မြတ်နိုးရာ...သူ

Por XingNge

53.7K 4.9K 236

ဖြူစင်သောမြတ်နိုးခြင်းတွေဖြင့်ချစ်သည်အစ်ကို... Mais

မိတ်ဆက်...(Zaw+Uni)
အပိုင်း (တစ်)(Zaw+Uni)
အပိုင်း (နှစ်)(Zaw+Uni)
အပိုင်း (သုံး)(Zaw+Uni)
အပိုင်း (လေး)(Zaw+Uni)
အပိုင်း (ငါး)(Zaw+Uni)
အပိုင်း (ခြောက်)(Zaw+Uni)
အပိုင်း (ခုနှစ်)(Zaw+Uni)
အပိုင်း (ရှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်တစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်နှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်သုံး)(Zaw+Uni)
အပိုင်း (တစ်ဆယ့်လေး)(Zaw+Uni)
အပိုင်း (တစ််ဆယ့်ငါး)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ခြောက်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ခုနှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ရှစ်)(Zaw+Uni)
အပိုင်း (တစ်ဆယ့်ကိုး)(Zaw+Uni)
အပိုင်း (နှစ်ဆယ်) ( ဇာတ်သိမ်းပိုင်း)(Zaw+Uni)
မြတ်နိုးခြင်း...လက်ဆောင် (Zaw+Uni)

အပိုင်း (ကိုး)(Zaw+Uni)

1.9K 221 9
Por XingNge

စစ္မွန္ေသာ လွပျခင္း ဆိုတာက အခ်စ္ လို႔ ဆိုၾကမယ္ဆို ေအးခ်မ္းေသာ ထိုေကာင္ေလး၏ မ်က္ႏွာေလးကို ေျပးျမင္မိသည္ ။

မ်က္မွန္ဝုိင္းေလးေအာက္က အရည္လဲ့လဲ့ မ်က္ဝန္းငယ္ေလးေတြက သူေလး၏ ႏူးညံ့မႈေတြထဲက အလွပဆံုး တစ္ခုပင္ ။

ညေနတိုင္း စာၾကည့္တိုက္မွာ စာလာဖတ္ရင္း စာအုပ္ေလးေတြ႐ွာတတ္သည့္ သူေလးက သူ႔စိတ္အာ႐ုံကုိ ဖမ္းစားလြန္းႏိုင္ခဲ့သည္ ။

အသားရည္ေလးေတြက ႏို႔ႏွစ္ေရာင္ေလးလို ျဖဴေဖြး၍ ေဖာင္းအိအိပါးေလးေတြက အသည္းယားဖြယ္အတိ ။

စာအုပ္လာမွတ္ခိုင္းသည့္အခါတုိင္း မ်က္မွန္အဝုိင္းေလးအား ပင့္ပင့္တင္တတ္သည့္ အက်င့္ေလးအားလည္း သူမရည္ရြယ္ပါပဲ သတိထားမိသည္ ။

ေဖာင္းအိအိပါးေလးေတြအား ဆြဲညစ္ပစ္ခ်င္ေသာ္ျငား အေနေအးလြန္းေသာ သူေလးက စကားပင္ေသခ်ာမေျပာေတာ့ ကုိယ္နဲ႔သိပ္မရင္းႏွီးခဲ့ေပ ။

" အစ္ကုိ '' ဟု ကုိယ့္အား ေခၚတတ္သည့္ သူေလး၏ အသံငယ္ေလးအား ဘာရယ္မဟုတ္ သေဘာက်မိျပန္သည္ ။

စာၾကည့္တိုက္ေ႐ွ႕ လက္ေသးေသးေတြကုိ ေကာင္းကင္ျပာဆီ ဆန္႔တန္းရင္း ေမာ့ၾကည့္ေနသည့္ ကေလးငယ္ကုိ သူခင္မင္ခြင့္ရခ်င္သည္ ။

