ရက္ကုိ လစားလို႔ ႏွစ္ေတြပင္ ေျပာင္းလဲကုန္လည္း တစ္ခ်ိဳ႕ေသာ အေၾကာင္းအရာေတြက ရင္ထဲ စြဲျမဲက်န္ရစ္တတ္သည္ ။ ထိုသည္ကုိ အမွတ္တရေတြဟု ကြၽန္ေတာ္တို႔ေခါင္းစဥ္တပ္ၾကသည္ ။
ကေလးငယ္ႏွင့္ပါတ္သက္သည့္အေၾကာင္းအရာေတြကလည္း အမွတ္တရဆိုေသာေခါင္းစဥ္ေအာက္ သူ၏ ႏွလံုးသား၌ ေမ့မရျခင္းေတြျဖင့္ ထင္က်န္ေနဆဲပင္ ။
အခ်ိန္ေတြေျပာင္းလဲသြားျခင္းနဲ႔အတူ ပါတ္ဝန္းက်င္အေျခအေနေတြလည္း အမ်ားႀကီးကြာျခားခဲ့သည္ ။ သူသည္ပင္ အထက္တန္းေက်ာင္းသားဘဝကေန တကၠသုိလ္ေက်ာင္းသားအျဖစ္သုိ႔ေျပာင္းလဲခဲ့၍ နယ္ၿမိဳ႕ေလးကိုစြန္႔ခြာကာ ဆိုလ္း ၿမိဳ႕သုိ႔ေရာက္လာခဲ့တာ ႏွစ္ႏွစ္ပင္ျပည့္လုနီးၿပီ ။
နယ္ၿမိဳ႕ေလးထက္ ပုိမိုက်ယ္ျပန္႔တဲ့ ဆိုလ္းၿမိဳ႕ထဲ လူငယ္သဘာဝ ႏွစ္သက္မက္ေမာေပ်ာ္ရႊင္စရာေတြ ေပါမ်ားေသာျငား လွပေသာအမွတ္တရေတြ က်န္႐ွိရာ နယ္ၿမိဳ႕ေလးအား သူဘယ္ေတာ့မွ အလြမ္းေျပမည္မထင္ ။
သူ႔ရဲ႕တိမ္စုိင္ျဖဴေလးေရာ သူ႔လိုပဲ အမွတ္တရေတြနဲ႔ အလြမ္းေန႔ရက္ေတြကုိ ပုိင္ဆိုင္ထားသလား သိခ်င္သည္ ။
ေျပာင္းလဲမႈေတြၾကား ေကာင္းကင္ျပာ၏ အလွတရားေတြမပါဝင္ခဲ့သလို တိမ္စုိင္ျဖဴေလးကို ခ်စ္တဲ့ သူ႔ႏွလံုးသားလည္း မပါဝင္ခဲ့ေပ ။
တကၠသုိလ္ေျမမွာ ႐ုပ္ရည္အသင့္အတင့္႐ွိေသာ သူက ေပၚျပဴလာမျဖစ္ေသာ္ျငား ေဖာ္ေရြခင္မင္တတ္ျခင္းေၾကာင့္ လူခ်င္လူခင္မ်ားသည္ ။
သူငယ္ခ်င္းမေလးေတြ ဂ်ဴနီယာမေလးေတြ၏ သူႏွင့္သက္ဆိုင္ခြင့္ရခ်င္ေသာ ရႊန္းစားစားမ်က္ဝန္းေတြကုိ မ်က္ဝန္းလဲ့လဲ့ေလးေတြအတြက္ သူမသိခ်င္ေယာင္ေဆာင္မိေနဆဲ ။
သူ႔ႏွလံုးအိမ္က မ်က္ဝန္းလဲ့လဲ့ေလးေတြကုိ ရင္ခုန္တတ္ခ်ိန္မွစ၍ သူ၏ပိုင္႐ွင္အား သတ္မွတ္ခဲ့ၿပီးေလၿပီ ။
" လြမ္းလိုက္တာ ကေလးငယ္ ''
