WE ARE
"ေဖဇိုင္း နဲ႔ ေကာေကာ ကို ကန္ေတာ့ပါတယ္ ။ ကာယကံ ၊ ဝစီကံ ၊ မေနာကံမ်ားမွ တစ္ပါးပါးေသာ ကံႏွင့့္
မရည္ရြယ္ဘဲ ျပစ္မွားမိခဲ့သည္ ရွိေသာ္ ကိုယ္ရွိခိုးေတာင္းပန္ပါတယ္ ၊ ခြင့္လႊတ္ေပးၾကပါ"
"အာ...ရပါတယ္ ကိုစစ္ရာ။ ေကာ တို႕ကို ဘာမွလည္းမျပစ္မွားဘူး"
ကြ်န္ေတာ္ကသာ ကန္ေတာ့ခံလူတန္းစားအထာမက်၍ မေနတတ္မထိုင္တတ္စြာ ဖင္တၾကြၾကြႏွင့္
ျဖစ္ေနေသာ္လည္း ကြ်န္ေတာ့္ ေက်းဇူးရွင္ ဆရာကေတာ့
"ခုလို ကန္ေတာ့ရပါေသာ အက်ိဳးေၾကာင့္... " ခ်ီေသာ ကန္ေတာ့ခံ ဆုေတာင္းခ်ဳိးကို အေသအခ်ာၾကီး
ဆုေတာင္းရံုသာမက
"ညီ...ကိုစစ္ ကို ဆုေပးလိုက္ေလ" ဟုပင္ အတူအိုဇာတာညွိေနသည္။ လာမလုပ္နဲ႕ ကြ်န္ေတာ့္မွာလည္း အိုးစား
ဖက္စံု စစ္သည္ေတာ္က အရံသင့္ ရွိျပီးသား။
"မလုိဘူး။ ကိုစစ္ကို ေကာ ဘာေျပာဖူးလဲ"
"ေတာင္းေပးတဲ့ ဆုျပည့္ေအာင္ ဆုေတာင္းျပည့္ေအာင္ ကိုယ္ကိုကိုယ္လည္းၾကိဳးစားရမယ္"
"Marjar"
မူၾကိဳတက္ေနေသာ အရြယ္ေလးေပမယ့္ ေန႕တိုင္းနီးပါးေခၚထားေသာ video call ေၾကာင့္ ကိုစစ္က
ကိုရီးယားစကားကို ယဥ္ပါးေနျပီ။
"လာ ဆုေတြထက္ လက္ငင္းအက်ိဳးထူးတာ မုန္႕ဖိုးပဲ။ ေရာ့ ကိုစစ္ ဝယ္ခ်င္တာဝယ္ဖို႕"
ေဖာင္းကားေနေသာ အန္ေပါင္းနီနီကို ထုတ္ေပးသည္ႏွင့္
"ကိုေနေကာင္းရာ မဟုတ္တာ" ဆိုိသည့္ အသံလားရာ အလ်င္ႏွင့္အတူ အသံပါရမီရွင္၏ ျဖည့္ပါးေတာ္ျမဲ
ေဒါက္တာ ကိုလူေအးက သူ႕သားသူ လွမ္းဆြဲေပးသည္။
"ဘာမဟုတ္ရမလဲ ကိုခ်န္းရာ...ညီက ကိုစစ္အတြက္ဆိုျပီးသက္သက္ကို ယူလာတာ။ လာ သား၊ ကိုစစ္လာယူ လာ လာ"
ကိုလူေအးလက္ထဲမွာေရာက္ေနေသာ ကိုစစ္ေလးကို ကြ်န္ေတာ့္ လူေအးၾကီးက အတင္းျပန္ဆြဲသည္။
ေနာက္ဆံုး အသံပါရမီရွင္ မာန္ေလွ်ာ့ကာ
"သား ေကာေကာ နဲ႕ ေဖဇိုင္းကို ေက်းဇူးတင္စကားေျပာေလ" ဟူေသာ စကားႏွင့္ သီတင္းကြ်တ္ရိုးရာမုန္႕ဖိုးကိုယူခြင့္ျပဳလိုက္သည္။
"မနက္က သူ႕ဦးငယ္လည္း ေပးထားတာေတြရွိတယ္။ ဟုိတစ္ေယာက္က သူ႕တူအိတ္ထဲ ကို တိတ္္တိတ္ထည့္ေပးထားတာ ကေလးက
ေတာင္ မသိဘူး"
မန္းေလးသားသည္ ပါးခ်ိဳင့္ၾကီးခြက္ေအာင္ ျပံဳးရင္း ေဖာက္သည္ျပန္ခ်သည္။
"ဒီလိုပါပဲ။ ကြ်န္ေတာ္တို႕ ငယ္ငယ္တည္းက သီတင္းကြ်တ္ရင္ သိပ္ေပ်ာ္တာ။ ကန္ေတာ့ျပီးတာနဲ႕ မုန္႕ဖိုးဘယ္ေလာက္ရေၾကာင္း အျပိဳင္ၾကြားၾကတာ ထံုးစံပဲ ေနာ့္ ကိုဇက္။ ဒါနဲ႕ ကြ်န္ေတာ္