ေကာင္းကင္ျပာျပာက ေအးခ်မ္းဆုံး အလွတရားလို႔ေျပာရင္ ကြၽန္ေတာ္ျငင္းမိမယ္ထင္တယ္ ။

ကေလးငယ္၏ ျဖဴစင္ေအးခ်မ္းမႈေလးက ပုိမိုလွပသည္ေလ ။

°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
ဒီေန႔ ဂ်ဴနီယာတန္းေတြဆီ အားကစားျပဳိင္ပြဲအတြက္ စာရင္းေကာက္ဖို႔ သူတို႔စီနီယာေတြ ထြက္လာခဲ့သည္ ။

ကေလးငယ္တုိ႔အတန္းထဲဝင္သြားေတာ့ တျခားေက်ာင္းသူေက်ာင္းသားေတြက ေမာ့ၾကည့္လာေပမဲ့ စာေရးေနသည့္ကေလးငယ္ကေတာ့ သိဟန္မတူ ။

သူ႔စကားအဆံုး ပြက္ေလာ႐ုိက္သြားတဲ့ ဂ်ဴနီယာေလးေတြၾကား မ်က္ဝန္းလဲ့လဲ့ေလးေတြကေတာ့ မပါဝင္ခဲ့ ။

တျခားသူေတြကုိ ေက်ာ္လို႔ ကေလးငယ္ဆီသြားေမးေတာ့ ဒီျဖဴႏုႏုေလးက အေျပး တဲ့ေလ ။

" Kim Jun Myeon " ဆိုေသာ နာမည္ေလးက ကုိယ့္နားထဲ တဝဲလည္လည္က်န္ေနခဲ့သည္ ။

ဆံသားအိအိေလးေတြအား ေဆာ့ကစားရင္း အားေပးစကားေျပာေတာ့ ျပန္လည္ေပးအပ္လာသည့္ အျပံဳးႏုႏုက သိပ္ကုိျဖဴစင္လြန္းလွသည္ ။

ကေလးငယ္ က ေကာင္းကင္ျပာက တိမ္ျဖဴျဖဴေတြနဲ႔ တူတယ္ ။

ျဖဴစင္ၿပီး ႏူးညံ့လြန္းတယ္ ။

ထိုေနာက္ပုိင္း စာၾကည့္တိုက္၌ ဆံုသည့္အခါ သူႏႈတ္ဆက္မိသလို ကေလးငယ္ ၏ ' အစ္ကုိ ' ဟုရင္းႏွီးစြာေခၚသံေလးလည္း သူၾကားခဲ့ဖူးသည္ ။

လွပတဲ့ အရာေတြကုိ ခ်စ္ၾကတာ လူေတြရဲ႕ သဘာဝမို႔ သိပ္ကိုႏူးညံ့လွပလြန္းသည့္ တိမ္စိုင္ငယ္ေလးတစ္ခုကုိ ကြၽန္ေတာ္ခ်စ္မိသည္လည္း မထူးဆန္းပါဘူးေနာ္ ။

ထိုကေလးငယ္အား ဘယ္ဘဝရဲ႕ ေရစက္ေတြေၾကာင့္မသိေပမဲ့ ကြၽန္ေတာ္ ခ်စ္သည္ ။ ညီငယ္ေလးတစ္ေယာက္လို ကြၽန္ေတာ္ ခ်စ္သည္ ။

°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
ၿပိဳင္ပြဲအတြက္ သူေလ့က်င့္ေရးၿပီး၍ ျပန္ဖို႔လုပ္ေတာ့ ေက်ာင္းသူေက်ာင္းသားေတြပင္ေက်ာင္းထဲသိပ္မ႐ွိေတာ့ ။ အခ်ိန္လည္း ေလးနာရီေက်ာ္ခဲ့ၿပီကုိး ။

အားကစား႐ုံနဲ႔ သိပ္မေဝးလွသည့္ ခံုတန္းေလး၌ စာအုပ္တစ္အုပ္ကို စိတ္ဝင္စားစြာဖတ္ေနသည့္ ေကာင္ေလးတစ္ေယာက္ကိုျမင္ေတာ့ သူထိုေကာင္ေလးဆီေလွ်ာက္သြားမိသည္ ။

ေျဖးညႇင္းစြာ ေမာ့ၾကည့္လာသည့္ ကေလးငယ္က သူ႔ကိုျမင္ေတာ့ အံ့ျသသြားဟန္ပင္ ။

"JunMyeonnie မလား...''

