* ကေလးငယ္ ကုိ အစ္ကုိ ခ်စ္တယ္ *
* ကေလးငယ္ ကုိ အစ္ကုိ ခ်စ္တယ္ *
* ကေလးငယ္ ကုိ အစ္ကုိ ခ်စ္တယ္ *
" ဟင့္အင္း...ဟင့္အင္း..မဟုတ္ဘူး မၾကားခဲ့ဘူး..ကြၽန္ေတာ္ဘာမွမၾကားခဲ့ဘူး..ဟင့္..မဟုတ္ဘူး..ဟင့္...''
ေရခ်ိဳးခန္းထဲ႐ွ္ိ ေရပန္းေအာက္ထိုင္လို႔ ေရေတြၾကားကေန နားကုိပိတ္လို႔ ငုိ႐ႈိက္ရင္း ေအာ္ငုိေနေသာ ေကာင္ေလး၏ ေၾကာက္ရြံ႔မႈေတြက ဘာေတြမ်ားလဲ ။
မခ်စ္ရဘူး...အစ္ကုိ ကြၽန္ေတာ့္ကုိ မခ်စ္ရဘူး...။
ကြၽန္ေတာ္လည္း အစ္ကုိ႔ကုိမခ်စ္ခဲ့ဘူး...။
အစ္ကုိ႔ နာက်င္ထိခိုက္ေစမဲ့ အခ်စ္ကုိ ကြၽန္ေတာ္မကုိးကြယ္ခဲ့ဘူး ။
ကြၽန္ေတာ္ အစ္ကုိ႔ကုိ ျမတ္ႏိုး႐ုံသက္သက္ေလးပါ ။
ကြၽန္ေတာ့္ ျမတ္ႏိုးျခင္းေတြမွာပဲ လိုက္ပါစီးေမ်ာေပးပါ အစ္ကုိရယ္ ။
ကြၽန္ေတာ့္ကုိ မခ်စ္ပါနဲ႔ ။
ေရပန္းေအာက္ သတိလစ္သြားသည့္ ေကာင္ေလးအား အန္တီေလးျဖစ္သူ ျမင္ၿပီး ေဆးခန္းပုိ႔ခဲ့ရသည္ ။
ကုိယ္အပူ႐ွိန္ေတြ တရိပ္ရိပ္တက္ေနသည့္ ကေလးငယ္က ကေယာင္ကတမ္း ငုိ႐ႈိက္ေနျပန္သည္ ။
ေဆး႐ုံထက္က ကုတင္ေလးေပၚက ေကာင္ငယ္ေလး၏ အသိစိတ္ကား ျပန္လည္မလာေသးေသာ္ျငား ႏႈတ္ခမ္းျဖဴေလ်ာ့ေလ်ာ့ေတြက တုန္ရီေနဆဲပင္ ။
" ကုိႀကီး...ေသြးေတြ...ကုိႀကီး...ဟင့္အင္း...ကုိႀကီး ျပန္လာခဲ့ပါ...ကုိႀကီး...ဟင့္ မဟုတ္ဘူး ဟင့္ ''
"သားငယ္ JunJun သားငယ္ေလး...''
" အား...ေသြး...ေသြးေတြ ကိုႀကီး...အား...''
