O.U.R.S

Από Wendy_Dika

32.5K 3.7K 446

အလိုလိုက်တဲ့လူ ရှိလို့ဆိုးတယ်... ကိုယ်ဘယ်လောက်ဆိုးဆိုး ချစ်ပေးမယ့်လူတွေ ရှိနေလို့ဆိုးတယ် ဘာဖြစ်လဲ ပြော... Περισσότερα

ONE
TWO
Three
FOUR
FIVE
SIX
SEVEN
Eight
Nine
Ten

Eleven

2.3K 281 53
Από Wendy_Dika

ဒီနေ့က တနင်္ဂနွေ။
Kyungsoo, Baekhyun နဲ့ Jun တို့ရဲ့ ဒီနေ့အတွက် Schedule က အိပ်ရာပေါ် တုံးလုံးပက်လက်လှဲရင်း ထမင်းချက် အဒေါ်ကြီး လုပ်ကျွေးသမျှ မုန့်တွေ တစ်ခုပြီးတစ်ခုပြီး တစ်ခုစားကာ
ကာတွန်းစာအုပ်ဖတ်ကြခြင်း။

ကာတွန်းတစ်အုပ်ကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ပက်လက်အိပ်ပြီး ခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်ထားသော Jun က တော့ ဘာကို သဘောကျနေသည်မသိ။ တစ်ယောက်ထဲ တစ်ခွိခွိနဲ့ ကြိတ်ရယ်နေသေးတာ။

"Baekhyunna, Kyungsoo yah
ဒါကို နားထောင်ကြည့်.. တအားရယ်ရတယ်။
ရှေးခေတ်ဘုရင်တွေက ဘုန်းကြီးလွန်းလို့ ရှူးပေါက်ချင်ရင်တောင် ရှူးပေါက်မယ်လို့ မပြောရဘူးတဲ့..
"ရတနာ ရွှေပြွန်က ရေသွန်တော်မူတယ် "လို့ပြောရတယ်တဲ့"

Jun ရဲ့စကားအဆုံး Kyungsoo မျက်နှာရှုံ့မဲ့သွားရသည်။

"မင်းဟာကလည်း ဘယ်လိုကြီးလဲ "

"ရယ်ရတယ်နော်...ရှေးတုန်းက လူတွေလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရူးကြတာပဲကွ"

"အေးလေ..စကားလုံးကို မကျယ်ကျယ်အောင်ချဲ့သုံးနေသေး.. ပျင်းစရာကြီး "

Arjamma လာချပေးထားသော ပန်းသီးတစ်စိတ်ကို ကောက်ဝါးရင်း Kyungsoo စကားထောက်ပေးလိုက်သည်။
Baekhyun ကတော့ သူဆော့နေတဲ့ Game ကိုသာ သည်းကြီးမဲကြီး အံတကြိတ်ကြိတ်နဲ့ ဆော့နေတုန်း။

ဒီနေ့အိမ်မှာ သူတို့သုံးယောက်တည်း။
ကိုကိုကြီးက ရုံးပိတ်ရက်ပေမယ့်
အရေးကြီး ကိစ္စတစ်ခုကြောင့် Company ကြိ သွားရသည်။
Xing Hyung နဲ့ Dae Hyung ကတော့ နဂိုကတည်းက ကမ္ဘာ့အလုပ်အများဆုံး လူသားတွေဆိုတော့ ပိတ်ရက်မှာ အိမ်မှာရှိဖို့ဆိုတာ ဆယ့်ခါ တစ်ခါမှ။

မနက်ပိုင်းတစ်ပိုင်းတော့ ဖင်ငြိမ်ငြိမ်နဲ့ အခန်းထဲမှာ နေနိုင်ပေမယ့် နေ့လယ်စာစားပြီးချိန်ကြတော့ သူံးယောက်လုံး မနေနိုင်ကြတော့..။

ပျင်းစရာကောင်းလိုက်တဲ့ဘဝကြီး..။

"အပြင်လေးဘာလေးထွက်ပြီးလမ်းလေး ဘာလေး လျှောက်ရအောင်ကွာ..ငါ့လခွမ်းတဲ့မှ
တော်ကြာ ကမ္ဘပေါ်မှာ ပျင်းပြီးသေသွားတဲ့ လူသားသုံးယောက်ဆိုပြီး ငါတို့အကြောင်း သတင်းထဲပါလာတော့မယ်"

