Cause

By kndt-mei

16.6K 1.7K 35

တကယ်လို့များသာကိုယ့်မှာရွေး ချယ်ခွင့်ရှိခဲ့ရင် #krisyeol More

1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24

15

546 65 0
By kndt-mei

အိမ်ပြန်ရောက်လို့ Laptop ဖွင့်ကြည့်တော့ Lay  ဆီကနေ mail  တစ်စောင်ဝင်နေတာတွေ့ ရသည်။ 

ဖတ်ပြီး တော့ mail  ကိုဖျက်လိုက်ပြီး သူ Laptop ရှေ့ မှာ  ငုတ်တုတ်ထိုင်နေမိသည်။ ထင်ထားသည်များ အမှန်တကယ်ဖြစ်လားပြီလား ဆိုတဲ့စိတ်က လူကို နှိပ်စက်လာသည်။  အစကတည်းက မစလိုက်ရင်အကောင်းသား။

“Yeollie သားငယ်လေး နေမကောင်းဘူး လား”

“Omma ...”

ဘေးမှာလာရပ်တဲ့ Omma  ကိုခါးကနေဖက်ရင်း ခပ်ရှည်ရှည်အသံဆွဲကာခေါ်မိသည်။အမြဲတမ်းနားလည်ပေးနိုင်ပြီး မေတ္တာတရားတွေထုံသင်းနေတတ်တဲ့ Omma  ကို သူအချစ်ပိုရသည်။ ငယ်ငယ်ကတည်းက Omma  ရဲ့ အချစ်တွေကို  အပိုင်ရခဲ့တဲ့ Park ကလေးငယ် ကိုလည်း သူအားကျရသည်။ ဒီလိုတွေဂရုစိုက်ပေးခဲ့လို့လည်း ခဏတာအိမ်နှင့် ကတောက်ကဆဖြစ်မှုသည်  Park Chanyeol  အတွက် အလွန်ခက်ခဲခဲ့ပုံပေါ်သည်။  တစ်သက်လုံး အလိုလိုက်ခံရသော ကလေးငယ်သည် မည်သည့်စိတ်ပင်ပန်းမှုကိုမှ ခံနိုင်ရည်မရှိနိုင်ခဲ့သောကြောင့် ထိုပြဿ     နာဖြစ်လာသောအခါ အလွန်ပင်ပန်းခဲ့ခြင်းဖြစ်ရမည်။

“ဘာဖြစ်တာလဲ သားငယ်ရဲ့  ကျောင်းစာတွေက ခက်လို့လား Yi fan နဲ့ စိတ်ကောက်နေလို့လား ”

“ ကျောင်းစာတွေက မခက်ပါဘူး Omma  ရဲ့  သား စိတ်ဝင်စားတဲ့ ဘာသာရပ်ပဲဟာ ကိုကို နဲ့ ကဘာလို့စိတ်ကောက်ရမလဲ သူမှာလည်း မအားတာကို သားသိသားပဲကို ..”

“ဆိုတော့  ခုဖြစ်နေတာက ”

“ ကျောင်းပြီးရင်အလုပ်လုပ်ရတော့မယ် Omma  ရဲ့  သူငယ်ချင်းတွေနဲ့တွေ့ လို့ရမှာမဟုတ်တော့ဘူး  ”

“ ဖြစ်ရတယ်သားငယ်ရယ် ခုမှ first year ပဲ ရှိသေးတာလေ ဘာတွေစိတ်ပူနေရတာလဲ ...”

ဖြစ်ရမယ်လို့ပြောပြီး တသိမ့်သိမ့်ရယ်နေတဲ့ Omma  ကိုသူငေးကြည့်မိသည်။ Omma သည်တစ်သက်လုံးမကြားခဲ့ဖူးသော Gay  ဆိုသောအဖြစ်ကို  သားငယ်ပေါ်ချစ်စိတ်တစ်ခုတည်းနှင့် လက်ခံနိုင်အောင်ကြိုးစားပေးခဲ့သည်။  သားငယ်ပျော်ရွှင်သည်ကို မြင်ချင်သောကြောင့် Wu Yi fan ကိုပင်ကြည်ကြည်ဖြူဖြူဆက်ဆံပေးခဲ့သည်။ တစ်ခါတစ်ခါ ထမင်းစားပွဲပေါ်ထိုင်ရင်း  အထင်တန်းကျောင်းသား Sucide လုပ်သည့်အကြောင်း သတင်းစာ ဖြတ်ပိုင်းငယ်ကို ကြည့်ရင်း မျက်ရည်ကျနေတတ်သေးသည်။

****************************

“Omma  ရေ အရေးကြီးတယ် ”

အိမ်ထဲကိုပြေးဝင်လာတဲ့ Noona ရဲ့ အော်သံက  အထိတ်တလန့်။ ထမင်းစားနေတဲ့ သူ့ကိုမြင်တော့ ပြောလုဆဲဆဲစကားကိုရပ်တန့် ပစ်သည်။  

“အထိတ်တလန့်နဲ့ဘာဖြစ်တာလဲ ”

“Wu Yi fan ကို ရဲတွေက ဖမ်းခေါ်သွားလို့တဲ့ ”