တကၠသုိလ္ေတြ စဖြင့္ခ်ိန္ေရာက္ေတာ့ အခ်ိန္ေတြကုိ ျပန္တြက္ၾကည့္မိသည္ ။ ကေလးငယ္ တကၠသုိလ္စတက္ခ်ိန္ေရာက္ေနၿပီပဲ ။ ဘယ္ၿမိဳ႕ဘယ္ေဒသမွာ ေအးခ်မ္းေနလဲ အစ္ကုိ႔ရဲ႕ တိမ္စုိင္ျဖဴေလး ။
အလြမ္းရဲ႕ေနရက္ေတြမွာ တိမ္စုိင္ျဖဴေလး အစ္ကို႔ရင္ခြင္ဆီျပန္ေရာက္လာမဲ့ေန႔ရက္ေတြကို ေမွ်ာ္လင့္ရင္း အစ္ကုိ႕နွလံုးသား ႐ွင္သန္ေနတယ္ ။
" YiXing အရင္ႏွစ္ေတြလိုပဲ ဂ်ဴနီယာတန္းေတြဆီသြားရေအာင္ ''
" အင္းသြားမယ္ေလ China ဘက္ အရင္သြားမလား ငါတုိ႔နဲ႔နီးတယ္ ''
" အင္း အဲ့ဘက္ပဲအရင္သြားတာေပါ့ ''
စီနီယာတန္းေတြ၏ထံုးစံအတိုင္း တကၠသုိလ္ေျမဆီ အခုမွ ေျခခ်ၾကမည့္ ဂ်ဴနီယာေလးေတြအား ကူညီဖို႔ သူတုိ႔ စီနီယာေခါင္းေဆာင္မ်ားအဖြဲ႔က ႏွစ္တုိင္းေမဂ်ာစုံသုိ႔ လိုက္ကူညီေပးၾကသည္ ။
တစ္ခန္းဝင္တစ္ခန္းထြက္ မိတ္ဆက္ ေမးျမန္းသည္ေတြကုိေျဖၾကားရင္း အကူအညီလိုသမွ် ေပးခဲ့ၿပီးေနာက္ ေနာက္ဆံုးတစ္ခန္းသုိ႔ သူတုိ႔ေရာက္လာၾကသည္ ။
ထံုးစံအတိုင္း ႏႈတ္ဆက္စကားေျပာရင္း အခန္းထဲက ဂ်ဴနီယာေလးေတြအားႏႈတ္ဆက္ေနခဲ့သည္ ။ အခန္းေထာင့္တစ္ေနရာမွ အရိပ္ျဖဴေလးကိုမေတြ႔ခင္အထိ သူ႔ရင္အစုံသည္ ၿငိမ္သက္ေနခဲ့သည္ ။
" ကေလးငယ္ ''
အခန္းေထာင့္တေနရာမွ ေက်ာပုိးအိတ္ေလးအားလြယ္ကာ အခန္းျပင္ထြက္သြားေသာ ပံုရိပ္ေလးကို မ်က္ေတာင္မခတ္တမ္းၾကည့္ေနမိရင္း ခပ္တိုးတုိ႔ေရရြတ္မိသည္ ။
မေသခ်ာျခင္းေတြကုိ အတည္ျပဳရန္ ထိုအရိပ္ငယ္ေလးေနာက္ ေျပးလိုက္ကာ ကေလးငယ္နာမည္ကုိ အသိအမွတ္ျပဳေခၚခဲ့သည္ ။
တခဏရပ္တန္႔ကာ ဆက္ေလွ်ာက္သြားေသာ အရိပ္ေလးေၾကာင့္ အမွီေျပးလိုက္ကာ ဆြဲလွည့္လိုက္မိေတာ့ အလန္႔တၾကားၾကည့္လာသည့္ ကေလးငယ္ ။
"JunMyeonnie ..ဟုတ္ရဲ႕သားနဲ႔ ဘာလို႔မထူးတာလဲ..အစ္ကုိ႔ကုိ မွတ္မိတယ္မလား YiXingေလး Zhang YiXingေလ...''
