My chaos

Od bebe_mayly

49.8K 2.9K 504

" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုး... Více

Ep 1
Intro
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
1K vote 👏
Ep 23

Ep 22

1.4K 97 20
Od bebe_mayly

" ဘာ မင်းနေလင်းက နင်တို့အိမ်မှာ တူတူနေတယ် !!! "

" အေး ဟုတ်တယ် သူ့အဖေကနယ်ကိုအပြီးပြောင်းသွားပြီလေ ရန်ကုန်မှာ သူပဲကျန်တော့တာ "

" အဲ့တော့ နင်တို့အိမ်မှာပေါ့ "

" အေးပေါ့ လင်းလက်ရယ် "

" မရတော့ဘူး ငါ့ဇွဲကောင်းခန့် အရေးနိမ့်လို့မဖြစ်ဘူး "

" ငါ့ဇွဲကောင်းခန့်တဲ့ ပိုင်ဆိုင်မှုပြ စကားလုံးကြီးနော် "

" ဟုတ်တယ် ငါ့ရည်မှန်းချက်က ငါလင်ရရင်ရ မရရင် ငါ့ ကလေးတွေ လင်ရကိုရ ရမယ် အခုအခြေအနေက ငါလင်ရဖို့ လမ်းမမြင်ဘူးဆိုတော့ "

" နင်ရမှာပါ ဟင်းဟင်း "

" တော်တော့ ခုချိန်ကစပြီး ဂိုဂိုနဲ့ ဇွဲကောင်းခန့်အဆင်ပြေဖို့အရေး ငါ့အရေးပဲ "

" ဖြစ်ရမယ် "

" ငါသိပြီ လာ ပြောပြမယ် "

နားနား ကပ်ပြီး ပြောလို့ အပြီးမှာ သူငယ်ချင်း နှစ်ယောက်သား လူယုတ်မာအပြုံး ပြိုင်တူပြုံးမိကြလေရဲ့

**************************************

" ဟိုမှာ ဝင်လာပြီ "

Game ဆော့နေသော ဂွန်းဂွန်းအား လင်းလက်က လက်တို့ပြီးပြောလိုက်သည်

ဆိုင် တံခါးကို ဖွင့်ပြီး ရူးကြောင်မူးကြောင်နဲ့ အိမ်မက်ထဲယောင်ပြီး လမ်းလျှောက်နေသလို ဝင်လာတဲ့ ဇွဲကောင်းခန့်

အဲ့ဒါကို ဘေးနားက လင်းလက်တစ်ယောက်ကြည့်နေတဲ့ပုံစံ အမေကြီးတစ်ယောက်သူ့သား ကစားနေတာကိုကြည့်နေပုံလိုလို သနားဂရုဏာ ပီတိတွေဖြစ်နေတဲ့ မျက်လုံးတွေနဲ့

" လာထိုင် ဇွဲ "

" အင်း "

" နင့်ကြည့်ရတာလဲ စိတ်နဲ့ လူနဲ့မကပ်သလိုပဲဟယ် အရင်လို ပျော်ပျော်နေတတ်တဲ့ဇွဲလေး ပြန်ပေးကြပါ "

" အေးဟာ ကြာရင်တော့ ဖြစ်မှာပေါ့ "

" ဟဲ့ ငါတို့က နင့်အကြောင်းပြောနေတာလေဟာ ဘာလို့သူများကိစ္စလို ကိုယ်နဲ့မဆိုင်သလိုလုပ်နေတာလဲ "

ဒီနှစ်ယောက်ကို ကြည့်ပြီး စိတ်ဆင်းရဲလာတာနဲ့ ဂွန်းဂွန်းပဲ ဝင်ပြောမှရတော့မည်

" နင်သိလား ငါတို့အိမ်မှာ မင်းနေလင်း လာနေတော့မယ်ဆိုတာ "

" ဟင် "

" ဂွန်းဂွန်းပြောတာကမှနည်းသေးတယ် မဟုတ်ဘူး လာတောင်နေနေပြီသိလား မနေ့တည်းက "

" ဂိုဂိုပျော်နေမှာပေါ့ "

ပျော်တာမှ ပြဲနေပြီ

စိတ်ထဲမှာပြောမိပေမဲ့ ဂွန်းဂွန်းစကားသံကထွက်မလာ
သူလဲ Team Zwe Kaung Khant ဘက်ကမလား

" နင်တို့ project တွေ model တွေချိုးရတယ်ဆို "

" အေးလေ "