" သားငယ္..သားငယ္ သတိထားစမ္း JunJun..ဆရာဝန္ ဆရာဝန္သြားေခၚ ျမန္ျမန္ ''
ေယာင္ယမ္းေအာ္ဟစ္ ငုိ႐ႈိက္ရင္း သတိျပန္လစ္သြားေသာ ေကာင္ေလးေၾကာင့္ မိသားစုဝင္ေတြအားလံုး စိုးရိမ္တႀကီးျဖစ္ေနၾကသည္ ။
္တစ္ပါတ္ခန္႔ ေက်ာင္းမတက္ႏိုင္ခဲ့သည္ထိ သူ ဖ်ားခဲ့သည္ ။
ထိုတစ္ပါတ္အတြင္း အစ္ကုိ ေျပာခဲ့ေသာ စကားတစ္ခြန္းေၾကာင့္ အိပ္မက္ဆိုးေတြ ညစဥ္မက္ခဲ့ရသည္ ။
အစ္ကုိေရ ခ်စ္တယ္ဆိုတဲ့ စကားတစ္ခြန္းက အိပ္မက္ေတြ လွေစႏိုင္သလို အိပ္ပ်က္ညေတြလည္း ျဖစ္ေစတယ္ ။
က်ြန္ေတာ့္မ်က္ဝန္းေတြ ေမွးမွိတ္ခ်ိန္ အျမင္လႊာေတြရဲ႕ အဆံုးသတ္မွာ အစ္ကုိ႔အျပံဳးတစ္ခ်က္နဲ႔ ျခယ္မႈန္းထားတယ္ အစ္ကုိ ။
ဒါေပမဲ့ ဒီရက္ေတြမွာေတာ့ မ်က္ဝန္းေတြေမွးမွိတ္လိုက္တိုင္း မ်က္ရည္ၾကည္ေတြသာအေဖာ္ျဖစ္ေနခဲ့တယ္ ။
တိမ္ျဖဴျဖဴေတြ ရယ္ မငုိပါနဲ႔...
တိမ္ျဖဴျဖဴေတြ ရယ္ အေရာင္မျခယ္ပါနဲ႔...
တိမ္ျဖဴျဖဴေတြ ရယ္ သဘာဝအတိုင္း ေကာင္းကင္ျပာမွာ လွပပါ
အခန္းငယ္ေလးထဲက ေကာင္ေလးတစ္ေယာက္ အျပင္ဘက္ကမိုးေရစက္ေတြနဲ႔အတူ အၿပိဳင္ငုိေနမိတာ ခ်စ္ျမတ္ႏိုးရသူဆီက သူ႔အတြက္ရည္ရြယ္တဲ့ ခ်စ္တယ္ ဆိုတဲ့စကားတစ္ခြန္းအတြက္တဲ့ ။
တခါတရံမွာ ကံတရားက မဆန္းက်ယ္သလို သဘာဝကလည္း မဆန္းက်ယ္ဘူး ။
ကြၽန္ေတာ္တုိ႔လူသားေတြက ထိုအရာေတြကုိ ဆန္႔က်င္ေနခဲ့တာ ။
အက်ိဳးသက္ေရာက္မႈေတြ ရဲ႕ အဆံုးသတ္ ကုိ ျမင္ေနခဲ့ဖူးတဲ့ ကြၽန္ေတာ္က သဘာဝရဲ႕ ဆန္႔က်င္ဘက္ကုိ ေငးစုိက္ၾကည့္႐ုံသာပဲ အစ္ကုိ ျဖတ္သန္းဖို႔ မဝံ႔ရဲဘူး ။
°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
"ကေလးငယ္...''
ေက်ာင္းပ်က္ရက္ေတြအတြက္ စာျပန္ကူးဖို႔ စာအုပ္ေတြငွါးၿပီး စာျပန္ကူးဖို႔ ေအးေဆးတဲ့ေနရာျဖစ္တဲ့ စာၾကည့္တိုက္ဆီ ထြက္လာခဲ့သည္ ။
ေထာင့္ေလးတစ္ေနရာ၌ စာကူးေနတုန္း ေခၚသံနဲ႔အတူ ေဘးနားမွာ ဝင္ထိုင္လိုက္တဲ့ အစ္ကုိ႔ေၾကာင့္ စာေရးေနတဲ့ လက္ေတြ မသိမသာတုန္ရီလာသည္ ။
" တစ္ပတ္လံုးဘာလို႔ဆက္သြယ္လို႔မရတာလဲကြာ...အစ္ကုိ႔ကို စိတ္ဆိုးသြားတာလား ေ႐ွာင္ေနတာလား...''
"မဟုတ္ပါဘူး ကြၽန္ေတာ္ဖ်ားေနလို႔ပါ..အစ္ကို..''