အားမလိုအားမရျခင္းေတြနဲ႔ အသက္မ႐ႈႏုိင္ တရပ္စပ္ေျပာမိေတာ့ ခပ္ေရးေရးျပံဳးလာသည့္ ႏႈတ္ခမ္းပါးေလးတစ္စုံ ။
" ေနေကာင္းတယ္မလား အစ္ကုိ...''
"မွတ္မိရဲ႕သားနဲ႔ ကေလးငယ္ရာ..ဘာလို႔မ်ား..''
သူ႔ကို မွတ္မိတယ္ဆိုေသာ အသိေၾကာင့္ ဝမ္းသာသြားေသာ္ျငား လွည့္မၾကည့္ကာ ထြက္ေျပးဖို႔လုပ္သြားျခင္းကုိ သတိရမိသြားျပန္ေတာ့ ရင္ဘတ္တေနရာက ထုိးေအာင့္လာသည့္ နာက်င္ျခင္းနဲ႔အတူ သူ႔စကားသံေတြက တိမ္ဝင္သြားရသည္ ။
" ျပန္ေတြ႔ရမယ္လို႔မထင္ထားလို႔အစ္ကိုရဲ႕...''
ကေလးငယ္၏ အေျဖက ေမွ်ာ္လင့္ခ်က္ဆိုတာကို မယံုၾကည္ျခင္းေတြ ပါေနသေယာင္ ထင္မွတ္ရသည္ ။
" အစ္ကိုက မင္းကို သတိရေနတာ ကေလးငယ္...''
"သတိရတယ္?..ဘာလို႔လဲ..အစ္ကို..? အစ္ကုိနဲ႔ ကြၽန္ေတာ့္ၾကား ေထြေထြထူးထူး သတိရစရာမွမ႐ွိပဲ အစ္ကုိရယ္..''
ျပံဳးရင္းေျပာလာသည့္ သူေလးစကားေတြက ရင္အစံုကုိကန္ထုတ္လိုက္သည့္ႏွယ္ နင့္ကနဲ ။
ကုိယ္နဲ႔သူၾကား ေထြေထြထူးထူး အေၾကာင္းအရာမ႐ွိခဲ့ဘူးတဲ့လား ။
အဲ့ဒီေန႔က ၾကမ္းျပင္ထက္က ေခ်ာကလက္ေလးေတြအေၾကာင္း ေမးလိုက္ခ်င္ပါရဲ႕ ကေလးငယ္ ။
လြမ္းေနရေသာ လက္ျပည့္ေဖာင္းေဖာင္းေလးေတြကုိ မလႊတ္ေပးမိပဲ သူခဏတာၿငိမ္သက္ေနမိသည္ ။ ဆို႔နင့္လာသည့္ ႏွလံုးသားတစ္စုံအား ခဏတာ လြတ္ေျမာက္ခြင့္ေပးထားျခင္းပင္ ။
" ထားပါေတာ့ကြာ မင္းေလးက ဒီေမဂ်ာကပဲမလား ေနာက္က် ခဏခဏေတြ႔ၾကတာေပါ့..''
"Bye အစ္ကုိ..ကြၽန္ေတာ္ေက်ာင္းထဲ ေလွ်ာက္ၾကည့္လိုက္ဦးမယ္...''
" ကုိယ္လိုက္ပို႔ေပးမယ္ေလ..''
" ေက်းဇူးတင္ပါတယ္အစ္ကုိ ဒါေပမဲ့ Jun ကတစ္ေယာက္တည္းေနရတာပုိ ႏွစ္သက္တယ္အစ္ကုိ အစ္ကိုလည္း ဂ်ဴနီယာေလးေတြအကူအညီေပးဖို႔႐ွိတယ္မလား Jun တစ္ေယာက္တည္းသြားလိုက္ပါ့မယ္ ''
" ဟုတ္ပါၿပီ ေကာင္းေကာင္းသြားေနာ္.."
"ဟုတ္ကဲ့ အစ္ကုိ Bye..''
" Seeyou ေလကြာ..''
