ပတ္ဝန္းက်င္သည္ အေမွာင္ဘက္သန္းလုဆဲဆဲ
ဝါက်င့္က်င့္ ညိဳတုိတုိအလင္းေဆာင္ေသာ
ညေနေစာင္းအခ်ိန္ ျဖစ္သည္။
ေစ်းအထြက္မွ လမ္းဆံု႐ွိ လမ္းခြဲေလးတစ္ခုေပၚတြင္ေတာ့ ခန္႔ခန္႔ညားညားဝတ္ဆင္ထားေသာ သခင္ႀကီးတစ္ေယာက္က လူရြယ္ေလးတစ္ေယာက္ကိုအတင္းဖက္ထားလ်က္႐ွိၿပီး
မနီးမေဝးမွာေတာ့ ဓားေဆာင္ၿပီးေတာင့္ေတာင့္ႀကီးရပ္ၾကည့္ေနၾကေသာ အမ်ိဳးသားအနည္းငယ္မ်ားမွာလည္း မ်က္ႏွာတြင္ အံ့ျသထူးဆန္းေသာခံစားခ်က္အဖံုဖံုျဖစ္ေနရံုသာမက
ေစ်းျပန္တစ္ခ်ိဳ႕ကလည္း ဖုန္ထေနေသာလမ္းေပၚတြင္ ျဖတ္သြားျဖတ္လာလုပ္ရင္း အူေၾကာင္ေၾကာင္အမူအယာမ်ားနွင့္ ေငးသြားၾကလ်က္႐ွိျပန္ကာ
ကာယကံ႐ွင္ႏွစ္ဦး၏အနားတြင္ေတာ့
အရပ္႐ွည္႐ွည္လူႀကီးႏွစ္ေယာက္ကို ဇက္လန္က်မတတ္ ဦးေခါင္းေမာ့ကာေငးၾကည့္ေနတဲ့ ကေလးငယ္ေလး႐ွိေနေလသည္။
"ဘာလုပ္တာလဲ?!! "
ခံစားခ်က္မ်ိဳးစံုေရာႁပြန္း၍
အသိႏွင့္လူကပ္ဖုိ႔ပင္ မနည္းထိန္းေနရေသာSehun သည္ မထင္မွတ္ထားေသာအခ်ိန္မွာ Han ႏွင့္ ေျခသံုးလွမ္းေလာက္အကြာကိုတြန္းထုတ္ခံလိုက္ရေလသည္။
"Han! "
သူ ေျခတစ္လွမ္းေ႐ွ႕တုိးသည့္အခါ
Han က ေနာက္သို႔တစ္လွမ္းဆုတ္သြားၿပီး
မိမိကုိယ္ကိုကာကြယ္ရန္အသင့္အေနအထားပင္ ျပင္ထားပါေသး၏။
မယံုႏိုင္ဖြယ္ေငးေၾကာင္ၾကည့္ေနမိေသာသူ႔ကို
Han ျပန္တုန္႔ျပန္သည့္မ်က္ဝန္းမ်ားတြင္
ေၾကာက္ရြံ႔ျခင္း၊ထိတ္လန္႔ျခင္းႏွင့္ ရြံ႐ွာျခင္းမ်ားကအတိုင္းသား ထင္းလ်က္။
" Han ဘာျဖစ္လုိ႔လဲ? "
"ခင္ဗ်ားဘယ္သူလဲ? က်ေနာ့္နာမည္ကိုဘယ္လိုသိေနတာလဲ? "
ထိုေမးခြန္းအဆံုးမွာ
Sehun တစ္ကိုယ္လံုး ေလဟာနယ္ထဲကိုပစ္ခ်ခံလိုက္ရသလိုခံစားလိုက္ရသည္။သူ႔ကိုၾကည့္ေနေသာ Han ၏ မ်က္ဝန္းမ်ားက သူစိမ္းေယာက္်ားတစ္ဦး၏ ေပြ႔ဖက္ျခင္းကို ခံလိုက္ရ၍အင္မတန္မသိုးမသန္႔ျဖစ္ေနသည့္အလား။
အသံ၊ ေလယူေလသိမ္း
ဝတ္စားဆင္ယင္မႈ၊ အမူအယာ အားလံုးေျပာင္းလဲေနပါေသာ္ျငား Han ဆိုတာေသခ်ာေနပါသည္။သို႔ျဖင့္ Han က မိမိကိုဘာေၾကာင့္ သူစိမ္းတစ္ဦးလိုၾကည့္႐ႈေနပါသနည္း။
"Han ကိုယ္ေလ...Sehun ... မင္းရဲ႕ သခင္ေလ "
သူ႔အေျဖစကားကိုၾကားတဲ့အခါ Han က မ်က္ေမွာင္ကိုတြန္႔လ်က္ တိုက္ခိုက္ရန္အသင့္ရပ္ေနေသာအေနအထားကိုျပင္ရပ္ကာ စိတ္ပ်က္ဖြယ္ၾကည့္လာ၏။အ႐ူးတစ္ေယာက္ကိုျမင္ေတြ႔လိုက္ရသည့္ႏွယ္။Hanကိုယ္တိုင္အျမတ္တႏိုးေခၚေလ့႐ွိေသာ သခင္ ဆုိတဲ့အေခၚအေဝၚကုိ Sehun ေျပာလိုက္မိတာ ဘာမ်ားလြဲေခ်ာ္သြားပါသနည္း။
သို႔ေသာ္ Sehun ၏အျပင္ပန္းကေတာ့ ထုိသို႔ထင္ျမင္ႏိုင္ဖြယ္႐ွိေနပါသည္။
ေသမတတ္လြမ္းဆြတ္ေနရပါေသာ၊
နွလံုးေပါက္မတတ္ခ်စ္ျမတ္ႏိုးရပါေသာ၊ ေလာကႀကီးထဲမွထြက္သြားၿပီဟုမွတ္ယူထားပါ ေသာခ်စ္ရသူကို အ႐ွင္လတ္လတ္ျပန္ျမင္ေတြ႔ရသည့္အခိုက္မွာ Sehun ေနရာတြင္ မည္သူမဆုိ ေသြး႐ူးေသြးတမ္းျဖစ္ကုန္မွာအမွန္အပင္ျဖစ္သည္မဟုတ္လား။
"အားခ်ီ .. အိမ္ျပန္ေတာ့ "
Han က နံေဘးမွကေလးငယ္ကိုငံု႔ေျပာလိုက္တဲ့အခါ ထိုကေလးက ေဆာ့ေနတဲ့တုတ္ေခ်ာင္းေလးကိုေကာက္ယူၿပီး တစ္ဖက္လမ္းသို႔ေျပးထြက္သြားပါေတာ့သည္။Sehun ထိုအခ်ိန္မွာပင္ Han၏အနားသို႔တုိးကပ္သြားလုိက္ျပန္သည္။
"Han "
"ခင္ဗ်ား က်ေနာ့္နာမည္ကိုဘယ္လိုသိေနလဲေတာ့မသိဘူး...ဒါေပမယ့္ က်ေနာ္က ခင္ဗ်ားရဲ႕ကြၽန္ မဟုတ္တာေတာ့ေသခ်ာတယ္ ... သြားခြင့္ျပဳပါဦး "
ကြၽန္ မဟုတ္ပါဘူး!
ရင္ႏွစ္သည္းခ်ာခ်စ္ရတဲ့ခ်စ္သူပါ Han ရယ္!
လွည့္ထြက္သြားေတာ့မည့္ Han၏ လက္ေကာက္ဝတ္ကိုဆြဲကိုင္လိုက္သည့္အခါ Han က သူ႔ရင္ဘတ္သို႔ လက္ျပန္႐ိုက္ခ်လိုက္ေတာ့၏။ Han ၏ မသိက်ိဳးကြၽန္ျပဳမႈနဲ႔တင္ ရင္တြင္းကနာက်င္ေနခ်ိန္ အားျပင္းေသာ႐ိုက္ထုတ္ခ်က္ေၾကာင့္ Sehun ဆြဲထားေသာလက္ကိုပါလႊတ္လိုက္မိသည္။
ထိုအခ်ိန္တြင္ Sehunကိုေစာင့္ေ႐ွာက္ရန္လိုက္ပါလာသည့္ကိုယ္ရံေတာ္မ်ားက တိုက္ခိုက္လိုက္ေသာ Han ထံသို႔ နီးကပ္လာသည္မုိ႔ Han က ထိတ္လန္႔ကာ ေနရာမွလွည့္ေျပးေတာ့၏။
"Han! "
ေနာက္တစ္ႀကိမ္ေပ်ာက္ကြယ္သြားရင္ေတာ့
Sehun ေနရာတင္ သြက္သြက္ခါ႐ူးသြားႏိုင္သည္မုိ႔ Han ၏ေနာက္ကေျပးလိုက္မိသည္။Han သည္ လမ္းၾကားသြယ္သြယ္မ်ားကိုကြၽမ္းက်င္စြာလွည့္ပတ္ေျပးရင္း အိမ္ႀကီးတစ္ခုအတြင္းသို္႔ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။
Sehun ႏွင့္အတူ ေၿပးလိုက္လာေသာ
ကိုယ္ရံေတာ္မ်ားသည္လည္း ထုိအိမ္ေ႐ွ႕သို႔ေရာက္လာခဲ့ၾကသည္။Sehun ပိတ္ထားေသာအိမ္တံခါးမႀကီးကို ေခါက္ရန္ျပင္လိုက္စဥ္ အနားသို႔ေနာက္က်မွေရာက္လာေသာ ဝမ္လမ္းၫႊန္က ေမာေမာႏွင့္ဆုိပါ၏။
"မင္းႀကီး! ဒါက သံအမတ္ႀကီး YiFan ရဲ႕အိမ္ေတာ္ဘဲ! "
တံခါးေခါက္ရန္ျပင္ေနေသာSehun ၏လက္ကေလမွာတန္႔သြားၿပီး လမ္းၫႊန္ကိုလွည့္ၾကည့္လိုက္သည္။သူေျပာေသာစကားကိုလည္း ႏႈတ္မွျပန္ရြတ္လိုက္သည္။
" သံအမတ္ႀကီး YiFan? "
"ဟုတ္ပါတယ္ မင္းႀကီး! "
Sehun သံအမတ္YiFan အား ထူးထူးျခားျခားကိုမွတ္မိပါသည္။လြန္ခဲ့ေသာေျခာက္ႏွစ္က ဂိုဂူေယာကို သံတမန္အျဖစ္လာခဲ့ဖူးသည္။ထုိ႔အျပင္ ဟန္ႏွင့္လည္းရင္းႏွီးကြၽမ္းဝင္ေသာ အမတ္ျဖစ္သည္။Sehun ေသခ်ာပါသည္။ဒီအိမ္ထဲကိုဝင္သြားတဲ့Han ဟာ သူခ်စ္ရတဲ့ခ်စ္သူအစစ္အမွန္ဘဲဆုိတာ။
သူေရာက္လာေၾကာင္း သတင္းပါးခိုင္းၿပီးေနာက္
အိမ္ေတာ္ထဲသို႔Sehun ဝင္လာခဲ့သည္။ဝမ္ျပည္၏သံအမတ္တစ္ဦးရဲ႕အိမ္ေတာ္သည္ အေတာ္အသင့္ႀကီးမားက်ယ္ျပန္႔ၿပီး အေဆာင္အေယာင္ဟိတ္ဟန္လည္း ထိုက္သင့္သေလာက္႐ွိသည္။
"ဂ" ပံု အေဆာင္ႀကီး၏ဧည့္ေဆာင္တစ္ခုတြင္ အေစခံမ်ားက Sehun ကိုခဏေစာင့္ဆိုင္းရန္ေနရာခ်ေပးခဲ့ေလသည္။ကိုယ္ရံေတာ္တစ္ဦးကိုေတာ့ ဤအိမ္ေတာ္ႀကီးထဲမွတစ္ေနရာတြင္႐ွိေနမည္မွာေသခ်ာေသာ ဟန္႔ကိုလိုက္႐ွာၿပီး မ်က္ေျခမျပတ္ေစာင့္ၾကည့္ဖုိ႔ Sehun ေစလႊတ္ထားလိုက္သည္။