နေကြာစေ့တွေ တဂွပ်ဂွပ်နဲ့ ခွာစားရင်း Junကပြောတော့ Kyungsoo နဲ့ Baekhyun လည်း ခေါင်းလေး ငြိမ့်ပြီး ထောက်ခံလိုက်သည်။
သူတို့လည်း ပျင်းတာ အရည်တောင်ထွက်နေပြီလား မပြောတတ်။

ခဏနေတော့ အိမ်တော်ထိန်းဦးလေးကြီးကို လမ်းထိပ်ခဏဆိုပြီးပြောကာ သုံးယောက်သား ထွက်လာကြလေသည်။
စပို့ရှပ် အနီရဲရဲလေးတွေနဲ့ ဒူးလောက်ဘောင်းဘီလေးတွေဝတ်ပြီး ဦးထုပ်နောက်ပြန်ဆောင်းကာ Lollipop တစ်ယောက်တစ်လုံး ပါးစပ်ထဲ ထည့်ထားသော သူတို့သုံးယောက်ပုံက လမ်းထဲမှာ ကျွဲသာရှိနေရင် နောက်က လိုက်ဝှေ့ချင်စရာ။

လမ်းလည်ခေါင်မှာ ထောင်ထားသော Cola ဘူးကို Kyungsoo က ပြေးကန်လိုက်တော့
"ငါ့ကို အအေးဘူးနဲ့ ပေါက်တာ ဘယ်ကောင်လဲကွ"ဆိုသောအသံနက်ကြီး တစ်သံကြောင့် သုံးယောက်သား ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင်ပြေးရသေးသည်။

ပြေးရင်း ပြေးရင်း ကားဂိတ်ရောက်လာတော့ သုံးယောက်သား တိုင်ပတ်ထားသလို တစ်ယောက်နဲ့ တစ်ယောက်ကြည့်မိကြသည်။

ကိုကိုကြီးကလည်း ဒီနေ့ နောက်ကျမှာ။
Xing Hyung နဲ့ Dae Hyung ကလည်း အိမ်ပြန်လာဖို့တောင်မသေချာ။
ပါးစပ်က ဖွင့်ပြောစရာမလို။သုံးယောက်သား မျက်လုံးနဲ့ တိုင်ပင်ရင်း
ကားပေါ်ရောက်သွားကြသည်။
ဦးတည်ရာ ဂိတ်ဆုံးက.. ကစားကွင်းး
ဒီလိုနဲ့ လမ်းထိပ်ဆိုပြီး ပြောပြီးထွက်လာတဲ့ သုံးယောက်ဟာ ကားစီးပြီး ကစားကွင်းကို ရောက်လာလေတော့သည်။.

.........

"ဟျောင့်တွေ..ငါ ရိုလာ ကိုစတာ လုံးဝ မစီးဘူးနော်"

"ဘာဖြစ်လို့လဲ Kyungsoo ရာ..ကစားကွင်းမရောက်တာ ကြာလှပြီကို
ရိုလာ ကိုစတာ မစီးရတာလည်း ကြာလှပြီ"

Baekhyun က ပြောတော့ Jun က ဟုတ်တယ်ဆိုသော သဘောဖြင့် ခေါင်းငြိမ့်ပြသည်။
Kyungsoo ကတော့ ဘူးဆို ဖရုံမသီးဘူးဆိုသည့် သဘောဖြင့် မျက်နှာကို ချီထားသေးတာ။

"မင်းတို့ Final Destination မကြည့်ဖူးဘူးလား?အဲ့ထဲမှာ မင်းသမီးနဲ့ သူ့သူငယ်ချင်းတွေ ရိုလာကိုစတာ စီးရင်းက သေမလိုဖြစ်တာလေ..တော်သေးတာပေါ့ မင်းသမီးက ကြိုမြင်နေလို့။
ဒါတောင် သူ့ဘဲက ရိုလာကိုစတာထဲ ပါသွားသေးတယ်"

"ဟင်းး..မင်းဟာကြီးကလည်း
ရုပ်ရှင်ကြည့်ပြီး ပေါက်ကရတွေလာပြောနေတယ်
ဒီမှာ Kyungsoo yah..ရိုလာကိုစတာ ဆိုတာ အမှန်တော့ ရူပဗေဒသဘောတရားပဲ
တည်ငြိမ်စွမ်းအင်ကို အရွေ့စွမ်းအင် ပြောင်းထားတာ..ရိုလာ ကိုစတာစီးလို့ သေနိုင်တဲ့နှုန်းက
လူသန်း ၂၅၀ မှ တစ်ယောက်ပါကွာ..ငါတို့လမ်းသွားရင်း ကားတိုက်ခံရလို့ သေတဲ့နှုန်းကမှ ပိုများနေသေး.."