Bye ဆိုေသာ ႏႈတ္ဆက္စကားနဲ႔သာ သူ႔ကုိျငင္းဆန္ခဲ့ေသာ ကေလးငယ္ကုိ အဲ့ဒီေန႔က သူနားလည္ႏိုင္ျခင္းေတြ မဲ့ခဲ့သည္ ။
°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
"JunMyeonnie "
" အစ္ကုိ...''
" စာအုပ္လာေရြးတာလား..''
"ဟုတ္ Jun ေလ့လာခ်င္တဲ့စာအုပ္ေလးေတြ လာ႐ွာတာအစ္ကုိ "
" အင္း စာအုပ္ေရြးၿပီးရင္ ေန႔လည္စာတူတူသြားစားရေအာင္ ''
"ဟုိ...''
" ျငင္းဖို႔မစဥ္းစားနဲ႔ ကေလးငယ္ ကုိယ္ မင္းေလးနဲ႔စကားေတြေျပာစရာေတြ႐ွိတယ္ ''
"......''
သူနဲ႔ေတြ႔တဲ့ေန႔ကတည္းက အေ႐ွာင္အပုန္းေကာင္းေသာ ကေလးငယ္ကုိ စာၾကည့္တိုက္မွာ လာဖမ္းမွ မိေတာ့သည္ ။ ဒီတခါေတာ့ ျငင္းဆန္ခြင့္မေပးပဲ စကားေျပာဖို႔ ဖမ္းဆြဲထားမိသည္ ။
" ၿပီးၿပီလား..''
" ဟုတ္..''
"ေပး အစ္ကုိသယ္ေပးမယ္..''
"ဟုိ..ရ..ရပါတယ္..အစ္ကုိ..''
" မင္းေလးကေလ...''
သူ႔အေပၚ အျမဲတမ္းေ႐ွာင္ဖယ္တတ္ေသာ ကေလးငယ္အား တေျဖးေျဖး နားမလည္ႏုိင္ျခင္းေတြ ပုိမိုမ်ားလာရသည္ ။
"အစ္ကုိ႔ကုိႏႈတ္ေတာင္မဆက္သြားဘူးေနာ္..''
"ဗ်ာ...''
"ေက်ာင္းေျပာင္းသြားတုန္းကေလ...''
"ေအာ္..႐ုတ္တရတ္ျဖစ္သြားလို႔ပါ...''
"ဘာလို႔လဲ...''
"ဘာကုိလဲ...အစ္ကုိ..''
" ဘာလို႔႐ုတ္တရတ္ႀကီး ေျပာင္းသြားရတာလဲ JunMyeonnie သူငယ္ခ်င္းေတြေမးေတာ့လည္း မသိဘူးတဲ့...''
"ဒီလိုပါပဲ...''
"စာေမးပြဲေနာက္ဆုံးေန႔က ကေလးငယ္ကုိ အစ္ကုိ ႐ွာေနခဲ့တာ ''
".....''
ႏြားႏို႔ေသာက္ေနရင္းက ရပ္တန္႔သြားကာ သူ႔အားေငးစုိက္ၾကည့္လာသည့္ ကေလးငယ္မ်က္ဝန္းေတြ၌ တုန္လႈပ္ျခင္းေတြကုိ သူျမင္ေနရသည္ ။
ဘာေၾကာင့္လဲ ကေလးငယ္ ။ ဘာကုိေၾကာက္ရြံေနသလဲ ။
" အဲ့ဒီေန႔က ကိုယ္ ကေလးငယ္ကုိ လက္ေဆာင္ေပးမလို႔ လိုက္႐ွာေနခဲ့တာ...အဲ့ဒီေန႔က...''
" ကြၽန္ေတာ္ အတန္းခ်ိန္႐ွိေသးလို႔ သြားႏွင့္ၿပီအစ္ကုိ...''
