Chapter 8

5.9K 662 88
                                    

Zawgyi

သွေးရောင်ခြယ်နှလုံးသား Chapter 8

Shi သည် မြင်းဇက်ကြိုးနှင့်မြင်းတွင်တပ်ဆင်ထားသောတန်ဆာပလာတို့ကိုပြန်လည်စစ်ဆေးနေရင်း အဆောင်ထဲမှ Chiyo ထွက်လာမည့်ခြေသံကိုတုန်လှုပ်စွာမျှော်လင့်မိနေသည်။ ကောင်းကင်ကိုမော့ကြည့်မိတော့ တိမ်ဖြူ ပါးပါးများကတစ်မျိုးလှနေသယောင်ရှိပြီး နေရောင်များနှင့်ပနံသင့်ကာ ငှက်လေးတစ်ကောင်စနှစ်ကောင်စကိုတွေ့မြင်ရသည်။

အဝေးကြီးတွင်ရှိနေသော ထိုကောင်းကင်ပြင်သည် Chiyo နှင့်သိပ်တူသည်ဟုဆိုရမည်။ ထိချင်လေတိုင်း ထိလို့မရ။

ထို့နောက် Shi ခေါင်းထဲသို့ Chiyo အကြောင်းများကတိုးဝင်လာပြန်သည်။ မမြင်ဖူးခဲ့သော Chiyo မျက်ရည်များနှင့်အတူ Chiyo နှုတ်ဖျားမှတစ်လုံးခြင်းထွက်ကျလာသည့်ပြတ်သားသောစကားတို့ကိုရင်နာစွာကြားခဲ့ရသည်။ Chiyo ပြောသောစကားများကိုအခုအချိန်ထိသူမယုံနိုင်သေး။ မယုံရဲသေး။ မယုံချင်သေးပါ။

"Shi.......အဆင်သင့်ဖြစ်ပြီလား......'m"

Shi အတွေးလွန်နေရင်းမှ Chiyo ကိုကြည့်မိလိုက်တော့ အပြာရင့်ရောင်ပိုးသား၏ဝတ်စုံနှင့်ခန့်ညားနေသော Chiyoကိုမြင်လိုက်ရသည်။ ဘယ်ဝတ်စုံမဆို Chiyo နှင့်လိုက်ဖက်သော်လည်း အပြာရောင်နှင့်ဆိုလျှင်တော့ Chiyo မှာယောကျာ်းဆန်ကာပိုပြီးခန့်ညားသွားသည်။ သေသပ်စွာစည်းနှောင်ထားသည့်မည်းနက်သောဆံပင်များကလည်း Chiyo ကိုပိုပြီးခန့်ညားအောင်အရောင်တင်ပေးနေသည်လေ။

"ဖြစ်ပြီ......."

Shi အဆင်သင့်ဖြစ်ကြောင်းဖြေမိရင်း ရင်ထဲတွင်ပူလောင်ပြင်းရှသောခံစားမှုတစ်ချို့ကိုခံစားရသည်။

"ငါချစ်တဲ့သူဘယ်သူလဲဆိုတာမင်းကိုလိုက်ပြမယ် Shi..."ဟု Chiyo ပြောခဲ့စဉ်ကပြုံးပြမိခဲ့သော်လည်း ယခုတော့ထိုအပြုံးကိုပင်မဆင်မြန်းနိုင်တော့လောက်အောင်နာကျင်နေသည်။ ခံစားနေရသော ပူလောင်မှုတို့အတွက် ထွက်ပေါက်ကားမရှိ။

"သွားရအောင်......."

Chiyo ကပြောရင်းမြင်းပေါ်သို့လွှားခနဲခုန်တက်လိုက်သည်။ Chiyo ဘယ်လောက်တောင်သွားချင်နေလဲမသိ။ Chiyo မျက်နှာလေးမှာရွှင်ပြကာကြည်လင်တောက်ပနေသည်။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now