" ဒုန်း ဒုန်း ဒုန်း "
" ဂွန်းဂွန်းရေ ထတော့ မြန်မြန် "
ဘာတွေလဲ အခုမှ ဘယ်နနာရီရှိသေးလို့လဲ
မျက်နှာက eye mask ကိုမချွတ်ပဲ ကုတင်ခေါင်းရင်းက ph ကို ထကြည့်လိုက်သည်
ဟင် !
အခုမှ 8:00 ပဲရှိသေးတာကို ဂိုဂိုက ငါ့ကိုလာနှိုးတယ်
တွေ့မယ်
ဒေါသထွက်ထွက်နဲ့ ကောက်ထပြီး အခန်းတံခါး ဆွဲဖွင့်ကာ ခေါ်မယ်လုပ်တော့
အွန်း... အွန်း
ပါးစပ်ကိုလက်နဲ့ အတင်းအုပ်ကာ အခန်းထဲထိုးသွင်းနေသော ဂိုဂို ဘာတွေလဲ
" ရှူး တိုးတိုး အိမ်မှာ ဧည့်သည်တွေရောက်နေတယ် "
" ဘယ်က ဧည့်သည်တွေလဲ "
" မင်းနေလင်း အဖေနဲ့အမေ ပြီးတော့ မင်းနေလင်း "
" သိပြီ မျက်နှာသစ်လိုက်ဦးမယ် ပြီးရင်သွားချောင်းမယ် နင်အခု အရင်ချောင်းထား ငါလာခဲ့မယ် သွား "
" အင်း "
မျက်နှာမြန်မြန်သစ် သွားမြန်မြန်တိုက်ကာ မျက်နှာတောင်ရေမသုတ်ပဲ အပြင်ကို ထွက်ကြည့်တော့
ဘာလို့ ဂိုဂိုက ရောထိုင်နေတာလဲ သူ့ကို ချောင်းခိုင်းပါတယ်ဆိုမှ
ကြီးမေကြီးနဲ့ ဂိုဂိုနဲ့က ဆိုဖာပေါ်မှာထိုင်နေပြီး သူတို့မျက်နှာချင်းဆိုင်မှာ မင်းနေလင်း အဖေနဲ့ အမေထိုင်နေကြသည်
မင်းနေလင်းက နောက်ဖေးမီးဖိုချောင်ထဲမှာ
ဂိုဂို့ကို ထလာရန် မျက်စပစ်ပြတော့လဲ ဂိုဂိုဆိုသည်မှာ ဂိုဂိုပင်ဖြစ်သည်
လူသာ မျက်စိအကြောသေသွားမယ် သူကသိမှာမဟုတ်
ချောင်းနားထောင်ခိုင်းတာတောင် သူကပါဝင်ပြီး ထိုင်နေလိုက်သေးတယ်
ဂွန်းဂွန်းလဲအသာလေး ကပ်ပြီး ရပ်နေလိုက်တော့
" ဒီလိုဆိုရင်တော့ ကျွန်မတစ်ခုပြောလို့ရမလား "
" ဟုတ်ကဲ့ပြောပါခင်ဗျ "
" ကျွန်မ အိမ်မှာ သားမင်းနေလင်းကို ခေါ်ထားလို့ရမလား "
ဟင်
ဂိုဂိုမှာလဲ ကြီးမေကြီးကို ဘေးနားကပ်ပြီး ပြူးတူးကြောင်တောင်ကြည့်နေသလို
မီးဖိုချောင်ကအိမ်ရှေ့ပြန်မထွက်ရဲလို့ ဖင်လှည့်ခေါင်းလှည့်လုပ်နေသော မင်းနေလင်းမှာလဲ ပြူးပြီးကြည့်လို့
ထို့အတူ မင်းနေလင်း အဖေနဲ့အမေမှာလဲ နည်းနည်းအံ့သြသွားပုံရသည်
ကြီးမေကြီးကတော့ ဂရုမစိုက်စွာဆက်ပြောသည်
" ကလေးက ရန်ကုန်မှာလဲကျောင်းတက်လတ်စကြီးဖြစ်နေတယ်လေ ပြီးတော့ အိမ်က ဂိုဂိုနဲ့လဲကျောင်းတူတူ တစ်ခန်းထဲပဲမလား အဲ့တော့ ကျွန်မအတွက်ဘာမှ ဝန်မလေးနေပါဘူး "