" JunMyeonnie ''
မ်က္ဝန္းလဲ့လဲ့ေတြထဲ အရည္ျကည္ေတြရစ္သုိင္းကာ ေျပးထြက္သြားေသာ ကေလးငယ္ကုိ သူနားမလည္ႏုိင္ျခင္းမ်ားစြာနဲ႔ပဲ ေငးၾကည့္ေနမိခဲ့သည္ ။
" အစ္ကုိ မင္းကုိ တကယ္ကုိ နားမလည္ေတာ့ဘူး ကေလးငယ္
အစ္ကုိ႔ကို မုန္းေနသလား ကေလးငယ္ ''
ခပ္တိုးတုိးေရရြတ္မိတဲ့စကားအဆံုး ပါးျပင္ထက္ပူေႏြးစုိစြတ္လာျခင္းေတြ ခံစားလာရသည္ ။
"အစ္ကုိ႔ကုိ မုန္းေနလို႔ ေ႐ွာင္ဖယ္ေနသလား ကေလးငယ္ ''
°°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°
အစ္ကုိ႔ကို မုန္းေနသလား ကေလးငယ္
Unicode
ရက်ကို လစားလို့ နှစ်တွေပင် ပြောင်းလဲကုန်လည်း တစ်ချို့သော အကြောင်းအရာတွေက ရင်ထဲ စွဲမြဲကျန်ရစ်တတ်သည် ။ ထိုသည်ကို အမှတ်တရတွေဟု ကျွန်တော်တို့ခေါင်းစဉ်တပ်ကြသည် ။
ကလေးငယ်နှင့်ပါတ်သက်သည့်အကြောင်းအရာတွေကလည်း အမှတ်တရဆိုသောခေါင်းစဉ်အောက် သူ၏ နှလုံးသား၌ မေ့မရခြင်းတွေဖြင့် ထင်ကျန်နေဆဲပင် ။
အချိန်တွေပြောင်းလဲသွားခြင်းနဲ့အတူ ပါတ်ဝန်းကျင်အခြေအနေတွေလည်း အများကြီးကွာခြားခဲ့သည် ။ သူသည်ပင် အထက်တန်းကျောင်းသားဘဝကနေ တက္ကသိုလ်ကျောင်းသားအဖြစ်သို့ပြောင်းလဲခဲ့၍ နယ်မြို့လေးကိုစွန့်ခွာကာ ဆိုလ်း မြို့သို့ရောက်လာခဲ့တာ နှစ်နှစ်ပင်ပြည့်လုနီးပြီ ။
နယ်မြို့လေးထက် ပိုမိုကျယ်ပြန့်တဲ့ ဆိုလ်းမြို့ထဲ လူငယ်သဘာဝ နှစ်သက်မက်မောပျော်ရွှင်စရာတွေ ပေါများသောငြား လှပသောအမှတ်တရတွေ ကျန်ရှိရာ နယ်မြို့လေးအား သူဘယ်တော့မှ အလွမ်းပြေမည်မထင် ။
သူ့ရဲ့တိမ်စိုင်ဖြူလေးရော သူ့လိုပဲ အမှတ်တရတွေနဲ့ အလွမ်းနေ့ရက်တွေကို ပိုင်ဆိုင်ထားသလား သိချင်သည် ။
ပြောင်းလဲမှုတွေကြား ကောင်းကင်ပြာ၏ အလှတရားတွေမပါဝင်ခဲ့သလို တိမ်စိုင်ဖြူလေးကို ချစ်တဲ့ သူ့နှလုံးသားလည်း မပါဝင်ခဲ့ပေ ။
တက္ကသိုလ်မြေမှာ ရုပ်ရည်အသင့်အတင့်ရှိသော သူက ပေါ်ပြူလာမဖြစ်သော်ငြား ဖော်ရွေခင်မင်တတ်ခြင်းကြောင့် လူချင်လူခင်များသည် ။
သူငယ်ချင်းမလေးတွေ ဂျူနီယာမလေးတွေ၏ သူနှင့်သက်ဆိုင်ခွင့်ရချင်သော ရွှန်းစားစားမျက်ဝန်းတွေကို မျက်ဝန်းလဲ့လဲ့လေးတွေအတွက် သူမသိချင်ယောင်ဆောင်မိနေဆဲ ။