"ဘယ္လို ကေလးငယ္ ဖ်ားေနတယ္ အခုေရာ သက္သာရဲ႕လား ''
နဖူးျပင္ထက္ က်ေရာက္လာတဲ့ လက္သြယ္သြယ္ေတြကုိ ေ႐ွာင္ဖယ္လိုက္ေတာ့ အစ္ကုိကသက္ျပင္းခ်သည္ ။
" ဂ႐ုစုိက္ပါ ကေလးငယ္ရယ္ အစ္ကိုစိတ္ပူလိုက္တာ..''
"ရပါတယ္ မပူပါနဲ႔ အစ္ကုိ ကြၽန္ေတာ္ ေနေကာင္းသြားပါၿပီ ဟုိ..အတန္းမ႐ွိဘူးလား အစ္ကုိ..''
"အင္း ညေနပုိင္းအားေနလို႔ စာကူ ကူးေပးရမလား ကေလးငယ္ ''
" ရပါတယ္ ကြၽန္ေတာ္ ျပန္ေတာ့မယ္ေနာ္ အစ္ကုိ..''
စာအုပ္ေတြသိမ္းကာ အျမန္ထြက္လာဖို႔လုပ္ေပမဲ့ လက္ကုိဆြဲထားျပန္တဲ့အစ္ကုိ႔ေၾကာင့္ လူကအသက္႐ွဴေတြပင္မမွန္ခ်င္ေတာ့ ။
" အစ္ကုိ႔ကုိ ဘာလို႔ေ႐ွာင္ေနတာလဲ ''
" ဟင့္အင္း မေ႐ွာင္ပါဘူး အစ္ကုိ႔ကုိ ကြၽန္ေတာ္ကေ႐ွာင္ေနတယ္လို႕ဆိုရေအာင္ အစ္ကုိနဲ႔ကြၽန္ေတာ့္ၾကား ရင္းရင္းႏွီးႏွီး ပါတ္သက္ခဲ့ဖူးၾကတာမွမဟုတ္တာပဲ''
"ကေလးငယ္ အဲ့ဒီေန႔က ''
" အဲ့ဒီေန႔ဆိုတာ မ႐ွိခဲ့ဘူးအစ္ကုိ အဲ့ဒီေန႔ဆိုတာ ေမ့လိုက္ပါ...''
" JunMyeonnie...ကုိယ္မင္းကုိေျပာခဲ့တဲ့ ခ်စ္တယ္ဆိုတာ ခပ္ေပါ့ေပါ့ေျပာခဲ့တာမဟုတ္ဘူး ''
ပခံုးႏွစ္ဖက္ကုိဆုပ္ကိုင္ကာ အံႀကိတ္ကာေျပာလာသည့္ အစ္ကုိ႔ရဲ႕မ်က္ရည္ၾကည္ဝုိင္းေနတဲ့မ်က္ဝန္းေတြေၾကာင့္ ရင္ထဲ နင့္သည္းစြာ နာက်င္ရပါသည္ ။
" ကြၽန္ေတာ္မသိခ်င္ဘူး ကြၽန္ေတာ္ အစ္ကုိ႔ကို မခ်စ္ဘူး...''
"ကေလးငယ္ မင္းကြာ...''
အံႀကိတ္ရင္း မခ်ိတင္ကဲ ေရရြတ္၍ သူ႔ကုိယ္ေလးအား လႊတ္ေပးလိုက္ကာ ေခါင္းငုိက္စုိက္က်ကာ ထိုင္ခ်လိုက္သည့္ အစ္ကို႔ေၾကာင့္ သူပါယုိင္လဲမတတ္ပင္ ။
ခပ္ယဲဲ့ယဲ့သာ႐ွိေတာ့သည့္ ခႏၶာကုိယ္ကုိ အလုပ္ေပးလိုက္ရင္း စာၾကည့္တိုက္နဲ႔ ေဝးရာသုိ႔ ေျပးထြက္လာခဲ့မိသည္ ။
စာၾကည့္တိုက္ထဲ က်န္ေနခဲ့သည့္ တစ္စုံတစ္ေယာက္ကေတာ့ စကားတစ္ခြန္းကုိ ခပ္တိုးတိုးေရရြတ္ေနသည္ ။
"လြန္ခဲ့တဲ့ ႏွစ္ႏွစ္တုန္းကလည္း ကေလးငယ္...ရာ...''