Jun ရဲ့ စဆရက အထာနဲ့ပြောနေသော စကားလုံးတို့ကို သည်းမခံနိုင်သည့်အဆုံး Kyungsoo ထဆဲလိုက်မိသည်။

"ချီးတဲ့မှ..မင်းပြောတဲ့ Dialogue တွေကလည်း အဲ့ကားထဲက Dialogue တွေမလား
တော်ပြီ ငါတော့ မစီးတော့ဘူး..မင်းတို့နှစ်ယောက်စီးချင်ရင် သွားကြ
ငါ ရေခဲမုန့်စားရင်း နဲ့ စောင့်နေမယ်"

"ပြီးရော..ပြီးရော
ဒါဆို ငါတို့ကို မုန့်ဆိုင်မှာပဲ စောင့်နေ"

"ကြွ..ကြွ"

ကော့တော့ ကော့တော့ဖြင့်ထွက်သွားသော နှစ်ယောက်ကို မျက်စောင်းလှည့်ထိုးရင်း
Kyungsoo ရေခဲမုန့်ဆိုင်ဘက်ကို ခြေဦးတည်လိုက်သည်။

"Kyungsoo?!"

စတော်ဘယ်ရီတစ်ခွက်၊ Rainbow တစ်ခွက်ဖြင့် ကစားကွင်းထဲက ခုံတန်းလျားပေါ်တွင်တစ်ယောက်ထဲ လက်မလည်အောင် ကြိတ်နေတုန်း ရင်းနှီးနေသည့် သြရှရှ အသံတစ်ခုကြောင့် စားလက်စကိုပဲ ချထားပြီး ထပြေးရတော့မလိုလို..

ဒုက္ခပါပဲ. အိမ်ကမသိအောင် ခိုးထွက်လာပါသည်ဆိုမှ ဒီလူကြီးနဲ့မှ တည့်တည့်တိုးရတယ်လို့။

"Kyungsoo..ကလေး
ဒီမှာ တစ်ယောက်ထဲ ဘာလုပ်နေတာလဲ?"

"အ..အဟမ်း
လူကြီးကရော ဒီမှာ ဘာလုပ်နေတာလဲ"

"ကိုယ်က ကိုယ့်တူနဲ့ တူမလေးကို ကစားကွင်းလိုက်ပို့တာ... ကိုယ့်အစ်မနဲ့ ယောက်ဖပါ ပါတယ်..
နေပါဦး..ကိုယ်ပြောတာ စကားလမ်းကြောင်း မလွှဲပါနဲ့.. ခုဒီကို တစ်ယောက်ထဲ လာတာလား..ဒီကိုရောက်နေတာရော အိမ်ကသိလား"

"အိမ်..အိမ်ကတော့ မသိဘူး..
ဒါပေမဲ့ တစ်ယောက်ထဲလည်း မဟုတ်ဘူး.Baek နဲ့ Jun နဲ့ပါ ပါတယ်..
သူတို့က ရိုလာ ကိုစတာ သွားစီးနေကြလို့
သားက ရေခဲမုန့်စားရင်း စောင့်နေတာ.."

Kyungsoo ရဲ့ တိုးဖျဖျ ဆင်ခြေပေးသံလေးကို ကြားပြီး Jongin ခေါင်းကုတ်မိသည်။
လူကြီးတွေကို အသိမပေးဘဲ ထွက်လာတာတဲ့..
ငုံထားမတတ် သဲသဲ လှုပ်နေသော အစ်ကိုတွေသာဒီကလေးတွေ ခိုးထွက်လာမှန်း သိလို့ကတော့ မိုးမီးလောင်တော့မည်...
ဒီကလေး ဒီလို ဆိုးနေတာကို Jongin သဘောမကျပေမယ့် အစ်ကိုတွေ ဝိုင်းဆူတာခံရမည့် ကလေးရဲ့ ပုံစံကို Jongin ပိုပြီး သဘောမကျ။

"ကဲ...ဒါဆို ဒီမှာခဏနေဦး
ကိုယ် ကိုယ့်အစ်မကို သွားပြောပြီး ကလေးတို့ကို အိမ်ပြန်လိုက်ပို့ပေးမယ်..
Baek နဲ့ Jun ပြန်လာရင်လည်း ဒီမှာပဲ ခေါ်ထားတော့နော်။ဘယ်မှ လျှောက်မသွားနဲ့တော့ ကြားလား "

"ဟုတ်.."