မုန္႕ဖိုးမရေသးဘူးေနာ္"
"ညီ့ကို ေပးထားသားပဲ ရွာေလကြာ"
"ထားပါ ခင္ဗ်ား၊ ရန္ကုန္ျပန္ေရာက္ရင္ တစ္အိမ္လံုးေျပာင္းျပန္လွန္ျပမယ္။ ကန္ေတာ့ျပီးတာပဲဗ်ာ ညီေရ ေရာ့မုန္႕ဖိုးဆိုျပီး တစ္ခါတည္းေပး ဘာျဖစ္မွာလဲ။ အဲ့ဒါကိုတစ္အိမ္ထဲေနျပီးရေအာင္ဖြတ္ထားတယ္။ ရွာနုိင္မွ ယူတဲ့ဗ်ာ"
စိတ္ပ်ိဳလို႕ ကိုယ္နုဆိုသည့္ သီအိုရီမွန္ကန္ေၾကာင္းျပသေနေသာ စိန္သြားတက္တလဲ့လဲ့ ထိုလူသားကို ျပံဳးျပီးၾကည့္မဝသူကို ၾကည့္ေနရင္းမွ ကြ်န္ေတာ့္ေဘးမွ အိမ္ဦးနတ္ကို ငဲ့ၾကည့္မိေတာ့ ေခါင္းငံု႕ကာ ခပ္သဲ့သဲ့ရယ္ေနေလရဲ႕။
သားပင္ မူၾကိဳတက္ေနျပီ။ သူနဲ႕ ကြ်န္ေတာ္သီတင္းကြ်တ္ေတြကို ျဖတ္ေက်ာ္ျပီးသည့္တိုင္
ကြ်န္ေတာ္တို႕ၾကားသီးသန္႕ ဂါဝရ ဆိုတာမ်ိဳးမရွိ။ ကိုဇက္ႏွင့္ ကိုေနေကာင္း က် အဆင္ေျပ
သည္။ ကိုေနေကာင္းက ငယ္ငယ္ေလးတည္းက သီတင္းကြ်တ္တိုင္း ကိုဇက္ ကို ကန္ေတာ့ကာ မုန္႕ဖိုးအတင္းေတာင္းေနက် ဆိုေတာ့ သူတို႕ႏွစ္ေယာက္အတြက္က ဒါဟာ သမရိုးက်
ကိစၥတစ္ရပ္။ ဒါ့ျပင္မက ကိုေနေကာင္းက ည အိပ္ရာဝင္ခါနီးတိုင္း ကိုဇက္ကို ရွိခိုးျပီးမွ အိပ္တယ္ဆိုတာ ၾကားသိရျပန္ေတာ့လည္း ဘာရယ္မဟုတ္ အားက်စိိတ္ ဝင္မိသား။
အမွန္ဆို ကြ်န္ေတာ္က ငပို္င့္ထက္ လပို္င္းၾကီး
ေနတာပဲ။
ေရာက္တတ္ရာရာ စကားထိုင္ေျပာေနၾကျပီး
ေတာ္ေတာ္ေလး ေနာက္က်မွ ကိုေနေကာင္းတို႕ ျပန္သြားၾကသည္။ ငိုက္ေနျပီျဖစ္ေသာ သားကိုလည္း သူက အရင္ အခန္းထဲေပြ႕ေခၚသြား
ေတာ့ အိပ္ရာမဝင္ခင္ ေျခလက္ေဆးဖို႕ ေရခ်ိဳး
ခန္းထဲ အရင္ဝင္လာလိုက္သည္။ မွန္ေပၚတြင္
ေပၚေနေသာ ကြ်န္ေတာ့္ရုပ္သြင္။
ဝင္လာေသာ အေတြးေတြေၾကာင့္ ရွက္ရမ္းရမ္းမိသည္က ေရပို္က္ေခါင္းေအာက္မွ က်ဆင္
းေနေသာ ေရေတြဆီ။
မင္းဘာေတြ ေတြးေနတာလဲ ခ်န္းျငိ္မ္းေအာင္ ရာ။
အခန္းထဲျပန္ဝင္လာေတာ့ အိပ္ေပ်ာ္ေနေသာ သားကို တစိမ့္စိမ့္ၾကည့္ေနေသာ ငပိုင္။
ျပံဳးရိပ္ထင္ ႏႈတ္ခမ္းအလိုကို ကြ်န္ေတာ့္ေသ
တြင္းေလးကလည္း အလိုက္သင့္ လိုက္ခိ်ဳင့္ဝင္ေနေသးသည္။ ဒီေကာင့္ကိုေလ တစ္ခါတေလ အေၾကာင္းမဲ့ စိတ္ရွိလက္ရွိ ထုတာေထာင္းတာေတြ လုပ္မိတာ အဲ့ဒါေတြေၾကာင့္...
