Ep 33

3.3K 367 108
                                    

Zawgyi

သွေးရောင်ခြယ်နှလုံးသား Ep 33

လမ်းခရီးတစ်လျောက်လုံး မရပ်မနားနှင်လာသော မြင်းအားဇတ်ကြိုးဆွဲကာ အရှိန်လျော့စေလိုက်ရင်း မနီးမဝေးတွင်လှမ်းမြင်နေရသော တောင်ကုန်းငယ်ကလေးအား Shi ငေးကြည့်လိုက်မိသည်။ မှောင်ရိပ်မှိုင်းမှိုင်းအတွင်း သစ်ရိပ်ဝါးရိပ်များခြံရံလျက်ရှိသော ဘုံကျောင်းပျက်ကြီးသည် မြင်လိုက်ရုံနှင့် စိတ်အာရုံတို့ကို ခြောက်ခြားစေနိုင်လေသည်။ Shi သည် ဘာကိုမှမတွေးတောဘဲ ဒီနေရာအထိ ရောက်လာခဲ့ပြီးမှ ဘုံကျောင်းပျက်ထဲဝင်သွားရန်တော့ တုန့်ဆိုင်းနေမိသည်။ သူတုန့်ဆိုင်းနေသည်မှာ သေမှာကြောက်သော စိတ်ကြောင့် မဟုတ်ဘဲ Chiyo အားနောက်တစ်ကြိမ်ထပ်မတွေ့ရတော့မှာကြောက်သော စိတ်ကြောင့် ဖြစ်လေသည်။

သို့သော်လည်း သူ့အတွက် ရွေးချယ်မှုတစ်စုံတစ်ရာ မရှိသော ဤအခြေအနေတွင် သူအခြားဘာကိုများ ရွေးနိုင်ဦးမည်နည်း။

Shi သည် မြင်းပေါ်မှ ခုန်ဆင်းပြီး သူ၏စီးတော်မြင်းထံတွင် တပ်ဆင်ထားသော မြင်းကုန်းနှီးများကို ဖြုတ်ကာ မြင်းအားလွှတ်ပေးလိုက်လေသည်။ ဒီမြင်းကို သူနောက်တစ်ကြိမ်ထပ်ပြီး မစီးနိုင်လောက်တော့ဘူးဟု ထင်မိသောကြောင့် ဖြစ်၏။ ထို့နောက် သူ့ကိုစောင့်ဆိုင်းနေသည့် တောင်ကုန်းပေါ်ရှိ ဘုံကျောင်းထဲသို့ဝင်ရန် ခြေလှမ်းများအားဦးတည်စေလိုက်သည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်းတွင် သူ့မျက်လုံးထဲ Chiyo နှင့် Aki ကိုတစ်လှည့်စီမြင်ယောင်မိလေသည်။ Chiyo ကိုပြေးတွေ့ချင်စိတ်သည် ရင်ထဲတွင် ဆိုးဆိုးရွားရွားပေါက်ဖွားနေသည်။ သို့သော်လည်း သူ၏စိတ်ဆန္ဒတစ်ခုကြောင့် Aki ထိခိုက်ခဲ့ပါမူ သူ့ရင်များသာ ကွဲပေဦးမည်။

ယခုတောင် Aki ၏လက်ချောင်းပြတ်ကလေးများကို ဆုပ်ကိုင်ကာ ဤနေရာသို့ရောက်လာခဲ့ရခြင်းအတွက်၊ Aki ကို ထိခိုက်စေခဲ့ခြင်းအတွက် ကိုယ့်ကိုယ်ကို ကြိမ်ဖန်များစွာ အပြစ်တင်နေမိသည်။

ဘုံကျောင်းဝသို့ရောက်သောအခါ အစောင့်ရဲမက်နှစ်ဦးကိုတွေ့ရလေသည်။ ထိုရဲမက်နှစ်မက်နှစ်ဦးသည် Shi ထံတွင်ပါလာသော လက်နက်မှန်သမျှကို လုယူသိမ်းဆည်းထားလိုက်ကြလေသည်။ Shi သည်မိမိကိုယ်ကိုယ်ကာကွယ်ရန်လက်နက်များဆိုသည့် အတွေးကိုပင်ရုပ်သိမ်းကာ သူတို့၏အလိုကျအတိုင်း လက်ထဲမှ ဓားရှည်ကို အသာတကြည်ပေးလိုက်လေသည်။ Shi သည် Aki ၏အသက်ကိုကယ်ဆယ်ရန်အတွက် ဖြစ်လာသမျှအရာအားလုံးကို ရင်ဆိုင်ရန်တွေးထားလေသည်။ သူသည် သူ၏အသက်ကို စွန့်လွှတ်ရန်အထိ တွေးထားပြီးဖြစ်၏။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now