°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
Taxi ေပၚကဆင္းလိုက္ကာ ျခံထဲေရာက္သည္ႏွင့္ လႊတ္ခ်လိုက္မိေသာ စိတ္အစုံေၾကာင့္ လူကၿပိဳလဲက်ကာ အရာအားလံုးကုိ ေခတၱေမ့သြားခဲ့သည္ ။
တီတီေလး၏ ေအာ္ေခၚသံေတြ ၾကားေသာ္လည္း JunMyeon ျပန္မေျဖႏိုင္ခဲ့ ။
ကြၽန္ေတာ့္ ကုိယ္ ကြၽန္ေတာ္ အစ္ကိုနဲ႔အေဝးဆုံးကုိ ေခတၱပုိ႔ပါရေစ...။
"JunJun သားငယ္ေလး..သတိထားဦးေလ သားငယ္ေလး..JunJun...''
ဘယ္အရာကုိမွ မသိႏုိင္ မၾကားႏုိင္ေတာ့တဲ့ တိတ္ဆိတ္ျခင္းမွာ ေခတၱနားခိုပါရေစ ။
အိပ္မက္ဆိုးေတြ အလည္မလာေစဖို႔ ကြၽန္ေတာ့္နာမည္ ကုိ အစ္ကုိမေရရြတ္ပါနဲ႔လား...။
ႏြားႏုိ႔ခြက္ပူပူေလးအား ေအးစက္သည္ထိ ေငးၾကည့္ေနမိသည့္ သူ၏ စိတ္အာ႐ုံကား ႏြားႏုိ႔ခြက္ေလး၌ မ႐ွိ ။
အေတြးေတြမ်ားစြာ ေၾကာက္ရြံ႕ျခင္းမ်ားစြာက အခန္းငယ္ေလးအား ေမွာင္မိုက္ေစသည္ ။
စာၾကည့္စားပြဲေလးထက္က ဓါတ္ပံုအယ္လ္ဘမ္ေလးအား ယူကာ လြန္ခဲ့တဲ့ ႏွစ္ေတြဆီက လူတစ္ေယာက္၏ ပံုေတြကုိ ျပန္ၾကည့္ရင္း အသံတိတ္ငုိ႐ႈိက္မိျပန္သည္ ။
" ကုိႀကီး...JunJun ဘာလုပ္ရမလဲ...JunJun ဘာလုပ္သင့္လဲ ကုိႀကီးရယ္..JunJun ေၾကာက္တယ္ ဟင့္ အစ္ကုိလည္း ကုိႀကီးလို နာက်င္ရမွာ သိပ္ေၾကာက္တယ္ အစ္ကုိလည္း ကုိႀကီးလိုခံစားရမွာေၾကာက္တယ္ ဟင့္..အစ္ကုိ႔ကို မနာက်င္ေစဖို႔ JunJun ဘာလုပ္ရမလဲ...''
မခ်စ္ပါနဲ႔လို႔ ကုိႀကီးတားခဲ့တုန္းက JunJun ေ႐ွ႕ဆက္မတိုးခဲ့သင့္တာ...။
ကုိႀကီးခံစားခဲ့ရတာေတြ ျမင္ေနရကတည္းကလည္း JunJun ရပ္တန္႔ခဲ့သင့္တာ ။
အစ္ကုိ႔အနားေရာက္ေအာင္ သြားခဲ့မိတဲ့ JunJun အတၱေတြက အခု အစ္ကို႔ကို ထိုးႏွက္ေတာ့မယ္ ။
အစ္ကုိ....ကြၽန္ေတာ္ခ်စ္တဲ့ အစ္ကုိ...