" အေး အဲ့ဒါ သူများတွေမေးကြည့်တာတော့ အိမ်တစ်အိမ်မှာစုပြီး လုပ်ကြတာတဲ့ "

" နင့်ကို ဘယ်သူကပြောလဲ "

" ဟိုတစ်ခါက နင်တို့ကျောင်းလာတုန်းကတွေ့တဲ့ အစ်မကိုမေးထားတာ "

" အဲ့တော့ "

" အဲ့တော့ နင်လဲ assignment တွေ project တွေ အကြောင်းပြပြီး ငါ့အိမ်လာနေလို့ရတယ်လို့ ပြောတာ ငတုံး ငါးစနူရေ "

" နေပြီးတော့ ဘာလုပ်ရမှာလဲ "

" ဘုန်း !!! "

စားပွဲခုံကို လက်နဲ့ထုပြီး အားရပါးရထောက်ခံလိုက်တာ လင်းလက်

" နင်သွားနေရင် ဂိုဂိုနဲ့ နီးစပ်ပြီလေ "

" အဲ့တော့ရော ဘာဖြစ်မလဲ လူပဲ နီးနေမှာ ငါတို့စိတ်က အဝေးကြီးမှာ "

" ဟင်း ဟင်း ဒါကတော့ အချိန်ကြာရင် သံယောဇဉ်စ်ြတယ်ဆိုတာ မကြားဖူးဘူးလား ကြာရင်... "

" အေး ကြာရင် ငါက ဂိုဂို မင်းနေလင်းကို ခိုးပြေးရင် အထုပ်သယ်ရတဲ့ အကောင်ဖြစ်သွားမယ် "

ငြိမ်ပြီး တိတ်သွားသော ဂွန်းဂွန်းနဲ့ လင်းလက်
ခဏတာ စားပွဲဝိုင်းက တိတ်ဆိတ်သွားပြီးမှ လင်းလက်ကစကားစသည်

" အေးပါ ငါတို့က ဘေးလူဆိုတော့ သိပ်မပြောနိုင်ပါဘူး ဒါပေမဲ့ နင်သိလား ချစ်လို့ အလျော့ပေးတယ်ဆိုတာအလကား ကိုယ်ပဲနာကျင်ရမှာ ကိုယ်သာ ကိုယ့်ဟာကိုယ် ငါလောက်သူ့ကို ဘယ်သူမှမချစ်နိုင်ဘူးဆိုပြီး ယုံကြည်ရင် ပိုပြီးတောင် ကိုယ့်ဘက်ပါအောင်လုပ်ရမှာ တကယ်ကို သူ့ကိုငါ့လောက်ဘယ်သူမှ မချစ်နိုင်ဘူးဆိုရင် ပိုချစ်နိုင်တဲ့ သူကအသင့်တော်ဆုံးပဲ အဲ့တော့ သူ့ကို ကိုယ့်ဘက်ပါအောင်လုပ်တာက သူ့ကို ပျော်ရွှင်အောင် လုပ်ပေးတာဖြစ်သလို ကိုယ့်အတွက်လဲကောင်းတာပဲ "

တောက်ပတက်ကြွပြီး ကိုယ့်ရှေ့မှာထိုင်နေတဲ့ နှစ်ယောက်ကို ကြည့်ပြီး ဇွဲကောင်းခန့် ဘာလုပ်ရမလဲမသိ
ကိုယ်ကလဲ သူတို့လောက်စကားမပြောတတ်

အစကတော့ သူပျော်ပါစေ ဆိုတဲ့ စိတ်လေးနဲ့ပဲ နေနေခဲ့တာ အခုလို ဘေးနားက ဝိုင်းပြောနေကြတော့လဲ
တစ်ခါလောက် သူတို့ပြောသလိုလုပ်ကြည့်ရမလား

ယုံလိုက်ရမလား

စိတ်ထဲဝေခွဲမရတာတွေအကုန်လုံးက အရှေ့မှာရှိနေတဲ့ နှစ်ယောက်ကိုမြင်ပြီးရှင်းလင်းသွားသည်

" အင်းလေ နင်တို့ အဲ့လိုဆိုလဲ "

" ရေး !!! "

လင်းလက်နဲ့ ဂွန်းဂွန်းတို့နှစ်ယောက် ထအော်ပြီး လက်ဝါးခြင်းရိုက်လိုက်ကြသည်

ကိုယ့်ထက်တောင်ပိုပျော်နေကြတဲ့ သူတွေကိုကြည့်ပြီး ဇွဲကောင်းခန့်လဲ စိတ်ထဲတောင်အားတက်သွားသည်