" ကျွန်တော် စဉ်းစားပါရစေ အစ်မကြီး ပြောတာလဲ မှန်ပါတယ် ဒါပေမဲ့ သားမင်းနေသဘော ပါ သူက ကာယကံရှင်လေ "
" မင်းနေ လာပါဦး "
မြှားဦးကသူ့ဘက်လှည့်လာတော့ မီးဖိုချောင်က မင်းနေလင်းက ကုပ်ကုပ် ကုပ်ကုပ်နဲ့ အပြင် ထွက်သွားသည်
" ထိုင်ဦးသား ခုနကပြောနေတာလဲကြားမှာပေါ့ သားသဘောကိုပြောပါဦး "
မင်းနေလင်းမှာပြောရခက် မပြောရခက်နဲ့ ဖင်ကုပ်ခေါင်းကုပ်လုပ်တုန်း
" ရပါတယ် ဒီမှာနေလဲ အဆင်ပြေပါတယ် "
" ဟုတ်ပြီ အဲ့တာဆို သားပစ္စည်းတွေ ရွေ့တော့နော် ကျွန်တော် တစ်လတစ်ခါ သူ့အသုံးစရိတ်ပို့ပေးပါမယ် အစ်မကြီး အိမ်မှာခေါ်တင်ထားတာပဲ တော်တော်လွန်လှပြီ "
" ရပါတယ် အိမ်ကလေးတွေနဲ့လဲတူတူပဲဆိုတော့ သိပ်ကိစ္စမရှိပါဘူး သား အသုံးအဆောင်တွေသွားသိမ်းတော့ "
" ဟုတ် "
**************************************
" ဂွန်းဂွန်း မင်းနေလင်းက ငါတို့နဲ့လာနေတော့မှာတဲ့ သိပြီးပြီလား "
" သိတယ် ချောင်းနားထောင်နေတာလေ နင့်ကိုလဲ ချောင်းနားထောင်ခိုင်းတာလေ ဘာလို့ ဝင်ထိုင်နေတုန်း "
" ချောင်းနားထောင်တယ်ဆိုတာ ကြားရဆိုးတယ်ဟ တူတူရောထိုင်နေတော့လဲ အကုန်သိရတာပဲ အဓိကက သိချင်တာသိရဖို့ပဲမလား "
" ဒါတော့ တက်တယ် အစုတ်ပလုတ် "
" ဒါနဲ့ မင်းနေလင်းက ဘယ်အခန်းမှာနေမှာလဲ မသိဘူး ငါတို့ဆီမှာ အိပ်ခန်းက ၃ ခန်းပဲရှိတာမလား အခန်းပိုမှမရှိတာ ပြီးတော့... "
" ဂိုဂိုရေ အပြင်ထွက်ခဲ့ပါဦး "
" ကြီးမေကြီးခေါ်နေပြီသွားလိုက်ဦးပြီးမှ ဆက်ပြီး တော်ကီပွားမယ် "
" အေး ငါပြန်လာခဲ့မယ် "
ဂွန်းဂွန်းနဲ့ စကားလတ်စမနည်းဖြတ်ပြီး ကြီးမေကြီဒဆီအမြန်ပြေးမိတော့ ကြီးမေကြီး ဘေးနားမှ မင်းနေလင်း အထုတ်တွေနဲ့
" ဟုတ် ဘာလဲ "
" ဪ ဂိုဂို မင်းနေကို သားအခန်းထဲခေါ်သွားလေ သူအထုတ်တွေချရအောင် "
" ဟင် မင်းနေလင်းက သားအခန်းထဲမှာနေမှာလား "
" အေးပေါ့ အခန်းလွတ်မှမရှိတာ "
" ဒါပေမဲ့ သားကတစ်ယောက်အိပ်ကုတင် ဂွန်းဂွန်းကုတင်က နှစ်ယောက်အိပ်ကုတင်လေ "
" ဟိုက မိန်းကလေးလေဟဲ့ သွား ဘာမှမကြားချင်ဘူး မင်းနေကိုနေရာပြလိုက် အကုန် နှစ်ယောက်တူတူသုံးရမယ် ဒါပဲ "
ဪ မိန်းကလေးတဲ့လား ? မေ့နေတာ...