ခဏၾကာၿပီးေနာက္မွာ အေဆာင္ထဲသို႔ဝင္လာေသာ ဝတ္ေကာင္းစားလွအမ်ိဳးသမီးတစ္ဦး။ ပန္းဆီေရာင္ဝတ္ရံုတြင္ ႂကြတက္ေနေသာပန္းထိုုး႐ုပ္လႊာမ်ားပါေသာ တန္ဖိုးႀကီးဝတ္ရံုကိုဝတ္ဆင္ထားၿပီး ႐ွားပါးေက်ာက္မ်က္ရတနာလက္ဝတ္တန္ဆာမ်ားကိုလည္းဝတ္ထားသည္။
ထိုအမ်ိဳးသမီးက အေစခံမ်ားေလွ်ာက္တင္ၿပီးေသာ အက်ိဳးအေၾကာင္းကိုသိႏွင့္ၿပီးတာမုိ႔ ဝင္လာလာခ်ငး္ Sehun ကုိအ႐ိုအေသေပး၏။
"ဂိုဂူေယာအ႐ွင္မင္းျမတ္က က်မတုိ႔အိမ္ကို အခုလိုအလည္အပတ္ျပဳတဲ့အတြက္ အတိုင္းမသိဂုဏ္ယူဝမ္းေျမာက္မိပါတယ္ မင္းႀကီး က်မရဲ႕အ႐ိုအေသေပးမႉကိုလက္ခံေပးပါ "
မ်က္ႏွာအေနအထား
ဝတ္စားဆင္ယင္ပံုႏွင့္
ႏႈတ္ခ်ိဳအျပံဳးခ်ိဳေသာအမ်ိဳးသမိီးကိုၾကည့္ၿပီး
ဤအိမ္ေတာ္၏သခင္မမွန္း Sehun သိလိုက္သည္။
"အမတ္ႀကီးYiFan က ဘယ္မွာလဲ? "
Sehun စကားေတြေဝ့မေနဘဲ ေတြ႔ခ်င္သူYiFanကိုသာ တုိက္႐ိုက္ေမးလိုက္သည္။
"ခင္ပြန္းက ဒီႏွစ္ထဲမွာ ရန္ျပည္နယ္ကို သံတမန္အျဖစ္ခရီးဆန္႔ေနရတာမုိ႔ မင္းႀကီးကိုလာမႏႈတ္ဆက္ႏိုင္ျဖစ္တာကုိ ဂ႐ုဏာႀကီးမားေသာမင္းႀကီးကခြင့္လႊတ္ေပးပါ "
Sehun စိတ္ညစ္သြားသည္။Han ဒီကိုဘယ္လိုေရာက္ေနလဲ?Han ဘာျဖစ္ေနတာလဲဆုိတာကို YiFan ေသခ်ာေပါက္သိေနမည္ဟုသူမွတ္ယူတာမုိ႔ YiFan ႏွင့္အေလာတႀကီးေတြ႔ခ်င္ေနေတာ့သည္။Sehun က လက္မေလွ်ာ့ဘဲ ဇနီးသည္သခင္မကိုဆက္လက္ေမးျမန္းလိုက္သည္။
"ဒီအိမ္ေတာ္မွာ LuHan ဆိုတဲ့သူ႐ွိတယ္မလား? "
သူမက ဘယ္လုိမ်ားသိေနပါသလဲဆုိေသာအဓိပၸာယ္ေဆာင္သည့္မ်က္လံုးမ်ားျဖင့္တအံ့တျသ ျပန္ၾကည့္လာပါသည္။ႏႈတ္ကမူ ခ်ိဳသာစြာႏွင့္
"႐ွိပါတယ္မင္းႀကီး "
"သူ ဒီအိမ္ေတာ္ကိုဘယ္လိုေရာက္လာသလဲ? "
သူမက ေျပာရမွာ အနည္းငယ္တန္႔ေနၿပီးမွ
႐ွင္ဘုရင္ျဖစ္တဲ့Sehun ကိုေၾကာက္ရြံ ့ရကာ
အေၾကာင္းအရာတစ္ခ်ဳိ့ကိုထုတ္ေျပာလာေတာ့သည္။
"လြန္ခဲ့တဲ့ငါးႏွစ္က ခရီးတစ္ခုကျပန္ေရာက္လာတဲ့က်မ ခင္ပြန္းႏွင့္အတူ လူႏွစ္ေယာက္အပိုထပ္ပါလာခဲ့ပါတယ္ အဲ့ဒီလူႏွစ္ေယာက္ထဲက တစ္ေယာက္က LuHan အမည္႐ွိတဲ့ေကာင္ငယ္ေလးတစ္ေယာက္ပါဘဲ .. က်မ မွတ္မွတ္ရရ႐ွိေနမိတဲ့အေျကာင္းအရင္းကေတာ့ အဲ့ဒီေကာင္ေလးက အိမ္ေတာ္ကိုေရာက္လာၿပီး တစ္လၾကာသည္ထိ သတိလစ္ေမ့ေျမာေနခဲ့လုိ႔ပါ မင္းႀကီး "
"သတိလစ္ေမ့ေျမာတယ္? "
Sehun သူ႔ဘာသာတီးတိုးေရရြတ္မိသည္။
Sehun စစ္ပြဲကျပန္ေရာက္လာခ်ိန္မွာ
ဖခင္ေျပာခဲ့တာဟာ ဟန္႔ကိုအဆိပ္ေသာက္ေသရန္အမိန္႔ေပးခဲ့ျခင္းျဖစ္သလို ဟန္ကလည္းအဆိပ္ကိုယ္တုိင္ေသာက္ၿပီးေသသြားခဲ့တာပင္။ထုိ႔ျပင္ ေသဆံုးသြားတာေသခ်ာေသာ ဟန္႔ကိုေျမေတာင္ျမႇဳပ္ခဲ့ၾကေသးသည္မဟုတ္လား။သူကိုယ္တိုင္မဟုတ္ေပမယ့္လို႔ ဒါကလူတိုင္းသိေနတဲ့အမွန္တရားဘဲေလ။
" အဲ့ဒီေကာင္ေလး သတိရလာၿပီးေနာက္ပိုင္းမွာ က်မခင္ပြန္းက သူ႔ကိုအိမ္ေတာ္မွာဘဲေနဖုိ႔ခြင့္ျပဳခဲ့တယ္ ဒါေပမယ့္ ဒီေကာင္ေလး ဘယ္သူဆိုတာရယ္၊ ဘာေတြျဖစ္ခဲ့လဲဆိုတာရယ္ ၊ က်မခင္ပြန္းYiFanက ဘာေၾကာင့္ကယ္တင္ထားတာရယ္ကိုေတာ့ စြက္ဖက္ခြင့္မ႐ွိတဲ့ ဇနီးသည္က်မလဲ သိခြင့္မ႐ွိခဲ့ပါဘူး"
သူမက ဆက္တုိက္ေလွ်ာက္တင္ေနရင္းမွ
မ်က္ႏွာပ်က္ေနေသာSehun ကိုအကဲခတ္လိုက္ျပီး ေမးခြန္းတစ္ခုကိုမဝံ့မရဲေမးျမန္းလာပါသည္။
"အ႐ွင္မင္းႀကီး...LuHan ရဲ႕အေၾကာင္းကိုဘာေၾကာင့္မ်ားသိခ်င္ရသလဲဆိုတာ နိမ့္က်ေသာ က်မက သိနိုင္ခြင့္႐ွိမလား? "
"အရင္ဆံုး မင္းေျဖစရာက်န္ေသးတယ္ ...မင္းရဲ႕ခင္ပြန္းနဲ႔အတူပါလာတယ္လုိ႔ေျပာတဲ့ထဲက လူႏွစ္ေယာက္မွာ ေနာက္တစ္ေယာက္ကဘယ္သူလဲ? ငါကုိယ္ေတာ္ အခုသူနဲ႔ေတြ႔ႏိုင္မလား? "
သူမက ေခါင္းငံု႔အ႐ိုအေသျပဳၿပီး
"က်မ အခုဘဲ အဲ့ဒီလူကိုေစလႊတ္လိုက္ပါ့မယ္အ႐ွင္မင္းႀကီးOh "
အိမ္ေတာ္သခင္မက ေခါင္းငံု႔အ႐ိုအေသေပးရင္း
ဧည့္ေဆာင္ထဲမွထြက္သြားေတာ့သည္။ခဏအၾကာ Sehun ကို တည္ခင္းဧည့္ခံဖုိ႔ရာ ပြဲေတာ္အစံုစံုက္ို အေစခံမ်ားက ယူေဆာင္လာၾကသည္။သိပ္မၾကာလိုက္တဲ့အခ်ိန္မွာေတာ့ Sehun ေခၚခိုင္းလိုက္ေသာလူက အေဆာင္ျပင္မွာေရာက္ေနပါၿပီဟုသတင္းပို႔လာေလသည္။Sehun ျမန္ျမန္ဘဲဝင္လာခြင့္ျပဳလိုက္သည္။
အနက္ေရာင္ဝတ္ရံုကို ခနၱာကိုယ္ႏွင့္ခ်ပ္ကပ္စြာဝတ္ဆင္ထားေသာထိုေယာက္်ားသည္ အခန္းဝတြင္ဒူးေထာက္အ႐ိုအေသျပဳလ်က္႐ွိေနတာမုိ႔ Sehun သူ႔မ်က္ႏွာကိုေကာင္းစြာမျမင္ရေသး။
"ဦးေခါင္းကိုေမာ့စမ္း "
Sehun ၏ ေမာ့ၾကည့္ခိုင္းလိုက္ေသာအမိန္႔သံအဆံုးမွာ ထိုေယာက္်ားက ေခါင္းကိုေမာ့လာေလသည္။သူ႔ရဲ႕မ်က္ႏွာကိုျမင္လိုက္ရခ်ိန္မွာေတာ့ Sehun အင္မတန္အံ့ျသသြားမိျပန္သည္။
" မင္း! Yukhei!! "
ငါးႏွစ္အတြင္း အစအန႐ွာမရေအာင္ေပ်ာက္ကြယ္ေနခဲ့ေသာ မိဖုရားဇီ၏ကိုယ္ရံေတာ္ Yukhei သည္ ယခု Sehun ၏ ေ႐ွ႕တြင္႐ွိေနသည္။ယခင္ထက္ သိသိသာသာ ညိဳသြားေသာအသားအေရႏွင့္ အေမႊးအမွ်င္တစ္ခ်ိဳ႕႐ွိေနေသာမ်က္ႏွာရင့္ရင့္သည္သာ ယခင္ပံုစံႏွင့္ျခားနားေလသည္။
စစ္မထြက္မွီက မိဖုရားဇီႏွင့္ဟန္႔ကို ေစာင့္ေ႐ွာက္ရန္ Sehun သည္ Yukhei အားတိတ္တဆိတ္တာဝန္ေပးခဲ့သည္။ နန္းတြင္းကိုျပန္ေရာက္လာတဲ့အခါျဖစ္ပ်က္ခဲ့သမွ်ကိစၥအလံုးစံုအတြက္ Yukhei ကို လိုက္႐ွာခဲ့ေသးသည္။သို္႔ေသာ္ မိဖုရားဇီ၏ဇာပနအခမ္းအနား အၿပီးမွာ ခ်င္ႏိုင္ငံသားအားလံုးကို ခ်င္ႏိုင္ငံထံျပန္ပို႔လုိက္ၿပီဟုသိလိုက္ရသည္။Sehun ခ်င္ႏုိင္ငံသို္႔လူလႊတ္ကာ Yukhei အား႐ွာေဖြရန္ေစခိုင္းခဲ့ပါေသးသည္။သို႔ေသာ္ ခ်င္နန္းတြင္းတြင္ Yukhei ကား မ႐ွိေတာ့။သူ၏ေမြးရပ္ဇာတိကိုေမးျမန္းခိုင္းျပန္ခဲ့ေသာ္လည္း ခ်င္ႏိုင္ငံ၏ေတာ္ဝင္မိသားစုကိုအနီးကပ္ေစာင့္ေ႐ွာက္ရသည့္ ကိုယ္ရံေတာ္မ်ား၏ ကိုယ္ေရးရာဇဝင္ကိုကား စံုစမ္း၍မရခဲ့။ဤသို႔ျဖင့္ Yukhei ႐ွိေနမည့္ေမြးရပ္ဇာတ္ိကိုမသိခ့ဲရသလို Yukhei ၏ သတင္းကိုလည္းအစအနပင္႐ွာမရခဲ့။
ယခုလိုငါးႏွစ္အၾကာတြင္မွ
Yukhei သည္ သူ ့ေရွ ့တြင္ ျပန္ေပၚလာခဲ့သည္။သူတစ္ဦးတည္းမဟုတ္ပါဘဲ Han ႏွင့္အတူ။
လြန္ခဲ့ေသာငါးႏွစ္ ...
