သွေးရောင်ခြယ်နှလုံးသား Comple...

By LeeSeungHan

354K 29.1K 3.7K

ကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်... More

Author's Note
Intro 1
Intro 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Final
Announcement
Pre Order Information

Ep 27

7.1K 729 193
By LeeSeungHan

Zawgyi

​ေသြး​ေရာင္​ျခယ္​ႏွလံုးသား  Ep 27

​ေနရာကား YimNam နန္​းၿမိဳ႕​ေတာ္​တြင္​ျဖစ္​၏။ စစ္​မက္​ၿပီးစီးသည္​့​ေနာက္​ ပထမဆံုးက်င္​းပ​ေသာပြဲ​ေတာ္​ျဖစ္​သည္​့အတြက္​ နန္​းတြင္​းသူ နန္​းတြင္​းသားအားလံုးမွာ​ေပ်ာ္​ရႊင္​တက္​ႂကြ​ေနၾကသည္​။ အမႈထမ္​းမ်ားအားလံုးသည္​ ပြဲ​ေတာ္​အတြက္​မိမိတို႔ယူထားရသည္​့တာဝန္​တို႔ကို ​တစ္​စက္​က​ေလးမွမလစ္​ဟင္​းရ​ေအာင္​ ​​ေဆာင္​ရြက္​ရင္​းအလုပ္​႐ႈပ္​​ေနၾကသည္​။

ႏွင္​းရည္​ ႏွင္​းစက္​တို ့ျခံဳလႊမ္​းႀကီးစိုး​ေသာ ​ေဆာင္​းရာသီကုန္​လြန္​၍ မိုး​ေရစက္​တို႔က်ဲ ျဖန္​႔ ရြာသြန္​း​ေသာ
မိုးရာသီသို႔ ကူး​ေျပာင္း​စအခ်ိန္​ေရာက္​​ေနၿပီျဖစ္​​ေသာ​ေၾကာင္​့ ရာသီဥတုသည္​ ယခုပင္​မိုးရြာခ်​ေတာ့မလိုအွံု႔မိႈင္​းရီ​ေဝ​ေန​၏။

သို႔​ေသာ္​ နန္​းရင္​ျပင္တြင္​က်င္​းပ​ေန​ေသာပြဲ​​ေတာ္​၏ စည္​ကားမႈသည္​ ရာသီဥတုကိုပင္​သတိမထားမိ​ေလာက္​​ေအာင္​ အံုးအံုးက်တ္​က​်တ္​႐ွိလွသည္​။ မိဖုရား၊ ၾကင္​ယာ​ေတာ္​တို႔၏ ဂုဏ္​က်က္​သ​ေရျပည္​့ဝ​ေသာအလွႏွင္​့ ရံ​ေရႊ​ေတာ္​ အပ်ဳိရံမ်ား၏ ႏုနယ္​ပ်ိဳျမစ္​​ေသာအလွသည္​ ျမစ္​၏ကမ္​းပါးႏွစ္​ဖက္​လို ၊ အကိုင္​းအခတ္​တစ္​ခုတည္​းမွပြင္​့ဖူး​ေသာ ပန္​းတို႔လို မသိမသာယွင္​ၿပိဳင္​လ်က္​႐ွိၾကသည္​။

ပြဲ​ေတာ္​၏ အလယ္​မွ ကဆုန္​​ေပါက္​၍ထြက္​​ေပၚလာ​ေသာ အတီးအမႈတ္​တူရိယာသံတို႔သည္​ လူအုပ္​ကိုျဖတ္​သန္​း​ေက်ာ္​လႊား၍ အနီးအနားပတ္​ဝန္​းက်င္တစ္ခုလ​​ံုးသို႔ သာယာနာ​ေပ်ာ္​ဖြယ္​ပ်ံ့ႏွံ႔သြား၏။

​ေတာ္​ဝင္​မိသားစုမွာ​ေတာ့ ပြဲ​ေတာ္​၏အလယ္​ဗဟိုတြင္​႐ွိ​ေနၾကသည္​။ ​​ေရႊသားအတိၿပီးကာ နဂါး႐ုပ္​မ်ားထြင္ထုထားသည္​့ ရာဇပုလႅင္​​ေပၚတြင္​ ခမ္​းနားစြာထိုင္​​ေနသူက​ေတာ့ ဘုရင္​မင္​းျမတ္​ျဖစ္​သူ Chiyo ပင္​ျဖစ္​​ေလသည္​။ သူသည္​အနက္​​ေရာင္​ဝတ္​စံုကိုဝတ္​ဆင္​​ထားရာ သူ၏ အနက္​​ေရာင္​တဖိတ္​ဖိတ္​ထ​ေသာ ပိုးသားဝတ္​ရံု​ေပၚရွိ အႏုစိပ္​ထိုး​ထား​ေသာ​ေရြခ်ည္​ထိုး နဂါး႐ုပ္​မ်ားမွာ ခ်က္​ခ်င္​းပင္​ခုန္​ထြက္​လာ​ေတာ့မ​ေယာင္​ လက္​ရာ​ေျမာက္​လွ​ေလသည္​။ ထိုဝတ္​စံု​ေၾကာင္​့လည္​း သူ၏ခန္​႔ညားမႈသည္​ ပိုမိုတိုးလို႔သြားသည္​။

ထို႔​ေနာက္​ ဤ​ေနရာတြင္​ ​ေတာ္​ဝင္​မိသားစုမ်ားလည္​းအစံုအလင္​႐ွိ​ေနၾကသည္​။ မိဖုရား Rumi ၏ ဖခင္​ Yazami စစ္​သူႀကီးႏွင္​့ သူမ၏အစ္​ကို​ေတာ္​၊ ​ေနာက္​ Chiyo ၏ညီ​ေတာ္​မ်ား အားလံုးပင္​ျဖစ္​သည္​။

Irusu လည္​းပါဝင္​သည္​။ သူက​ေတာ့ Chiyo မဖိတ္​​ေခၚပဲ​ေရာက္​႐ွိလာျခင္​းျဖစ္​သည္​။ လူစံု​ေနရသည့္​့အ​ေၾကာင္​းမွာ​ေတာ့ အျခားမဟုတ္​ သား​ေတာ္​​ေလး ရက္​တစ္​ရာျပည္​့​ေမြး​ေန႔ပြဲႏွင္​့ အမည္​ကင္​ပြန္​းတပ္​ပြဲ​ေၾကာင္​့ပင္​ျဖစ္​​ေလသည္​။

Kiyoko ဟု အမည္​​ေပးထား​ေသာသား​ေတာ္​က​ေလးသည္​ Rumi ၏ ရင္​ခြင္​ထဲမွ​ေန၍ ဟိုသည္​​ေလ်ာက္​ၾကည္​့လို႔​ေနသည္​။ ထိုအမည္​ကို Chiyo ​ေပးခဲ့ျခင္​းျဖစ္​ၿပီး အဓိပၸါယ္​မွာ pure child ဟူ၍ျဖစ္​​ေလသည္​။

Rumi သည္​ သား​ေတာ္​က​ေလးကို အထိန္​း​ေတာ္​လက္​ထဲတြင္​အပ္​မထားပဲ အျမဲလိုလို ကိုယ္​တိုင္​ထိန္​း​ေလ့႐ွိသည္​။ Chiyo ကုိစိတ္​တိုင္​းက်​ေပးအပ္​ခြင္​့မရ​ေသာ ​ေမတၱာတို႔ကို သား​ေတာ္​​ေလးထံတြင္​ပံုအပ္​ထားျခင္​းျဖစ္​သည္​။

Chiyo သည္​ သူမအား ဂ႐ုစိုက္​သင္​့သ​ေလာက္​မစိုက္​​ေသာ္​လည္​း သား​ေတာ္​​ေလး႐ွိလာၿပီမို႔ Chiyo အားအရင္​လို အျပစ္​တင္​ဆိုးႏြဲ႔ျခင္​းမ်ဳိးမျပဳ​ေတာ့ပဲ စိတ္​အာရံု​ေတြအားလံုးကိုသား​ေတာ္​​ေလးထံတြင္​ပင္​ျမႇဳပ္​ႏွံထားလုိက္​​ေတာ့သည္​။ သို႔​ေသာ္လည္​း Chiyo က သား​ေတာ္​​ေလး၏နာမည္​ကို ကိုယ္​တိုင္​​ေပးခဲ့သည္​မို႔
ထို႔အတြက္​​ေတာ့ေပ်ာ္​ရသည္​။ အနည္​းဆံုး​ေတာ့ Chiyo သည္​ သူမကိုမခ်စ္​သည္​့တိုင္​ သား​ေတာ္​​ေလးကို​ေတာ့ ​ေတြ႔လုိက္​တိုင္​း တ႐ွံု႔႐ွံု႔ ​ေပြ႔ခ်ီ နမ္​း႐ႈိက္​
သည္​အထိခ်စ္​​ေလသည္​။

ယခုလည္​း Chiyo သည္​ ​ေဖ်ာ္​​ေျဖမႈမ်ားကိုၾကည္​့​ေနသည္​့တိုင္​ သား​ေတာ္​က​ေလးကိုခဏခဏၾကည္​့​ေန​ေသးသည္​။ သား​ေတာ္​က​ေလး၏ နီ​ေထြး​ေသာပါးမို႔ရဲ​ေလးကိုလည္​း လက္​ညႇိဳးက​ေလးျဖင္​့တစ္​ခ်က္​တစ္​လ်က္​လာတို႔ၾကည္​့​ေသးသည္​။ ထို႔​ေၾကာင္​့ Rumi စိတ္​တို႔သည္​ လြန္​စြာ​ေပ်ာ္​ရႊင္​ၾကည္​ႏူးလို႔​ေန​ေလ၏။

သို႔​ေသာ္​ Rumi မသိသည္​က Chiyo​ သား​ေတာ္​က​ေလးကို မၾကည့္သည္​့ ​အခ်ိန္​တုိင္​းတြင္​ သူ႔မ်က္​လံုးမ်ား က်က္​စား ​ေပ်ာ္​​ေမြ ့ရာ ​ေနရာမွာ ကျပ​ေဖ်ာ​္​​ေျဖ​ေနသည္​့ က​ေခ်သည္​မ်ားလည္​းမဟုတ္​၊ သာယာၿငိမ္​့​ေညာင္​း​ေသာ ​ေစာင္​းသံတို႔ကိုဖန္​တီး​ေပး​ေနသည္​့ လက္​ပိုင္​႐ွင္​မ်ားလည္​းမဟုတ္​၊ မနက္​ခင္​း၏​ေန​ေရာင္​ျခည္​လို လတ္​ဆတ္​လွပ​ေသာ မင္​းသမီးငယ္​မ်ားလည္​း မဟုတ္​ပဲ ဓား႐ွည္​တစ္​​ေခ်ာင္​းကိုကိုင္​ကာ ​ေက်ာက္​႐ုပ္​တစ္​႐ုပ္​လိုရပ္​၍ ဤ​ေနရာတြင္​ အႏၲရာယ္​အ​ေငြ႔အသက္​႐ွိမ႐ွိကို အနံ႔ခံ​ေနသည္​့ ​ေယာက်ာ္​းပ်ဳိ တစ္​ဦးထံတြင္​ ဆိုတာကိုပင္​။

ခဏအၾကာ ရဲမက္​မ်ားဓား​ေရးျပ​သည္​့အခ်ိန္​​ေရာက္​​ေသာအခါ Chiyo သည္​ Shi ႐ွိရာဆီသို႔ ​ေလ်ာက္​သြားလိုက္​သည္​။ လက္​ထဲတြင္​လည္​း ​ေသရည္​ထည္​့ၿပီးသား ခြက္​က​ေလးႏွစ္​ခြက္​ပါသြား၏။

' Shi ....'

