Epi-28

102K 10.4K 616
                                    

ကျတော်ပြန်မည့်နေ့ ညနေခင်းမှာ ငပိုင်
တကယ်ကိုရင်ဝတ်ခဲ့တယ်။
ဟိုနေ့က သူခေါ်သွားတဲ့ ဘုန်းကြီးကျောင်းမှာပင်
သင်္ကန်းစီးခဲ့တာ။
ကျတော်ကိုင်ပေးထားသော ပုဝါ အဝါရောင်ပေါ်
တရိပ်ရိပ်ကျလာသော ငပိုင့်ဆံပင်နက်နက်တွေ...
အငယ့်ကို မကိုင်ခိုင်းပဲ ကြီးမေနဲ့ ကျတော်ကို
ဆံခခံခိုင်းခဲ့သော ငပိုင်သည် နောင်အနာဂတ်
တွင်လည်း ထိုသို့ လုပ်ပေးပါဟူ၍ ကတိ
တောင်းခဲ့သေး၏။
ကျတော် ခေါင်းလည်းမညိတ်ခဲ့သလို ခေါင်းလည်း
မခါဖြစ်ခဲ့...

သင်္ကန်းတောင်းကိုပြေပြစ်စွာရွတ်ဆိုနိုင်သော
ငပိုင်။သင်္ကန်းအား ဝိနည်းတော်နဲ့အညီ ခြုံရုံတတ်
သော ငပိုင့်ကို ကျတော်ပထမဆုံးအကြိမ်ထိုင်
ရှီခိုးမိစဉ် ကျတော်မျက်ရည်တွေကျလာရတာ
ဘာကြောင့်ပါလဲ??
သူမမြင်အောင်အမြန်သုတ်ဖယ်ရသည်။သင်္ကန်း
၏ အေးချမ်းမှုကို လွှမ်းခြုံထားသော ကိုရင်
ကတော့ ကျတော့်ကို ပြုံးလျက်သာကြည့်နေခဲ့၏

ပိုင်သုတ မပါသော အပြန်ခရီးသည် တိတ်ဆိတ်
ငြိမ်သက်နေသည်။ငပိုင်မပါလို့လားမသိ ဘဘငြိမ်းသည်လည်း ကားကိုပဲအာရုံစိုက်
မောင်းနေ၏။သီချင်းသံ ဗလာနိတ္တိ။
ကျယ်ဝန်းသော ကားနောက်ခန်းတွင် လှဲအိပ်
၍ရပါသော်လည်း မလှဲဖြစ်။မှောင်မည်းမည်း
အပြင်ဖက်ကိုသာ ​ငေး​မောကြည့်​​နေမိသည်​။

အပြင်​မှာ​မှောင်​လိုက်​တာ...အလာလမ်းတုန်း
က ငပိုင်​တစ်​​ယောက်တစ်​ညလုံးငုတ်​တုပ်​ထိုင်​ပြီး
ဒီအ​မှောင်​ထုကိုကြည့်​​နေခဲ့တာလား?ကြည့်​​နေ
ရင်းနဲ့ကို မွန်းကြပ်​သလို ခံစားရ​စေတဲ့ ဒီအ​မှောင်
ကို ဘာများ​ကောင်းလို့ သူ​ငေးကြည့်​​နေခဲ့တာလဲ?
ငပိုင့်​ကို ကျ​တော်​ အချိန်​​တော်​​တော်​များများ
နားမလည်​ခဲ့ဘူး။

Bioဂုဏ်​ထူးထွက်​မှ ဝယ်​​ပေးမယ်​​ပြောထား
ပေမယ့်​ ဒီ​နေ့ည​နေပြန်​ခါနီး ​ပေးလိုက်​​သော
အိမ်​ပြန်​လက်​​ဆောင်​ဆိုသည့်​ အိတ်​ထဲမှာကျ​တော်
တအားလိုချင်​ခဲ့​သော G-shock နာရီ။
နာရီမြင်​ရင်​ဝမ်းသာရမှာဖြစ်​​ပေမယ့်​ ခုလက်​မှာ
ပတ်​ထားရတာ​တောင်​ ကျ​တော်​မ​ပျော်​။Gshock
ပတ်​နိုင်​တယ်​လို့လည်း ဂုဏ်​ယူမ​နေ...
စက္ကန့်​ လက်​တံတစ်​ချက်​ချက်​ကို ကြည့်​​နေရင်း
အမြင်​ဝေ ဝါးလာသဖြင့်​ မျက်​မှန်​ချွတ်​ကာ မှန်​ကို
သုတ်​ဖို့လုပ်​​တော့ ကျ​တော့်​လက်​ စိုစွတ်​သွားသည်
မြင်​ကွင်းဝါးတားတားဖြစ်​လာတာ မျက်​မှန်​​ကြောင့်
မဟုတ်​ပဲ...ကျ​တော်​မျက်​ရည်​​ကျ​နေခဲ့တာပဲ...
ကျ​တော်​ဘာ​တွေဖြစ်​​နေတာလဲ​လေ?
ခုအိမ်​ပြန်​ခရီးတစ်​​ယောက်​တည်းဖြစ်​​နေတာကလွဲ
ရင်​ အားလုံးအဆင်​​ပြေ​နေတာပဲ။တစ်​နှစ်​လုံး
လိုချင်​တဲ့​တောင့်​တခဲ့ရတဲ့ နာရီကိုလည်း လက်​မှာ
ပတ်​နိုင်​​နေပြီကို ဘာလို့ မျက်​ရည်​ကကျလာရတာ
လဲ?အဲ့လို ဘာမှန်းညာမှန်းမသိပဲ မျက်​ရည်​ရွှင်
တတ်​တဲ့ ကျ​တော်​ပုံစံကို တကယ်​မုန်းတယ်

EX-pectWhere stories live. Discover now