ဖုန်းနံပါတ်ရေးထားသော စာရွက်ခေါက်ကိုလုံးချေ
ကာ အမှိုက်ပုံးထဲ ထည့်လိုက်တယ်။
တောက်!လွှင့်ပစ်လိုက်တာတောင်အခုထိအလွတ်ရနေတုန်း...
ငပိုင့်ဆီဖုန်းဆက်ပြီး သုံးရက်မြောက်တဲ့နေ့အထိ ဘာသံမှပြန်မကြား။မား ဆိုင်ကနေပြန်လာချိန
်တိုင်းလည်းမား ကိုများဖုန်းပြန်ဆက်သလားလို့ မသိမသာမေးကြည့်ပေမယ့် လုံးဝဥသုံဗလာနတ္ထိကျောင်းကဖြင့်မနက်ဖြန်သဘက်ခါတက်ရတော့
မယ် ဒီကောင်က ခုထိကျောင်းထွက်စာလာမယူသေး။ဘာလုပ်မှန်းမသိ။ထွက်ချင်လည်းထွက်သွား
တာ မဟုတ်ဘူး။ပြန်တက်မလို ထွက်မလိုနဲ့
လူတွေကို မတင်မကျဖြစ်အောင်လုပ်တယ်
သူ့ညီမဆိုတာလေးကလည်း ပြန်မပြောနဲ့ဆိုတာ
ကို မြေဝယ်မကျနှလုံးသွင်းပိုက်မှတ်ယူလိုက်သလို
ပဲ။နည်းနည်းပါးပါးတောင် သူ့အစ်ကို ကိုရင်ကို
ဘာမှပြန်မလျှောက်ဘူးလားမသိ။တော်တော်
သစ္စာရှိတဲ့ ဟာလေး။
တစ်ယောက်ယောက်ကို သတိရတယ်ဆိုတာကြီး
ကတကယ်မကောင်းဘူး။ခုဆိုကြည့် စက်ဘီးတွေ
တွေ့ရင် ငပိုင့်ကို သတိရတယ်။
ညနေခင်း အိမ်ထဲတစ်ယောက်တည်းရှိချိန်ဆို သိသိသာသာကြီးကိုပျင်းဖို့ကောင်းတာ။
ငပိုင်နဲ့ခင်ခဲ့ရတဲ့အချိန်က ကောင်းဆက်စံလောက်
တောင် မကြာပေမယ့် ငပိုင်နဲ့က တကယ်ကို
အနေနီးခဲ့တာ။ပိုင်က အတူတူအိပ်ခဲ့ဖူးတဲ့
ပထမဆုံးသူငယ်ချင်းပဲ။
ကျတော့်ကိုအနွံတာခံဆုံးသူ။
ဒီအသက်အရွယ်ထိ ကျတော်ဘယ်သူ့ကိုမှ
မလွမ်းဖူးဘူး။အမှန်ပြော ဖေဖေ့ကို
တောင်မလွမ်းဘူး။ဖေဖေနဲ့ တွေ့ရချိန်ကလည်း
နည်းတာကိုး။
ခုတော့ ငပိုင်လောရှည်ကောင်ကို သတိရနေ
တာကြီးက တော်တော်အလုပ်မဟုတ်တဲ့ ကိစ္စကြီး
ကျူရှင်ပိတ်တဲ့ ညနေခင်းကြီးကပျင်းခြောက်ခြောက်။ဝရန်ဒါရှေ့ထွက်ထိုင်ပြီး အောက်မှာ
ကစားနေသူတွေကို ငေးနေမိတယ်။ငပိုင်ရှိတုန်း
ကဆို ဘာလို့အောက်ဆင်းမဆော့တာလဲ ဟူ၍
ခဏခဏမေးခဲ့ဖူးတာကို ပြန်သတိရလာပြန်သည်
စိတ်တိုလိုက်တာ...ဘာတွေးတွေးဒီလောရှည်က
ကန့်လန့်ပါလာတာပဲ
YOU ARE READING
EX-pect
RomanceB×B(Own Characters) Romance,Drama and other age limited feelings ဒီလောကထဲကမတည်မြဲခြင်းတရားတွေထဲ မင်းကိုတော့ဖြင့် ထဝရအရှုံးပေးထားချင်မိတယ်