Chiyo ​ေပး​ေသာ ​ေသ​ရည္​ခြက္​ကို Shi ယူလုိက္​​ေသာ္​လည္​း ​ေသာက္​ရန္​​ေတာ့တုန္​႔ဆိုင္​း​ေနမိသည္​။ ကိုယ္​ရံ​ေတာ္​ျဖစ္​သူ သူက မူး​ေနလွ်င္​ အ႐ွင္​သခင္​အားဘယ္​လိုမ်ား​ေစာင္​့​ေ႐ွာက္​ႏိုင္​ဦးမွာလဲ ဟူ​ေသာ အ​ေတြးသည္​ သူ႔​ေခါင္​းထဲတြင္​ သံမိႈလိုစြဲကပ္​​ေနခဲ့​ေသာ​ေၾကာင္​့ျဖစ္​သည္​။

' ​ေသာက္​​ေလ ... ' ဟုဆိုကာ Chiyo က ခြက္​ျခင္​းတုိက္​၍​ေသာက္​လိုက္​​ေသာအခါ Shi လည္​း Chiyo စိတ္​​ေက်နပ္​ေအာင္​​ေသာက္​ရန္​ဆံုးျဖတ္ကာ​ေမာ့​ေသာက္​လိုက္​ရ​ေတာ့၏။

ထို႔​ေနာက္​ Chiyo သည္​ ထိုင္​ခံု​ေနရာသို႔ျပန္​မသြား​ေတာ့ပဲ က်န္​႐ွိ​ေနသည္​့​ေဖ်ာ္​​ေျဖ​ေရးမ်ားကို Shi ႏွင္​့အတူ ထို​ေနရာတြင္​ မတ္​တပ္​ရပ္​ကာ ​ၾကည္​့​ေနခဲ့သည္​။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

ျပင္​ပ​ေလာကသည္​လြန္​စြာဆူညံ​ေန​ေသး​ေသာ္​လည္​း ​ေတာ္​ဝင္​နန္​း​ေဆာင္​သည္​​ေတာ့တိတ္​ဆိတ္​လြန္​း​ေနသည္​။ တိတ္​ဆိတ္​လြန္​းသည္​မွာ Chiyo လက္​​ေခ်ာင္​း​ေလးမ်ား၏လႈပ္​႐ွားမႈ​ေၾကာင္​့ထြက္​​ေပၚလာသည္​့စာရြက္​လွန္​သံ၊ ​အျဖဴ ​ေရာင္​ဆြတ္​ဆြတ္​​ေႂကြခရားထဲမွ ​ေရ​ေႏြးက ​ေႂကြခြက္​ငယ္​ထဲသို႔က်လာသံ၊ ခြက္​ငယ္​ကိုအသာယူ​ေသာက္​လိုက္​ၿပီး​ေနာက္​ ျပန္​ခ်လိုက္​သည္​့အသံ ကိုပင္​ၾကား​ေနရသည္​။

သို႔​ေသာ္​ထိုတိတ္​ဆိတ္​မႈအထဲမွၾကည္​လင္​ျပတ္​သားသည္​့အသံတစ္​သံထြက္​ေပၚလာသည္​။

' ဒီတစ္​ခါ​ေတာ့ အစ္​ကို​ေတာ္​့အမိန္​႔အတုိင္​း ညီ​ေတာ္​လိုက္​မလုပ္​ႏိုင္​​ေတာ့ဘူးထင္​ပါတယ္​ အစ္​ကုိ​ေတာ္​။ အဲဒီအတြက္​ ညီ​ေတာ္​့ကိုနားလည္​ခြင္​့လႊတ္​​ေစခ်င္​ပါတယ္​။ '

Irusu သည္​​ ​ေၾကာက္​ရြံ႔ျခင္​းဟူ၍စိုးစဥ္​းမွ်မ႐ွိပဲ Chiyo မ်က္​လံုးမ်ားကိုတည္​့တည္​့ၾကည္​့ကာ​ေျပာ​ေနျခင္​းျဖစ္​သည္​။ ​ေဒါသမ်ားကိုထိန္​းခ်ဳပ္​ထားဟန္​တူ​ေသာသူ႔မ်က္​ႏွာတြင္​ စိုးရိမ္​မႈႏွင္​့မ​ေက်နပ္​မႈကလည္​းတစ္​လွည္​့စီျဖတ္​​ေျပး​ေနသည္​။

Chiyo သည္​စာအုပ္​ထံမွအၾကည္​့မ်ားကို Iru ထံသို႔လႊဲ​ေျပာင္​းၿပီး​ေနာက္​ သက္​ျပင္​းတစ္​ခ်က္​ကိုစိတ္​မ႐ွည္​ဟန္​ျဖင္​့ခ်လိုက္​သည္​။

' ဟန္​ႏုိင္​ငံဆီကိုသမက္​​ေတာ္​အျဖစ္​သြားဖို႔။ ဟန္​ဘုရင္​ရဲ႕အခ်စ္​ဆံုးသမီး​ေတာ္​ကိုလက္​ဆက္​ဖို႔။ ဒါဟာ အိမ္​​ေ႐ွ႕စံျဖစ္​ခြင္​့မရတဲ့မင္​းသားတိုင္​းလိုခ်င္​ၾကတဲ့အခြင့္​့အ​ေရးတစ္​ခုပဲ Iru ။ ဟန္​ဘုရင္​မ႐ွိ​ေတာ့တဲ့​ေနာက္​ ဘုရင္​ျဖစ္​လာႏိုင္​တဲ့အခြင္​့အ​ေရးမ်ဳိးကိုဘယ္​မင္​းသားမွလက္​မလႊတ္​ခ်င္​ၾကဘူး။ အခု။ အဲ့ဒီ့အခြင္​့အ​ေရးကုိ​ေပး​ေနတာ။ မင္​းကို။ ဘဝတစ္​ခုလံုးကိုနယ္​စပ္​မွာအခ်ိန္​ကုန္​ဆံုးမယ္​့တပ္​မႈး​ဘဝထက္​စာရင္​ ဟန္​ႏုိင္​ငံမွာသမက္​​ေတာ္​အျဖစ္​သိကၡာ႐ွိ႐ွိ​ေနရင္​း မင္​းရဲ႕ဘဝကိုျမႇင္​့တင္​လုိက္​တာပိုမ​ေကာင္​းဘူးလား။ ဒါကိုမင္​းကျငင္​းဆန္​ခ်င္​​ေနတာလား။ '

' အစ္​ကို​ေတာ့္​​ေစတနာကိုရင္​ထဲကလႈိက္​လႈိက္​လွဲလွဲ​ေက်းဇူးတင္​ပါတယ္​ အစ္​ကို​ေတာ္​​။ ဒါ​ေပမယ္​့ ညီ​ေတာ္​တစ္​ဖက္​ႏိုင္​ငံမွာမ​ေနခ်င္​ဘူး။ မဟုတ္​​ေသးဘူး။ ညီ​ေတာ္​ဒီႏိုင္​ငံကတစ္​ဖဝါးမွမခြာႏုိင္​တာဆိုပိုမွန္​တယ္​။ ဘယ္​လိုရာထူးမ်ိဳးနဲ႔ပဲ​ေနရ​ေနရ ဒီႏိုင္​ငံမွာပဲ​ေနခ်င္​ပါတယ္​။ အဲ့ဒါညီ​ေတာ္​့ရင္​ထဲကဆႏၵအမွန္​ပါပဲ။ '

' မျဖစ္​ႏုိုင္​ဘူး Iru .. ငါစကား​ေတြလြန္​ခဲ့ၿပီးၿပီ။ လက္​ထပ္​ပြဲအတြက္​ ဟန္​ဘုရင္​နဲ႔အရာရာ​ေျပာဆိုခဲ့ၿပီးၿပီ။
မင္​း။ အဲ့ဒီ့ႏုိင္​ငံကိုသမက္​​ေတာ္​အျဖစ္​သြားကိုသြားရမယ္​။ '

' သူ႔ကိုအဲ့သ​ေလာက္​​ေတာင္​ခ်စ္​သလား အစ္​ကို​ေတာ္​။ ညီအစ္​ကိုသံ​ေယာဇဥ္​ကုိျဖတ္​ၿပီး ကြၽန္​​ေတာ္​့ကိုတစ္​ဖက္​ႏိုင္​ငံကိုပုိ႔ပစ္​ရ​ေလာက္​​ေအာင္​​ေလ။ '

' ႏိုင္​ငံ့အ​ေရးကို​ေျပာ​ေနခ်ိန္​မွာ ကိုယ္​​ေရးကိုယ္​တာ​ေတြမ​ေျပာနဲ႔ Iru ။ ဟန္​ႏုိင္​ငံကကမ္​းလွမ္​းတဲ့လက္​ထပ္​ပြဲကိုငါဟာလက္​ခံခဲ့တယ္​။ ဒါဟာလည္​း စစ္​ကိုတားၿပီးခ်စ္​ၾကည္​​ေရးတည္​​ေဆာက္​ဖို႔နဲ႔ မင္​းတစ္​ခ်ိန္​ဘုရင္​ျဖစ္​လာႏုိင္​တဲ့အခြင္​့အ​ေရးကို​ေ႐ွး႐ႈခဲ့လို႔ပဲ ။ '

' အစ္​ကိုဟာအဆံုးထိဝန္​မခံဘူးပဲ။ ​ေကာင္​းၿပီ​ေလ။
ဒါဆိုလည္​း အဲဒီအခြင္​့အ​ေရးကိုအစ္​ကို​ေတာ္​ပဲအျပည္​့အဝယူလိုက္​ၿပီး မင္​းသမီးကိုလက္​ထပ္​။ ႏုိင္​ငံႏွစ္​ႏုိင္​ငံရဲ႕ဘုရင္​လုပ္​လုိက္ပါ။ '

' မင္​း ...။ '

Iru သည္​ဆက္​ၿပီးထုိင္​မ​ေန​ေတာ့ပဲမတ္​တပ္​ထရပ္​လုိက္​သည္​။ သူ႔မ်က္​ႏွာသည္​လြန္​စြာ​မာ​ေၾကာ​ေတာင္​့တင္​း​ေန၏။ ထို႔​ေနာက္​

' ႏုိင္​ငံကအၾကပ္​အတည္​းျဖစ္​​ေနလို႔ညီ​​ေတာ္​့ကို ​ေရာင္​းစားတဲ့အ​ေနနဲ႔ သမက္​​ေတာ္​အျဖစ္​ပို႔တယ္​ဆိုရင္​​ေတာင္​ ညီေတာ္​သြားႏုိင္​ပါ​ေသးတယ္​။ ဒါ​ေပမဲ့ အခုဟာက အစ္​ကို​ေတာ့္​အတၱအတြက္​ျဖစ္​​ေန​ေလ​ေတာ့ ညီ​ေတာ္​သြားႏုိင္​မယ္​မထင္​ဘူး။ ခြင္​့လႊတ္​ပါလို႔​ေျပာခ်င္​​ေပမယ္​့ညီ​ေတာ္​မွားခဲ့တာမ႐ွိဘူးထင္​တယ္​။ '

' မင္​းတစ္​ကယ္​ဘုရင္​မျဖစ္​ခ်င္​ဘူးလား။ '

' ​ေတာ္​​ေတာ့အစ္​ကို​ေတာ္​။ ​ေတာ္​ပါ​ေတာ့။ ဒီစကားကိုဆက္​မ​ေျပာပါနဲ႔​ေတာ့။ ၿပီး​ေတာ့ အစ္​ကို​ေတာ္​သိလား ညီ​ေတာ္​သာ ဘုရင္​တစ္​ပါးျဖစ္​လာမယ္​ဆိုရင္​ ဘာကိုပဲရင္​းရရင္​းရ ညီ​ေတာ္​အလိုခ်င္​ဆံုးအရာကို တိုက္​ယူမိလိမ္​့မယ္​။ အဲဒါ​ေၾကာင္​့ညီ​ေတာ္​တို႔ၾကားမွာ႐ွိတဲ့​​ေနာက္​ဆံုးသံ​ေယာဇဥ္​​​ေလးကိုမျဖတ္​ခ်င္​ပါနဲ႔။ လမ္​း​ကိုအဆံုးထိမသြားခ်င္​ပါနဲ႔။ '

' မင္​းကပုန္​ကန္​ခ်င္​​ေနတာပဲ '

'အစ္​ကို​ေတာ္​ ! '

Iru ၏​ေအာ္​သံက်ယ္​​ေလာင္​ပံုမွာ တံခါးအျပင္​ဘက္​တြင္​ရပ္​​ေနသည္​့ Shi ႏွင္​့ အပ်ိဳ​ေတာ္​မ်ားပါၾကားႏုိင္​သည္​။

' ငါဟာဘုရင္​ဆိုတာကိုမင္​းမ​ေမ့နဲ႔ Irusu ။ မင္​းကငါ​ေသဆို​ေသ ႐ွင္​ဆို႐ွင္​ရမယ္​့ျဖစ္​တည္​မႈမ်ိဳးပဲ။ ငါကအမိန္​႔တစ္​ခုခ်လိုက္​တဲ့အခါ မင္​းကလုပ္​ခ်င္​တယ္​မလုပ္​ခ်င္​ဘူးဆိုတာကို​ေရြးခ်ယ္​ဖို႔မစဥ္​းစားမိ​ေလာက္​​ေအာင္​ကို နာခံဖို႔အဆင္​သင္​့ျဖစ္​​ေနရမယ္​။ အဲ့ဒီလိုမွမဟုတ္​ရင္​ ဒါဟာပုန္​ကန္​တာပဲ။ '

' အစ္​ကို​ေတာ္​ႀကိဳက္​တဲ့​ေခါင္​းစဥ္​တပ္​ပါ။ ညီ​ေတာ္​က​ေတာ့နာခံမွာမဟုတ္​ဘူး။ ဒီကိစၥကို​ေတာ့လံုးဝပဲအစ္​ကို​ေတာ္​ ... လံုးဝပဲ။  '

Iru အခန္​းထဲမွလွည္​့ထြက္​ရန္​လုပ္​​ေသာအခါ Chiyo က

' မင္​းဒီအခန္​းထဲကထြက္​သြားတဲ့အခါ မင္​းအတြက္​ဘဝအသစ္​ႏွစ္​ခု႐ွိတယ္​ Iru ။ ဟန္​ႏိုင္​ငံရဲ႕သမက္​​ေတာ္​အျဖစ္​။ ဒါမွမဟုတ္​ ပုန္​ကန္​သူအျဖစ္။ မင္​း။ ​ေသခ်ာစဥ္​းစားၿပီး​ေရြးခ်ယ္​ပါ။  '

' ထပ္​ၿပီးစဥ္​းစားစရာမလို​ေတာ့​ေအာင္​ကို ဒုတိယတစ္​ခုကိုပဲ ကြၽန္​​ေတာ္​​ေရြးတယ္​ အစ္​ကို​ေတာ္​။ လူ​ေတြကို​ေျပာလုိက္​စမ္​းပါ။ ကြၽန္​​ေတာ္​သစၥာ​ေဖာက္​​ေကာင္​ႀကီးက အ႐ွင္​့ကိုပုန္​ကန္​ဖို႔တစ္​ခ်ိန္​လံုးႀကိဳးစား​ေနခဲ့တယ္​လုိ႔ .... ဟားဟားဟားဟား....'