ကြိုးစားကြည့်ကြတာပေါ့

**************************************

" မင်းနေလင်း "

" ... "

" မင်းနေလင်း "

" ... "

" မင်းနေလင်းလို့ "

မင်းနေလင်း စိတ်ပျက်စွာနဲ့ ဘေးနားကိုလာခေါ်နေသည့် ဂိုဂို့ကိုကြည့်လိုက်သည်

ဂွန်းဂွန်း အပြင်ခဏသွားလို့ သူနဲ့ဂိုဂိုနဲ့ပဲကျန်ခဲ့ပါတယ်
နားထဲ မင်းနေလင်းဆိုတာကြီးပဲကြားနေရတယ်

ကြက်တူရွေးသာဆိုရင် သင်စရာမလိုပဲ ကြားနေတာနဲ့ အလွတ်ရွတ်နေမိမှာ

" လာဦး ငါနဲ့ လိုက်ခဲ့ "

" ဘာလုပ်ဦးမလို့လဲ "

ဘာမှပြန်မပြော မျက်ထောက်နီကြီးနဲ့သာပြန်ကြည့်သည်

ကိုယ့်ထက် အရပ်ကပုလေတော့ မော့ပြီးကြည့်နေရတဲ့ပုံက ရယ်စရာ

ဒါက ဒေါသထွက်နေပုံလား

ကလေး မုန့်မပေးလို့ စိတ်ကောက်နေတဲ့ပုံပါပဲ

အရင်က ခပ်ချေချေလေးထင်ခဲ့တာ

" ရပြီ "

ဂိုဂို့အသံကြောင့် အတွေးစတို့ပြတ်သွားရင်း ကြည့်မိတော့

မိုနိုပိုလီ !!!

စာရွက်ပြားက ခန့်ခန့်ကြီးနဲ့ ပြန့်ပြန့်လေး

ပိုက်ဆံတွေတောင် သူ့နေရာလိုက်သူသေချာပုံထားသေး

မြို့တွေရော...

" လာလေ ဆော့မယ် ထိုင် "

" ခုနတုန်းက ရှင်းရှင်းနဲ့ကစားမယ်ဆိုပြီးလာခေါ်တယ် သိပ်မကြာခင်တုန်းက ဖတ်လတ်စစာအုပ်ပျောက်သွားလို့ဆိုပြီး လိုက်ရှာခိုင်းလို့ရှာရတယ် ရှာတွေ့ပြီး ခဏနားရုံရှိသေး အဝတ်ဗီရိုမှားဖွင့်ပြီး ငါ့အဝတ်တွေ ယူဝတ်လို့ မနည်းပြန်သိမ်းလိုက်ရတယ် အခု မိုနိုပိုလီဆော့ဦးမလို့လား ငါ့လဲပေးနားပါဦး "

ကလေးထိန်းနေရသလိုပါပဲနော်

စိတ်မထိန်းနိုင်လို့ အော်ပြီးမှ ကြည့်လိုက်တော့ သေချာစီထားတဲ့ သူ့မိုနိုပိုလီလေးသူ ပြန်သိမ်းလို့

သနားသွားပြန်ပြီ

" ဂိုဂို "

ခေါ်တော့လဲ မော့ကြည့်ရှာသား

" တစ်ပွဲပဲနော် လာ ဆော့ရအောင် "

ပြုံးဖြီးသွားတဲ့မျက်နှာက ခုနကနဲ့များတစ်ခြားစီပါ
ဒီလိုလူမျိုးကို ဂွန်းဂွန်းဘယ်လိုထိန်းလာခဲ့တာလဲ

မြန်မြန်ပြန်လာပါတော့ဂွန်းဂွန်းရေ

**************************************

" ပြန်လာပြီ "

ပြန်လာပြီ ပြန်လာပြီတဲ့

ဂွန်းဂွန်းပြန်လာပြီလို့ အော်တဲ့ အသံကြားတာနဲ့
မင်းနေလင်းခမျာ တောက်ပသွားလိုက်တာ

ဂိုဂိုလဲ မင်းနေလင်းကို ဆက်နှိပ်စက်လို့မရတော့မှန်း သိသွားတာနဲ့ သူကစားလတ်စ မိုနိုပိုလီတွေသိမ်းနေတော့သည်

" ပြန်လာပြီလား "