ေဖြးရြေသာႏွင္းတုိ႔ ေျမသို႔ဦးတုိက္သက္ဆင္းခ်ိန္
ခိုက္ခိုက္တုန္ေအာင္ ခ်မ္းစီးေသာ
ေဆာင္းဦးရာသီ ၌
မိဖုရားဇီ နတ္ရြာစံသြားၿပီဟုသတင္းမၾကားရခင္
ႏွစ္ရက္အလိုက ကိစၥတစ္ခ်ိဳ႕ ျဖစ္ပ်က္ခဲ့သည္။
မီးဖြားၿပီးသတိလစ္ေမ့ေျမာေနေသာမိဖုရားဇီသည္
မနက္တစ္ခုမွာ သတိဝင္လာခဲ့သည္။အနီးအနားတြင္႐ွိေနေသာ သမားေတာ္ႀကီးမ်ားက အဆိပ္မိထားေသာမိဖုရားဇီအတြက္ ေျဖေဆးေဖာ္စပ္ရင္းအလုပ္႐ႈပ္ေနခ်ိန္လည္းျဖစ္သည္။မိဖုရားဇီသည္ သတိဝင္လာလာခ်င္း သူမ၏ကေလးကိုျမင္ေတြ႔ရဖုိ႔ေတာင္းဆုိခဲ့သည္။
အဆိပ္သည္ သူမကိုသာမက ကေလးကိုပါသက္ေရာက္ေနတာေၾကာင့္ ကေလးငယ္မွာလည္း အျပင္းအထန္ဖ်ားေနခဲ့သည္။သူမ၏ကေလးကိုၾကည့္ရင္း သမားေတာ္မ်ားကိုအေၾကာင္းအရင္းေမးျမန္းေလမွ သူမေရာ ကေလးပါ အဆိပ္မိထားေၾကာင္းသိလုိက္သည္။
ထုိ႔ျပင္ အဆိပ္ခတ္လုပ္ၾကံသူသည္
မင္းသားHan ဟုၾကားလုိက္ရၿပီး အခ်ဳပ္ခ်ခံထားရသည့္အေၾကာင္းကိုပါၾကားလိုက္ရသည့္္အတြက္မိဖုရားဇီ ေသြးပ်က္သြားသည္။သို႔ေသာ္ မိဖုရားဇီကမယံု။ မငး္သားHan သည္ သူမ ကိုယ္ဝန္ေဆာင္ေနစဥ္ ကာလတစ္ေလွ်ာက္လံုး ခင္ပြန္းျဖစ္သူမင္းႀကီးထက္ပင္ပိုၿပီး သူမကိုဂ႐ုစိုက္ခဲ့သည္။သူမအတြက္စိတ္ပူေပးခဲ့သည္။သူမအနားမွာ အားေပးေနခဲ့သည္။ ယခုကိစၥသည္ မင္းသားHan လုပ္ၾကံတာမဟုတ္ဘဲ ေခ်ာက္ခ်ခံရတာသာျဖစ္မည္ဟု သူမအတတ္သ္ိေနသည္။
မိဖုရားဇီသည္ သတင္းၾကားလွ်င္ၾကားခ်င္လည္း
အိပ္ယာမွကုန္း႐ုန္းထဖုိ႔ႀကိဳးစားသည္။ သုိ႔ေသာ္ သူမရဲ႕အေျခအေနက မီးဖြားထားၿပီးအျပင္ အဆိပ္ေၾကာင့္အားအင္မ႐ွိသေလာက္ကုန္ခမ္းေနသည္။
အခ်ဳပ္က်ေနေသာမင္းသားHan ကို ခ်က္ခ်င္းလႊတ္ေပးလိုက္ဖုိ႔အမိန္႔ေပးျပန္သည္။သို႔ေသာ္လည္း နန္းတြင္းသည္ ဘုရင္မ႐ွိခ်ိန္ ဘုရင့္ဖခင္က အာဏာအျမင့္ဆံုးျဖစ္ေနေလသည့္အျပင္ မင္းသားHan ကို ကို္ယ္တုိင္ဖမ္းေခၚသြားေသာ အမတ္ႀကီးအား မည္သူမွ်မတြန္းလွန္ရဲၾက။
ထုိအခ်ိန္ အမတ္ႀကီးက သူမ သတိဝင္လာသည့္အေၾကာင္းကိုၾကားကာ သူမ၏အေဆာင္ကိုေရာက္လာခဲ့သည္။အေဆာင္တြင္း႐ွိ အမႈထမ္းမ်ား ၊ သမားေတာ္မ်ားအားလံုးကိုအျပင္သို႔ထြက္ခိုင္းၿပီးေနာက္ အိပ္ယာထဲမွာလဲေလ်ာင္းေနေသာမိဖုရားဇီႏွင့္ အမတ္ႀကီးသာက်န္ေနခဲ့သည္။
"အခုဘာေတြျဖစ္ေနတာလဲဆုိတာ႐ွင္းျပေပးပါ အမတ္ႀကီး "
" မိဖုရားကို မင္းသားHan က အဆိပ္ခတ္လုပ္ၾကံခဲ့တယ္ "
"က်မ မယံုဘူး...မင္းသားHan က အဲ့ဒီလိုလုပ္မယ့္သူမ်ိဳးမဟုတ္ဘူး "
မိဖုရားဇီ၏ျဖဴေဖ်ာ့ေနေသာမ်က္ႏွာသည္
အားတင္းမာန္တင္းလ်က္ အံႀကိတ္ထားသည္။
အမတ္ႀကီးမွာေတာ့ ခံစားခ်က္မ႐ွိ ဗလာနတၳိမ်က္လံုးမ်ားနွင့္ စကားတစ္ခြန္းခ်င္းကို ႏႉတ္ထြက္႐ိုေသစြာ ေသြးေအးေအးျဖင့္ဆက္ေျပာေနသည္။
"မိဖုရား...က်န္ေနတဲ့အားနည္းနည္းကိုေႁခြတာပါ...က်ေနာ္မ်ိဳးက မင္းသားHan လုပ္ၾကံတယ္လု႔ိေျပာရင္ မင္းသားHan လုပ္ၾကံတယ္လုိ႔ဘဲမွတ္လိုက္ပါ"
"အမတ္ႀကိီး!!ရွင္ မင္းသားHan ကိုတစ္ခုုခုလုပ္ရင္ ႐ွင့္ကို မင္းႀကီးကခြင့္လႊတ္မွာမဟုတ္ဘူး!!"
"မိဖုရား...က်ေနာ္မ်ိဳးက မင္းႀကီးရဲ႕အေဖအရင္းေခါက္ေခါက္ဆုိတာေလးလည္း ေခါင္းထဲထည့္ေတြးပါဦးလား "
အမတ္ႀကီးက အျပံဳးယဲ့ယဲ့ခ်ိတ္ဆြဲရင္း
ယံုၾကည္မႈအျပည့္ႏွင့္ေျဖခ်ိန္ မိဖုရားမွာ လက္သီးတင္းတင္းဆုပ္လုိ႔ႀကိတ္မႏိုင္ခဲမရျဖစ္လာသည္။ အမတ္ႀကီးက ႐ိုေသေသာအသံုးကိုျဖဳတ္လ်က္ တစ္နည္းအားျဖင့္ မ်က္ႏွာဖံုးကိုခြာခ်ကာ ဆက္ေျပာသည္။
"တကယ္ေတာ့ က်ဳပ္မင္းကို ဒီလုိပံုစံမ်ိဳးနဲ႔မျမင္ခ်င္ပါဘူး မိဖုရားဇီ... က်ဳပ္ေျမးကေလးကိုလည္း အခုလိုမထိခိုက္ေစခ်င္ပါဘူး...မင္းသာ က်ဳပ္စကားကိုနားေထာင္မယ္ဆုိရင္ ဒီလိုေဝဒနာမ်ိဳးခံစားရမွာမဟုတ္ဖူးေလ...မင္းက က်ဳပ္ကိုဆန္႔က်င္တာကိုး "
"မင္းသားHan က ႐ွင့္ကိုဘာလုပ္ေနလ႔ုိလဲ?အမတ္ႀကီး...ဘာလုိ႔သူ႔ကိုဒီလိုဒုကၡေပးရတာလဲ? "
"သူ ႐ွိေနတာကိုက က်ဳပ္ အတြက္ျပသနာဘဲ! သူဆု္ိတာက မင္းႀကီးအနားမွာ႐ွိကိုမ႐ွိသင့္တဲ့လူ! မဟုတ္ဘူး! နန္းတြင္းနဲ႔လံုးဝမသက္ဆိုင္ေတာ့တဲ့လူ! မင္းသားဟန္မွ မဟုတ္ဘူး ဘယ္သူ႔ကိုမဆို မ႐ွိသင့္တဲ့ေနရာကိုေရာက္ေနရင္ေတာ့ က်ဳပ္ကဖယ္႐ွားရမွာဘဲ! "
အမတ္ႀကီး၏စကားကိုနားေထာင္ရင္း
မိဖုရားဇီမွာ မ်က္ရည္တြင္တြင္စီးက်လာသည္။
ဒီလိုပံုစံအတိုင္းဆို မင္းသားHan ကိုသူမ ဘယ္လိုကယ္ထုတ္ရမည္နည္း။စစ္ေျမျပင္ကိုေရာက္ေနတဲ့မင္းႀကီးကို သူမကတိေပးထားသည္။ျပန္အလာမွာ မင္းသားHan ႏွင့္အတူေစာင့္ေနပါမည္ဟု။ယခု သူမအေျခအေနကိုိိ သူမ သိသည္။သူမ မင္းႀကီးကိုေစာင့္ေနေပးႏိုင္မွာမဟုတ္။သူမအတြက္အခ်ိန္မ႐ွိေတာ့။သို႔ေသာ္ မင္းသားHan ကိုေတာ့ ခ်န္ထားခဲ့ခ်င္သည္။မင္းႀကီးခ်စ္ျမတ္ႏိုးေသာမင္းသားHan ကိုေတာ့ သူမ ရေအာင္ကယ္ခ်င္သည္။မင္းႀကီးျပန္လာတဲ့အခါ တစ္ေယာက္ကေတာ့႐ွိေနခဲ့ဦးမွျဖစ္မည္ေလ။
" ၿငိမ္ၿငိမ္သက္သက္ေလးအနားယူရင္း ေစာင့္ေနလိုက္ပါမိဖုရားဇီ...မၾကာခင္မွာ မင္းဒီေဝဒနာေတြဆီကလြတ္ကင္းသြားပါလိမ့္မယ္"
အမတ္ၿကီး၏အသံက သူမနားထဲတြင္
တိုးလိုက္က်ယ္လိုက္ျဖစ္ေနသည္။အနည္းငယ္မႈန္ရီလာေသာမ်က္လံုးမ်ားမွ အမတ္ႀကီးျပန္ထြက္သြားတာကိုျမင္ေနရသည္။သို့ေသာ္ သူမ စကားတစ္ခြန္းမွ်မဆိုႏိုင္ေတာ့။လက္ေခ်ာင္းေလးတစ္ေခ်ာင္းလႈပ္႐ႈားဖုိ႔ပင္ ခက္ခဲပင္ပန္းေနပါေတာ့သည္။ထို႔ေနာက္ သူမမ်က္ဝန္းမ်ားပိတ္က်သြားသည္။ သူမ ေနာက္တစ္ႀကိမ္သတိလစ္သြားခဲ့ျပန္၏။
ထိုေန႔ ညနက္နက္မွာဘဲ မိဖုရားဇီသတိျပန္လည္လာသည္။ေယာက္ရက္ခတ္ေနေသာသမားေတာ္မ်ားအစား တရံႈ ့႐ႈံ ့ငိုေနေသာအထိန္းေတာ္ႀကီးတစ္ေယာက္သာ သူမအနားတြင္႐ွိေနသည္။သူမကိုလက္ေလွ်ာ့လိုက္ၾက၍လား?သို႔မဟုတ္ သူမကိုဆက္မကုသေပးေတာ့သည္လားမေျပာတတ္။
ေျခာက္ကပ္ေနေသာလည္ေခ်ာင္းမွအသံကိုညႇစ္ထုတ္ယူၿပီး အထိန္းေတာ္ႀကီးအား လွမ္းေခၚလုိက္သည္။
"အထိန္းေတာ္ႀကီး "
"ဟုတ္ကဲ့! က်မ႐ွိပါတယ္မိဖုရား! ေျပာပါ! "
"Yukhei! Y uk he i ကို ေခၚခဲ့ "
အနည္းငယ္သာလႈပ္ႏိုင္ေသာႏႈတ္ခမ္းျဖဴျဖဴမ်ားမွ ျပတ္ေတာင္းျပတ္ေတာင္းစကားကိုနားေထာင္ၿပီး အထိန္းေတာ္ႀကီးက သူမ၏ကိုယ္ရံေတာ္Yukhei ကို သြားေခၚလာေပးသည္။
" Yuk hei!...မင္း သား Han ကို ကယ္! huh~ ငါ့ကို အမတ္ႀကီးလုပ္ၾကံတာ! မင္းသား Han မဟုတ္ဘူး!...huh~ မင္းသား Han ကုိ ကယ္!"
Yukhei သည္ သူမအတြက္ အယံုၾကည္ရဆံုး
စိတ္အခ်ရဆံုး သူမအေပၚသစၥာအ႐ွိဆံုးကိုယ္ရံေတာ္ျဖစ္သည္။ခ်င္ႏိုင္ငံတြင္ ေတာ္ဝင္မိသားစုအတြက္ေရြးခ်ယ္ထားေသာလက္ေရြးစင္မ်ားမွအေတာ္ဆံုးလည္းဟုတ္သည္။သူမ အရြယ္ေရာက္ကတည္းက အနားမွာအျမဲတေစ အရိပ္လိုကပ္ပါၿပီးေစာင့္ေ႐ွာက္ေနခဲ့ေသာကိုယ္ရံေတာ္ျဖစ္သည္။ သူ မင္းသားHan ကို ရေအာင္ကယ္ႏိုင္မည္ဆုိတာ ေသခ်ာပါသည္။
မင္းႀကီး...
ကတိမတည္တဲ့က်မကိုခြင့္လႊတ္ပါ
ျပန္လာတဲ့အခါထြက္မႀကိဳႏိုင္တာကိုခြင့္လႊတ္ပါ
ရင္ေသြးေလးကို မေစာင့္ေ႐ွာက္ေပးႏိုင္ေတာ့တာခြင့္လႊတ္ပါ
ေနာင္ဘဝသာ႐ွိခဲ့ရင္ မင္းႀကီးကိုဆက္ၿပီးေပးဆပ္ခ်စ္ခြင့္ကိုေပးပါ
မင္းသား ဟန္...
က်မ အစား သားေလးကိုခ်စ္ေပးပါ
ေစာင့္ေ႐ွာက္ေပးပါ
အနားမွာဆက္ၿပီးမရပ္တည္ေပးႏိုင္တဲ့အတြက္
ခြင့္လႊတ္ပါ
မင္းႀကီးအနားမွာ ထာဝရ ပါရမိီျဖည့္ေပးပါ
က်မရဲ႕ခမည္းေတာ္အစား က်မရဲ႕ေပးဆပ္မႈေတြကိုေတြးၿပီးခြင့္လႊတ္ေပးပါ
ကေလးငယ္...
အေမ့ရဲ႕ကေလးေလးရယ္
ဒီအေမက ေလာကၿကီးထဲက အေစာႀကီးထြက္သြားတာကိုခြင့္လႊတ္ပါ
အေမ့ရဲ႕သားေလးအနားမွာေနျပီး မျပဳစုမေစာင့္ေ႐ွာက္ႏုိင္ေတာ့တာကိုခြင့္လႊတ္ပါ
မင္းႀကီးအတြက္ အားကိုးရမယ့္သားေတာ္တစ္ပါးအေနနဲ႔ က်န္းက်န္းမာမာနဲ႔႐ွင္သန္လာေပးပါ
အမတ္ႀကီးသည္ သူ၏ေျမးေတာ္အရင္းကိုေတာ့ သတ္ပစ္တဲ့ထိ မ႐ူးမို္က္ မရက္စက္ဘူးဟုေတြးရင္း သားေတာ္ငယ္ကို မိဖုရားဇီစိတ္ခ်ႏိုင္ခဲ့ပါသည္။
ထိုသို႔ျဖင့္.......