သူ႔အေမးအား ေျဖလာသည္က

"ဟုတ္ကဲ့ '' တစ္ခြန္းသာ...။

သူကပဲျပံဳးျပလိုက္ရင္း စကားဆက္မိသည္ ။

"ဘာလုပ္ေနတာလဲ ေက်ာင္းဝန္းထဲလူကုန္ေနၿပီ ညီရဲ႕ မျပန္ေသးဘူးလား..''

သူေျပာေတာ့မွ လက္ကနာရီေလးကုိ ငုံ႔ၾကည့္ေလသည္ ။

"ဟုတ္သားပဲ ကြၽန္ေတာ္ စာအုပ္ထဲအာ႐ုံေရာက္သြားလို႔ အစ္ကို ''

' အစ္ကုိ ' ကြၽန္ေတာ့္အတြက္သူရည္ရြယ္တဲ့ နာမ္စားက ႐ုိး႐ွင္းလွေသာ္လည္း ကြၽန္ေတာ့္အတြက္ ပံုမွန္နဲ႔မတူသည့္ ၾကည္ႏူးျခင္းမ်ိဳးခံစားေစသည္ ။

" တူတူသြားရေအာင္ ''

"ဗ်ာ...''

"ႏွစ္ေယာက္တည္း႐ွိေတာ့တာေလ တူတူသြားရေအာင္လို႔ ကေလး တစ္ေယာက္တည္းေလွ်ာက္သြားလို႔စိတ္မခ်ပါဘူး..''

အူေၾကာင္ေၾကာင္ေလးနဲ႔ေမာ့ၾကည့္လာေသာ သူေလးအား အသည္းယားလြန္း၍ ဆြဲညစ္ပစ္ခ်င္လာသည္။

ထိုကေလးငယ္သာ သူ႔ညီေလးဆိုဘယ္ေလာက္ေကာင္းလိုက္မလဲ ။

ေက်ာင္းဝန္းထိပ္ထိ တူတူေလွ်ာက္လာၾကရင္း စကားစမိေတာ့လည္း ' ဟုတ္ ' တစ္ခြန္းကလြဲၿပီး အပုိမေျပာသည့္ သူေလးေၾကာင့္ အသည္းယားသည့္စိတ္ကိုမထိ္န္းခ်ဳပ္ႏိုင္ေတာ့ေပ ။

"ဟုတ္ တစ္လုံးပဲေျပာတတ္တာလား JunMyeonnie...''

"ဗ်ာ..''

"မင္းေလးကေလ ဘယ္လိုေလးမွန္းမသိဘူး..ဟား..''

သေဘာက်စြာရယ္ေမာမိေတာ့လည္း ေငးပဲေငးၾကည့္ေနခဲ့သည္ ။

" သြားေတာ့မယ္ အစ္ကုိ..bye..''

"ဂ႐ုစုိက္သြားေနာ္ ၿပီးေတာ့ Bye မဟုတ္ဘူး..See you လို႔ႏႈတ္ဆက္ရတယ္ ကေလးငယ္ရဲ႕ ျပန္မေတြ႔မဲ့သူေတြမွ Bye လို႔ႏႈတ္ဆက္တာ..''

ဘာမွျပန္မေျပာပဲ သူ႔အားခဏတာမွ် စုိက္ၾကည့္ကာ ေခါင္းၿငိမ့္ျပံဳးျပရင္း ထြက္သြားေသာ ကေလးငယ္က တခါတရံက် နားလည္ရခက္သည္ ။

ကေလးငယ္က တိမ္ျဖဴျဖဴေတြလိုပဲ တိတ္ဆိတ္ေအးခ်မ္းစြာ လြင့္ေမ်ာရျခင္းကုိ ႏွစ္သက္သည္ ထင္ပါတယ္ ။

°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
"Zhang Yi Xing...Zhang Yi Xing ''

