Ep 36

4K 329 41
                                    

Zawgyi

သွေး​ရောင်​ခြယ်​နှလုံးသား 36

မနက်​လင်းစအချိန်​သည်​အရာရာကိုစတင်​​လေ့ရှိ​သောအချိန်​ဖြစ်​​သော်​လည်း ယခု​တော့အရာရာသည်​ပျက်​သုန်းသွား​တော့မလိုဖြစ်​​နေသည်​။ Shi သည်​ ပတ်​ဝန်းကျင်​တွင်​ကြားရ​သော ဆူညံသံများ​ကြောင့်
အိပ်​​နေရာမှလန့်​နိုးလာ၏။

ပတ်​ဝန်းကျင်​တစ်​ခုလုံးသည်​ ဓားသံ၊လှံသံ၊ လူ​အော်​သံများနှင့်​ပြည့်​​နေသည်​။ ဘာ​တွေဖြစ်​​နေမှန်းမသိ၍
Aki အားလှမ်း​ခေါ်​သော်​လည်း Aki မှာအနားမှာရှိ​မ​နေ။

အနားမှာရှိ​နေသည်​က သား​တော်​က​လေးသာဖြစ်​၏။ ထို့​ကြောင့်​ Shi သည်​ သား​တော်​​လေးကို ​ပွေ့ယူ၍ရင်​ခွင်​ထဲသို့ထည့်​ထားလိုက်​သည်​။

ထို့​နောက်​ Aki သည်​ အခန်းထဲသို့ ဒ​ရော​သောပါး ​ပြေးဝင်​လာသည်​။ သူ့လက်​ထဲမှဓားသည်​လည်း​သွေးများတရစပ်​ယိုစီး​နေ၏။

"Aki ......။ ဘာ​တွေဖြစ်​​နေတာလဲ။ "

"မသိ .. မသိဘူး အစ်​ကို။ ရုတ်​တရက်​ကြီး​ကြေးစားစစ်​သည်​​တွေဝင်​လာတယ်​။ နန်း​တော်​မှာကျန်​ခဲ့တဲ့ရဲမက်​​တွေအကုန်​ကျကုန်​တယ်​။ မြို့​စောင့်​တပ်​ကိုစစ်​ကူ​ခေါ်ထားတယ်​။ ဒါ​ပေမဲ့ ...."

"ဒါ​ပေမဲ့ ဘာဖြစ်​လဲ....."

"မြို့​စောင့်​တပ်​ဆီလွှတ်​သတင်းပို့ဖို့လွှတ်​လိုက်​သမျှရဲမက်​​တွေပြန်​မလာဘူး အစ်​ကို ...."

"ဒါကိုယူထား ... ။ ကျွန်​​တော်​ရှိ​နေသ၍ ... အစ်​ကိုဘာမှမဖြစ်​​စေရဘူး။ "

Aki သည်​ အချိန်​လုကာရှင်းပြ​နေရင်း သူ့လက်​ထဲမှဓားအား Shi လက်​ထဲကိုထည့်​​ပေးလိုက်​သည်​။

"Aki ....."

Shi သည်​ Aki လက်​ကိုဖမ်းဆွဲလိုက်​၏။

"မင်းထိခိုက်​လို့မဖြစ်​ဘူး။ မဖြစ်​ဘူး​နော်​ Aki ..."

Aki သည်​ Shi လက်​များအားပြန်​၍ဆုပ်​ကိုင်​လိုက်​သည်​။

" ကျွန်​​တော်​ဘာမှမဖြစ်​​စေရဘူး အစ်​ကို ...။ အ​ဆောင်​​နောက်​မှာ မြင်းတစ်​စီးထားထားတယ်​။ တစ်​ကယ်​လို့ ဒီကအ​ခြေအ​နေကိုမထိန်းနိုင်​​တော့ရင်​ .. တစ်​ကယ်​လို့ကျွန်​​တော်​​နောက်​ကျ​နေခဲ့ရင်​ .. အစ်​ကိုတစ်​​ယောက်​တည်းသွားနှင့်​ပါ။" ဟု​ပြောကာ Aki သည်​ အပြင်​သို့​ပြေးထွက်​သွား​တော့သည်​။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now