ႏွစ္ရက္ေျမာက္ေန႔တြင္
မိဖုရားဇီနတ္ရြာစံသြားခဲ့ၿပီ
နန္းတြင္းတစ္ခုလံုးကအမႈထမ္းေတြသည္
ၾကမ္းႏွင့္ဦးေခါင္းတိုက္၍ဝမ္းပန္းတနည္းငိုေႂကြးျမည္တမ္းေနၾကသည္။အမတ္ႀကီးသည္ေတာ့ အခ်ဳပ္က်ေနေသာ မင္းသားHan အား သတ္မိန္႔ေပးရန္အျပစ္ဒဏ္ခ်လိုက္ေလၿပီ။
Yukhei သည္ သူ၏သခင္မ မွာသြားေသာစကားအတိုင္း မင္းသားဟန္ကိုကယ္ထုတ္ဖို႔ၾကံစည္ေနသည္။သို႔ေသာ္ အခ်ဳပ္ခန္းမွ အျပစ္ေပးကြင္ျပင္သို ့ဆြဲထုတ္သြားၿပီးျဖစ္ေသာမင္းသားဟန္ကို ကယ္ဖုိ႔ရာအခက္ေတြ႔ေနေလသည္။ထိုအခ်ိန္ လက္ေထာက္တစ္ေယာက္၏ ဇာပနခ်ိန္အတြင္း ေသြးေျမမစြန္းရဆုိေသာစကားတစ္ခုေၾကာင့္ အမတ္ႀကီးသည္ မင္းသားHan အား ေခါင္းျဖတ္သတ္ရန္အမိန္႔အစား အဆိပ္ေသာက္ေသရန္အမိန္ ့ကို ေ႔ျပာင္းခ်လိုက္ေလသည္။ ထိုအခါအခက္ေတြ႔ေနေသာ Yukhei အၾကံတစ္ခုရသြားသည္။
အဆိပ္။
သူ၏ဝတ္ရံုထဲမွာ အေဆာင္အိတ္ငယ္ကို
စမ္းျကည့္လိုက္သည္။
ႏွလံုးရပ္တန္႔ေဆး။
ခ်င္ႏိုင္ငံ၏အထူးေလ့က်င့္ျခင္းခံထားရေသာ လက္ေရြးစင္ကိုယ္ရံေတာ္တိုင္းတြင္ ထိုေဆး႐ွိ၏။
ေတာ္ဝင္မိသားစုကို ေသသည္ထိ တစ္ဖဝါးမွမခြာဘဲေစာင့္ေ႐ွာက္ရေသာကိုယ္ရံေတာ္မ်ားသည္ အေျခအေနအမ်ိဳးမ်ိဳးအတြက္ရည္ရြယ္ၿပီး ထိုေဆးကို လက္ဝယ္ ေဆာင္ထားခြင့္႐ွိၾကသည္။
ေဆးသည္ျပင္း၏။ေသာက္မိလွ်င္ အဆိပ္ရည္ေသာက္မိလို္က္သည့္သဖြယ္ နာက်င္စြာခံစားၾကရ၏။သို႔ေသာ္ ဤေဆးကႏွလံုးကို အခ်ိန္တစ္ခုၾကာေအာင္ ရပ္တန္႔ေပးထားေသာအာနိသင္႐ွိသည္။ေဆးကိုေသာက္မိသူသည္ အဆိပ္ေသာက္မိသကဲ့သုိ႔ ေသြးအန္ကာ လဲက်ေသဆံုးသြားလိမ့္မည္။သို႔ေသာ္ အမွန္တကယ္အသက္ေသသြားျခင္းေတာ့မဟုတ္။လူေသတစ္ေယာက္သဖြယ္ ႏွလံုးရပ္သြားျခင္းသာျဖစ္လိမ့္မည္။အခ်ိန္၇နာရီမွ်ျကာလွ်င္ေတာ့ သူ႔ရဲ႕ႏွလံုးကျပန္ခုန္လာၿပီး ထိုလူကအသက္ျပန္႐ွင္ႏိုင္ေပလိမ့္မည္။
Yukhei သည္ အမတ္ႀကီး၏အမိန္႔ျဖင့္ အဆိပ္လာယူေသာအမႈထမ္း၏ေနာက္သို႔ ထပ္ခ်ပ္မကြာတိုးတိုးတိတ္တိတ္ လိုက္လာခဲ့သည္။ အမႈထမ္းေကာင္ေလးသည္ သစ္သားဗန္းငယ္ကို စားပြဲေပၚသို႔ခ်ထားကာ စင္မ်ားၾကားထဲတြင္ အဆိပ္ပုလင္းမ်ား၏နာမည္ကိုဖတ္ရင္းလိုက္႐ွာေနသည္။ခဏအၾကာ အဆိပ္ပုလင္းကိုသယ္လာၿပီး အဆိပ္ရည္အနည္းငယ္ကို ပန္းကန္လံုးအျဖဴထဲသို႔ထည့္လိုက္ေလသည္။ အမႈထမ္းေကာင္ေလးသည္ အဆိပ္ပုလင္းကို ယူလာေသာစင္ေပၚသို္႔ျပန္သြားထားေနစဥ္ Yukhei က အဆိပ္ခြက္ခ်င္းကိုျမန္ဆန္စြာေကာက္လဲပစ္လိုက္သည္။
ဘာတစ္ခုမွမသိလိုက္ေသာ
အမႈထမ္းေကာင္ေလးသည္ သစ္သားဗန္းကို
မၿပီး အျပစ္ေပးမည့္ေနရာဆီ ထြက္သြားေလၿပီ။
ထိုေကာင္ေလးယူသြားေသာေဆးရည္သည္ကား အဆိပ္အစား Yukhei ထည့္ေပးလိုက္ေသာ ႏွလံုးရပ္တန္႔ေဆးအျဖစ္ေျပာင္းလဲသြားၿပီ။အဆိပ္တမွ်နာက်င္ခံစားရေသာေဆးျဖစ္တာေၾကာင့္
မင္းသားဟန္ ေသာက္လိုက္တဲ့အခါ လူတိုင္းက အဆိပ္ဟုသာထင္ၾကလိမ့္မည္။
ထို႔ေနာက္
အဆိပ္ေသာက္ကာ ေသသြားၿပီဟုထင္ေသာ
အမတ္ႀကီးက မင္းသားဟန္၏႐ုပ္အေလာင္းကို နန္းက်ဘုရင္မ်ား သခ်ဳႋင္းတြင္ေျမျမႇဳပ္ေစခဲ့သည္။အခ်ိန္ေကာင္းကိုေစာင့္ေနေသာYukhei ကေတာ့ မင္းသားဟန္ ႏွလံုးျပန္ခုန္လာမည့္အခ်ိန္အမွီ မင္းသားဟန္ကုိျပနျ္ပီးတူးေဖာ္ထုတ္ယူကာ နန္းတြင္းမွထြက္ေျပးခဲ့ေတာ့သည္။
Yukhei ၏ ေနာက္ေၾကာင္းျပန္စကားမ်ားအားၾကာရၿပီးခ်ိန္မွာ Sehun ခံုေပၚသို႔အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်သြားမိသည္။
Yukhei က ဆက္ေျပာသည္။
"က်ေနာ္ မင္းသားဟန္နဲ႔အတူထြက္ေျပးလာရင္း ဒုကၡေရာက္ေနတုန္း ခရီးအျပန္သံအမတ္ႀကီးYiFan နဲ႔ေတြ႔ခဲ့ရတယ္ ဒီငါးႏွစ္စလံုးမွာ အမတ္ႀကီးYiFan က က်ေနာ္တုိ႔ကိုကယ္ထားခဲ့တာပါ "
"မင္း ဘာလုိ႔ငါ့ကိုလာမ႐ွာခဲ့တာလဲ? ငါျပန္ေရာက္လာတဲ့အခ်ိန္မွာ မင္းငါ့ကိုျပန္လာ႐ွာလုိ႔ရတယ္မဟုတ္ဖူးလား?!! "
"မင္းႀကီး! မင္းသားHan က ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးေၾကာင့္ ႏွလံုးျပန္ခုန္လာေပမယ့္ တစ္လၾကာေအာင္သတိလစ္ေနခဲ့တာပါ ! မင္းႀကီးစစ္ပြဲကျပန္လာခ်ိန္မွာ က်ေနာ္ မင္းႀကီးနဲ႔ေတြ႔ဖုိ႔ နန္းတြင္းကိုဝင္ဖုိ႔ၾကဳိးစားပါေသးတယ္! ဒါေပမယ့္ မင္းႀကီးကိုေတြ႔ခြင့္ရဖုိ႔မလြယ္ခဲ့ပါဘူး ... ဒီကိစၥက မင္းႀကီးကိုမွတိုက္႐ိုက္မေလွ်ာက္တင္ရင္ တျခားသူကိုၾကားျဖတ္ သတင္းပို႔ခိုင္းလုိ႔ရတဲ့အရာလည္းမဟုတ္ပါဘူး!အ့ဲလုိသာဆုိ မင္းသားဟန္ကေနာက္တစ္ႀကိမ္လုပ္ၾကံခံရမွာပါ! ဒါ့ေၾကာင့္ က်ေနာ္လက္ေလွွ်ာ့ၿပီးျပန္သြားေတာ့ မင္းသားHan က ျပနျ္ပိီးသတိဝင္လာပါၿပီ..ဒါေပမယ့္ "
႐ုတ္တရက္ရပ္တန္႔သြားေသာ Yukhei ကို
Sehun ခပ္စူးစူးစိုက္ၾကည့္ပစ္လိုက္တဲ့အခါ Yukheiက ေခါင္းငံု႔သြားၿပီး
" မင္းသားဟန္က မွတ္ဉာဏ္ပ်က္စီးသြားၿပီး အတိတ္ကိုေမ့သြားခဲ့ပါတယ္ မင္းႀကီး"
"ဟား! "
ငါးႏွစ္လံုးလံုး ဟန္႔ကို ေသၿပီထင္မွတ္ကာ
Sehun မွာ အ႐ူးတစ္ပိုင္း။ မဟုတ္ဘူး!!! သူ႔ကိုယ္သူလည္းသတ္ေသဖို႔ဆံုးျဖတ္ထားတာ။လုပ္ရက္လိုက္တာ! လုပ္ရက္လုိက္တဲ့ဖခင္။
ၾကားထဲက သူတုိ႔ႏွစ္ေယာက္ေၾကာင့္
အသက္ေပးလိုက္ရတဲ့ ဓားစာခံ မိဖုရားဇီကိုေရာ
သူဘယ္လိုေတာင္းပန္ရမလဲ? သူ႔ရဲ႕ဇနီးမယားျဖစ္ခဲ့တဲ့ဘဝတစ္ေလွ်ာက္ သူ႔အေပၚေပးဆပ္ခဲ့တဲ့မိဖုရားဇီကို သူဘယ္လိုေတာင္းပန္ရေတာ့မလဲ?
မိဖုရားဇီကိုသတ္တယ္!
ဟန္ လုပ္ၾကံပါတယ္လို႔စြတ္စြဲအျပစ္ေပးတယ္!
ဒီလူသားႏွစ္ေယာက္အတြက္ Sehun ဘယ္လိုျပန္ေပးဆပ္ရပါ့မလဲ?!!
ၾကမ္းျပင္ေပၚတြင္ Yukhei သည္ ဒူးေထာက္ကာ ေခါင္းကိုငံု႔ထားလ်က္ ႐ွိေနဆဲျဖစ္သလို
Sehun သည္လည္း ႐ုတ္တရက္႐ႈပ္ေထြးက်ပ္တည္းသြားေသာခံစားခ်က္ေပါင္းမ်ားစြာျဖင့္ မြန္းက်ပ္စြာထိုင္ငိုင္ေနမိဆဲ။
ထိုအခ်ိန္ ဧည့္ေဆာင္၏တစ္ဘက္နံရံျခမ္းမွ
ၾကက္ေျခခတ္သ႑ာန္အကြက္ေဖာ္ထားေသာေလးေထာင့္ျပတင္းေပါက္ နားေလးတြင္ ပံုရိပ္ေလးတစ္ခုတုိးကပ္လာသည္။
Sehun လွမ္းၾကည့္လိုက္သည့္အခါ
စူးစမ္းေနေသာမ်က္ႏွာေလးတစ္ခုကိုျမင္လိုက္ရသည္။
ဟန္္ငယ္သည္ ဒူးေထာက္ထိုင္ေနေသာYukhei အား ထုိအကြက္ကေလးေတြၾကားမွွ လွမ္းေခ်ာင္းၾကည့္ေနသည္။မ်က္လံုးေတာက္ေတာက္ကေလးမ်ားက သိခ်င္စိတ္ျဖင့္တျဖတ္ျဖတ္လက္လုိ႔ေနေပမယ့္ မ်က္ႏွာေလးကစိတ္မေကာင္းစြာ ငယ္ေနသည္။
ငါးႏွစ္!
ငါးႏွစ္ေတာင္ သူနဲ႔အေဝးမွာေနခဲ့ေသာ ဟန္
သူ႔အနားမွာမဟုတ္ဘဲ
သူနဲ႔အေဝးႀကီးမွာ ႐ွင္သန္ေနသည့္ဟန္႔ကို
Sehun စိတ္ကူးျဖင့္ပင္ မွန္းဆမၾကည့္ရဲေအာင္နာက်င္ရသည္။
သို႔ေသာ္ ဟန္ အသက္႐ွင္ေနသည္။
ဟန္ အသက္႐ွင္ေနတာႏွင့္ပင္ Sehun အတိုင္းမသိဝမ္းသာေနရပါၿပီ။
အခန္းတြင္းမွ ထြက္ကာ ထုိျပတင္းေပါက္နားမွာေခ်ာင္းၾကည့္ေနေသာ ဟန္ ့ဆီသို႔ သူ သြားလိုက္ သည္။႐ုတ္တရက္အနားသိို႔ေရာက္လာတဲ့သူ႔ကိုျမင္ၿပီး ဟန္က ထိတ္လန္႔စြာေနာက္သို႔ဆုတ္သည္။ သူ ့လက္ေတြကို ဆန္ ့ထုတ္ကာ ေပြ႔ဖက္မည္ျပင္ေတာ႔ ဟန္က ေနာက္လွည့္လုိ႔ထြက္ေျပးသည္။Sehun ကလ်င္ျမန္စြာ ဖမ္းခ်ဳပ္၍ ရင္ခြင္ထဲထည့္သည့္အခါ ဟန္က႐ုန္းသည္။
" ဘာ! ဘာလုပ္တာလဲ! ခင္ဗ်ား!!"