အခ်ိန္ေတြ ဒီေလာက္ၾကာေနတာေတာင္ ဘာမွမဟုတ္တဲ့ အျပဳအမူတစ္ခ်ိဳ႕တေလနဲ႕တင္
ကြ်န္ေတာ့္ကို က်ရံႈးေစတာ။
"သြားေလ ေျခေတြလက္ေတြ သြားေဆး။ မနက္ေလးကတင္ ငါ အိပ္ရာခင္းလဲထားတာ"
အမိန္႕ဆန္ေသာ စကားလံုးေတြၾကားလည္း သူမျငိဳျငင္တတ္ "အင္း အင္း" ေလာက္သာ ဆိုရင္း ခိုင္းတာ အကုန္လုပ္ေပးတတ္သည္။ ဒီလိုဘာမဆို မျငင္းမကန္ လို္က္ေလ်ာေနတဲ့ သူ႕ကို အားမရစြာ တစ္ခါတေလဆိုစိတ္ရိုင္းဆန္စြာ မေလ်ာကန္တာေတြကို ေတာင္းဆိုသည့္ အဆင့္ေက်ာ္ကာ ေစခို္င္းခ်င္မိတဲ့အထိ။
ဒီစိတ္ေလာက္ကိုလည္း ကြ်န္ေတာ့္ အလင္းထု
ၾကီးက သနားတယ္လို႕ေျပာလုိက္မည္။
သူပိုင္ဆုိင္ရာ ကြ်န္ေတာ့္ေသတြင္း အသူရာ
ေခ်ာက္နက္က ကြ်န္ေတာ့္အမို္က္ေမွာင္ကို
ေခါင္းမျပဴထြက္ေအာင္နစ္ျမွုပ္ေစမည္။
ခုလည္းၾကည့္ အျပံဳးမပ်က္ သားေဘးကေန ဖယ္ခြာရင္း အမိန္႕ေတာ္နာခံ ၊ ေစစားရာကို ေျခ
ၾကြဖို႕ျပင္ေနျပန္၏။
ခုေျပာသင့္လား။ ေျပလိုက္ရမလား။ ေၾကာင္ေနမလား စသည္ျဖင့္ ေဝခြဲဆံုးျဖတ္မနိုင္ခင္
"ပိုင္" ရယ္လို႕ ခြန္းဆက္သမိတဲ့ ငမိုက္သားက ကြ်န္ေတာ္။
ျပန္လွည့္ျကည့္ရင္း ဘာခုိင္းစရာရွိေသးလဲ
ဟူေသာ အၾကည့္က ေဆးမတင္ရေသးေသာ
ကင္းဗတ္စလို။
"ငါ...ငါ့ကို"
"အင္း ေျပာေလ တခ်န္း"
"မင္း ငါ... အင္း မင္းကို ငါ ကန္ေတာ့လို႕ရလား"
"ဘာကို... "
မရေတာ့ဘူး ေျပာျပီးျပီပဲ ရွက္ေနလို႕ လည္း အလကားပဲ။ ခုတင္ေပၚတင္လႊဲထို္င္ေနလ်က္က သူ႕ဆီေလွ်ာက္သြားရင္း
"ငါ မင္းကို ကန္ေတာ့လို႕ ရေလာက္တယ္မလား။ မင္းက ငါ့ထက္ငယ္ေပမယ့္ ငါ့တို႕သားအဖရဲ႕ ေက်းဇူးရွင္ ။ အင္း မဟုတ္ဘူး ဘယ္လိုေျပာမလဲ ငါ့ ငါ့... "
ေျပာရခက္ေနသည္ကို သိသိၾကီးနဲ႕ ျပံဳးတံု႕တံု႕လုပ္ေနေသာ ငပိုင္။ ဝင္ေနတဲ့စိတ္
ေကာင္းေလးေတြကို အထဲက နတ္ဆိုးက အလွထိုင္ၾကည့္ေနခ်င္စိတ္ရွိေနေသးလို႕ မင္း
ကံေကာင္းေနတာေပါ့ ငပိုင္။
"အင္း ဆက္ေျပာေလ တခ်န္း"
"မင္းကိုေဟ့ ဝါကြ်တ္ျပီမို႕ ကန္ေတာ့ပြဲနဲ႕ မင္းအေဖဆီတင္္ေတာင္းမလို႕ေဟ့ ကဲ"
တရွဴးရွဴးနဲ႕ ေဒါသထြက္သြားေသာ တခ်န္းကို
ရုတ္တရက္ေထြးပိုက္လိုက္ေတာ့ အံ့ၾသမ
ႈေၾကာင့္ ခဏေလာက္ ျငိမ္က်သြားျပီးမွ
ျပန္ရုန္းေတာ့၏။
"ဖယ္စမ္း မင္းကိုယ္က ေခြ်းေတြနဲ႕"