Iru အခန္​းထဲမွထြက္​လာ​ေသာအခါ မ်က္​ရည္​မ်ားက်ဆင္​း​ေနသည္​ကို Shi ျမင္​လုိက္​ရသည္​။ သူ႔ကိုၾကည္​့​ေန​ေသာ Iru မ်က္​လံုးမ်ားသည္​ယခင္​နဲ႔မတူ ​ေဖ်ာ့​ေတာ့နာက်င္​​ေနသည္​။

' အ႐ွင္​နဲ႔ဘာ​ေတြမ်ားျဖစ္​လာတာလဲ .. အ႐ွင္​့သား '

' ကြၽန္​​ေတာ္​့ကို​ေသခ်ာၾကည္​့ပါ Shi ။ ဒါဟာ ကြၽန္​​ေတာ္​တို႔ရဲ႕​ေနာက္​ဆံုး​ေတြ႔ဆံုမႈျဖစ္​သြားႏုိင္​တယ္​။ '

' ဘာ​ေတြျဖစ္​ခဲ့ၾကလို႔လဲ '

' SHI !!! အထဲကိုဝင္​ခဲ့ '

Chiyo ၏​ေခၚသံ​ေၾကာင္​့ Shi စကားဆက္​​ေျပာခြင္​့မရ​ေတာ့ဘဲ အထဲသို႔ဝင္​ရန္​​ေျခဦးလွည္​့ရ၏။

' အရွင္​​ေခၚ​ေနလို႔အထဲကိုဝင္​ရ​ေတာ့မယ္​ Iru ။ ဘာ​ေတြပဲျဖစ္​လာျဖစ္​လာ ကိုယ္​့ကိုယ္​ကိုဂ႐ုစိုက္​ပါ။ '

Shi သည္​ထိုတစ္​ခြန္​း​ေျပာကာအထဲသို႔ဝင္​ခဲ့၏။ က်န္​ရစ္​ခဲ့​ေသာ Iru က​ေတာ့ Shi ​ေက်ာျပင္​​ေလး​ေပ်ာက္​ကြယ္​သြားသည္​အထိ ​ေငးၾကည္​့​ေနခဲ့သည္​။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

အခ်ိန္​ကား​ ေကာင္​းကင္​တြင္​​ေန​ေရာင္​ျခည္​​မ်ားထုႏွင္​့
ထည္​ႏွင္​့က်န္​႐ွိ​ေန​ေသး​သည္​့အခ်ိန္​ျဖစ္​ေသာ္​လည္​း ထို​ေန​ေရာင္​ျခည္​မ်ားသည္​ဝါးပင္​စိမ္​းစိမ္​းမ်ားထူထပ္​စြာ​ေပါက္​​ေရာက္​​ေနသည္​့ ​ေတာအုပ္​က​ေလးထဲသို႔
ေရာက္​မလာႏုိင္​​ေပ။ ​ေလႏု​ေအးက​ေလးသည္​လည္​း
စိမ္​းျမ​ေန​ေသာဝါး​ေတာအုပ္​ထဲ႐ွိ ဝါးရြက္​မ်ားၾကားသို႔တိုးတုိက္​လာရ​သည္​ျဖစ္​ရာလြန္​စြာ​ေအးျမလို႔​ေနသည္​။ ျမဳိ့​ေနာက္​ဘက္​႐ွိဤ​ေတာအုပ္​က​ေလးသည္​ လူ​ေနအိမ္​တို႔ႏွင္​့လည္​း​ေဝးလံသည္​ျဖစ္​ရာလြန္​စြာၿငိမ္​း​ေအးၿပီး သာယာလွပ​ေနသည္​။ ဝါးရြက္​တို႔၏ရနံ႔ခပ္​သင္​းသင္​းကလည္​း​ေတာလမ္​းတစ္​​ေလ်ာက္​လံုးပ်ံ့ႏွံ႔လ်က္​႐ွိသည္​။ ဤလွပမႈတို႔ကိုပို၍ပံ့ပိုးလိုက္​သည္​မွာ မနီးမ​ေဝးတြင္​ရစ္​​ေခြစီးဆင္​း​ေန​သည့္​စမ္​း​ေခ်ာင္​းငယ္​က​ေလးပင္​ျဖစ္​သည္​။ စမ္​း​ေခ်ာင္​းက​ေလးမွ​ေရစီးသံသည္​ ဝါးရြက္​တို႔၏ရနံ႔ကဲ့သို႔ပင္​ထို​ေတာအုပ္​​ေလးတစ္​ခြင္​တိုးတိမ္​စြာျဖန္​႔က်က္​လ်က္​႐ွိသည္​။

ထိုတိတ္​ဆိတ္​​ေသာ​ေနရာတြင္​​ေပၚ​ေပါက္​လာသည္​့တစ္​ခုတည္​း​ေသာအသံကား ျမင္​းခြာသံက​ေလးမ်ားပင္​ျဖစ္​၏။ ​ေတာအုပ္​က​ေလးထဲသို႔တျဖည္​းျဖည္​းဝင္​လာ​ေသာျမင္​းႏွစ္​​ေကာင္​၏ခြာသံတို႔သည္​ တစ္​စတစ္​စတိုးတိတ္​​သြားကာ​ေနာက္​ဆံုးရပ္​သြား၏။

' ဒီ​ေနရာ​ေလာက္​သာယာတဲ့​ေနရာမ႐ွိ​ေတာ့ဘူးထင္​တယ္​။ လမ္​းဆင္​းေလွ်ာက္​ရ​ေအာင္​ '

Chiyo သည္​​ Shi ကိုၾကည္​့ၿပီး​ေျပာလိုက္​ရင္​း အနက္​​ေရာင္​တဖိတ္​ဖိတ္​ထ​​ေန​ေသာသူ၏စီး​ေတာ္​ျမင္​း​ေပၚမွခုန္​ခ်လိုက္​သည္​။ Shi ကလည္​းသူ႔နည္​းတူပင္​လုပ္​၏။ ​ေနာက္​ ႏွစ္​​ဦးသား ျမင္​းတို႔ကုိတစ္​​ေနရာတြင္​ခ်ည္​ထားခဲ့ၿပီး​ေနာက္​ ထို​ေတာတန္​း​ေလးတစ္​​ေလ်ာက္​လမ္​း​ေလ်ာက္​ခဲ့ၾကသည္​။

Shi သည္​လမ္​း​ေလ်ာက္​​ေနရင္​းႏွင္​့ Chiyo ႏွင္​့ Iru ၾကားကျပသနာကိုစဥ္​းစား​ေနမိသည္​။ ႏွစ္​ဦးသား၏ဆက္​ဆံ​ေရးသည္​တျဖည္​းျဖည္​းဆိုးရြားလာသည္​ဟုထင္​မိ​ေသာ​ေၾကာင္​့ ယခုထက္​ပို၍ဆိုးရြားလာမည္​ကိုအနည္​းငယ္​ပူပန္​​ေနမိသည္​။

Shi သည္​ထိုအ​ေၾကာင္​းကို​ေမးရန္​စဥ္​းစား​ေနရင္​း Chiyo ၏ ​ေဖာ့ဖ​ေယာင္​းလိုသြယ္​​ေပ်ာင္​းႏုဖတ္​​ေသာလက္​က​ေလးကိုအသာတြဲလိုက္​၏။ သူကလက္​ကိုတြဲလုိက္​​ေသာအခါ Chiyo သည္​သူ႔မ်က္​ႏွာကုိတစ္​ခ်က္​ၾကည္​့လုိက္​ၿပီး ခပ္​စစျပံဳး​ေသာမ်က္​ႏွာတြင္​႐ွက္​ရိပ္​က​ေလးဆတ္​ခနဲျဖတ္​​ေျပးသြားၿပီးမွ သူ႔ထံမွအၾကည္​့တို႔ျပန္​လည္​ဖယ္​ခြာသြားသည္​။ Shi သည္​ Chiyo ၏ထိုပံုစံက​ေလးကိုၾကည္​့ရင္​း ရင္​ထဲမွလိႈက္​လႈိက္​လွဲလွဲၾကည္​ႏူးမိၿပီး အသဲတယားယားျဖစ္​​ေန​ေလသည္​။ ထို႔​ေနာက္​မွ

' Iru နဲ႔ဘာ​ေတြျဖစ္​ခဲ့တာလဲ Xiao Chi သူဒီ​ေန႔​မင္​းကို​ေအာ္​လုိက္​တဲ့အသံ..။ အဲ့လိုအသံမ်ိဳးနဲ႔သူမင္​းကိုတစ္​ခါမွမ​ေအာ္​ဖူးဘူး။ သူ တစ္​ခါမွဒီ​ေန႔လိုပံုစံမျဖစ္​ဖူးဘူး။ '

ဟု Shi ​ေမး​ေန​ေသာအခါ Chiyo သည္​မၾကားသလိုလုပ္​​ေန​ေလ​သည္​။

' ဟိတ္​..'

' မင္​းကတစ္​ကယ္​သိခ်င္​လို႔လား။ '

' သိခ်င္​တာ​ေပါ့။ မင္​း​ေဘးမွာ႐ွိ​ေနတဲ့ငါက မင္​းအ​ေၾကာင္​း​ေတြကိုမသိခ်င္​ဘူးဆိုရင္​ အဲ့ဒါဟာငါအတုပဲျဖစ္​လိမ္​့မယ္​​ေလ မဟုတ္​ဘူးလား။ '

' ဟား .. ဟုတ္​ပါၿပီ။ ဟုတ္​ပါၿပီ။ မင္​းသိခ်င္​တယ္​ဆို​ေတာ့လည္​းငါ​ေျပာျပမွာ​ေပါ့။ အင္​း အခုမ​ေျပာလည္​း​ေနာင္​သိမယ္​့ကိစၥပါပဲ​ေလ။ Iru ။ သူ ။ သူ ... '

' သူဘာျဖစ္​လဲ ဆက္​​ေျပာ​ေလ '

Chiyo သည္​​ေျပာရန္​အနည္​းငယ္​​ေတြ​ေဝ​ေနၿပီးမွ

' သူ ။ ပုန္​ကန္​ဖို႔ႀကိဳးစား​ေနတယ္​ Shi ။ သူနယ္​စပ္​မွာ​ေန​ေနတဲ့တစ္​​ေလ်ာက္​လံုး ငါမသိ​ေအာင္​ကိုယ္​ပိုင္​စစ္​တပ္​တစ္​ခုကိုတိတ္​တိတ္​​ေလး​ေမြး​ေနတယ္​ '

' ဘာ .. ဘာ​ေျပာတယ္​။ ဘယ္​လိုျဖစ္​ရတာလဲ။ ​ေသခ်ာရဲ႕လား Xiao Chi .. သူကမင္​းနဲ႔အရင္​းႏွီးဆံုး ညီ​ေတာ္​တစ္​ပါး​ေလ။ '

' အင္​း။ ဟုတ္​တယ္​။ ဒါ​ေပမဲ့အရာအားလံုး​ေျပာင္​းလဲသြားခဲ့ၿပီ။ အရင္​တုန္​းကဟုတ္​ရင္​​ေတာင္​ အခု .. မဟုတ္​​ေတာ့ဘူး။ '

' ဒါအမွန္​ဆိုတာငါ​ေတာ့ဘယ္​လိုမွမယံုႏုိင္​ဘူး Xiao Chi ။ သူကအာဏာကိုတပ္​မက္​တဲ့သူမဟုတ္​ဘူး​ေလ။ ဒါကိုမင္​းလည္​းသိခဲ့တယ္​မဟုတ္​လား။ ဒါတစ္​ခုခု အထင္​လြဲ​မွား​ေနတာမဟုတ္​ဘူးလား။ မင္​းတို႔ႏွစ္​​ေယာက္​ရဲ႕ခ်စ္​ခင္​ရင္​းႏွီးမႈကိုတစ္​​ေယာက္​​ေယာက္​ကျဖဳိခြဲဖို႔ ႀကိဳးစား​ေနတာမဟုတ္​ဘူးလား။ ​ေသခ်ာစံုစမ္​းစစ္​​ေဆးၿပီးၿပီလား။ '