"ခဏ! .. .. .. ခဏေလးပါ! Han ရယ္
ကိုယ္လြမ္းလြန္းလုိ႔ပါ"
တုန္ရီေမာဟိုက္ေနေသာသူ႔စကားသံမ်ားအဆံုးမွာ
Han က ၿငိမ္သက္သြားသည္။
Sehun ရဲ႕မ်က္ရည္စီးေၾကာင္းတစ္ခ်ဳိ့မွာလည္း Han ၏ ပခံုးထက္သို႔က်ဆင္းသြားသည္။
" ကိုယ္ေသမတတ္ လြမ္းေနခဲ့တာ ~
မင္း မ႐ွိေတာ့ဘူးလုိ႔ထင္ေနခဲ့တာ ~
ကိုယ့္ကို ခြင့္လႊတ္ပါ
မင္းကိုေတြ႔ေအာင္မ႐ွာခဲ့တဲ့အတြက္ ခြင့္လႊတ္ပါ..ေနာက္တစ္ခါဒီလိုထပ္မျဖစ္ေစရဘူး! မင္းကိုဘယ္သူမွထပ္ၿပီးဒုကၡမေပးေစရဘူး! ကိုယ္မင္းကိုေနာက္ထပ္အဆံုး႐ွံုးမခံႏိုင္ဘူး..Han ရယ္...ေနာက္တစ္ႀကိမ္ဆုိ ကိုယ္..႐ူး ရ လိမ့္ မယ္ သိရဲ႕လား "
Han ၏ မ်က္ႏွာႏုႏုအား လက္ႏွစ္ဖက္ျဖင့္အုပ္ကိုင္ကာ တခုတ္တရ ပင့္ေမာ့ရင္း ေရရြတ္ေနေသာသူ႔အား Han က နားမလည္စြာေငးၾကည့္ေနခဲ့ပါသည္။
••••••••••••••••••••••••••••••••••••••••••••
Words- 4829😱😱
A/N:
ႏွလံုးရပ္တန္႔ေဆး သံုးတာကို
Mo နန္းတြင္းဇာတ္လမ္းသံုးခုမွာၾကည့္ခဲ့ဖူးပါတယ္
ေ႐ွာင္မုိေလးက စိတ္ကူးေတြအယဥ္လြန္ေနတာမဟုတ္ပါဘူးေနာ္ 😌
ဒီအကြက္ကိုခန္႔မွန္းမိတဲ့လူ႐ွိလား
သိခ်င္ပါတယ္....Han မေသဘူးလုိ႔ထင္ထားတဲ့သူေတြက ဘာလုိ႔မေသဘူးထင္တာလဲဆုိတာကို ေျပာျပေပးပါ ေ႐ွာင္မိုသိခ်င္လုိ႔ ေနာ္ ေနာ္ ေနာ္
ၿပီးေတာ့
အိမ္စာေပးဦးမယ္
ဟန္၏ အသက္ကိုခန္႔မွန္းပါ 😍
Love You All ❤
Unicode
ပတ်ဝန်းကျင်သည် အမှောင်ဘက်သန်းလုဆဲဆဲ
ဝါကျင့်ကျင့် ညိုတိုတိုအလင်းဆောင်သော
ညနေစောင်းအချိန် ဖြစ်သည်။
ဈေးအထွက်မှ လမ်းဆုံရှိ လမ်းခွဲလေးတစ်ခုပေါ်တွင်တော့ ခန့်ခန့်ညားညားဝတ်ဆင်ထားသော သခင်ကြီးတစ်ယောက်က လူရွယ်လေးတစ်ယောက်ကိုအတင်းဖက်ထားလျက်ရှိပြီး
မနီးမဝေးမှာတော့ ဓားဆောင်ပြီးတောင့်တောင့်ကြီးရပ်ကြည့်နေကြသော အမျိုးသားအနည်းငယ်များမှာလည်း မျက်နှာတွင် အံ့သြထူးဆန်းသောခံစားချက်အဖုံဖုံဖြစ်နေရုံသာမက
ဈေးပြန်တစ်ချို့ကလည်း ဖုန်ထနေသောလမ်းပေါ်တွင် ဖြတ်သွားဖြတ်လာလုပ်ရင်း အူကြောင်ကြောင်အမူအယာများနှင့် ငေးသွားကြလျက်ရှိပြန်ကာ
ကာယကံရှင်နှစ်ဦး၏အနားတွင်တော့
အရပ်ရှည်ရှည်လူကြီးနှစ်ယောက်ကို ဇက်လန်ကျမတတ် ဦးခေါင်းမော့ကာငေးကြည့်နေတဲ့ ကလေးငယ်လေးရှိနေလေသည်။
"ဘာလုပ်တာလဲ?!! "
ခံစားချက်မျိုးစုံရောပြွန်း၍
အသိနှင့်လူကပ်ဖို့ပင် မနည်းထိန်းနေရသောSehun သည် မထင်မှတ်ထားသောအချိန်မှာ Han နှင့် ခြေသုံးလှမ်းလောက်အကွာကိုတွန်းထုတ်ခံလိုက်ရလေသည်။
"Han! "
သူ ခြေတစ်လှမ်းရှေ့တိုးသည့်အခါ
Han က နောက်သို့တစ်လှမ်းဆုတ်သွားပြီး
မိမိကိုယ်ကိုကာကွယ်ရန်အသင့်အနေအထားပင် ပြင်ထားပါသေး၏။
မယုံနိုင်ဖွယ်ငေးကြောင်ကြည့်နေမိသောသူ့ကို
Han ပြန်တုန့်ပြန်သည့်မျက်ဝန်းများတွင်
ကြောက်ရွံ့ခြင်း၊ထိတ်လန့်ခြင်းနှင့် ရွံရှာခြင်းများကအတိုင်းသား ထင်းလျက်။
" Han ဘာဖြစ်လို့လဲ? "
"ခင်ဗျားဘယ်သူလဲ? ကျနော့်နာမည်ကိုဘယ်လိုသိနေတာလဲ? "
ထိုမေးခွန်းအဆုံးမှာ
Sehun တစ်ကိုယ်လုံး လေဟာနယ်ထဲကိုပစ်ချခံလိုက်ရသလိုခံစားလိုက်ရသည်။သူ့ကိုကြည့်နေသော Han ၏ မျက်ဝန်းများက သူစိမ်းယောက်ျားတစ်ဦး၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရ၍အင်မတန်မသိုးမသန့်ဖြစ်နေသည့်အလား။
အသံ၊ လေယူလေသိမ်း
ဝတ်စားဆင်ယင်မှု၊ အမူအယာ အားလုံးပြောင်းလဲနေပါသော်ငြား Han ဆိုတာသေချာနေပါသည်။သို့ဖြင့် Han က မိမိကိုဘာကြောင့် သူစိမ်းတစ်ဦးလိုကြည့်ရှုနေပါသနည်း။
"Han ကိုယ်လေ...Sehun ... မင်းရဲ့ သခင်လေ "
သူ့အဖြေစကားကိုကြားတဲ့အခါ Han က မျက်မှောင်ကိုတွန့်လျက် တိုက်ခိုက်ရန်အသင့်ရပ်နေသောအနေအထားကိုပြင်ရပ်ကာ စိတ်ပျက်ဖွယ်ကြည့်လာ၏။အရူးတစ်ယောက်ကိုမြင်တွေ့လိုက်ရသည့်နှယ်။Hanကိုယ်တိုင်အမြတ်တနိုးခေါ်လေ့ရှိသော သခင် ဆိုတဲ့အခေါ်အဝေါ်ကို Sehun ပြောလိုက်မိတာ ဘာများလွဲချော်သွားပါသနည်း။
သို့သော် Sehun ၏အပြင်ပန်းကတော့ ထိုသို့ထင်မြင်နိုင်ဖွယ်ရှိနေပါသည်။
သေမတတ်လွမ်းဆွတ်နေရပါသော၊
နှလုံးပေါက်မတတ်ချစ်မြတ်နိုးရပါသော၊ လောကကြီးထဲမှထွက်သွားပြီဟုမှတ်ယူထားပါ သောချစ်ရသူကို အရှင်လတ်လတ်ပြန်မြင်တွေ့ရသည့်အခိုက်မှာ Sehun နေရာတွင် မည်သူမဆို သွေးရူးသွေးတမ်းဖြစ်ကုန်မှာအမှန်အပင်ဖြစ်သည်မဟုတ်လား။
"အားချီ .. အိမ်ပြန်တော့ "
Han က နံဘေးမှကလေးငယ်ကိုငုံ့ပြောလိုက်တဲ့အခါ ထိုကလေးက ဆော့နေတဲ့တုတ်ချောင်းလေးကိုကောက်ယူပြီး တစ်ဖက်လမ်းသို့ပြေးထွက်သွားပါတော့သည်။Sehun ထိုအချိန်မှာပင် Han၏အနားသို့တိုးကပ်သွားလိုက်ပြန်သည်။
"Han "
"ခင်ဗျား ကျနော့်နာမည်ကိုဘယ်လိုသိနေလဲတော့မသိဘူး...ဒါပေမယ့် ကျနော်က ခင်ဗျားရဲ့ကျွန် မဟုတ်တာတော့သေချာတယ် ... သွားခွင့်ပြုပါဦး "
ကျွန် မဟုတ်ပါဘူး!
ရင်နှစ်သည်းချာချစ်ရတဲ့ချစ်သူပါ Han ရယ်!