"တခ်န္း"
နားနားကပ္ကာ ခပ္တိုးတိုးေခၚေတာ့မွ ျပန္
ျငိမ္က်သြားျပီး လက္သံုးစကား "ေအး" ဟူ၍ စကားျပန္ေထာက္ေပးသည္။
"ငါတို႕ ႏွစ္ေယာက္မွာ အပိုင္းအျခားဆိုတာ မရွိဘူး တခ်န္း။ ငါတို႕က အတူတူပဲ ။ ဒါေပမယ့္
မင္းကိုဇက္လို ကန္ေတာ့ခံခ်င္တယ္ဆိုလည္း ငါ ကန္ေတာ့ေပးမယ္"
"ေသာက္ရူးေကာင္"
ထဆဲရင္း ရင္ခြင္ထဲမွ ထြက္ကာ ကြ်န္ေတာ့္ကို
ေမာ့ၾကည့္လာျပီးမွ
"ငါက ကန္ေတာ့ခံခ်င္လို႕ မင္းကို ေျပာရခက္ေနတယ္လို႕ ထင္ေနတာလား ငပို္င္။ မင္းက
တကယ့္ေသာက္ရူးေကာင္ ၊ ငတံုးေကာင္"
ထိုသို႕ေျပာကာမွ ႏႈတ္ခမ္းထူသားတို႕က
တလႈပ္လႈပ္နဲ႕ အ့ံၾသတၾကီးျပန္ငံု႕ၾကည့္သည္။
"တခ်န္း မင္း ေျပာတာ မင္းက င့ါကို...ကန္...
အြတ္"
ျဖတ္ခနဲ လွမ္းပိတ္လိုက္ေသာ လက္ဖဝါးနုနု။
"ေတာ္ျပီ ငပို္င္ ။ ငါရွက္ေနတာ သိသိၾကီးနဲ႕ အဲ့စကားဆက္ေျပာရင္ မင္းကို ငါ ထိုးမိလိမ့္မယ္။ မနက္သား နိုးလာမွပဲ သားနဲ႕ အတူတူ ငါ့
ကိုယ္ေစာင့္နတ္ကို ဂါဝရျပဳေတာ့မယ္။ ဟုိေန႕
ေတြက မင္းကို သားေရွ႕မွာ ေအာ္မိသလုိ
ျဖစ္သြားတာ ၾကာရင္ သား မင္းကို အရိုအေသတန္လာမွာလည္း ငါစိုးရိမ္တယ္။ ဒါေၾကာင့္
မနက္မွပဲ သူနဲ႕အတူတူ မင္းကို ငါ ကန္ေတာ့
မယ္။ ငါတို႕မိသားစုရဲ႕ ကာကြယ္သူ အေဖ
တစ္ေယာက္ ငါ့ရဲ႕ ကိုယ္ေစာင့္နတ္အေနနဲ႕
တည္တည္ျငိမ္ျငိမ္ ကန္ေတာ့ခံေပး ။
ဟုတ္ျပီလား"
"ေက်းဇူးပါ တခ်န္း"
ႏႈတ္ခမ္းကို ပိတ္ထားေသာ လက္ကို ျပန္ခြာယူ
ရင္း ေက်းဇူးတင္လြန္းစြာ လက္မဖိုးကို ျမတ္နိုး
ဖြယ္ရာအျဖစ္အနမ္းသက္ေျခြမိသည္။
"ငါက မင္းအတြက္ ကိုယ္ေစာင့္နတ္ဆို မင္းက ငါ့အတြက္ ဘုရားေပးတဲ့ ဆုပဲ"
"ေအး"
ရွက္သြားတဲ့ အခါ ေပ်ာ္ရႊင္မႈကို ဖံုးဖိသည့္အခါတိုင္း တစ္လံုးတည္းေသာ စကားႏွင့္ ခံစား
ခ်က္ကို ျပည္ဖံုးကားခ်တတ္သူသည္ မနက္ျဖန္ က်န္းမာခ်မ္းသာပါေစေၾကာင္း ဆုေတာင္းျပန္
ေျခြေပးသည့္ အခါတြင္လည္း သားေရွ႕
"ေပးတဲ့ဆုနဲဲ႕ျပည့္ပါေစ" အစား "ေအး" ဟု မ်ား ထြက္လာေလမလားဟူ၍ ရင္ခုန္ရင္းမွ
ကြ်န္ေတာ္ေတြးပူမိရျပန္ပါသည္။
Thank You All
(Unicode)
/
/
/
WE ARE
"ဖေဇိုင်း နဲ့ ကောကော ကို ကန်တော့ပါတယ် ။ ကာယကံ ၊ ဝစီကံ ၊ မနောကံများမှ တစ်ပါးပါးသော ကံနှင့်