" အေး လာကြဦး ဘယ်သူပါလဲ လာကြည့်ကြ "

ဘယ်သူက ပါလာရမှာလဲ

ဂွန်းဂွန်းကတော့လုပ်ပြီ

ဂိုဂိုလဲ ကစားစရာတွေသိမ်းပြီး စိတ်ပေါက်ပေါက်နဲ့ အခန်းပြင်ထွက်ကြည့်တော့ ဇွဲကောင်းခန့်က ဆိုဖာပေါ်မှာ အခန့်သားထိုင်လို့ မင်းနေလင်းနဲ့ စကားတောင်ပြောနေလိုက်သေး

" အဲ့ဒါကြီးက ဘာကြီးလဲ "

" ဟဲ့ ဂိုဂို နင့်သူငယ်ချင်းလေ တစ်ခန်းတည်းတူတူတက်နေတာလေ ဘယ်လိုပြောတာလဲ "

" ဒီမျက်နှာရူးကို "

စကားပြောပြီး ဂွန်းဂွန်းမျက်နှာပေါ် အကြည့်ရွေ့မိတော့ ဂွန်းဂွန်းရုပ်ကြီးက မည်းမှောင်နေတာများ ပေါက်ကွဲတော့မဲ့ မီးတောင်ကြီးလိုလို

" ဇွဲ မင်းနေလင်းနဲ့စကားပြောနေကြဦးနော် ဘာစားဦးမလဲ သွားပြင်လိုက်မယ်နော် "

" ရတယ် မလိုပါဘူး ဂွန်းဂွန်းကလဲ "

" အားနာစရာမလိုပါဘူး အဆင်ပြေတာလေး လုပ်ခဲ့မယ်နော် "

ဇွဲကောင်းခန့်နဲ့ စကားလှည့်ပြောနေတုန်းက ပြုံးရွှင်ပြီး ဒီဘက်လဲ လှည့်လာရော

" နင် ငါနဲ့လိုက်ခဲ့ "

အံကြိတ်သံကြီးနဲ့ နားနားကပ်ပြီးပြောသွားလိုက်တာ
မီးဖိုခန်းထဲလဲရောက်ရော

" နင်! ဇွဲကောင်းခန့်ကို ကောင်းကောင်းဆက်ဆံနော် "

" ဘာဖြစ်လို့လဲ "

" အကြောင်းပြချက်မရှိ မရှိတာမဟုတ်ဘူးမလိုတာ အေးပြောပြီးပြီနော် တစ်ခုခုကြားတာနဲ့...ကျွတ်စ် "

မျက်လုံးကြီးပြူးပြီး လည်ပင်းပေါ်လက်နဲ့ သတ်ပစ်မယ်ဆိုတဲ့ပုံလုပ်ပြနေတာ

ကြက်သီးကြီးတွေတောင်ထသွားတယ်

ဘယ်နိုင်ငံက ဂန်းစတားမငါ့ဆီရောက်နေတာလဲ

" နေပါဦး သူက အိမ်ကိုဘာလာလုပ်တာလဲ "

" နင်တို့ စာမေးပွဲမဖြေရသေးခင် project တွေလုပ်ရမယ်လေ အဲ့ဒါအုပ်စုလိုက်လုပ်ရမှာ ဒီလိုပဲ အိမ်တစ်အိတ်မမှာစုပြီးလုပ်မှ အဆင်ပြေတာတဲ့ အဲ့ဒါကြောင့် အိမ်နဲ့ ရင်းနှီးသွားအောင်ခေါ်လာတာ "

" ငါတို့ကိုတောင်ဟိုနေ့ကမှဆရာမက ခေါင်းစဉ်ပြောပြရုံပဲရှိသေးတယ်လေ နင်က ဘယ်လိုတွေသိလာတာတုန်း "

" ဒီလိုပဲ အဲ့တာကိစ္စမဟုတ်ဘူး ကိစ္စက ဇွဲကောင်းခန့်ကို ကောင်းကောင်းဆက်ဆံ ဖူးဖူးမှုတ်ထား ဥထားရမယ် "

" အေးပါ အစ်မတော်ရယ် သဘောပေါက်တော်မူပါပြီ "







🌿🌿🌿

Pokračovat ve čtení

Mohlo by se ti líbit

2.2M 148K 104
Doctor Handsome & Medical Student
406K 22.6K 41
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပို...
282K 14K 26
အိမ်ထောင်သည်ရဲ့အချစ်ဦး
981K 184K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...