လှည့်ထွက်သွားတော့မည့် Han၏ လက်ကောက်ဝတ်ကိုဆွဲကိုင်လိုက်သည့်အခါ Han က သူ့ရင်ဘတ်သို့ လက်ပြန်ရိုက်ချလိုက်တော့၏။ Han ၏ မသိကျိုးကျွန်ပြုမှုနဲ့တင် ရင်တွင်းကနာကျင်နေချိန် အားပြင်းသောရိုက်ထုတ်ချက်ကြောင့် Sehun ဆွဲထားသောလက်ကိုပါလွှတ်လိုက်မိသည်။
ထိုအချိန်တွင် Sehunကိုစောင့်ရှောက်ရန်လိုက်ပါလာသည့်ကိုယ်ရံတော်များက တိုက်ခိုက်လိုက်သော Han ထံသို့ နီးကပ်လာသည်မို့ Han က ထိတ်လန့်ကာ နေရာမှလှည့်ပြေးတော့၏။
"Han! "
နောက်တစ်ကြိမ်ပျောက်ကွယ်သွားရင်တော့
Sehun နေရာတင် သွက်သွက်ခါရူးသွားနိုင်သည်မို့ Han ၏နောက်ကပြေးလိုက်မိသည်။Han သည် လမ်းကြားသွယ်သွယ်များကိုကျွမ်းကျင်စွာလှည့်ပတ်ပြေးရင်း အိမ်ကြီးတစ်ခုအတွင်းသို့်ဝင်ရောက်ပျောက်ကွယ်သွားသည်။
Sehun နှင့်အတူ ပြေးလိုက်လာသော
ကိုယ်ရံတော်များသည်လည်း ထိုအိမ်ရှေ့သို့ရောက်လာခဲ့ကြသည်။Sehun ပိတ်ထားသောအိမ်တံခါးမကြီးကို ခေါက်ရန်ပြင်လိုက်စဉ် အနားသို့နောက်ကျမှရောက်လာသော ဝမ်လမ်းညွှန်က မောမောနှင့်ဆိုပါ၏။
"မင်းကြီး! ဒါက သံအမတ်ကြီး YiFan ရဲ့အိမ်တော်ဘဲ! "
တံခါးခေါက်ရန်ပြင်နေသောSehun ၏လက်ကလေမှာတန့်သွားပြီး လမ်းညွှန်ကိုလှည့်ကြည့်လိုက်သည်။သူပြောသောစကားကိုလည်း နှုတ်မှပြန်ရွတ်လိုက်သည်။
" သံအမတ်ကြီး YiFan? "
"ဟုတ်ပါတယ် မင်းကြီး! "
Sehun သံအမတ်YiFan အား ထူးထူးခြားခြားကိုမှတ်မိပါသည်။လွန်ခဲ့သောခြောက်နှစ်က ဂိုဂူယောကို သံတမန်အဖြစ်လာခဲ့ဖူးသည်။ထို့အပြင် ဟန်နှင့်လည်းရင်းနှီးကျွမ်းဝင်သော အမတ်ဖြစ်သည်။Sehun သေချာပါသည်။ဒီအိမ်ထဲကိုဝင်သွားတဲ့Han ဟာ သူချစ်ရတဲ့ချစ်သူအစစ်အမှန်ဘဲဆိုတာ။
သူရောက်လာကြောင်း သတင်းပါးခိုင်းပြီးနောက်
အိမ်တော်ထဲသို့Sehun ဝင်လာခဲ့သည်။ဝမ်ပြည်၏သံအမတ်တစ်ဦးရဲ့အိမ်တော်သည် အတော်အသင့်ကြီးမားကျယ်ပြန့်ပြီး အဆောင်အယောင်ဟိတ်ဟန်လည်း ထိုက်သင့်သလောက်ရှိသည်။
"ဂ" ပုံ အဆောင်ကြီး၏ဧည့်ဆောင်တစ်ခုတွင် အစေခံများက Sehun ကိုခဏစောင့်ဆိုင်းရန်နေရာချပေးခဲ့လေသည်။ကိုယ်ရံတော်တစ်ဦးကိုတော့ ဤအိမ်တော်ကြီးထဲမှတစ်နေရာတွင်ရှိနေမည်မှာသေချာသော ဟန့်ကိုလိုက်ရှာပြီး မျက်ခြေမပြတ်စောင့်ကြည့်ဖို့ Sehun စေလွှတ်ထားလိုက်သည်။
ခဏကြာပြီးနောက်မှာ အဆောင်ထဲသို့ဝင်လာသော ဝတ်ကောင်းစားလှအမျိုးသမီးတစ်ဦး။ ပန်းဆီရောင်ဝတ်ရုံတွင် ကြွတက်နေသောပန်းထိုးရုပ်လွှာများပါသော တန်ဖိုးကြီးဝတ်ရုံကိုဝတ်ဆင်ထားပြီး ရှားပါးကျောက်မျက်ရတနာလက်ဝတ်တန်ဆာများကိုလည်းဝတ်ထားသည်။
ထိုအမျိုးသမီးက အစေခံများလျှောက်တင်ပြီးသော အကျိုးအကြောင်းကိုသိနှင့်ပြီးတာမို့ ဝင်လာလာချင်း Sehun ကိုအရိုအသေပေး၏။
"ဂိုဂူယောအရှင်မင်းမြတ်က ကျမတို့အိမ်ကို အခုလိုအလည်အပတ်ပြုတဲ့အတွက် အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိပါတယ် မင်းကြီး ကျမရဲ့အရိုအသေပေးမှူကိုလက်ခံပေးပါ "
မျက်နှာအနေအထား
ဝတ်စားဆင်ယင်ပုံနှင့်
နှုတ်ချိုအပြုံးချိုသောအမျိုးသမီးကိုကြည့်ပြီး
ဤအိမ်တော်၏သခင်မမှန်း Sehun သိလိုက်သည်။
"အမတ်ကြီးYiFan က ဘယ်မှာလဲ? "
Sehun စကားတွေဝေ့မနေဘဲ တွေ့ချင်သူYiFanကိုသာ တိုက်ရိုက်မေးလိုက်သည်။
"ခင်ပွန်းက ဒီနှစ်ထဲမှာ ရန်ပြည်နယ်ကို သံတမန်အဖြစ်ခရီးဆန့်နေရတာမို့ မင်းကြီးကိုလာမနှုတ်ဆက်နိုင်ဖြစ်တာကို ဂရုဏာကြီးမားသောမင်းကြီးကခွင့်လွှတ်ပေးပါ "
Sehun စိတ်ညစ်သွားသည်။Han ဒီကိုဘယ်လိုရောက်နေလဲ?Han ဘာဖြစ်နေတာလဲဆိုတာကို YiFan သေချာပေါက်သိနေမည်ဟုသူမှတ်ယူတာမို့ YiFan နှင့်အလောတကြီးတွေ့ချင်နေတော့သည်။Sehun က လက်မလျှော့ဘဲ ဇနီးသည်သခင်မကိုဆက်လက်မေးမြန်းလိုက်သည်။
"ဒီအိမ်တော်မှာ LuHan ဆိုတဲ့သူရှိတယ်မလား? "
သူမက ဘယ်လိုများသိနေပါသလဲဆိုသောအဓိပ္ပာယ်ဆောင်သည့်မျက်လုံးများဖြင့်တအံ့တသြ ပြန်ကြည့်လာပါသည်။နှုတ်ကမူ ချိုသာစွာနှင့်
"ရှိပါတယ်မင်းကြီး "
"သူ ဒီအိမ်တော်ကိုဘယ်လိုရောက်လာသလဲ? "
သူမက ပြောရမှာ အနည်းငယ်တန့်နေပြီးမှ
ရှင်ဘုရင်ဖြစ်တဲ့Sehun ကိုကြောက်ရွံ့ရကာ
အကြောင်းအရာတစ်ချို့ကိုထုတ်ပြောလာတော့သည်။
"လွန်ခဲ့တဲ့ငါးနှစ်က ခရီးတစ်ခုကပြန်ရောက်လာတဲ့ကျမ ခင်ပွန်းနှင့်အတူ လူနှစ်ယောက်အပိုထပ်ပါလာခဲ့ပါတယ် အဲ့ဒီလူနှစ်ယောက်ထဲက တစ်ယောက်က LuHan အမည်ရှိတဲ့ကောင်ငယ်လေးတစ်ယောက်ပါဘဲ .. ကျမ မှတ်မှတ်ရရရှိနေမိတဲ့အကြောင်းအရင်းကတော့ အဲ့ဒီကောင်လေးက အိမ်တော်ကိုရောက်လာပြီး တစ်လကြာသည်ထိ သတိလစ်မေ့မြောနေခဲ့လို့ပါ မင်းကြီး "
"သတိလစ်မေ့မြောတယ်? "
Sehun သူ့ဘာသာတီးတိုးရေရွတ်မိသည်။
Sehun စစ်ပွဲကပြန်ရောက်လာချိန်မှာ
ဖခင်ပြောခဲ့တာဟာ ဟန့်ကိုအဆိပ်သောက်သေရန်အမိန့်ပေးခဲ့ခြင်းဖြစ်သလို ဟန်ကလည်းအဆိပ်ကိုယ်တိုင်သောက်ပြီးသေသွားခဲ့တာပင်။ထို့ပြင် သေဆုံးသွားတာသေချာသော ဟန့်ကိုမြေတောင်မြှုပ်ခဲ့ကြသေးသည်မဟုတ်လား။သူကိုယ်တိုင်မဟုတ်ပေမယ့်လို့ ဒါကလူတိုင်းသိနေတဲ့အမှန်တရားဘဲလေ။
" အဲ့ဒီကောင်လေး သတိရလာပြီးနောက်ပိုင်းမှာ ကျမခင်ပွန်းက သူ့ကိုအိမ်တော်မှာဘဲနေဖို့ခွင့်ပြုခဲ့တယ် ဒါပေမယ့် ဒီကောင်လေး ဘယ်သူဆိုတာရယ်၊ ဘာတွေဖြစ်ခဲ့လဲဆိုတာရယ် ၊ ကျမခင်ပွန်းYiFanက ဘာကြောင့်ကယ်တင်ထားတာရယ်ကိုတော့ စွက်ဖက်ခွင့်မရှိတဲ့ ဇနီးသည်ကျမလဲ သိခွင့်မရှိခဲ့ပါဘူး"
သူမက ဆက်တိုက်လျှောက်တင်နေရင်းမှ
မျက်နှာပျက်နေသောSehun ကိုအကဲခတ်လိုက်ပြီး မေးခွန်းတစ်ခုကိုမဝံ့မရဲမေးမြန်းလာပါသည်။
"အရှင်မင်းကြီး...LuHan ရဲ့အကြောင်းကိုဘာကြောင့်များသိချင်ရသလဲဆိုတာ နိမ့်ကျသော ကျမက သိနိုင်ခွင့်ရှိမလား? "
"အရင်ဆုံး မင်းဖြေစရာကျန်သေးတယ် ...မင်းရဲ့ခင်ပွန်းနဲ့အတူပါလာတယ်လို့ပြောတဲ့ထဲက လူနှစ်ယောက်မှာ နောက်တစ်ယောက်ကဘယ်သူလဲ? ငါကိုယ်တော် အခုသူနဲ့တွေ့နိုင်မလား? "
သူမက ခေါင်းငုံ့အရိုအသေပြုပြီး
"ကျမ အခုဘဲ အဲ့ဒီလူကိုစေလွှတ်လိုက်ပါ့မယ်အရှင်မင်းကြီးOh "
အိမ်တော်သခင်မက ခေါင်းငုံ့အရိုအသေပေးရင်း
ဧည့်ဆောင်ထဲမှထွက်သွားတော့သည်။ခဏအကြာ Sehun ကို တည်ခင်းဧည့်ခံဖို့ရာ ပွဲတော်အစုံစုံကို အစေခံများက ယူဆောင်လာကြသည်။သိပ်မကြာလိုက်တဲ့အချိန်မှာတော့ Sehun ခေါ်ခိုင်းလိုက်သောလူက အဆောင်ပြင်မှာရောက်နေပါပြီဟုသတင်းပို့လာလေသည်။Sehun မြန်မြန်ဘဲဝင်လာခွင့်ပြုလိုက်သည်။
အနက်ရောင်ဝတ်ရုံကို ခန္တာကိုယ်နှင့်ချပ်ကပ်စွာဝတ်ဆင်ထားသောထိုယောက်ျားသည် အခန်းဝတွင်ဒူးထောက်အရိုအသေပြုလျက်ရှိနေတာမို့ Sehun သူ့မျက်နှာကိုကောင်းစွာမမြင်ရသေး။
"ဦးခေါင်းကိုမော့စမ်း "
Sehun ၏ မော့ကြည့်ခိုင်းလိုက်သောအမိန့်သံအဆုံးမှာ ထိုယောက်ျားက ခေါင်းကိုမော့လာလေသည်။သူ့ရဲ့မျက်နှာကိုမြင်လိုက်ရချိန်မှာတော့ Sehun အင်မတန်အံ့သြသွားမိပြန်သည်။
" မင်း! Yukhei!! "
ငါးနှစ်အတွင်း အစအနရှာမရအောင်ပျောက်ကွယ်နေခဲ့သော မိဖုရားဇီ၏ကိုယ်ရံတော် Yukhei သည် ယခု Sehun ၏ ရှေ့တွင်ရှိနေသည်။ယခင်ထက် သိသိသာသာ ညိုသွားသောအသားအရေနှင့် အမွှေးအမျှင်တစ်ချို့ရှိနေသောမျက်နှာရင့်ရင့်သည်သာ ယခင်ပုံစံနှင့်ခြားနားလေသည်။
စစ်မထွက်မှီက မိဖုရားဇီနှင့်ဟန့်ကို စောင့်ရှောက်ရန် Sehun သည် Yukhei အားတိတ်တဆိတ်တာဝန်ပေးခဲ့သည်။ နန်းတွင်းကိုပြန်ရောက်လာတဲ့အခါဖြစ်ပျက်ခဲ့သမျှကိစ္စအလုံးစုံအတွက် Yukhei ကို လိုက်ရှာခဲ့သေးသည်။သို့်သော် မိဖုရားဇီ၏ဇာပနအခမ်းအနား အပြီးမှာ ချင်နိုင်ငံသားအားလုံးကို ချင်နိုင်ငံထံပြန်ပို့လိုက်ပြီဟုသိလိုက်ရသည်။Sehun ချင်နိုင်ငံသို့်လူလွှတ်ကာ Yukhei အားရှာဖွေရန်စေခိုင်းခဲ့ပါသေးသည်။သို့သော် ချင်နန်းတွင်းတွင် Yukhei ကား မရှိတော့။သူ၏မွေးရပ်ဇာတိကိုမေးမြန်းခိုင်းပြန်ခဲ့သော်လည်း ချင်နိုင်ငံ၏တော်ဝင်မိသားစုကိုအနီးကပ်စောင့်ရှောက်ရသည့် ကိုယ်ရံတော်များ၏ ကိုယ်ရေးရာဇဝင်ကိုကား စုံစမ်း၍မရခဲ့။ဤသို့ဖြင့် Yukhei ရှိနေမည့်မွေးရပ်ဇာတိကိုမသိခဲ့ရသလို Yukhei ၏ သတင်းကိုလည်းအစအနပင်ရှာမရခဲ့။
ယခုလိုငါးနှစ်အကြာတွင်မှ
Yukhei သည် သူ့ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။သူတစ်ဦးတည်းမဟုတ်ပါဘဲ Han နှင့်အတူ။
လွန်ခဲ့သောငါးနှစ် ...