မရည်ရွယ်ဘဲ ပြစ်မှားမိခဲ့သည် ရှိသော် ကိုယ်ရှိခိုးတောင်းပန်ပါတယ် ၊ ခွင့်လွှတ်ပေးကြပါ"
"အာ...ရပါတယ် ကိုစစ်ရာ။ ကော တို့ကို ဘာမှလည်းမပြစ်မှားဘူး"
ကျွန်တော်ကသာ ကန်တော့ခံလူတန်းစားအထာမကျ၍ မနေတတ်မထိုင်တတ်စွာ ဖင်တကြွကြွနှင့်
ဖြစ်နေသော်လည်း ကျွန်တော့် ကျေးဇူးရှင် ဆရာကတော့
"ခုလို ကန်တော့ရပါသော အကျိုးကြောင့်... " ချီသော ကန်တော့ခံ ဆုတောင်းချိုးကို အသေအချာကြီး
ဆုတောင်းရုံသာမက
"ညီ...ကိုစစ် ကို ဆုပေးလိုက်လေ" ဟုပင် အတူအိုဇာတာညှိနေသည်။ လာမလုပ်နဲ့ ကျွန်တော့်မှာလည်း အိုးစား
ဖက်စုံ စစ်သည်တော်က အရံသင့် ရှိပြီးသား။
"မလိုဘူး။ ကိုစစ်ကို ကော ဘာပြောဖူးလဲ"
"တောင်းပေးတဲ့ ဆုပြည့်အောင် ဆုတောင်းပြည့်အောင် ကိုယ်ကိုကိုယ်လည်းကြိုးစားရမယ်"
"Marjar"
မူကြိုတက်နေသော အရွယ်လေးပေမယ့် နေ့တိုင်းနီးပါးခေါ်ထားသော video call ကြောင့် ကိုစစ်က
ကိုရီးယားစကားကို ယဉ်ပါးနေပြီ။
"လာ ဆုတွေထက် လက်ငင်းအကျိုးထူးတာ မုန့်ဖိုးပဲ။ ရော့ ကိုစစ် ဝယ်ချင်တာဝယ်ဖို့"
ဖောင်းကားနေသော အန်ပေါင်းနီနီကို ထုတ်ပေးသည်နှင့်
"ကိုနေကောင်းရာ မဟုတ်တာ" ဆိုသည့် အသံလားရာ အလျင်နှင့်အတူ အသံပါရမီရှင်၏ ဖြည့်ပါးတော်မြဲ
ဒေါက်တာ ကိုလူအေးက သူ့သားသူ လှမ်းဆွဲပေးသည်။
"ဘာမဟုတ်ရမလဲ ကိုချန်းရာ...ညီက ကိုစစ်အတွက်ဆိုပြီးသက်သက်ကို ယူလာတာ။ လာ သား၊ ကိုစစ်လာယူ လာ လာ"
ကိုလူအေးလက်ထဲမှာရောက်နေသော ကိုစစ်လေးကို ကျွန်တော့် လူအေးကြီးက အတင်းပြန်ဆွဲသည်။
နောက်ဆုံး အသံပါရမီရှင် မာန်လျှော့ကာ
"သား ကောကော နဲ့ ဖေဇိုင်းကို ကျေးဇူးတင်စကားပြောလေ" ဟူသော စကားနှင့် သီတင်းကျွတ်ရိုးရာမုန့်ဖိုးကိုယူခွင့်ပြုလိုက်သည်။
"မနက်က သူ့ဦးငယ်လည်း ပေးထားတာတွေရှိတယ်။ ဟိုတစ်ယောက်က သူ့တူအိတ်ထဲ ကို တိတ်တိတ်ထည့်ပေးထားတာ ကလေးက
တောင် မသိဘူး"
မန်းလေးသားသည် ပါးချိုင့်ကြီးခွက်အောင် ပြုံးရင်း ဖောက်သည်ပြန်ချသည်။
"ဒီလိုပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တည်းက သီတင်းကျွတ်ရင် သိပ်ပျော်တာ။ ကန်တော့ပြီးတာနဲ့ မုန့်ဖိုးဘယ်လောက်ရကြောင်း အပြိုင်ကြွားကြတာ ထုံးစံပဲ နော့် ကိုဇက်။ ဒါနဲ့ ကျွန်တော်