သူ႔နာမည္ေတြေအာ္ရင္း အားေပးေနသည့္ ေက်ာင္းသားေတြအတြက္ ႀကိဳးစားကစားေနမိသည္ ။

ခံုတန္းေလးေတြ ေနာက္ဆံုးတစ္ေနရာ၌ ရပ္ၾကည့္ေနေသာ ပံုရိပ္ေလးကုိ ျမင္လိုက္ရသည့္ အခါ၌ ဝမ္းသာသြားသည့္ သူ႔စိတ္ေပ်ာ္ရႊင္မႈေတြေၾကာင့္ သူ႔ကိုယ္သူပင္ နားမလည္ႏိုင္ျဖစ္ခဲ့ရသည္ ။

ေ႐ွ႕ဆံုးတန္းက သူ႔ခ်စ္သူ YoonMi ထက္ ေနာက္ဆံုးတန္းက ကေလးငယ္၏ ပံုရိပ္ကုိ ခဏတုိင္းၾကည့္ေနမိတာ တျခားသူေတြပင္ရိပ္မိႏိုင္သည္ ။

ၿပီးဆံုးခါနီးအခ်ိန္၌ ကြယ္ေပ်ာက္သြားသည့္ပံုရိပ္ေလးေၾကာင့္ စိတ္ထဲတစ္စုံတရာကုိ အလိုမက်မႈေတြခံစားလာရသည္ ။

ဆက္ၿပီးကစားခ်င္သည့္စိတ္ေတြ ေပ်ာက္ဆံုးလုနီးနီးျဖစ္ေနခဲ့ေပမဲ့ ကေလးငယ္၏ မ်က္ဝန္းလဲ့လဲ့ေတြကုိ ျမင္ေယာင္လာသည့္ေနာက္ ထိုကစားပြဲအား အႏိုင္ျဖင့္ သူအဆံုးသတ္ႏိုင္ခဲ့သည္ ။

Yoonmi ေပးတဲ့ ပန္းစည္းကုိ ယူကာ အဝတ္အစားလဲဖို႔ Locker ဆီအေရာက္ ေတြ႔လိုက္ရသည့္ ပန္းစည္းေလးေၾကာင့္ ေဘးဘီဝဲယာ ေဝ့ဝဲၾကည့္မိေတာ့ မည္သူမွမေတြ႔ေပမဲ့ သူ႔စိတ္ထဲမွ ၾကည္ႏူးလာရျခင္းေၾကာင့္ ထိုပန္းစည္းပုိင္႐ွင္အား ကေလးငယ္ဟု သူေကာက္ခ်က္ခ်မိသည္ ။

ခံစားခ်က္ဆိုတာ လူႏွစ္ေယာက္၏ ႏွလံုးသားေတြၾကား အတိက်ဆံုး ဆက္ႏြယ္မႈပင္မလား ။

ႏွင္းဆီအနီပန္းစည္းေလးကုိ ေဘးခ်လို႔ အျဖဴေရာင္က်ဴးလစ္ပန္းစည္းေလးကုိ နမ္း႐ႈိက္လိုက္မိသည့္ေန႔ကတည္းက ကေလးငယ္က သူ႔ရင္ထဲဝင္လာခဲ့သည္ ။

"Kim Jun Myeon..JunMyeonnie..Junေလး...''

ကေလးငယ္ကုိအားေပးေနသည့္ ကေလးငယ္သူငယ္ခ်င္းေတြက ကေလးငယ္နဲ႔မတူ သြက္လက္လြန္းသည္ ။

သူငယ္ခ်င္းေတြကုိ အသိအမွတ္ျပဳလွည့္ၾကည့္ကာျပံဳးျပလိုက္သည့္ကေလးငယ္က ျပန္အလွည့္မွာ ေျခေခ်ာ္လို႔ လဲက်သြားခဲ့သည္ ။

ရင္ထဲ ထိတ္ခနဲ ထိုးတက္လာသည့္ စုိးရိမ္မႈေတြေၾကာင့္ ထိုေနရာဆီ အေျပးေရာက္သြားမိသည္ ။ ေဘးက YoonMi ၏ လွမ္းေခၚမႈေတြကုိ လစ္လ်ဴ႐ွခဲ့ရင္းေပါ့ ။