Chiyo သည္​ ​ေမးခြန္​းမ်ားကိုမ​ေျဖပဲစိတ္​႐ႈပ္​ဟန္​ျဖင္​့ လမ္​းကိုျဖည္​းညႇင္​းစြာ​ေလ်ာက္​​ေနရင္​းမွ ​ေ႐ွ႕နားတြင္​ျမင္​​ေနရ​ေသာ​ေတာင္​ကုန္​းငယ္​​ေလးတစ္​ခု​ေပၚသို႔
တက္​သြားလုိက္​သည္​။ သူ၏မ်က္​ခံုးႏွစ္​ခုတို႔သည္​အလယ္​တြင္​စုဆံု​ေန၏။ ​ေတာင္​ကုန္​းထိပ္​သို႔​ေရာက္​​ေသာအခါ လက္​ႏွစ္​ဖက္​ကိုအ​ေနာက္​သို႔ပစ္​၍ခ်ိတ္​ထားကာ နန္​း​ေတာ္​႐ွိရာဆီသို႔လွမ္​း​ေမွ်ာ္​ၾကည္​့​ေနသည္​။ ထို႔​ေနာက္​ ႐ွည္​လ်ား​ေလးပင္​​ေသာသက္​ျပင္​းတစ္​ခ်က္​ကိုခ်လိုက္​ၿပီးမွ Shi ဘက္​ကိုလွည္​့ကာ​ေျပာ၏။

' သူ႔ကိစၥကိုငါ​ေသခ်ာၾကည္​့႐ွင္​းပါမယ္​ Shi ..။ ဒီအ​ေၾကာင္​း​ေတြနဲ႔ပက္​သက္​ၿပီး မင္​းသိပ္​မ​ေတြးပါနဲ႔။ ငါမင္​းကို ​ေခါင္​းမ႐ႈပ္​​ေစခ်င္​ဘူး။ ဒါ​ေတြကိုငါတစ္​​ေယာက္​တည္​း ကိုင္​တြယ္​ႏိုင္​ပါတယ္​။ '

' ဒါ​ဟာအထင္​လြဲမွားမႈတစ္​ခုျဖစ္​ရင္​သိပ္​​ေကာင္​းမယ္​ Xiao Chi .. ။ '

' ဘာလို႔လဲ။ မင္​းကသူ႔ကို ထိခိုက္​မွာစိုးရိမ္​လို႔လား '

' မဟုတ္​ဘူး Xiao Chi .. ။ ငါက မင္​းမွာ႐ွိတဲ့။ မင္​းကိုခ်စ္​တဲ့ ညီငယ္​တစ္​​ေယာက္​ကိုဆံုး႐ွံုးသြားမွာကိုစိုးတာ။ ဒီကိစၥသာသတင္​းအမွန္​မဟုတ္​ပဲ သူ႔ကိုမွားယြင္​းၿပီးအျပစ္​​ေပးမိလိုက္​မယ္​ဆိုရင္​ ဒါဟာဘယ္​လိုမွ​ေျဖမဆည္​ႏိုင္​စရာကိစၥပဲ၊ ညီအစ္​ကိုသံ​ေယာဇဥ္​ၾကားမွာႀကီးမားတဲ့ထိခိုက္​မႈႀကီးပဲ။ ၿပီး​ေတာ့ငယ္​ငယ္​​ေလးကတည္​းကအခုအထိမင္​းမွာ႐ွိသမွ်ညီ​ေတာ္​​ေတြထဲသူဟာ မင္​းကိုအခ်စ္​ဆံုးနဲ႔ အ​ေကာင္​းခဲ့ဆံုးညီ​ေတာ္​​ေလ။ အဲ့ဒီ့လိုညီငယ္​တစ္​​ေယာက္​ကိုမင္​းကိုမဆံုး႐ွံုး​ေစခ်င္​ဘူး။ '

' မင္​း႐ွိတာပဲ Shi ။ မင္​းဟာငါ့ရဲ႕ညီ၊ ငါ့ရဲ႕အစ္​ကို၊ ငါ့ရဲ႕မိသားစုဝင္​ပဲ၊ ငါ့ဆီမွာမင္​းသာ႐ွိ​ေနရင္​ သူမ႐ွိလဲျဖစ္​တယ္​။ ငါ့အတြက္​ဘာမွထိခိုက္​သြားမွာမဟုတ္​ဘူး။ မင္​းအမ်ားႀကီးမပူပါနဲ႔။ '

Shi သည္​စကားတစ္​ခြန္​းကို​ေျပာရန္​ Chiyo ကို​ေတြ​ေဝစြာၾကည္​့ရင္​း​အၾကာႀကီးအားယူလိုက္​ၿပီးမွ တစ္​လံုးျခင္​း​ေျပာလိုက္​သည္​။

' ငါမ႐ွိ​ေတာ့ရင္​​ေရာ။ တစ္​​ေန႔။ ငါမ႐ွိ​ေတာ့ရင္​မင္​းဘယ္​လိုလုပ္​မလဲ။ ငါဟာႏွစ္​တစ္​ရာအထိအသက္​႐ွင္ေန​မယ္​လို႔ဘယ္​သူကမွမသတ္​မွတ္​​ေပးထားဘူး​​ေလ Chiyo ။ ငါမ႐ွိမယ္​့တစ္​​ေန႔အတြက္​စဥ္​းစားၿပီး​ေတာ့ပဲျဖစ္​ျဖစ္​ သူတစ္​​ေယာက္​​ေတာ့မင္​းအနားမွာအၾကားႀကီး႐ွိ​ေနသင္​့တယ္​မဟုတ္​ဘူးလား။

ထို​ေမးခြန္​း၏အ​ေျဖကို​ေငးငိုင္​စြာစဥ္​းစား​ေန​ေသာ Chiyo သည္​တိမ္​ျဖဴ ပါးမ်ားလြင္​့​ေမ်ာလာရာအရပ္​ကို​ေငး​ေမာ​ေနၿပီးမွ အား​ေလ်ာ့စြာ​ေျပာသည္​။

' ငါ့အနားမွာမင္​းမ႐ွိ​ေတာ့ဘူးဆိုရင္​​ေတာ့ ငါဟာအရက္​သမားႀကီးပဲလုပ္​​ေနလိုက္​​ေတာ့မယ္​ Shi ။ Iru ကိုလည္​းမလိုဘူး။ ဘယ္​သူ႔ကိုမွလည္းမ​လိုဘူး။ ငါ့မွတ္​ဥာဏ္​​ေတြကိုဖ႐ိုဖရဲျဖစ္​​ေစမယ္​့ အရက္​​ေတြကိုပဲငါလိုပါတယ္​။ '

ထိုစကားကိုၾကား​ေသာအခါ Shi သည္​ Chiyo အား အ​ေနာက္​​ေန၍ရင္​ခြင္​ထဲျမဳပ္​ဝင္​သြား​ေအာင္​သိုင္​းဖက္​ထားလုိက္​၏။

ထို႔​ေနာက္​မွ ' မင္​းတစ္​ကယ္​​ေျပာ​ေနတာလား။ ' ဟု တိုးတိုးက​ေလး​ေမး၏။ ထိုအခါ Chiyo ကျပန္​၍ ' မင္​းက​ေရာ အခု​ေသပစ္​​ေတာ့မလို႔လား ' ဟုရန္​​ေတြ႔ဟန္​ျဖင္​့ျပန္​​လည္​​ေျပာဆုိလိုက္​သည္​။

' ငါက​ေသလို႔ဘယ္​ျဖစ္​ဦးမလဲ။ မင္​းကငါ့အတြက္​
မင္​းသား​ေလး Kiyoko လို သား​ေတာ္​​ေလးတစ္​ပါး​ေမြး​ေပးတဲ့အထိ​ေစာင္​့ရဦးမယ္​​ေလ .. '

' ဘာ ဘာ​ေျပာတယ္​။ မင္​းကဘုရင္​ကိုက​ေလး​ေမြးခိုင္​း​ေနတာလား။ ဟမ္​ Shi '

' အင္​း။ သမီး​ေတာ္​​ေလးဆိုလည္​းျဖစ္​ပါတယ္​။ '

' ​ေတာ္​​ေတာ္​​ေတာ္​။ ငါ့ကိုလာစမ​ေနနဲ႔။ ​ေျပာရံုနဲ႔တင္​ၾကတ္​သီးထတယ္​။ ကဲပါမၾကာခင္​​ေမွာင္​​ေတာ့မယ္​။ ျပန္​ၾကရ​ေအာင္​။ '

Chiyo သည္​ျပန္​မည္​ဟုဆိုကာ​​ေတာင္​ကုန္​း​ေပၚမွ ခပ္​သုတ္​သုတ္​​ေျပးဆင္​းသြားသည္​။ ထိုအခ်ိန္​တြင္​
Chiyo ၏မ်က္​ႏွာ​ေလးသည္​အရက္​လည္​းမ​ေသာက္​ထားပါပဲ အနည္​းငယ္​နီျမန္​းကာ ႏွာ​ေခါင္​းထိပ္​က​ေလးမ်ားဆိုလ်င္​ပိုမိုရဲတြတ္​​ေန၏။

' Chiyo ... ​ေစာင္​့ဦး​ေလ။ Xiao Chi ....... အ႐ွင္​​ေလး.....'

Shi သည္​သူ႔အ​ေနာက္​ကို​ေျပးလုိက္​လာကာ သူ႔ပုခံုး​ေပၚ​တြင္​လက္​ကိုတင္​ကာဖက္​လုိက္​၏။

' တစ္​​ေယာက္​တည္​း​ေလ်ာက္​သြားရင္​း ​ေတာထဲမွာလမ္​း​ေပ်ာက္​​ေနပါ့မယ္​။ ​ေတာ္​ၾကာ​ေတာ​ေကာင္​​ေတြထြက္​လာၿပီးကိုက္​​ေနဘယ္​့ႏွယ္​့လုပ္​မလဲ။ '

' ​ေတာ္​စမ္​းပါ Shi ရာ။ ​ေတာ​ေကာင္​​ေလာက္​​ေတာ့ငါကမႈရမွာလား။ မင္​းမမွတ္​မိဘူးလား။ ငါတို႔စ​ေတြ႔တုန္းကမင္​းနဲ႔ Aki ​ေၾကာက္​လို႔တုန္​​ေနခ်ိန္​ ငါနဲ႔ Komo က​ေတာထဲမွာျမင္​းကိုယ္​စီနဲ႔​ေလ်ာက္​သြား​ေနခဲ့တာ​ေလ။ မဟုတ္​ဘူးလား။ '

' မင္​းအဲ့ဒါကိုမွတ္​မိ​ေသးတယ္​။ ဟုတ္​လား။ '

' မင္​း​ေရာ ​ေမ့လို႔လား။ '

' ဒါနဲ႔အဲ့ဒီ့တုန္​းကလူဆိုး​ေတြလုိက္​လို႔ထြက္​​ေျပးတာမဟုတ္​ဘူးလား ..။ '

' Grrrrrr Shikiyo ... မင္​း​ေတာ္​လုိက္​​ေတာ့ '

ဟုဆိုကာ Chiyo သည္​ Shi လည္​ဂုတ္​ကိုလက္​တစ္​ဖက္​ျဖင္​့ဆြဲဖက္​ခိုကာ ခ်ဳပ္​ထားဟန္​လုပ္​လုိက္​သည္​။

' အား ... ခ်မ္​းသာ​ေပးပါ အ႐ွင္​ .. ​ေက်းဇူးျပဳ ၿပီးခ်မ္​းသာ​ေပးပါ ..။

' မွတ္​ပလား။ ​ေနာက္​​ေျပာဦးမလား။ ဟင္​ '

' မ​ေျပာ​ေတာ့ပါဘူး..။ အ႐ွင္​့ရဲ႕​ေဒါသကို​ေၾကာက္​လို႔ပဲျဖစ္​ျဖစ္​မ​ေျပာ​ေတာ့ပါဘူး​ေနာ္​ '

' အင္​း .. အဲ့လိုမွ​ေပါ့ .... ဟားဟားဟား......'