မုန့်ဖိုးမရသေးဘူးနော်"
"ညီ့ကို ပေးထားသားပဲ ရှာလေကွာ"
"ထားပါ ခင်ဗျား၊ ရန်ကုန်ပြန်ရောက်ရင် တစ်အိမ်လုံးပြောင်းပြန်လှန်ပြမယ်။ ကန်တော့ပြီးတာပဲဗျာ ညီရေ ရော့မုန့်ဖိုးဆိုပြီး တစ်ခါတည်းပေး ဘာဖြစ်မှာလဲ။ အဲ့ဒါကိုတစ်အိမ်ထဲနေပြီးရအောင်ဖွတ်ထားတယ်။ ရှာနိုင်မှ ယူတဲ့ဗျာ"
စိတ်ပျိုလို့ ကိုယ်နုဆိုသည့် သီအိုရီမှန်ကန်ကြောင်းပြသနေသော စိန်သွားတက်တလဲ့လဲ့ ထိုလူသားကို ပြုံးပြီးကြည့်မဝသူကို ကြည့်နေရင်းမှ ကျွန်တော့်ဘေးမှ အိမ်ဦးနတ်ကို ငဲ့ကြည့်မိတော့ ခေါင်းငုံ့ကာ ခပ်သဲ့သဲ့ရယ်နေလေရဲ့။
သားပင် မူကြိုတက်နေပြီ။ သူနဲ့ ကျွန်တော်သီတင်းကျွတ်တွေကို ဖြတ်ကျော်ပြီးသည့်တိုင်
ကျွန်တော်တို့ကြားသီးသန့် ဂါဝရ ဆိုတာမျိုးမရှိ။ ကိုဇက်နှင့် ကိုနေကောင်း ကျ အဆင်ပြေ
သည်။ ကိုနေကောင်းက ငယ်ငယ်လေးတည်းက သီတင်းကျွတ်တိုင်း ကိုဇက် ကို ကန်တော့ကာ မုန့်ဖိုးအတင်းတောင်းနေကျ ဆိုတော့ သူတို့နှစ်ယောက်အတွက်က ဒါဟာ သမရိုးကျ
ကိစ္စတစ်ရပ်။ ဒါ့ပြင်မက ကိုနေကောင်းက ည အိပ်ရာဝင်ခါနီးတိုင်း ကိုဇက်ကို ရှိခိုးပြီးမှ အိပ်တယ်ဆိုတာ ကြားသိရပြန်တော့လည်း ဘာရယ်မဟုတ် အားကျစိတ် ဝင်မိသား။
အမှန်ဆို ကျွန်တော်က ငပိုင့်ထက် လပိုင်းကြီး
နေတာပဲ။
ရောက်တတ်ရာရာ စကားထိုင်ပြောနေကြပြီး
တော်တော်လေး နောက်ကျမှ ကိုနေကောင်းတို့ ပြန်သွားကြသည်။ ငိုက်နေပြီဖြစ်သော သားကိုလည်း သူက အရင် အခန်းထဲပွေ့ခေါ်သွား
တော့ အိပ်ရာမဝင်ခင် ခြေလက်ဆေးဖို့ ရေချိုး
ခန်းထဲ အရင်ဝင်လာလိုက်သည်။ မှန်ပေါ်တွင်
ပေါ်နေသော ကျွန်တော့်ရုပ်သွင်။
ဝင်လာသော အတွေးတွေကြောင့် ရှက်ရမ်းရမ်းမိသည်က ရေပိုက်ခေါင်းအောက်မှ ကျဆင်
းနေသော ရေတွေဆီ။
မင်းဘာတွေ တွေးနေတာလဲ ချန်းငြိမ်းအောင် ရာ။
အခန်းထဲပြန်ဝင်လာတော့ အိပ်ပျော်နေသော သားကို တစိမ့်စိမ့်ကြည့်နေသော ငပိုင်။
ပြုံးရိပ်ထင် နှုတ်ခမ်းအလိုကို ကျွန်တော့်သေ
တွင်းလေးကလည်း အလိုက်သင့် လိုက်ချိုင့်ဝင်နေသေးသည်။ ဒီကောင့်ကိုလေ တစ်ခါတလေ အကြောင်းမဲ့ စိတ်ရှိလက်ရှိ ထုတာထောင်းတာတွေ လုပ်မိတာ အဲ့ဒါတွေကြောင့်...