အိပ်ခန်းလေးက ကိုယ့်ဟာကိုယ်တောင်မလောက်တာကို နှစ်ယောက်ကသုံးရဦးမယ်
သုံးရမဲ့သူကလဲ မင်းနေလင်းနဲ့တဲ့ ဖြစ်ရမယ်
မင်းနေလင်းကို ကြည့်မိတော့ ကြီးမေကြီးဘေး အထုပ်လး ပိုက်ပြီး ရပ်နေတာ သနားတောင် သနားချင်သွားတယ်
" လာသွားမယ် ဒါအကုန်မင်းအထုပ်တွေလား နိုင်သလောက်သယ်သွား ငါလဲ သယ်လာမယ် "
ခပ်တည်တည်နဲ့ပြောပြီး တွေ့တဲ့ တစ်ထုပ်ကောက်မ လိုက်တာ
အောင်မလေး
လေးလိုက်တာ မ သာ မနေရတယ် အထုပ်ကကြွမလား မင်းနေလင်းကတော့ အခန်းထဲသွားပြီ
ဒီမှာသာအထုပ်တစ်ထုပ်နဲ့တိုင်ပတ်နေတာ
" ဂိုဂို မနိုင်လဲ ဖယ် ငါ မပေးမယ် မင်းနေလင်းက ဘယ်ရောက်သွားလို့ နင်ကဒါတွေလုပ်နေတာလဲ "
ဘယ်တုန်းက အပြင်ထွက်လာမှန်း မသိတဲ့ ဂွန်းဂွန်း ရောက်လာပြီး အထုပ်သယ်သွားတာများ ဖလွတ်ဆို အခန်းထဲရောက်သွားရော
" မင်းနေလင်းကို ဖယ်ပေးလိုက်ဦးသူ့ ပစ္စည်းတွေနေရာချရအောင် ပေးပေး ငါကူလုပ်မယ် "
သုံးယောက်သား အခန်းထဲ ဝင်ပြီး ရှင်းလိုက်လင်းလိုက်ရတာ တစ်နေ့လုံးကုန်ရော
" ဟူး မောလိုက် "
ဂွန်းဂွန်း ကအိပ်ရာပေါ်လှဲချရင်း ပြောလိုက်သည်
" ဘာလုပ်ဖို့ကျန်သေးတာလဲ "
" အင်္ကျီတွေ ဗီရိုထဲ ထည့်ဖို့ "
ထွက်လာသော မင်းနေလင်း အသံမှာလဲ လေသံသဲ့သဲ့ အားမရှိ
" တော်ကြပါတော့ဟယ် ဒီလိုလုပ် တစ်ယောက်ကအဝတ်ထည့် တစ်ယောက်ငါတို့အကုန်စားဖို့ မုန့်သွားလုပ် တစ်ယောက်က ခဏနားခွင့်ရမယ် ဘယ်လိုလဲ "
" ငါနားမယ် "
ပြိုင်တူထွက်လာတဲ့ အသံနှစ်သံ သူတို့နှစ်ယောက် ပြိုင်တူ အသံထွက်သွားတယ်ဆိုတာလဲသိရော
အချင်းချင်း မျက်စောင်းကြီးခဲပြီးကြည့်နေကြတာ
ခွေးတွေအတိုင်းပဲ အဟိ
အဲလေ ဂွန်းဂွန်းက ခွေးဆို သူ့အစ်ကို ငါကလဲ...