ဖွေးရွသောနှင်းတို့ မြေသို့ဦးတိုက်သက်ဆင်းချိန်
ခိုက်ခိုက်တုန်အောင် ချမ်းစီးသော
ဆောင်းဦးရာသီ ၌
မိဖုရားဇီ နတ်ရွာစံသွားပြီဟုသတင်းမကြားရခင်
နှစ်ရက်အလိုက ကိစ္စတစ်ချို့ ဖြစ်ပျက်ခဲ့သည်။
မီးဖွားပြီးသတိလစ်မေ့မြောနေသောမိဖုရားဇီသည်
မနက်တစ်ခုမှာ သတိဝင်လာခဲ့သည်။အနီးအနားတွင်ရှိနေသော သမားတော်ကြီးများက အဆိပ်မိထားသောမိဖုရားဇီအတွက် ဖြေဆေးဖော်စပ်ရင်းအလုပ်ရှုပ်နေချိန်လည်းဖြစ်သည်။မိဖုရားဇီသည် သတိဝင်လာလာချင်း သူမ၏ကလေးကိုမြင်တွေ့ရဖို့တောင်းဆိုခဲ့သည်။
အဆိပ်သည် သူမကိုသာမက ကလေးကိုပါသက်ရောက်နေတာကြောင့် ကလေးငယ်မှာလည်း အပြင်းအထန်ဖျားနေခဲ့သည်။သူမ၏ကလေးကိုကြည့်ရင်း သမားတော်များကိုအကြောင်းအရင်းမေးမြန်းလေမှ သူမရော ကလေးပါ အဆိပ်မိထားကြောင်းသိလိုက်သည်။
ထို့ပြင် အဆိပ်ခတ်လုပ်ကြံသူသည်
မင်းသားHan ဟုကြားလိုက်ရပြီး အချုပ်ချခံထားရသည့်အကြောင်းကိုပါကြားလိုက်ရသည့််အတွက်မိဖုရားဇီ သွေးပျက်သွားသည်။သို့သော် မိဖုရားဇီကမယုံ။ မင်းသားHan သည် သူမ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံး ခင်ပွန်းဖြစ်သူမင်းကြီးထက်ပင်ပိုပြီး သူမကိုဂရုစိုက်ခဲ့သည်။သူမအတွက်စိတ်ပူပေးခဲ့သည်။သူမအနားမှာ အားပေးနေခဲ့သည်။ ယခုကိစ္စသည် မင်းသားHan လုပ်ကြံတာမဟုတ်ဘဲ ချောက်ချခံရတာသာဖြစ်မည်ဟု သူမအတတ်သိနေသည်။
မိဖုရားဇီသည် သတင်းကြားလျှင်ကြားချင်လည်း
အိပ်ယာမှကုန်းရုန်းထဖို့ကြိုးစားသည်။ သို့သော် သူမရဲ့အခြေအနေက မီးဖွားထားပြီးအပြင် အဆိပ်ကြောင့်အားအင်မရှိသလောက်ကုန်ခမ်းနေသည်။
အချုပ်ကျနေသောမင်းသားHan ကို ချက်ချင်းလွှတ်ပေးလိုက်ဖို့အမိန့်ပေးပြန်သည်။သို့သော်လည်း နန်းတွင်းသည် ဘုရင်မရှိချိန် ဘုရင့်ဖခင်က အာဏာအမြင့်ဆုံးဖြစ်နေလေသည့်အပြင် မင်းသားHan ကို ကိုယ်တိုင်ဖမ်းခေါ်သွားသော အမတ်ကြီးအား မည်သူမျှမတွန်းလှန်ရဲကြ။
ထိုအချိန် အမတ်ကြီးက သူမ သတိဝင်လာသည့်အကြောင်းကိုကြားကာ သူမ၏အဆောင်ကိုရောက်လာခဲ့သည်။အဆောင်တွင်းရှိ အမှုထမ်းများ ၊ သမားတော်များအားလုံးကိုအပြင်သို့ထွက်ခိုင်းပြီးနောက် အိပ်ယာထဲမှာလဲလျောင်းနေသောမိဖုရားဇီနှင့် အမတ်ကြီးသာကျန်နေခဲ့သည်။
"အခုဘာတွေဖြစ်နေတာလဲဆိုတာရှင်းပြပေးပါ အမတ်ကြီး "
" မိဖုရားကို မင်းသားHan က အဆိပ်ခတ်လုပ်ကြံခဲ့တယ် "
"ကျမ မယုံဘူး...မင်းသားHan က အဲ့ဒီလိုလုပ်မယ့်သူမျိုးမဟုတ်ဘူး "
မိဖုရားဇီ၏ဖြူဖျော့နေသောမျက်နှာသည်
အားတင်းမာန်တင်းလျက် အံကြိတ်ထားသည်။
အမတ်ကြီးမှာတော့ ခံစားချက်မရှိ ဗလာနတ္ထိမျက်လုံးများနှင့် စကားတစ်ခွန်းချင်းကို နှူတ်ထွက်ရိုသေစွာ သွေးအေးအေးဖြင့်ဆက်ပြောနေသည်။
"မိဖုရား...ကျန်နေတဲ့အားနည်းနည်းကိုခြွေတာပါ...ကျနော်မျိုးက မင်းသားHan လုပ်ကြံတယ်လု့ိပြောရင် မင်းသားHan လုပ်ကြံတယ်လို့ဘဲမှတ်လိုက်ပါ"
"အမတ်ကြီး!!ရှင် မင်းသားHan ကိုတစ်ခုခုလုပ်ရင် ရှင့်ကို မင်းကြီးကခွင့်လွှတ်မှာမဟုတ်ဘူး!!"
"မိဖုရား...ကျနော်မျိုးက မင်းကြီးရဲ့အဖေအရင်းခေါက်ခေါက်ဆိုတာလေးလည်း ခေါင်းထဲထည့်တွေးပါဦးလား "
အမတ်ကြီးက အပြုံးယဲ့ယဲ့ချိတ်ဆွဲရင်း
ယုံကြည်မှုအပြည့်နှင့်ဖြေချိန် မိဖုရားမှာ လက်သီးတင်းတင်းဆုပ်လို့ကြိတ်မနိုင်ခဲမရဖြစ်လာသည်။ အမတ်ကြီးက ရိုသေသောအသုံးကိုဖြုတ်လျက် တစ်နည်းအားဖြင့် မျက်နှာဖုံးကိုခွာချကာ ဆက်ပြောသည်။
"တကယ်တော့ ကျုပ်မင်းကို ဒီလိုပုံစံမျိုးနဲ့မမြင်ချင်ပါဘူး မိဖုရားဇီ... ကျုပ်မြေးကလေးကိုလည်း အခုလိုမထိခိုက်စေချင်ပါဘူး...မင်းသာ ကျုပ်စကားကိုနားထောင်မယ်ဆိုရင် ဒီလိုဝေဒနာမျိုးခံစားရမှာမဟုတ်ဖူးလေ...မင်းက ကျုပ်ကိုဆန့်ကျင်တာကိုး "
"မင်းသားHan က ရှင့်ကိုဘာလုပ်နေလ့ိုလဲ?အမတ်ကြီး...ဘာလို့သူ့ကိုဒီလိုဒုက္ခပေးရတာလဲ? "
"သူ ရှိနေတာကိုက ကျုပ် အတွက်ပြသနာဘဲ! သူဆိုတာက မင်းကြီးအနားမှာရှိကိုမရှိသင့်တဲ့လူ! မဟုတ်ဘူး! နန်းတွင်းနဲ့လုံးဝမသက်ဆိုင်တော့တဲ့လူ! မင်းသားဟန်မှ မဟုတ်ဘူး ဘယ်သူ့ကိုမဆို မရှိသင့်တဲ့နေရာကိုရောက်နေရင်တော့ ကျုပ်ကဖယ်ရှားရမှာဘဲ! "
အမတ်ကြီး၏စကားကိုနားထောင်ရင်း
မိဖုရားဇီမှာ မျက်ရည်တွင်တွင်စီးကျလာသည်။
ဒီလိုပုံစံအတိုင်းဆို မင်းသားHan ကိုသူမ ဘယ်လိုကယ်ထုတ်ရမည်နည်း။စစ်မြေပြင်ကိုရောက်နေတဲ့မင်းကြီးကို သူမကတိပေးထားသည်။ပြန်အလာမှာ မင်းသားHan နှင့်အတူစောင့်နေပါမည်ဟု။ယခု သူမအခြေအနေကို သူမ သိသည်။သူမ မင်းကြီးကိုစောင့်နေပေးနိုင်မှာမဟုတ်။သူမအတွက်အချိန်မရှိတော့။သို့သော် မင်းသားHan ကိုတော့ ချန်ထားခဲ့ချင်သည်။မင်းကြီးချစ်မြတ်နိုးသောမင်းသားHan ကိုတော့ သူမ ရအောင်ကယ်ချင်သည်။မင်းကြီးပြန်လာတဲ့အခါ တစ်ယောက်ကတော့ရှိနေခဲ့ဦးမှဖြစ်မည်လေ။
" ငြိမ်ငြိမ်သက်သက်လေးအနားယူရင်း စောင့်နေလိုက်ပါမိဖုရားဇီ...မကြာခင်မှာ မင်းဒီဝေဒနာတွေဆီကလွတ်ကင်းသွားပါလိမ့်မယ်"
အမတ်ကြီး၏အသံက သူမနားထဲတွင်
တိုးလိုက်ကျယ်လိုက်ဖြစ်နေသည်။အနည်းငယ်မှုန်ရီလာသောမျက်လုံးများမှ အမတ်ကြီးပြန်ထွက်သွားတာကိုမြင်နေရသည်။သို့သော် သူမ စကားတစ်ခွန်းမျှမဆိုနိုင်တော့။လက်ချောင်းလေးတစ်ချောင်းလှုပ်ရှုားဖို့ပင် ခက်ခဲပင်ပန်းနေပါတော့သည်။ထို့နောက် သူမမျက်ဝန်းများပိတ်ကျသွားသည်။ သူမ နောက်တစ်ကြိမ်သတိလစ်သွားခဲ့ပြန်၏။
ထိုနေ့ ညနက်နက်မှာဘဲ မိဖုရားဇီသတိပြန်လည်လာသည်။ယောက်ရက်ခတ်နေသောသမားတော်များအစား တရှုံ့ရှုံ့ငိုနေသောအထိန်းတော်ကြီးတစ်ယောက်သာ သူမအနားတွင်ရှိနေသည်။သူမကိုလက်လျှော့လိုက်ကြ၍လား?သို့မဟုတ် သူမကိုဆက်မကုသပေးတော့သည်လားမပြောတတ်။
ခြောက်ကပ်နေသောလည်ချောင်းမှအသံကိုညှစ်ထုတ်ယူပြီး အထိန်းတော်ကြီးအား လှမ်းခေါ်လိုက်သည်။
"အထိန်းတော်ကြီး "
"ဟုတ်ကဲ့! ကျမရှိပါတယ်မိဖုရား! ပြောပါ! "
"Yukhei! Y uk he i ကို ခေါ်ခဲ့ "
အနည်းငယ်သာလှုပ်နိုင်သောနှုတ်ခမ်းဖြူဖြူများမှ ပြတ်တောင်းပြတ်တောင်းစကားကိုနားထောင်ပြီး အထိန်းတော်ကြီးက သူမ၏ကိုယ်ရံတော်Yukhei ကို သွားခေါ်လာပေးသည်။
" Yuk hei!...မင်း သား Han ကို ကယ်! huh~ ငါ့ကို အမတ်ကြီးလုပ်ကြံတာ! မင်းသား Han မဟုတ်ဘူး!...huh~ မင်းသား Han ကို ကယ်!"
Yukhei သည် သူမအတွက် အယုံကြည်ရဆုံး
စိတ်အချရဆုံး သူမအပေါ်သစ္စာအရှိဆုံးကိုယ်ရံတော်ဖြစ်သည်။ချင်နိုင်ငံတွင် တော်ဝင်မိသားစုအတွက်ရွေးချယ်ထားသောလက်ရွေးစင်များမှအတော်ဆုံးလည်းဟုတ်သည်။သူမ အရွယ်ရောက်ကတည်းက အနားမှာအမြဲတစေ အရိပ်လိုကပ်ပါပြီးစောင့်ရှောက်နေခဲ့သောကိုယ်ရံတော်ဖြစ်သည်။ သူ မင်းသားHan ကို ရအောင်ကယ်နိုင်မည်ဆိုတာ သေချာပါသည်။
မင်းကြီး...
ကတိမတည်တဲ့ကျမကိုခွင့်လွှတ်ပါ
ပြန်လာတဲ့အခါထွက်မကြိုနိုင်တာကိုခွင့်လွှတ်ပါ
ရင်သွေးလေးကို မစောင့်ရှောက်ပေးနိုင်တော့တာခွင့်လွှတ်ပါ
နောင်ဘဝသာရှိခဲ့ရင် မင်းကြီးကိုဆက်ပြီးပေးဆပ်ချစ်ခွင့်ကိုပေးပါ
မင်းသား ဟန်...
ကျမ အစား သားလေးကိုချစ်ပေးပါ
စောင့်ရှောက်ပေးပါ
အနားမှာဆက်ပြီးမရပ်တည်ပေးနိုင်တဲ့အတွက်
ခွင့်လွှတ်ပါ
မင်းကြီးအနားမှာ ထာဝရ ပါရမီဖြည့်ပေးပါ
ကျမရဲ့ခမည်းတော်အစား ကျမရဲ့ပေးဆပ်မှုတွေကိုတွေးပြီးခွင့်လွှတ်ပေးပါ
ကလေးငယ်...
အမေ့ရဲ့ကလေးလေးရယ်
ဒီအမေက လောကကြီးထဲက အစောကြီးထွက်သွားတာကိုခွင့်လွှတ်ပါ
အမေ့ရဲ့သားလေးအနားမှာနေပြီး မပြုစုမစောင့်ရှောက်နိုင်တော့တာကိုခွင့်လွှတ်ပါ
မင်းကြီးအတွက် အားကိုးရမယ့်သားတော်တစ်ပါးအနေနဲ့ ကျန်းကျန်းမာမာနဲ့ရှင်သန်လာပေးပါ
အမတ်ကြီးသည် သူ၏မြေးတော်အရင်းကိုတော့ သတ်ပစ်တဲ့ထိ မရူးမိုက် မရက်စက်ဘူးဟုတွေးရင်း သားတော်ငယ်ကို မိဖုရားဇီစိတ်ချနိုင်ခဲ့ပါသည်။
ထိုသို့ဖြင့်.......