ေက်ာင္းေဆးခန္းပုိ႔ဖို႔ ေပြ႔ခ်ီလိုက္ေတာ့ ငို႐ႈိက္လာသည့္ ကေလးငယ္က အေတာ္ေလးနာက်င္ေနသည့္ပံု ။

" အရမ္းနာေနလို႔လား ''

သူ႔အေမးကုိ မ်က္ရည္ေတြၾကား ေခါင္းၿငိမ့္ျပလာသည့္ ကေလးငယ္ေၾကာင့္ ဘယ္ဘတ္ရင္ဘတ္တေနရာက ကေလးငယ္နဲ႔ထပ္တူ နာက်င္လာသည္ ။

ကေလးငယ္က အျဖဴေရာင္ပန္းေလးေတြလိုပဲ အထိအခိုက္မခံႏိုင္ဘူး ။

သိပ္ကုိ ညင္သာ ႏူးညံ့လြန္းတယ္ ။

°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
ကေလးငယ္ က ေကာင္းကင္ျပာက တိမ္ျဖဴျဖဴေတြနဲ႔ တူတယ္...♥
Xing'POV ေတြနဲ႔တစ္လွည့္ျပန္ေရးေပးမယ္ေနာ္...♥ပ်င္းစရာေကာင္းေနၿပီလား...♥

Unicode

စစ်မှန်သော လှပခြင်း ဆိုတာက အချစ် လို့ ဆိုကြမယ်ဆို အေးချမ်းသော ထိုကောင်လေး၏ မျက်နှာလေးကို ပြေးမြင်မိသည် ။

မျက်မှန်ဝိုင်းလေးအောက်က အရည်လဲ့လဲ့ မျက်ဝန်းငယ်လေးတွေက သူလေး၏ နူးညံ့မှုတွေထဲက အလှပဆုံး တစ်ခုပင် ။

ညနေတိုင်း စာကြည့်တိုက်မှာ စာလာဖတ်ရင်း စာအုပ်လေးတွေရှာတတ်သည့် သူလေးက သူ့စိတ်အာရုံကို ဖမ်းစားလွန်းနိုင်ခဲ့သည် ။

အသားရည်လေးတွေက နို့နှစ်ရောင်လေးလို ဖြူဖွေး၍ ဖောင်းအိအိပါးလေးတွေက အသည်းယားဖွယ်အတိ ။

စာအုပ်လာမှတ်ခိုင်းသည့်အခါတိုင်း မျက်မှန်အဝိုင်းလေးအား ပင့်ပင့်တင်တတ်သည့် အကျင့်လေးအားလည်း သူမရည်ရွယ်ပါပဲ သတိထားမိသည် ။

ဖောင်းအိအိပါးလေးတွေအား ဆွဲညစ်ပစ်ချင်သော်ငြား အနေအေးလွန်းသော သူလေးက စကားပင်သေချာမပြောတော့ ကိုယ်နဲ့သိပ်မရင်းနှီးခဲ့ပေ ။

" အစ်ကို '' ဟု ကိုယ့်အား ခေါ်တတ်သည့် သူလေး၏ အသံငယ်လေးအား ဘာရယ်မဟုတ် သဘောကျမိပြန်သည် ။

စာကြည့်တိုက်ရှေ့ လက်သေးသေးတွေကို ကောင်းကင်ပြာဆီ ဆန့်တန်းရင်း မော့ကြည့်နေသည့် ကလေးငယ်ကို သူခင်မင်ခွင့်ရချင်သည် ။

ကောင်းကင်ပြာပြာက အေးချမ်းဆုံး အလှတရားလို့ပြောရင် ကျွန်တော်ငြင်းမိမယ်ထင်တယ် ။

ကလေးငယ်၏ ဖြူစင်အေးချမ်းမှုလေးက ပိုမိုလှပသည်လေ ။

°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
ဒီနေ့ ဂျူနီယာတန်းတွေဆီ အားကစားပြိုင်ပွဲအတွက် စာရင်းကောက်ဖို့ သူတို့စီနီယာတွေ ထွက်လာခဲ့သည် ။

