Chapter 11

5.9K 642 135
                                    

သွေးရောင်ခြယ်နှလုံးသား Chapter 11

ညကတဖြည်းဖြည်းမှောင်လာပြီး ဆောင်း၏ဂုဏ်သတ္တိတို့ကထကြွလာသောကြောင့် တဖြည်းဖြည်းအေးလာသည်။ နှင်းများကနေရာအနှံ့သို့အဆီးအတားမရှိကျဆင်းနေသည်မို့ကောင်းကင်မှလမင်းမှာတောင်မှိန်ပြပြလေးသာတောက်ပနိုင်တော့၏။

နန်းတော်၏အစွန်းတစ်နေရာတွင်ရှိသော၊ လွန်စွာတိတ်ဆိတ်နေကာလူသူကင်းမဲ့သော အဆောင်တစ်ခု၏အရှေ့တွင် Shi ရပ်နေမိသည်။

ထိုကွင်းပြင်တစ်ခုလုံးတွင် ထိုအဆောင်တစ်ခုသာထီးထီးကြီးတည်ရှိသည်။ သစ်ပင်များနည်းပါးသောနေရာမို့ လေကပိုတိုက်ရာ အခြားနေရာများထက်ပို၍အေးသည်။

သို့သော် Shi မှာမူ သူကိုယ်တိုင်အဆောင်အပြင်တွင်ရပ်နေမိ၍အေးနေသည်ကို သတိမမူနိုင်ပဲ အဆောင်အတွင်းမှ Chiyo အေးနေမည်ကိုတွေးပူနေမိသည်။

တော်ဝင်မျိုးနွယ်များအပြစ်ဒဏ်ခံရလျှင်နေရသည့်အဆောင်ဖြစ်ရာ Chiyo ၏အိပ်ဆောင်ကဲ့သို့ပြည့်စုံမှုမရှိသောကြောင့် Chiyo နေရထိုင်ရအဆင်မပြေဖြစ်မည်မှာအသေအချာပင်ဖြစ်သည်။

သို့သော် သူသည်သက်တော်စောင့်တစ်ယောက်သာဖြစ် ၍ဘာမှတတ်နိုင်ခြင်းမရှိ။ ယခုအချိန်တွင်Chiyo ဘာဖြစ်နေလဲဆိုတာကိုတောင်မြင်နိုင်ခွင့်မရှိပေ။

အရှင်မင်းကြီးအမိန့်ချလို့ထားသည်က စားတော်ပွဲများပို့ပေးသူကလွဲ၍အဆောင်အထဲကိုဘယ်သူမှဝင်ခွင့်မရှိသလို Chiyo လည်းထွက်လာခွင့်မရှိ။ ယခုအဆောင်တွင် အစောင့်ချထားသူများမှာ ဘုရင့်ကိုယ်ပိုင်ရဲမက်များဖြစ်၍ သူဘယ်လိုမှလည်းအမိန့်ပေးလို့မရနိုင်။

ထို့ကြောင့် Chiyo အဆောင်ထဲသို့ဝင်သွားသည့်အချိန်မှစ၍သူ ဒီနေရာတွင်မလှုပ်မယှက်ရပ်နေမိခြင်းဖြစ်သည်။

Shiသည် ပင်ပန်းနွမ်းနယ်နေသော်လည်း မပင်ပန်းသည့်နှယ်နာရီပေါင်းများစွာ ထိုနေရာတွင်ရပ်နေမိသည်။ ဘုရင်က သူ့ကိုအပြစ်မပေးသော်လည်း Chiyo ကိုဒီနေရာတွင် တစ်ယောက်တည်းထားပြီး နေထိုင်ရာအဆောင်ကိုပြန်ဖို့မှာသူ့အတွက်မဖြစ်နိုင်သောကြောင့် ဤနေမှမခွာဘဲ နေရခြင်းဖြစ်သည်။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now