နှစ်ရက်မြောက်နေ့တွင်
မိဖုရားဇီနတ်ရွာစံသွားခဲ့ပြီ
နန်းတွင်းတစ်ခုလုံးကအမှုထမ်းတွေသည်
ကြမ်းနှင့်ဦးခေါင်းတိုက်၍ဝမ်းပန်းတနည်းငိုကြွေးမြည်တမ်းနေကြသည်။အမတ်ကြီးသည်တော့ အချုပ်ကျနေသော မင်းသားHan အား သတ်မိန့်ပေးရန်အပြစ်ဒဏ်ချလိုက်လေပြီ။
Yukhei သည် သူ၏သခင်မ မှာသွားသောစကားအတိုင်း မင်းသားဟန်ကိုကယ်ထုတ်ဖို့ကြံစည်နေသည်။သို့သော် အချုပ်ခန်းမှ အပြစ်ပေးကွင်ပြင်သို့ဆွဲထုတ်သွားပြီးဖြစ်သောမင်းသားဟန်ကို ကယ်ဖို့ရာအခက်တွေ့နေလေသည်။ထိုအချိန် လက်ထောက်တစ်ယောက်၏ ဇာပနချိန်အတွင်း သွေးမြေမစွန်းရဆိုသောစကားတစ်ခုကြောင့် အမတ်ကြီးသည် မင်းသားHan အား ခေါင်းဖြတ်သတ်ရန်အမိန့်အစား အဆိပ်သောက်သေရန်အမိန့်ကို ေ့ပြာင်းချလိုက်လေသည်။ ထိုအခါအခက်တွေ့နေသော Yukhei အကြံတစ်ခုရသွားသည်။
အဆိပ်။
သူ၏ဝတ်ရုံထဲမှာ အဆောင်အိတ်ငယ်ကို
စမ်းကြည့်လိုက်သည်။
နှလုံးရပ်တန့်ဆေး။
ချင်နိုင်ငံ၏အထူးလေ့ကျင့်ခြင်းခံထားရသော လက်ရွေးစင်ကိုယ်ရံတော်တိုင်းတွင် ထိုဆေးရှိ၏။
တော်ဝင်မိသားစုကို သေသည်ထိ တစ်ဖဝါးမှမခွာဘဲစောင့်ရှောက်ရသောကိုယ်ရံတော်များသည် အခြေအနေအမျိုးမျိုးအတွက်ရည်ရွယ်ပြီး ထိုဆေးကို လက်ဝယ် ဆောင်ထားခွင့်ရှိကြသည်။
ဆေးသည်ပြင်း၏။သောက်မိလျှင် အဆိပ်ရည်သောက်မိလိုက်သည့်သဖွယ် နာကျင်စွာခံစားကြရ၏။သို့သော် ဤဆေးကနှလုံးကို အချိန်တစ်ခုကြာအောင် ရပ်တန့်ပေးထားသောအာနိသင်ရှိသည်။ဆေးကိုသောက်မိသူသည် အဆိပ်သောက်မိသကဲ့သို့ သွေးအန်ကာ လဲကျသေဆုံးသွားလိမ့်မည်။သို့သော် အမှန်တကယ်အသက်သေသွားခြင်းတော့မဟုတ်။လူသေတစ်ယောက်သဖွယ် နှလုံးရပ်သွားခြင်းသာဖြစ်လိမ့်မည်။အချိန်၇နာရီမျှကြာလျှင်တော့ သူ့ရဲ့နှလုံးကပြန်ခုန်လာပြီး ထိုလူကအသက်ပြန်ရှင်နိုင်ပေလိမ့်မည်။
Yukhei သည် အမတ်ကြီး၏အမိန့်ဖြင့် အဆိပ်လာယူသောအမှုထမ်း၏နောက်သို့ ထပ်ချပ်မကွာတိုးတိုးတိတ်တိတ် လိုက်လာခဲ့သည်။ အမှုထမ်းကောင်လေးသည် သစ်သားဗန်းငယ်ကို စားပွဲပေါ်သို့ချထားကာ စင်များကြားထဲတွင် အဆိပ်ပုလင်းများ၏နာမည်ကိုဖတ်ရင်းလိုက်ရှာနေသည်။ခဏအကြာ အဆိပ်ပုလင်းကိုသယ်လာပြီး အဆိပ်ရည်အနည်းငယ်ကို ပန်းကန်လုံးအဖြူထဲသို့ထည့်လိုက်လေသည်။ အမှုထမ်းကောင်လေးသည် အဆိပ်ပုလင်းကို ယူလာသောစင်ပေါ်သို့်ပြန်သွားထားနေစဉ် Yukhei က အဆိပ်ခွက်ချင်းကိုမြန်ဆန်စွာကောက်လဲပစ်လိုက်သည်။
ဘာတစ်ခုမှမသိလိုက်သော
အမှုထမ်းကောင်လေးသည် သစ်သားဗန်းကို
မပြီး အပြစ်ပေးမည့်နေရာဆီ ထွက်သွားလေပြီ။
ထိုကောင်လေးယူသွားသောဆေးရည်သည်ကား အဆိပ်အစား Yukhei ထည့်ပေးလိုက်သော နှလုံးရပ်တန့်ဆေးအဖြစ်ပြောင်းလဲသွားပြီ။အဆိပ်တမျှနာကျင်ခံစားရသောဆေးဖြစ်တာကြောင့်
မင်းသားဟန် သောက်လိုက်တဲ့အခါ လူတိုင်းက အဆိပ်ဟုသာထင်ကြလိမ့်မည်။
ထို့နောက်
အဆိပ်သောက်ကာ သေသွားပြီဟုထင်သော
အမတ်ကြီးက မင်းသားဟန်၏ရုပ်အလောင်းကို နန်းကျဘုရင်များ သချုႋင်းတွင်မြေမြှုပ်စေခဲ့သည်။အချိန်ကောင်းကိုစောင့်နေသောYukhei ကတော့ မင်းသားဟန် နှလုံးပြန်ခုန်လာမည့်အချိန်အမှီ မင်းသားဟန်ကိုပြြန်ပီးတူးဖော်ထုတ်ယူကာ နန်းတွင်းမှထွက်ပြေးခဲ့တော့သည်။
Yukhei ၏ နောက်ကြောင်းပြန်စကားများအားကြာရပြီးချိန်မှာ Sehun ခုံပေါ်သို့အရုပ်ကြိုးပြတ်ထိုင်ချသွားမိသည်။
Yukhei က ဆက်ပြောသည်။
"ကျနော် မင်းသားဟန်နဲ့အတူထွက်ပြေးလာရင်း ဒုက္ခရောက်နေတုန်း ခရီးအပြန်သံအမတ်ကြီးYiFan နဲ့တွေ့ခဲ့ရတယ် ဒီငါးနှစ်စလုံးမှာ အမတ်ကြီးYiFan က ကျနော်တို့ကိုကယ်ထားခဲ့တာပါ "
"မင်း ဘာလို့ငါ့ကိုလာမရှာခဲ့တာလဲ? ငါပြန်ရောက်လာတဲ့အချိန်မှာ မင်းငါ့ကိုပြန်လာရှာလို့ရတယ်မဟုတ်ဖူးလား?!! "
"မင်းကြီး! မင်းသားHan က ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် နှလုံးပြန်ခုန်လာပေမယ့် တစ်လကြာအောင်သတိလစ်နေခဲ့တာပါ ! မင်းကြီးစစ်ပွဲကပြန်လာချိန်မှာ ကျနော် မင်းကြီးနဲ့တွေ့ဖို့ နန်းတွင်းကိုဝင်ဖို့ကြိုးစားပါသေးတယ်! ဒါပေမယ့် မင်းကြီးကိုတွေ့ခွင့်ရဖို့မလွယ်ခဲ့ပါဘူး ... ဒီကိစ္စက မင်းကြီးကိုမှတိုက်ရိုက်မလျှောက်တင်ရင် တခြားသူကိုကြားဖြတ် သတင်းပို့ခိုင်းလို့ရတဲ့အရာလည်းမဟုတ်ပါဘူး!အဲ့လိုသာဆို မင်းသားဟန်ကနောက်တစ်ကြိမ်လုပ်ကြံခံရမှာပါ! ဒါ့ကြောင့် ကျနော်လက်လျှော့ပြီးပြန်သွားတော့ မင်းသားHan က ပြြန်ပီးသတိဝင်လာပါပြီ..ဒါပေမယ့် "
ရုတ်တရက်ရပ်တန့်သွားသော Yukhei ကို
Sehun ခပ်စူးစူးစိုက်ကြည့်ပစ်လိုက်တဲ့အခါ Yukheiက ခေါင်းငုံ့သွားပြီး
" မင်းသားဟန်က မှတ်ဉာဏ်ပျက်စီးသွားပြီး အတိတ်ကိုမေ့သွားခဲ့ပါတယ် မင်းကြီး"
"ဟား! "
ငါးနှစ်လုံးလုံး ဟန့်ကို သေပြီထင်မှတ်ကာ
Sehun မှာ အရူးတစ်ပိုင်း။ မဟုတ်ဘူး!!! သူ့ကိုယ်သူလည်းသတ်သေဖို့ဆုံးဖြတ်ထားတာ။လုပ်ရက်လိုက်တာ! လုပ်ရက်လိုက်တဲ့ဖခင်။
ကြားထဲက သူတို့နှစ်ယောက်ကြောင့်
အသက်ပေးလိုက်ရတဲ့ ဓားစာခံ မိဖုရားဇီကိုရော
သူဘယ်လိုတောင်းပန်ရမလဲ? သူ့ရဲ့ဇနီးမယားဖြစ်ခဲ့တဲ့ဘဝတစ်လျှောက် သူ့အပေါ်ပေးဆပ်ခဲ့တဲ့မိဖုရားဇီကို သူဘယ်လိုတောင်းပန်ရတော့မလဲ?
မိဖုရားဇီကိုသတ်တယ်!
ဟန် လုပ်ကြံပါတယ်လို့စွတ်စွဲအပြစ်ပေးတယ်!
ဒီလူသားနှစ်ယောက်အတွက် Sehun ဘယ်လိုပြန်ပေးဆပ်ရပါ့မလဲ?!!
ကြမ်းပြင်ပေါ်တွင် Yukhei သည် ဒူးထောက်ကာ ခေါင်းကိုငုံ့ထားလျက် ရှိနေဆဲဖြစ်သလို
Sehun သည်လည်း ရုတ်တရက်ရှုပ်ထွေးကျပ်တည်းသွားသောခံစားချက်ပေါင်းများစွာဖြင့် မွန်းကျပ်စွာထိုင်ငိုင်နေမိဆဲ။
ထိုအချိန် ဧည့်ဆောင်၏တစ်ဘက်နံရံခြမ်းမှ
ကြက်ခြေခတ်သဏ္ဍာန်အကွက်ဖော်ထားသောလေးထောင့်ပြတင်းပေါက် နားလေးတွင် ပုံရိပ်လေးတစ်ခုတိုးကပ်လာသည်။
Sehun လှမ်းကြည့်လိုက်သည့်အခါ
စူးစမ်းနေသောမျက်နှာလေးတစ်ခုကိုမြင်လိုက်ရသည်။
ဟန်ငယ်သည် ဒူးထောက်ထိုင်နေသောYukhei အား ထိုအကွက်ကလေးတွေကြားမှ လှမ်းချောင်းကြည့်နေသည်။မျက်လုံးတောက်တောက်ကလေးများက သိချင်စိတ်ဖြင့်တဖြတ်ဖြတ်လက်လို့နေပေမယ့် မျက်နှာလေးကစိတ်မကောင်းစွာ ငယ်နေသည်။
ငါးနှစ်!
ငါးနှစ်တောင် သူနဲ့အဝေးမှာနေခဲ့သော ဟန်
သူ့အနားမှာမဟုတ်ဘဲ
သူနဲ့အဝေးကြီးမှာ ရှင်သန်နေသည့်ဟန့်ကို
Sehun စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်ရဲအောင်နာကျင်ရသည်။
သို့သော် ဟန် အသက်ရှင်နေသည်။
ဟန် အသက်ရှင်နေတာနှင့်ပင် Sehun အတိုင်းမသိဝမ်းသာနေရပါပြီ။
အခန်းတွင်းမှ ထွက်ကာ ထိုပြတင်းပေါက်နားမှာချောင်းကြည့်နေသော ဟန့်ဆီသို့ သူ သွားလိုက် သည်။ရုတ်တရက်အနားသို့ရောက်လာတဲ့သူ့ကိုမြင်ပြီး ဟန်က ထိတ်လန့်စွာနောက်သို့ဆုတ်သည်။ သူ့လက်တွေကို ဆန့်ထုတ်ကာ ပွေ့ဖက်မည်ပြင်တော့ ဟန်က နောက်လှည့်လို့ထွက်ပြေးသည်။Sehun ကလျင်မြန်စွာ ဖမ်းချုပ်၍ ရင်ခွင်ထဲထည့်သည့်အခါ ဟန်ကရုန်းသည်။
" ဘာ! ဘာလုပ်တာလဲ! ခင်ဗျား!!"
"ခဏ! .. .. .. ခဏလေးပါ! Han ရယ်
ကိုယ်လွမ်းလွန်းလို့ပါ"
တုန်ရီမောဟိုက်နေသောသူ့စကားသံများအဆုံးမှာ
Han က ငြိမ်သက်သွားသည်။
Sehun ရဲ့မျက်ရည်စီးကြောင်းတစ်ချို့မှာလည်း Han ၏ ပခုံးထက်သို့ကျဆင်းသွားသည်။
" ကိုယ်သေမတတ် လွမ်းနေခဲ့တာ ~
မင်း မရှိတော့ဘူးလို့ထင်နေခဲ့တာ ~
ကိုယ့်ကို ခွင့်လွှတ်ပါ
မင်းကိုတွေ့အောင်မရှာခဲ့တဲ့အတွက် ခွင့်လွှတ်ပါ..နောက်တစ်ခါဒီလိုထပ်မဖြစ်စေရဘူး! မင်းကိုဘယ်သူမှထပ်ပြီးဒုက္ခမပေးစေရဘူး! ကိုယ်မင်းကိုနောက်ထပ်အဆုံးရှုံးမခံနိုင်ဘူး..Han ရယ်...နောက်တစ်ကြိမ်ဆို ကိုယ်..ရူး ရ လိမ့် မယ် သိရဲ့လား "
Han ၏ မျက်နှာနုနုအား လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ တခုတ်တရ ပင့်မော့ရင်း ရေရွတ်နေသောသူ့အား Han က နားမလည်စွာငေးကြည့်နေခဲ့ပါသည်။
••••••••••••••••••••••••••••••••••••••••••••
Words- 4829😱😱
A/N:
နှလုံးရပ်တန့်ဆေး သုံးတာကို
Mo နန်းတွင်းဇာတ်လမ်းသုံးခုမှာကြည့်ခဲ့ဖူးပါတယ်
ရှောင်မိုလေးက စိတ်ကူးတွေအယဉ်လွန်နေတာမဟုတ်ပါဘူးနော် 😌
ဒီအကွက်ကိုခန့်မှန်းမိတဲ့လူရှိလား
သိချင်ပါတယ်....Han မသေဘူးလို့ထင်ထားတဲ့သူတွေက ဘာလို့မသေဘူးထင်တာလဲဆိုတာကို ပြောပြပေးပါ ရှောင်မိုသိချင်လို့ နော် နော် နော်
ပြီးတော့
အိမ်စာပေးဦးမယ်
ဟန်၏ အသက်ကိုခန့်မှန်းပါ 😍
Love You All ❤