သူ့နှလုံးအိမ်က မျက်ဝန်းလဲ့လဲ့လေးတွေကို ရင်ခုန်တတ်ချိန်မှစ၍ သူ၏ပိုင်ရှင်အား သတ်မှတ်ခဲ့ပြီးလေပြီ ။
" လွမ်းလိုက်တာ ကလေးငယ် ''
တက္ကသိုလ်တွေ စဖွင့်ချိန်ရောက်တော့ အချိန်တွေကို ပြန်တွက်ကြည့်မိသည် ။ ကလေးငယ် တက္ကသိုလ်စတက်ချိန်ရောက်နေပြီပဲ ။ ဘယ်မြို့ဘယ်ဒေသမှာ အေးချမ်းနေလဲ အစ်ကို့ရဲ့ တိမ်စိုင်ဖြူလေး ။
အလွမ်းရဲ့နေရက်တွေမှာ တိမ်စိုင်ဖြူလေး အစ်ကို့ရင်ခွင်ဆီပြန်ရောက်လာမဲ့နေ့ရက်တွေကို မျှော်လင့်ရင်း အစ်ကို့နှလုံးသား ရှင်သန်နေတယ် ။
" YiXing အရင်နှစ်တွေလိုပဲ ဂျူနီယာတန်းတွေဆီသွားရအောင် ''
" အင်းသွားမယ်လေ China ဘက် အရင်သွားမလား ငါတို့နဲ့နီးတယ် ''
" အင်း အဲ့ဘက်ပဲအရင်သွားတာပေါ့ ''
စီနီယာတန်းတွေ၏ထုံးစံအတိုင်း တက္ကသိုလ်မြေဆီ အခုမှ ခြေချကြမည့် ဂျူနီယာလေးတွေအား ကူညီဖို့ သူတို့ စီနီယာခေါင်းဆောင်များအဖွဲ့က နှစ်တိုင်းမေဂျာစုံသို့ လိုက်ကူညီပေးကြသည် ။
တစ်ခန်းဝင်တစ်ခန်းထွက် မိတ်ဆက် မေးမြန်းသည်တွေကိုဖြေကြားရင်း အကူအညီလိုသမျှ ပေးခဲ့ပြီးနောက် နောက်ဆုံးတစ်ခန်းသို့ သူတို့ရောက်လာကြသည် ။
ထုံးစံအတိုင်း နှုတ်ဆက်စကားပြောရင်း အခန်းထဲက ဂျူနီယာလေးတွေအားနှုတ်ဆက်နေခဲ့သည် ။ အခန်းထောင့်တစ်နေရာမှ အရိပ်ဖြူလေးကိုမတွေ့ခင်အထိ သူ့ရင်အစုံသည် ငြိမ်သက်နေခဲ့သည် ။
" ကလေးငယ် ''
အခန်းထောင့်တနေရာမှ ကျောပိုးအိတ်လေးအားလွယ်ကာ အခန်းပြင်ထွက်သွားသော ပုံရိပ်လေးကို မျက်တောင်မခတ်တမ်းကြည့်နေမိရင်း ခပ်တိုးတို့ရေရွတ်မိသည် ။
မသေချာခြင်းတွေကို အတည်ပြုရန် ထိုအရိပ်ငယ်လေးနောက် ပြေးလိုက်ကာ ကလေးငယ်နာမည်ကို အသိအမှတ်ပြုခေါ်ခဲ့သည် ။
တခဏရပ်တန့်ကာ ဆက်လျှောက်သွားသော အရိပ်လေးကြောင့် အမှီပြေးလိုက်ကာ ဆွဲလှည့်လိုက်မိတော့ အလန့်တကြားကြည့်လာသည့် ကလေးငယ် ။
"JunMyeonnie ..ဟုတ်ရဲ့သားနဲ့ ဘာလို့မထူးတာလဲ..အစ်ကို့ကို မှတ်မိတယ်မလား YiXingလေး Zhang YiXingလေ...''