ညှောင်နာနာ အသံလေးကို စိတ်မချစွာ လှည့်ကြည့် လှည့်ကြည့်လုပ်ရင်း Jongin တစ်ယောက်အစ်မတို့ လင်မယားရှိရာကို အပြေးပြန်လာလိုက်သည်။
သူ့အစ်ကိုတွေပြန်မရောက်ခင် ဒီကလေးကို အိမ်ပြန်ပို့ရမည်။မဟုတ်ရင် ဒီကလေး အကြီးအကျယ် အဆူခံရမည်မှာ အသေအချာ။

အစ်မတို့ လင်မယားကို အကျိုးအကြောင်း ပြောပြပြီး ခုနက နေရာကို ပြန်လာတော့ သုံးယောက်သား တွတ်ထိုးနေကြတာ ဘာမဟုတ်တာ လုပ်ဖို့ တိုင်ပင်နေကြပြန်ပြီမသိ။

"ကဲ...ကလေးတွေ "

သူခေါ်လိုက်တော့ သုံးယောက်သား ခေါင်းချင်းဆိုင်နေရာက လှည့်ကြည့်လာကြသည်။

"လာ..ကိုယ့်ကားနဲ့ ပြန်လိုက်ပို့ပေးမယ်"

အပြန်လမ်းရောက်တော့ အနောက်ခုံမှာ တစ်ယောက်နဲ့ တစ်ယောက်မှီရင်း ပါးစပ်ကလေးတွေဟကာအိပ်ပျော်ရင်း ပါလာကြသော ကလေးတွေကို နောက်ကြည့်မှန်ကနေ လှမ်းကြည့်ရင်း Jongin သက်ပျင်းချမိသည်။
ကလေးစိတ်ပဲ ရှိသေးတဲ့ကောင်လေးကို ချစ်ရတာ ခက်ခဲလိုက်တာနော်။
အထူးသဖြင့် အစ်ကိုတွေအားလုံးက သည်းသည်းလှုပ်အောင်ချစ်တဲ့ ကလေး တစ်ယောက်ကို ချစ်ရတာ ပိုခက်ခဲသည်။
ကလေးရေ...ကိုယ်တော့ ရှေ့တိုးမသာ နောက်ဆုတ်မရတွေနဲ့ ကြာရင် တစ်ယောက်ထဲ အသည်းကွဲရတော့မယ် ထင်ပါရဲ့....။

T.B.C

Heeee(ရှိသမျှသွား အကုန်ပေါ်အောင် ရယ်ပြသွားသည်။)

ကလေးကလေ Jongin sam ကို ပြန်ချစ်ဖို့ အချိန်တော့ ယူရမှာပေါ့နော်(ကလေးကိုးလို့)
ပြီးတော့ ညီအစ်ကိုတွေကြားက ၅၂၈ ကိုလည်း ဒီက ထည့်ထည့်ရေးချင်သေးတော့ O.U.R.S လေးကတော့ အရစ်ရှည်ဦးမှာပါပဲ xD(မပျင်းသွားကြနဲ့နော်..ဟင်း ဟင်း)

Btw..private message က ပို့လို့မရတော့ဘူးလို့..message noti တွေမြင်ပြီး reply လို့မရဘူး 😭
အဲ့ဒါလေ အပ်ပုဒိတ်တောင်းချင်ရင် wall post သာလာရေးသွားကြနော်xD

အားလုံးကို ချစ်ပါတယ်နော်။

Tuesday,29 January
10:11pm

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

321K 15.6K 75
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...
290K 9.7K 52
There's no way you're hitting on me right now. ━ Lando Norris x Fem!OC © KissLeclerc , April 2024 Started: April 8, 2024 Completed: May 10, 2...
917K 34.9K 83
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
9.4M 306K 51
"you're all mine; the hair, the lips, the body, it's all mine." • highest rankings • - #1 in jimin - #1 in pjm - #1 in btsfanfic cover by: @TheChri...