နာက်င္ျခင္းေတြ ခံစားရမွာခ်င္း တူရင္ေတာင္ အစ္ကုိ႔ကုိ ဒဏ္ရာေတြၾကား မထည့္ရက္တဲ့ Jun ကုိနားလည္ေပးပါ ။
Bye အစ္ကုိ....။
ထပ္မံေတြ႔ဆံုျခင္းေတြ ႐ွိခဲ့မယ္ဆို ကြၽန္ေတာ့္ေကာင္းကင္မွာ မိုးသားကင္းလို႔ ကြၽန္ေတာ့္ျမတ္ႏိုးျခင္း တိမ္ျဖဴျဖဴေတြ လွပပါေစ ။
သိပ္ခ်စ္ပါတယ္ အစ္ကုိ.....။
°°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
ကြၽန္ေတာ့္ ကုိယ္ ကြၽန္ေတာ္ အစ္ကိုနဲ႔အေဝးဆုံးကုိ ေခတၱပုိ႔ပါရေစ...
Unicode
* ကလေးငယ် ကို အစ်ကို ချစ်တယ် *
* ကလေးငယ် ကို အစ်ကို ချစ်တယ် *
* ကလေးငယ် ကို အစ်ကို ချစ်တယ် *
" ဟင့်အင်း...ဟင့်အင်း..မဟုတ်ဘူး မကြားခဲ့ဘူး..ကျွန်တော်ဘာမှမကြားခဲ့ဘူး..ဟင့်..မဟုတ်ဘူး..ဟင့်...''
ရေချိုးခန်းထဲရှ်ိ ရေပန်းအောက်ထိုင်လို့ ရေတွေကြားကနေ နားကိုပိတ်လို့ ငိုရှိုက်ရင်း အော်ငိုနေသော ကောင်လေး၏ ကြောက်ရွံ့မှုတွေက ဘာတွေများလဲ ။
မချစ်ရဘူး...အစ်ကို ကျွန်တော့်ကို မချစ်ရဘူး...။
ကျွန်တော်လည်း အစ်ကို့ကိုမချစ်ခဲ့ဘူး...။
အစ်ကို့ နာကျင်ထိခိုက်စေမဲ့ အချစ်ကို ကျွန်တော်မကိုးကွယ်ခဲ့ဘူး ။
ကျွန်တော် အစ်ကို့ကို မြတ်နိုးရုံသက်သက်လေးပါ ။
ကျွန်တော့် မြတ်နိုးခြင်းတွေမှာပဲ လိုက်ပါစီးမျောပေးပါ အစ်ကိုရယ် ။
ကျွန်တော့်ကို မချစ်ပါနဲ့ ။
ရေပန်းအောက် သတိလစ်သွားသည့် ကောင်လေးအား အန်တီလေးဖြစ်သူ မြင်ပြီး ဆေးခန်းပို့ခဲ့ရသည် ။
ကိုယ်အပူရှိန်တွေ တရိပ်ရိပ်တက်နေသည့် ကလေးငယ်က ကယောင်ကတမ်း ငိုရှိုက်နေပြန်သည် ။
ဆေးရုံထက်က ကုတင်လေးပေါ်က ကောင်ငယ်လေး၏ အသိစိတ်ကား ပြန်လည်မလာသေးသော်ငြား နှုတ်ခမ်းဖြူလျော့လျော့တွေက တုန်ရီနေဆဲပင် ။
" ကိုကြီး...သွေးတွေ...ကိုကြီး...ဟင့်အင်း...ကိုကြီး ပြန်လာခဲ့ပါ...ကိုကြီး...ဟင့် မဟုတ်ဘူး ဟင့် ''
"သားငယ် JunJun သားငယ်လေး...''
" အား...သွေး...သွေးတွေ ကိုကြီး...အား...''