အားမလိုအားမရခြင်းတွေနဲ့ အသက်မရှုနိုင် တရပ်စပ်ပြောမိတော့ ခပ်ရေးရေးပြုံးလာသည့် နှုတ်ခမ်းပါးလေးတစ်စုံ ။
" နေကောင်းတယ်မလား အစ်ကို...''
"မှတ်မိရဲ့သားနဲ့ ကလေးငယ်ရာ..ဘာလို့များ..''
သူ့ကို မှတ်မိတယ်ဆိုသော အသိကြောင့် ဝမ်းသာသွားသော်ငြား လှည့်မကြည့်ကာ ထွက်ပြေးဖို့လုပ်သွားခြင်းကို သတိရမိသွားပြန်တော့ ရင်ဘတ်တနေရာက ထိုးအောင့်လာသည့် နာကျင်ခြင်းနဲ့အတူ သူ့စကားသံတွေက တိမ်ဝင်သွားရသည် ။
" ပြန်တွေ့ရမယ်လို့မထင်ထားလို့အစ်ကိုရဲ့...''
ကလေးငယ်၏ အဖြေက မျှော်လင့်ချက်ဆိုတာကို မယုံကြည်ခြင်းတွေ ပါနေသယောင် ထင်မှတ်ရသည် ။
" အစ်ကိုက မင်းကို သတိရနေတာ ကလေးငယ်...''
"သတိရတယ်?..ဘာလို့လဲ..အစ်ကို..? အစ်ကိုနဲ့ ကျွန်တော့်ကြား ထွေထွေထူးထူး သတိရစရာမှမရှိပဲ အစ်ကိုရယ်..''
ပြုံးရင်းပြောလာသည့် သူလေးစကားတွေက ရင်အစုံကိုကန်ထုတ်လိုက်သည့်နှယ် နင့်ကနဲ ။
ကိုယ်နဲ့သူကြား ထွေထွေထူးထူး အကြောင်းအရာမရှိခဲ့ဘူးတဲ့လား ။
အဲ့ဒီနေ့က ကြမ်းပြင်ထက်က ချောကလက်လေးတွေအကြောင်း မေးလိုက်ချင်ပါရဲ့ ကလေးငယ် ။
လွမ်းနေရသော လက်ပြည့်ဖောင်းဖောင်းလေးတွေကို မလွှတ်ပေးမိပဲ သူခဏတာငြိမ်သက်နေမိသည် ။ ဆို့နင့်လာသည့် နှလုံးသားတစ်စုံအား ခဏတာ လွတ်မြောက်ခွင့်ပေးထားခြင်းပင် ။
" ထားပါတော့ကွာ မင်းလေးက ဒီမေဂျာကပဲမလား နောက်ကျ ခဏခဏတွေ့ကြတာပေါ့..''
"Bye အစ်ကို..ကျွန်တော်ကျောင်းထဲ လျှောက်ကြည့်လိုက်ဦးမယ်...''
" ကိုယ်လိုက်ပို့ပေးမယ်လေ..''
" ကျေးဇူးတင်ပါတယ်အစ်ကို ဒါပေမဲ့ Jun ကတစ်ယောက်တည်းနေရတာပို နှစ်သက်တယ်အစ်ကို အစ်ကိုလည်း ဂျူနီယာလေးတွေအကူအညီပေးဖို့ရှိတယ်မလား Jun တစ်ယောက်တည်းသွားလိုက်ပါ့မယ် ''
" ဟုတ်ပါပြီ ကောင်းကောင်းသွားနော်.."
"ဟုတ်ကဲ့ အစ်ကို Bye..''
" Seeyou လေကွာ..''
Bye ဆိုသော နှုတ်ဆက်စကားနဲ့သာ သူ့ကိုငြင်းဆန်ခဲ့သော ကလေးငယ်ကို အဲ့ဒီနေ့က သူနားလည်နိုင်ခြင်းတွေ မဲ့ခဲ့သည် ။
°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
"JunMyeonnie "
" အစ်ကို...''
" စာအုပ်လာရွေးတာလား..''