ထိုသို႔ျဖင္​့ ႏွစ္​ဦးသားစရင္​​းေနာက္​ရင္​းျမင္​းမ်ားကိုႀကိဳးႏွင္​့ခ်ည္​ထား​ေသာ​ေနရာသို႔​ေရာက္​လာၾကသည္​။

' ဟင္​ ျမင္​းတစ္​​ေကာင္​ဘယ္​​ေရာက္​သြားၿပီလဲ '

Shi ၏ျမင္​းမ႐ွိ​ေတာ့​ေသာ​ေၾကာင္​့ Chiyo ကအံ့ျသ​ေနစဥ္​ Shi သည္​တိတ္​တိတ္​က​ေလးခိုးျပံဳး​ေန​ေလ၏။ ထို႔​ေနာက္​မွ

' ဒုကၡပါပဲ။ တစ္​​ေယာက္​​ေယာက္​ယူသြားၿပီထင္​တယ္​။ '

' ငါတို႔ထြက္​သြားတာခဏ​ေလးပါ။ ဒီအခ်ိန္​​ေလးအတြင္​းမွာခိုးသြားရလား။ ငါ့ႏိုင္​ငံမွာသူခိုး​ေတြဒီ​ေလာက္​​ေပါ​ေနၿပီ္​လား ဟင္​ Shi ..'

' အင္​း​ေနာ္​ ။ ​ေတာ္​​ေတာ္​ဆိုးတဲ့သူခိုး​ေတြပါပဲ။ '

' မင္​းကိုၾကည္​့ရတာ​ေျပာင္​စပ္​စပ္​နဲ႔ဘာျဖစ္​​ေနတာလဲ Shi ။ မူကိုမမွန္​ဘူး။ ထားပါ။ မင္​းရဲ႕ျမင္​းမ႐ွိ​ေတာ့မွ​ေတာ့ င့ါျမင္​းနဲ႔ပဲအတူတူသြားၾကတာ​ေပါ့။ '

Chiyo သည္​စကားတ​ေျပာ​ေျပာႏွင္​့ျမင္​း​ေပၚ​ေဆြ႔ခနဲခုန္​တက္​လုိက္​သည္​။ အ​ေသအခ်ာ​ေမြးျမဴ ထား​ေသာ​ေၾကာင္​့ခြန္​အားႀကီးမား​ေသာသူ၏ျမင္​းနက္​ႀကီးသည္​ ႏွစ္​ဦးစလံုးကိုသယ္​​ေဆာင္​ရန္​ အဆင္​သင္​့ျဖစ္​သလိုအားအင္​​မ်ား႐ွိ​ေန​ေလသည္​။

' လာ​ေလ ဘာလုပ္​​ေနတာလဲမတက္​ပဲနဲ႔။ ငါဘုရင္​ကမင္​းကိုျပန္​ပင္​့​ေနရတယ္​​ေနာ္​ Shi .. မင္​းဟာ​ေလတစ္​ကယ္​ပါပဲ။ '

Shi သည္​ျမင္​းကိုလြတ္​သြား​ေစ​ရန္​ရည္​ရြယ္​၍
​ႀကိဳးကိုတမင္​​မခ်ည္​ပဲထားခဲ့ျခင္​းကိုျပန္​​ေတြးမိကာ မ်က္​ႏွာပိုးမသတ္​ႏိုင္​ပဲ႐ွိ၏။ ထို႔​ေနာက္​ျမင္​း​ေပၚသို႔တက္​လိုက္​​ၿပီး Chiyo ၏အ​ေနာက္​တြင္​ကပ္​ကာထုိင္​လုိက္​၏။

' SHI !!! '

အ​ေနာက္​မွ႐ုတ္​တရက္​ထြက္​လာ​ေသာလက္​ႏွစ္​ဖက္​က ဖဲႀကိဳးတစ္​ခုျဖင္​့မ်က္​လံုးကိုအုပ္​ကာခ်ည္​လုိက္​​ေသာ​ေၾကာင္​့ ​ေအာ္​လိုက္​မိ​ေသာ Chiyo ၏အသံျဖစ္​သည္​။ ​ေမွာင္​မိုက္​သြား​ေသာျမင္​ကြင္​းႏွင္​့အတူ ​ေနာက္​ထပ္​ခံစားလုိက္​ရသည္​က သူ၏လက္​ႏွစ္​ဖက္​ကိုပါဖဲႀကိဳးက​ေလးႏွင္​့လာခ်ည္​​ေနျခင္​းျဖစ္​သည္​။ ခ်ည္​​ေန​ေသာႀကိဳးတုိ႔သည္​သူ႔ကိုမနာ​ေစ။ မနာ​ေစသည္​့အျပင္​သူ႔ရင္​မ်ားကိုပုိမိုလိႈက္​ခုန္​လာ​ေစသည္​။

' Shi ... ဘာလုပ္​မလို႔လဲ။ ​ေဟ့​ေကာင္​ '

Shi သည္​ဘာမွမ​ေျပာခင္​သူ႔ကိုအ​ေနာက္​​မွအားရပါးရဖက္​ထားလုိက္​သည္​။ ထို႔​ေနာက္​မွ

' Xiao Chi ...'

' ​ေျပာ ဘာတုန္​း'

' ဘုရင္​ကိုတစ္​ညတာျပန္​​ေပးဆြဲမယ္​ဆိုရင္​ အျပစ္​ဒဏ္​ကဘယ္​လိုမ်ဳိးျဖစ္​မလဲ။ '

' ဘယ္​သိမွာလဲ။ ငါကတရားသူႀကီးမင္​းမွမဟုတ္​တာ။ '

' အင္​း။ ဒါဆုိအျပစ္​မ႐ွိတာလဲျဖစ္​ႏုိင္​တာ​ေပါ့​ေနာ္​။ '

' Shi ​ေတာ္​​ေတာ့ကြာ .. ငါ ငါ '

' ဘာလဲ။ မင္​း႐ွက္​လာျပန္​ၿပီလား။ '

' ​ေတာ္​ၿပီ​ေတာ္​ၿပီ ငါမင္​းကိုစကားမ​ေျပာ​ေတာ့ဘူး။ '

Shi သည္​ဖက္​ထားရာမွေ႐ွ႕သို႔ထပ္​တိုးကာChiyo
၏ပါးျပင္​ထက္​သို႔တံဆိပ္​ကပ္​သလိုနမ္​း႐ိႈက္​လိုက္​​ေလသည္​။

ထို႔​ေနာက္​တြင္​​ေတာ့ လူသားႏွစ္​ဦးကိုတင္​​ေဆာင္​လာ​ေသာ ျမင္​းနက္​ႀကီးသည္​​ေတာအုပ္​က​ေလးထဲမွတ​ေရြ႔​ေရြ႔ႏွင္​့ထြက္​ခြာ​သြား​ေလ​ေတာ့သည္​။

​ေကာင္​းကင္​ယံမွ​ေငြလမင္​းသည္​လည္​း မီးခိုးတိမ္​မွွ်င္​တန္​းမ်ား၏အ​ေနာက္​သို႔အ​ေျပးက​ေလးတိုးဝင္​သြား​ေလ​ေတာ့သည္​။ ႐ွက္​​ေသြးျဖာ၍သာျဖစ္​လိမ္​့မည္​ ...။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

Unicode

သွေးရောင်ခြယ်နှလုံးသား Ep 27

နေရာကား YimNam နန်းမြို့တော်တွင်ဖြစ်၏။ စစ်မက်ပြီးစီးသည့်နောက် ပထမဆုံးကျင်းပသောပွဲတော်ဖြစ်သည့်အတွက် နန်းတွင်းသူ နန်းတွင်းသားအားလုံးမှာပျော်ရွှင်တက်ကြွနေကြသည်။ အမှုထမ်းများအားလုံးသည် ပြဲတော်အတွက်မိမိတို့ယူထားရသည့်တာဝန်တို့ကို တစ်စက်ကလေးမှမလစ်ဟင်းရအောင် ဆောင်ရွက်ရင်းအလုပ်ရှုပ်နေကြသည်။

နှင်းရည် နှင်းစက်တို ့ခြုံလွှမ်းကြီးစိုးသော ဆောင်းရာသီကုန်လွန်၍ မိုးရေစက်တို့ကျဲ ဖြန့် ရွာသွန်းသော
မိုးရာသီသို့ ကူးပြောင်းစအချိန်ရောက်နေပြီဖြစ်သောကြောင့် ရာသီဥတုသည် ယခုပင်မိုးရွာချတော့မလိုအှုံ့မှိုင်းရီဝေနေ၏။

သို့သော် နန်းရင်ပြင်တွင်ကျင်းပနေသောပွဲတော်၏ စည်ကားမှုသည် ရာသီဥတုကိုပင်သတိမထားမိလောက်အောင် အုံးအုံးကျတ်ကျတ်ရှိလှသည်။ မိဖုရား၊ ကြင်ယာတော်တို့၏ ဂုဏ်ကျက်သရေပြည့်ဝသောအလှနှင့် ရံရွှေတော် အပျိုရံများ၏ နုနယ်ပျိုမြစ်သောအလှသည် မြစ်၏ကမ်းပါးနှစ်ဖက်လို ၊ အကိုင်းအခတ်တစ်ခုတည်းမှပွင့်ဖူးသော ပန်းတို့လို မသိမသာယှင်ပြိုင်လျက်ရှိကြသည်။

ပြဲတော်၏ အလယ်မွ ကဆုန်ပေါက်၍ထွက်ပေါ်လာသော အတီးအမှုတ်တူရိယာသံတို့သည် လူအုပ်ကိုဖြတ်သန်းကျော်လွှား၍ အနီးအနားပတ်ဝန်းကျင်တစ်ခုလုံးသို့ သာယာနာပျော်ဖွယ်ပျံ့နှံ့သွား၏။

တော်ဝင်မိသားစုမွာတော့ ပြဲတော်၏အလယ်ဗဟိုတွင်ရှိနေကြသည်။ ရွှေသားအတိပြီးကာ နဂါးရုပ်များထွင်ထုထားသည့် ရာဇပုလ္လင်ပေါ်တွင် ခမ်းနားစွာထိုင်နေသူကတော့ ဘုရင်မင်းမြတ်ဖြစ်သူ Chiyo ပင်ဖြစ်လေသည်။ သူသည်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားရာ သူ၏ အနက်ရောင်တဖိတ်ဖိတ်ထသော ပိုးသားဝတ်ရုံပေါ်ရှိ အနုစိပ်ထိုးထားသောရွေချည်ထိုး နဂါးရုပ်မ်ားမွာ ချက်ချင်းပင်ခုန်ထွက်လာတော့မယောင် လက်ရာမြောက်လွလေသည်။ ထိုဝတ်စုံကြောင့်လည်း သူ၏ခန့်ညားမှုသည် ပိုမိုတိုးလို့သွားသည်။

ထို့နောက် ဤနေရာတွင် တော်ဝင်မိသားစုများလည်းအစုံအလင်ရှိနေကြသည်။ မိဖုရား Rumi ၏ ဖခင် Yazami စစ်သူကြီးနှင့် သူမ၏အစ်ကိုတော်၊ နောက် Chiyo ၏ညီတော်မ်ား အားလုံးပင်ဖြစ်သည်။

Irusu လည်းပါဝင်သည်။ သူကတော့ Chiyo မဖိတ်ခေါ်ပဲရောက်ရှိလာခြင်းဖြစ်သည်။ လူစုံနေရသည့့်အကြောင်းမွာတော့ အခြားမဟုတ် သားတော်လေး ရက်တစ်ရာပြည့်မွေးနေ့ပွဲနှင့် အမည်ကင်ပွန်းတပ်ပြဲကြောင့်ပင်ဖြစ်လေသည်။

Kiyoko ဟု အမည်ပေးထားသောသားတော်ကလေးသည် Rumi ၏ ရင်ခွင်ထဲမွနေ၍ ဟိုသည်လျောက်ကြည့်လို့နေသည်။ ထိုအမည်ကို Chiyo ပေးခဲ့ခြင်းဖြစ်ပြီး အဓိပ္ပါယ်မွာ pure child ဟူ၍ဖြစ်လေသည်။

Rumi သည် သားတော်ကလေးကို အထိန်းတော်လက်ထဲတွင်အပ်မထားပဲ အျမဲလိုလို ကိုယ်တိုင်ထိန်းလေ့ရှိသည်။ Chiyo ကိုစိတ်တိုင်းက်ပေးအပ်ခွင့်မရသော မေတ္တာတို့ကို သားတော်လေးထံတွင်ပုံအပ်ထားခြင်းဖြစ်သည်။

Chiyo သည် သူမအား ဂရုစိုက်သင့်သလောက်မစိုက်သော်လည်း သားတော်လေးရှိလာပြီမို့ Chiyo အားအရင်လို အပြစ်တင်ဆိုးနွဲ့ခြင်းမျိုးမပြုတော့ပဲ စိတ်အာရုံတွေအားလုံးကိုသားတော်လေးထံတွင်ပင်မြှုပ်နှံထားလိုက်တော့သည်။ သို့သော်လည်း Chiyo က သားတော်လေး၏နာမည်ကို ကိုယ်တိုင်ပေးခဲ့သည်မို့
ထို့အတွက်တော့ပျော်ရသည်။ အနည်းဆုံးတော့ Chiyo သည် သူမကိုမချစ်သည့်တိုင် သားတော်လေးကိုတော့ တွေ့လိုက်တိုင်း တရှုံ့ရှုံ့ ပွေ့ချီ နမ်းရှိုက်
သည်အထိချစ်လေသည်။