စားသောက်ဆိုင်မှ အလျင်အမြန်ထွက်သွားကတည်းက နဇစ်ရက်တိုင်တိုင် Wu Yi fan သည်သူ့အားဆက်သွယ်မလာခဲ့ပါ။ ထို့အစား Sehun ဆီက Luhan French ကိုထွက်သွားတော့မည်ဖြစ်ကြောင်း message တစ်စောင်သာ ရောက်လာခဲ့သည်။

“ဘာ....ဘယ်လိုဖြစ်ရတာလဲ ပြောစမ်းပါဦး ”

Noona ပြောပြလာတဲ့ အကြောင်းအရာထဲမှာ Wu group အခွန်ရှောင်မှုကြောင့် ရဲတွေက စစ်ဆေးဖို့  ဖမ်းခေါ်သွားတဲ့အကြောင်း ။ သူ့တူဖြစ်သူကို လေဆိပ်ကို လိုက်ပို့ရာမှ အပြန်တွင်ရဲများက  ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းပြောလာခဲ့သည်။ သတင်းဌာန တစ်ခုတွင်အလုပ်လုပ်သော Noona သည် ဤသတင်းကို သူ့
ဂျူ နီယာ သတင်းထောက်တစ်ယောက်ဆီမှ ဦးဆုံးသိခဲ့ ရခြင်းဖြစ်သည်။

“  သေချာလို့လား သမီးရယ် ”

“  သေချာတယ် Omma ခုတောင် minhyuk က  စခန်းထိ လိုက်သွားတယ် ”

ပြောပြီးခါမှ  Noona က အဆင်ပြေရဲ့လားဆိုတဲ့ပုံစံမျိုးနဲ့ သူ့ကိုကြည့်လာသည်။  Omma ကနေသူ့ကို ဖက်လာပြီး ကျောပြင်ကိုအသာပုတ်ပေးလာသည်။ အဆင်ပြေသွားမှာပါ Yi fan ဖြေရှင်းနိုင်လောက်မှာပါ ဆိုပြီး လာနှစ်သိမ့်နေသော Omma  ကို ဒီထက်ခြောက်ချားဖွယ်ကောင်းတဲ့ အကြောင်း အရာ တစ်ချို့   ကိုသူသိနေကြောင်း သူပြောမပြနိုင်ခဲ့ပါ။

***************************

“Yi fan က Wu group ကအခွန်ရှောင်တဲ့ ကိစ္စနဲ့ စွဲချက်တင်ခံထားရတာ သူ့လက်ထက်ကကိစ္စတော့မဟုတ်ဘူး အရင် Wu ဥက္ကဋ္ဌဟောင်း လက်ထက်ကတည်းက ကိစ္စတွေ ဒါတွေကို မလိုလားတဲ့ တစ်ယောက်ယောက်က တိုင်လိုက်တယ်နဲ့ တူပါတယ် အယူခံဝင်လို့တော့ရလောက်မှာပါ ”

Appa ရဲ့  စကား အဆုံးမှာ Omma ကတော့ ခပ်သာသာသက်ပြင်းချလာသည်။ Appa  ရဲ့  အမြင်ထဲမှာ Wu Yi fan ဟာ အမြဲဖြောင့်မတ်တည်ကြည်သူတစ်ယောက်ဖြစ်နေခဲ့သည်။ အလုပ်ကိုကောင်းကောင်းဦးဆောင်နိုင်သော လက်အောက်ငယ်သား အပေါ် သနားညှာတာမှုရှိသော ရိုသေလေးစားမှုရှိသော လူကြီးဆန်ဆန် လူတစ်ယောက်အဖြစ်  သတ်မှတ်ခံထားရသည်။

ခုကိစ္စမှာလည်း လူရည်လူမွန် Wu Yi fan ကို သူ့မျက်နှာကြောင့်  ကူညီပေးနေသည်မှာ မုချမလွဲပင်။ အထက်တန်းရှေ့ နေ  ညီဖြစ်သူနှင့် အသေချာ တိုင်ပင်ထားပုံရသည်။  သူ့ကိုတောင် စိတ်ချဖို့ Wu Yi fan အပြစ်မလုပ်ထားသည့်အတွက် အမြန်ဆုံးလွတ်လာမှာ ဖြစ်ကြောင်း နှစ်သိမ့်ပေးနေခဲ့သည်။

“Appa ကျွန်တော် ကိုကိုနဲ့တွေ့ လို့ရလား  ”

“ခုတော့ မတွေ့ သေးနဲ့ဦး သားငယ်.. မကြာပါဘူး Yi fan လွတ်လာမှာပါ ”

“ဟုတ် ”

ဒီတစ်ခေါက်ရုန်းထွက်နိုင်ခဲ့ရင်လည်း နောက်တစ်ခေါက်ဆို မလွယ်ကြောင်းကိုတော့ သူဖေဖေ့ကိုပြောမပြမိတော့ပါ။

Wu Yi fan ခင်ဗျားကို ကိုကို လို့အမြဲတမ်းခေါ်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။










Continue Reading

You'll Also Like

55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
724K 123K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
1.7M 17.5K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...