"ဟုတ် Jun လေ့လာချင်တဲ့စာအုပ်လေးတွေ လာရှာတာအစ်ကို "
" အင်း စာအုပ်ရွေးပြီးရင် နေ့လည်စာတူတူသွားစားရအောင် ''
"ဟို...''
" ငြင်းဖို့မစဉ်းစားနဲ့ ကလေးငယ် ကိုယ် မင်းလေးနဲ့စကားတွေပြောစရာတွေရှိတယ် ''
"......''
သူနဲ့တွေ့တဲ့နေ့ကတည်းက အရှောင်အပုန်းကောင်းသော ကလေးငယ်ကို စာကြည့်တိုက်မှာ လာဖမ်းမှ မိတော့သည် ။ ဒီတခါတော့ ငြင်းဆန်ခွင့်မပေးပဲ စကားပြောဖို့ ဖမ်းဆွဲထားမိသည် ။
" ပြီးပြီလား..''
" ဟုတ်..''
"ပေး အစ်ကိုသယ်ပေးမယ်..''
"ဟို..ရ..ရပါတယ်..အစ်ကို..''
" မင်းလေးကလေ...''
သူ့အပေါ် အမြဲတမ်းရှောင်ဖယ်တတ်သော ကလေးငယ်အား တဖြေးဖြေး နားမလည်နိုင်ခြင်းတွေ ပိုမိုများလာရသည် ။
"အစ်ကို့ကိုနှုတ်တောင်မဆက်သွားဘူးနော်..''
"ဗျာ...''
"ကျောင်းပြောင်းသွားတုန်းကလေ...''
"အော်..ရုတ်တရတ်ဖြစ်သွားလို့ပါ...''
"ဘာလို့လဲ...''
"ဘာကိုလဲ...အစ်ကို..''
" ဘာလို့ရုတ်တရတ်ကြီး ပြောင်းသွားရတာလဲ JunMyeonnie သူငယ်ချင်းတွေမေးတော့လည်း မသိဘူးတဲ့...''
"ဒီလိုပါပဲ...''
"စာမေးပွဲနောက်ဆုံးနေ့က ကလေးငယ်ကို အစ်ကို ရှာနေခဲ့တာ ''
".....''
နွားနို့သောက်နေရင်းက ရပ်တန့်သွားကာ သူ့အားငေးစိုက်ကြည့်လာသည့် ကလေးငယ်မျက်ဝန်းတွေ၌ တုန်လှုပ်ခြင်းတွေကို သူမြင်နေရသည် ။
ဘာကြောင့်လဲ ကလေးငယ် ။ ဘာကိုကြောက်ရွံနေသလဲ ။
" အဲ့ဒီနေ့က ကိုယ် ကလေးငယ်ကို လက်ဆောင်ပေးမလို့ လိုက်ရှာနေခဲ့တာ...အဲ့ဒီနေ့က...''
" ကျွန်တော် အတန်းချိန်ရှိသေးလို့ သွားနှင့်ပြီအစ်ကို...''
" JunMyeonnie ''
မျက်ဝန်းလဲ့လဲ့တွေထဲ အရည်ကြည်တွေရစ်သိုင်းကာ ပြေးထွက်သွားသော ကလေးငယ်ကို သူနားမလည်နိုင်ခြင်းများစွာနဲ့ပဲ ငေးကြည့်နေမိခဲ့သည် ။
" အစ်ကို မင်းကို တကယ်ကို နားမလည်တော့ဘူး ကလေးငယ်
အစ်ကို့ကို မုန်းနေသလား ကလေးငယ် ''
ခပ်တိုးတိုးရေရွတ်မိတဲ့စကားအဆုံး ပါးပြင်ထက်ပူနွေးစိုစွတ်လာခြင်းတွေ ခံစားလာရသည် ။
"အစ်ကို့ကို မုန်းနေလို့ ရှောင်ဖယ်နေသလား ကလေးငယ် ''
°°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°
အစ်ကို့ကို မုန်းနေသလား ကလေးငယ်