" သားငယ်..သားငယ် သတိထားစမ်း JunJun..ဆရာဝန် ဆရာဝန်သွားခေါ် မြန်မြန် ''
ယောင်ယမ်းအော်ဟစ် ငိုရှိုက်ရင်း သတိပြန်လစ်သွားသော ကောင်လေးကြောင့် မိသားစုဝင်တွေအားလုံး စိုးရိမ်တကြီးဖြစ်နေကြသည် ။
်တစ်ပါတ်ခန့် ကျောင်းမတက်နိုင်ခဲ့သည်ထိ သူ ဖျားခဲ့သည် ။
ထိုတစ်ပါတ်အတွင်း အစ်ကို ပြောခဲ့သော စကားတစ်ခွန်းကြောင့် အိပ်မက်ဆိုးတွေ ညစဉ်မက်ခဲ့ရသည် ။
အစ်ကိုရေ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းက အိပ်မက်တွေ လှစေနိုင်သလို အိပ်ပျက်ညတွေလည်း ဖြစ်စေတယ် ။
ကျွန်တော့်မျက်ဝန်းတွေ မှေးမှိတ်ချိန် အမြင်လွှာတွေရဲ့ အဆုံးသတ်မှာ အစ်ကို့အပြုံးတစ်ချက်နဲ့ ခြယ်မှုန်းထားတယ် အစ်ကို ။
ဒါပေမဲ့ ဒီရက်တွေမှာတော့ မျက်ဝန်းတွေမှေးမှိတ်လိုက်တိုင်း မျက်ရည်ကြည်တွေသာအဖော်ဖြစ်နေခဲ့တယ် ။
တိမ်ဖြူဖြူတွေ ရယ် မငိုပါနဲ့...
တိမ်ဖြူဖြူတွေ ရယ် အရောင်မခြယ်ပါနဲ့...
တိမ်ဖြူဖြူတွေ ရယ် သဘာဝအတိုင်း ကောင်းကင်ပြာမှာ လှပပါ
အခန်းငယ်လေးထဲက ကောင်လေးတစ်ယောက် အပြင်ဘက်ကမိုးရေစက်တွေနဲ့အတူ အပြိုင်ငိုနေမိတာ ချစ်မြတ်နိုးရသူဆီက သူ့အတွက်ရည်ရွယ်တဲ့ ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းအတွက်တဲ့ ။
တခါတရံမှာ ကံတရားက မဆန်းကျယ်သလို သဘာဝကလည်း မဆန်းကျယ်ဘူး ။
ကျွန်တော်တို့လူသားတွေက ထိုအရာတွေကို ဆန့်ကျင်နေခဲ့တာ ။
အကျိုးသက်ရောက်မှုတွေ ရဲ့ အဆုံးသတ် ကို မြင်နေခဲ့ဖူးတဲ့ ကျွန်တော်က သဘာဝရဲ့ ဆန့်ကျင်ဘက်ကို ငေးစိုက်ကြည့်ရုံသာပဲ အစ်ကို ဖြတ်သန်းဖို့ မဝံ့ရဲဘူး ။
°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
"ကလေးငယ်...''
ကျောင်းပျက်ရက်တွေအတွက် စာပြန်ကူးဖို့ စာအုပ်တွေငှါးပြီး စာပြန်ကူးဖို့ အေးဆေးတဲ့နေရာဖြစ်တဲ့ စာကြည့်တိုက်ဆီ ထွက်လာခဲ့သည် ။
ထောင့်လေးတစ်နေရာ၌ စာကူးနေတုန်း ခေါ်သံနဲ့အတူ ဘေးနားမှာ ဝင်ထိုင်လိုက်တဲ့ အစ်ကို့ကြောင့် စာရေးနေတဲ့ လက်တွေ မသိမသာတုန်ရီလာသည် ။
" တစ်ပတ်လုံးဘာလို့ဆက်သွယ်လို့မရတာလဲကွာ...အစ်ကို့ကို စိတ်ဆိုးသွားတာလား ရှောင်နေတာလား...''