တော်ပြီတော်ပြီ
" စုံစံစိချမယ် "
" ရတယ် "
" စုံ စံ စိ ! "
" ဟဲ့ ဟဲ့ ဂွန်းဂွန်းဘာလုပ်တာလဲ နင် ကပ်ကြေး ကနေ လက်ဝါးဘာလို့ ပြောင်းသွားလဲ "
" နင် ရော လက်ဝါးကနေ ကျောက်တုံး ဘယ်လိုပြောင်းသွားလဲ ငါ မမြင်ဘူး ထင်လား "
" ရတယ် ရတယ် ပြန်ချမယ် "
" စုံ စံ စိ "
" ဟဲ့ နင့်ဟိုဟာ... "
" နင် မညစ်နဲ့ ... "
Bla bla bla ...
အခန်းထဲ ငြင်းခုံနေကြတဲ့ နှစ်ယောက်ကို ထားခဲ့ရင်း ဂိုဂို မသိမသာလေး အပြင်ထွက်မိသည်
တစ်နေ့လုံး အိမ်ရှင်း နေရာချနေရတော့ လူက လေမဝသလိုဖြစ်လာတာမလို့ ဝရန်တာလေး ခဏထွက်ပြီး လေရှူနေလိုက်သည်
ညတောင်မှောင်နေပြီ ညနေစာစားဖို့ကို ဟိုနှစ်ယောက် ကိုက်နေတာနဲ့ မစားနိုင်ကြသေး
ကောင်းကင်ပေါ်မော့ပြီး ကြယ်တွေကို ကြည့်နေရင်း တစ်ယောက်ယောက်က ကြည့်နေသလို ခံစားလိုက်ရလို့ အောက်ကိုငုံ့ကြည့်မိတော့
တိုက် ရှေ့က သစ်ပင်နားမှာ ဖြတ်ခနဲ လှုပ်လိုက်သလို
သရဲလား
အရိပ်လေးတွေ့သလိုပဲ
ကြက်သီးတွေထလာတာနဲ့ အိမ်ထဲပြန်ဝင်လိုက်တော့တယ်
အိမ်ထဲရောက်တော့ ထမင်းတောင်စားမလို့ ပြင်နေကြပြီ
" လာ ဂိုဂို ထမင်းစားတော့မယ် ဘယ်ပျောက် "
" စားမယ် "
အရင်လိုပဲ ဂွန်းဂွန်းနဲ့ မင်းနေလင်း ဟင်းလုနေတာနဲ့
မင်းနေလင်းကို ဟင်းထည့်ပေးတော့ ဂွန်းဂွန်းက စိတ်ကောက်ရတာနဲ့
ဒီလိုပဲ ပျော်ပါတယ် ဘာမှထပ်မတိုးချင်တော့
**************************************
အခန်းထဲက ကုတင်ရှေ့မှာ နှစ်ယောက်သား ခေါင်းအုံးတစ်လုံးစီပိုက်ပြီး မတ်တပ်ရပ်နေကြသည်
ဘာဆက်လုပ်ရမှန်းမသိ
အဲ့ဒီ ခေါင်းအုံးတစ်လုံးတောင် ဂွန်းဂွန်းဆီက သွားတောင်းထားတာဖြစ်သည်
ဂွန်းဂွန်းကလဲ နောက်ဖြစ်မဲ့ပြသနာတွေကိုကြိုမြင်ကာ ခေါင်းအုံးပစ်ပေးပြီး အခန်းထဲကနှင်ထုတ်လိုက်လို့ ကိုယ့်အခန်းကိုယ်ပြန်ကာ ခေါင်းအုံးပိုက်နေကြခြင်းဖြစ်သည်
ဂိုဂို့ကုတင်က တစ်ယောက်အိပ်ကုတင်
အိပ်မှာက ယောကျာ်းလေးနှစ်ယောက်
ဘာလုပ်ရမှန်းမသိကြတော့လို့ မတ်တပ်ရပ်နေကြခြင်းသာ
" ဘုန်း "
တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ဘာမပြော ညာမပြောနဲ့ ကုတင်ပေါ် လှဲအိပ်လိုက်တာက မင်းနေလင်း
" မင်း ဒီတိုင်း အိပ်လို့ ဘယ်ဖြစ်မလဲ ငါကရော ဘယ်မှာ အိပ်ရမလဲ "
ဘုတ်...ဘုတ်...
