို့ရင်ခွင်ဆီ နှလုံးသားတစ်စုံကိုအပ်နှင်းလို့ ခိုဝင်မှေးစက်လိုက်တော့ တလောကလုံးကပိုမိုလှပသွားခဲ့သည် ။
" ချစ်တယ် အစ်ကို...''
" ထပ်တူပါပဲ ကလေးငယ်ရယ် အစ်ကိုလည်း ချစ်တယ် ''
အပြာရောင်ကောင်းကင်ကျယ်ဆီမှ ပေါင်းစပ်သွားသော တိမ်ဖြူဖြူလေးနှစ်ခုရယ် လေပြေလေးတွေဆော့ကစားမှုအောက် ဝဲလွင့်ကြွေကျလာသော မေပယ်လ်ရွက်ဝါတွေရယ်က ပြီးပြည့်စုံသော မြတ်နိုးခြင်းတွေ ပေါင်းဖက်မှုအား ချီးမြှောက်နေသည့်သဖွယ်ပင် ။
အလှပဆုံးသော ပန်းချီကားတစ်ချပ်က တိမ်စိုင်ဖြူတွေပေါင်းဖက်သော ကောင်းကင်ပြာပြာရယ် မေပယ်လ်ရွက်ဝါကြွေတွေကြားက ကောင်လေးနှစ်ယောက်ရယ်နှင့် ပြည့်စုံလို့နေလေသည် ။
ပါးပြင်ဖွေးနုနုဆီ အနမ်းတစ်ပွင့် ခပ်ဖွဖွ ခြွေမိတော့ ပန်းရောင်နှင်းဆီဖူးလေးတစ်ပွင့်လို ရဲတက်လာသည့် မျက်နှာလေးကရှက်သွေးဖြာသွားသည်ထင် ။
ရင်ခွင်ထဲ တိုးဝင်လို့ မျက်နှာလေးအားဖွက်နေသော ကလေးငယ်အား အသည်းယားစွာ ရယ်မိတော့ မော့ကြည့်လာသည့် မျက်ဝန်းတောက်တောက်လေးတွေ ။
သူ့နှလုံးသားထဲ မြတ်နိုးခြင်းတွေ မပျိုးမိခင်ကတည်းက နေရာယူနိုင်ခဲ့သော မျက်ဝန်းတောက်တောက်တွေအား သူကြင်နာချင်ပါရဲ့ ။
မျက်ခွံမို့မို့လေးတွေအား ခပ်ဖွဖွဖိကပ်နမ်းရှိုက်တော့ နှုတ်ခမ်းဖူးဖူးလေးတွေက ပြုံးလာသည် ။
လက်သေးသေးဖောင်းအိအိလေးတွေကို သူ့လက်ရှည်သွယ်သွယ်တွေထဲ ထွေးအုပ်ဆုပ်ကိုင်မိလိုက်ချိန်မှ စ၍ ထိုကလေးငယ်က သူ့မြတ်နိုးခြင်းတွေကို လက်ခံခဲ့ပြီဆိုသော အသိက ရင်ထဲသိပ်ကို အေးချမ်းစေသည် ။
လက်ဖမိုးပေါ် ကျလာသော အရည်ကြည်တွေကြောင့် သူအလန့်တကြား ကြည့်လိုက်တော့ မျက်ဝန်းတောက်တောက်တွေမှ ကျဆင်းလာသော မျက်ရည်ကြည်တွေပင် ။
ဘာလို့များ ငိုရသလဲ ကလေးငယ်ရယ် ။
" ကလေးငယ် ဘာဖြစ်လို့ ဘာဖြစ်လို့လဲ ငိုနေရတာလဲကွာ ''
" ပျော်လွန်းရင်လည်း မျက်ရည်ကျတတ်တယ် အစ်ကိုရဲ့ ကျွန်တော်ပျော်လို့ပါ ''
" ကလေးငယ်ရာ အစ်ကိုတော့ ရူးမှာပဲ...''
မင်းလေးရဲ့ နူးညံ့ခြင်းတွေကြောင့် အစ်ကိုရူးနိုင်တယ် ကလေးငယ်ရယ် ။
အစ်ကို့ကြင်နာခြင်းတွေကြောင့် မျက်ရည်ကျမိတာက ပျော်လွန်းရင်လည်းမျက်ရည်ကျတတ်တယ်ဆိုတာ ဒုတိယအကြိမ်မြောက် အစ်ကိုသင်ပေးခဲ့ခြင်းပါ ။
ကျွန်တော် အစ်ကို့ကို သိပ်ချစ်တယ် ။
°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
ပျော်လွန်းရင်လည်း မျက်ရည်ကျတတ်တယ် အစ်ကိုရဲ့