"မဟုတ်ပါဘူး ကျွန်တော်ဖျားနေလို့ပါ..အစ်ကို..''
"ဘယ်လို ကလေးငယ် ဖျားနေတယ် အခုရော သက်သာရဲ့လား ''
နဖူးပြင်ထက် ကျရောက်လာတဲ့ လက်သွယ်သွယ်တွေကို ရှောင်ဖယ်လိုက်တော့ အစ်ကိုကသက်ပြင်းချသည် ။
" ဂရုစိုက်ပါ ကလေးငယ်ရယ် အစ်ကိုစိတ်ပူလိုက်တာ..''
"ရပါတယ် မပူပါနဲ့ အစ်ကို ကျွန်တော် နေကောင်းသွားပါပြီ ဟို..အတန်းမရှိဘူးလား အစ်ကို..''
"အင်း ညနေပိုင်းအားနေလို့ စာကူ ကူးပေးရမလား ကလေးငယ် ''
" ရပါတယ် ကျွန်တော် ပြန်တော့မယ်နော် အစ်ကို..''
စာအုပ်တွေသိမ်းကာ အမြန်ထွက်လာဖို့လုပ်ပေမဲ့ လက်ကိုဆွဲထားပြန်တဲ့အစ်ကို့ကြောင့် လူကအသက်ရှူတွေပင်မမှန်ချင်တော့ ။
" အစ်ကို့ကို ဘာလို့ရှောင်နေတာလဲ ''
" ဟင့်အင်း မရှောင်ပါဘူး အစ်ကို့ကို ကျွန်တော်ကရှောင်နေတယ်လို့ဆိုရအောင် အစ်ကိုနဲ့ကျွန်တော့်ကြား ရင်းရင်းနှီးနှီး ပါတ်သက်ခဲ့ဖူးကြတာမှမဟုတ်တာပဲ''
"ကလေးငယ် အဲ့ဒီနေ့က ''
" အဲ့ဒီနေ့ဆိုတာ မရှိခဲ့ဘူးအစ်ကို အဲ့ဒီနေ့ဆိုတာ မေ့လိုက်ပါ...''
" JunMyeonnie...ကိုယ်မင်းကိုပြောခဲ့တဲ့ ချစ်တယ်ဆိုတာ ခပ်ပေါ့ပေါ့ပြောခဲ့တာမဟုတ်ဘူး ''
ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ အံကြိတ်ကာပြောလာသည့် အစ်ကို့ရဲ့မျက်ရည်ကြည်ဝိုင်းနေတဲ့မျက်ဝန်းတွေကြောင့် ရင်ထဲ နင့်သည်းစွာ နာကျင်ရပါသည် ။
" ကျွန်တော်မသိချင်ဘူး ကျွန်တော် အစ်ကို့ကို မချစ်ဘူး...''
"ကလေးငယ် မင်းကွာ...''
အံကြိတ်ရင်း မချိတင်ကဲ ရေရွတ်၍ သူ့ကိုယ်လေးအား လွှတ်ပေးလိုက်ကာ ခေါင်းငိုက်စိုက်ကျကာ ထိုင်ချလိုက်သည့် အစ်ကို့ကြောင့် သူပါယိုင်လဲမတတ်ပင် ။
ခပ်ယဲဲ့ယဲ့သာရှိတော့သည့် ခန္ဓာကိုယ်ကို အလုပ်ပေးလိုက်ရင်း စာကြည့်တိုက်နဲ့ ဝေးရာသို့ ပြေးထွက်လာခဲ့မိသည် ။
စာကြည့်တိုက်ထဲ ကျန်နေခဲ့သည့် တစ်စုံတစ်ယောက်ကတော့ စကားတစ်ခွန်းကို ခပ်တိုးတိုးရေရွတ်နေသည် ။
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကလည်း ကလေးငယ်...ရာ...''
