Ep 28

6.5K 684 93
                                    

Zawgyi

( ဖြည်းဖြည်းချင်းအရသာခံပြီးဖတ်​ကြ​နော်​ ဟိဟိ 😝 )

သွေးရောင်ခြယ်နှလုံးသား Ep 28

Shi သည်နှင်းများထူထဲစွာကျနေသော နန်းရင်ပြင်ပေါ်တွင်ရပ်ကာ ကောင်းကင်ထက်သို့တဖြည်းဖြည်းထွက်ပေါ်လာသော နေလုံးကြီးကိုကြည့်နေရင်း သက်ပြင်းတစ်ချက်ကိုချမိသည်။ မနက်ဖြန်ဆိုလျှင် Chiyo သည် Iru ၏ပုန်ကန်မှုအတွက်အပြစ်ဒဏ်ကိုချမှတ်တော့မည်ဖြစ်သည်။ Chiyo ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုချမလဲဆိုတာ သူတွေးရင်း ရင်လေးနေမိသည်။ Chiyo အားမှားယွင်းသည့်ဆုံးဖြတ်ချက်များကိုမချစေလို။ တန်ဖိုးရှိသည့်ညီငယ်တစ်ယောက်ကိုမဆုံးရှုံးစေလိုသောကြောင့် အသေအချာစုံစမ်းစစ်ဆေး စေချင်သေးသည်။

သို့သော် Chiyo သည်တစ်ခါခေါင်းမာလွန်းသည်။ သူ့ဖျောင်းဖျစကားတို့ကိုပင်နားမဝင်တော့လောက်အောင် Iru အား အပြစ်ပေးချင်စိတ်သာပြင်းပြနေသည်။

မည်သို့ပင်ဖြစ်စေ သုံးယောက်သား အတူတူကြီးပြင်းလာခဲ့ကြသည်ဖြစ်ရာ Iru ၏စိတ်ထားဘယ်လိုဘယ်ပုံရှိသည်ကို သူကတော့မြင်သည်။ တခြားအရာများကိုမသိရင်တောင် Iru သည်အာဏာကိုတပ်မက်သူမဟုတ်သည်ကိုတော့ သူကောင်းကောင်းသိသည်။ ဒါကို Chiyo ကပုန်ကန်မှုမှာအသေအချာပင်ဖြစ်သည်ဟု ဘာကြောင့်များယုံကြည်နေသလဲဆိုတာကို သူနားမလည်နိုင်တော့ပေ။ တစ်ယောက်ယောက်က သွေးထိုးသည်

ဟုပြောရအောင်လည်း Chiyo ဘေးတွင်တစ်ချိန်လုံးရှိနေသူမှာ သူကိုယ်တိုင်ပဲမဟုတ်ပါလား။

Shi သည် ထိုအကြောင်းများကိုတွေးတောနေရင်း Iru အားဖမ်းဆီးထားရာ အကျဉ်းစခန်းဆီသို့အလိုလို လျောက်လာမိသည်။ ပုန်ကန်သူ Iru ကိုမည်သူမှတွေခွင့်မရှိဟု အမိန့်ထုတ်ထားသောကြောင့် သူဝင်လို့ရပါ့မလားဟုတွေးတောမိနေသေးသော်လည်း အစောင့်ရဲမက်တို့သည် သူ့ကိုမြင်သောအခါ
ဦးညွှတ်ဂါရဝပြု၍ လမ်းဖယ်ပေးကြလေသည်။ သူ့ကိုခွဲဝေပေးထားသော Chiyo ၏အာဏာစက်သည် သည်လိုနေရာမျိုးတွင်တော့ လွန်စွာအသုံးကျလေသည်။

အကျဉ်းစခန်းသည် ထုထည်ကြီးကာ မြင့်မားသောနံရံလေးဖက်ကြောင့် မှောင်မိုက်၍အနည်းငယ်ခြောက်ခြားစရာကောင်းနေသည်။ သစ်သားတိုင်လုံးများဖြင့်ကာရံထားသော အခန်းလွတ်တစ်ချို့ကိုဖြတ်လျောက်လာစဉ်တွင် သွေးညှီနံ့များကိုရသည်။ တရားခံကိုနှိပ်စက် စစ်မေးရာတွင်အသုံးပြုသော ကိရိယာများကိုလည်းနေရာတိုင်းတွင်တွေ့နေရသည်။ ထိုပစ္စည်းများနှင့် Iru ကိုယှဉ်တွဲမြင်ယောင်ကြည့်မိလိုက်သောအခါ စိတ်သည်ပို၍မသက်မသာဖြစ်ရသည်။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now