ယခုလည်း Chiyo သည် ဖျော်ဖြေမှုများကိုကြည့်နေသည့်တိုင် သားတော်ကလေးကိုခဏခဏကြည့်နေသေးသည်။ သားတော်ကလေး၏ နီထွေးသောပါးမို့ရဲလေးကိုလည်း လက်ညှိုးကလေးဖြင့်တစ်ချက်တစ်လျက်လာတို့ကြည့်သေးသည်။ ထို့ကြောင့် Rumi စိတ်တို့သည် လွန်စြာပျော်ရွှင်ကြည်နူးလို့နေလေ၏။

သို့သော် Rumi မသိသည်က Chiyo သားတော်ကလေးကို မကြည့်သည့် အချိန်တိုင်းတွင် သူ့မျက်လုံးများ ကျက်စား ပျော်မွေ ့ရာ နေရာမှာ ကျပဖျော်ဖြေနေသည့် ကချေသည်များလည်းမဟုတ်၊ သာယာငြိမ့်ညောင်းသော စောင်းသံတို့ကိုဖန်တီးပေးနေသည့် လက်ပိုင်ရှင်များလည်းမဟုတ်၊ မနက်ခင်း၏နေရောင်ခြည်လို လတ်ဆတ်လွပသော မင်းသမီးငယ်များလည်း မဟုတ်ပဲ ဓားရှည်တစ်ချောင်းကိုကိုင်ကာ ကျောက်ရုပ်တစ်ရုပ်လိုရပ်၍ ဤနေရာတွင် အန္တရာယ်အငွေ့အသက်ရှိမရှိကို အနံ့ခံနေသည့် ယောကျာ်းပျို တစ်ဦးထံတွင် ဆိုတာကိုပင်။

ခဏအကြာ ရဲမက်မ်ားဓားရေးပြသည့်အချိန်ရောက်သောအခါ Chiyo သည် Shi ရှိရာဆီသို့ လျောက်သွားလိုက်သည်။ လက်ထဲတွင်လည်း သေရည်ထည့်ပြီးသား ခွက်ကလေးနှစ်ခွက်ပါသြား၏။

' Shi ....'

Chiyo ပေးသော သေရည်ခွက်ကို Shi ယူလိုက်သော်လည်း သောက်ရန်တော့တုန့်ဆိုင်းနေမိသည်။ ကိုယ်ရံတော်ဖြစ်သူ သူက မူးနေလျှင် အရှင်သခင်အားဘယ်လိုမ်ားစောင့်ရှောက်နိုင်ဦးမွာလဲ ဟူသော အတွေးသည် သူ့ခေါင်းထဲတွင် သံမှိုလိုစွဲကပ်နေခဲ့သောကြောင့်ဖြစ်သည်။

' သောက်လေ ... ' ဟုဆိုကာ Chiyo က ခွက်ခြင်းတိုက်၍သောက်လိုက်သောအခါ Shi လည်း Chiyo စိတ်ကျေနပ်အောင်သောက်ရန်ဆုံးဖြတ်ကာမော့သောက်လိုက်ရတော့၏။

ထို့နောက် Chiyo သည် ထိုင်ခုံနေရာသို့ပြန်မသြားတော့ပဲ ကျန်ရှိနေသည့်ဖျော်ဖြေရေးများကို Shi နှင့်အတူ ထိုနေရာတွင် မတ်တပ်ရပ်ကာ ကြည့်နေခဲ့သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

ပြင်ပလောကသည်လွန်စြာဆူညံနေသေးသော်လည်း တော်ဝင်နန်းဆောင်သည်တော့တိတ်ဆိတ်လွန်းနေသည်။ တိတ်ဆိတ်လွန်းသည်မွာ Chiyo လက်ချောင်းလေးများ၏လှုပ်ရှားမှုကြောင့်ထွက်ပေါ်လာသည့်စာရွက်လှန်သံ၊ အဖြူ ရောင်ဆွတ်ဆွတ်ကြွေခရားထဲမှ ရေနွေးက ကြွေခွက်ငယ်ထဲသို့ကျလာသံ၊ ခွက်ငယ်ကိုအသာယူသောက်လိုက်ပြီးနောက် ပြန်ချလိုက်သည့်အသံ ကိုပင်ကြားနေရသည်။

သို့သော်ထိုတိတ်ဆိတ်မှုအထဲမှကြည်လင်ပြတ်သားသည့်အသံတစ်သံထွက်ပေါ်လာသည်။

' ဒီတစ်ခါတော့ အစ်ကိုတော့်အမိန့်အတိုင်း ညီတော်လိုက်မလုပ်နိုင်တော့ဘူးထင်ပါတယ် အစ်ကိုတော်။ အဲဒီအတွက် ညီတော့်ကိုနားလည်ခွင့်လွှတ်စေချင်ပါတယ်။ '

Irusu သည် ကြောက်ရွံ့ခြင်းဟူ၍စိုးစဉ်းမျှမရှိပဲ Chiyo မျက်လုံးများကိုတည့်တည့်ကြည့်ကာပြောနေခြင်းဖြစ်သည်။ ဒေါသများကိုထိန်းချုပ်ထားဟန်တူသောသူ့မျက်နှာတွင် စိုးရိမ်မှုနှင့်မကျေနပ်မှုကလည်းတစ်လှည့်စီဖြတ်ပြေးနေသည်။

Chiyo သည်စာအုပ်ထံမှအကြည့်မ်ားကို Iru ထံသို့လွှဲပြောင်းပြီးနောက် သက်ပြင်းတစ်ချက်ကိုစိတ်မရှည်ဟန်ဖြင့်ချလိုက်သည်။

' ဟန်နိုင်ငံဆီကိုသမက်တော်အဖြစ်သွားဖို့။ ဟန်ဘုရင်ရဲ့အချစ်ဆုံးသမီးတော်ကိုလက်ဆက်ဖို့။ ဒါဟာ အိမ်ရှေ့စံဖြစ်ခွင့်မရတဲ့မင်းသားတိုင်းလိုချင်ကြတဲ့အခွင့့်အရေးတစ်ခုပဲ Iru ။ ဟန်ဘုရင်မရှိတော့တဲ့နောက် ဘုရင်ဖြစ်လာနိုင်တဲ့အခွင့်အရေးမျိုးကိုဘယ်မင်းသားမှလက်မလွှတ်ချင်ကြဘူး။ အခု။ အဲ့ဒီ့အခွင့်အရေးကိုပေးနေတာ။ မင်းကို။ ဘဝတစ်ခုလုံးကိုနယ်စပ်မှာအချိန်ကုန်ဆုံးမယ့်တပ်မှုးဘဝထက်စာရင် ဟန်နိုင်ငံမှာသမက်တော်အဖြစ်သိက္ခာရှိရှိနေရင်း မင်းရဲ့ဘဝကိုမြှင့်တင်လိုက်တာပိုမကောင်းဘူးလား။ ဒါကိုမင်းကငြင်းဆန်ချင်နေတာလား။ '

' အစ်ကိုတော့်စေတနာကိုရင်ထဲကလှိုက်လှိုက်လွဲလွဲကျေးဇူးတင်ပါတယ် အစ်ကိုတော်။ ဒါပေမယ့် ညီတော်တစ်ဖက်နိုင်ငံမွာမနေချင်ဘူး။ မဟုတ်သေးဘူး။ ညီတော်ဒီနိုင်ငံကတစ်ဖဝါးမှမခွာနိုင်တာဆိုပိုမှန်တယ်။ ဘယ်လိုရာထူးမျိုးနဲ့ပဲနေရနေရ ဒီနိုင်ငံမွာပဲနေချင်ပါတယ်။ အဲ့ဒါညီတော့်ရင်ထဲကဆန္ဒအမှန်ပါပဲ။ '

' မဖြစ်နိုင်ဘူး Iru .. ငါစကားတွေလွန်ခဲ့ပြီးပြီ။ လက်ထပ်ပွဲအတွက် ဟန်ဘုရင်နဲ့အရာရာပြောဆိုခဲ့ပြီးပြီ။
မင်း။ အဲ့ဒီ့နိုင်ငံကိုသမက်တော်အဖြစ်သွားကိုသွားရမယ်။ '

' သူ့ကိုအဲ့သလောက်တောင်ချစ်သလား အစ်ကိုတော်။ ညီအစ်ကိုသံယောဇဉ်ကိုဖြတ်ပြီး ကျွန်တော့်ကိုတစ်ဖက်နိုင်ငံကိုပို့ပစ်ရလောက်အောင်လေ။ '

' နိုင်ငံ့အရေးကိုပြောနေချိန်မွာ ကိုယ်ရေးကိုယ်တာတွေမပြောနဲ့ Iru ။ ဟန်နိုင်ငံကကမ်းလှမ်းတဲ့လက်ထပ်ပွဲကိုငါဟာလက်ခံခဲ့တယ်။ ဒါဟာလည်း စစ်ကိုတားပြီးချစ်ကြည်ရေးတည်ဆောက်ဖို့နဲ့ မင်းတစ်ချိန်ဘုရင်ဖြစ်လာနိုင်တဲ့အခွင့်အရေးကိုရှေးရှုခဲ့လို့ပဲ ။ '

' အစ်ကိုဟာအဆုံးထိဝန်မခံဘူးပဲ။ ကောင်းပြီလေ။
ဒါဆိုလည်း အဲဒီအခွင့်အရေးကိုအစ်ကိုတော်ပဲအပြည့်အဝယူလိုက်ပြီး မင်းသမီးကိုလက်ထပ်။ နိုင်ငံနှစ်နိုင်ငံရဲ့ဘုရင်လုပ်လိုက်ပါ။ '

' မင်း ...။ '

Iru သည်ဆက်ပြီးထိုင်မနေတော့ပဲမတ်တပ်ထရပ်လိုက်သည်။ သူ့မျက်နှာသည်လွန်စြာမာကြောတောင့်တင်းနေ၏။ ထို့နောက်

' နိုင်ငံကအကြပ်အတည်းဖြစ်နေလို့ညီတော့်ကို ရောင်းစားတဲ့အနေနဲ့ သမက်တော်အဖြစ်ပို့တယ်ဆိုရင်တောင် ညီတော်သွားနိုင်ပါသေးတယ်။ ဒါပေမဲ့ အခုဟာက အစ်ကိုတော့်အတ္တအတွက်ဖြစ်နေလေတော့ ညီတော်သွားနိုင်မယ်မထင်ဘူး။ ခွင့်လွှတ်ပါလို့ပြောချင်ပေမယ့်ညီတော်မှားခဲ့တာမရှိဘူးထင်တယ်။ '

' မင်းတစ်ကယ်ဘုရင်မဖြစ်ချင်ဘူးလား။ '

' တော်တော့အစ်ကိုတော်။ တော်ပါတော့။ ဒီစကားကိုဆက်မပြောပါနဲ့တော့။ ပြီးတော့ အစ်ကိုတော်သိလား ညီတော်သာ ဘုရင်တစ်ပါးဖြစ်လာမယ်ဆိုရင် ဘာကိုပဲရင်းရရင်းရ ညီတော်အလိုချင်ဆုံးအရာကို တိုက်ယူမိလိမ့်မယ်။ အဲဒါကြောင့်ညီတော်တို့ကြားမှာရှိတဲ့နောက်ဆုံးသံယောဇဉ်လေးကိုမဖြတ်ချင်ပါနဲ့။ လမ်းကိုအဆုံးထိမသွားချင်ပါနဲ့။ '

' မင်းကပုန်ကန်ချင်နေတာပဲ '

'အစ်ကိုတော် ! '

Iru ၏အော်သံကျယ်လောင်ပုံမှာ တံခါးအပြင်ဘက်တွင်ရပ်နေသည့် Shi နှင့် အပျိုတော်များပါကြားနိုင်သည်။

' ငါဟာဘုရင်ဆိုတာကိုမင်းမမေ့နဲ့ Irusu ။ မင်းကငါသေဆိုသေ ရှင်ဆိုရှင်ရမယ့်ဖြစ်တည်မှုမျိုးပဲ။ ငါကအမိန့်တစ်ခုချလိုက်တဲ့အခါ မင်းကလုပ်ချင်တယ်မလုပ်ချင်ဘူးဆိုတာကိုရွေးချယ်ဖို့မစဉ်းစားမိလောက်အောင်ကို နာခံဖို့အဆင်သင့်ဖြစ်နေရမယ်။ အဲ့ဒီလိုမှမဟုတ်ရင် ဒါဟာပုန်ကန်တာပဲ။ '

' အစ်ကိုတော်ကြိုက်တဲ့ခေါင်းစဉ်တပ်ပါ။ ညီတော်ကတော့နာခံမှာမဟုတ်ဘူး။ ဒီကိစ္စကိုတော့လုံးဝပဲအစ်ကိုတော် ... လုံးဝပဲ။ '

Iru အခန်းထဲမှလှည့်ထွက်ရန်လုပ်သောအခါ Chiyo က

' မင်းဒီအခန်းထဲကထွက်သြားတဲ့အခါ မင်းအတွက်ဘဝအသစ်နှစ်ခုရှိတယ် Iru ။ ဟန်နိုင်ငံရဲ့သမက်တော်အဖြစ်။ ဒါမှမဟုတ် ပုန်ကန်သူအဖြစ်။ မင်း။ သေချာစဉ်းစားပြီးရွေးချယ်ပါ။ '

' ထပ်ပြီးစဉ်းစားစရာမလိုတော့အောင်ကို ဒုတိယတစ်ခုကိုပဲ ကျွန်တော်ရွေးတယ် အစ်ကိုတော်။ လူတွေကိုပြောလိုက်စမ်းပါ။ ကျွန်တော်သစ္စာဖောက်ကောင်ကြီးက အရှင့်ကိုပုန်ကန်ဖို့တစ်ချိန်လုံးကြိုးစားနေခဲ့တယ်လို့ .... ဟားဟားဟားဟား....'