အချိန်တွေ ဒီလောက်ကြာနေတာတောင် ဘာမှမဟုတ်တဲ့ အပြုအမူတစ်ချို့တလေနဲ့တင်
ကျွန်တော့်ကို ကျရှုံးစေတာ။
"သွားလေ ခြေတွေလက်တွေ သွားဆေး။ မနက်လေးကတင် ငါ အိပ်ရာခင်းလဲထားတာ"
အမိန့်ဆန်သော စကားလုံးတွေကြားလည်း သူမငြိုငြင်တတ် "အင်း အင်း" လောက်သာ ဆိုရင်း ခိုင်းတာ အကုန်လုပ်ပေးတတ်သည်။ ဒီလိုဘာမဆို မငြင်းမကန် လိုက်လျောနေတဲ့ သူ့ကို အားမရစွာ တစ်ခါတလေဆိုစိတ်ရိုင်းဆန်စွာ မလျောကန်တာတွေကို တောင်းဆိုသည့် အဆင့်ကျော်ကာ စေခိုင်းချင်မိတဲ့အထိ။
ဒီစိတ်လောက်ကိုလည်း ကျွန်တော့် အလင်းထု
ကြီးက သနားတယ်လို့ပြောလိုက်မည်။
သူပိုင်ဆိုင်ရာ ကျွန်တော့်သေတွင်း အသူရာ
ချောက်နက်က ကျွန်တော့်အမိုက်မှောင်ကို
ခေါင်းမပြူထွက်အောင်နစ်မြှုပ်စေမည်။
ခုလည်းကြည့် အပြုံးမပျက် သားဘေးကနေ ဖယ်ခွာရင်း အမိန့်တော်နာခံ ၊ စေစားရာကို ခြေ
ကြွဖို့ပြင်နေပြန်၏။
ခုပြောသင့်လား။ ပြေလိုက်ရမလား။ ကြောင်နေမလား စသည်ဖြင့် ဝေခွဲဆုံးဖြတ်မနိုင်ခင်
"ပိုင်" ရယ်လို့ ခွန်းဆက်သမိတဲ့ ငမိုက်သားက ကျွန်တော်။
ပြန်လှည့်ကြည့်ရင်း ဘာခိုင်းစရာရှိသေးလဲ
ဟူသော အကြည့်က ဆေးမတင်ရသေးသော
ကင်းဗတ်စလို။
"ငါ...ငါ့ကို"
"အင်း ပြောလေ တချန်း"
"မင်း ငါ... အင်း မင်းကို ငါ ကန်တော့လို့ရလား"
"ဘာကို... "
မရတော့ဘူး ပြောပြီးပြီပဲ ရှက်နေလို့ လည်း အလကားပဲ။ ခုတင်ပေါ်တင်လွှဲထိုင်နေလျက်က သူ့ဆီလျှောက်သွားရင်း
"ငါ မင်းကို ကန်တော့လို့ ရလောက်တယ်မလား။ မင်းက ငါ့ထက်ငယ်ပေမယ့် ငါ့တို့သားအဖရဲ့ ကျေးဇူးရှင် ။ အင်း မဟုတ်ဘူး ဘယ်လိုပြောမလဲ ငါ့ ငါ့... "
ပြောရခက်နေသည်ကို သိသိကြီးနဲ့ ပြုံးတုံ့တုံ့လုပ်နေသော ငပိုင်။ ဝင်နေတဲ့စိတ်
ကောင်းလေးတွေကို အထဲက နတ်ဆိုးက အလှထိုင်ကြည့်နေချင်စိတ်ရှိနေသေးလို့ မင်း
ကံကောင်းနေတာပေါ့ ငပိုင်။
"အင်း ဆက်ပြောလေ တချန်း"
"မင်းကိုဟေ့ ဝါကျွတ်ပြီမို့ ကန်တော့ပွဲနဲ့ မင်းအဖေဆီတင်တောင်းမလို့ဟေ့ ကဲ"
တရှူးရှူးနဲ့ ဒေါသထွက်သွားသော တချန်းကို
ရုတ်တရက်ထွေးပိုက်လိုက်တော့ အံ့သြမ
ှုကြောင့် ခဏလောက် ငြိမ်ကျသွားပြီးမှ
ပြန်ရုန်းတော့၏။
