Epi-32

122K 9.9K 1.5K
                                    

A/N မရေးချင်ဆုံးအပိုင်းတွေပါ။ဘယ်လိုဖြတ်
ကျော်ရမလဲ??ဒီအခြေအနေဘယ်လိုရှောင်လွှဲ
ရင်ရလောက်လဲလို့ အကြိမ်ကြိမ်စဉ်းစားရင်း
ဒီအခြေအနေရောက်ကို ရောက်လာခဲ့ရတယ်
အဖြေမထွက်ခဲ့ဘူး။
About Storyမှာတည်းက ပြောထားသလို
Reader nimsတို့ကပဲ နားလည်ပေးပါနော်။

     >>Age Limited warning<<

ဘယ်အချိန်ရှိသွားလည်းမသိ နေရိပ်က လိုက်ကာ
ကိုဖြတ်ကာ အခန်းထဲထိတိုးဝင်သည်။
လက်မောင်းတစ်ဖက် လှုပ်မရလောက်အောင်ထိ
သွေးစီးဆင်းမှု ရပ်တန့်နေပေမယ့် မရွှေ့ဖြစ်။
တရားခံကတော့ သူမဟုတ်သလို လက်မောင်း
ပေါ်အုံးစက် အိပ်မောကျဆဲ။
လက်မောင်းပေါ်ထိခတ်လာသော သူ့ထွက်
သက်နွေးနွေးသည်အသိစိတ်အပြည့်မကပ်သေး
ချိန်တောင်ကြက်သီးမွေးညှင်းထစေတယ်။

ပြုံးမိသည်။ဒီလိုမျိုးတွေကြောင့် လက်ထပ်ချင်ကြ
တာလား?ဒီလိုမြင်ကွင်းမျိုးက လက်ထပ်မှပိုင်ဆိုင်
ရတာမျိုးလေ။ဖြစ်နိုင်ရင် ခုချိန်အပိုင်းအခြားကို
ရပ်ထားချင်သည်။
သေချာကြည့်မှ တွေ့တယ်။မှေးစက်နေသေးသူ၏ပါးပြင်ပေါ်က မှဲ့နက်
သေးသေးလေး~~
မနေ့ညက မှောင်နေလို့လားမသိ
ကျတော်မမြင်ခဲ့ဘူး။ဒါခုမှ ပေါ်လာတဲ့ မှဲ့နက်၊
ကျတော်မတွေ့ဖူးခဲ့သည့် သူ့ခန္ဓာကိုယ်ပေါ်ခုမှ ပေါ်လာသည့် အသစ်အဆန်းမို့
ကိုင်ကြည့်ချင်မိသည်

လက်ချောင်းထိပ်လေးနဲ့ ခပ်ဖြည်းဖြည်းချင်းထိ
တွေ့မိသည်။ပါးတွေပူနေတာလား??အဟုတ်ပဲ
အပေါ်ပိုင်း အကျီ င်္ကင်းလွတ်နေ၍ အဝတ်တစ်ခု
ခု ဝတ်ပေးမှဖြစ်တော့မည်ဆိုတာသိပေမယ့်
နိုးသွားမှာလည်း မလိုလားသလို ကိုယ် ကိုယ်၌လည်း ထမရ။

"ဖျားနေပြီ"

နှဖူးပေါ်လက်တင်ကြည့်မိသည်နှင့်ချန်း၏ပြောင်းလဲနေသော ကိုယ်အပူချိန်သည် ကျတော့်စိတ်ကို
လောင်မြိုက်စေသည်။နှိုးပြီးတစ်ခုခုလုပ်ပေးရ
မယ်မှန်းသိပေမယ့် အခုမှ နှစ်ခြိုက်စွာအိပ်ခွင့်ရ
သူလို မလှုပ်မယှက်အိပ်မောကျနေသည်မို့
ဖယ်လည်း မဖယ်ရက်။

ဆံပင်တိုနက်နက်တွေကိုဖွဖွလေးထိကိုင်မိသည်။
စကားတစ်ခု အလိုလိုထွက်ကျလာပြန်သည်။
မရည်ရွယ်ပေမယ့် နှစ်ရှည်လများ ပြောခဲ့ဖူး၍လား
မသိ~~စိတ်မဆောင်ခင် နှုတ်ကအလိုလိုအသံ
ဖြစ်တည်၏။

EX-pectWhere stories live. Discover now