Ep 31

10.1K 730 196
                                    

Zawgyi

သွေး​ရောင်​ခြယ်​နှလုံးသား Ep 31

တိတ်​ဆိတ်​​သော​နေ့လည်​ခင်းတစ်​ခုဖြစ်​၏။ Aki နှင့်​ Shi သည်​ ချယ်​ရီပန်းများပွင့်​လန်း​နေသည့်​ လမ်းက​လေးအတိုင်း စကားတစ်​​ပြော​ပြောဖြင့်​ ​လျောက်​ကြလာသည်​။ သူတို့​ပြော​နေကြသည်​မှာ မတည်​ငြိမ်​သည့်​နန်းတွင်း​ရေးအ​ခြေအ​နေနှင့်​ အရှင့်​လုံခြုံမှုအ​ကြောင်းပင်​ဖြစ်​​လေသည်​။

' အမ​တ်​​တွေ ​​​နောက်​ထပ်​လုပ်​ကြံခံရတယ်​ ဆိုတဲ့
သတင်း​တော့မကြား​တော့ဘူး အစ်​ကို။ သူတို့ ဘာလို့ ရုတ်​တရက်​ကြီးငြိမ်​သွားကြတာလဲ။ '

Shi က ​လေးပင်​သည့်​သက်​ပြင်းတစ်​ချက်​ကိုချလိုက်ူည်​။ ခပ်​စင်းစင်းမျက်​လုံးများက Chiyo ၏နန်း​ဆောင်​ရှိရာအရပ်​သို့ တွေ​တွေက​လေးကြည့်​​နေ၏။ မြစ်​လို​ကွေ့​သော မျက်​ခုံးများကိုကြည့်​လျှင်​ သူ့မျက်​နှာတွင်​ရှိ​နေသည့်​ ပူပန်​မှုတို့ကို မြင်​​တွေ့နိုင်​သည်​။

' သူတို့လုပ်​ကြံခဲ့တဲ့လူ​တွေအားလုံးက အရှင့်​ဆီမှာ သစ္စာခံထားခဲ့ကြတဲ့ အရှင့်​ရဲ့ လူယုံ​တွေပဲ Aki ။ အဲဒီလူ​တွေကိုသတ်​တယ်​ဆိုတာက အရှင့်​ရဲ့​ခြေ​တွေလက်​​တွေကိုချိုးပစ်​ဖို့ကြိုးစားတဲ့ သ​ဘောပဲ။ ​နောက်​ဆုံးကျရင်​ အရှင့်​ရဲ့အသက်​ကိုရန်​ရှာလိမ့်​မယ်​။'

'သူတို့က ဘယ်​သူလဲ .... ဘယ်​သူ​တွေလဲ။'

Shi က ​လေးပင်​စွာ ​ခေါင်းခါပြသည်​။ ထို့​နောက်

' အတိအကျမသိဘူး Aki .. ဒါ​ပေမဲ့ အရှင့်​ရဲ့အသက်​ကိုရန်​ရှာတဲ့ဘယ်​သူမဆို ငါသတ်​ရလိမ့်​မယ်​။'

ဟု ပြတ်​သား​သော​လေသံဖြင့်​​ပြောသည်​။

' သူ့ကိုကာကွယ်​​နေရင်းနဲ့ အစ်​ကိုထိခိုက်​သွားမယ်​ဆိုရင်​​ရော ...။ အစ်​ကိုတစ်​ခုခုဖြစ်​သွားမယ်​ဆို ဘယ်​လိုလုပ်​မလဲ။ '

Aki က ​ဒေါသသံပါ​သော​လေသံနှင့်​ ​မေးလိုက်​ခြင်းဖြစ်​သည်​။ သို့​သော်​ Shi က ပြန်​မ​ဖြေ။ ရင်​ထဲတွင်​ ထို​မေးခွန်းအတွက်​ အ​ဖြေက ရှိ​နေနှင့်​ပြီးသားဖြစ်​​သော်​လည်း Aki စိတ်​ဆိုးသွားမှာစိုး​သော​ကြောင့်​ ပြန်​မ​ဖြေ​ပေ။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now