"ဖယ်စမ်း မင်းကိုယ်က ချွေးတွေနဲ့"
"တချန်း"
နားနားကပ်ကာ ခပ်တိုးတိုးခေါ်တော့မှ ပြန်
ငြိမ်ကျသွားပြီး လက်သုံးစကား "အေး" ဟူ၍ စကားပြန်ထောက်ပေးသည်။
"ငါတို့ နှစ်ယောက်မှာ အပိုင်းအခြားဆိုတာ မရှိဘူး တချန်း။ ငါတို့က အတူတူပဲ ။ ဒါပေမယ့်
မင်းကိုဇက်လို ကန်တော့ခံချင်တယ်ဆိုလည်း ငါ ကန်တော့ပေးမယ်"
"သောက်ရူးကောင်"
ထဆဲရင်း ရင်ခွင်ထဲမှ ထွက်ကာ ကျွန်တော့်ကို
မော့ကြည့်လာပြီးမှ
"ငါက ကန်တော့ခံချင်လို့ မင်းကို ပြောရခက်နေတယ်လို့ ထင်နေတာလား ငပိုင်။ မင်းက
တကယ့်သောက်ရူးကောင် ၊ ငတုံးကောင်"
ထိုသို့ပြောကာမှ နှုတ်ခမ်းထူသားတို့က
တလှုပ်လှုပ်နဲ့ အံ့သြတကြီးပြန်ငုံ့ကြည့်သည်။
"တချန်း မင်း ပြောတာ မင်းက င့ါကို...ကန်...
အွတ်"
ဖြတ်ခနဲ လှမ်းပိတ်လိုက်သော လက်ဖဝါးနုနု။
"တော်ပြီ ငပိုင် ။ ငါရှက်နေတာ သိသိကြီးနဲ့ အဲ့စကားဆက်ပြောရင် မင်းကို ငါ ထိုးမိလိမ့်မယ်။ မနက်သား နိုးလာမှပဲ သားနဲ့ အတူတူ ငါ့
ကိုယ်စောင့်နတ်ကို ဂါဝရပြုတော့မယ်။ ဟိုနေ့
တွေက မင်းကို သားရှေ့မှာ အော်မိသလို
ဖြစ်သွားတာ ကြာရင် သား မင်းကို အရိုအသေတန်လာမှာလည်း ငါစိုးရိမ်တယ်။ ဒါကြောင့်
မနက်မှပဲ သူနဲ့အတူတူ မင်းကို ငါ ကန်တော့
မယ်။ ငါတို့မိသားစုရဲ့ ကာကွယ်သူ အဖေ
တစ်ယောက် ငါ့ရဲ့ ကိုယ်စောင့်နတ်အနေနဲ့
တည်တည်ငြိမ်ငြိမ် ကန်တော့ခံပေး ။
ဟုတ်ပြီလား"
"ကျေးဇူးပါ တချန်း"
နှုတ်ခမ်းကို ပိတ်ထားသော လက်ကို ပြန်ခွာယူ
ရင်း ကျေးဇူးတင်လွန်းစွာ လက်မဖိုးကို မြတ်နိုး
ဖွယ်ရာအဖြစ်အနမ်းသက်ခြွေမိသည်။
"ငါက မင်းအတွက် ကိုယ်စောင့်နတ်ဆို မင်းက ငါ့အတွက် ဘုရားပေးတဲ့ ဆုပဲ"
"အေး"
ရှက်သွားတဲ့ အခါ ပျော်ရွှင်မှုကို ဖုံးဖိသည့်အခါတိုင်း တစ်လုံးတည်းသော စကားနှင့် ခံစား
ချက်ကို ပြည်ဖုံးကားချတတ်သူသည် မနက်ဖြန် ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပြန်
ခြွေပေးသည့် အခါတွင်လည်း သားရှေ့
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ" အစား "အေး" ဟု များ ထွက်လာလေမလားဟူ၍ ရင်ခုန်ရင်းမှ
ကျွန်တော်တွေးပူမိရပြန်ပါသည်။
Thank You All