ကလေးငယ်တို့အတန်းထဲဝင်သွားတော့ တခြားကျောင်းသူကျောင်းသားတွေက မော့ကြည့်လာပေမဲ့ စာရေးနေသည့်ကလေးငယ်ကတော့ သိဟန်မတူ ။

သူ့စကားအဆုံး ပွက်လောရိုက်သွားတဲ့ ဂျူနီယာလေးတွေကြား မျက်ဝန်းလဲ့လဲ့လေးတွေကတော့ မပါဝင်ခဲ့ ။

တခြားသူတွေကို ကျော်လို့ ကလေးငယ်ဆီသွားမေးတော့ ဒီဖြူနုနုလေးက အပြေး တဲ့လေ ။

" Kim Jun Myeon " ဆိုသော နာမည်လေးက ကိုယ့်နားထဲ တဝဲလည်လည်ကျန်နေခဲ့သည် ။

ဆံသားအိအိလေးတွေအား ဆော့ကစားရင်း အားပေးစကားပြောတော့ ပြန်လည်ပေးအပ်လာသည့် အပြုံးနုနုက သိပ်ကိုဖြူစင်လွန်းလှသည် ။

ကလေးငယ် က ကောင်းကင်ပြာက တိမ်ဖြူဖြူတွေနဲ့ တူတယ် ။

ဖြူစင်ပြီး နူးညံ့လွန်းတယ် ။

ထိုနောက်ပိုင်း စာကြည့်တိုက်၌ ဆုံသည့်အခါ သူနှုတ်ဆက်မိသလို ကလေးငယ် ၏ ' အစ်ကို ' ဟုရင်းနှီးစွာခေါ်သံလေးလည်း သူကြားခဲ့ဖူးသည် ။

လှပတဲ့ အရာတွေကို ချစ်ကြတာ လူတွေရဲ့ သဘာဝမို့ သိပ်ကိုနူးညံ့လှပလွန်းသည့် တိမ်စိုင်ငယ်လေးတစ်ခုကို ကျွန်တော်ချစ်မိသည်လည်း မထူးဆန်းပါဘူးနော် ။

ထိုကလေးငယ်အား ဘယ်ဘဝရဲ့ ရေစက်တွေကြောင့်မသိပေမဲ့ ကျွန်တော် ချစ်သည် ။ ညီငယ်လေးတစ်ယောက်လို ကျွန်တော် ချစ်သည် ။

°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
ပြိုင်ပွဲအတွက် သူလေ့ကျင့်ရေးပြီး၍ ပြန်ဖို့လုပ်တော့ ကျောင်းသူကျောင်းသားတွေပင်ကျောင်းထဲသိပ်မရှိတော့ ။ အချိန်လည်း လေးနာရီကျော်ခဲ့ပြီကိုး ။

အားကစားရုံနဲ့ သိပ်မဝေးလှသည့် ခုံတန်းလေး၌ စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာဖတ်နေသည့် ကောင်လေးတစ်ယောက်ကိုမြင်တော့ သူထိုကောင်လေးဆီလျှောက်သွားမိသည် ။

ဖြေးညှင်းစွာ မော့ကြည့်လာသည့် ကလေးငယ်က သူ့ကိုမြင်တော့ အံ့သြသွားဟန်ပင် ။

"JunMyeonnie မလား...''

သူ့အမေးအား ဖြေလာသည်က

"ဟုတ်ကဲ့ '' တစ်ခွန်းသာ...။

သူကပဲပြုံးပြလိုက်ရင်း စကားဆက်မိသည် ။

"ဘာလုပ်နေတာလဲ ကျောင်းဝန်းထဲလူကုန်နေပြီ ညီရဲ့ မပြန်သေးဘူးလား..''