Iru အခန်းထဲမှထွက်လာသောအခါ မျက်ရည်များကျဆင်းနေသည်ကို Shi မြင်လိုက်ရသည်။ သူ့ကိုကြည့်နေသော Iru မျက်လုံးများသည်ယခင်နဲ့မတူ ဖျော့တော့နာကျင်နေသည်။

' အရှင်နဲ့ဘာတွေများဖြစ်လာတာလဲ .. အရှင့်သား '

' ကျွန်တော့်ကိုသေချာကြည့်ပါ Shi ။ ဒါဟာ ကျွန်တော်တို့ရဲ့နောက်ဆုံးတွေ့ဆုံမှုဖြစ်သွားနိုင်တယ်။ '

' ဘာတွေဖြစ်ခဲ့ကြလို့လဲ '

' SHI !!! အထဲကိုဝင်ခဲ့ '

Chiyo ၏ခေါ်သံကြောင့် Shi စကားဆက်ပြောခွင့်မရတော့ဘဲ အထဲသို့ဝင်ရန်ခြေဦးလှည့်ရ၏။

' အရှင်ခေါ်နေလို့အထဲကိုဝင်ရတော့မယ် Iru ။ ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ '

Shi သည်ထိုတစ်ခွန်းပြောကာအထဲသို့ဝင်ခဲ့၏။ ကျန်ရစ်ခဲ့သော Iru ကတော့ Shi ကျောပြင်လေးပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

အချိန်ကား ကောင်းကင်တွင်နေရောင်ခြည်များထုနှင့်
ထည်နှင့်ကျန်ရှိနေသေးသည့်အချိန်ဖြစ်သော်လည်း ထိုနေရောင်ခြည်များသည်ဝါးပင်စိမ်းစိမ်းများထူထပ်စြာပေါက်ရောက်နေသည့် တောအုပ်ကလေးထဲသို့
ရောက်မလာနိုင်ပေ။ လေနုအေးကလေးသည်လည်း
စိမ်းမြနေသောဝါးတောအုပ်ထဲရှိ ဝါးရွက်များကြားသို့တိုးတိုက်လာရသည်ဖြစ်ရာလွန်စြာအေးမြလို့နေသည်။ မြို့နောက်ဘက်ရှိဤတောအုပ်ကလေးသည် လူနေအိမ်တို့နှင့်လည်းဝေးလံသည်ဖြစ်ရာလွန်စွာငြိမ်းအေးပြီး သာယာလွပနေသည်။ ဝါးရွက်တို့၏ရနံ့ခပ်သင်းသင်းကလည်းတောလမ်းတစ်လျောက်လုံးပျံ့နှံ့လျက်ရှိသည်။ ဤလှပမှုတို့ကိုပို၍ပံ့ပိုးလိုက်သည်မွာ မနီးမဝေးတွင်ရစ်ခွေစီးဆင်းနေသည့်စမ်းချောင်းငယ်ကလေးပင်ဖြစ်သည်။ စမ်းချောင်းကလေးမှရေစီးသံသည် ဝါးရွက်တို့၏ရနံ့ကဲ့သို့ပင်ထိုတောအုပ်လေးတစ်ခွင်တိုးတိမ်စွာဖြန့်ကျက်လျက်ရှိသည်။

ထိုတိတ်ဆိတ်သောနေရာတွင်ပေါ်ပေါက်လာသည့်တစ်ခုတည်းသောအသံကား မြင်းခြာသံကလေးများပင်ဖြစ်၏။ တောအုပ်ကလေးထဲသို့တဖြည်းဖြည်းဝင်လာသောမြင်းနှစ်ကောင်၏ခွာသံတို့သည် တစ်စတစ်စတိုးတိတ်သြားကာနောက်ဆုံးရပ်သြား၏။

' ဒီနေရာလောက်သာယာတဲ့နေရာမရှိတော့ဘူးထင်တယ်။ လမ်းဆင်းလျှောက်ရအောင် '

Chiyo သည် Shi ကိုကြည့်ပြီးပြောလိုက်ရင်း အနက်ရောင်တဖိတ်ဖိတ်ထနေသောသူ၏စီးတော်မြင်းပေါ်မှခုန်ချလိုက်သည်။ Shi ကလည်းသူ့နည်းတူပင်လုပ်၏။ နောက် နှစ်ဦးသား မြင်းတို့ကိုတစ်နေရာတွင်ချည်ထားခဲ့ပြီးနောက် ထိုတောတန်းလေးတစ်လျောက်လမ်းလျောက်ခဲ့ကြသည်။

Shi သည်လမ်းလျောက်နေရင်းနှင့် Chiyo နှင့် Iru ကြားကပြသနာကိုစဉ်းစားနေမိသည်။ နှစ်ဦးသား၏ဆက်ဆံရေးသည်တဖြည်းဖြည်းဆိုးရွားလာသည်ဟုထင်မိသောကြောင့် ယခုထက်ပို၍ဆိုးရွားလာမည်ကိုအနည်းငယ်ပူပန်နေမိသည်။

Shi သည်ထိုအကြောင်းကိုမေးရန်စဉ်းစားနေရင်း Chiyo ၏ ဖော့ဖယောင်းလိုသွယ်ပျောင်းနုဖတ်သောလက်ကလေးကိုအသာတွဲလိုက်၏။ သူကလက်ကိုတွဲလိုက်သောအခါ Chiyo သည်သူ့မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီး ခပ်စစပြုံးသောမျက်နှာတွင်ရှက်ရိပ်ကလေးဆတ်ခနဲဖြတ်ပြေးသွားပြီးမှ သူ့ထံမှအကြည့်တို့ပြန်လည်ဖယ်ခွာသွားသည်။ Shi သည် Chiyo ၏ထိုပုံစံကလေးကိုကြည့်ရင်း ရင်ထဲမှလှိုက်လှိုက်လှဲလှဲကြည်နူးမိပြီး အသဲတယားယားဖြစ်နေလေသည်။ ထို့နောက်မွ

' Iru နဲ့ဘာတွေဖြစ်ခဲ့တာလဲ Xiao Chi သူဒီနေ့မင်းကိုအော်လိုက်တဲ့အသံ..။ အဲ့လိုအသံမျိုးနဲ့သူမင်းကိုတစ်ခါမွမအော်ဖူးဘူး။ သူ တစ်ခါမွဒီနေ့လိုပုံစံမဖြစ်ဖူးဘူး။ '

ဟု Shi မေးနေသောအခါ Chiyo သည်မကြားသလိုလုပ်နေလေသည်။

' ဟိတ်..'

' မင်းကတစ်ကယ်သိချင်လို့လား။ '

' သိချင်တာပေါ့။ မင်းဘေးမှာရှိနေတဲ့ငါက မင်းအကြောင်းတွေကိုမသိချင်ဘူးဆိုရင် အဲ့ဒါဟာငါအတုပဲဖြစ်လိမ့်မယ်လေ မဟုတ်ဘူးလား။ '

' ဟား .. ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းသိချင်တယ်ဆိုတော့လည်းငါပြောပြမှာပေါ့။ အင်း အခုမပြောလည်းနောင်သိမယ့်ကိစ္စပါပဲလေ။ Iru ။ သူ ။ သူ ... '

' သူဘာဖြစ်လဲ ဆက်ပြောလေ '

Chiyo သည်ပြောရန်အနည်းငယ်တွေဝေနေပြီးမှ

' သူ ။ ပုန်ကန်ဖို့ကြိုးစားနေတယ် Shi ။ သူနယ်စပ်မွာနေနေတဲ့တစ်လျောက်လုံး ငါမသိအောင်ကိုယ်ပိုင်စစ်တပ်တစ်ခုကိုတိတ်တိတ်လေးမွေးနေတယ် '

' ဘာ .. ဘာပြောတယ်။ ဘယ်လိုဖြစ်ရတာလဲ။ သေချာရဲ့လား Xiao Chi .. သူကမင်းနဲ့အရင်းနှီးဆုံး ညီတော်တစ်ပါးလေ။ '

' အင်း။ ဟုတ်တယ်။ ဒါပေမဲ့အရာအားလုံးပြောင်းလဲသွားခဲ့ပြီ။ အရင်တုန်းကဟုတ်ရင်တောင် အခု .. မဟုတ်တော့ဘူး။ '

' ဒါအမှန်ဆိုတာငါတော့ဘယ်လိုမှမယုံနိုင်ဘူး Xiao Chi ။ သူကအာဏာကိုတပ်မက်တဲ့သူမဟုတ်ဘူးလေ။ ဒါကိုမင်းလည်းသိခဲ့တယ်မဟုတ်လား။ ဒါတစ်ခုခု အထင်လြဲမွားနေတာမဟုတ်ဘူးလား။ မင်းတို့နှစ်ယောက်ရဲ့ချစ်ခင်ရင်းနှီးမှုကိုတစ်ယောက်ယောက်ကဖြိုခွဲဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ သေချာစုံစမ်းစစ်ဆေးပြီးပြီလား။ '

Chiyo သည် မေးခွန်းမ်ားကိုမဖြေပဲစိတ်ရှုပ်ဟန်ဖြင့် လမ်းကိုဖြည်းညှင်းစြာလျောက်နေရင်းမွ ရှေ့နားတွင်မြင်နေရသောတောင်ကုန်းငယ်လေးတစ်ခုပေါ်သို့
တက်သွားလိုက်သည်။ သူ၏မျက်ခုံးနှစ်ခုတို့သည်အလယ်တွင်စုဆုံနေ၏။ တောင်ကုန်းထိပ်သို့ရောက်သောအခါ လက်နှစ်ဖက်ကိုအနောက်သို့ပစ်၍ချိတ်ထားကာ နန်းတော်ရှိရာဆီသို့လှမ်းမျှော်ကြည့်နေသည်။ ထို့နောက် ရှည်လ်ားလေးပင်သောသက်ပြင်းတစ်ချက်ကိုချလိုက်ပြီးမှ Shi ဘက်ကိုလှည့်ကာပြော၏။

' သူ့ကိစ္စကိုငါသေချာကြည့်ရှင်းပါမယ် Shi ..။ ဒီအကြောင်းတွေနဲ့ပက်သက်ပြီး မင်းသိပ်မတွေးပါနဲ့။ ငါမင်းကို ခေါင်းမရှုပ်စေချင်ဘူး။ ဒါတွေကိုငါတစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်။ '

' ဒါဟာအထင်လွဲမှားမှုတစ်ခုဖြစ်ရင်သိပ်ကောင်းမယ် Xiao Chi .. ။ '

' ဘာလို့လဲ။ မင်းကသူ့ကို ထိခိုက်မှာစိုးရိမ်လို့လား '

' မဟုတ်ဘူး Xiao Chi .. ။ ငါက မင်းမှာရှိတဲ့။ မင်းကိုချစ်တဲ့ ညီငယ်တစ်ယောက်ကိုဆုံးရှုံးသွားမှာကိုစိုးတာ။ ဒီကိစ္စသာသတင်းအမှန်မဟုတ်ပဲ သူ့ကိုမှားယွင်းပြီးအပြစ်ပေးမိလိုက်မယ်ဆိုရင် ဒါဟာဘယ်လိုမွဖြေမဆည်နိုင်စရာကိစ္စပဲ၊ ညီအစ်ကိုသံယောဇဉ်ကြားမှာကြီးမားတဲ့ထိခိုက်မှုကြီးပဲ။ ပြီးတော့ငယ်ငယ်လေးကတည်းကအခုအထိမင်းမှာရှိသမျှညီတော်တွေထဲသူဟာ မင်းကိုအချစ်ဆုံးနဲ့ အကောင်းခဲ့ဆုံးညီတော်လေ။ အဲ့ဒီ့လိုညီငယ်တစ်ယောက်ကိုမင်းကိုမဆုံးရှုံးစေချင်ဘူး။ '

