Epi(18-1)

98.4K 10.5K 152
                                    

""ပိုင်ရေ...ဖုန်းလာနေတယ်။ချန်းတဲ့""

ဖေဖေပြန်ရောက်နေ၍ ကျတော်နဲ့မေမေလေး
၂ယောက်လုံး အိမ်ကပ်နေရတဲ့ ပထမဆုံးညခင်း
တွင် ချန်း ကျတော့်ကိုဖုန်းဆက်လာသည်။
ရေချိုးလက်စနဲ့ပြေးထွက်လာကာ အပြေးအလွှား
ဖုန်းကိုင်သော ကျတော့်ကိုဖေဖေက တအံ့တသြ
မော့ကြည့်သည်။

""အင်း တချန်းပြော""

""မင်း ဒီနေ့ လာမအိပ်ဘူးလား??""

ဟုတ်သား။ဖေဖေပြန်လာတာကို ချန်းမှ မသိသေး
တာ။

""ဖေဖေပြန်ရောက်လာလို့ ငါ့အိမ်မှာပဲအိပ်တော့
မယ်။""

""ပြီးတာပဲ။မနက်တော့ လာခေါ်နော်။နောက်ကျ
လို့ကတော့...""

"အေးပါကွာ။လာခေါ်ပါ့မယ်မြေမခမင်းသားရယ်"

""စာလည်းကျက်နော် ဟေ့ကောင်""

""Yes Sir""

""အဖေရှေ့ အပိုးကျိုးအောင်နေ ဒါပဲ""

ပြောချင်ရာပြောပြီး ဖုန်းချသွားတာတောင် ကျတော်က ရယ်နေမိတော့...

""ဖေ့သား ရေချိုးနေရင်းကနေတောင် ပြေးလာ
တော့ ဖေဖေကကောင်မလေးများလားဆိုပြီး"

""ချန်းဆက်တာ""

""အေးပါကွာ။တမင်ရွှဲ့ပြောတာ ငါ့သားရ...""

ဖေဖေ့ရဲ့ တဟားဟားအော်ရယ်သံက လွတ်မြောက်အောင် ရေချိုးခန်းထဲ ပြန်ပြေးဝင်
မိသည်။ကျတော်နဲ့တချန်းတတွဲတွဲဖြစ်နေတတ်သည့်
အကြောင်း မေမေလေးကတစ်ဆင့်သိနေ
နှင့်ပြီးသောဖေဖေသည် ကျတော့်အား ဤကဲ့သို့ မကြာမကြာစနောက်တတ်၏။

ကျတော့်ကိုသာ စာကျက်လို့ပြောတာ သူရော
မနေ့က Guideကျက်ခိုင်းလိုက်တဲ့ Bioကို
ကျက်မှကျက်ရဲ့လား??
ငယ်ငယ်က စာဆို အသေအကြေကျက်
်သလောက် ရှစ်တန်းနှစ်သူ့ကို စာတွေကျက်နေ
တဲ့ပုံက မိန်းကလေးနဲ့တူတယ်ပြောမိတည်းက
ကျတော့်ရှေ့ဆိုစာကိုအသံထွက်မကျက်တော့တာ။
အဲ့နေ့က သရက်ရွက်မကြွေရုံတမယ်လည်း ထုခံ
ခဲ့ရဖူးတယ်။တကယ်တူလို့တူတယ်ပြောခဲ့တာ
မျက်လုံးမှိတ်လိုက် ကြက်တူရွေးလို တတွတ်တွတ်
ရွတ်လိုက်လုပ်နေပုံကတကယ်ကိုကျတော့်ညီမ
လေးစာကျက်ပုံနဲ့ တူတာ။
အဲ့နောက်ပိုင်း သူမကြိုက်မှန်းသိလို့ မပြောတော့
တာတောင် ချန်းက Psychoစွဲသွားပုံပဲ။
ပြန်တွေးကြည့်တော့ တချန်းကိုအားနာသွားရ
တယ်။ငယ်ငယ်တည်းက သူ့ကိုမိန်းကလေးနဲ့
တူတယ်ပြောရင် ချန်းက ဒေါသထွက်တတ်တာ။
ယောကျာ်းဆန်ချင်လွန်းတာနဲ့ပဲမဟုတ်တာတွေ
လျှောက်လုပ်မှာ စိုးလို့ အနောက်ကနေလိုက်
ကြည့် နေခဲ့ရတယ်။တော်သေးတယ် ကျတော်
မန္တလေးသူဖြစ်သွားတာကလွဲ၍ကျန်တဲ့ပေါက်ကရ
တွေမလုပ်တာကိုပဲ ကျေးဇူးတင်ရမယ်။
တချန်းအကြောင်းတောင်ရောက်မြောက်ရောက်
တွေးရင်း အိပ်ရာထဲဘယ်လှည့်ညာလှည့်နဲ့...
တစ်ယောက်အိပ်ကုတင်က တချန်းတို့ကုတင်
ထက် ပိုကြီးနေသလိုပဲ။အရင်က ဗိုက်ပွတ်ခံရတာ
နဲ့ ခွအိပ်ခံရလို့စိတ်ရှုပ်ခဲ့ဖူးပေမယ့် တစ်ယောက်
တည်းအိပ်ရရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်
ထင်ခဲ့တာ။ထင်သလိုမဟုတ်ဘူးပဲ။

EX-pectWhere stories live. Discover now