သူပြောတော့မှ လက်ကနာရီလေးကို ငုံ့ကြည့်လေသည် ။

"ဟုတ်သားပဲ ကျွန်တော် စာအုပ်ထဲအာရုံရောက်သွားလို့ အစ်ကို ''

' အစ်ကို ' ကျွန်တော့်အတွက်သူရည်ရွယ်တဲ့ နာမ်စားက ရိုးရှင်းလှသော်လည်း ကျွန်တော့်အတွက် ပုံမှန်နဲ့မတူသည့် ကြည်နူးခြင်းမျိုးခံစားစေသည် ။

" တူတူသွားရအောင် ''

"ဗျာ...''

"နှစ်ယောက်တည်းရှိတော့တာလေ တူတူသွားရအောင်လို့ ကလေး တစ်ယောက်တည်းလျှောက်သွားလို့စိတ်မချပါဘူး..''

အူကြောင်ကြောင်လေးနဲ့မော့ကြည့်လာသော သူလေးအား အသည်းယားလွန်း၍ ဆွဲညစ်ပစ်ချင်လာသည်။

ထိုကလေးငယ်သာ သူ့ညီလေးဆိုဘယ်လောက်ကောင်းလိုက်မလဲ ။

ကျောင်းဝန်းထိပ်ထိ တူတူလျှောက်လာကြရင်း စကားစမိတော့လည်း ' ဟုတ် ' တစ်ခွန်းကလွဲပြီး အပိုမပြောသည့် သူလေးကြောင့် အသည်းယားသည့်စိတ်ကိုမထိ်န်းချုပ်နိုင်တော့ပေ ။

"ဟုတ် တစ်လုံးပဲပြောတတ်တာလား JunMyeonnie...''

"ဗျာ..''

"မင်းလေးကလေ ဘယ်လိုလေးမှန်းမသိဘူး..ဟား..''

သဘောကျစွာရယ်မောမိတော့လည်း ငေးပဲငေးကြည့်နေခဲ့သည် ။

" သွားတော့မယ် အစ်ကို..bye..''

"ဂရုစိုက်သွားနော် ပြီးတော့ Bye မဟုတ်ဘူး..See you လို့နှုတ်ဆက်ရတယ် ကလေးငယ်ရဲ့ ပြန်မတွေ့မဲ့သူတွေမှ Bye လို့နှုတ်ဆက်တာ..''

ဘာမှပြန်မပြောပဲ သူ့အားခဏတာမျှ စိုက်ကြည့်ကာ ခေါင်းငြိမ့်ပြုံးပြရင်း ထွက်သွားသော ကလေးငယ်က တခါတရံကျ နားလည်ရခက်သည် ။

ကလေးငယ်က တိမ်ဖြူဖြူတွေလိုပဲ တိတ်ဆိတ်အေးချမ်းစွာ လွင့်မျောရခြင်းကို နှစ်သက်သည် ထင်ပါတယ် ။

°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
"Zhang Yi Xing...Zhang Yi Xing ''

သူ့နာမည်တွေအော်ရင်း အားပေးနေသည့် ကျောင်းသားတွေအတွက် ကြိုးစားကစားနေမိသည် ။

ခုံတန်းလေးတွေ နောက်ဆုံးတစ်နေရာ၌ ရပ်ကြည့်နေသော ပုံရိပ်လေးကို မြင်လိုက်ရသည့် အခါ၌ ဝမ်းသာသွားသည့် သူ့စိတ်ပျော်ရွှင်မှုတွေကြောင့် သူ့ကိုယ်သူပင် နားမလည်နိုင်ဖြစ်ခဲ့ရသည် ။

ရှေ့ဆုံးတန်းက သူ့ချစ်သူ YoonMi ထက် နောက်ဆုံးတန်းက ကလေးငယ်၏ ပုံရိပ်ကို ခဏတိုင်းကြည့်နေမိတာ တခြားသူတွေပင်ရိပ်မိနိုင်သည် ။

ပြီးဆုံးခါနီးအချိန်၌ ကွယ်ပျောက်သွားသည့်ပုံရိပ်လေးကြောင့် စိတ်ထဲတစ်စုံတရာကို အလိုမကျမှုတွေခံစားလာရသည် ။