°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
Taxi ပေါ်ကဆင်းလိုက်ကာ ခြံထဲရောက်သည်နှင့် လွှတ်ချလိုက်မိသော စိတ်အစုံကြောင့် လူကပြိုလဲကျကာ အရာအားလုံးကို ခေတ္တမေ့သွားခဲ့သည် ။
တီတီလေး၏ အော်ခေါ်သံတွေ ကြားသော်လည်း JunMyeon ပြန်မဖြေနိုင်ခဲ့ ။
ကျွန်တော့် ကိုယ် ကျွန်တော် အစ်ကိုနဲ့အဝေးဆုံးကို ခေတ္တပို့ပါရစေ...။
"JunJun သားငယ်လေး..သတိထားဦးလေ သားငယ်လေး..JunJun...''
ဘယ်အရာကိုမှ မသိနိုင် မကြားနိုင်တော့တဲ့ တိတ်ဆိတ်ခြင်းမှာ ခေတ္တနားခိုပါရစေ ။
အိပ်မက်ဆိုးတွေ အလည်မလာစေဖို့ ကျွန်တော့်နာမည် ကို အစ်ကိုမရေရွတ်ပါနဲ့လား...။
နွားနို့ခွက်ပူပူလေးအား အေးစက်သည်ထိ ငေးကြည့်နေမိသည့် သူ၏ စိတ်အာရုံကား နွားနို့ခွက်လေး၌ မရှိ ။
အတွေးတွေများစွာ ကြောက်ရွံ့ခြင်းများစွာက အခန်းငယ်လေးအား မှောင်မိုက်စေသည် ။
စာကြည့်စားပွဲလေးထက်က ဓါတ်ပုံအယ်လ်ဘမ်လေးအား ယူကာ လွန်ခဲ့တဲ့ နှစ်တွေဆီက လူတစ်ယောက်၏ ပုံတွေကို ပြန်ကြည့်ရင်း အသံတိတ်ငိုရှိုက်မိပြန်သည် ။
" ကိုကြီး...JunJun ဘာလုပ်ရမလဲ...JunJun ဘာလုပ်သင့်လဲ ကိုကြီးရယ်..JunJun ကြောက်တယ် ဟင့် အစ်ကိုလည်း ကိုကြီးလို နာကျင်ရမှာ သိပ်ကြောက်တယ် အစ်ကိုလည်း ကိုကြီးလိုခံစားရမှာကြောက်တယ် ဟင့်..အစ်ကို့ကို မနာကျင်စေဖို့ JunJun ဘာလုပ်ရမလဲ...''
မချစ်ပါနဲ့လို့ ကိုကြီးတားခဲ့တုန်းက JunJun ရှေ့ဆက်မတိုးခဲ့သင့်တာ...။
ကိုကြီးခံစားခဲ့ရတာတွေ မြင်နေရကတည်းကလည်း JunJun ရပ်တန့်ခဲ့သင့်တာ ။
အစ်ကို့အနားရောက်အောင် သွားခဲ့မိတဲ့ JunJun အတ္တတွေက အခု အစ်ကို့ကို ထိုးနှက်တော့မယ် ။
အစ်ကို....ကျွန်တော်ချစ်တဲ့ အစ်ကို...
နာကျင်ခြင်းတွေ ခံစားရမှာချင်း တူရင်တောင် အစ်ကို့ကို ဒဏ်ရာတွေကြား မထည့်ရက်တဲ့ Jun ကိုနားလည်ပေးပါ ။
Bye အစ်ကို....။
ထပ်မံတွေ့ဆုံခြင်းတွေ ရှိခဲ့မယ်ဆို ကျွန်တော့်ကောင်းကင်မှာ မိုးသားကင်းလို့ ကျွန်တော့်မြတ်နိုးခြင်း တိမ်ဖြူဖြူတွေ လှပပါစေ ။
သိပ်ချစ်ပါတယ် အစ်ကို.....။
°°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
ကျွန်တော့် ကိုယ် ကျွန်တော် အစ်ကိုနဲ့အဝေးဆုံးကို ခေတ္တပို့ပါရစေ...