သူ့ဘေးနားက နည်းနည်းလွတ်နေတဲ့ နောရာကိုပုတ်ပြသည်
" ကြပ်တယ်လေ ဘယ်လိုအိပ်မလဲလို့ ထ... ထဆို "
ပြောရင်းနဲ့ အတင်းဆွဲထူတော့မှ စကားသံထွက်လာသည်
" မရတော့ဘူး အရမ်းပင်ပန်းနေပြီ မနက်ထဲက ပစ္စည်းတွေရွေ့နေရတာကို မင်းလဲဝိုင်းကူရတာပဲ မပင်ပန်းဘူးလား အိပ်မယ် "
" ကုတင်က တစ်ယောက်အိပ် ကုတင်လေ "
" နှစ်ယောက်အိပ်လဲရတာပဲ လာ ကပ်အိပ်ကြတာပေါ့ မဟုတ်ရင် ဂွန်းဂွန်းကို အိပ်ရာလဲပေးဖို့သွားပြောလေ သူ့အခန်းမှာ ငါတို့အိပ်လို့ရတယ် "
ဂွန်းဂွန်းပြောမဲ့အစား ဧည့်ခန်းမှာသာ အိပ်တော့မယ်
ဘာမှမတက်နိုင်တဲ့အဆုံးမှ ဘေးနားလာဝင်လှဲတော့သည်
စောင်က တစ်ခုတည်း
ခေါင်းအုံးနှစ်လုံးတောင် အပြည့်အဝမဆန့်
ဘေးဘက်လှည့်ကြည့်တော့ မင်းနေလင်းက သူ့ကိုကျောပေးကာအိပ်နေသည်
ခပ်တိတိညှပ်ထားတဲ့ ဆံပင်အနားသပ်လေးနဲ့ ဂုတ်ပိုးကထင်းလို့
ဘေးတစ်စောင်းအိပ်နေပေမဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကပေါ်လွင်နေသည်
အရာအားလုံးပုံမှန်အတိုင်းဖြစ်နေပေမဲ့ သူ့ရင်ထဲကနာကျင်မှုကိုခံစားလို့ရသည်
မိသားစုနဲ့ခွဲနေရတာ ဘယ်ပျော်ပါ့မလဲ သူ့မှာ အဖေတစ်ယောက်ပဲရှိတော့တာ
ဂိုဂိုစောင်ထဲကလက်ထုတ်ကာ မင်းနေလင်းပခုံးပေါ်ဖွဖွလေးပုတ်ပေးပြီး စကားစပြောမိသည်
" ငါတို့ရှိပါတယ် "
သူခံစားရမယ်လို့ထင်ပါတယ် တစ်ယောက်တည်းရှိနေတာမဟုတ်ပဲ ငါတို့ဆိုတဲ့အတိုင်း အသိုင်းအဝိုင်းတစ်ခုရှိနေသလိုပေါ့
စကားသံပြန်မလာတဲ့ ညကထုံးစံအတိုင်းတိတ်ဆိတ်လို့...
🌿🌿🌿