' မင်းရှိတာပဲ Shi ။ မင်းဟာငါ့ရဲ့ညီ၊ ငါ့ရဲ့အစ်ကို၊ ငါ့ရဲ့မိသားစုဝင်ပဲ၊ ငါ့ဆီမှာမင်းသာရှိနေရင် သူမရှိလဲဖြစ်တယ်။ ငါ့အတွက်ဘာမှထိခိုက်သွားမှာမဟုတ်ဘူး။ မင်းအများကြီးမပူပါနဲ့။ '

Shi သည်စကားတစ်ခွန်းကိုပြောရန် Chiyo ကိုတွေဝေစွာကြည့်ရင်းအကြာကြီးအားယူလိုက်ပြီးမှ တစ်လုံးခြင်းပြောလိုက်သည်။

' ငါမရှိတော့ရင်ရော။ တစ်နေ့။ ငါမရှိတော့ရင်မင်းဘယ်လိုလုပ်မလဲ။ ငါဟာနှစ်တစ်ရာအထိအသက်ရှင်နေမယ်လို့ဘယ်သူကမှမသတ်မှတ်ပေးထားဘူးလေ Chiyo ။ ငါမရှိမယ့်တစ်နေ့အတွက်စဉ်းစားပြီးတော့ပဲဖြစ်ဖြစ် သူတစ်ယောက်တော့မင်းအနားမှာအကြားကြီးရှိနေသင့်တယ်မဟုတ်ဘူးလား။

ထိုမေးခွန်း၏အဖြေကိုငေးငိုင်စွာစဉ်းစားနေသော Chiyo သည်တိမ်ဖြူ ပါးများလွင့်မျောလာရာအရပ်ကိုငေးမောနေပြီးမှ အားလျော့စွာပြောသည်။

' ငါ့အနားမှာမင်းမရှိတော့ဘူးဆိုရင်တော့ ငါဟာအရက်သမားကြီးပဲလုပ်နေလိုက်တော့မယ် Shi ။ Iru ကိုလည်းမလိုဘူး။ ဘယ်သူ့ကိုမှလည်းမလိုဘူး။ ငါ့မှတ်ဉာဏ်တွေကိုဖရိုဖရဲဖြစ်စေမယ့် အရက်တွေကိုပဲငါလိုပါတယ်။ '

ထိုစကားကိုကြားသောအခါ Shi သည် Chiyo အား အနောက်နေ၍ရင်ခွင်ထဲမြုပ်ဝင်သြားအောင်သိုင်းဖက်ထားလိုက်၏။

ထို့နောက်မွ ' မင်းတစ်ကယ်ပြောနေတာလား။ ' ဟု တိုးတိုးကလေးမေး၏။ ထိုအခါ Chiyo ကပြန်၍ ' မင်းကရော အခုသေပစ်တော့မလို့လား ' ဟုရန်တွေ့ဟန်ဖြင့်ပြန်လည်ပြောဆိုလိုက်သည်။

' ငါကသေလို့ဘယ်ဖြစ်ဦးမလဲ။ မင်းကငါ့အတွက်
မင်းသားလေး Kiyoko လို သားတော်လေးတစ်ပါးမွေးပေးတဲ့အထိစောင့်ရဦးမယ်လေ .. '

' ဘာ ဘာပြောတယ်။ မင်းကဘုရင်ကိုကလေးမွေးခိုင်းနေတာလား။ ဟမ် Shi '

' အင်း။ သမီးတော်လေးဆိုလည်းဖြစ်ပါတယ်။ '

' တော်တော်တော်။ ငါ့ကိုလာစမနေနဲ့။ ပြောရုံနဲ့တင်ကြတ်သီးထတယ်။ ကဲပါမကြာခင်မှောင်တော့မယ်။ ပြန်ကြရအောင်။ '

Chiyo သည်ပြန်မည်ဟုဆိုကာတောင်ကုန်းပေါ်မှ ခပ်သုတ်သုတ်ပြေးဆင်းသွားသည်။ ထိုအချိန်တွင်
Chiyo ၏မျက်နှာလေးသည်အရက်လည်းမသောက်ထားပါပဲ အနည်းငယ်နီမြန်းကာ နှာခေါင်းထိပ်ကလေးများဆိုလျင်ပိုမိုရဲတွတ်နေ၏။

' Chiyo ... စောင့်ဦးလေ။ Xiao Chi ....... အရှင်လေး.....'

Shi သည်သူ့အနောက်ကိုပြေးလိုက်လာကာ သူ့ပုခုံးပေါ်တွင်လက်ကိုတင်ကာဖက်လိုက်၏။

' တစ်ယောက်တည်းလျောက်သွားရင်း တောထဲမှာလမ်းပျောက်နေပါ့မယ်။ တော်ကြာတောကောင်တွေထွက်လာပြီးကိုက်နေဘယ့်နှယ့်လုပ်မလဲ။ '

' တော်စမ်းပါ Shi ရာ။ တောကောင်လောက်တော့ငါကမှုရမှာလား။ မင်းမမှတ်မိဘူးလား။ ငါတို့စတွေ့တုန်းကမင်းနဲ့ Aki ကြောက်လို့တုန်နေချိန် ငါနဲ့ Komo ကတောထဲမှာမြင်းကိုယ်စီနဲ့လျောက်သြားနေခဲ့တာလေ။ မဟုတ်ဘူးလား။ '

' မင်းအဲ့ဒါကိုမှတ်မိသေးတယ်။ ဟုတ်လား။ '

' မင်းရော မေ့လို့လား။ '

' ဒါနဲ့အဲ့ဒီ့တုန်းကလူဆိုးတွေလိုက်လို့ထွက်ပြေးတာမဟုတ်ဘူးလား ..။ '

' Grrrrrr Shikiyo ... မင်းတော်လိုက်တော့ '

ဟုဆိုကာ Chiyo သည် Shi လည်ဂုတ်ကိုလက်တစ်ဖက်ဖြင့်ဆွဲဖက်ခိုကာ ချုပ်ထားဟန်လုပ်လိုက်သည်။

' အား ... ချမ်းသာပေးပါ အရှင် .. ကျေးဇူးပြု ပြီးချမ်းသာပေးပါ ..။

' မှတ်ပလား။ နောက်ပြောဦးမလား။ ဟင် '

' မပြောတော့ပါဘူး..။ အရှင့်ရဲ့ဒေါသကိုကြောက်လို့ပဲဖြစ်ဖြစ်မပြောတော့ပါဘူးနော် '

' အင်း .. အဲ့လိုမွပေါ့ .... ဟားဟားဟား......'

ထိုသို့ဖြင့် နှစ်ဦးသားစရင်းနောက်ရင်းမြင်းများကိုကြိုးနှင့်ချည်ထားသောနေရာသို့ရောက်လာကြသည်။

' ဟင် မြင်းတစ်ကောင်ဘယ်ရောက်သွားပြီလဲ '

Shi ၏မြင်းမရှိတော့သောကြောင့် Chiyo ကအံ့ျသနေစဉ် Shi သည်တိတ်တိတ်ကလေးခိုးပြုံးနေလေ၏။ ထို့နောက်မွ

' ဒုက္ခပါပဲ။ တစ်ယောက်ယောက်ယူသွားပြီထင်တယ်။ '

' ငါတို့ထွက်သြားတာခဏလေးပါ။ ဒီအချိန်လေးအတွင်းမွာခိုးသြားရလား။ ငါ့နိုင်ငံမွာသူခိုးတွေဒီလောက်ပေါနေပြီ်လား ဟင် Shi ..'

' အင်းနော် ။ တော်တော်ဆိုးတဲ့သူခိုးတွေပါပဲ။ '

' မင်းကိုကြည့်ရတာပြောင်စပ်စပ်နဲ့ဘာဖြစ်နေတာလဲ Shi ။ မူကိုမမှန်ဘူး။ ထားပါ။ မင်းရဲ့မြင်းမရှိတော့မှတော့ င့ါမြင်းနဲ့ပဲအတူတူသွားကြတာပေါ့။ '

Chiyo သည်စကားတပြောပြောနှင့်မြင်းပေါ်ဆွေ့ခနဲခုန်တက်လိုက်သည်။ အသေအချာမွေးမြူ ထားသောကြောင့်ခွန်အားကြီးမားသောသူ၏မြင်းနက်ကြီးသည် နှစ်ဦးစလုံးကိုသယ်ဆောင်ရန် အဆင်သင့်ဖြစ်သလိုအားအင်များရှိနေလေသည်။

' လာလေ ဘာလုပ်နေတာလဲမတက်ပဲနဲ့။ ငါဘုရင်ကမင်းကိုပြန်ပင့်နေရတယ်နော် Shi .. မင်းဟာလေတစ်ကယ်ပါပဲ။ '

Shi သည်မြင်းကိုလွတ်သြားစေရန်ရည်ရွယ်၍
ကြိုးကိုတမင်မချည်ပဲထားခဲ့ခြင်းကိုပြန်တွေးမိကာ မျက်နှာပိုးမသတ်နိုင်ပဲရှိ၏။ ထို့နောက်မြင်းပေါ်သို့တက်လိုက်ပြီး Chiyo ၏အနောက်တွင်ကပ်ကာထိုင်လိုက်၏။

' SHI !!! '

အနောက်မှရုတ်တရက်ထွက်လာသောလက်နှစ်ဖက်က ဖဲကြိုးတစ်ခုဖြင့်မျက်လုံးကိုအုပ်ကာချည်လိုက်သောကြောင့် အော်လိုက်မိသော Chiyo ၏အသံဖြစ်သည်။ မှောင်မိုက်သြားသောမြင်ကွင်းနှင့်အတူ နောက်ထပ်ခံစားလိုက်ရသည်က သူ၏လက်နှစ်ဖက်ကိုပါဖဲကြိုးကလေးနှင့်လာချည်နေခြင်းဖြစ်သည်။ ချည်နေသောကြိုးတို့သည်သူ့ကိုမနာစေ။ မနာစေသည့်အပြင်သူ့ရင်များကိုပိုမိုလှိုက်ခုန်လာစေသည်။

' Shi ... ဘာလုပ်မလို့လဲ။ ဟေ့ကောင် '

Shi သည်ဘာမွမပြောခင်သူ့ကိုအနောက်မှအားရပါးရဖက်ထားလိုက်သည်။ ထို့နောက်မွ

' Xiao Chi ...'

' ပြော ဘာတုန်း'

' ဘုရင်ကိုတစ်ညတာပြန်ပေးဆွဲမယ်ဆိုရင် အပြစ်ဒဏ်ကဘယ်လိုမျိုးဖြစ်မလဲ။ '

' ဘယ်သိမွာလဲ။ ငါကတရားသူကြီးမင်းမှမဟုတ်တာ။ '

' အင်း။ ဒါဆိုအပြစ်မရှိတာလဲဖြစ်နိုင်တာပေါ့နော်။ '

' Shi တော်တော့ကွာ .. ငါ ငါ '

' ဘာလဲ။ မင်းရှက်လာပြန်ပြီလား။ '

' တော်ပြီတော်ပြီ ငါမင်းကိုစကားမပြောတော့ဘူး။ '

Shi သည်ဖက်ထားရာမှရှေ့သို့ထပ်တိုးကာChiyo
၏ပါးပြင်ထက်သို့တံဆိပ်ကပ်သလိုနမ်းရှိုက်လိုက်လေသည်။

ထို့နောက်တွင်တော့ လူသားနှစ်ဦးကိုတင်ဆောင်လာသော မြင်းနက်ကြီးသည်တောအုပ်ကလေးထဲမှတရွေ့ရွေ့နှင့်ထွက်ခြာသြားလေတော့သည်။

ကောင်းကင်ယံမွငွေလမင်းသည်လည်း မီးခိုးတိမ်မှျှင်တန်းမ်ား၏အနောက်သို့အပြေးကလေးတိုးဝင်သြားလေတော့သည်။ ရှက်သွေးဖြာ၍သာဖြစ်လိမ့်မည် ...။

Continue Reading

You'll Also Like

572K 66.7K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
70K 3.1K 12
3ႏွစ္ၾကာ ၾကာသြားပီးတဲ့ ေနာက္ သူတို႔ရဲ႕ RS ဘယ္လို ဖစ္သြားမလဲ? ဒီ fic ကို ႀကိဳက္လို႔ ဘာသာျပန္ပီး ျပန္တင္ေရသားထားပါသည္ မူရင္း Author ကို Credit ေပးပါသည္။
486K 29.3K 33
Book 1 ကိုmin min's wp accမှာကြည့်ပြီးဖတ်လို့ရပါတယ်🙆‍♀️❤️ဟိုမှာတင်တာအပိုင်းပြည့်သွားလို့အသစ်ပထပ်လုပ်လိုက်တာပါ❤️ Book 1 ကိုmin min's wp accမွာၾကည့္ၿပ...