ဆက်ပြီးကစားချင်သည့်စိတ်တွေ ပျောက်ဆုံးလုနီးနီးဖြစ်နေခဲ့ပေမဲ့ ကလေးငယ်၏ မျက်ဝန်းလဲ့လဲ့တွေကို မြင်ယောင်လာသည့်နောက် ထိုကစားပွဲအား အနိုင်ဖြင့် သူအဆုံးသတ်နိုင်ခဲ့သည် ။

Yoonmi ပေးတဲ့ ပန်းစည်းကို ယူကာ အဝတ်အစားလဲဖို့ Locker ဆီအရောက် တွေ့လိုက်ရသည့် ပန်းစည်းလေးကြောင့် ဘေးဘီဝဲယာ ဝေ့ဝဲကြည့်မိတော့ မည်သူမှမတွေ့ပေမဲ့ သူ့စိတ်ထဲမှ ကြည်နူးလာရခြင်းကြောင့် ထိုပန်းစည်းပိုင်ရှင်အား ကလေးငယ်ဟု သူကောက်ချက်ချမိသည် ။

ခံစားချက်ဆိုတာ လူနှစ်ယောက်၏ နှလုံးသားတွေကြား အတိကျဆုံး ဆက်နွယ်မှုပင်မလား ။

နှင်းဆီအနီပန်းစည်းလေးကို ဘေးချလို့ အဖြူရောင်ကျူးလစ်ပန်းစည်းလေးကို နမ်းရှိုက်လိုက်မိသည့်နေ့ကတည်းက ကလေးငယ်က သူ့ရင်ထဲဝင်လာခဲ့သည် ။

"Kim Jun Myeon..JunMyeonnie..Junလေး...''

ကလေးငယ်ကိုအားပေးနေသည့် ကလေးငယ်သူငယ်ချင်းတွေက ကလေးငယ်နဲ့မတူ သွက်လက်လွန်းသည် ။

သူငယ်ချင်းတွေကို အသိအမှတ်ပြုလှည့်ကြည့်ကာပြုံးပြလိုက်သည့်ကလေးငယ်က ပြန်အလှည့်မှာ ခြေချော်လို့ လဲကျသွားခဲ့သည် ။

ရင်ထဲ ထိတ်ခနဲ ထိုးတက်လာသည့် စိုးရိမ်မှုတွေကြောင့် ထိုနေရာဆီ အပြေးရောက်သွားမိသည် ။ ဘေးက YoonMi ၏ လှမ်းခေါ်မှုတွေကို လစ်လျူရှခဲ့ရင်းပေါ့ ။

ကျောင်းဆေးခန်းပို့ဖို့ ပွေ့ချီလိုက်တော့ ငိုရှိုက်လာသည့် ကလေးငယ်က အတော်လေးနာကျင်နေသည့်ပုံ ။

" အရမ်းနာနေလို့လား ''

သူ့အမေးကို မျက်ရည်တွေကြား ခေါင်းငြိမ့်ပြလာသည့် ကလေးငယ်ကြောင့် ဘယ်ဘတ်ရင်ဘတ်တနေရာက ကလေးငယ်နဲ့ထပ်တူ နာကျင်လာသည် ။

ကလေးငယ်က အဖြူရောင်ပန်းလေးတွေလိုပဲ အထိအခိုက်မခံနိုင်ဘူး ။

သိပ်ကို ညင်သာ နူးညံ့လွန်းတယ် ။

°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
ကလေးငယ် က ကောင်းကင်ပြာက တိမ်ဖြူဖြူတွေနဲ့ တူတယ်...♥
Xing'POV တွေနဲ့တစ်လှည့်ပြန်ရေးပေးမယ်နော်...♥ပျင်းစရာကောင်းနေပြီလား...♥

Continuar a ler

Também vai Gostar

164K 25.7K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
23.2K 1.5K 19
က်​ေနာ္​့ခ်စ္​သူအတြက္​ အ​ေတြးအပိုင္​းအစ​ေလးမ်ားျဖစ္​သည္​။ ဝင္​​ေရာက္​ခံစား​ေပးၾကပါ။😍
109K 6.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
422K 19.4K 61
"Do I mean nothing more to you?" "Why is it that just when everything is starting to get better, she's becoming so distant?" "I'll always love you Je...